အတွေးနှင့်အတွေ့
အကြောင်းက ဒီလို လွန်ခဲ့တဲ့ ရက်ပိုင်းက ကျုပ်တို့�ရွာကနေ မြို့ကိုကျောင်းတက်သွားတဲ့ ဖြူနှင်းဝေ�ဆိုတဲ့ ကောင်မလေး ပြန်လာလို့လေဗျာ။
ဖြူနှင်းဝေဆိုတာ ကျုပ်တို့ရွာရဲ့ ကွမ်းတောင်ကိုင်ပေါ့..�ဒီမိန်းကလေးနဲ့ပတ်သတ်လာရင် စိတ်ကူးမယဉ်ဘူးတဲ့�ကောင် ကျုပ်တို့ရွာမှာ မရှိလို့ပါပဲဗျာ..�အလှပေါ်အယဉ်ဆင့် ဆိုသလို လှလည်းလှ ယဉ်လည်းယဉ်တဲ့ မိန်းက�လေးမျိုးပေါ့ ..ဒီလိုနဲ့ ကျုပ်တို့ ပုရိသ ယောက်ျားတွေ ထုံးစံ အတိုင်း လူစုစု ရှိရာ နေရပ်ကိုသွားပြီး မစားရ�၀ ခမန်း ပါးစပ်အရသာ ခံတော့တာပေါ့ဗျာ။
“ဖြူနှင်းဝေ လှချက်က လွန်တယ်ဗျာ အသားလေးဖွေး�နေတာကလည်း ဒေါ်ကြီး မနီ ဆိုင်က ဘဲဥကြီးတွေ�အတိုင်းပဲဗျို့ ..အခွန်လေးခေါက်ပြီး ဖောက်သောက်�လိုက်ရဗျာ ဘယ်လောက်များကောင်းလိမ့်မလဲ”
အောင်စည် ဆိုတဲ့ကောင်က ဆေးပေါ့လိပ်ကြီး နာနာ�ခဲယင်းက ပြောလိုက်တာဗျ ..ဒီတင်ပဲ ငမိုး ဆိုတဲ့�ကောင်က တစခန်း ထတော့တာပါပဲဗျာ…
“ဘယ်ကလာ ဘဲဥနဲ့တူရမှာလဲကွာ ငါတို့ရွာ ဆွမ်းလောင်းပွဲတွေမှာ လုပ်တဲ့ ကောက်ညှင်း သိုင်းထုပ်�( အညာ၌ ကောက်ညှင်းဆန်အား ရေစိမ်၍�ငပျောဖက်အတွင်းသို့ မိမိကြိုက်နှစ်သက်ရာ အစာများ�သွတ်ကာ လိပ်ပြီး ဝါးနှီးဖြင့် တင်းကျပ်စွာ စည်းနှောင်�ထားသော အစားအစာတစ်မျိုး)လေး နှီးချက်တင်းလို့�ခါးလေးချိ ဖင်လေးကား နေသလိုပဲကွ ပူပူနွေးနွေး�ခွာပြီးများစားလိုက်ရကွာ”
မဆီမဆိုင်တွေပြောပြီး အရသာခံနေတာများ မိန်းက�လေးတွေများကြားရင် မြင်ပြင်းကပ်ပြီး အော့နှလုံးနာ�မှာတော့အသေချာပေါ့ဗျာ.. ခက်တာက ယောက်ျားတွေ�ဆိုတာ ဆုံမိပြီဆိုတာနဲ့ မိန်းမအကြောင်းကလွဲလို့�တခြားအကြောင်းတွေပြောဖို့ ခံတွင်းမလိုက်ကြဘူး�လေဗျာ …ဒီတင်ပဲ ဘုန်းကြီးလူထွက် မောင်တင့် ဆို�တဲ့ကောင်က သူ့လက်ထဲ ကိုင်ထားတဲ့ ကျီးသဲလေး�ထပ် ဆရာတော်ဘုရားကြီး ရေးတဲ့ ဇိနတ္ထ ပကာသနီကျမ်း ဆိုတဲ့ စာအုပ်ကြီးကို သူ့ဂျိုင်းကြားညှပ်ရင်း ပြောပြန်တယ်ဗျ…
“မင်းတို့ ကောင်တွေကွာ ကာမရမ္မက် အင်မတန်ကြီး�တာပဲ… ဖြူနှင်းဝေကို မင်းတို့က ချစ်တာမှ မဟုတ်�ဲပဲကွာ ..အပေါ်ယံ တဏှာ ကာမ အတွက်ပဲ မင်းတို့�ရူးနေကြတာကွ.. ငါကတော့ အဲဒါတွေ လုံး၀ကို မပါဘူး.�ဖြူနှင်းဝေကို ငါချစ်တာ ဘ၀များစွာက ဆုံခဲ့ဘူးတဲ့�ရေစက်ကြောင့်လို့ပဲ ငါတော့ထင်တယ်ကွာ”
ဘုန်းကြီးလူထွက်က ဘုန်းကြီးလေသံနဲ့ပြောတာကို�ကွမ်းတမြုံမြုံဝါးနေတဲ့ ဖိုးကွန့်ဆိုတဲ့ကောင်က လက်မခံ�ပြန်ဘူးဗျ ..ဒီကောင်က ကျုပ်တို့ရွာ သီတင်းကျွတ်မီးထွန်း ပွဲတွေကျရင် ပြဇာက်မင်းသား�လုပ်နေကျကောင်ဗျ ..အပြောအဆို တအား ချက်ကျ�တဲ့ကောင်ပေါ့ဗျာ …
“ဒီမှာကိုမောင်တင့် ခင်ဗျားကိုကျုပ် တစ်ခုတော့ပြော�ချင်တယ်ဗျာ အဲဒါက ဘာလဲ ဆိုတော့ကာ…
“ဟေ့ကောင် ဒါဇာက်ခုံမဟုတ်ဘူး စောက်ရူးမထနဲ့�ရိုးရိုးပြောပါကွ ”
ကလေး နှစ်ယောက်အဖေ ကိုကြီး သန်းအောင်က�ထဟန့်တော့ဒီကောင်က ပြုံးဖြီးဖြီးနဲ့…
“ဟီးး ကိုကြီးသန်းအောင်က လည်းဗျာ ..ခင်ဗျား မိန်းမ�အစ်မမြသီ ကို ချစ်လားဗျ”
“ဟ ဘာဆိုင်လို့လည်းကွ ငါ့မိန်းမနဲ့”
ဖိုးကွန့်ကမေးလိုက်တာကို..ကိုသန်းအောင်က..�ဘုဆက်ဆက်နဲ့ ပြန်ပြောတာဗျ…
“ဖြေစမ်းပါဗျာ ”
“ချစ်တာပေါ့ကွာ ချစ်လို့ယူထားတာ”
“ဟုတ်ပါပြီလေ ဒါဆို ကိုကြီးသန်းအောင် အနေနဲ့�အစ်မ မြသီကို မင်္ဂလာဆောင်ပြီး ဒီအတိုင်း ဘာမှ မလုပ်ပဲ..အလှကြည့်နေသလားဗျာ ပြောစမ်းပါ”
မရဘူးဗျို့ လူဆိုတာ သူ့ဗီဇဝါသနာကို ဘယ်တော့မှ�ဖျောက်လို့ မလွယ်ဘူးဗျ ..အခုလည်း ဇာက်ရူး ဖိုးကွန့်�ကဇာက်မင်းသား ပုံစံမျိုးနဲ့ ဂိုက်ပေးကြမ်းနေတာများ�ခင်ဗျားတို့ မြင်စေချင်တယ်ဗျာ..
“ဒါတော့ ဘယ်ဟုတ်မလည်းကွာ လင်ရယ်မယားရယ်�ဖြစ်လာမှတော့ ဟဲဟဲ.. သူ့ဆိုင်ရာ ဆိုင်ရာ လေးတွေ�တော့ လုပ်တာပေါ့ကွာ ဒါကြောင့် ခုဆို မြသီ မှာ ကလေး နှစ်ယောက်တောင်ရနေပြီလေကွာ”
“ဖျောက်”
“အဲဒါပဲဗျ ကျုပ်ပြောချင်တာ”
ဖိုးကွန့် ဆိုတဲ့ကောင်က လက်ဖျောက်တစ်ချက် တီးရင်း�ထအော်တော့တာဗျို့..
“ဒီမှာ ဘုန်းကြီးလူထွက် ကိုမောင့်တင် ဘယ်သူမှ�မိန်းမတစ်ယောက်ကို ချစ်ပါတယ်ဆိုပြီး အလှ ထိုင်�ကြည့်မနေဘူးဗျ.. အချစ်ဆိုတာ ကျုပ်တို့ကနေတဲ့ ဇာက်ခုံ�ပေါ်က ကန့်လကာ ( ကားလိပ် )လိုပဲ.. သူ့ရဲ့နောက်မှာ�မမြင်နိုင်တာတွေ အများကြီးရှိတယ်.. အဲဒါခင်ဗျား�သဘောပေါက် ..ချစ်တယ် ဆိုတဲ့စကားလုံးကိုသာ�အတိအကျ အဓိပ္ပာယ် ဖွင့်ကြည့်မိရင် မိန်းမတွေ�အားလုံးကြက်သီး တဖျန်းဖျန်း ထသွားနိုင်တယ်�ဆိုတာ ခင်ဗျားမှတ်ထားစမ်းပါ….
“ဘာပဲဖြစ်ဖြစ် ငါကတော့ ဖြူနှင်းဝေ ဆိုတဲ့ကောင်မ�လေး တစ်ပိုင်းလေဖြတ်နေရင်တောင် ငါကတော့ ချစ်�နေမှာဘဲ ဇာက်ရူး မင်းစိတ်နဲ့တော့ မနှိုင်းနဲ့”
တွယ်ကုန်ပြီဗျို့ ..ဘုန်းကြီးလူထွက် မောင်တင့်ကလည်း�တစ်ချက်မှ မခံဘူးဗျ။
“ခင်ဗျား ဘာပြောတယ်ဗျ ဇာက်ရူးဟုတ်လား”
“အေး မင်းက ဇာက်ရူးတင်မဟုတ်ဘူး တဏှာပါ�ရူးတဲ့ကောင်””
အခြေနေက အတော့်ကို တင်းမာလာကုန်ပြီဗျ..�တစ်ယောက်နဲ့တစ်ယောက် နီးစပ်ရာတုတ်ဆွဲ�ခဲ ဆွဲတွေကို ဖြစ်နေကုန်တာဗျာ.. ဘေးကကျုပ်တို့လည်း�ဟိုလူ့ ထိန်း သည်လူလူ့ထိန်း လုပ်နေတုန်း..
“မင်းတို့အားလုံး အရူးတွေချည့်ပဲကွ ဘယ်ကောင်�မႇအသုံးမက်ဘူး”
ဘုန်းးးဘုန်း…
“အမလေးဗျ”
“ဘာတုန်းဟ”
အကုန် ၀ရုံးသုံးကားကိုဖြစ်ကုန်တာဗျို့…�ကျုပ်တို့ ထိုင်နေတဲ့ ခရေပင်ကြီးနောက်က ဘိုးဘစီ�ဆိုတဲ့ အဖိုးကြီးက ခရေပင်အောက် ခင်းထားတဲ့ ထန်း�ရွက်ခြောက် ကြီးကို သူ့လက်ထဲက တုတ်ကြီးနဲ့ ဘုန်း�ကနဲ့နေအောင် ရိုက်ချလိုက်တာလေဗျာ..
“ဟာ အဘစီ ဗျာ လန့်သွားတာပဲ”
“ဟေ့ကောင်တွေ ..တကယ်တော့ မင်းတို့အားလုံး�အတွေးသမားတွေချည့်ပဲက၊ွ အထူးသဖြင့် မိန်းမတွေ�နဲ့ပတ်သက်လာရင် ဘ၀တစ်ခုကိုဘယ်တော့မှ.. စိတ်ကူးလေးနဲ့ တွေးပြီး မတည်ဆောက်ရဘူး.. အဲဒါ�ငါ့ကိုယ်တွေ့ကွ”
“လုပ်စမ်းပါအုံး အဘစီရာ ကျုပ်တို့ သင်ခန်းစာရ�တာပေါ့ဗျာ”
ကျုပ်က ပြောဖို့ တောင်းဆိုတော့ ဘိုးဘစီဟာ�သူ့လွယ်အိတ်ထဲက နန်းတော် ဆေးပေါ့လိပ်တစ်လိပ်�ကိုထုတ်ပြီး ကြေးဝါမီးခြစ်ကြီးကို တချတ်ချတ်နဲ့ထုတ်�ခြစ်တာ မီးကမကူးဘူးဗျ.. ဒီတင်ပဲ အောင်စည်က�သူ့သောက်လက်လက်စ ဆေးလိပ်တိုကို ကမ်းပေးရင်း
“ရော့ တို့လိုက် ဘစီ”
ဘိုးဘစီလည်း ဆေးလိပ်တိုကို ယူပြီး သူ့ဆေးလိပ်ကို�နုတ်ခမ်းတေ့ပြီး မီးခြင်းကူးနေတာဗျ.. မီးလည်းကူးရော�အောင်စည်ဆေးလိပ်တိုကို ကမ်းပေးရင်း အားရပါးရ�တစ်ဖွာနှစ်ဖွာ ဖွာလိုက်ပြီးမှ စကားဆက်တာဗျ..
“လူတွေဟာ အတွေးသမားတွေများကြတယ်ကွ..�အဲဒီလိုများကြလို့ပဲ တကယ့်လက်တွေ့လည်းရောက်�ရော အတွေးနဲ့ အတွေ့ဟာ တက်တက်စင်အောင်ကို�လွဲတော့တာပေါ့ကွာ အေး….. တခြားနေရာတွေမှာ စိတ်ကူးယဉ်တွေးတောနေတာတွေထက် ……ယောက်ျားနဲ့ မိန်းမ ..�နှစ်ယောက် ပေါင်းပြီး ဘ၀တစ်ခု တည်ဆောက်တဲ့နေရာမျိုးမှာ အရမ်းစိတ်ကူးယဉ်မဆန်�ဖို့…လိုတယ်ကွ ကိုယ့်စိတ်အတွေးနဲ့ တည်ဆောက်�ထားတဲ့ ဘ၀မျိုး တကယ်တမ်း ဖြစ်မလာကြတဲ့အခါ�အလွန်၀မ်းနည်း ကြေကွဲစရာကောင်းတဲ့အဖြစ်မျိုး�တွေ ဖြစ်ကုန်ကြတော့တာပဲကွာ”
ပြောလက်စ စကားကိုရပ်ပြီး ဘိုးဘစီဟာ ဆေးလိပ်�ကို ဖွာလိုက်သေးတယ်.. နောက်ပြီး သူ့မျက်နှာဟာ�လည်း အလွန်၀မ်းနည်း ကြေကွဲနေပုံမျိုး ဖြစ်လာ�တယ်..ကျုပ်တို့အားလုံး တစ်ယောက်မှ စကားမပြော�ကြတော့ပဲ ဘိုးဘစီ ပြောလာမဲ့ အကြောင်းကို�စိတ်၀င်တစား အာရုံစိုက်နေကြတာပေါ့ဗျာ…
“ဒီအဖြစ်ပျက်က ငါ ခုနှစ် နှစ်သားလောက်က ဖြစ်ခဲ့�တာကွ ခုဆိုရင် အနှစ် ၅၀ တောင် ကျော်နေပြိီပေါ့ကွာ..�ငါ့မှာ ငယ်ငယ်ကတည်းက အမေ မရှိတော့..ငါ့အဘနဲ့�နေထိုင်ခဲ့ရတာကွ.. ငါ့အဘမှာ သူနဲ့ အလွန်ချစ်ခင်တဲ့�သူငယ်ချင်းတစ်ယောက်ရှိတယ် သူ့နာမည်က�ကြင်မောင် တဲ့ကွ.. ဦးလေး ကြင်မောင်ဟာ ငါ့အဘကို�ချစ်သလောက် ငါ့ကိုလည်း အလွန်တွယ်တာတယ်ကွ..�တစ်နေ့တော့ ဦးလေးကြင်မောင်ဟာ ငါ့အဘဆီလာပြီး�ခုလိုပြောတယ်ကွာ…
“သိုက်ထွန်း ငါနဲ့ ခင်မှုံကို သူ့မိဘတွေက တင့်တောင်း�တင့်တယ် လက်ထပ်စေချင်တယ်ကွာ.. အဲဒါ ခင်မှုံက�ပြောလို့ငါသိရတာက၊ွ ဒါကြောင့် ငါ ရွှေတောတက်ပြီး�အလုပ် လုပ်ချင်တယ်ကွာ ..ဒီမှာဆိုရင်တော့ မင်းသိ�တဲ့အတိုင်း ဘာမှ ဖြစ်လာမှာ မဟုတ်ဖူးကွာ”..
ဒီတင် ငါ့အဘက အလုပ်လုပ်ရင် လောဘမကြီးဖို့�နောက်ကျန်းမာရေးလည်း ဂရုစိုက်ဖို့ မှာတာပေါ့ကွာ..
ဒီလိုနဲ့ ဦးလေးကြင်မောင်ဟာ ငွေရှာဖို့ ရွှေတောတက်�သွားတာပေါ့..
အဲဒီနောက်ပိုင်း ဦးလေးကြင်မောင်ရဲ့ ချစ်သူ အစ်မ�ခင်မှုံဟာ ငါတို့အိမ်ကိုလာပြီး နေ့စဉ် ငိုယိုနေတယ်..�ငါလည်း အစ်မ ခင်မှုံကိုကြည့်ပြီး စိတ်မကောင်းဖြစ်�တာပေါ့ကွာ.. သုံးလလောက်နေတော့ ဦးလေး ကြင်မောင် ဆီက စာလာတယ်က၊ွ သူအလုပ်အဆင်�ပြေတဲ့အကြောင်း နောက် ကျန်းမာရေးလည်း ကောင်း�တယ်ဆိုတဲ့ကြောင်း ခင်မှုံကိုလည်း သူဆက်ဆက်�ပိုက်ဆံတွေ စုပြီး ပြန်လာမဲ့အကြောင်း အစုံပါပဲကွာ…
ငါ့အဘနဲ့ အစ်မ ခင်မှုံ လည်း ဦးလေး ကြင်မောင်�ရဲ့ စာကြောင့် အလွန်စိတ်ချမ်းသာနေတာပေါ့..�အဲဒီစာ လာပြီးကတည်းက နောက် တစ်နှစ် ကျော်တာ�တောင် ဦးလေးကြင်မောင်ဆီက စာလုံး၀ မလာတော့�ဘူးကွာ.. အစ်မ ခင်မှုံဆိုရင် နေ့တိုင်း မျက်ရည်နဲ့�မျက်ခွက်ပေါ့ကွာ.. နောက်ဆုံးတော့ ငါ့ရဲ့ အဘလည်း�သူ့ သူငယ်ချင်း ကြင်မောင် အတွက်လည်းစိတ်ပူ�အစ်အခင်မှုံ ကိုကြည့်ပြီး စိတ်မကောင်းလွန်းလို့ ဦးလေး ကြင်မောင်နောက်ကို လိုက်ဖို့ လုပ်တော့တာ�ပဲကွာ.. တချို့အရာတွေဟာ မမြင်နိုင်ပေမဲ့ သိပ်အံ့သြ�ဖို့ကောင်းတယ်.. ငါ့အဘ နောက်က လိုက်မဲ့ဆဲဆဲ�ဦးလေးကြင်မောင်ဆီက စာရောက်လာရော့ကွ”
ဘိုးဘစီဟာ စကားကို အရှည်ကြီးပြောလိုက်ရလို့�ထင်တယ်ဗျ ..ဆက်မပြောသေးပဲ.. လက်ထဲမှာ မီးငြိမ်း�နေပြီဖြစ်တဲ့ ဆေးလိပ် တိုကိုကြည့်ပီး အနားက အောင်စည် ရဲ့ ထံကို ထိုးပေးလိုက်တယ်…
အောင်စည်ကလည်း ခပ်မြန်မြန် မီးညှိပေးလိုက်တာ�ပေါ့.. အားလုံးက အဘစီ ပြောမဲ့ အကြောင်းအရာကို�စိတ်၀င်စားနေကြပြီလေဗျာ။
“ဦးကြင်မောင် ကြီး ရေးပို့လိုက်တဲ့ စာ ထဲမှာ�ဘာတွေပါလည်းဗျ ဟင် အဘစီ”
ဘုန်းကြီးလူထွက် မောင်တင့်က ခပ်လောလောမေးတော့�အဘစီက ..
” ဒီနေ့တော့ ငါ မအားသေးဘူးကွာ�နောက်တစ်နေ့ ကြုံမှ ငါဆက်ပြောတော့မယ်”
အဲဒီလိုပြောပြီး ထိုင်ရာက ထရောဗျို့ ..ကျုပ်တို့အားလုံး�လည်း ဝုိင်းပြီး ဆက်ပြောဖို့ တောင်းပန်ကျတာပေါ့ဗျာ..
“ဟားးဟား… ငါကမင်းတို့ ငါပြောတဲ့ အကြောင်းအရာ�အပေါ်ကို စိတ်၀င်တစားရှိမရှိ စမ်းသပ်လိုက်တာပါကွာ�လူတချို့ဟာ ကိုယ်ပြောနေတဲ့ စကားကို တစ်ဖက်လူ�စိတ်၀င်စားခြင်း ရှိတာ မရှိတာကို မသိပဲ တွန်းပြော�လေ့ရှိကြတယ်ကွ အဲဒီလိုလူမျိုးထဲမှာ ငါမပါဘူးကွ”
အဲဒီလိုပြောပြီး အဘိုးဘစီဟာ စောစောက သူထိုင်ခဲ့�တဲ့ ခရေပင် မြစ်ဆုံကြီးပေါ်ကို ပြန်ပြီး ထိုင်လိုက်�ပြန်တာပေါ့ဗျာ။
°°°°°°°°°°°°••°°°°°°°°°°
စာထဲမှာ ဘာတွေပါလည်းဆိုတော့ ဦးလေးကြင်မောင်�က သူဟာတစ်နေ့မှာ အလုပ်ဆင်းနေတုန်း ရွှေကျင်း�( လွန်စွာ နက်ရှိုင်း သော မြေကျင်း ကျောက်ကျင်း)�ထဲဆင်း အလုပ်လုပ်ရင်းက ကျင်းပြိုကျပြီး သူ့ကို�ပိတယ် ဆိုပါတော့ကွာ.. ဘ၀တူ ကျင်းသားတွေလည်း�ဦးလေးကြင်မောင်ကို မရ မက မြေတွေပိနေတဲ့�ကြားက ရအောင် ကယ်တင်လိုက်ကြတယ်တဲ့..�အားလုံးက မြို့ပေါ်က ဆေးရုံကို ဝုိင်းပြီး တင်လိုက်�ကြတာယ်….့ ဆေးရုံပေါ်တင် ၆လလောက် ဒဏ်ရာတွေ�ကို ကုသ လိုက်ရတယ်ပေါ.့ အဲဒါ ဆေးရုံက ဆင်းတော့�မှာမို့ လှမ်းပြီး ငါ့အဘကို ခေါ်တာကွ.. ငါ့အဘလည်း�အကျိုးအကြောင်းကို အစ်မ ခင်မှုံ ကို ပြောရတာပေါ့�အဲဒီတုန်းက အစ်မ ခင်မှုံ ဟာ ဦးလေးကြင်မောင်�သတင်းလည်း ကြားရော..စိတ်ထိခိုက်လွန်းလို့ သတိပါ�လစ်သွားတာ ငါ အခုထိ အမှတ်ရတုန်းကွ..
ငါ့အဘလည်း မြို့ပေါ်ဆေးရုံ လိုက်သွားပြီး ဦးလေး�ကြင်မောင် ကို လိုက်ခေါ်ရတာပေါ့ ကွာ …�ဒီလိုနဲ့ ဦးလေးကြင်မောင်ဟာ ချိုင်းထောက်ကို အား�ပြုပြီး သွားရတဲ့ ဒုက္ခိတ ဘ၀ ရောက်သွားရတော့တာ�ပါပဲကွာ အစ်မ ခင်မှုံ ဆို ဦးလေးကြင်မောင်ကို�ဖက် ဖက်ပြီးကို ငိုတော့တာပါပဲကွာ..
“အစ်ကိုရယ် ခင်မှုံကြောင့် ခုလိုဖြစ်ရတာပါ”
“မဟုတ်ပါ ဘူး ညီမ အစ်ကို ဘ၀ကံ အကျိုးပေးကိုက�ဒီတိုင်း ဖန်လာတာပါကွယ်..
ဆိုပြီး ပြန်ပြောတော့…
အစ်မ ခင်မှုံ က ခေါင်းကို တွင်တွင်ယမ်းပြီး…
“မဟုတ်ဖူး အစ်ကို အစ်ကိုသာ မသွားခဲ့ရင် ခုလို�ဖြစ်မှာမဟုတ်ဘူး ညီမ အစ်ကို့ ကို လက်ထပ်မယ်”
“ဒါတော့ မဖြစ်နိုင်ပါဘူး ညီမ အစ်ကို လက်မခံပါရစေ�နဲ့”
ဆိုပြီး ငြင်းတာပေါ့ကွာ..�ဒါပေမဲ့ အစ်မ ခင်မှုံ က မရ�ဘူးကွ အတင်း လက်ထပ်မယ်ချည်း ပြောနေတော့တာ�ဒီတင် ငါ့အဘက …
” ကြင်မောင်ရာ ခင်မှုံ မင်းအပေါ်�ဒီလောက် သံယောဇဉ်ကြီးတာ ၀မ်းမသာပဲ ဘာလို့�ငြင်းနေရတာလဲကွာ လက်ခံလိုက်ပါ..
လို့၀င်ပြောတော့…
“ခင်မှုံ ညီမ အစ်ကိုဟာ ဒုက္ခိတ ဖြစ်ရုံတင်မကပါဘူး… ယောက်ျား အဖြစ်ကို တောင်မှ�ခံယူလို့မရတော့ပါဘူးကွယ် . အစ်ကို ဟာ ယောက်ျား မပီသတော့ပါဘူး…
ဆိုပြီး�အလွန်၀မ်းနည်းနေတဲ့ ပုံစံနဲ့ပြောရှာတယ်ကွာ….
“အစ်ကို ပြောတာ ခင်မှုံတော့ နားမလည်ဘူး”
လို့ဆိုတော့ ဦးလေးကြင်မောင်ဟာ ခေါင်းကုိအောက် ငိုက်စိုက် ချရင်း …
“ဆေးရုံပေါ်မှာ …….
စကားကိုရှေ့မ�ဆက်နိုင်ပဲ ရပ်ပြီး အစ်မခင်မှုံ မျက်နှာကို မော့ကြည့်�နေရင်းက…
“အစ်ကို့ မှာ ငယ်ပါ မရှိတော့ပါဘူး ညီမရယ်..
လို့ပြောပြီး မျက်ရည်တွေ တွေတွေကြီးကျပြီး ခေါင်းငုံ့�သွားပြန်တယ်ကွာ.. အစ်မ ခင်မှုံကတော့
“အစ်ကိုရယ် ခင်မှုံ အကို့ကို ချစ်တာ ကိလေသာ တဏှာတွေ မစွတ်ပဲ ဖြူဖြူစင်စင် မြတ်မြတ်နိုးနိုးချစ်�တာပါ၊ ဒါကြောင့်အတွက်တော့ ခင်မှုံကို မငြင်းပါနဲ့�နော်.. ဆိုပြီး ပြောလိုက်တာပေါ့ ဒီလိုနဲ့ ဦးလေးကြင်မောင်နဲ့ အစ်မ ခင်မှုံတို့ဟာ ဘ၀ တစ်ခုကို�အတွေး နဲ့ တည်ဆောက်လိုက်တော့တာပဲကွာ..�~~~~~~~~ ~~~~~~~
အစ်မ ခင်မှုံ ဟာ သူ့မိဘတွေကို အတိုက်အခံလုပ်ပြီး�ဦးလေးကြင်မောင်ကို လက်ထပ် ခဲ့ရတာကွ…
ဦးလေးကြင်မောင်ဟာ သူ ရွှေတောက ရတဲ့လုပ်အားခ�ရယ်နောက်ပြီး ရွှေတွင်း သဌေးက နစ်နာကြေးသဘော�ပေးတဲ့ငွေလေးတွေကို ပေါင်းပြီး မြေ သုံးဧကလောက် ရယ် နွား တစ်ရှဉ်း { ၂ ကောင်} ရယ်၀ယ်ပြီး မောင်ပြုံးချို ဆိုတဲ့ ကောင်လေးတစ်ယောက်ကို လယ်�သူရင်းငှား သဘောနဲ့ ခေါ်လိုက်တယ်က၊ွ မောင်ပြုံးချို�ဟာ ရှိလှမှ ၁၇ ၁၈ ပေါ့ကွာ ..�မောင်ပြုံးချိုဟာ..ငယ်ရွယ်ပေမဲ့ အင်မတန်�ဖင်ပေါ့တယ်ကွ ..ခိုင်းလိုက်တဲ့ လုပ်ငန်းကိုလည်း ပြီးစီး�အောင် သူက သပ်သပ်ရပ်ရပ် လုပ်လေ့ရှိတော့.. ဦးလေးကြင်မောင်နဲ့ အစ်မ ခင်မှုံ တိ့ုဟာ မောင်ပြုံးချို�ကို ယုံကြည် အားကိုးလာတာပေါ့ကွာ.. ဦးလေး ကြင်�မောင်ဆို မောင်ပြုံးချိုကို သူ့တူ သူ့သား လိုကို ချစ်တာကွ ..တောထဲ တောင်ထဲလည်း အစ်မခင်မှုံနဲ့�မောင်ပြုံးချိုပဲ လုပ်ရကိုင်ရတာလေကွာ..
ဦးလေးကြင်မောင်က ဒုက္ခိတ ဆိုတော့ အိမ်မှာပဲလေ�နေရတာပေါ့.. ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့ ငါ့နဲ့ ငါ့အဘ ညနေစာ စားနေတုန်းဦးလေးကြင်မောင် ရောက်လာတယ်ကွ ငါ့အဘလည်း တခါထဲ ထမင်း၀င်�စားဖို့ပြောတော့ ….
.” တော်ပါပြီကွာ မင်းတို့ သားအဖ�စားပါ ငါမဆာသေးလို့ပါ ”
လို့ငြင်းတယ်ကွ …ထမင်းစား�ပြီးတော့ ဦးလေးကြင်မောင်က ငါ့အဘကို ခုလိုပြော�တယ်ကွာ …..
“ငါ သည်းမခံနိုင်တော့ဘူးကွာ…
ပြောလည်းပြော အံကျိတ်ပြီး မျက်ရည်တွေလည်းကျ�ၼေပါ့ ….
“မင်း ဘာဖြစ်လာတာလည်း ကြင်မောင် “လို့�ငါ့အဘကမေးတော့ ခင်မှုံ ငါ့ကို သစ္စာဖောက်သွားပြီကွာ ငါ မခံစားနိုင်တော့ဘူး သူငယ်ချင်း” ငါ့အဘ လည်း ဦးလေးကြင်မောင် စကား�ကြားတော့ အလွန်အံ့သြ တုန်လှုပ်သွားတယ်ကွ…
ဟုတ်ရဲ့လား ကြင်မောင်ရာ ခင်မှုံ မင်းအပေါ် ဘယ်လောက်ချစ်တယ်ဆိုတာ ငါသိနေတာပဲကွာ…
“ငါလူကဲခတ် ဒီလောက်မညံ့ပါဘူးကွာ သူတို့တွေ�ကြိုက်နေတာ ကြပါပြီကွာ”
“ဘယ်သူနဲ့လည်း ကြင်မောင် ”
“ဘယ်သူ ရှိရမှာလည်း မောင်ပြုံးချိုပေါ့ကွာ”
အဲဒီလိုလည်းပြောပြီးရော တဟီးဟီး ငိုတော့တာကွ..
“မင်း ခင်မှုံကို သိပ်ချစ်လို့ သ၀န်တိုတာပါကွာ….. ခင်မှုံရော ပြုံးချိုရော ဒီလိုလုပ်မှာ မဟုတ်ပါဘူး သူ့�မောင်တစ်ယောက်လို ဆက်ဆံ တာပါကွာ မင်းထင်လို့�ပါ” …..
ငါ့အဘက အဲဒီလိုလဲပြောရော… ဦးလေးကြင်မောင်က�သူ့အင်္ကျီ ဘေး အိတ်ကပ်ကြီးထဲက ဆေးမှုန့် တချို့နဲ့ ပုလင်း တစ်လုံး�ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်ကွ..
“ဒါဆို ဒါတွေကရောကွာ”
ငါ့အဘ လည်း အဲဒီပစ္စည်း�တွေကြည့်ပြီး ပါးစပ်အဟောင်းသားကို ဖြစ်သွားတာကွ..
“ငါလို ဒုက္ခိတ တစ်ယောက်ကြောင့်တော့ ဒီဆေးတွေ�မသုံးရပါဘူးကြာ….
ငါ့အဘလည်း သူ့ သူငယ်ချင်းကို သနားလွန်းလို့ ထိုင်�ရာက ထပြီး ပွေ့ဖက် နှစ်သိမ့်ပေးတာပေါ့ကွာ…
တကယ်တော့ အဲဒီဆေးတွေဆိုတာ တောအရက်နဲ့�ပရိသန္ဓေ တားတဲ့ဆေးတွေကွ ….
“သည်းခံ လိုက်ပါ�ကြင်မောင်ရာ မင်းမှ……
ငါ့အဘက ဆက်မပြောရက်လို့ စကားတပိုင်းတစ ရပ်�ထားတာပေါ့..
“မင်းမို့ပြောရက်တယ်ကွာ ..ကိုယ်သိပ်ချစ်�တဲ့မိန်းမတစ်ယောက် ကိုယ့်မျက်စိရှေ့တင် တခြားယောက်ျား တစ်ယောက်နဲ့ ဟီးးဟီး……
ဦးလေးကြင်မောင်ဟာ စကားကိုဆက်မပြောနိုင်ရှာဘူး�က၊ွ ငါလည်း အရွယ်ကငယ်သေးပေမဲ့ ငါ့အဘရော�ဦးလေးကြင်မောင်ပါ ငိုနေတော့ မျက်ရည်တွေကျပြီး�ငါလည်းငိုတာပေါ့ကွာ….
“ငါပြောတာ သေချာနားထောင် ကြင်မောင် အခု အနေထားမှာ မင်းဘ၀ဟာ ခင်မှုံ�မရှိလို့ အဆင်မပြေဘူးလေကွာ ..ဒါကြောင့် မင်း မသိ�လေဟန် နေပေးလိုက်ပါ”
“ငါသစ္စာမရှိတဲ့ ဒီမိန်းမနဲ့ ကောက်ကျစ်လွန်းတဲ့ ဒီယောက်ျား သူတို့နှစ်ယောက် ပေးတဲ့ အသက်မျိုး�တော့ ငါမနေချင်ဘူး သိုက်ထွန်း.. ငါ လုံး၀ မကျေနပ်�ဘူးကြာ…..
“အဲဒီလိုပြောရင်း အံကြိတ်လိုက်များ ဘေးက�ငါတောင် ကြားရတယ်ကွ”
“သည်းခံလိုက်…
“တော်တော့ သိုက်ထွန်း မင်းငါ့ကို ကိုယ်ချင်းစာမပေး�ဘူးကွာ …ငါ့ကို စာနာနားလည်ပေးတာ မင်းတစ်ယောက်ပဲရှိတယ်လို့ထင်မိတာ ခုတော့ကွာ”
ဦးလေး ကြင်မောင်ဟာ ပြောနေရင်း ဒေါသတွေ အရမ်းထွက်လာတာပေါ့ကွာ.. ဒီလိုနဲ့ စကားပြောလာ�လိုက်တာ တဖြည်းဖြည်း မှောင်လာရောကွ..�ဒီတင် ငါ့အအဘက…
” ကြင်မောင် မှောင်လာပြီကွ�မင်းကို ငါလိုက်ပို့မယ် သူငယ်ချင်း”
“ငါ သူတို့ကို ဒီည လုပ်စရာ ရှိတာ လုပ်ကြ.. သိုက်ထွန်း�အိမ် အလည်သွားရင်း တစ်ည အိပ်ခဲ့မယ်လို့ မှာခဲ့တယ်ကွ ….
” ဒီလိုနဲ့ ဦလေးကြင်မောင်ဟာ ငါတို့ အိမ်မှာ အိပ်တယ်ပြောပါတော.၊့ ငါလည်း အဘနဲ့�ဦးလေးကြင်မောင် ပြောတာတွေကို ပြန်တွေးရင်း�တော်တော်နဲ့ အိပ်မပျော်ဘူးကွ အကုန်လုံးကိုနားမလည် ပေမဲ့ သူတို့တွေ ၀မ်းနည်း ပူ�ဆွေးနေကြတယ် ဆိုတာလောက်တော့ သိနေပြီလေကွာ၊ ဒီလိုနဲ့ အတော်ကြာတော့ ဦးလေးကြင်မောင် အိပ်တဲ့ ကုတင်နားက ဒေါက် ဒေါက် ဆိုတဲ့..အသံကြားလို့ ငါထကြည့်တော့ ဦးလေးကြင်�မောင်ဟာ အိပ်ရာကနေ ငါတို့ အိမ်အပြင်ကိုထွက်နေ�ပြီကွ ..လပြည့်ကျော်ဆိုတော့ ဥာဉ့်နက်မှ လကြီးကလည်း ထိန်နေတာပဲကွာ ..ငါလည်း ကမန်း�ကတမ်း အိပ်ရာထဲက ထပြီး ….
“ဦးလေး ညကြီးပြန်မလို့�လား ကျုပ်အဘ နှိုးပေးမယ်လေ..
ို “နေနေ ငါ့တူ ဖိုးစီ..�မနက် လင်းရင်သာ ဦးလေး ညကပြန်သွားတယ်လို့�မင်းအဘ ကို ပြောလိုက် ကြားလား ”
ဆိုပြီး ငါ့ခေါင်း�လေးကို ပုတ်ပြီး တရွေ့ရွေ့နဲ့ ထွက်သွားတာပေါ့..�လမ်းများ လဲ နေရင် အခက် ဆိုပြီး အဘကို မနှိုးတော့ ပဲ သူ့နောက်က အသာ ငါ လိုက်သွား�တာပေါ့ကွာ …ဒီလိုနဲ့ သူ့ခြံရှေ့ရောက်တော့ ခြံတခါးကို�အသာဟပြီး ၀င်သွားတာပေါ့ …ငါလည်း ဦးလေးကြင်မောင် အိမ်ရောက်ပြီပဲလေဆိုပြီး�ခြံ၀က နေ အသာ ဆက်မလိုက်ဘဲ ရပ်ကြည့် နေတာ�ပေါ့ကွာ၊ ဒီတင် ဦးလေးကြင်မောင် လုပ်ရက်ကြောင့်�လှည့်မပြန်ဖြစ်ပဲ ငါ အသာ ဆက်ကြည့်နေမိတယ်ကွာ.. ဒီလိုကွ ဦးလေးကြင်မောင်ရဲ့�အိမ်ဟာ နှစ်ထပ်အိမ် မနိမ့်မမြင့်လေး..�.အပေါ်ထပ်ကို လှေကားနဲ့ တတ်ရတယ်..�ငါထင်တာက အစ်မ ခင်မှုံ ကို လှမ်းနှိုးမယ်လို့ ထင်�တာ..ဒါပေမဲ့ မဟုတ်ဖူးဟေ့ ..ဦးလေးကြင်မောင်ဟာ�ချိုင်းထောက်ကို အသာချပြီး လှေကားပေါ် လေးဖက်�ထောက် ပြီး အသာ တက်သွားတာကွ.. ကွမ်းယာ နှစ်ညက် လောက်ကြာတော့ လှေကားကနေ ဖင်ထိုင်�ပြီး တစ်ထစ်ခြင်း ဆင်းလာပြန်တယ်ကွ.. နောက် ချိုင်း�ထောက်ကိုကောက်ပြီး ငါရပ်နေတဲ့ ဝုိင်းပေါက်နားက�ပုဏ္ဏရိပ် ခြုံ ကြီးနားကို ထိုင်ယင်း တဟီးးဟီး�ငိုတော့တာပါပဲကွာ ..လုပ်ရက်လိုက်တာ ခင်မှုံရယ်�လို့လည်း ပါတယ်ကွ ..ငါ့ဘ၀မှာ ယောက်ျား ရင့်မာကြီး�က အခုလို လွမ်းလွမ်းဆွေးဆွေးကြီးငိုတာ ပထမဆုံး�မြင်ဘူးခြင်းပဲကွ ..နောက်တော့ ငါလည်း အသာလှည့်�ပြီး ထွက်လာခဲ့တာပေါ့ကွာ နောက်စဉ်းစားမိတာက..�ဘာတွေမြင်လို့ ငိုနေတာ�ပါလိမ့်ဆိုပြီးတော့ပေါ့ ။
အရွယ်ရောက်လို့ သိတတ်လာမှ�အစ်မ ခင်မှုံနဲ့ မောင်ပြုံးချိုတို့ အချစ်ပလူးးနေတာကို�မြင်ခဲ့ရလို့ ဆိုတာ တွေးမိတော့တယ်ကွာ…
နောက် သုံးရက်လောက်နေတော့ ဦးလေးကြင်မောင်�ငါတို့အိမ် ရောက်လာပြန်တယ်ကွ . မှတ်မှတ်ရရ ငါတို့�သားဖ မနက်စာ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ဆီဆမ်း�စားနေကြတဲ့အချိန်။
“ဟာ ကြင်မောင် စောစောစီးစီးပါလား�ကွ တစ်ခါထဲ ကောက်ညှင်းပေါင်း စား ကွာ”
ဦးလေးကြင်မောင်က လက်ကာပြပြီး..
နေနေ သိုက်ထွန်း ငါ စားလာခဲ့ပြီ”
အဲဒီနေ့က ဦးလေး ကြင်မောင်ကို ကြည့်ရတာ ငါမြင်�ဘူးရသမျှ ထဲမှာ ကြည့်လို့အကောင်းဆုံးပဲကွ…
ခေါင်းက ဆံပင်ကို ဆီရွှဲအောင် လိမ်း.. ဆံပင်ကို�နောက်ပြန်သိမ်းပြီး အသေချာ ဖီးထားတာကွ..�ပလေကပ် ကွက်စိပ် ပုဆိုး အညိုလေးကလည်း အသစ်စက်စက်…အပေါ်ကလည်း စတစ်ကော်လာ�အင်္ကျီ အဖြူလေးကို ၀တ်လို့ပေါ့ကွာ…
“သိုက်ထွန်း သူငယ်ချင်း ဒီမနက်.. ငါ ကုသိုလ်နဲ့�အကုသိုလ်ကို တပြိုင်တည်း လုပ်ခဲ့တယ်ကွ”
“ဟ မင်း ဟာက အဆန်းပါလားကွ ကြင်မောင်ရ�ပြောစမ်းပါအုံး ” လို့ ငါ့အဘက ပြောတော့….
“ငါဒီနေ့မနက် အစောကြီးထပြီး အုန်းနို့ခေါက်ဆွဲချက်�တယ်က၊ွ အေး …ကျက်ပြီဆိုတာနဲ့ ဦးဦး ဖျားဖျား ဘုရား�မှာခေါက်ဆွဲဆွမ်း ကပ်ခဲ့ပြီကွ ငါသိပ်ပီတိဖြစ်တယ်ကွာ�တောင်းချင်တဲ့ ဆုကိုလည်း တောင်းခဲ့တယ်”
“ကောင်းတာပေါ့ကွာ ဒါနဲ့ အကုသိုလ် ဆိုတာကရော”
အဘက အဲလိုမေးတော့ ဦးလေးကြင်မောင်က လက်�ကာပြပြီး….
“နေပါအုံးကွာ ပြောမှာပေါ့ သိုက်ထွန်း ရာ..�မင်းဟာ ငါ့အတွက်တော့ ညီအစ်ကိုထက်မက�ကောင်းတဲ့…အကောင်းဆုံး�သူငယ်ချင်းပါကွာ…
“ဦးလေးကြင်မောင်ဟာပြောနေရင်းက ငါ့အဘရဲ့�လက်ကို ကိုင်ပြီး ချက်ချင်း မျက်နှာ ညှိးရော်ကျသွား�တယ်ကွ …
“မင်းအပေါ်မှာ ငါကျုးလွန်ခဲ့တဲ့ အပြစ်များ�ရှိရင် ခွင့်လွှတ်ပါကွာ …�ပြောရင်းနဲ့ မျက်ရည်တွေ�ကျပြီး ငိုတော့တာကွ ငါ့အဘကလည်း….
“ကြင်မောင် မင်းဘာတွေပြောနေတာလဲကွာ”
“နောက်ဘ၀ဆိုတာရှိရင် မင်းလို သူငယ်ချင်းမျိုးနဲ့�ပြန်ဆုံချင်တယ်ကွာ ..ဟို မိန်းမလို သစ္စာမရှိတဲသူမျိုးနဲ့�တော့ ဘ၀ဆက်တိုင်း ဝေးပါရစေလို့ ငါ ဘုရားမှာ ဆု�တောင်းခဲ့တယ် သိုက်ထွန်း…
~~~~~~~~~~~~~~~~~
အဲဒီ အချိန်မှာပဲ တို့အိမ်ရှေ့က တမာပင်ကြီးပေါ်�ကနေ ဥသြ ငှက်ကလေးက ဥသြ ဥသြ နဲ့ အော်တော့�တာပဲကွ ဦးလေးကြင်မောင်လည်း ဥသြငှက်ကလေးကို ကြည့်ပြီး
“တကယ်တော့ ငါ့ဘ၀ ဟာ ဥသြ ငှက်ကလေးလိုပါ�ကွာ..မိခင်ဥသြငှက်မဟာ ကိုယ့်အသိုက်မြုံထဲမှာ မဟုတ်ပဲ သူတစ်ပါးရဲ့ အသိုက်ထဲကို ဥ ချခဲ့လေတော့�ဥလေးတွေကပေါက်ဖွားလာတဲ့ တခြားငှက်တွေဟာ�သူတို့မျိုးနွယ်မဟုတ်တဲ့ ဥသြ ငှက်ကလေးကို ဝုိင်း၀န်း�ထိုးဆိတ် နှင်ထုတ်လိုက်ကြတယ်က၊ွ အဲဒါဥသြ ဌက်ကလေးတွေရဲ့ မပြောင်းလဲတဲ့ အစဉ်လာ�ပေါ့ကွာ… အခုလည်း ငါ့ကို မွေးဖွားပေးခဲ့တဲ့ အမေဟာ�ငါ ဘာမှန်းမသိ ခင် ကတည်းက ငါ့ကိုစွန့်ပစ်ခဲ့တယ်..�ဒါပေမဲ့ ငါ့ကို ဘကြီးမိုးက ကောက်ယူမွေးစားခဲ့�လို့ အခုချိန်ထိ ငါအသက်ရှင် နေနိူင်တာပါ ၊�ဥသြငှက်လို ..လူပတ်၀န်းကျင်မှာ တစ်ယောက်ထဲ မဖြစ်�ရအောင် ငါ့ဘေးကနေ အားပေး ကူညီခဲ့တဲ့ အဘမိုး�နဲ့ မင်းကို ငါ ဒီတစ်သက် ကျေးဇူးအတင်ဆုံးပါပဲကွာ..
ဒါကြောင့် ဘုရား ရှေ့မှာ သံသရာမှာ ငါကျင်လည်နေ�ရသမျှ လူဖြစ်ဖြစ် တိစ္ဆာန် ဖြစ်ဖြစ် ဥသြ ငှက်လို မိဘ�မျိုး ဘ၀ဆက်ဆက် မတွေ့ပါရစေနဲ့ လို့ ငါ ဆုတောင်း�မိတယ်ကွာ….
ဦးလေး ကြင်မောင်ဟာ ပြောလည်းပြော�ငိုလည်း ငို ပေါ့ ..ငါ့အဘကလည်း …
“ကြင်မောင် သူငယ်ချင်း မင်း ဘာတွေများ ဖြစ်လာခဲ့လို့လည်းကွာ…
ဒီတော့ ဦးလေးကြင်မောင်က ဆက်ပြီးပြောတယ်ကွ…
“အကုသိုလ် ဆိုတာကတော့ ငါဒီမနက် ဘုရား�ဆွမ်းတော်တင်ပြီးတော့ ခင်မှုံနဲ့ မောင်ပြုံးချို တို့�ကိုပါ အိပ်ရာကနှိုးပြီး ခေါက်ဆွဲကို မနက်စာ ကျွေးခဲ့�တယ်ကွာ …သူတို့ကို ကြွေးပြီးတာနဲ့ မင်းဆီ ငါလာခဲ့�တာ ”
အဲဒီလိုပြောပြီး ဦးလေးကြင်မောင်ဟာ�သူ့ အင်္ကျီ အိတ်ကပ် ထဲက..လက်နှစ်သစ်လောက်�ရှိတဲ့…ဆေးမြစ်လို အရာလေးကို�ထုတ်ပြီး ….
“ရွှေတောမှာ ငါအလုပ်�လုပ်ရင်း မြန်မာ ဘိန်းတော ဆေးဆရာကြီးတစ်�ယောက်နဲ့ အလွန်ခင်မင်ရင်းနှီး ခဲ့တယ်ကွ..�တစ်ရက်ကျတော့ အဲဒီဆရာကြီးက�မောင်ကြင်မောင် ဟောဒီဆေးမြစ် ကလေးကို ဆရာက�ခြေရာပျောက် လို့အမည်ပေးထားတယ်ကွ…�သူ့ရဲ့ အာနိသင်ကတော့ အလွန်အင်မတန် ခွန်အားကြီး�တဲ့ ဆင်လိုမျိုး သတ္တဝါတောင် ဒီဆေးမြစ်ကလေး�ကိုဝါးမိတာနဲ့ တုံးခနဲ့ သေစေနိုင်တယ်… ဒီဆေးကြောင့်�သေသွားတဲ့ လူဖြစ်ဖြစ် တိစ္ဆာန် ဖြစ်ဖြစ် အဆိပ့်သင့်�သေတယ်လို့ ဘယ်လို လူမျိုးမှ သဲလွန်စ ကောက်မရ�ဘူးကွ ..ဒါကြောင့် ဆရာကြီးက ခြေရာပျောက်လို့�အမည်ပေးထားတာ မင်းလိုအပ်ရင်ဥာဏ် ရှိသလို�သုံးပေါ့ကွာ ဆိုပြီး ပေးခဲ့တာပဲကွာ”
ဦးလေးကြင် မောင်က အဲဒီလိုလည်းပြောလိုက်ရော�ငါ့အဘ ဟာ အလွန်တုန်လှုပ်ပြီး..စိတ်လှုပ်ရှား နေတဲ့ပုံနဲ့..
‘”ဒါဆို ကြင်မောင် မင်း …မင်း….
“ဟား….ဟား…ဟား….
ဦးလေးကြင်မောင်ဟာ စောစောက အမူအရာတွေ�ချက်ချင်းပျောက်ပြီး အရူးကြီး တစ်ယောက်လို တဟားဟား အော်ရယ်တော့တာပဲကွ…
“အေး ဟုတ်တယ် သူတို့နှစ်ယောက်ကို�ို ငါ ငရဲပြည် ပို့လိုက်ပြီ ”
“ဟာ ”
ဆိုပြီး ငါ့အဘလည်း အံ့အားသင့်နေတုန်း….
ငါ မင်းကို နုတ်ဆက်ခဲ့ပါတယ်ကွာ…�လူလေး ဖိုးစီး ဦးသွားပြီကွာ ..လိမ္မာ ရစ်နော်..
လို့ပြောပြီး လက်ထဲက ဆေးမြစ်ကလေးကို သူ့ပါးစပ်�ထဲပစ်ထည့်လိုက်တာ ဘုန်း ဆို ချက်ချင်း လဲ ကျ�သွားတော့တာပါပဲကွာ….�…………………
“ဟာ ”
“ဖြစ်ရလေဗျာ”
အဘစီ ဟာ သူ့စကားကို အဲဒီလိုအဆုံးသတ်လိုက်�ပြီး သူ့ပါးပေါ်က မျက်ရည်စ တွေကို ပုခုံးပေါ်က အလွန်ဟောင်းနွမ်းနေတဲ့…�တဘက် နဲ့ ခပ်ကြမ်းကြမ်း သုတ်လိုက်တယ်ဗျ..�ကျုပ်တို့လည်း အလွန်စိတ်မကောင်းဖြစ်နေကြတာပေါ့..
” ဒါကြောင့် အရာရာကို ဘယ်တော့မှ အတွေး နဲ့ တင်�မဆုံးဖြတ်ကြနဲ့ကွ..�အဲဒီအတွေး ဟာ တကယ့် အတွေ့�နဲ့ ဆုံတဲ့အခါ…ထင်ထားသလိုမဟုတ်ပဲ.�၀မ်းနည်း နောင်တ ရစရာတွေဖြစ်တတ်�လို့ပေါ့ကွာ ..�ကဲ ငါလည်း မင်းတို့လုိ ငတုံးတွေကို ပြောနေရတာနဲ့ အချိန်တွေကုန်တယ် သွားပြီကွာ”
အဘစီဟာ သူ့ဘေးမှာ ချထားတဲ့ အလွန်ဟောင်း�နွမ်းပြီး ကြီးမားတဲ့ လွယ်အိတ်ကြီးကို လွယ်ရင်း�ခရေပင်ကြီးအောက်ကနေ တရွေ့ရွေ့ ထွက်ခွာ�သွားတော့တာပါပဲဗျာ။
စာရေးသူ=ပီယ