လက်နဲ့ရေးတဲ့စာ
***************
စာရေးဆရာတွေ စာကို ဘယ်လိုရေးသလဲ
ဟု မေးလျှင် 'လက်နဲ့ရေးတာပေါ့' ဟု ဖြေတာ အမှန်ဆုံး ဖြစ်လိမ့်မည်ထင်၏။
ကျွန်တော်တို့သည် 'စာ' ရယ်လို့ စတင်ပေါ်
ပေါက်ခဲ့တဲ့ အချိန်ကစပြီး လက်နှင့်သာ ရေး
ခဲ့ကြသည်။ အစပိုင်းမှာတော့ မြေပြင်ပေါ်မှာ
တုတ်နှင့်ခြစ်ပြီးရေးမည်။ ကျောက်နံရံပေါ်
ခဲလုံးနှင့်ခြစ်ပြီး ရေးမည်။ နောက်တော့ မြေနီ၊
မြေဝါတွေကို အရည်ဖျော်ပြီး လက်
နှင့် တို့ရေးမည်။ တုတ်နှင့်တို့ ရေးမည်။
အဖျားပိုင်းဖွာနေသော တုတ်က ပိုရေးလို့
ကောင်းကြောင်း သိလာရာကတစ်ဆင့်
စုတ်တံပေါ်လာမည်။ ကြာကြာခံစေလိုသော
စာများကို ကျောက်သားပေါ် ထွင်းကြရာမှ
ကျောက်စာ ဖြစ်လာသည်။
သစ်ရွက်ပေါ်မှာ ဆူးနှင့်ခြစ်ပြီး စာရေးရာက
ပေရွက်ပေါ်မှာ ကညစ်နှင့်ရေးသော
အလေ့အထ ပေါ်လာသည်။ တချို့က ကံ့ကူ
ဆံဖြင့် ပျဉ်ပြားအမည်းပေါ်မှာ ရေးကြသည်။ကျောက်သင်ပုံးပေါ်မှာ ကျောက်တံနဲ့
ရေးကြသည်။
တရုတ်တို့က စက္ကူကိုစတင်တီထွင်ပြီး
စုတ်တံနှင့် စာရေးကြသည်။ ပိုးစပေါ်မှာ
လည်း ရေးကြသည်။
အနောက်နိုင်ငံတွေမှာတော့ ငှက်တောင်ကို
မင်စွတ်ပြီး ရေးသည်။ နောက်တော့ ကလောင်တံ ပေါ်လာသည်။ ကလောင်တံက
မင်ကိုတို့တို့ပြီးရေးရသောကြောင့် အလုပ်
မတွင်ကျယ်လှ ထို့ကြောင့် မင်အိုးပါတစ်ခါ
တည်း တွဲလျက်ပါသော ကလောင်တံတစ်မျိုး တီထွင်ကြ၏။ ဒါကို ဖောင်တိန်ပင်ဟု
ခေါ်သည်။ စာရေးသားခြင်းနှင့် ပတ်သက်
ပြီး အတွင်ကျယ်ဆုံး၊ အသုံးဝင်ဆုံး ကရိယာ
လေးပင် ဖြစ်၏။ ကမ္ဘာပေါ်မှာ လူသုံးအများ
ဆုံး ပစ္စည်းဖြစ်ပြီး နှစ်ပေါင်းများစွာကြာ
အောင် သုံးစွဲခဲ့ကြပြီး ခုချိန်ထိလည်း လက်
မလွတ်နိုင်သေးသောအရာ ဖြစ်၏။ ဘောပင်ဆိုသည်မှာလည်း ထောင်တိန်ကို အခြေခံပြီး
ပေါ်ပေါက်လာခဲ့ခြင်းပင်ဖြစ်၏။ ထိပ်ဖြားမှာ
'နစ်' ခေါ် ကလောင်သွားမပါဘဲ ဘောစေ့က
လေး တပ်ထားသောကြောင့် ဘောပွိုင့်ပင်
ဟု ခေါ်ရခြင်းဖြစ်၏။ သူလည်း ဖောင်တိန်
၏ မျိုးဆက်သစ်တစ်ခုပါပဲ။
နောက်ပိုင်မှာ လက်နဲ့ရေးရတာလည်း
သက်သာအောင်၊ စာလုံးတွေပီပီသသ ထင်
ထင် ရှားရှားဖြစ်အောင် လက်နိပ်စက်ကို တီ
ထွင်ခဲ့ကြသည်။ သို့ရာတွင် လက်နိပ်စက်ဆို
တာက နေရာတကာကို သယ်ယူသွားလို့ရတာ
မဟုတ်။ ဖောင်တိန်တစ်ချောင်းလို အိပ်ကပ်
ထဲ ထည့်သွားလို့မရ။ ပြီးတော့ လက်
နိပ်စက်ဆိုတာ ဘယ်သူပဲရိုက်ရိုက် ဒီစာလုံး
ပဲ ထင်သည်။ ဖောင်တိန်နဲ့ရေးတာလို ကိုယ်ပိုင်လက်ရေးမှုကို မရ။ ထို့ကြောင့် ဖောင်တိန်ကို
မကျော်နိုင်သေး။
ကျွန်တော် သူငယ်တန်းစတက်သော
အချိန်တွင် ကျောက်သင်ပုံးနှင့် ကျောက်တံ
ကို နယ်နှင့် ဆင်ခြေဖုံးရှိကျောင်းတွေမှာ
သာ သုံးတော့သည်။ ကျွန်တော်တို့ကျောင်း
ကတော့ မြို့လည်မှာရှိသောကြောင့်
စာအုပ်နှင့် ခဲတံကိုသာ သုံးရသည်။
လေးတန်းအထိ ခဲတံနှင့် ရေးရသည်။
ငါးတန်းရောက်တော့ ဖောင်တိန် စကိုင်ရ
သည်။ ပိုင်းလော့ အမျိုးအစား ဖောင်တိန်
များကို ကျောင်းမှ ထုတ်ရောင်းပေးသည်။
ဖောင်တိန် ကိုင်ကာစကျောင်းသားတွေနှင့်
အလွန်လိုက်ဖက်သော ဖောင်တိန်များပင်
ဖြစ်၏။ ကော်သားကောင်းသဖြင့် တော်ရုံ
တန်ရုံပြုတ်ကျလို့ ကွဲခြင်း အက်ခြင်းမရှိ။
ကလောင်သွားကလည်း အလွန်မာသည်။
ဘယ်လောက်ထိလည်းဆိုတော စားပွဲပေါ်
ဒေါက်ခနဲ့ ပစ်စိုက်လို့ရလောက်အောင် မာ
သည်။ အောက်ပြုတ်ကျပြီး ကလောင်သွား
ကောက်သွားလျှင်လည်း ပြန်ဖြောင့်ပြီး ရေး
လို့ရသည်။
ထိုအချိန် ဘောပင်တွေပေါ်နေပြီ ဖြစ်သော်
လည်း ကျောင်းသားတွေကတော့
ဖောင်တိန်ကိုသာ သုံးကြသည်။ ကျွန်တော်
ဆိုလျှင် ဘွဲ့ရသည်အထိ ဖောင်တိန်ကိုပဲ
သုံးခဲ့သည်။ စာရေးဆရာဖြစ်လာတော့
လည်း ဖောင်တိန်နဲ့ပဲ ရေးခဲ့သည်။
ဘောပင်နှင့် ရေးရတာကို ကျွန်တော်မကြိုက်။ ပေါ့ရွှတ်ရွှတ်နိုင်သည်ဟု ထင်၏။
မင်အရောင်ကလည်း ဖျော့တော့တော့နှင့်
အားမရှိသလိုပဲ။ မင်က စာရွက်သားထဲ
စိမ့်မဝင်သွားဘဲ အပေါ်ရံမှာတင်နေတာကို
က လေးလေးနက်နက် မရှိဟု ထင်မိ၏။
နောက်ပြီး ဘောပင်တွေက တစ်ခါသုံးတွေ
သာများသည်။ မင်ကုန်သွားလျှင် လွှင့်ပစ်
လိုက်ရုံပဲရှိ၏။ မင်ချောင်းလဲလို့ရတာမျိုး
ဖြစ်လျှင်တောင် အိုးကလွဲလျှင် အသစ်
တစ်ချောင်း ပြောင်းကိုင်ရတာနဲ့ ဘာမှ
မထူးဘူး။
အကြောင်းကတော့ ဘောပင်တို့သည် အ
မျိုးအစားချင်းတူလျှင်တောင် ရေးရတာ
တစ်ချောင်းနှင့်တစ်ချောင်း အလိုက်ချင်း
မတူကြ။ ဘောပင်တစ်ချောင်းထဲမှာတောင်
ရေးခါစမှာ တစ်မျိုး၊ အလယ်မှာ တစ်မျိုး၊
မင်ကုန်ခါနီးတော့ တစ်မျိုး ဖြစ်တတ်၏။
တချို့ ဘောပင်တွေက ရေးခါစမှာ ကောင်း
သလိုလိုရှိသော်လည်း နောက်တော့ ထိပ်တုံး
သွားတာ တစ်းမျိုး။ တစ်ခါတစ်လေကျတော့
အစပိုင်းရေးလို့မကောင်းဘဲ အဆင်
ပြေပြီဆိုတော့ မင်ကုန်သွားတာမျိုး ကြုံ
ရသည်။ ဘယ်လောက်အမျိုးအစားကောင်း
တဲ့ ဘောပင်မျိုးဖြစ်ဖြစ် တစ်ခုမဟုတ်တစ်
ခုတော့ စိတ်တိုင်းမကျတာမျိုး တွေ့ရတတ်
လေသည်။
ဖောင်တိန်ကျတော့ ဒီလိုမဟုတ်။ ရေးကာ
စမှာသာ နည်းနည်းပါးပါး အထာမကျတာ
မျိုး ရှိချင်ရှိမည်။ အသားကျသွားပြီဆိုတာ
နဲ့ တောက်လျောက်ရေးလို့ အဆင်ပြေသွား
တာပါပဲ။ ဖောင်တိန်က ရေးတဲ့လူရဲ့အကျင့်
ကို လိုက်ပြီးတော့ သင့်လျောအောင် ပြုပြင်
ပြောင်းလဲပေးနိုင်သည်။ ခပ်လှဲလှဲ ရေးတတ်
တဲ့လူ၊ ခပ်စောင်းစောင်း ရေတတ်တဲ့လူ၊ အ
နေအထားအမျိုးမျိုးအတွက် အလိုက်သိစွာ
အသုံးတော်ခံပေးနိုင်သည်။
ပြီးတော့ ဖောင်တိန်တစ်ချောင်းသည် နှစ်
ပေါင်းအတန်ကြာအထိ အသုံးပြုလို့ရသ
ဖြင့် ပိုင်ရှင်နှင့်ပို၍ ရင်းနှီးကျွမ်းဝင်စေသည်။
တစ်ခါတစ်လေများ လူနှင့် ဖောင်တိန်
သံယောဇဉ်တွေတောင်ဖြစ်လို့။
ကျွန်တော်တို့လို ညည့်နက်သန်းခေါင်အထိ
တစ်ယောက်ထဲ စာရေးရသော စာရေးဆရာ
တွေအဖို့တော့ ဖောင်တိန်ဆိုသည်မှာ ကိုယ့်ရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်၊ လုပ်ဖော်ကိုင်
ဖက်လည်း ဖြစ်၏။ သူငယ်ချင်းလည်း ဖြစ်
၏။ ချစ်သူလည်း ဖြစ်နိုင်၏။
ကျွန်တော်က ဖောင်တိန်နဲ့ စာရေးတာကိုပဲ
လက်တွေ့၏။ သို့ရာတွင် ခုချိန်မှာ ဖောင်တိန်
က ရှားပါးပစ္စည်း ဖြစ်နေပြီ။ ဆိုင်တိုင်းမှာ
လွယ်လွယ်ကူကူ ဝယ်လို့မရတော့။ ဆိုင်ကြီး
တွေမှာသာ ရှိ၏။ စျေးလည်း ကြီးသည်။
ဖောင်တိန်ဆိုတာကလည်း။ မင်ထည့်၍
စမ်းရေးကြည့်ပြီးမှ ဝယ်လို့ရတာမျိုးမဟုတ်။
ဝယ်လာပြီးမှ ကိုယ့်စိတ်ကြိုက် မဖြစ်လျှင်
ခက်မည်။
ကျွန်တော် ဖောင်တိန်ကြိုက်တတ်မှန်းသိ
သဖြင့် သူငယ်ချင်း သင်္ဘောသားတွေက
လက်ဆောင်ပေးကြသည်။ သူတို့ပေးတာ
တွေက ပတ်ကား၊ ရှက်ဖော၊ ရိုထရင်းစသော
အကောင်းစားတွေချည်း ဖြစ်၏။ သို့ရာတွင်
ထိုဖောင်တိန်တွေက မင်အလုံးကြီးတွေ။
စာတစ်ကြောင်း နှစ်ကြောင်း ရေးရုံ၊ ချက်
လက်မှတ်ပေါ် လက်မှတ်ထိုးရုံလောက်သာ
သင့်တော်သည်။
ကျွန်တော်ကြိုက်သော ဖောင်တိန်မျိုးက
ကလောင်သွား စူးစူးချွန်ချွန်၊ မင်လုံးသေး
သေး၊ မင်အလိုက်ကောင်းကောင်း ဖြစ်ရ
မည်။ ကိုယ့်စိတ်ကြိုက်ရဖို့က မလွယ်။
မင်စိုဘောပင်တွေ ပေါ်လာသောအခါ
ဖောင်တိန်နှင့် ရေးရသော အရသာမျိုး
ပြန်ရလိမ့်မည် ထင်မိသည်။ သူကလည်း
မင်အလိုက်ကောင်းတာကလွဲလျှင် ဘောပင်
နှင့် သိပ်မထူးလှပါ။ ဒီတစ်ချောင်းရေးလို့
ကောင်းပေမည့် နောက်တစ်ချောင်ကျတော့
အဆင်ပြေချင်မှ ပြေသည်။
စာရေးစက္ကူတွေကလည်း အမျိုးမျိုး၊ ရေး
လို့ ကောင်းတာလည်းရှိ၊ မကောင်းတာလည်းရှိ၊
တချိုစက္ကူတွေက ဖြူတယ်၊ချောတယ်ဆိုသော်လည်း တကယ်ရေးတော့ မကောင်းပြန်။
ကျွန်တော်သည် အခြေအနေအရ ဘောပင်
တွေနှင့်သာ စခန်းသွားနေရ၏။ ဟိုအရင်
သုံးခဲ့ဖူးသော ဖောင်တိန်ကလေးများကို
ရည်းစားဟောင်းတွေလိုပဲ လွမ်းဆွတ်သတိ
ရနေမိလေ၏။
စာရေးဆရာအများစုသည် စာကို လက်
ဖြင့်သာ ရေးကြသည်။ အနည်းစုလောက်သာ
လက်နိပ်စက်ဖြင့်ရိုက်ကြသည်။ တစ်
ချို့ကတော့ နှုတ်ကပြော၊ ကက်ဆက်ဖြင့်
အသံဖမ်းယူထားပြီးမှ ပြန်ကူးကြသည်။
ကျွန်တော်သည်တစ်ခါက ဇာတ်ညွှန်း
တစ်ပုဒ်ကို ကက်ဆက်နှင့်အသံဖမ်းပြီး
ရေးဖို့ ကြိုးသားကြည့်ဖူးသည်။ အစကတော့
ဟုတ်သလိုလိုပဲ။ ကက်ဆက်ထဲအသံကို ဖွင့်နားထောင်ပြီး ပြန်ကူးတဲ့အခါကြတော့ စိတ်
မပါဘဲ ဖြစ်နေ၏။ စာရွက်ပေါ် ချရေးတာ
လောက် စီးစီးပိုင်ပိုင်မရှိ။
ကျွန်တော် လက်နှိပ်စက် ကောင်းကောင်း
ရိုက်တတ်သည် လက်နှိပ်စက်စာရေးတွေ
လောက် မမြန်သော်လည်း စဉ်းစားလိုက်၊
ရိုက်လိုက် လုပ်ရတာ အခက်အခဲမရှိလှ။
သို့ရာတွင် လက်နှိပ်စက်သံ တချောက်
ချောက်ကို ကျွန်တော်မကြိုက်။ ကိုယ့်လက်
ရေးကို မမြင်ရသောအခါ ဒီစာ ကိုယ်ရေးတာ
မှ ဟုတ်ရဲ့လား၊ စက်က ကူးပြီးရေးပေး
နေတာလားဟု ထင်ချင်သလို ဖြစ်မိ၏။
လက်နဲ့ရေးရတာကိုသာ ကိုယ့်မူပိုင်ဟု
ယူဆမိသည်။
တစ်ချို့က ကွန်ပျူတာနဲ့ ရေးပါလားဟု
အကြံပေးကြသည်။ ကွန်ပျူတာနှင့် စာရိုက်
ရုံလောက်ကတော့ သိပ်မခက်။ အချိန်နဲ့နဲ့ယူ
ပြီး လေ့လာလိုက်လျှင် ရနိုင်သည်။ ကွန်ပျူ
တာက လက်နိပ်စက်ထက် အဆ များစွာသာ
သည်။ စာလုံးတွေကို အရွယ်အစားအမျိုး
မျိုး ပြောင်းနိုင်သည်။ စာလုံးပုံစံ မျိုးစုံရနိုင်
သည်။ စာကြောင်းတွေ၊ စာပိုဒ်တွေ နေရာ
ရွှေ့ခြင်း၊ အစားထိုးခြင်း၊ ပယ်ဖျက်ခြင်း
လိုသလို လုပ်နိုင်သည်။ ရိုက်ထားသော
စာတွေကို မှတ်ထားခိုင်းနိုင်သည်။ မိတ္တူ
မူပေါင်းများစွာ ကူယူနိုင်သည်။ စာမျက်နှာ
ပေါင်းများစွာကို ဓာတ်ပြားချပ်ကလေးထဲ
ထည့်သိမ်းထားနိုင်သည်။
သို့ရာတွင် ကွန်ပျူတာကို ကျွန်တော်မယုံရဲ၊
ရိုက်နေတုန်း မီးပျက်သွားရင် ဘယ်လိုလုပ်
မလဲ။ လျှပ်စစ်ဓာတ် အဆက်မပြတ်အောင်
ယူပီအက်စ်နှင့် ထိန်းထားနိုင်တာတော့ မှန်
သည်။ ဗိုင်းရပ်စ်ဝင်လို့ဖြစ်စေ၊ တခြားပယောဂ တစ်ခုခုကြောင့်ဖြစ်စေ၊ မှတ်ညံ
တွေ ပျက်ကုန်ရင် သွားပြီ။ ပရင်တာတစ်လုံး
နှင့် တိုက်ရိုက်ဆက်ထားပြီး တစ်ပြိုင်တည်း
ရိုက်ထုတ်မှဖြစ်မည်။
ပြီးတော့ သက်ရှိဦးနှောက်နှင့် အပင်ပန်းခံ
စဉ်းသားထားရသော စိတ်ကူး၊ စိတ်သန်းတွေကို
စက်ဦးနှောက်ထဲ ထည့်ထားရာမှာ
စိတ်မချနိုင်ဘဲ ဖြစ်ရ၏။ ကိုယ့်ရဲ့အနုပညာ
ကို လျှပ်စစ်ကြောင်းတွေကတစ်ဆင့် ပို့လွတ်
ရမှာကိုလည်း မသတီသလိုကြီးပဲ။
တကယ်တော့ စာရေးတယ်ဆိုတာ နှလုံးသား
ထဲက ခံစားချက်ကို ဦးနှောက်ဆီ
ကိုပို့၊ သွေးကြောအတိုင်း လက်ဖျားဆီ
စီးဆင်းသွားပြီး ဖောင်တိန်ကတစ်ဆင့် စာ
ရွက်ပေါ်မှာ သင်္ကေတတွေ ထင်ဟပ်စေတာ
မဟုတ်လား။ လက်ချောင်းတွေရယ်၊ ဖောင်
တိန်ရယ်၊ စာရွက်တွေရယ် တိုက်ရိုက်ထိတွေ့
နေရမှ စာလုံးတွေထဲမှာ အသက်ဝိညဉ်
ဖြစ်ထွန်းလာနိုင်သည်ဟု ယူစဆွဲလမ်း
မိနေဆဲပါပဲ။
သိပ္ပံပညာသည် အဆက်မပြတ်တီထွင် ဖန်
ဆင်းနေသည်။ အနာဂတ်တွင် ကွန်ပျူတာ
မျိုးဆက်သစ်တွေ ထပ်ပေါ်လာဦးမည်။
နှုတ်မှ ရွတ်ဆိုလိုက်ရုံဖြစ် စာတွေ အလို
အလျောက် ရိုက်ပေးမည်။ ကိုယ့်လက်ရေး
နမူနာ ထည့်ပေးထားပြီး ရိုက်နှပ်လိုက်
လိုက်လျှင် ကိုယ့်လက်ရေးအတိုင်း ထွက်
ပေါ့လာမည်။ ဖန်သားပြင်ပေါ်မှာ တိုက်ရိုက်
ရေးချနိုင်သော ကွန်ပျူတာသင်ပုန်းတွေ
ပေါ်လာမည်။
ထိုအခါကျလျှင် ကျွန်တော်သည် အီလက်
ထရွန်နှစ် ကလောင်တံနဲ့ပဲ စာရေးနေမလား၊
ရှေးဟောင်း ပစ္စည်း အရောင်းဆိုင်မှာ ဖောင်
တိန်တစ်ချောင်းကိုပဲ မရမကလိုက်ရှာနေ
မလားဆိုတာကတော့ စောင့်ကြည့်ရပေဦး
မည်။
မြဝတီမဂ္ဂဇင်းနှစ်(၅၀ ရွှေရတု)
(နိုဝင်ဘာ၊ ၂၀၀၂ခုနစ်။
#မင်းလူ