အမှားတစ်ခု၏နိဂုံး

 အမှားတစ်ခု၏နိဂုံး

🖌️🖌️
အိပ်ပျော်နေသည်ဟု ထင်မှတ်မှားရလောက်အောင် ငြိမ်သက်စွာလဲလျောင်းနေသည့်�မမ၏အနီးတွင် ကျွန်မ၏ သောကမီးတို့ တငြီးငြီး�လောင်ကျွမ်းလျက်ရှိသည်။
” မမရယ် … မမ …အဟင့်ဟင့် …�ညီမလေး ခေါ်နေတယ်လေ မမရဲ့။ ထ ကြည့်ပါဦးလား အီးဟီးး ”
မဖြေနိုင်ပါ ။�ဖြေနိုင်စရာ အကြောင်းမရှိ ။ ဖြေသိမ့်စရာ စကားလည်း မရှိ ။ မျက်ရည်များသာ ဆက်တိုက် ကျလာ၏။
အဖြစ်ဆိုးနှင့်ကြုံခဲ့ရသော မမကိုကြည့်ပြီး၊ ကျွန်မရင်တွေ နင့်နေသည်။ ဝမ်းနည်းလုံးကြီး ဆို့တက်နေ၏။ မမ…�ကျွန်မ၏ တစ်ဦးတည်းသော မမ။
” ဖြစ်မှဖြစ်ရတယ် မမရယ်… မမပြောတော့ အဆင်ပြေတဲ့တစ်နေ့ ညီမလေးကို လာခေါ်မယ်ဆို။ စောင့်နေတယ် လေ မမရဲ့ ။ ညီမလေး စောင့်နေတာ … ”
ရင်ထဲရှိသမျှပြောကာ�ဝမ်းပမ်းတနည်း ငိုကြွေးနေသည့် ကျွန်မ၏အနားသို့ ဖေဖေတို့လင်မယား ရောက်လာသည်။
” သမီးငယ် … ”
ငိုသံစွက်နေသည့် ဖေဖေ့အသံ ။ ထင်မထားသည့် မျက်နှာထားနှင့် ဖေဖေ့မိန်းမ။ သူတို့ ရောက်လာခြင်းကို မမ ကြည်ဖြူလိမ့်မည် မဟုတ် ။ သူတို့ကို မမ�တွေ့ချင်မြင်ချင်လိမ့်မည် မဟုတ်။�ထို့ကြောင့်သာ နှင်လွှတ်ရသည်။
” ပြန်ပါ ဖေဖေ။ ဖေဖေတို့ကို မမ တွေ့ချင်မှာ မဟုတ်ဘူး ။�သမီး တစ်ယောက်တည်း မမနား နေပါရစေ။ ပြန်ပါတော့ ဖေဖေ ”
ဤသို့ပြောတော့ ဖေဖေ ငိုသည်။
” ဖေဖေ့အပြစ်တွေပါ သမီးရယ် ။ ဖေဖေ့အပြစ်တွေပါ … သမီး မမ အခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံရတာ�ဖေဖေ့ကြောင့်ပါ။ ဖေဖေ့ကို ခွင့်မလွှတ်ပါနဲ့ ”
ယခုမှ ဖေဖေ အသိတရားရလည်း မထူးတော့ပြီ။ မမ မရှိတော့ပြီ။
” ပြန်ပါတော့ ဖေဖေရဲ့ ။ ပြန်လိုက်ပါ တော့ ။ ခုမှ ဖေဖေ ငိုပြနေလည်း အပိုပါပဲ။ မမ ကြည့်နေရင် စိတ်ဆိုးနေပါ့မယ်၊�မမ စိတ်ချမ်းသာအောင် ထားလိုက်ပါတော့ နော်…�မမ စိတ်ချမ်းသာသလို နေပါ စေတော့လားး ”
နေစေလိုပါသည်။ မမကို စိတ်ချမ်းသာစေချင်သည်။
ဟိုတချိန်က ဖေဖေသည်�မမကို စိတ်ဆိုးစိတ်တို၊ စိတ်ဆင်းရဲစေခဲ့သည်�မဟုတ်ပါလား ။
————————————————�————————————————
” အငယ်မ ရေ … အငယ်မ ”�” ရှင်… မမ ”
” မပြီးသေးဘူးလား ၊ ကျောင်းနောက်ကျတော့မယ် ၊ မြန်မြန် လုပ် ”�” ဟုတ် ”
ဟုတ် ဆိုသည့်စကားကို သံရှည်ဆွဲပြီး၊ ကွန်မ�အင်္ကျီရွေးနေသည်မှာ မပြီးတော့ ။ မေမေ မရှိကတည်းက ကျောင်းသွားဖို့အရေး�နှောင့်နှေးလာခဲ့သည်မှာ အစဉ်အလာလို ဖြစ်နေခဲ့သည်။ မေမေရှိစဉ်ကလို�အရာအားလုံး ဟန်ချက်ညီညီ မသွက်လက်တော့။ လေးတိလေးကန်�သွားရပေါင်းများပြီ ။
” အငယ်မရယ် … သွက်သွက်လက်လက် လုပ်ပါဟဲ့ ”
ကျွန်မကို မမ မပြောရတဲ့နေ့ဟူ၍ မရှိ။ နေ့တိုင်း မမအသံ�ကြားရ၏ ။ ကျွန်မကလည်း ကျွန်မပင် ။ အရာရာမှာ နှေးတိနှေးကန်။
မမက ကျွန်မထက် အသက် ဆယ့်နှစ်နှစ် ကြီးသည် ။ မမ ခြောက်တန်းနှစ်ရောက်မှ ကျွန်မကို မွေးသည် ဆို၏ ။ ကျွန်မ ဆယ့်တစ်နှစ်သမီးမှာ မေမေဆုံးသည် ။ မေမေဆုံးတော့ မမ ကျောင်းပြီးခါစပင်ရှိသေး၏ ။ မေမေဆုံးပြီး သိပ်မကြာခင်�ဖေဖေ နောက်အိမ်ထောင်ပြုသွားခဲ့သည် မမနှင့် ကျွန်မ နှစ်ယောက်တည်းသာ ကျန်ခဲ့တော့၏ ။ အမိသာမက အဖပါမဲ့သွားသော ကျွန်မကို မမကပင် ပြုစုစောင့်ရှောက်လာခဲ့သည် ။
” မေမေ ဆုံးတာ ဖေဖေကြောင့်… ဖေ့ဖေ့ကို စိတ်တိုတယ် ”
ပြောပြောပြီး ငိုနေတတ်သည့် မမသည် ဖေဖေနောက်အိမ်ထောင် ပြုခြင်းကို မကျေနပ်။�သမီးတွေကိုမငဲ့ညှာဘဲ လုပ်ရက်လေခြင်းဟု ဆိုကာ�အမုန်းကြီး မုန်းနေတော့သည် ။
” ဖေဖေ ပွေလို့၊ ရှုပ်လို့ မေမေ သေရတာ ။ ဖေဖေသာ မပွေမရှုပ်ရင်�မေမေသေမှာ မဟုတ်ဘူး ”
စိတ်ဖိစီးမှုတွေများပြီး၊ စိတ်ဆင်းရဲမှုတွေကြုံ ခဲ့ရသည့် မေမေ့ကို သနားသောကြောင့် ဖြစ်မည်။ မမသည် ဖေဖေ့အပေါ် မကျေမချမ်း ပြောပြောနေတတ်၏။�သည်းခံနိုင်စွမ်းကြီးမားလွန်းသော မေမေကမူ ဖေဖေ့အပေါ် မည်သည့်အခါကမျှ မကောင်း မပြောခဲ့ပါပေ ။
” သမီးတို့ရယ်… သမီးတို့ အဖေ့အပေါ် အပြစ်တွေမမြင်ကြပါနဲ့ ကွယ်။ အဖေလေ ။ မပြောကြနဲ့ …�သမီးတို့ ငရဲကြီးမှာ စိုးတယ် ”
မေမေ ပြောလည်းအပြောသာရှိ၏။ အမှတ်သည်းခြေကြီးသော မမသည် ဖေဖေ့အပေါ် စိတ်ဆိုးမြဲ ဆိုးနေတတ်သူပေ ။
” ဖေဖေဟာလေ မေမေ့ကို ထည့်မတွက်ဘူး ။ သမီးတို့ကိုလည်း အရေးမစိုက်ဘူး။ သူအပျော်ရှာဖို့ပဲ တတ်တယ်။ မေမေနေမကောင်း ဖြစ်နေတာတောင်မှ မေမေ့ အနားမှာ နေဖော်မရဘူး ၊ တော်တော် ဆိုးတဲ့ဖေဖေပဲ ”
မမ တစ်ယောက် မျက်စေ့အောက်မြင်နေရသည့်�မေမေ့ကို သနားလေလေ၊ ဖေဖေ့အပေါ် အပြစ်တွေမြင်လေလေ ။
————————–
တစ်နေ့ …�ထိုနေ့ကို မမေ့နိုင်ပါ။�နောက်မိန်းမနှင့် ထွက်ပြေးသွားသည့် ဖေဖေသည် သူ့မိန်းမကိုခေါ်ပြီး အိမ်ပြန်ရောက်လာခဲ့၏ ။
” မေမေသေပြီးတာ ဘယ်လောက်ကြာသေးလို့ ဖေဖေက�နောက်မိန်းမ ခေါ်ပြီး ပြန်လာရတာလဲ ”
စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည့်�မမ၏စကားကို ဖေဖေ ဂရုမထား။
” နေစရာမရှိဘူး ပြောမလို့လား၊�ဖေဖေ့ဘာသာ ဘယ်မှာ နေနေလေ။ ဒါမေမေ့အိမ်။ သူ့ကို ခေါ်မလာနဲ့”
” ခေါ်မလာလို့လည်းး ”�”
ဖေဖေ စကားရပ်သွားပေမဲ့ နောက်မိန်းမဆိုသူက မမကို ကြည့်ပြီး
” ဟဲ့… ရိုင်းလှချေလား ၊ ဒါ ဖအေကိုပြောရမဲ့ စကားလား”
” ကိုကိုနော် … သမီးတွေကို�အလိုမလိုက်နဲ့ ။ ယောင်ကမ်းတက်မယ် ”
” လူလေးကြည့်တော့ သေးစိသေးညှက်နဲ့။ ဘယ့်နှယ့် …�ဖအေကို ပြောနေလိုက်တာများး ၊ မပြောလိုက်ချင်ဘူး ဟွန်းး ”
အပြောခံလိုက်ရသဖြင့်�မမ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာပြီး၊�ဖေဖေ့ရှေ့မှာပင် ထိုမိန်းမကိုတွန်းကာ
” သွား သွားး … မလာနဲ့။ သွားး ”
အပေါက်ဆီတွန်းထုတ် ဒေါသတကြီး ပြောတော့သည် ။�ခဏတာကြောင်ကြည့်နေသော ဖေဖေသည် သတိဝင်လာသည့် အချိန်�မမလက်ကို ဆွဲဖယ်ပြီး
” သမီး ! ဒါ ဘာလုပ်တာလဲ ။ အဲ့လို မလုပ်ရဘူး လေ ၊ မလုပ်နဲ့ ”
သူ့မိန်းမကိုလည်း
” ခင် စိတ်မဆိုးနဲ့နော် ၊ သမီးက သွေးပူနေတုန်းမို့ပါ။�ခင်က နားလည်ပေးလိုက်ပါ နော် ၊ နော် ”
ပျာပျာသလဲ တောင်းပန်တော့၏ ။
မမ အရှိုက်ကို ထိလေပြီ။
” ဖေဖေ… ဖေဖေ့မျက်လုံးထဲမှာ သူပဲ ရှိတာလား ။ သမီးတို့ မရှိတော့ဘူးလား ”
နောက်မိန်းမ လက်ကိုဆွဲပြီး သမီးကို�အရေးမစိုက်ဘူး ဆိုသည့် ပုံစံမျိုးနှင့် ဖေဖေက မမကို
” တိတ်စမ်း” ဆို၏။
” ဖေဖေ ”�” ဖေဖေ့ ”
” ဖြေပါ ဖေဖေရဲ့ ။ ဖြေစမ်းပါ ။ ဖေဖေ့စိတ်ထဲမှာ သူပဲ ရှိသလား ။ သမီးတို့ မရှိတော့ဘူးလား ”
ကျွန်မကို ကြည့်လိုက်၊ဖေဖေ့ကို�မေးလိုက်ဖြင့် မမ အော်ဟစ်နေသော်လည်း ဖေဖေ့ဆီကဖြင့်�ဘာသံမှထွက်မလာတော့ပေ။
” ရတယ်လေ ဖေဖေ။ ဖေဖေ မဖြေချင်မဖြေပါနဲ့ ။�ဒါပေမယ့် တစ်ခုတော့ သိထား�ဖေဖေနဲ့ သမီး ၊ သားအဖသံယောဇဉ်�ဒီမှာတင် ပြတ်ပြီ ”
” ဖေဖေ့ကို သမီး အဖေတစ်ယောက်အဖြစ်၊�အသိအမှတ် မပြုတော့သလို ၊ သမီးကိုလည်း သမီး တစ်ယောက်အဖြစ်…�မသတ်မှတ်ပါနဲ့တော့ ။ ဖေဖေနဲ့ သမီး… ”
” ဖေဖေနဲ့ သမီး… ”
ငိုရင်းကစကားကိုပင် ဆုံးအောင်မပြောနိုင်တော့။ အခန်းထဲ ပြေးဝင်သွားတော့သည် ။
————————
အထုတ်အပိုးတွေပြင်နေသည့် မမ သည် ခရီးရှည်တစ်ခု သွားတော့မည်ကို ကျွန်မ�သိနေပါ၏ ။�မှတ်ပုံတင် အစ ၊ ဘွဲ့လက်မှတ်အဆုံး�စာရွက်စာတမ်းအကုန်လုံး ထည့်နေသည်ကို တွေ့ရသည် ။ အတ်အစားတွေလည်း ပါ၏ ။
” အငယ်မ …နင် လိုက်မှာလား ”
ကျွန်မကို ကြည့်ပြီး ရှိုက်ရင်း မေးသည် ။�ကျွန်မကတော့ မမသွားမှာကို စိတ်မကောင်း ဖြစ်နေသော်လည်း ၊ ဖေဖေနှင့် ပတ်သက်ပြီး မည်သည်ကိုမှ မခံစားရသည့်အလားး ။ တည်ငြိမ်နေခဲ့သည် ။
” နင် … ငါနဲ့ လိုက်မှာလား ၊ ဒီမှာ နေခဲ့မလား ”�” မမ တကယ် သွားမှာလား ”
” သွားမှာ ”�” ဘယ်ကိုလဲ ”
” မသိသေးဘူးး ”�” ဟင် …မသိသေးဘဲနဲ့ ဘယ်လို လုပ်မှာလဲ”
” ကျောင်းပြီးပြီလေ ။ အလုပ်လုပ်မှာပေါ့ ။ အလုပ်မရှားပါဘူး။ လူမသေ၊ ငွေမရှားတဲ့ ။ ငါ အလုပ်လုပ်မယ် ”
သူ့အကြံနှင့်သူ စီစဉ်နေသည့်မမကို ကျွန်မ�တားကြည့်ပါသေးသည် ။
” မမရယ် ၊ မမက မိန်းကလေး လေ ။ အဲ့လိုကြီး ဖြစ်ပါ့မလား။�မသွားပါနဲ့ လား ၊ နောက်ဆိုရင် … ”�” တော်ပါ အေ… တော်ပြီ”
” နင် နေချင်နေခဲ့ ၊ ငါကတော့ သွားမှာပဲ… သွားမယ် ”
စိတ်တွေဆိုးနေသည့် မမကို ကျွန်မ တားမရပါ။ သို့သော် မမသည် ကျွန်မကို အလွန်ချစ်၏။
” မမ အဆင်ပြေရင် လာခေါ် လှည့်မယ် ။�စောင့်နေနော် ”
ခေါင်းလေးငြိမ့်ပြီး ကျွန်မ ငိုကျန်ခဲ့သည် ။�မမလည်း မျက်ရည်တွေနှင့် ထွက်သွားတော့၏ ။�မမ သွားတော့မှ ဖေဖေတို့လင်မယား အခန်းထဲက ထွက်လာသည် ။ ငိုနေသည့်�ကျွန်မကို ဖေဖေက
” မငိုပါနဲ့ သမီး ရယ် …�သမီး မမ ခဏပဲသွားတာ။ ပြန်လာလိမ့်မယ် ။ သူ အကြာကြီး မနေနိုင်ဘူးရယ် ကြည့်နေ ပြန်လာလိမ့်မယ် ”�” မငိုနဲ့ ၊ မငိုနဲ့. တိတ် ၊ တိတ် ”
နှစ်သိမ့်စကားတွေ နားမဝင်နိုင်။�မမ အကြောင်းတွေးနေမိ၍
” ဖေဖေ လိုက်ခေါ်လိုက်ပါလား ၊ ဖေဖေ လိုက်ခေါ်ရင် မမ စိတ်ပြေသွားမှာ ”
ခေါ်စေချင်သော်လည်း လိုက်မခေါ်ဘဲ ရပ်နေခဲ့သည် ။
” ပြန်လာမှာပါ သမီး ရဲ့ ၊ ပြန်လာလိမ့်မယ် ”
အတိအကျကြီး ပြောနေပုံထောက်ရင်�ဖေဖေ့စိတ်ထဲ မမ ခဏလေး သွားမည်�ထင်နေပုံရသည် ။
” ပြန်မလာတော့ဘူး ဆိုရင်ရော… ”
” လာမှာပါ သမီး ရဲ့ ။ လာကို လာမှာ ။ ပြန်မလာဘဲ သူ မနေနိုင်ပါဘူး ။ လာမှာ ”
တကယ် ပြန်လာလိမ့်မည်�အထင်နှင့် ငြိမ်နေတော့၏ ။�ကျွန်မကတော့ မမ အကြောင်း ကောင်းကောင်း သိသည် ။
” ပြန်လာတော့မှာ မဟုတ်ဘူး ဖေဖေ ။ မမ စိတ်ကို သမီး သိတယ် ”
” အခုချိန်မှာ ဖေဖေသာ လိုက်မခေါ်လိုက်ရင် မမ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး ”
————————————
မမကို ကျွန်မ နေ့တိုင်း သတိရသည်။ မမရင်ထဲတွင်လည်း ကျွန်မကို ထားခဲ့ရလို့ စိတ်မကောင်း ဖြစ်နေပေလိမ့်မည်။
ကျောင်းဖွင့်ရက်တနေ့ –�နေ့လယ် ထမင်းစားကျောင်းဆင်းချိန် …
” အငယ်မ … ဟေ့�အငယ်မ ”
အဝေးက လှမ်းခေါ်သည့် မမအသံကို ကြားလိုက်ရသည့်အခိုက်�ွအပျော်ကြီးပျော်သွား၏ ။
” အယ် …မမ ”
ညီမနှစ်ယောက် ပြေးဖက်ကြသည် ။
” နေကောင်းလား ၊ အဆင်ပြေလား ”
ခေါင်းကို တဆတ်ဆတ်ငြိမ့်ရင်းး
” အင်းး ၊ မမရော ၊ မမရော အဆင်ပြေလား ၊ ဘယ်တော့ ညီမလေးကို�လာခေါ်မှာလဲ ”
” မမ ခု ဘယ်မှာနေလဲ ”�” လောလောဆယ် သူငယ်ချင်း အိမ်မှာခဏနေတယ် ၊ မမ အလုပ်လျှောက်ထားတယ် ၊ ရရင်�အဆောင် ပြောင်းနေမှာ ”
” သြော် ”�” အဲ့ကျမှ လာခေါ်မယ်လေ နော် ။ စောင့်နေ ။�သိလားး ”
” အင်းပါ ၊ စောင့်နေမယ် ။ ဆက်ဆက် လာခေါ်နော် ”
တစ်ယောက်နှင့်တစ်ယောက် လက်သန်း၊ လက်သန်းချင်းချိတ် ၊ လက်မ ၊ လက်မချင်းထိကာ
” ကတိ … ကတိ ”
ဆိုလိုက်ကြ၏ ။
ကျွန်မဆီကို မမ မကြာမကြာ ရောက်လာတတ်သည် ။ လာတိုင်းလည်း�ကျွန်မကြိုက်တတ်သော မုန့်ကလေးများ�ပါလာတတ်၏ ။ ကျွန်မကိုသာ သာကြောင်း၊ မာကြောင်းမေးပြီး ၊ ဖေဖေ့�အကြောင်းကိုတော့ စကားပင် အစမခံပေ ။
” မမ … ဖေဖေကလေ – – ”�” မကြားချင်ဘူး… မပြောနဲ့ ”
” ဟို… ”�” မပြောနဲ့ ဆို “‘
” ဟိုလေ… ”�” တော် ဆို ”
” အဲ့အကြောင်းပြောရင် နင့်ကိုပါ�လာမတွေ့ဘဲ နေလိုက်မှာနော် ”
နောက်ပိုင်း မမ မကြိုက်မှန်းသိလို့ ကျွန်မလည်း မပြောဖြစ်တော့ပေ ။
————————–
သည်တလော မမနှင့် အဆက်အသွယ်ပြတ်နေသည်မှာ ကြာပြီ ။ မမ မလာ၍ မျှော်နေမိ၏ ။ ဖေဖေကလည်း မေးလာသည်။
” သမီးငယ် …သမီးဆီကို သမီးမမ လာသေးလား”�” မလာဘူး ဖေဖေ ၊ မမ မလာတာ ကြာပြီ ”
” ဘယ်မှာနေပြီး ၊ ဘာတွေလုပ်နေလဲ မသိဘူး ။ သမီးကြီးနဲ့လည်း စိတ်ပူရတယ် ကွယ်”
ထူးထူးဆန်းဆန်း မမကို ဖေဖေမေးသည့်နေ့က ကျွန်မလည်း စိတ်တွေလေးနေခဲ့သည် ။
” မမ နေကောင်းပါစေ ၊ ကျန်းမာပါစေ ။ အန္တရယ်ကင်း ဘေးရှင်းပါစေ ”
စိတ်ထဲ ဆုတောင်း နေမိသည် ။
” ကလင် …ကလင် ”�” ကလင် … ကလင် ”
ဖုန်းသံကြား၍ ကိုင်ရန်ထွက်အလာ ၊�ဖေဖေ ထူးသံ ကြားလိုက်ရသည် ။
” ဟလို ”�” ဟုတ်ကဲ့ ပြောပါ ”
တဖက်က ဘာမေးသည်မသိ ။
” ဟုတ်ပါတယ် ဗျ ”�” ဟုတ်ပါတယ် ”
” – – – – – ”
” ဗျာ – ”
ဖေဖေ့ရဲ့ ထိတ်လန့်သံကြီး အဆုံးး။�ကျွန်မ လန့်သွားမိသည် ။ အနားပြေးသွားရင်း
” ဘာဖြစ်တာလဲ ဖေဖေ”�” ဘာတဲ့လဲ ”
” ဘာဖြစ်လို့လဲ ”
ဖေဖေ မျက်ရည်တွေဝဲလာပြီး ၊
” သမီးး ”�” ရှင် ”
” သမီး မမ … သမီး မမ ”
ဖေဖေ့ကို ကြည့်ပြီး ရင်တွေထိတ်လာသည်။
” ဘာဖြစ်လို့လဲ ဖေဖေ ၊ မမ ဘာဖြစ်လို့လဲ ”�” ဆုံးပြီတဲ့ သမီးရဲ့ ၊ ဆုံးပြီ ”
” ဟုတ်ရဲ့လား … ဟုတ်လို့လား ဖေဖေ ရယ်”�” ဟုတ်တယ် ”
” မမရေ … မမ အီးး ဟီးး ”
” ငိုနေလို့ မပြီးဘူး ကိုကို ၊ လိုက်သွားရမှာ�။ ဘယ်မှာတဲ့ တုန်း ”
” ဆေးရုံမှာ ”
ဆေးရုံရောက်တော့ မမနဲ့�အတူနေအခန်းဖော် ဆိုသူကို တွေ့ရ၏ ။
” ဘယ်လို ဖြစ်တာလဲ ဟင် ”�” ဘာဖြစ်တာတဲ့လဲ ”
တစ်ယောက်တစ်ပေါက် မေးကြသည့်�ကျွန်မတို့ကို ကြည့်ပြီးး –
” မိသားစု တွေလား ”�” ဟုတ်ပါတယ် ”
” ဒါဆို သူ့ ညီမလေး ဆိုတာ … ”�” ကျွန်မပါ ”
ပြောရင်း ရှေ့တိုးသွားလိုက်သည့် ကျွန်မကို�ဓာတ်ပုံလေး တစ်ပုံ လှမ်းပေး၏ ။
” ညီမလေးကို ပေးလိုက်ပါ ပြောတယ် ”
ကြည့်လိုက်တော့ မေမေနဲ့ ကျွန်မတို့ ညီအမနှစ်ယောက် ရိုက်ထားတဲ့ ပုံလေး ။�သုံးယောက်သား ရယ်မောနေကြတဲ့ပုံ ။ ဓာတ်ပုံထဲမှာ ဖေဖေမပါ ။ သိလိုက်ပါပြီ ။�ကျွန်မ သိလိုက်ပြီ ။
မမသည် ဖေဖေ့ကို နောက်ဆုံးအချိန်ထိ စိတ်ဆိုးပြေမသွားဘူး ဖြစ်မည် ။ ဖေဖေလည်း ဝမ်းနည်းနေ၏ ။
————————
မမ၏အခန်းဖော် ပြောပြသည့် အကြောင်းက�ရင်နာစရာ ။
” သူ့ညီမလေးကို အနားမှာခေါ်ထားချင်လို့တဲ့ .. အလုပ်တွေ တအား လုပ်တာ ။ နေ့ရောညပါ မနားတမ်းလုပ်တာ ၊�ကျွန်မနဲ့ အတူတူ မနက်ကနေ�ညနေပိုင်းအထိ လုပ်ရတဲ့အလုပ် ရှိတယ် ။ အဲ့ဒါ ပြီးရင် ကျွန်မက အဆောင်မှာ နားနေပေမယ့် ၊ သူက မနားဘူး ၊ နောက်တစ်ခု ဆက်သွားတယ် ”
” ညနေပိုင်းကနေ ညဦးပိုင်းအထိ စားသောက်ဆိုင်မှာ ပန်းကန်ဆေးတဲ့ အလုပ်လုပ်တယ် ။ အဲ့ဒီညပိုင်း အလုပ်ကအပြန် ကားတိုက်ခံလိုက်ရတာပဲ ”
” တိုက်သွားတဲ့ ကားကရော ”�” မသိလိုက်ဘူး ၊ တိုက်ပြေးသွားတာတဲ့ ၊�ကျွန်မလည်း ဆေးရုံရောက်မှ သိတော့တာ ”
” မမရယ် – အဟင့် ဟင့် ”
ကျွန်မ ယူကျုံးမရ ငိုကြွေးမိသည် ။ ဖေဖေလည်း –
” သမီးကြီး ရေ – သမီးကြီးး ”�“ဖေဖေ့ကို အပြစ်ပေးလိုက်တာ�ပေါ့လေ ၊ ဟုတ်လား ၊ သမီး ရယ် ”
” ဖေဖေ့အပြစ်တွေအတွက် ဒဏ်ခတ်လိုက်တာ�ဖြစ်မယ် ။�ဖေဖေ့ အပြစ်တွေ ဖေဖေသိပါတယ် သမီး ရယ် ။ ကိုယ့်အပြစ်ကိုယ် သိပါတယ် ။ သိပါတယ် ”
————————————————�————————————————
” ဖေဖေ မလိမ္မာလို့ သမီးမမ အခုလို အဖြစ်ဆိုးနဲ့ကြုံရတာ ။ ဖေဖေ့ကြောင့် …�ဖေဖေ့ကြောင့်ပါ သမီးရယ် ။�ဖေဖေသာ လိမ္မာခဲ့ရင်… ”
” မိသားစုဘဝလေး�အေးချမ်းမှာ ”
နောင်တတွေနှင့် ဖေဖေ ။ တမှိုင်မှိုင်တတွေတွေ ။
မမဆုံးပြီး ရက်သတ္တပတ်အကြာ တွင်တော့ ဖေဖေတစ်ယောက်�သူအချစ်ဆုံး သမီးကြီးကို ဆုံးရှုံးလိုက်ရသည့်�စိတ်ဝေဒနာကို ကုစားရန်အတွက်�သာသနာ့ဘောင်တွင်း အပြီးဝင်ဖို့ ဆုံးဖြတ်လိုက်တော့သည် ။
” အမှန်ကို မမြင်နိုင်ရလောက်အောင်�အမှောင်တွေဖုံးနေတဲ့ အမှား ။ ပြင်မရတော့တဲ့ ဒီအမှားကြောင့်�မိသားစုဘဝလေးပျက်စီး ခဲ့ရတယ် ။ အသက်တစ်ချောင်း ဆုံးရှုံးလိုက်ရတယ် ”
“ဖေဖေ ကိုယ့်အပြစ်တွေကိုယ် ဆေးကြောရင်း�နေသွားတော့မယ် သမီး ရယ် ၊ အေးအေးချမ်းချမ်းနဲ့ တရားရှာတော့မယ်”
” မင်းလည်း ငါ့ ကိုယ်စား သမီးငယ်ကို စောင့်ရှောက်ရင်း နေသွားပါ့မယ်လို့ ကတိပေးပါ ”
” သမီးလည်း …သူနဲ့ အတူတူ လိမ်လိမ်မာမာ နေရစ်နော် ”
ကျွန်မကို နှုတ်ဆက်ပြီး ကျောင်းကြီးပေါ်�တက်သွားသည့် ဖေဖေ ။�နောက်ကိုလည်း�လှည့်မကြည့်တော့ပေ။
” သံသရာခရီးမှာ အေးချမ်းပါစေ… ဖေဖေ … ”
သိမ့်ဝတ်မှုံပြည့်စုံမိုး