ကြွေးဟောင်းဆပ်ခွင့်(စ/ဆုံး)

 ကြွေးဟောင်းဆပ်ခွင့်(စ/ဆုံး)

——————–


“ကိုမြမောင်”


“ဟေ”


“တော်ဒီနေ့ဆိုက်ကားနင်းတာဘယ်လောက်ရခဲ့လဲ”


“အေးအေးရော့ရော့ဒီမှာ”


“ဟင်”နှစ်ထောင့်ထဲလားတော့”


“မိန်းမရယ် မိုးကတစိစိဆိုတော့နင်းမကောင်းဘူးဟ ခုလည်းပြန်လာတာမဟုတ်ဘူး မနက်ကထမင်းမစားသွားလို့ဗိုက်စာလို့ ခဏပြန်လာတာပါ”


“အေးပါတော် အိမ်မှာလည်းသိတဲ့အတိုင်း အကြီးကောင်က ကျောင်းတဖက်နဲ့အငယ်ကောင်လေးကလည်းနို့စိုနေတော့ ဘာမှလုပ်မရဘူး

ဒီကြားထဲ အိမ်လခ ကရှိသေး”


“အေးပါ မသန်းရယ် ငါသိပါတယ် ငါလည်းကြိုးစားပြီးရှာနေတာပဲလေ”

“ကဲကဲ ခုစော.သေးတယ်ငါပြန်သွားလိုက်အုံးမယ်”


ထမင်းခဲလေးခပ်သုတ်သုတ်စားပြီးပြန်ထွက်သွားတဲ့ ခင်ပွန်းသည် ကျောပြင်ကိုကြည့်ပြီးဒေါ်သန်းတစ်ယောက် သက်ပြင်းရှည်ကြီးချကျန်ခဲ့လေသည်။


“အမေ”


“ဟေ သားကြီး”


“သားကိုကျောင်းစရိတ်ပေးအုံးလေ တောင်းထားကြာပြီအမေတို့တာမရှက်တာ သားကရှက်တယ်ဗျ”


“တောင်းရင်လည်းနေ့ရွေ့ညရွေ့နဲ့ မပေးချင်လည်းသားကျောင်းထွက်တော့မယ်ဗျာ”


“မဟုတ်ပါဘူး သားရယ်မင်းအဖေလည်းကြိုးစားရှာနေတာပဲ အိမ်စားစရိတ်ကျောင်းစရိတ် အိမ်လခသူပဲမနည်းရှာနေရတာသားရဲ့”


“တော်ပြီဗျာ အမေတို့ကပိုက်ဆံတောင်းရင်ငြီးပြဖို့ပဲသိတယ်”


“မတောင်းတော့ဘူးဗျာ”


ခြေဆောင့်ထွက်သွားတဲ့သားကြီးကိုကြည့်ပြီး.ဆယ်တန်းအောင်ပညာတက်ကြီးဖြစ်.ဖို့အရေးမှာ ကိုမြမောင် ၏အိမ်မက်ဖြစ်သည်။သူပြောနေကြစကား “ငါတို့သားကြီးပညာတက်မှငါတို့ဒီဘဝလွတ်မှာတဲ့” သူမျှော်လင့်ချက်ကြောင့်နေပူမိုးရွာမနားရှာနိုင်ပဲရုန်းကန်နေတာကိုမြင်ယောင်မိသည်။


“အမေ အဖေ”


“အမေ ရေ့”


“ဟေ” ငါသားကြီးအောင်ရဲ့လား…?”


“အောင်တယ်အမေရ သားစာမေးပွဲအောင်ပြီ”


“သားဆယ်တန်းအောင်ပြီအမေ”


“အဖေရော”


“မင်းအဖေလမ်းထိပ်ကဆိုက်ကားဂိတ်မှာနေမှာ သွားပြောလိုက်သူအရမ်းဝမ်းသာမှာ”


“ဟုတ်ကဲ့အမေ”


“အဖေ အဖေ”


“ဟေ” သားကြီးမင်းစာမေးပွဲအောင်ခဲ့လား…?”


“အောင်တယ် အဖေရ သားအောင်တယ်ဗျ”


“ဟေ့ကွ” ဒါမှငါ့သားအဖေပင်ပန်းရကြိုးနပ်ပြီကွ ဟေး”


သားထက်ပိုပျော်နေသော့ဖအေကိုကြည့်ပြီးဘဝတူဆိုက်ကားဆရာများပင်မျက်ရည်စို့ခဲ့ရလေသည်။


“အဖေနဲ့အမေ သား တက္ကသိုလ်ဆက်တက်ချင်တယ်တက်ရအုံးမှာလား”


“ဟာ” “တက်ရမှာပေါ့ငါ့သားရ ပိုက်ဆံဘယ်လောက်ကုန်ကုန်ကွ့ာ”


“အဖေရအောင်ထားမယ် ငါ့သားတက်ကိုတက်ရမယ်ကွာ”


သားထက်ကိုတက်ကြွနေတဲ့ခင်ပွန်းသည်မျက်နှာကိုကြည့်ပြီးဒေါ်သန်းတစ်ယောက် စိတ်မကောင်ဖြစ်ရပြန်သည်။


ရက်လနှစ်တို့အလီလီပြောင်းခဲ့လေပြီသားကြီးမောင်ရန်နိုင်လည်း

ကျောင်းပြီးလို့ ကုမ္မဏီတစ်ခုမှာအလုပ်ရတာနှစ်လလောက်ရှိပြီနောက်

ဦးမြမောင်တစ်ယောက်လည်း ကျန်းမာရေးကသိပ်မကောင်းချင်တော့ အမောရောဂါနဲ့အစာအိမ်ကနှိပ်စက်လေပြီ။ဆိုက်ကားကြီးလည်းအိုဟောင်းလို့ချောင်ထိုးထားလိုက်သည်။


“မသန်း ဒီနေ့တို့သားကြီးအိမ်ခဏပြန်မယ်ပြောတယ် မလာသေးဘူးနော်”


“သြော် တော့နယ်” “ကုမ္မဏီဝန်ထမ်းကအိမ်ပြန်ချင်တိုင်းပြန်မရလို့နေမှာပေါ့ မျှော်မနေနဲ့ သူလာချင်လာပါလိမ့်မယ်တော်”


“ဟော” “မသန်းဟိုမှာကြည့်စမ်းပြောရင်းနဲ့ ငါ့သားကြီးမဟုတ်လားလာနေပြီကွ”


ဦးမြမောင်အပြေးတပိုင်းနဲ့ သားကိုသွားကြိုလိုက်သည်။


“သားကြီး လာလာ”


“အမလေးမပြောချင်ပါဘူးသားရယ်မင်းအဖေကမင်းလာမယ်ဆိုလို့မနက်ထဲကမျော်နေတာ ”


“ဟုတ်လားအဖေ”


“အဖေက သားကန်တော့မဲ့လစာထက်သားကိုမျှော်တာပါကွာ”


“အင်းပါသားသိပါတယ် အဖေရ”


“သြော် အဖေမိတ်ဆက်ပေးမလို့.သူ့ကိုခေါ်လာတာအဖေ ”


မောင်ရန်နိုင်မှလက်ဆွဲခေါ်လာတဲ့အမျိုးသမီးလေးတစ်ယောက်ကိုမိတ်ဆက်ပေးလေးသည်။


“အဖေ သူနာမည်က သက်ထားတဲ့ သားနဲ့အတူလုပ်တဲ့ကုမ္မဏီကပဲလေ”


“သားရဲ့ချစ်သူပေါ့ မကြာခင်သားတို့လက်ထက်တော့မှာ အဖေစီစဥ်ပေးနော်”


“သူတို့အိမ်တော့သားရောက်ဖူးတယ် သူတို့ကချမ်းသာတယ်အဖေရ သူ့မိဘတွေကလည်း သားတို့ကိုသဘောတူကြတယ် ယူပြီးသွားရင်လည်းသူတို့အိမ်ပဲ သားကလိုက်နေမှာလေ သူတို့အလုပ်တွေကို ဦးစီးပြီးလုပ်ပေးရမှာ ခုကုမ္မဏီကသူတို့ကရှယ်ယာတစ်ဝက်တောင်ပါတယ်အဖေရ အဖေဝမ်းမသာဘူးဟင်”


“သြော် အေး အေး”


“အ အဖေ” ဝမ်းသာပါတယ်သားရယ်”


ကိုမြမောင်နဲ့မသန်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဝမ်းနည်းဝမ်းသာစွံအနေလေသည်။


“အဖေနဲ့အမေ သားရဲ့လစာလေးနဲ့ကန်တော့ပါရစေ”


“အေးပါသားရယ်”


စာအိပ်ဖြူလေးကိုလှမ်ကိုင်သောဦမြမောင်၏လက်မှာတုန်ယင်နေသည်။

သည်စာအိပ်ကလေးကသူတို့အားကိုးရတဲ့သားကြီးရဲ့နောက်ဆုံးစာအိပ်လေးဖြစ်ရင်ဖြစ်သွားနိုင်သည်။


“အဖေ နဲ့အမေ သားပြန်တော့မယ်နော်”


“အေးပါ သားရယ်”


အိမ်ပေါက်ဝရောက်အောင်လိုက်ပို့ပြီး သားရဲ့ကျောခိုင်းသွားတဲ့ကျောပြင်ကိုငေးကြည့်ရင်းမှ ဦးမောင်ခပ်ကြမ်းကြမ်းပြန်လှည့်ကြည့်တဲ့မျက်ဝန်းအိမ်မှာမျက်ရည်နဲ့အတူ အိမ်ခေါင်းရင်းမှာထိုးထားတဲ့ဆိုက်ကားအိုကြီးဆီအကြည့်ရောက်သွားလေသည်။


“ငါဆိုက်ကားပြန်နင်းမယ် မသန်း”


ဘယ်လိုမှအောင့်မထားနိုင်တဲ့အဆုံးဒေါ်သန်းတစ်ယောက် ရိုက်ကြီးတငင်ငိုချလိုက်ပါတော့သည် ။ ။


ကြွေးဟောင်းမှန်သမျှဆပ်လို့ကျေ ကြပါစေ…


သာလွန်(နတ်မောက်