မောင့်အကြံ မေသိပါတယ်(စ/ဆုံး)
————————-
အနီးစခန်း ဟူသောအမည်သည်၊
ပြင်ဦးလွင်မြို့၏၊အလှမျက်နှာအား၊
ဖွင့်လှစ်၍၊ ပြလိုက်သည်နှင့်တူ၏။
ဘာကြောင့်သည်လိုပြောနိုင်ပါသလဲလို့
မေးသူရှိခဲ့ပါရင်၊အကြောင်းကသည်လို
ပါ။ ပန်းပေါင်းစုံတို့ခညောင်းရာ၊ဖူးပွင့်ရာနယ်
မြေဖြစ်သည်ကို၊ရောက်ဖူးသူတိုင်းသိကြပါသည်။သူမတူအောင်ပန်းအလှတို့
ဖူးပွင့်ရာရေရာဖြစ်လို့ပါလို့ဖြေချင်ပါ
သည်။
စိုင်းလွင်မိုးကား ပြင်ဦးလွင်မြို့ အနီးစခန်းမှပန်းစိုက်တောင်သူကြီးဖြစ်၏။အသက်မကြီးလှသေးပါ။
ဗလကောင်းကောင်း၊တောင့်တောင့်တင်းတင်း အရွယ်ဖြစ်၏။
ပန်းများအားလှစေသူဖြစ်သော်လည်း၊သူကိုယ်သူတော့အလှပြင်ဖို့စိတ်မဝင်စားခဲ့ပါ။ငယ်ငယ်ကတော့မင်းသားရှုံးလောက်အောင်အလှပြင်သပေါ့။ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးလို့ဆိုရပါမည်။
ဒါပေမဲ့ သူချစ်တဲ့ငယ်ရည်းစား၊
သုံးတောင်ရွာသူ နန်းကြာနု သူ့ကိုထားခဲ့ပြီးအိမ်ထောင်ပြုသွားကတဲက၊လှလှပပနေဖို့စိတ်မဝင်စားတော့ပါ။
မူလကရွှင်ရွှင်ပြပြနေတတ်တဲ့အကျင့်
ပျောက်ပြီး၊စကားနည်းသူတယောက်ဖြစ်သွားသည်။
များသောအားဖြင့်တစ်ယောက်ထည်း သာနေတော့သည်။
သို့သော်သူရဲ့ငယ်သူငယ်ချင်း၊
မြိုင်ကြီးရွာသားပွဲစားလေး။ကိုမင်နိုင်
နှင့်ဆုံခဲ့ရင်တော့၊မြေအကြောင်း၊
ခြံအရောင်းအဝယ်များအကြောင်း
ပြောပြီးရယ်ရယ်မောမောရှိတတ်သည်။
ခြံအရောင်းအဝယ်အဆင်ပြေသောအခါများတွင်၊ဘီယာလောက်တော့၊သောက်
ကြသည်ထင်ပါသည်။
ဒီနောက်တော့ တရွာထဲနေ နန်းငွေခင်နဲ့လူကြီးများကအိမ်ထောင်
ချပေးပြီး၊သားသမီးတွေတောင်ကြီးလှ
ပါပေါ့။
သူစကားပြောနည်းသွားသည်ကလွဲလို့၊
မိသားစုကသီရိဂေဟာ တစ္ခုပါဘဲ။
အလုပ်ကောင်းကောင်းလုပ်၍၊
ကောင်းကောင်းမွန်မွန်ရှာဖွေပြီး
ကျွေးမွေးပါသည်။
ရပ်ထဲရွာထဲရှိအလှူအတန်းရှိလို့ကတော့သူလည်းသွားပါရဲ့၊
သောက်ရေထမ်း၊ပုဂံဆေး၊ဧည်သည်ကြိုတဲ့အလုပ်တွေသာလုပ်ပြီးအိမ်ပြန်လာတတ်လေတော့၊
သူ့၏ဂုဏ်၊သူ၏အရွယ်နှင့်နေသင့်သောအရွယ်တွင် နေရမည့်အချိန်ဖြစ်ပါရဲ့။
သူကမနေလေတာ့၊ဇနီးသည်
နန်းငွေခင်သူနှင့်တွဲပြီး အလှူကိုဘယ်လိုသွားရမည်မသိ။
နန်းငွေခင်၏စိတ်ထဲတွင်၊
သူမ ချစ်သောလင်ယောကျ်ားအား၊
တင့်တောင်းတင့်တယ်မြင်လိုလှပါသည်။
အကြောင်းသိ အပေါင်းသိတွေမို့၊
သူ့ကိစ္စအားခွင့်လွတ်နိုင်ပေမဲ့၊သူ၏
ူခံစားချက်ကိုတော့မကြည့်ရက်နိုင်ပါ။
ဒီနေလည်းရွာထဲမှာအလှူပွဲရှိသည်။
သူလည်းသွားရမည်။သူ့အတွက်ဝတ်ကောင်းစားလှတွေထုတ်ပေးထားပါတယ်၊သူကခါးဝတ်ခါးစားနဲ့သွားမယ်တဲ့၊အဝတ်လဲပြီးဝတ်ခိုင်းလို့မရ။
ဒုက္ခပါဘဲ။နန်းငွေခင်ငြီးတွား၏။
သည်တော့လည်း၊သားသမီးတို့နှင့်တိုင်ပင်ပြီး၊လင်ယောကျ်ား ၏၊ခံစားချက်အား ဖြေသိမ့်နိုင်ဖို့၊နန်းငွေခင်ကြံစီရပါတော့သည်။
အလှူကနေအိမ်သို့တပတ်ပြန်လှည့်လာတဲ့၊သမီးကြီးက အဝေးမှအပြေးအလွှားအိမ်ပေါ်သို့တက်
လာသည်။ပါးစပ်မှာလည်းအော်ပြီးပြောရဲ့….
`အလှူက တအားစီတယ်အမေရေ….
ဧည်သည်တွေအများကြီးလာကြတယ်။
သုံးတောင်ရွာကဧည်သည်တွေတောင်ရောက်ကြပြီ၊”
.ဟို အရီးနန်းကြာနု ဆိုလား
သူတို့တောင် ရောက်နေကြပြီ။
သူ့သားစိုင်းမောင်မောင် တို့လည်း ပါလာတယ်။စိုင်းမောင်မောင်က
အိုးစည်ကြီးကိုလွယ်လို့တော်၊ ခန့်မှ ခန့်ပါဲဘဲ။”
“သူကိုကြည့်ပြီး လူတွေကပြောကြတယ်၊
နင်တို့အဖေ စိုင်းလွင်မိုး ငယ္ငယ္ကဆို
သူ့ထက်တောင် ပိုခန့် သေးတယ်…တဲ့ ။”
“သူတို့ဘာပြောမှန်းမသိပေမဲ့၊ကိုယ်အပါး
ကခန့်တယ်ဆိုတော့၊သမီးဘယ်လိုပျော်မှန်းမသိပါဖူး။”
“သမီးတော့ အပါးရဲ့ ဒီလိုပုံကို မြင်ချင်ပါရဲ့…တော်။”
“ဒါနဲ့အမေ၊
အရီး နန်းကြာနုက အခုအရွယ်ထိ လှတုံးနော် ၊”.သူတို့ရွာက
ကွမ်းတောင်ကိုင်တွေနဲ့ တွဲလာတော့၊
ရွယ်တူတွေလို့တောင်ထင်ရတယ်။ ‘”
သမီးကြီး၏အသံအား စိုင်းလွင်မိုး ရေချိုးနေရာမှကြား၏။ သို့သော်မကြားဟန် ဆောင်လျက်၊
နားစွင့်လို့နေပါသည်။
ရေချိုးလို့ပြီးပါမှ၊ ခတ်တည်တည်ဖြင့်၊
ဒီလောက်တောင်ဝတ်စေချင်လှတဲ့ .အဝတ်တွေ ပေးစမ်းဆိုပြီး တိုက်ပုံ ခေါင်းပေါင်းကအစ ၊အလွ ဆင်၏။
နန်းငွေခင်ကပါကူပြီး၊ရေမွှေးကလေးပါ
ဆွတ်ပေးလိုက်သေးသည်။
ထိုအခါငယ်ရုပ်အသွင်ပြန်ပေါ်လာ၏။
မှန်ထဲမှသူပုံအားသူကြည့်ပြီး၊မထိတထိ
ပြုံးလာသည်။နှတ်ခမ်းမွေးတွေပါရိပ်လိုက်ပြီဆိုတော့ခန့်ချောကြီးဖြစ်လာပါသည်။သူပြုံးနေသည်ကို၊သူများတွေမြင်
မှာစိုးသဖြင့်၊မသိမသာပြုံးပြီး၊
တဖက်သို့လှည့်ပြီးနေပါသည်။
တကယ်တော့အသက်လေးဆယ်အရွယ်က၊မအိုသေးပါ။သန်မြန်ဆဲ။နုပျိုဆဲပါ။
စိုင်းလွင်မိုး၏အဖြစ်ကိုကြည့်ပြီး။
နန်းငွေခင်ကြိတ်ပြီးပြုံးနေ၏။ စိတ်ထဲမှာတော့#မင်းအကြံငါသိပါတယ်
ပေါ့။
ပြီးမှသူ့ကိုယ်သူလည်းအတတ်နိုင်ဆုံးလှအောင်ပြင်လိုက်သည်။
စိုင်းလွင်မိုးအလှူပွဲသို့ရောက်လာသည်။
တွေ့ချင်မြင်ချင်သူအား၊လူအုပ်ကြား
တွင်မသိမသာပတ်ပြီးရှာ၏၊
မတွေ့။
အလှူအိမ်ပေါ်မှာလည်းမရှိ။
အလှူမဏ္႑တ်အတွင်းမှာများရှိလေမလား၊
ပတ်ပြီးကြည့်၏။
သမီးပြောတဲ့၊ငယ်စဉ်ကပုံ၊နန်းကြာနု၏
လှပတဲ့ရုပ်ပုံလေးအား၊ခိုးပြီးကြည့်ချင်၊
မြင်ချင်ပါသေးသည်။
ရှင်လောင်းလှဲ့ပွဲကား၊
လူစည်၏။မဏ္႑တ်လျှံလို့ ဧည့်ပရိတ်သတ်များ၊ ဟို သည်အိမ်များသို့ခွဲပြီး နေကြရ၏။
သို့ရာတွင်၊ရှင်လောင်းလှည့်ရန်တန်းစီနေသောနေရာတွင်မူ လူနည်း၏။
ဧည့်ကြိုခေါင်းဆောင်လုပ်နေကြသူ၊
အမျိုးသမီးခေါင်းဆောင်များက၊ရှိုးအပြည့်နှင့်ရောက်လာသော စိုင်းလွင်မိုးအား တွေ့သွားကြပါပြီ၊။
စိုင်းလွင်မိုး၏၊လက်ကိုမရမက ဆြဲခါ၊
ရှင်းလောင်းလှည့်ပွဲတွင်သပိတ်လွယ်ဖို့
တန်းစီ ပေးလိုက်ပါသည်။ရုန်းထွက်
ချင်ပေမဲ့၊တာဝန်ဖြစ်ပြီမို့၊ရှောင်ထွက်လို့မရတော့ပါ။
သပိတ်ကိုလွယ်၊ရပ်တောင်ပါထမ်းထားရပြီမို့၊ရှင်လောင်းလှည့်လို့ပြီးသည်
အထိတာဝန်ကြီးပါသည်။
“အင်း…သည်ကိစ္စဆောင်ရွက်လို့ပြီး
မှဘဲ၊ရှာကြည့်တော့မယ်လေ”
ဆိုပြီးမိမိစိတ်ကူးအားအလျှော့ပေး
လိုက်ပါသည်။
စိုင်းလွင်မိုးလည်း၊နှစ်ယောက်စီ စုံတွဲများတန်းစီရမည့်နေရာတွင်
နေရာချလို့ တန်းစီအပြီး။
ဘယ်သူနှင့်များတွဲလို့ကျနေပြီလဲ၊
အတွေးဖြင့်၊သူ့ဘေးကအမျိုးသမီးအားလှည့်ကြည့်လိုက်တော့၊ လား…လာ..း
သူဘေးမှာ ရောက်နေသူက နန်းငွေခင်။
သူ၏ခ်စ္ဇနီး။
သက်န်းတောင်းအားကိုင်လျက်၊ကျေနပ်ပီတိဖြစ်နေသည့်မျက်နှာထားဖြင့်၊
သူ့အားပြုံးပြီးကြည့်နေသည်။
စိုင်းလွင်မိုးလည်း၊မလုံတလုံမျက်နှာထားဖြင့်ဇနီးသည်အားပြန်ကြည့်ပြီး၊တဖက်သို့လှည့်ခါပြုံးနေပါသည်။
ပြီးမှစိုင်းလွင်မိုးသတိထားမိပြီး၊စဉ်းစား၏။
သည်ကိစ္စ ဘယ်သူ့လက်ချက်ဖြစ်မလဲ။
ခဏနေတော့၊သည်ကိစ္စဘယ်သူ့လက်ချက်ဆိုတာ၊သူတွေးမိပါပြီ။
အတော်လယ်တဲ့သားအမိတွေ၊အတိုင်အဖောက်များညီပါပေရဲ့။
ဟင်း…ဒင်းတိုသားအမိတော့..တကြိတ်ထဲ..
တဉာဏ်ထဲ…အိမ်ရောက်မှ…တွေ့အုံးမယ်နော်လို့၊
စိတ်ထဲကတွေးပြီး…ရှက်ရှက်နှင့်…တဖက်သို့လှည့်ပြီးအကြိမ်ကြိမ်ပြုံနေပါသည်။
အလှူပွဲကား၊စည်သံ ဗျောသံ တို့ကြောင့်ညံနေပါသည်။
သပိတ်လွယ်သူနှင့်သက်န်းကိုင်သူများကလည်းများပါ၏။
တမူးရလို့တပဲလှူတတ်သော ရှမ်းအလှူပေဘဲ။
အိမ်ခြံမြေအကျိုးတော်ဆောင်ကြီးများ
စုပေါင်းပြီးလှူသောအလှူမို့၊ပြောစရာ
မရှိအောင်၊စည်ပါပေသည်။
ထိုသူများထဲတွင်၊
စိုင်းလွင်မိုးနှင့်နန်းငွေခင်တို့၏ ကြက်သရေရှိအောင်လှပမှုကလည်း၊မြင်ရသူတိုင်းချီးမွမ်းလောက်ပါပေရဲ့။
နှစ်ယောက်သားပီတိအဟုန်ဖြင့်၊
ခေါင်းမော့ပြီး ရှင်လောင်းလှည့်နေပါသည်။
သည်ကြားထဲသူ့သူငယ်ချင်းပွဲစားကျော်
ကိုမင်းနိုင်ကလည်းတစ်မှောင့်၊
သူတို့စုံတွဲအား၊အမျိုးမျိုးလှည့်ပတ်ပြီး
ဓာတ်ပုံရိုက်နေသည်။
အိုစည်သံက ထုံ ပတ် ပတ်၊ထုံပတ်
ထုံပတ်၊ထုံပတ်ပတ် ဖြင့်မပြတ်မြည်နေ၏။
သို့သော်ရင်ထဲတွင်တက်ကြွ
လှုပ်ခတ်လွန်းသောအသံဖြစ်ပါသည်။
ထိုအချိန် နန်းကြာနုတို့ဧည်သည်မိသားစုများ
သူ့တို့ရှေ့ကဖြတ်လျှောက်သွားသည်ကိုပင်၊
သူ၊စိုင်းလွင်မိုး မမြင်မိခဲ့တော့ပါ။
အတိတ်ကာလက၊အလွမ်းပီတိအား၊
ပစ္စုပ္ပန်ပီတိကဖုံးလွှမ်းလို့ထားခဲ့ပါပြီ။
သပိတ်လွယ်ထားသည့်ရှင်လောင်းဖခင်နှင့်သင်္ကန်းတောင်းကိုင်ထားသည့်၊ရှင်လောင်းမိခင်၊သူတို့စုံတွဲက ကြက်သရေ အရှိဆုံးဖြစ်နေသည်ကိုတော့၊
နန်းကြာနု ၊မြင်သွားပြီး နောင်တရနေသည်ပါပြီ။ထိုကိစ္စအား
စိုင်းလွင်မိုး သိလိမ့်မည် မဟုတ်ပါ။
ဖူးစာဆိုတာဦးရာလူရတတ်ပေမဲ့၊
ပန်းတော်ဝင်ပန်းသစ်ဦးကိုခူးဖို့မမြင်သူအတွက်ကတော့အချီးနှီး ဖြစ်ရပါပြီ။
တော်လိုက်တဲ့ နန်းငွေခင်၊
အခွင့်ကောင်းကိုမျှော်ပြီး၊ချစ်မောင်
တော်စိတ်ချမ်းမြေ့စေဖို့၊
ကြံပင်အားစုစည်းခိုင်မာသောအစည်းဖြစ်စေဖို့၊ကြံရွက်များအားသုံးပြီးချည်
နှောင်တတ်ပါပေတယ်။
သူလိုအမျိုးသမီးကလေးတွေရှိတဲ့နေရာတိုင်းမှာသီရိဂေဟာများတည်ဆောက်နိုင်ကြပါလိမ့်မည်။
အိမ်ထောင်ရေးသာယာမှုတည်ဆောက်ရန်အမျိုးသားနှင့်အမျိုးသမီး
နှစ်ယောက်လုံးအရေးပါသည်ဆိုသော်လည်း၊အိမ်တော်ထိမ်းအမျိုးသမီးတို့၏၊လိမ္မာပါးနပ်သော၊အိမ်ထောင်ထိမ်းသိမ်း
တတ်ခြင်းသည်၊အိမ်ထောင်သာယာရေးအတွက်ပိုမိုခရီးရောက်စေနိုင်ပါသည်။
တနိုင်ငံလုံးရှိ မိ သားစုတိုင်း သီရိဂေဟာ တွေတည်ဆောက်နိုင်ကြပါစေလို့
ဆုတောင်းပေးရပါသည်။
ဆရာမောင်သာလိ