ခွေးသားကြိုက်တဲ့ ကိုဘခက်(စ-ဆုံး)
===============“ဂိန် ဂိန်”မနက်စောစော နာကြင်စွာအော်ဟစ်လိုက်သည့်ခွေးသံအားစိတ်မချမ်းမြေ့ဖွယ်ကြားလိုက်ရသည်။မှန်ပေသည် ကိုဘခက်တစ်ယောက်ခွေးတစ်ကောင်အား ဓားမတစ်ချောင်းဖြင့် ရက်ရက်စက်စက်ခုတ်ကာသ တ်လိုက်ခြင်းဖြစ်သည်။ကိုဘခက်ကခွေးသားအားအလွန်ခုံမင်နှစ်သက်သူဖြစ်သည်။ခွေးဆိုလျှင်၃လသားနှင့်အထက်အကုန်သ တ်ဖြတ်စားလေသည်။ထို့ကြောင့်ရွာထဲ၌ရှိသောခွေးများကကိုဘခက်ဆိုလျှင်မြင်ရုံနှင့်ဝိုင်းဟောင်ကြလေသည်။ခွေးရှင်များကလည်း မိမိခွေးဘခက်လက်ချက်ဖြင့်အသတ်ခံရမည်ဖြစ်စိုး၍လိုက်လံထိန်းနေရလေသည်။ပိုင်ရှင်မဲ့သည့်ခွေးတစ်ကောင်ကကိုဘခက်အားလိုက်ဆွဲပါက နောက်တစ်နေ့ရောက်လျှင်တော့ထိုခွေးဘခက်လက်ချက်ဖြင့် အသက်ပျောက်ရလေသည်။ဟိုအရင်ကခွေးသားအားစျေးကြီးပေး၍ဝယ်စားတတ်သည့်ကိုဘခက်တစ်ယောက် ယခုတွင်တော့မိမိကိုယ်တိုင်သတ်စားပါမှပို၍အရသာတွေ့သည်ဟုဆိုကာခွေးအရှင်များအားဝယ်ယူကာ မိမိကိုယ်တိုင်သ တ်ဖြတ်စားသောက်လေသည်။ကိုဘခက်၏မိဘများကလည်းပြောဆိုမရသည့်သားဖြစ်သူအားမပြောပဲလွှတ်ထားလိုက်တော့သည်။ငွေကြေးတတ်နိုင်သူမို့ ခွေးအား၃ရက်တစ်ကောင်ခန့်ဖြင့် ဝယ်ယူသတ်ဖြတ်ကာ စားလေသည်။ယနေ့လည်းခွေးတစ်ကောင်အားစောစောစီးစီးသ တ်ကာ အသားများအား ခုတ်ထစ်၍ကိုင်တွယ်နေလေသည်။မိဘနှစ်ပါးနှင့်ပတ်ဝန်းကျင်မှလူများလည်း စိတ်မချမ်းမြေ့ရုံမှတပါးဘာမှမတတ်နိုင်ကြပေ။ခုတ်ထစ်ပြီးသည့်ခွေးသားများအားနနွင်း၊မဆလာ၊အချိုမှုန့်များ၊ငံပြာရည်၊ကြက်သွန်ဖြူ ၊ချင်းတို့ဖြင့်သမအောင်နယ်လိုက်သည်။ပြီးနောက်မီးဖိုပေါ်တင်၍ ချက်ပြုတ်တော့သည်။ချက်ပြုတ်ပြီးစီးသွားသည်နှင့်ပူပူလောလောခွေးသားများကိုဟင်းပန်းကန်လုံးထဲထည့်ကာအားပါးတရစားသောက်တော့သည်။အရက်နှင့်မြည်းရန်အတွက်သပ်သပ်ချန်ထားသော ခွေးသားများကိုတော့ကြောင်အိမ်ထဲထည့်ကာသိမ်းထားလေသည်။ကိုဘခက်စားသောက်ထားသည့်ပန်းကန်များ၊ရေခွက်များအားကိုဘခက်၏မိဘနှစ်ပါးက သပ်သပ်စီခွဲထားကြလေသည်။အဘယ်ကြောင့်ဆိုသော် ခွေးအသားမှထွက်သည့်အနံ့အားမခံနိုင်၍ယခုလိုသပ်သပ်စီခွဲထားရဖြင်းဖြစ်သည်။=================“စိန်မြင့်ရေ အရက်နှစ်ပုလင်းဟေ့”“အေးအေး ရမယ်”“ဟေ့ ဘခက် ဆိုင်ထိုင်ပြီးမသောက်ဘူးလားကြ ““မသောက်တော့ဘူး မင်းနိုင်ရေအိမ်မှာပဲခွေးသားနဲ့မြည်းပြီးအေးဆေးဇိမ်ယူတော့မယ် ““ငါ့တို့ဖို့ ခွေးသားနည်းနည်းလောက်ပေးပါဦး ဘခက်ရ ““စားချင်အိမ်လာခဲ့ကွာဒီမှာကြ ဟိုလူချန်မကောင်း၊ဒီလူချန်မကောင်းနဲ့မလို့ မင်းစားချင်ငါ့အိမ်လာစားလှည့်ကွာ ““အေး ဒါဖြင့်ရင် ငါနောက်နေ့လာခဲ့မယ်ကွာ”“အေးလာခဲ့ လာခဲ့”“ရော့ ဘခက်အရက်နှစ်လုံး”“ရော့ ပိုက်ဆံ”“ဘခက်မင်းလည်းလျှော့သောက်ဦးဟမျက်လုံးတွေရော၊လက်သည်းတွေပါဝါနေပြီ ““လျှော့တော့မသောက်နိုင်ဘူးစိန်မြင့်ရေ၊သေခါမှသေစေတော့ထမင်းမစားပဲနေနိုင်တယ်။ခွေးသားနဲ့အရက်တော့ မစားမသောက်ရရင်မနေနိုင်ဘူးဟေ့”“ငါကမင်းကျန်းမာရေးထိမှာစိုးလို့ပြောနေတာပါကွာ ““ငါသိပါတယ် စိန်မြင့်ရာကဲ ငါသွားပြီဟေ့ ၊မင်းနိုင်ငါပြန်ပြီနောက်ရက်ဆက်ဆက်လာခဲ့ကွာ။မင်းနဲ့ငါအိမ်မှာနည်းနည်းပါးပါးကစ်ကြတာပေါ့ ““အိုစကေ ပါကိုယ့်လူရေ ဟား ဟား”ကိုဘခက်လည်းအရက်နှစ်လုံးဆွဲကာအိမ်သို့ပြန်လာခဲ့သည်။အိမ်ပြန်ရောက်သည်နှင့်ကြောင်အိမ်ထဲမှချန်ထားသည့်ခွေးသားပန်းကန်အားထုတ်ယူလိုက်သည်။ထို့နောက်စားပွဲပေါ်တင်၍အရက်ဖြင့်မြည်းနေတော့သည်။ထိုအချိန် ကိုဘခက်၏ မိခင်ရောက်လာကာ………”“သား ဘခက်”“ပြောအမေ”“မင်းအရက်တွေလျှော့သောက်ပါဦးမင်းကြည့်ရတာတစ်ကိုယ်လုံးဝါဖတ်နေပြီ၊မျက်နှာကြီးကလည်းမည်းပုတ်နေပေါ့။တစ်ရက်တလေ မသောက်ပဲနေစမ်းပါလားသားရယ်”“ဟာ…ဒီအမေကလည်းသောက်ရတာဇိမ်ပျက်အောင်တရားတွေလာဟောနေပြန်ပါပြီ။ကျုပ်ဟာကျုပ်ကြိုက်လို့သောက်တာဘာဖြစ်သလဲ၊ဘယ်သူ့ထိခိုက်နေလို့လဲကျုပ်ကကျုပ်အရက်ကိုအေးဆေးသောက်တယ်၊ဘယ်သူ့မှမစော်ကားဘူးဘယ်သူ့မှလည်းမရမ်းကားဘူး။“မခင်နွယ်ရာ မင်းသားဘယ်တုန်းကေျပာလို့ဆိုလို့ရလို့လဲ၊သူ့ဟာသူသေသေကွာကြိုက်သလောက်သောက်မြန်မြန်သေအေးရော။“အို…ကိုတင့်ရယ်ဒီလိုတော့လည်းမပြောနဲ့လေကျွန်မကဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့မိခင်လေ ကိုယ့်သားသမီးကိုချစ်လို့ပြောရမလားလို့ပြောကြည့်ရတာပေါ့ရှင်။ရှင်ကကျွန်မလိုဝမ်းနဲ့လွယ်ပြီးမွေးရတာမှမဟုတ်တာအခုလိုပြောနိုင်နေနိုင်မှာပေါ့ရှင်။“ဟငါလည်းဝမ်းနဲ့လွယ်ပြီးမမွေးရတာပဲရှိမယ်၊ကိုယ့်သားသမီးကိုလိမ္မာတာပဲမြင်ချင်တာပေါ့။အခုဟာကတစ်ရက်လည်းပြောမရတစ်လလည်းပြောမရ၊တစ်နှစ်လည်းပြောမရမှာချင်းအတူတူတော့မြန်မြန်သေသွားအေးတာပေါ့ကွာ။ဒါမှသူ့ကြည့်ပြီးစိတ်မချမ်းမြေ့ရတဲ့ဘဝကလွတ်မှာကွ။“ဟာ…အာရုံနောက်တယ်ဗျာသွားကြ အရက်ကိုအေးဆေးမသောက်ရဘူး။သွားကြသွားကြဗျာ “ကိုဘခက်ကမိဘနှစ်ပါးအားအော်ဟစ်မောင်းထုတ်မှ ဦးတင့်နဲ့ဒေါ်ခင်နွယ်လည်း ကိုဘခက်အနီးမှထွက်သွားကြသည်။ကိုဘခက်လည်းခွေးသားတစ်တုံးပြီးတစ်တုံးစားကာ အရက်ထိုင်သောက်နေလိုက်သည်။===================“ဘခက်ရေ ဘခက်”“ဟာ…မင်းနိုင်ပါလားကွဟင်…လက်ထဲမှာလည်းခွေးမကြီးနဲ့ ““ဟုတ်တယ်ကွငါ့အိမ်ကခွေးမနီတုတ်လေကွာမင်းကိုအကူအညီတောင်းစရာရှိလို့ဆွဲလာခဲ့တာ။“ဘာအကူအညီလဲ မင်းနိုင်ရ”“ငါအရက်ဖိုးမရှိလို့ မင်းကိုငါ့အိမ်ကခွေးကိုပြန်ရောင်းချင်လို့ကွာ။ငါ့ကိုကြိုက်တဲ့စျေးပဲပေးပါငါအရက်အရမ်းသောက်ချင်လို့ပါကွာ”“ငါမင်းကို၂၀၀၀၀ပေးမယ်ဘယ်လိုလဲ”“ဖြစ်တယ်ကွာ ဖြစ်တယ်”“ဟဲ့သား ဘခက်ခွေးကြီးကိုဘာလုပ်ဖို့ဝယ်နေတာလဲ”“အမေကလည်းဗျာသိရဲ့သားနဲ့မေးနေတယ်၊ဝယ်မှတော့သ တ်စားဖို့ပေါ့ဗျ။“ဟေ…မ မလုပ်ပါနဲ့သားရယ်ခွေးမကြီးကသားတွေနဲ့ဒီခွေးမကြီးကိုတော့လွှတ်ပေးလိုက်ပါသားရယ်။မင်းနိုင်မင်းကလည်းကွယ်ရောင်းစရာရှားလို့ ကိုယ့်အိမ်မှာမွေးထားတဲ့ ဗိုက်ကြီးကြီးနဲ့ခွေးကိုမှလာရောင်းရသလား။မင်းမိန်းမမိရီလှလည်း ဗိုက်ကြီးကြီးနဲ့ဆိုတာ မင်းမေ့နေပြီလားဝဋ်တွေငရဲတွေတော့ခံရတော့မှာပဲ။“မမေ့ပါဘူး အန်တီခင်နွယ်ရာအခုလည်းသူမရှိတုန်းလာရောင်းတာဗျ။ဝဋ်တွေငရဲတွေကနောက်မှခံရမှာအခုလောလောဆယ်တော့အရက်သောက်စရာမရှိတာကကျုပ်အတွက်ငရဲပဲ အန်တီခင်နွယ်ရေ”“ရော့မင်းနိုင် ၂၀၀၀၀ငါမင်းခွေးမကိုသတ်ပြီးတာနဲ့မင်းအတွက်အရက်နဲ့မြည်းဖို့သပ်သပ်ပေးဦးမယ်၊ငါ့ကိုအခုလိုလာရောင်းတာ ကျေးဇူးပါကွာ…………”“ကဲငါပြန်ဦးမယ် ဘခက်ရော့ဒီမှာ ခွေးထားခဲ့ပြီ …”“အေးအေး”မင်းနိုင်လည်းငွေ၂၀၀၀၀ကိုကိုင်ကာပြုံးပြုံးကြီးထွက်သွားလေသည်။“သားအမေပြောတာနားထောင်စမ်းပါသားဒီခွေးမကိုမသတ်ပါနဲ့သားရယ်။သူ့ဗိုက်ထဲမှာသားပေါက်တွေနဲ့ငါ့သားဝဋ်ကြီးပါတယ်သားရယ်”“အမေ့ ဘာတွေတရားလာချနေပြန်တာလဲဗျာသူ့ဟာသူသားပေါက်ပါရုံမကလို့ဘာဖြစ်ဖြစ်ကျုပ်ကငွေချေပြီးပြီသ တ်ရမှာပဲ…”“အမေ့စကားကို နည်းနည်းလေးတောင်နားမထောင်တော့ဘူးလားသားရယ်”“နားထောင်စရာအကြောင်းမှမရှိတာသတ္တဝါဆိုတာလူချွတ်မှကျွတ်တာဗျ။ဒါကြောင့်ကျုပ်ကိုဘာမှထပ်မပြောနဲ့ကျုပ်နားထောင်မှာမဟုတ်ဘူး။“သားရယ်…”ဒေါ်ခင်နွယ်လည်းပြောမရသည့်သားအားကြည့်ပဲကြည့်နေရတော့သည်။ကိုဘခက်လည်းဗိုက်ကြီးကြီးနဲ့ခွေးမနီတုတ်အားတိုင်၌ကြိုးချည်ပြီးထားလိုက်သည်။ထို့နောက်အိမ်ထဲမှခွေးသတ်ရာတွင်အသုံးပြုသောဓားမတစ်ချောင်းနှင့်ဓားမြှောင်တစ်ချောင်းအားယူလာခဲ့သည်။နီတုတ်သည်လည်း အသတ်ခံရတော့မည်ကို သိနေ၍မျက်ဝန်းအိမ်မှမျက်ရည်များသိသိသာသာကျဆင်းနေလေသည်။နီတုတ်၏မျက်လုံးများက ကိုဘခက်ကိုမိမိအားမသတ်ရန်အတွက်တောင်းပန်နေသည့်အလားသနားဖွယ်ကောင်းလွန်းလှပေသည်။အသည်းနှလုံးမရှိသည့်ကိုဘခက်ကေတာ့ ဓားမျကီးအား အားပါးတရလွှဲကာနီတုတ်၏လည်ပင်းဆီသို့ခုတ်ချလိုက်တော့သည်။အားပါလှသည့်ဓားချက်ထက်မြက်သည့်ဓားသွားကြောင့်နီတုတ်ခင်မျာအော်ချိန်ပင်မရလိုက်ပဲဇတ်မှာတိကနဲပြတ်သွားရလေသည်။အိမ်နောက်ဘေး၌ သူတစ်ပါးအသက်ကိုအားပါးတရသတ်နေသောသားဖြစ်သူအားဒေါ်ခင်နွယ်တစ်ယောက်မျက်ရည်များဖြင့်ကြည့်နေမိသည်။မိမိကိုယ်တိုင်သည်လည်းမိခင်တစ်ယောက်မို့ သေဆုံးသွားသည့်နီတုတ်နှင့်နီတုတ်ဗိုက်ထဲမှခွေးသားပေါက်လေးများကိုလည်းစိတ်မကောင်းဖြစ်ရသည်။ပါဏာတိပါတာကံကို မကျူးလွန်စေရန်ပြောမရသည့်သားအတွက်လည်းဝမ်းနည်းနေမိသည်။ကိုဘခက်လည်းနီတုတ်၏ဝမ်းဗိုက်အားဓားမြှောင်ဖြင့်ထိုးခွဲလိုက်သည်။နီတုတ်ဗိုက်ထဲမှနီနီရဲရဲခွေးသားပေါက်လေးများအားတစ်ကောင်ပြီးတစ်ကောင်ထုတ်ယူကာဘေး၌ချထားလိုက်သည်။နီတုတ်ဗိုက်ထဲမှအူများအသည်းများကိုထုတ်ယူပြီးဇလုံထဲထည့်လိုက်သည်။ထို့နောက်နီတုတ်၏ခြေလက်များအားခုတ်ထစ်လိုက်သည်။ပြီးနောက်အသားတုံးလေးများစွာအားခုတ်ထစ်ကာတုံးထားလိုက်သည်။================“နီတုတ်ရေ နီတုတ်”“တောက်တောက်တောက်”“နီတုတ်ရေ ထမင်းစားမယ် လာလာလာ”“ဒီခွေးမဘယ်တွေလျှောက်သွားနေသလဲမသိဘူး။မရီလှလည်းနီတုတ်အားမတွေ့သဖြင့်အော်ခေါ်ကာလိုက်လံရှာဖွေနေသည်။“နီတုတ်ရေ နီတုတ်”“မမမြင့်နီတုတ်ကိုတွေ့မိသေးလား”“ဟင့်အင်းမတွေ့မိဘူးငါ့အိမ်ဘက်လည်းမလာဘူးအေ့”“ဟုတ်လားနီတုတ်ပျောက်နေလို့ခါတိုင်းဘယ်မှမသွားပဲအိမ်မှာပဲရှိတာကိုဒီနေ့ကြမှဘယ်တွေလျှောက်သွားနေလဲမသိဘူး။“ဌေးဌေးတို့အိမ်ဘက်မေးကြည့်ပါလားအဲဒီအိမ်ဘက်မှာတစ်ခါတလေရှိနေတတ်တယ်။“ဟုတ်ဟုတ် မမမြင့်ကျွန်မသွားမေးကြည့်လိုက်ဦးမယ်”မရီလှလည်းမဌေးဌေးအိမ်ဘက်သို့ထွက်လာခဲ့သည်။“မဌေးဌေး နီတုတ်များမဌေးဌေးတို့အိမ်ဘက်လာသေးလားမသိဘူး”“အေးအဲဒီကိစ္စညည်းကိုငါပြောမလို့မနက်ကညည်းယောက်ျား မင်းနိုင်နီတုတ်ကိုကြိုးနဲ့ဆွဲပြီးခေါ်သွားတာတွေ့လိုက်တယ်။ဘယ်ခေါ်သွားသလဲတော့ငါလဲမသိဘူးဧကန္တရောင်းစားဖို့ခေါ်သွားတာလားမသိဘူး”“တောက်…လူယုတ်မာဒင်းငါ့အကြောင်းသိရသေးတာပေါ့အခုလိုပြောပြတာကျေးဇူးပါ မဌေးဌေးဟိုသေနာပြန်လာလို့ကတော့သေဖို့သာပြင်ပေတော့။ငါ့သမီးလေးကိုဘာလုပ်ပစ်သလဲမသိဘူးရောင်းစားလို့ကတော့ အသေပဲ။သွားပြီမဌေးဌေးရေ …”“အေးအေး ညည်းယောက်ျားကိုငါကပြောတာလို့မပြောနဲ့နော် ““စိတ်ချမပြောပါဘူး”မရီလှလည်းဒေါကြီးမောကြီးဖြင့်အိမ်သို့ပြန်လာခဲ့သည်။အိမ်ကကုလားထိုင်ပေါ်၌ ဝါးရင်းတုတ်တစ်ချောင်းကိုကိုင်ကာ ကိုမင်းနိုင်ပြန်အလာကိုစောင့်နေလိုက်သည်။နာရီဝက်ခန့်ကြာတော့ဒယီးဒယိုင်ဖြင့်အိမ်ထဲဝင်လာသောကိုမင်းနိုင်အားမြင်လိုက်ရသည်။“ကိုမင်းနိုင်…”“ဟာ ဖြည်းဖြည်းအော်ပါမိန်းမရာလန့်တုန်သွားတာပဲ”“သေနာကြီး နင်ငါ့သမီးနီတုတ်ကိုဘာလုပ်ပစ်လိုက်တာလဲ ပြောစမ်းငါ့ကိုပြော။“ငါ ငါ ဘာမှမလုပ်ပါဘူးသူအိမ်မှာမနေချင်လို့ထွက်သွားတာဖြစ်မှာပေါ့ဟာ။“တော်တိတ် နင်မပလီနဲ့နင်မနက်ကနီတုတ်ကိုကြိုးနဲ့ဆွဲခေါ်သွားတာအကုန်လုံးမြင်လိုက်ကြတယ်တဲ့။ငါ့သမီးကိုနင်ဘာလုပ်လိုက်တာလဲမှန်မှန်ပြော မပြောရင်လက်ထဲကဝါးရင်းတုတ်စာမိမယ်နော်”မရီလှကဝါးရင်းတုတ်ဖြင့်ချိန်းခြောက်သဖြင့် နဂိုကတည်းကမိန်းမာကိုကြောက်ရသော ကိုမင်းနိုင်လည်းအမှန်အတိုင်းဝန်ခံလိုက်သည်။“ငါ ငါ ဘခက်ဆီမှာသွားရောင်းလိုက်တာပါ.“ဘာ ဘာပြောတယ်ဘခက်ဆီမှာသွားရောင်းတယ်ဟုတ်လား“ဟုတ် ဟုတ်တယ် ငါအရက်ဖိုးမရှိလို့ရောင်းလိုက်ရတာပါဟာ၊ငါ့ကိုခွင့်လွှတ်ပါ။“သေနာကောင် နီတုတ်ကကိုယ်ဝန်အရင့်အမာကြီးနဲ့ဆိုတာနင်မသိဘူးလားကျက်သတုံးကောင်ရဲ့။နင်အဲလောက်တောင် ငတ်နေရင်လည်းကိုယ့်ဟာကိုရှာသောက်ပါလား။အခုတော့ငါတယုတယမွေးထားတဲ့ခွေးကိုမှနင်ကခွေးသတ်သမားဆီရောင်းစားရတယ်လို့ သေပေတော့”“ကဲဟယ်”“ဒုတ်”“အား…ကွဲပါပြီဗျာ”မရီလှကကိုမင်းနိုင်၏ခေါင်းအားဝါးရင်းတုတ်ဖြင့်ရိုက်ချလိုက်ရာကိုမင်းနိုင်ခေါင်းမှသွေးများဖျာကနဲစီးကျလာတော့သည်။“သေ သေ နင့်ကိုဖြစ်နိုင်ရင်အသေပါသ တ်ပစ်လိုက်ချင်တာ”“ငါ့ခွေးမကိုရက်ရက်စက်စက်သ တ်စားပစ်တဲ့ ဘခက်လည်းငါ့သမီးနီတုတ်လို အသေဆိုးနဲ့ခွေးလိုသေပါစေ။ခွေးဝိုင်းဆွဲလို့သေပါစေ၊သေပြီးတာတောင်မှနင့်အလောင်းကိုခွေးဖော်စားတာခံရပါစေ!မရီလှလည်းနာကျည်းစွာဖြင့်ကိုဘခက်အပေါ်အားကျိန်စာတိုက်လိုက်လေသည်။=================“အဟွတ် အဟွတ်အဟွတ်”“အော့”“ဝေါ့”“ဟယ်သားဘခက်သွေးတွေအန်နေပါလား၊ကိုတင့်ရေ ကိုတင့်လာပါဦး”“ဘာဖြစ်တာလဲမခင်နွယ်”“ဒီမှာလေရှင့်သားသွေးတွေအန်နေလို့“သားဘခက် ဘယ်လိုနေသေးလဲ“ရတယ် ရတယ်ဘာမှမဖြစ်ဘူး“ခက်တာပဲ ဒီလိုညကြီးအချိန်မတော်မှဖြစ်ရတယ်လို့သားရယ်၊ဘယ်ဆေးခန်းမှလည်းသွားလို့မရတော့ဘူး။“သားနေသာရဲ့လားကွာမင်းကြည့်ရတာမဟန်ဘူးနော်”“အဟွတ် အဟွတ်”“ဝေါ့”“သွေးတွေကမနည်းမနောပါလားဒီအတိုင်းထားရင်သေတော့မှာပဲ။တစ်ခုခုလုပ်ပါဦးကိုတင့်ရေ။“ဘာမှမလုပ်နဲ့ ကျုပ်ဘာမှမဖြစ်ဘူး“ဒီလိုလည်းဘယ်ဟုတ်ပါ့မလဲသားရယ်“ရပါတယ်ဆိုဗျာ သွားခင်ဗျားတို့သွားအိပ်ကြတော့ ကျုပ်ဘာမှမဖြစ်ဘူး”“သားရတယ်ဆိုရင်ပြီးတာပါပဲမိဘများလည်းလှည့်ကြည့်လှည့်ကြည့်လုပ်ပြီးမှထွက်သွားကြသည်။အသက်ပြင်းသည့်ကိုဘခက်လည်းဘာမှမဖြစ်တော့ပဲ အိပ်ရာထဲလှဲနေလိုက်သည်။မနက်လင်းတော့ရွာမှကျန်းမာရေးမှူးကိုအိမ်သို့ပင့်ကာသားဖြစ်သူ၏ကျန်းမာရေးအားပြသကြသည်။“အင်း…အမှန်အတိုင်းပြောရရင်လူနာရဲ့အသည်းကလုံးဝမကောင်းတော့ဘူး။အရက်ကိုလုံးဝမသောက်ဖို့ပြောပါရစေထပ်သောက်မယ်ဆိုရင်တော့မြန်မြန်အသက်တိုမှာပါပဲ”“သားလေးကိုဆေးရုံပို့ပြီးကုလို့မရဘူးလားဆရာ”“ရတာကရပါတယ်ဒါပေမယ့်အသည်းကလုံးဝမကောင်းဘူးပျက်စီးနေပြီဗျ။ဆေးရုံ့ပို့ပြီးကုသရင်လည်းအရှင်းကြီးပြန်ကောင်းလာမှာတော့မဟုတ်ဘူးခင်ဗျ။အရက်ကိုလုံးဝထပ်မသောက်ဖို့ပဲအထူးမှာချင်ပါတယ် ““ပြောလို့လည်းမရပါဘူးဆရာရယ်ကျွန်မတို့လည်းပြောဆိုဆုံးမနေတာပါပဲသူကိုကခေါင်းမာလွန်းတာဆရာရေ။“ကျွန်တော်ပြောသလိုပဲအရက်ထပ်သောက်ရင်တော့မြန်မြန်အသက်ဆုံးရှုံးစေမှာပါ။ကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး”“ကျွန်တော်လိုက်ပို့ပါရစေဆရာဦးတင့်ကကျန်းမာရေးမှူအားလိုက်လံပို့ဆောင်ပေးလေသည်။“သားဘခက် ဆရာပြောသွားတာကြားတယ်မလား၊အရက်သောက်ရင်မင်းအသက်မြန်မြန်သေလိမ့်မယ်။ဒါကြောင့်အရက်ကိုဖြတ်လိုက်ပါတော့”“ဒီအချိန်ရောက်မှဖြတ်လည်းကျုပ်ကသေတော့မှာပဲလေ။ဆက်သောက်ရင်လည်းသေမှာပဲဒီတော့သောက်မြဲအတိုင်းသောက်မှာပဲကျုပ်ကတော့။“ငါ့သားရယ် မင်းအမေ့ဘက်ကိုနည်းနည်းလောက်တောက်မတွေးမိဘူးလား။အမေ့မှာမင်းကိုဆုံးရှုံးမှာကြောက်လို့ဘယ်လောက်ထိစိုးရိမ်နေရသလဲဆိုတာမင်းမသိဘူးလား။အမေ့ရင်တွေပူလောင်နေတာမင်းလုံးဝမသိဘူးလားဟမ်”“ကျုပ်မသေခင်မှာ ကိုယ်ကြိုက်တာကိုလုပ်ခွင့်ပြုပါအမေ “ဒေါ်ခင်နွယ်လည်းသားဖြစ်သူ၏နောက်ဆုံးဆန္ဒအားလိုက်လျောရန်သာရှိတော့သည်။မလိုက်လျော၍လည်းမရပေသားဖြစ်သူဟာမိဘစကားကိုနားထောင်သည့်လူစားမဟုတ်ပေ။ထို့ကြောင့်လက်ပိုက်ကြည့်နေရုံမှတပါးအခြားမရှိတော့ပေ။================တစ်နေ့ကိုဘခက်တစ်ယောက်ညနေစောင်းအချိန်အိမ်မှထွက်ကာအရက်ဆိုင်သို့လာခဲ့သည်။ကျန်းမာရေးကမကောင်းသဖြင့်ခြေလှမ်းများကလေးလံနေပေသည်။အရက်သောက်ချင်စိတ်ဖြင့်အားတင်းကာအရက်ဆိုင်သို့ လာခဲ့သည်။“စိန်မြင့်ရေ “အားအင်မရှိသောအသံလေးဖြင့်ကိုစိန်မြင့်အားခေါ်လိုက်သည်။“ဟာဘခက် မင်းဘာလာလုပ်တာလဲကွာကျန်းမာရေးကလည်းကောင်းတာမှမဟုတ်ပဲ။“ငါအရက်သောက်ချင်လို့ လာခဲ့တာငါ့ကိုအရက်တစ်ပုလင်းပေးပါ”“မသောက်ပါနဲ့တော့ ဘခက်ရာမင်းသောက်ရင်မြန်မြန်သေလိမ့်မယ်ကွ။“သေသေကွာအခုတော့ငါအရက်အရမ်းသောက်ချင်နေပြီငါ့စိတ်ကိုငါထိန်းလို့မရလို့ပါကွာ။ငါ့ကိုအရက်တစ်ပုလင်းပေးပါ စိန်မြင့်”“မင်းကပြောရင်ဘယ်တော့မှနားထောင်တဲ့ကောင်စားမဟုတ်ဘူးပေးမယ်ကွာပေးမယ် ခဏစောင့်ဦးဟုတ်ပြီလား။“အေး”ကိုစိန်မြင့်လည်းအိမ်ထဲဝင်ပြီးမကြာခင်အရက်တစ်ပုလင်းအားယူလာခဲ့သည်။“ရော့ဒီမှာ အရက် အိမ်ပြန်နိုင်ရဲ့လားဘခက် ငါပြန်လိုက်ပို့ရဦးမလား။တောလမ်းကလူပြတ်တယ် ဘခက်ရ”“ပြန်နိုင်ပါတယ် စိန်မြင့်ရာင့ါအတွက်မပူပါနဲ့ ““ပြန်နိုင်ရင်ပြီးတာပါပဲဂရုစိုက်သွားဦး။ကိုဘခက်ကခေါင်းညိတ်ပြပြီးအရက်ဆိုင်ထဲမှထွက်လာခဲ့တော့သည်။အရက်ကိုအိမ်ရောက်သည်အထိမစောင့်နိုင်ပဲ တောလမ်း၌အဖုံးဖွင့်ကာသောက်လိုက်သည်။“အား,အခုမှပဲနေသာထိုင်သာရှိတော့တယ်ကွာ ။“ဝုတ် ဝုတ် ဝုတ်”“ဟဲ့ခွေး သွားစမ်းငါသတ်မိတော့မယ် သွားစမ်း”လူပြတ်သည့်တောလမ်းထဲမှခွေးတစ်ကောင်ကကိုဘခက်အားအသည်းအသန်ထိုးပြီးဟောင်နေလေသည်။ထိုစဉ်ရွာထဲမှခွေးတချို့လည်းတောလမ်းမှခွေးဟောင်သံကြားသဖြင့်အချင်းချင်းချိတ်ဆက်ထားကြသည့်အလားရွာထဲမှ ပြေးထွက်လာကြပြီးကိုဘခက်အားဝိုင်းဟောင်ကြလေသည်။“ဟိတ်ခွေးတွေသွားကြစမ်းသွား ရှူ း ရှူး ““ဝုတ် ဝုတ် ဝုတ်”လူပြတ်လှသည့်တောလမ်းတွင်မို့ခွေးများအားမောင်းထုတ်ပေးမည့်သူမရှိပေ။ကိုဘခက်တစ်ယောက်အားအင်ချိနဲ့နေသည့်အချိန်မို့ ခွေးများအားနိုင်အောင်မောင်းမထုတ်နိုင်ပေ။“ဝုတ် ဂီး”“အား…”ခွေးတစ်ကောင်ကိုဘခက်၏ခြေသလုံးအားအလစ်ဝင်ကာကိုက်လိုက်လေသည်။ကိုဘခက်လည်းနာကျင်လွန်း၍အားကနဲအော်လိုက်မိသည်။ကိုဘခက်၏ခြေသလုံး၌သွေးများကရဲရဲတောက်စီးကျနေပေသည်။“ဝုတ် ဝုတ် ဝုတ်”“ဝူး ဝူ ဝုတ် ဝုတ်”“သွားကြစမ်း သွားကြငါကျန်းမာရေးမကောင်းတုန်းမလို့မင်းတို့ကိုငါမသတ်နိုင်တာ။သွားစမ်းခွေးစုတ်တွေ ““ဝုတ်”“ဂီး ဂီး”ခွေးများကအစွယ်များထုတ်ကာမာန်ဖီနေကြလေသည်။ကိုဘခက်လည်းမြေပြင်၌ လဲကျနေရင်းလက်တို့ဖြင့်အကြောက်အကန်ခြောက်လှန့်နေတော့သည်။“မလာနဲ့သွားကြ သွားကြ”“ဝုတ် ဝုတ်”“အား,အား”ခွေးများကကိုဘခက်အားအငြိုးကြီးစွာဖြင့်ဝိုင်းကိုက်ကြတော့သည်ကိုဘခက်၏လက်များ၊ခြေထောက်များအား အားပါးတရကိုက်ဖြတ်ကြလေသည်။ခွေးတစ်ကောင်ကကိုဘခက်၏နားရွက်အားကိုက်ဆွဲလိုက်ရာနားရွက်အရင်းမှပြတ်ထွက်သွားလေသည်။ကိုဘခက်တစ်ယောက်လည်းတကိုယ်လုံးသွေးချင်းချင်းနီရဲနေသည်။“ဂီး ““အ…အု အု”ခွေးတစ်ကောင်ကကိုဘခက်၏ငယ်ပါအားကိုက်ဖျက်ပစ်လေသည်။ကျန်သည့်ခွေးများကကိုဘခက်၏လည်မျိုအားဝိုင်းဝန်းကိုက်ဖြတ်ကြလေသည်။ကိုဘခက်တစ်ယောက် လောကငရဲအားအရှင်လတ်လတ်ခံရပြီးမှသေဆုံးသွားရလေသည်။==================“မခင်နွယ် မင့်သားနောက်ကျလှချေလားအခုထိပြန်မလာသေးဘူး”“ဟုတ်ပါ့တော်ဘာတွေလုပ်နေလဲမသိဘူး ဒီကောင်လေး အရက်ဆိုင်မှာများအိပ်နေရော့သလား”“တစ်ခါမှတော့အရက်ဆိုင်မှာမအိပ်ဖူးဘူး မင့်သားက၊လမ်းတစ်နေရာရာမှမူးပြီးခွေလဲကျနေသလားမသိဘူး။“ရှင်နဲ့ကျွန်မလိုက်ကြည့်ကြမလား”“အေးကွာပြန်မလာသေးတာချင်းအတူတူတော့လိုက်ကြည့်ကြတာပေါ့ကွာ။ဦးတင့်နှင့်ဒေါ်ခင်နွယ်လည်းဓာတ်မီးတစ်လက်စီကိုယ်စီကိုင်ကာအိမ်မှထွက်လာခဲ့ကြသည်။“မိဘဆိုတော့လည်းသားသမီးကောင်းတာမကောင်းတာအပထား၊သူတို့ကိုချစ်တော့ စိုးရိမ်ပူပန်နေရတာတော့ အမှန်ပဲမခင်နွယ်။“ကျွန်မလည်းထို့အတူပါပဲရှင်သားလေးကအလိုလိုက်ခံခဲ့ရတော့ဘယ်လောက်ဆိုးဆိုး မိဘဆိုတော့သည်းခံခွင့်လွှတ်ပြီးချစ်နေရတာပါပဲရှင်။လင်မယားနှစ်ယောက် စကားတပြောပြောနှင့်လျှောက်လာခဲ့ကြသည်။“ဟင်ဟိုရှေ့မှာ လဲကျနေတာဘယ်သူများပါလိမ့် “ဦးတင့်လည်းဓာတ်မီးဖြင့်အနီးကပ်ထိုးပြီးကြည့်လိုက်ရာ……………“ဟာ သား”“သားလေး သားလေး တကိုယ်လုံးလည်းစုတ်ပြတ်သက်လို့ပါလား။ကိုတင့်သားလေးကိုစမ်းကြည့်ပါဦးအသက်များရှိသေးရဲ့လားလို့ “ဦးတင့်လည်း သားဖြစ်သူဘခက်၏နှာခေါင်းအားလက်ဖြင့်စမ်းသပ်ကြည့်လိုက်သည်။“ဟင်…သားအသက်မရှိတော့ဘူးမခင်နွယ်…”“ရှင်…ဖြစ်မှဖြစ်ရလေ သားရယ်”အီးဟီးဟီး“ငါတို့သားကို အစွယ်ပါတဲ့အကောင်တွေဝိုင်းပြီးကိုက်ကြပုံပဲ၊တကိုယ်လုံးကိုက်ရာတွေနဲ့သေနေတာကွ။“သားလေးအလောင်းကိုအိမ်ပြန်ပြီးသယ်ရအောင်ကိုတင့်”“ဖြစ်မှဖြစ်ရလေ ငါ့သားရာမင်းဘဝကဆိုးလိုက်ပါဘိ။ဦးတင့်လည်းသားဖြစ်သူအလောင်းအားမချီရင်းမျက်ရည်များကျဆင်းလာရသည်။ကိုဘခက်၏အလောင်းမှာ လူရုပ်ပင်မပေါ်တော့အောင်စုတ်ပြတ်သက်နေသည်။ကိုဘခက်သေဆုံးသည့်ညတွင်တစ်ညလုံးခွေးများထိုးအူကြလေသည်။ကိုဘခက်သေဆုံးသွားသည်ကိုခွေးများကဝမ်းသာနေသည့်အလားအမြှီးများနှံ့ကာဆွဲဆွဲငင်ငင်အူနေကြတော့သည်။“ဘခက်သေပြီတဲ့ မိရီလှ”“ဟင်ဟုတ်လား မဌေးဘာလို့သေတာလဲ မဌေး”“မနေ့ညကအရက်ဆိုင်ကအပြန်တောလမ်းမှာခွေးတွေဝိုင်းကိုက်တာတဲ့၊နဂိုကတည်းကရောဂါအခံရှိတာရောခွေးတွေဝိုင်းကိုက်တာရောကြောင့်အသေဆိုးနဲ့သေသွားတာအေ့။ခွေးတွေကသူ့ငယ်ပါကိုပါ ကိုက်ဖြတ်သွားတာတဲ့ ညည်းပဲစဉ်းစားကြည့်လေ ခွေးတွေကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တော့ခွေးတွေကသူ့ကိုမြင်တာနဲ့မုန်းနေကြတာလေ။ပြန်မလုပ်နိုင်တဲ့နေ့ရောက်တော့ဟောကြည့် အခုသူပြန်ခံလိုက်ရပြီလေဝဋ်ကနောင်ဘဝတောင်မကူးလိုက်ဘူးသူခံလိုက်ရတာ……”“ကောင်းတယ် ကောင်းတယ်ဒီလိုလူမျိုးဒီလိုပဲသေသင့်တယ်ငါ့သမီးလေးကိုဗိုက်ကြီးကြီးနဲ့တောင်မသနားပဲရက်ရက်စက်စက်သတ်ပစ်တဲ့အကောင်အခုတော့ဘယ့်နှယ့်ရှိစဝမ်းသာလိုက်တာ မဌေးရယ် ““ညည်းတင်မဟုတ်ဘူးသူသေလို့သနားမဲ့သူ ၅ယောက်တောင်မပြည့်ဘူး။သူ့မိဘတွေကလွဲရင်ပေါ့”“သူ့မိဘတွေလည်းဝဋ်ကျွတ်တာပေါ့အလုပ်မရှိအကိုင်မရှိ မိဘပိုက်ဆံသုံးဖြုန်းပြီးသောက်စားသတ်ဖြတ်နေတဲ့အကောင်လူ့ပြည်မှာမရှိသင့်ဘူး။“အမှန်ပဲ မွေးကိုမွေးမလာသင့်တာပါအေ”ရပ်ထဲရွာထဲမှ ကိုဘခက်အားသနားသည့်သူမရှိလောက်အောင်ကိုဘခက်သေဆုံးခြင်းအားဝမ်းသာနေကြလေသည်။ညနေသုံးနာရီခန့် ကိုဘခက်နာရေးအားရွာထဲမှလူများကလိုက်လံပို့ဆောင်ကြလေသည်။ဘခက်အားသနား၍လိုက်ပို့ကြသည်တော့မဟုတ်ပေ၊မိဘနှစ်ပါး၏မျက်နှာကြောင့်သာနာရေးအားလိုက်လံပို့ဆောင်ကြခြင်းဖြစ်သည်။ကိုဘခက်အားမြေမြှုပ်သင်္ဂြိုလ်တော့ကိုဘခက်၏မိခင်လည်း သားဖြစ်သူအတွက် ယူကျုံးမရဖြစ်ကာငိုကြွေးနေလေသည်။ဖခင်ဖြစ်သူဦးတင့်ကတော့ အပူလုံးကိုရင်ထဲမှာမြိုသိပ်ကာဖုံးဖိထားလေသည်။မြေမြှုပ်ပြီးသည်နှင့်နာရေးအားလိုက်ပို့ကြသည့်လူများအသျှိုသျှိုပြန်သွားကြလေသည်။သုဘရာဇာနှင့်ကိုဘခက်၏မိဘနှစ်ပါးသာကျန်ခဲ့လေသည်။ဦးတင့်လည်းဇနီးသည်အားဖြောင်းဖျပြောဆိုပြီး သုသာန်အတွင်းမှပြန်ထွက်လာခဲ့ကြသည်။နောက်တစ်နေ့မနက်ရောက်တော့“ဦးတင့်ရေ ဦးတင့်”“သုဘရာဇာကြီးပါလားဘာလာလုပ်တာလဲဗျာ,ခင်ဗျားရွာထဲဝင်လာလို့ အပြောခံနေရပါဦးမယ်…”“အရေးကြီးလို့လာပြောတာဗျခင် ခင်ဗျားသား ဘခက် အလောင်းကိုမနေ့ညကခွေးတွေဝိုင်းတူးပြီးစားပစ်လိုက်ကြတယ်ဗျ။“ဘာ…”“ရှင်…သားလေးအလောင်းကိုခွေးတွေတူးဖော်ပြီးစားပစ်တယ်ဟုတ်လား။“ဟုတ်ပါတယ် ဒေါ်ခင်နွယ်ကျုပ်လည်းခွေးတွေကိုခြောက်ပါသေးတယ်။ဒါပေမယ့်အကောင်ရေက မနည်းဘူးဗျအနည်းဆုံးအကောင်၃၀လောက်ရှိမယ်,ကျုပ်ဘယ်လိုခြောက်ခြောက်ဘခက်အလောင်းကိုတူးပြီးအရိုးပါမကျန်စားသွားကြတယ်ဗျာ။ကျုပ်အံ့သြနေတာဗျာဒီလောက်အခေါင်းရိုက်ထားပြီးသေချာမြှုပ်ထားတာကို ဒီကောင်တွေတူးဖောက်ပြီးစားပစ်နိုင်ကြတယ်ဗျ။“အင်း…အခုလိုလာပြောပြလို့ကျေးဇူးပါပဲ သုဘရာဇာကြီးရယ်သူပြုခဲ့တဲ့ကံတွေက သူ့နောက်ကိုလိုက်လာကြတယ်လို့ပဲသတ်မှတ်ပါတယ်။“သားလေးရယ် မင်းလုပ်ခဲ့တဲ့လုပ်ရက်တွေကမင်းကိုဒဏ်ခက်သွားလေရော့သလားကွယ်။အီးဟီးဟီးခွေးသားကြိုက်သည့်ကိုဘခက်၏အကြောင်းအားတစ်ရွာလုံးပြောမဆုံးနိုင်အောင်ဖြစ်ခဲ့ရတော့သည်။သက်ရောက်မှုတိုင်းအတွက်တန်ပြန်သက်ရောက်ခြင်းဆိုတဲ့စကားဟာကိုဘခက်အတွက်ပင်ထားခဲ့လေရော့သလား,{ပြီးပါပြီ}အောင်ဓူဝံ
Tags
About Computer Hardware & Software Sharing
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.