တမလွန် ဧည့်သည် **(စ/ဆုံး)
——————————-အိမ်ထောင်ရှင်မ နှစ်ယောက် စကားတပြောပြောနှင့်နေပူကျဲထဲ လမ်းလျှောက်လာနေကြ၏။သူမတို့နှစ်ယောက်က ” ကမ်းရိုးတန်း ” ရွာက၊မလှသူမေ နှင့် မအေးအေးရီ တို့ပင်။သူမတို့နှစ်ယောက်က မြို့ပေါ်တတ်ပြီး၊ ရွှေစအနည်းငယ်ဝယ်ပြီး ပြန်လာကြခြင်းဖြစ်၏။လက်ထဲမှာလည်း ကလေးများအတွက်ဝယ်ခဲ့သော၊ မုန့်ထုပ်နှင့် အမဲသားအစိမ်းထုတ် ကိုယ်စီကိုင်လို့၊ယခုက စပါးပေါ်ချိန်မို့ လယ်သမားဖြစ်ကြတဲ့ သူမတို့အဖို့ငွေရွှင်သော အချိန်ဖြစ်၏။ကားလမ်းနဲ့ ရွာက နာရီဝက်ကျော်နီးပါးသွားရတာမို့ သူမတို့ မောနေကြလေပြီ၊ဒီကြားထဲ ပူလိုက်တဲ့နေက မေ့မျောလုမတတ်။သူမတို့လာရင်း လူတစ်ရပ်စာ သံလွင်ပင်လေးတစ်ပင်ကိုတွေ့၍၊” လှသူမေ၊ ကျုပ်တို့ ခဏ နားကြရအောင်၊ နေကလည်းပူလိုက်ပါဘိဟယ်၊အိမ်ကလူတစ်ယောက် ကျုပ်ကို ဒေါပွနေလောက်ပြီ “ဒေါ်အေးအေးရီ က ထိုသို့ ပြောပြီး၊ သံလွင်ပင်လေးအောက်မှာ ဝင်ထိုင်လိုက်၏။” ဟုတ်ပါ့တော်၊ ဒီနေ့မှ နေ့တိုင်းထက် ပိုပူနေသလိုပဲ၊အမဲသားတွေလည်း ချက်စရာမလိုပဲ ၊ ကျက်တော့မယ် “လှသူမေ လည်း အမဲသားထုပ်ကို မြှောက်ရင်းပြော၏။“မောလိုက်တာဟယ်၊ဒါနဲ့ လှသူမေ၊ နင်တို့မှာကော ဒီနှစ် စပါးကောင်းရဲ့လားအေ့၊ ကျုပ်တိှု့မှာတော့ သိပ်မကောင်းဘူး “” အင်း၊ ကျုပ်တို့မှာတော့၊ ကောင်းတယ်လို့ ပြောရမှာတော့၊ဒီနှစ် စပါးကောင်းရင် ကျုပ်သား မောင်လှမြင့် ကိုရှင်ပြုပေးမလို့တော့ “လှသူမေက သူမရဲ့ အရှေ့မှာ ရှိနေသော လယ်ကွင်းပြင်ကို ငေးမောရင်းပြော၏။” ကောင်းတာပေါ့အေ၊ နင်ပြောမှပဲ သတိထားမိတယ်၊နင့်သား မောင်လှမြင့်လည်း မငယ်တော့ဘူးပဲ၊ရှင်ပြုမဲ့ အရွယ်တောင်ရောက်နေပြီ၊ငါတို့မှာတော့ ဒီနှစ်တော့ ရှင်ပြုနိုင်မှာ မဟုတ်တော့ဘူး၊မနှစ်က ကိုခင်မောင့် အဖေ { သူမ၏ ယောက်ခမ } ကိုဆေးကုရတဲ့ စရိုက်တွေက မနည်းဘူး၊အဲ အကြွေးတွေကိုဆပ်လိုက်ရင် သိပ်ကျန်မှာ မဟုတ်ဘူးအေ့ “ဤသို့နှင့် သူမတို့ နှစ်ယောက်လည်း စပ်မိစပ်ရာပြောကြဆိုကြပြီး၊ ခဏအကြာတွင်၊” အေးရီ၊ သွားကြမယ်လေ၊ တော်ကြာ၊ အိမ်ကလူဒေါပွနေပါအုန်းမယ်၊အိမ်မှာကလည်း သားလေး တစ်ယောက်တည်းရှိခဲ့တာတော့ “လှသူမေက ပြောရင်း သူမ၏ ပစ္စည်းပစ္စယများကို တွဲလျားဆွဲလိုက်၏။” အေး၊ အေး၊ သွားကြတာပေါ့ “လှသူမေ ထိုသံလွင်ပင် အောက်မှ ထွက်မလို့လုပ်တော့ကျောထဲ စိမ့်ကနဲ ဖြစ်သွားပြီး၊ကြက်သီးမွှေးညင်းများ ထသွား၏။” ဟင်၊ ဘာဖြစ်တာတုန်း “သူမ စိတ်ထဲ ပြောလိုက်၏။ထိုစဉ် သူမ သတိထားလိုက်မိသည်က သူမရဲ့ အမဲသားထုပ်မှာ နဂိုထက် ပိုမိုလေးလံ သွားခြင်းကိုပင်။” အေးရီ၊ ကျုပ် အမဲသားထုပ်က အရမ်းလေးသွားသလိုပဲတော့၊နဂို အလေးချိန်ထက် အလေးချိန်စီးသွားသလိုပဲ ““ဟုတ်လို့လားဟယ်၊ ငါ့ အမဲသားထုပ်တော့ ပုံမှန်ပဲအေ့ ““ကျုပ်လည်း မသိတော့ပါဘူး၊ အရမ်းလေးနေသလိုခံစားနေရတယ် ““နင် စိတ်ထင်တာ နေမှာပါအေ “သူမတို့နှစ်ယောက် လာရင်း ရွာအဝင်ဝ ရောက်လာတော့လှသူမေ ရဲ့သား မောင်လှမြင့်နှင့် အေးအေးရီရဲ့သားကျော်အေး တို့ အပြေးကလေး ရောက်လာကြ၏။” ဟေ့သား၊ နေပူတယ်၊ အရမ်းပြေးလွှားမနေနဲ့၊အပူမိပြီး ဖျားနေပါအုန်းမယ် “လှသူမေက သူမဆီ ပြေးလာနေတဲ့ သားဖြစ်သူအားအော် ပြောလိုက်၏။” အမေ၊ ပေးပေး၊ သား ကူထမ်းပေးမယ်၊ သား အတွက်မုန့်ကော ပါရဲ့လားဗျ “မောင်လှမြင့်က မိခင်ဖြစ်သူလက်ထဲမှ အမဲသားထုပ်ကိုလှမ်းယူရင်း မေးလိုက်၏။ထိုအချိန်၌ အေးအေးရီ တို့ သားမိနှစ်ယောက်ကားရွာလမ်းခွဲလေးအတိုင်း ထွက်သွားနှင့်ကြပြီဖြစ်၏။” ပါ ပါ့တော်၊ ဒီမှာ သားအတွက် မုန့် ၊ ဒါနဲ့ သားအဖေကော၊ လယ်တဲက ပြန်ရောက်ပြီလား “” မရောက်သေးဘူးအမေ “မောင်လှမြင့် လက်ထဲ အမဲသားထုပ် ရောက်သည်နှင့်ချက်ချင်း အမူအရာပြောင်းသွား၏။ဦးခေါင်းကို ငိုက်စိုက်ချပြီး၊ မျက်နှာကလည်း ညှိုးငယ်သွား၏။ပြီးသည်နှင့် မိခင်ဖြစ်သူ၏ အရှေ့မှ အလျင်မြန်စွာပင် ထွက်သွား၍၊ လှသူမေ တစ်ယောက် မနည်းအမှီလိုက်ရတော့၏။အိမ်ရောက်သည်နှင့် မောင်လှမြင့် ၏ တစ်ခန္ဓာလုံးဟိန်းဟိန်းတောက် ပူလာပြီး၊ အပြင်း ဖျားပါတော့၏။လှသူမေက သားဖြစ်သူရဲ့ နှဖူးကို စမ်းကြည့်တော့အဖျားတတ်နေပြီဖြစ်ကြောင်း သိလိုက်ရ၍၊စိုးရိမ်သွား၏။” အောင်မလေး၊ သားလေး ကိုယ်တွေပူနေလိုက်တာ၊အဲဒါ့ကြောင်း အမေ ပြောပါတယ်၊ နေပူထဲ မပြေးပါနဲ့လို့ကဲ၊ ခုတော့ ဖြစ်ပြီ မလား “လှသူမေက သားဖြစ်သူအား စောင်ခြုံပေးရင်းပြော၏။မောင်လှမြင့်ကား အင်း အဲ မလုပ်ပဲ ကိုယ်လက် မအီမသာပုံစံဖြင့် မိခင်ဖြစ်သူအား အစိမ်းကြီးကြည့်နေ၏။ခဏအကြာတွင် လှသူမေရဲ့ ယောကျာ်းဖြစ်သူကိုမြင့်မောင် ရောက်လာ၏။ခါးကြား တံစဉ်ကိုထိုးထားသလို၊ ဝါးခမောက်လေးကိုလည်းဆောင်းထားသေး၏။နေပူထဲ စပါးရိုက်ပြီးလာတာမို့ ချွဲများပင် စိုရွှဲနေ၏။ကိုမြင့်မောင် အရိပ်ထဲ အမောဖြေရင်း သားဖြစ်သူအိပ်ရာထဲ လှဲနေတာမြင်တော့ ……” မိန်းမ၊ သားလေး ဘာဖြစ်တာလဲ၊ ဒီလောက် နေပူနေတာစောင်တွေ ခြုံလို့ပါလား ” ဟု မေးလိုက်၏။ပြီးသည်နှင့် ကိုမြင့်မောင် က ဝါးခမောက်လေးနဲ့ လေခပ်နေလိုက်၏။” မသိပါဘူး ယောကျာ်းရယ်၊ ကျုပ် မြို့က ပြန်လာတုန်းကအကောင်း၊ကျုပ်လက်ထဲက အမဲသားထုပ်ကို ကိုင်ပြီးကတည်းကသားလေး အမူအရာ ပြောင်းသွားပြီး၊အိမ်ရောက်တာနဲ့ အပြင်း ဖျားတော့တာပဲ “လှသူမေ ပြောရင်းနှင့် မြို့က ဝယ်လာတဲ့ မုန့်ထဲကတစ်ချို့ကို ကိုမြင့်မောင်အား ပေးရင်းပြော၏။ကိုမြင့်မောင်လည်း မိန်းမဖြစ်သူ ကမ်းပေးတဲ့ မုန့်ကိုစားရင်း သားဖြစ်သူရဲ့ အနားသို့ကပ်ကာ ….” သား၊ မောင်လှ၊ ဖျားတာလား၊ ရော့ မုန်းစားလိုက် ” ဟုပြောကာ ကမ်းပေးပေမဲ့၊ မောင်လှမြင့်ကား ဖခင်ဖြစ်သူအားမကျေနပ်သည့် အမူအရာဖြင့် ကြည့်နေ၏။သားဖြစ်သူရဲ့ အကြည့်ကြောင်း ကိုမြင့်မောင် နည်းနည်းစိုးရိမ်သွား၏။” သားလေး၊ မုန့်စားမလား၊ ဘာစားချင်လဲ အဖေ့ကိုပြောလေ ” ဟု ပြောပြန်တော့၊” မစားဘူး သွား ၊ အမဲသားပဲ စားချင်တယ် ” ဟု အော်ပြောလိုက်ပါတော့၏။” ဟင် “ကိုမြင့်မောင်ရော လှသူမေပါ လန့်သွား၏။” သားလေး၊ သားလေး၊ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲသား ရဲ့ “ကိုမြင့်မောင်တို့မှာက သားလေး တစ်ယောက်တည်းရှိတာမို့ မိဘနှစ်ပါးက ချစ်လိုက်ကြသည်မှာ၊မျက်စိအောက်က အပျက်မခံဆိုသလိုမျိုးပင်။မောင်လှမြင့်မှာ တငိုငို တရီရီနှင့် ဖြစ်လာပြီး၊ ခြေလက်တွေ အေးစက်လာ၏။” အမဲသား စားချင်တယ်၊ ကျုပ်ကို အမဲသား ချက်ကျွေး၊အမဲသားစားရမှ နေကောင်းမှာ၊ အမဲသား ကျွေး “မောင်လှမြင့် ၏ အသံက ရုတ်တရက် လူကြီးတစ်ယောက်၏ အသံကဲ့သို့ ဖြစ်နေ၍၊လှသူမေ နားမလည်စွာဖြင့် စိုးရိမ်စိတ်တွေ အထွဋ်အထိပ်ရောက်နေပေမဲ့၊အခြေအနေကို ရိပ်မိသော ကိုမြင့်မောင် က …” မိန်းမ လာခဲ့ အုန်း ” ဟု ပြောပြီး၊ သားဖြစ်သူနှင့် ခပ်ဝေးဝေးသို့ ခေါ်လာခဲ့၏။” မိန်းမ၊ အမဲသား ဝယ်ပြီးလာတုန်းက၊ လမ်းမှာ တစ်ခုခုဖြစ်ခဲ့သေးလား ““အဲဒါတွေထားစမ်းပါတော့၊ ကျုပ် သားလေးအတွက်စိတ်ပူလှပြီ၊ အရပ်ထဲက ဘိန်းတော ဆရာကြီး ဦးညို ကိုသွားခေါ်တော့မယ် “လှသူမေ က ပြောပြောဆိုဆိုနှင့် ထွက်သွားမည် လုပ်နေ၍ကိုမြင့်မောင် ဆွဲထားလိုက်၏။” မိန်းမ၊ နေစမ်းပါအုန်း၊ ငါမေးတာ ဖြေစမ်းပါအုန်း၊သားလေးက ရိုးရိုး ဖျားနေတာ မဟုတ်ဘူးဟ “” ဟင်၊ ဒါဆို သားလေးက ဘာဖြစ်နေတာတုန်းတော့၊မိန်းမ စိတ်ပူလှပြီ၊ ပြီးတော့ …ယောကျာ်း ၊ ယောကျာ်း ဘယ်လို သိတာလဲ “ကိုမြင့်မောင် ခေါင်းကုတ်နေ၏။” ငါမေးတာ ပဲ ဖြေစမ်းပါအုန်း “” ဘာမှတော့ မဖြစ်ခဲ့ဘူး ယောကျာ်းရဲ့၊ အင်း ဒါပေမဲ့ရွာဆင်းလမ်း၊ဦးတတ်လူတို့ လယ်ကွင်းနားက သံလွင်ပင် အောက်မှာတော့ ခဏနားခဲ့ကြတယ်၊ဟုတ်ပြီ၊ ခုမှ သတိရတယ်တော့၊ ကျုပ်တို့ အပင်အောက်က ထွက်တော့ ၊အောင်မလေး ကျုပ်ရဲ့ အမဲသားထုပ်က လေးသွားတာမှကျုပ်တောင် မနိုင်တနိုင် ဖြစ်သွားတယ်၊ယောကျာ်းရဲ့ “” အင်း၊ ငါ သဘောပေါက်ပြီ၊ မိန်းမ လာခဲ့၊ ကြည့်နေငါ့သား ဘာလို့ ဖျားနေရတာလဲ ဆိုတာ “ကိုမြင့်မောင် ထိုနေရာမှ သားဖြစ်သူ၏ အနားသို့ သွားပြန်ကာ၊” ဟေ့အကောင်၊ မင်း ဘယ်သူတုန်း၊ ဘာလို့ ငါသားခန္ဓာမှာ ခိုကပ်နေရတာတုန်း၊ခုချက်ချင်းထွက် “ကိုမြင့်မောင် ထိုသို့ အော်ပြောလိုက်တော့၊ လှသူမေနားမလည်နိုင် ဖြစ်နေပေမဲ့၊မောင်လှမြင့်ကား ဝုန်းကနဲ ထကာ ငုတ်တုတ်ကြီး ထိုင်လိုက်ပြီး၊တဟီး ဟီး တဟင်းဟင်း ညဉ်းနေ၏။” ငါက၊ သံလွင်ပင်မှာနေတဲ့ နင့်ရဲ့ တစ်ဝမ်းကွဲအစ်မခင်နှင်းဆွေ ဟေ့ ၊ ခင်နှင်းဆွေ၊ငါ အမဲသား စားချင်လို့ လိုက်လာတာ၊ နင် ငါ့ကို ကျွေးမှာလား မကျွေးဘူးလားပြော ” ဟု ပိုင်စိုးပိုင်နင်း အသံဖြင့်ပြောပါတော့၏။ထိုအခါမှ လှသူမေ သဘောပေါက်သွားပါတော့၏။ဦးတတ်လူ { သံလွင်ပင်ရှိတဲ့ လယ်ကွင်းပိုင်ရှင် } နှင့်ကိုမြင့်မောင်၏ အစ်မဝမ်းကွဲ ခင်နှင်းဆွေတို့က ငယ်ငယ်လေးကတည်းက အိမ်ထောင်ကျခဲ့ကြပြီး၊သားသမီး မထွန်းကားခဲ့ချေ။သူတို့ လင်မယားက ကပ်စေးလည်းနှဲသလို တစ်ရွာလုံးနဲ့တစ်ယောက်ဆိုသလို ပင်ဖြစ်၏။ဒါပေမဲ့ ကိုမြင့်မောင် ငယ်စဉ်က သူတို့လင်မယားမှာ သားတစ်ယောက်လို ချစ်ခဲ့ကြပေမဲ့၊အရွယ်ရောက်လာတော့ ဘာလို့ လဲမသိ၊ အမြင်မကြည်ဖြစ်လာကာ ဝေးဝေးရှောင်ကြ၏။ဒါပေမဲ့ ဒေါ်ခင်နှင်းဆွေ ကွယ်လွန်သွားသည်မှာနှစ်အနည်းငယ်ပင် ကြာခဲ့ပြီဖြစ်၍၊ကိုမြင့်မောင် က မယုံပဲ …..” ဘာ၊ အမဲသား စားချင်လို့ဟုတ်လား၊ ပါးတွေနားတွေကိုရိုက်ထည့်လိုက်ရ “ကိုမြင့်မောင် ထိုသို့ ပြောပြီး၊ ရိုက်မည့် လက်ဟန်ဖြင့်ပြ၏။” ဘာ၊ နင့်က ငါ့ကို ရိုက်မယ်၊ ဟုတ်လား၊ အောင်မာ၊ငါ ထိန်းကျောင်းလာလို့ ကြီးပြင်းလာတဲ့ အကောင်ကများ လာခဲ့လေ၊ ပါးရိုးကျိုးချင်နေပြီလား “ရုတ်တရက် သားဖြစ်သူ၏ စကားကြောင်း ကိုမြင့်မောင်နည်းနည်းလန့်သွား၏။” ယောကျာ်း ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ၊သားလေး တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်တော့ “” မိန်းမ၊ ဘာမှ မပူနဲ့ ဘာလုပ်ရမလဲငါသိတယ် “ကိုမြင့်မောင်က မိန်းမ ဖြစ်သူအား မစိုးရိမ်ဖို့ ပြောပြီး၊သားဖြစ်သူဘက် လှည့်ကာ” ရွာအဝင်လမ်းက သံလွင်ပင်လေးမှာ နေတာပေါ့၊အမဲသားစားချင်လို့ လိုက်လာတယ်ပေါ့၊ ဟုတ်လား ၊ဒါဆို အေးအေးရီ ရဲ့ နောက်သို့ မလိုက်ပဲ၊ဘာလို့ လှသူမေရဲ့ နောက်ကို လိုက်လာရတာတုန်း ” ဟုမေးလိုက်၏။” ဟေ့ မြင့်မောင်၊ အေးအေးရီ ရဲ့ ယောကျာ်းကရွှေယံကျော်ဟေ့၊ ပြီးတော့ ကြမ်းလည်းကြမ်းသေး၊နင်က ငါ့သားလေးလိုပဲလေ၊ ငါ အမဲသား မစားရတာကြာပြီ၊ ငါ့ကို အမဲသား ကျွေးစမ်းပါ “” အမဲသားစားချင်တယ်ပေါ့၊ စားရမယ်၊ စောင့်နေ “ကိုမြင့်မောင် ထိုသို့ ပြောပြီး မိန်းမ ဖြစ်သူအား၊” မိန်းမ၊ သားလေးကို ခဏ ကြည့်ထား၊ ငါ လယ်ထဲခဏ သွားလိုက် အုန်းမယ်၊အမဲသားစား ချင်တဲ့အကောင်ကို၊ ကျွေးရတာပေါ့ “ကိုမြင့်မောင် အိမ်မှ လျင်မြန်စွာ ထွက်လာပြီး၊ လယ်တဲသို့သွားကာ ကောက်ရိုးတစ်စည်း ထမ်းပြီး၊သူနဲ့အတူ စပါးသိမ်းနေတဲ့ ကောင်လေး နှစ်ယောက်ကိုလည်း တစ်ယောက်တစ်စည်း ထမ်းခိုင်း၏။ပြီးသည်နှင့် သံလွင်ပင်လေးရှိရာသို့သွားကာ၊သံလွင်ပင်အား ကောက်ရိုးဖြင့် ပုံပြီး မီးရှို့လိုက်ပါတော့၏။ထိုအချိန် ၊ ကိုမြင့်မောင် ၏ အိမ်၌ …..” အောင်မလေး၊ ပူလိုက်တာ၊ ပူလိုက်တာ၊ ငါ့ အိမ်{ အပင်} ကို ဘယ်သူမီးရှို့နေတာလဲ၊ ပူလိုက်တာ “မောင်လှမြင့် တစ်ယောက် ထိုသို့အော်ဟစ်ကာ အိပ်ရာထဲလူးလှိမ့်နေပါတော့၏။” သား၊ သားလေး၊ ဘာဖြစ်တာလဲ သားလေးရယ် “လှသူမေ တစ်ယောက် ငိုမဲ့မဲ့ ဖြစ်နေပါတော့၏။” အားးးးး၊ ပူတယြ၊ ပူတယြ၊ အားးးးး ““ဝုန်း “မောင်လှမြင့် ဝုန်းကနဲလဲကာ ငြိမ်သွားပါတော့၏။” သား၊ သား၊ သားလေး၊ သားလေး ““ဟင်၊ အမေ၊ သား အိမ်ကို ဘယ်လို ရောက်နေတာလဲ၊စောနက လမ်းထိပ်မှာ အမေ့ကို စောင့်နေတာလေ “မောင်လှမြင့် ဘာမှ မမှတ်မိတော့ပေ။ခဏအကြာ ကိုမြင့်မောင် ပြန်ရောက်လာ၏။တစ်ကိုယ်လုံးလည်း ချွဲတွေစိုရွှဲလို့၊ခန္ဓာမှာလည်း ကောက်ရိုးတွေနှင့်။” မိန်းမ၊ ဘယ်လိုလဲ၊ အမဲသား စားချင်တဲ့ ဟာမ ထွက်သွားပြီလား “” ယောကျာ်း၊ ယောကျာ်း ဘာလုပ်လိုက်တာလဲ၊ စောနကသားလေး ထ အော်တာ၊ ကျုပ် ဖြင့် စိတ်ပူလွန်းလို့ သေရချေရဲ့၊ပူတယ်၊ ပူတယ်၊ အော်ပြီးမှ ထွက်သွားတာ”“ဟား၊ဟား၊ ဟား၊ မြင့်မောင် ကို ဘာမှတ်နေလဲ၊ဟား၊ဟား၊ဟား “ကိုမြင့်မောင် သဘောကျစွာရယ်လိုက်၏။ထိုအချိန်၌၊ဦးတင့်လူ တစ်ယောက် ဓားမကိုကိုင်ပြီး၊ ဒေါသတစ်ကြီးကိုမြင့်မောင် ရဲ့ အိမ်ရှေ့သို့ ရောက်ချလာပါတော့၏။” မြင့်မောင်၊ မင်း ထွက်ခဲ့စမ်း၊ ခု ထွက်ခဲ့စမ်း “အော်သံကြောင်း ကိုမြင့်မောင် လည်း အိမ်အောက်ဆင်းလာခဲ့၏။” ဟ၊ ဦးတင့်လူပါလား၊ ဘာများ ဖြစ်လာလို့တုန်း “ကိုမြင့်မောင် အေးဆေးစွာဖြင့်မေးလိုက်၏။” ဘာဖြစ်ရမလဲကွ၊ မင်း ငါ့လယ်အစွန်က၊ သံလွင်ပင်ကိုမီးရှို့လိုက်တာလေ၊အဲဒါကို ငါ မကျေနပ်ဘူး၊ အဲ ကိစ္စရှင်းစမ်း “ဦးတင့်လူ ရဲ့ ပုံစံက ဒေါသကြောင်း ထင်ပါရဲ့၊မျက်နှာတစ်ခုလုံး နီရဲနေ၏။” ယော်၊ ခတ်တော့တာပဲ၊ အဲ အပင်က အကောင်က ကျုပ်သားဆီမှာ ဝင်ပူးလို့ ကျုပ်က မီးရှို့ပစ်တာလေ၊ဘာများ မှားလို့တုန်း “” မှားတယ်ကွ၊ မှားတယ်၊ အဲ အပင်မှာ ငါ့မိန်းမခင်နှင်းဆွေ နေတာကွ၊မင်းက သူနေတဲ့ အပင်ကို မီးရှို့လိုက်တော့၊ ခု သူ့မှာနေစရာ မရှိတော့ဘူး၊ငါ့ လယ်က ကောင်လေးတွေကို ဝင်ပူးနေပြီ”” အော်၊ ဒါဆို အဲအပင်မှာ ခင်ဗျားရဲ့မိန်းမ နေတာကိုခင်ဗျားသိတယ်ပေါ့လေ”ဦးတင့်လူ မဖြေ။” ခင်ဗျား ဖြေလေ၊ ဘာလို့ မဖြေတော့တာလဲ “ကိုမြင့်မောင် ၏ အသံက မြင့်လာ၏။” ဘာလဲ၊ ခင်ဗျား မဖြေရဲဘူးမလား “” ဟုတ်တယ်ကွာ၊ အဲ အပင်မှာ ငါ့မိန်းမနေတယ်၊ငါလည်း သိတယ်၊ ပြောရရင် ငါ နေခိုင်းထားတာ၊အဲတော့ ဘာဖြစ်လဲ “ဦးတင့်လူ ပိုပြီး ဒေါသ ထွက်လာသည်ထင့်၊လက်ထဲက ဓားကို ရှေ့သို့တိုးယူလာ၏။” ဒါဆို၊ ခင်ဗျား၊ ခင်ဗျားက သရဲ မွေးထားတယ်ပေါ့လေ”” ဟုတ်တယ်၊ ငါက သရဲမွေးထားတယ်၊ ငါ့လယ်တွေစပါးအထွက်တိုးအောင် ငါ့မိန်းမ ခင်နှင်းဆွေ စောင့်ရှောက်ပေးနေတာကွ၊ဒီမှာ ယေ့ကောင် ငါ ရှည်ရှည်ဝေးဝေး မပြောချင်ဘူး၊မင်း ငါ့မိန်းမ ကို စိတ်ကျေနပ်အောင် တောင်းပန်ပါ၊မဟုတ်ရင်တော့ တင့်လူ အကြောင်း ကောင်းကောင်းကြီးသိစေရမယ်၊တောက်!ဦးတင့်လူ တောက်ခေါက်လျက် ၊ မကျေနပ်သော အကြည့်ဖြင့် ကြည့်ကာ ထွက်သွားပါတော့၏။******* ****** ********ထိုနေ့ည …. နေဝင်ရီတရော အချိန် အမဲသားချက်ထည့်ထားတဲ့ ခေါခွက်ကိုတစ်ဖက်၊ ဓားမ ကို တစ်ဖက်ကိုင်ကာ၊ကိုမြင့်မောင် တစ်ယောက်၊ နေ့လည်က ကောက်ရိုးစုပြီးသူ မီးရှို့ခဲ့တဲ့၊သံလွင်ပင်လေး ရှိရာသို့ ရောက်လာခဲ့၏။သံလွင်ပင်လေးမှာ မီးဒဏ်ကြောင့် ပင်စည်မျှသာရှိတော့ပြီ ဖြစ်၏။ကိုမြင့်မောင်က သူ့သဘောအရ ဆိုလျှင် ခေါစာ ပစ်ဖို့နေနေသာ သံလွင်ပင်လေးကို အမြစ်ပါမကျန်ရအောင်တူးပစ်ချင်၏။သို့သော်လည်း မိန်းမ ဖြစ်သူ လှသူမေ၏ အတင်းတိုက်တွန်းမှု့ကြောင်း ခေါစာပစ်ရန် ရောက်လာရခြင်းဖြစ်၏။စိတ်ပါလှ၍ တော့ မဟုတ်ပေ။” ဘုတ် “သံလွင်ပင်ရဲ့ ပင်စည် အောက်မှာ ခေါခွက်ကို ပစ်ချလိုက်၏။” အမဲသားစားချင်နေတဲ့ အကောင်၊ စား အဲမှာ၊ကျွေးချင်လွန်းလို့တော့ မမှတ်နဲ့၊အေး၊ နောက်ဆို မြင့်မောင် ရဲ့ မိသားစုနဲ့ဝေးဝေးရှောင်ပါနို့ မဟုတ်ရင်တော့၊မီးရှို့ရုံတင်မကဘူး၊ အပင် အောက်ခြေကနေ အမြစ်ပါမကျန်တူးပစ်မှာ၊ခုလည်း၊ စားချင်စား မစားချင်နေ၊ကျုပ်နောက်က လိုက်ခြောက်မယ် မကြံနဲ့နော်၊နောက်တစ်ခါထပ်သေနေမှ အဆိုးမဆိုနဲ့ “ကိုမြင့်မောင် ထိုသို့ ပြောပြီး ထွက်လာခဲ့တော့၏။” ချွတ်၊ ချွတ်၊ ချွတ် “ကိုမြင့်မောင်၏ နောက်မှ ခြေသံလိုလို အသံတစ်ခု ကြားလိုက်ရ၍၊” လိုက်မလာနဲ့နော်၊ ဓားနဲ့ အနုတ်နုတ် စင်းပစ်မယ်၊လိုက်ရဲ လိုက်ကြည့် ” ဟု ပြောလိုက်တော့၊တချွတ်ချွတ်မြည်သံလည်း တိတ်သွားတော့၏။ကိုမြင့်မောင် အိမ်ပြန်ရောက်တဲ့ အချိန်မှာ အရာအားလုံးကပုံမှန်ဖြစ်နေပေမဲ့၊သူတို့ မမြင်တဲ့ တစ်နေရာမှာကား၊မဖိတ်ခေါ်ပဲရောက်လာခဲ့တဲ့ ” တမလွန် ဧည့်သည် “ဒေါ်ခင်နှင်းဆွေ တစ်ယောက် ဒေါသထွက် စိတ်ဆိုးနေမှာဧကန်ပင်။***** **** ***** ***** ******{ ပြီးပါပြီ }ရွှင်လန်းချမ်းမြေ့ကြပါစေ။လေးစားစွာဖြင့် = wizard { ဝိဇ္ဇာ
Tags
About book
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.