ယောက်ျားတိုင်းတော့လည်းမဖောက်ပြန်ကြပါ(စ/ဆုံး)

———————————————————–
၂၀၁၃ ခုနှစ်။နှစ်ဆန်း (၁) ရက်နေ့က ကျွန်မ ဘုရားသွားတော့ ဓာတ်လှေကားနားမှာ ကျွန်မ နှင့် တက္ကသိုလ်တူ၊ မေဂျာတူ ၊ ကျွန်မထက် သုံးနှစ်ကြီးသော မမမူ ကို တွေ့လိုက်သည်။ သူမ၏ ကလေးလေးကို ချီ၍ ဓာတ်လှေကားစောင့်နေလေ၏ ။ မမမူ အိမ်ထောင်ကျတာ လွန်ခဲ့သည့် (၂)နှစ်ကပါ ။ မမမူ၏ ယောက်ျားက မမမူထက် (၂)နှစ်ငယ်သည့် ကားဝပ်ရှော့ပ်က ကိုပိုင် ဆိုသော လူဖြစ်သည်။ ကိုပိုင်သည် ဆေးသမားဖြစ်၏။ မမမူသည် ကိုပိုင့်ကို ဆေးသမားမှန်းသိသိလျက် ချစ်သူတော်ခဲ့သည်။ ကျွန်မတားနေသည့်ကြားက ကိုပိုင်နှင့် ခိုးရာလိုက်ပြေးသွားခဲ့သည်။

“မမမူလိုက် ချင်လို့မဟုတ်ပါဘူး ၊ သူက Taxi နဲ့ လာခေါ်ပြီး မမမူကို ဟိုးအဝေးကြီးက သူ့သူငယ်ချင်းဆီခေါ်သွားတာ ၊ မမှောင်ခင်ကတည်းက မမမူပြန်ဖို့လုပ်ပါတယ် ၊ သူက အတင်းတားထားတာ ၊ ကိုယ်ချစ်တဲ့သူကို မလွန်ဆန်နိုင်ကြဘူးလေ ၊ သူပြန်လိုက်ပို့မယ့်အချိန်ကို စောင့်နေရင်း ညဉ့်နက်သွားတော့ သူက ပြောတယ် ၊မမမူကို ခိုးလာတာတဲ့ အိမ်ပြန်မပို့တော့ဘူးတဲ့ ၊ မမမူအဲ့ဒီ့ညက သူ့ကိုခြင်ထောင်ထဲမခေါ်ဘူး ၊ တစ်ညလုံးငိုနေတာ ၊ မနက်မိုးလင်းတော့ မတတ်နိုင်တော့ဘူးလေ၊လက်ခံလိုက်ရတော့တာပေါ့ ”

မမမူ ကျွန်မကို ထိုစကားတွေပြောပြခဲ့တုန်းက ပြုံးရယ်နေခဲ့သည်။ ကျွန်မကတော့ မမမူကို နှမျောမိပါသည်။ မမမူကို ကိုပိုင်က တက္ကသိုလ်‌ဆက်ထားပေးနိုင်မည့် ပုံလည်း မပေါ် ။ အိမ်ထောင်သည်မိန်းမအဖြစ် မမမူဘဝ အဆုံးသ တ်ရတော့မည့်အဖြစ်အတွက် ကျွန်မ စိတ်မကောင်းပေ။ မမမူက ဆက်ပြောပြသည်။

” သူ့ဘက်မှာ မင်္ဂလာဆောင်တော့ မမြတ်လို့ဆိုပြီး သူ့အမေက မမမူကို ရိုက်တယ်လေ ၊ သူက မမမူကို ရိုက်လို့ ဝင်တားတော့ သူ့အမေက စိတ်ဆိုးပြီး မမမူတို့ နှစ်ယောက်လုံးကို နှင်ချလိုက်တယ် ၊ ခု မမမူတို့ အိမ်ငှားနေကြတယ် ”

မမမူ၏ စကားတွေကို နားထောင်ရင်း ကျွန်မသက်ပြင်းများ ချခဲ့မိသည် ။ မမမူသည် မျက်လုံးများဝင်းလဲ့သွားပြီး ကျွန်မကို အားတက်သရောကြည့်သည်။

“သူဆေးပြ တ်သွားပြီ သိလား ၊ မမမူကြောင့် ဖြ တ်လိုက်တာ ၊ မမမူ သူဆေးပြတ်သွားလို့ သိပ်ဝမ်းသာတယ် ၊ မရှိတာက တော့ အတူကြိုးစားရုန်းကန်လို့ရပါတယ် ”

ကျွန်မသည် မမမူအတွက် ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရသည်။ နောက် ၃ လအကြာ မမမူနှင့် ကျွန်မ ဈေးမှာ တွေ့တော့ …

” မမမူကလေးလေးက လေ ၈ ပတ်တောင်ရှိနေပြီတဲ့သိလား ”
“ဟင် တကယ်လား မမမူ ကိုယ်ဝန်ရှိနေပြီပေါ့ ”

ကျွန်မက ဝမ်းသာအားရပြောတော့ မမမူ မျက်နှာလေးညှိုးငယ်သွားသည်။

” မမမူဖျ က်ချမှာ ၊ ကလေးတစ်ယောက်မွေးဖို့ အဆင့်သင့်မဖြစ်သေးဘူး ၊ကိုပိုင့် အမေ‌ေတွကလည်း မမမူကို အိမ်ထောင်ပြုတာမကြာသေး ဘဲ ကလေးယူလို့ဆိုပြီး ပြောနေကြတယ်၊ မမမူ တားဆေး သောက်တာ ရက်ပျ က်သွားလို့ တန်းရသွားတာပါ ၊ မမမူလည်း မယူချင်သေးပါဘူး ၊
အဆင်မပြေသေးတဲ့ဘဝထဲ ကလေးလေးကို မခေါ်ချင်သေးဘူး ”
“မမမူရယ် ဖျ က်မချပါနဲ့လား ၊ ကိုပိုင်ကရော ဘာပြောလဲဟင် ”

မမမူက ဖျ က်ချချင်ပုံမရပါ ။ မမမူ၏ မျက်နှာမှာ မိခင်မေတ္တာကို အခုကတည်းက ကျွန်မမြင်တွေ့နေရသည်။

” သူကလည်း ဖျ က်ချဖို့သဘောတူတယ် မနေ့ညက မမမူ ဗိုက်အနား သူက ကပ်ပြီး ပြောတယ် ၊ တောင်းပန်ပါတယ် ကလေးလေးရယ် ၊ ဖေဖေတို့ အဆင်ပြေမှ ပြန်လာခဲ့ပါနော်တဲ့ ”

ကျွန်မ သက်ပြင်းချလိုက်မိသည်။ မမမူကတော့ ဖျ က်ချရမှာ ကို စိတ်မကောင်းပုံ ပေါ်သည် ။ နောက် တစ်လလောက်နေတော့ …

“မမမူလေ ပိုက်ဆံမရှိလို့ ဆရာဝန်နဲ့တော့ သွားဖျ က်မချခဲ့ဘူး ၊ ဒါပေမဲ့ ဆေးတွေအမျိုးမျိုးသောက်ပြီး ဖျ က်ချတယ် ၊ ကလေးက ပျ က်ကျမသွားဘူး ”
“မမမူရယ် မဖျ က်ချပါနဲ့တော့လား ၊ တော်ကြာဖျ က်ချ‌ေနရင်းက လုံးဝဖျ က်ချမရ‌ေတာ့လို့ မွေးလိုက်ရရင် ကလေးက ဆေးတွေကြောင့် တစ်စုံတစ်ရာ ချို့ယွင်းနေပါဦးမယ် ”

မမမူသည် ကျွန်မစကားကြောင့် တွေဝေသွားသည်။

” မွေးကိုမွေးရမယ့်ကံပါလာလို့ နေမှာ မမမူရဲ့ ၊ မွေးလိုက်ပါနော် ”

မမမူ၏ မျက်ဝန်းမှာ မျက်ရည်ဥလေးခိုတွဲနေ၏ ။ မဖျက်ချချင်သော သူ့သွေးသားကလေးကို ဖျ က်ချနေရသည့်အဖြစ်အတွက် သူ ရင်နာနေလောက်ပါသည်။ မမမူသည် ကလေးကိုရအောင်မွေးမည်ဟု ထိုနေ့ကကျွန်မကိုပြောသွားသည်။

မမမူမွေးခဲ့ပါသည် ။ ‌ကလေးက ယောက်ျားလေး ဖြစ်၏ ။ ကလေး ရက် (၁၀၀) ပြည့်တော့ ကျွန်မဆီ ကိုပိုင်နှင့်အတူ မုန့်လာပို့သေးသည် ။ ထို့နောက်ပိုင်းမှာတော့ ကိုပိုင်နှင့် မမမူကို တစ်ကွဲတစ်ပြားစီ တွေ့လာရသည်။ ကျွန်မသည် ဓာတ်လှေကားအရှေ့မှာ ရပ်စောင့်နေသော မမမူကို လှမ်းခေါ်လိုက်သည် ။

” မမမူ တစ်ယောက်တည်းလား ၊ ကိုပိုင်ရော ”
“ကွဲသွားပြီလေ ”
“ရှင် …”

မမမူသည် ကျွန်မကို အေးအေးလူလူပဲ ပြုံးပြသည်။

“၆ လ ပြည့်ရင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးတော့မှာ ”

မမမူသည် မျက်နှာမပျ က်ဘဲ ပြောပြနေ၏ ။ သို့ပေမဲ့ ကျွန်မရင်ထဲမှာတော့ မမမူအစား ငိုချင်နေမိပါသည်။ ကျွန်မ မေးမိတာ မှားသွားခဲ့ပြီလား ။ မမမူပြုံးနေပေမဲ့ ရင်ထဲမှာ ဘယ်လို ခံစားနေရလိမ့်မလဲ ။

” မမမူသွားပြီနော် ဟိုမှာ ဓာတ်လှေကား ပွင့်လာပြီ ”

မမမူ ဓာတ်လှေကားထဲကို တခြားသူများနှင့်အတူ ဝင်သွားလေသည် ။ ကျွန်မကတော့ ဓာတ်လှေကားအရှေ့မှာ ကြောင်နစွာ ရပ်‌ေနခဲ့မိသည်။ တစ်ချိန်က မမမူ၏ မင်္ဂလာဆောင်မှာ မမမူ ကိုပိုင့်လက်ကိုတွဲကာ ပြုံးနေသော မျက်နှာလေးကို ကျွန်မ မြင်ယောင်လာသည် ။

“မမမူရယ် … ”

(၂)

၂၀၁၄ ခုနှစ် ။
ကျွန်မ အလုပ်ကနေ ပြန်လာတော့ အမေက ရောက်ရောက်ချင်းပဲ ကျွန်မကို ပြောစရာရှိသည်ဟု ဆိုကာ ‌မီးဖိုချောင်ထဲ ခေါ်သည် ။

” သမီးရေ ကျော်ကျော်နိုင်နဲ့ လဲ့လဲ့ တို့ ဗုဒ္ဓဟူးနေ့ကပဲ ကွာရှင်းလိုက်ကြပြီတဲ့ … ”
“ရှင် ”

ကျော်ကျော်နိုင်ဆိုတာ ကျွန်မ ဦးလေး မိန်းမ၏ မောင် ဖြစ်သည် ။ သူတို့မင်္ဂလာဆောင်တုန်းက ကျွန်မတို့ တစ်မိသားစုလုံး ၊ တစ်ဆွေလုံး တစ်မျိုးလုံး သွားခဲ့ကြသည်။ မင်္ဂလာဆောင်မှာ ရိုက်ထားသော ဓာတ် ပုံကလေးပင် ကျွန်မအခန်းထဲမှာ ချိတ်ထားစဲ ။

ကျော်ကျော်နိုင်သည် လဲ့လဲ့ ကို အလွယ်ရခဲ့ခြင်း မဟုတ်ပါ။ လဲ့လဲ့၏ မိဘတွေ သဘောမတူတာမို့ ကျွန်မအမေနှင့်အဖေက ကြားဝင်နားချပေးခဲ့ရသေးသည်။ လဲ့လဲ့ကို သွားတောင်းတုန်းကလည်း ဦးလေး၏မိန်းမနှင့်အတူ ကျွန်မအဖေနှင့်အမေက လိုက်တောင်းပေးခဲ့ခြင်းဖြစ်သည် ။ သူတို့မောင်နှမ၏ မိဘတွေက အဝေးရောက်နေကြတာမို့ ကျွန်မအဖေနှင့်အမေကပဲ ဦးဆောင်ခဲ့ရသည် ။ ခုလိုဖြစ်သည် ဆိုတော့ အဖေရောအမေရော စိတ်မကောင်းကြပါ။

လဲ့လဲ့သည် ပါးစပ်ကြမ်း၏ ။ ကျော်ကျော်နိုင်သည် ပွေရှုပ်၏ ။မယူခင်ကတည်းက တစ်ယောက်၏ ဆိုးကွက်ကို တစ်ယောက် သိလျက်နှင့် လက်ခံနိုင်သည် ဟု ဆိုပြီး ယူလိုက်ကြသည် ။ လဲ့လဲ့မှာ ကျော်ကျော်နိုင်နှင့် မယူခင်ကတည်းက ကိုယ်ဝန်ရနေလေပြီ ။ ဗိုက်ထွက်မလာခင် လက်ထပ်ယူခဲ့ကြတာကြောင့် ပတ်ဝန်းကျင်မှာ အပြောလွတ်သွားသည်။ လဲ့လဲ့သည် ကျော်ကျော်နိုင်ကို ယုံကြည်ခဲ့သည်။ လက်ထပ်ပြီးလျှင်တော့ ကျော်ကျော်နိုင် ခြေငြိမ်သွားမှာပါ ဟု သူထင်ခဲ့သည်။ သို့သော် ကျော်ကျော်နိုင်က လူပျိုတုန်းကအတိုင်း သူ့အလုပ်က မိန်းကလေးများနှင့် ပရောပရီနေတုန်း ဖြစ်သည်။ ထိုအချိန်တွင် လဲ့လဲ့မှာ ကိုယ်ဝန်လရင့်နေလေပြီ ။ ကလေးရလျှင်တော့ ကျော်ကျော်နိုင်တစ်ယောက် ခြေငြိမ်ကောင်းပါရဲ့ဟု လဲ့လဲ့ ထင်ခဲ့ပြန်သည် ။ လဲ့လဲ့သည် သမီးကလေးမွေး၏ ။ သူ တို့သမီးလေး ရက် (၁၀၀ )ပြည့်မှာ ကျွန်မ ကြာဇံကြော် တောင်သွားစားခဲ့သေးသည် ။ ထိုအချိန်က ကျော်ကျော်နိုင်သည် သူ့သမီးလေးကို လက်ပေါ်က ပင်မချပေ ။ ထိုမြင်ကွင်းလေးကို မြင်ရတော့ ကျော်ကျော်နိုင်တစ်ယောက် ကလေးရ၍ ငြိမ်သွားပြီဟု ကျွန်မထင်လိုက်သည်။ သို့သော် လူတစ်ယောက်၏ ဗီဇဟာ ဖျော က်၍မရပေ။

“သူ့အလုပ်က ကော င်မနဲ့ ဖော က်ပြန်တာလေ ၊ ငါ့ကို ပါးစပ်ကြမ်းလို့ စိတ်ကုန်တယ်တဲ့ ၊ ငါ ကအပြောမချိုပေမဲ့ သူ့အ‌ေပါ် ငါဘယ်လောက် အနွံတာခံလဲ သူအသိဆုံးပါ ”

လဲ့လဲ့က ကျွန်မကို ရင်ဖွင့်ရင်း ငိုလေသည် ။ ထိုအခါ ကျွန်မအမေက ဒေါသထွက်ကာ …

” အေးပေါ့‌ေအ ကလေးတစ်ယောက်ပဲထွက်‌ေနမှ‌ေတာ့ သူက ညည်းကို စိတ်ကုန်တယ်ပြောမှာပေါ့ ၊ ခွေး လိုအကောင် ”
ကျော်ကျော်နိုင်၏ အစ်မ ဖြစ်သူ ကျွန်မဦးလေး၏ မိန်းမသည်လည်း လဲ့လဲ့ အတွက်စိတ်မကောင်းဖြစ်ကာ ငိုလေသည်။ သူမသည် မောင်ဖြစ်သူကို ဒေါသဖြစ်ရင်း …

” ကျော်ကျော်နိုင်တို့က မလိမ်မာဘူး ၊ ဒင်း ဘယ်တော့မှမကောင်းစားဘူး ‌ေ သချာတယ် ၊ တစ်ခါဖော က်ပြန်တဲ့အကောင်က နောက်လည်း မဖောက်ပြန်ပါဘူး လို့ မပြောနိုင်ဘူး ၊ ဒင်းကို လက်ခံပေးနေတဲ့‌ဟာမလည်း လဲ့လဲ့နေရာ ရောက်ဦးမှာ ကြည့်နေ ”

ကျွန်မသည် သံသရာလည်ပုံအဆင့်အဆင့်ကိုတွေးတောရင်း ရင်‌‌ေမာစွာ သက်ပြင်းချမိသည် ။ ကျွန်မ မင်္ဂလာ‌ေဆာင်သွားဖူးသည့် လင်မယားတိုင်းဟာ ကွဲကြလေတော့ ကိုယ်တိုင်ယောက်ျားယူရမှာကိုပင် ကြောက်လန့်သွားမိသည်။

(၃)

လူတိုင်း ဟာ သူ့ဗီဇနှင့် သူလာကြပြီး ယောက်ျားတိုင်းဟာလည်း သူ့ဗီဇနှင့်သူ ရှိလေသည်။ ယောက်ျားတိုင်းလည်း မဆိုးသလို ၊ ယောက်ျားတိုင်းလည်း မကောင်းကြပေ ။ ကျွန်မ ဦးလေး ၏ အိမ်ထောင်ရေးကို ကြည့်ရင်း ဦးလေးဟာ ယောက်ျားကောင်းတစ်ယောက်ဟု ကျွန်မ သ တ်မှတ်မိသည်။ ဦးလေးသည် သူ့ထက် အသက် ၁၀ နှစ်ကျော်မျှကြီးသော ကလေး နှစ်ယောက် အမေ တစ်ခုလပ်ကို လက်ထပ်ယူခဲ့သည်။ အိမ်ထောင်သက် ၂၃ နှစ် ရှိပြီး သူတို့၏ သား ဘွဲ့ရလေပြီ ။ ယခုအချိန်ထိ မိန်းမကိစ္စ နှင့်ပတ်သက်ပြီး အမည်ပျ က်မရှိပေ။ သူတို့ ရန်ဖြစ်ကြပေမဲ့ သူ့မိန်းမ၏ အတိတ် ကို တူးဆွပြီး ပြောတတ်သည့်ယောက်ျား မဟုတ်။ ထိုအချက်ကို ကျွန်မ လေးစားမိပါသည်။ ချစ်လို့မှ အတိတ်ကိုလက်ခံပေးပြီး လက်ထပ်ခဲ့တာ မဟုတ်လား ။ သို့ဖြစ်လျှင် အဘယ့်ကြောင့် သာသည်၊နာသည် တွေ ပြန်ပြောနေသင့်ဦးမည်နည်း ။ ကျွန်မသည် စိတ်အခပ်မသင့်တိုင်း အတိတ်က အမှားတွေကို ပြန်တူးဆွကာ ချနင်းတက်သော ယောက်ျားမျိုးကို မုန်းပါသည်။ လက်မခံနိုင်လျှင် အစကတည်းက အိမ်ထောင်တစ်ခုကို ထူထောင်ဖို့ မသင့်ပေ။ ကြည်ကြည်ဖြူဖြူ လက်ခံသဘောတူပြီး ၊လက်ထပ်ပြီးကာမှ ချေးခြောက်ရေနူး တတ်သည့်ယောက်ျားမျိုးကို အော က်တန်းကျသည်ဟု ထင်သည်။

နောက်ထပ်ယောက်ျားတစ်ယောက်ကတော့ ကျွန်မအဖေ ဖြစ်ပါသည် ။ ဦးလေးအကြောင်းကို ပြောပြီးမှ အဖေ့အကြောင်းကို ပြောရခြင်းမှာ ဦးလေးသည် အဖေ့ကဲ့သို့ မိန်းမဖြစ်သူအပေါ် မဆိုးသွမ်းခဲ့သည့် အချက်တစ်ချက် သာသောကြောင့်ဖြစ်သည်။ အဖေသည် အမေ့အပေါ် အတော်ဆိုးခဲ့ပါသည်။ အမေသည် အဖေ့ကို ချစ်လွန်း၍ ခါးစည်းခံခဲ့‌ေလသည်။ အဖေသည် လောင်းကစားလုပ်သည်။ အရက်သောက်သည်။ အမေသည် အဖေ့ဒုက္ခကို ကျွန်မ၏ အသက် ၂၀ ကျော်သည့်အတိုင် သည်းခံရတုန်း ဖြစ်ပါသည် ။ ကျွန်မသည် အမေ့၏ သစ္စာတရားနှင့်မေတ္တာကို လေးစားမိပါသည်။ ဆိုးသွမ်းသည့်ယောက်ျားကို ကွာပြီး အိမ်ထောင်သစ်ထူထောင် လို့ရပေမဲ့ အမေ မလုပ်ခဲ့ပါ။ အဖေသည်လည်း တခြားအရာတွေ ဆိုးပေမဲ့ အမေအပေါ် အိမ်ထောင်ရေး မဖော က်ပြန်ခဲ့ပါ ။ ထိုအခါ ကျွန်မ အသိတရားတစ်ခုရသွားမိသည်။ ဆိုးသည့်ယောက်ျားတိုင်းလည်း မဖော က်ပြန်ကြပါ။လဲ့လဲ့၏ယောက်ျား ကျော်ကျော်နိုင် ဖော က်ပြန်တော့ လဲ့လဲ့ဟာ သူမယောက်ျားက အစကတည်းက ဆိုးတာမို့ ဖော က်ပြန်တာဟု ကျွန်မကို ပြောခဲ့သည် ။ ဆိုးခြင်း ၊ကောင်းခြင်း၊ ဖော က်ပြန်ခြင်း ၊မဖောက်ပြန်ခြင်းဟာ ပြုလုပ်သည့်လူအပေါ်သာ မူတည်ပါသည်။ လူလွတ်တုန်းက ဆိုးလှပေမဲ့ အိမ်ထောင်ကျပြီးမှ လိမ္မာသွားသော ယောက်ျားများကိုလည်း ကျွန်မမြင်ခဲ့ဖူးသည်။ တခြားလူအပေါ်ဆိုးပေမဲ့ ကိုယ့်မိန်းမအပေါ် ကွက်ကြားကောင်းသော ယောက်ျားများလည်း ရှိပါသည် ။ မကောင်းသော ယောက်ျားများကို မြင်၍…

” ငါယူတဲ့ယောက်ျားလည်း အဲ့လိုပဲနေမှာ” ဟု သ တ်မှတ်လိုက်လို့မရပါ ။ ကမ္ဘာကြီးထဲ၌ အိမ်ထောင်သည် မိန်းမများစွာ ဟာ မတူညီသော ဘဝမျိုးစုံနှင့် ဆူးခင်းလမ်းကိုလျှောက်ရသူရှိသလို ပန်းခင်းလမ်းပေါ် ဖြ တ်နေရသူလည်း ရှိကြပါသည်။

မေတ္တာဖြင့် …
#မေကျော်