နေရာ(စ/ဆုံး)
——-
အညာဆောင်းရဲ့ခိုက်ခိုက်တုန်အောင်ချမ်းအေးလှသောအခါသမယ။
“အဟွတ်အဟွတ်အဟွတ်”
“ဒကာကြီးဆေးလိပ်တွေသိပ်မသောက်နဲ့လေ”
“တင်ပါ့ဘုရား”
မနက်၃နာရီထ အရုဏ်ဆွမ်းအတွက်ဆွမ်းလည်းချက်အချမ်းလညိးပြေအောင်ထငိးမီးမွှေးရင်းပြောင်းဖူးဖက်ဆေးလိပ်ရဲ့ချိုအီအီအရသာကိုခံစားရင်းအားပါးတရဖွာလိုက်သောက်လိုက်လုပ်လိုက်တာချောင်းဆိုးတာနှစ်ခါမြောက်။
ကုဋီတက်ဖို့သွားတဲ့ဦးဇင်းလေးကချောင်းဆိုးသံကြားလို့မနေနိုင်စွာလှမ်းမိန့်လိုက်ပါတယ်။
မနေနိုင်ဆိုကိုတည်ငြိမ်အသက်က၆၀ကေျာ်လို့၇၀နါးနီးပင်ပန်းစွာလုပိကိုင်ခဲ့ရတာတွေကြောင့်ရှိရငိးစွဲအသက်ထက်အိုမင်းရင့်ရော်စွာဇရာကြောင်းတွေကမျက်နှာမှာထောင်းလမောင်းထခမန်း။
အသားညိုညိုပုပုဗလတောင့်တောင့်မှာလက်တွေကအသားမာတွေထလို့ခပ်ကြမ်းကြမ်း။
ဟိုးးးးးးးအရင်တချိန်ကတော့ကိုကြီးတည်ငြိမ်ပေါ့။
ကိုတည်ငြိမ်၇တန်းတက်ခါစမှာအမေဆုံးတော့အဖေရယ်ကိုတည်ငြိမ်ရယ် ကိုတည်ငြိမ်အောက်မှာရှိတဲ့ညီတစ်ယောက်ညီမနှစ်ယောက်ကျန်ခဲ့တယ်။
အဖေကလက်သမား။
၈တန်းနှစ်ရောက်တော့ကိုတည်ငြိမ်ကျောင်းဆက်မတက်ချင်တော့။
အိမ်မှာအမေမရှိကထည်းက ကသီလင်တနိုင်ပြီးအမှိုက်တလဗွ အဝတ်တွေကတပုံတပင်အိုးခွက်တွေကဗြုတ်စဗျင်းတောင်း။
မိုးလင်းမိုးချုပ်အလုပ်လုပ်နေရတဲ့အဖေ။တခါတလေရွာနီးချုပ်စပ်ကလာခေါ်ရင်ညအိပ်ညနေပါသွားရတဲ့အဖေ။
ဒီကလေးတွေမှာအုပ်ချုပ်သူတာဝန်က ကိုတည်ငြိမ်။
“အဖေ”
“ဟေ ငါ့သား”
“သားကျောင်းဆက်မတက်ချင်တော့ဘူးအဖေ”
“ဘာဖြစ်လို့လည်း ငါ့သား”
“အဖေကိုဝိုင်းကူလုပ်ချင်လို့ပါ သားကိုလက်သမားပညာပဲသင်ပေးပါတော့အဖေ”
“ငါ့သားစိတ်ဝင်စားလို့လား”
“စိတ်ဝင်စားလို့ပေါ့အဖေ”
အဖေ ချိုသည်ခါးသည်ဆက်မပြောရှာ။
အဖေလည်းသိမယ်ထင်ပါတယ်။
ငယ်ငယိကထည်းကအဖေအလုပ်လုပ်နေရင်ဘေးမှာထိုင်ကြည့်ရင်းအမြင်နဲ့သင်ခဲ့တော့လက်သမားပညာ ဟာကိုတည်ငြိမ်အတွက်မစိမ်း။
တကယ်တော့ကိုယ့်အောက်ကညီ ညီမလေးတွေကအိမ်မှာကိုယ်မရှိရင်မဖြစ်တော့တဲ့အခြေအနေ။
အရွယ်ရောကိစပြုလာတဲ့ညီ ညီမတွေရဲ့စားစရိတ် ဝတ်စုံစားရိတ်ကျောင်းစားရိတ်တွေကအဖေ့ဝင်ငွေနဲ့မလုံလောက်။ အိမ်ဗာရီယကလည်းအများသား။အကိုကြီးတစ်ယောက်အနေနဲ့မျက်နှာလွှဲခဲပစ်မနေသာ။မနေတတ်။
ဒီလိုဆုံးဖြတ်ရတာကလည်းကိုတည်ငြိမ်ကကျောင်းပညာမှာနောက်ပိတ်။အချွန်ကြီးမဖြစ်။
ဒီတော့ပညာချွန်ပညာလိုလားကြတဲ့ညီ ညီမတွေကို ဦးစားပေးရမှာဆိုပြီးကိုတည်ငြိမ်စဥ်းစားလိုက်ပါတယ်။
ကိုတည်ငြိမ်တို့နေတာကအထက်အညာရေဦးနားကရွာတစ်ရွာ။
အဖေနဲ့အလုပ်အတူတွဲလူပ်ရင်းကျွမ်းကျွမ်းကျင်ကျင်ရှိလာတော့နှစ်ယောက်ပေါင်းဝင်ငွေကအိမ်အတွက်စားရိတ်များစွာအတွက်ပူစရာမလိုပြီ။
ကိုတည်ငြိမ်ညီ တည်ကြည်ကစာမှာအလာသား။
တစ်ကျောင်းလုံးပထမရတဲ့ညီ။
ကိုတည်ငြိမ်ပီတိဖြစ်လိုက်ရတာ။
လူမချမ်းသာ ဉာဏ်ချမ်းသာတဲ့ညီ။
ငါကျောင်းထွက်ပြီး အလုပ်လုပ်ရကျိုးနပ်လိုက်တာလို့ ဖြေသာပါတယ်။
နှစ်ကြာလာပြီးကိုတည်ငြိမ်ကိုခေါ်သူတွေများအလုပ်အကိုင်တွေလည်းကောင်းလာတော့ အဖေ့ကိုနားနားနေနေ နေခိုင်း အဝေးမလိုက်ခိုင်းတော့။
အဖေနဲ့ညီအစ်ကိုမောင်နှမတာဝန်တွေကို ကိုတည်ငြိမ်ပုခုံးပြောင်းထမ်းရွက်ပါတော့တယ်။
ညီဆယ်တန်းအောင်အမှတ်ကောင်းတော့အင်ဂျင်နီယာကျောင်းပို့။
ညီမလေးတွေကတစ်ယောက်ကကိုးတန်းကျောင်းသူ။
တစ်ယောက်ကခုနှစ်တန်းကျောင်းသူ။
“ကိုကြီး””ကိုကြီး”
“ပြောညီမလေး”
“”ညီမလေးတို့အတန်းမှာကျောင်းကပွဲရှိတယ်အဲဒါညီမလေးကိုအကျီ်ချုပ်ဖို့ပိတ်စလေးဝယ်ပေးပါလားကိုကြီ”
“အေးအေးနောက်နေ့မြို့တက်ရင်ဝယ်လာပေးမယ်”
အိမ်မှာနားနေခိုက်အလတ်မကိုးတန်းကျောင်းသူကသူ့အတွက်ပိတ်စဝယ်ပေးဖို့ပူဆာရှာတာ။
“ဒါမှ တို့ကိုကြီးကွ”
“ရွှတ်”
ပြောရင်းပါးလာနမ်းတဲ့ညီမလေး။
ညီမအငယ်ဆုံးလေးကလည်း “ကိုကြီး”
“ဟေ”
“ညီမလေးကိုလည်းရှင်မီးတစ်ထည်ထပ်ဝယ်ပေး”
“ရပါစေမယ်ရပါစေမယ် နှစ်ထည်ထပ်ဝယ်ပေးမယ်ကျေနပ်ပြီလား”
“ဟေးးးကိုကြီး ကိုကြီး”လက်ခုပ်တီးပြီးအတင်းလာဖက်ထားပါတော့တယ်။
ဝမ်းသာပီတိဖြစ်ရင်း …..သြော်ငါ့ညီမလေးတွေသနားပါတယ် အမေ မရှိတော့ငါ့ကိုပဲပူဆာနေရရှာတာ ဒါမျိုးတွေကအမေ့ကိုပြောရမှာ အဖေအသက်ကြီးလာတော့အဖေ့ကိုလညိးမပူဆာရဲကြရှာဘူး။အရွယ်ရောက်လာတော့လှချင်ရှာကြမှာပေါ့…….လို့တွေးရင်းသက်ပြင်းချ မျက်ရည်စို့ရင်း ဂရုဏာပိုမိပါတော့တယ်။
ညီ ညီမတွေကလိုချင်တာရှိ အဖေ့ကိုမပူဆာကြ။
တစ်ခုခုဆို”ကိုကြီး”ဆိုပြီးလက်ဖြန့်ရုံသာ။
ကိုတည်ငြိမ်လည်းမငြိုမငြင်ပီတိဖုံးရင်းဖြည့်ဆည်းပေးလျှက်သာ။
ခေါ်သမျှအလုပ်အကုန်လိုက်လုပ်။
လုပ်သမျှရသမျှငွေကြေးအကုန်ညီညီမတွေနဲ့အဖေ့အတွက်သာ။
ညီဖြစ်သူတည်ကြည်ဘွဲ့ရပြီးတော့ မန္တလေးမြို့ကကုမ္ပဏီတစ်ခုမှာအလုပ်ရ။
အလုပ်ရတာမှမကြာမိန်းမကရ။
မဂ်လာဆောင်ပေးဖို့က ကိုတည်ငြိမ်ခေါင်းပေါ်။
တိုက်ဆိုင်ချက်။
အဖေကမမာ။
အဖေ့ဆေးကုစရိတ်မဂ်လာစရိတ်ညီမတွေအဝတ်အစားစရိတ် စရိတ်အထွေထွေမနိုင်တော့အိမ်ဝိုင်းတစ်ဝက်ခွဲရောင်းရပါပြီ။
အဖေ့သဘောတူညီချက်လည်းပါတာပေါ့။
မန်ကျဥ်းပင်တွေပါတဲ့ဘက်ခြမ်းဖြစ်နေတော့ လချုပ်နဲ့မန်ကျဥ်းသီးတွေရောင်းရမယ့်ပိုက်ဆံလည်းမရတော့ပါဘူး။
ဒါထား။
ခေတ်ကာလမကောင်းတော့တဲ့အလျောက်ဝင်ငွေကနည်းလာ လှချင်ကြတဲ့ညီမလေးတွေက လိုသမျှတောင်းမရတော့သိပ်မကြည်ချင်ကြ။
“ကိုကြီးကလည်းအိမ်ဝိုင်းရောင်းထားတာပဲဟာ ”
“ကိုကြီးကခုကျမှကပ်စီးဖြစ်နေပြီ”
“အဲ့လောက်တောင်ကိုကြီးလက်ထဲငွေမကျန်တော့ဘူးလား”
“ကိုကြီးကဒီလောက်လေးတောင်မပေးချင်တော့ဘူးလား တော်ပြီကိုကြီးကိုမချစ်တော့ဘူး”
တိုးတိုးတစ်မျိုးကွယ်ရာတစ်မျိုးပြောကြပြီ။
ကိုတည်ငြိမ်သိပါတယ်။
ကိုတည်ငြိမ်စိတ်မကောင်း စိတ်မကောင်းဖြစ်ပေမယ့်မတတ်နိုင်။
ကိုယ်ကမပေးချငိလို့မှမဟုတ်တာ။
အပိုကုန်တွေမပေးဖြစ်ပေမယ့်ပညာရေးတော့အလစ်ဟင်းမခံပံ့ပိုးပေးစမြဲ။
အိပ်ယာထဲပက်လက်ဖြစ်နေတဲ့အဖေကတော့သားကြီးရှေ့ရေးမျှော်တွေးပြီးကိုတည်ငြိမ်ကိုအိမ်ထောင်ပြုဖို့တိုက်တွန်းရှာပါသေးတယ်။
ရည်းစားသနာမရှိ မိသားစုတာဝန်ခေါင်းပေါ်အပြည့်ရွက်ထားရတဲ့ကိုတည်ငြိမ်ကတော့ကိုယ့်ဘဝကိုယ်သိကိုယ့်နေရာကိုယ်သိ မချိသွားဖြဲခေါင်းခါလည်ခါငြင်းရတာအကြိမ်ကြိမ်။
အဖေဆုံးပြီးနောက်မှာတော့အိမ်ထောင်ကျသွားတဲ့ညီကလည်းတစ်နှစ်နေလို့တစ်ခေါက်မရောက်လာ။
သတိတရ မနေနိုင်လို့ဖုန်းဆက်ပြန်ရင်တောင်”မအားလို့ကိုကြီး”ဆိုတဲ့စကားပဲကြားရချက်ဆိုတော့ အနှောက်အယှက်ဖြစ်မှာဆိုးပြီးမဆက်တော့။
ညီမအကြီးဖြစ်သူကဘွဲ့ရပြီးပြီးချင်းတွဲဖက်စာသင်ကျောင်းမှာကျောင်းဆရာမဘဝနဲ့သူလုပ်တဲ့ရွာကရွာသားနဲ့အိမ်ထောင်ကျ။
ညီမအငယ်ဖြစ်သူကတော့ဆယ်တန်းအောင်ပြီးတက္ကသိုလ်မတက်ရသေးခင်ဘယ်လိုတွေ့မသိ ရေဦးမြို့ကရေဦးသားနဲ့လိုက်ပြေးလို့အစစအကုန်အကျခံပြီးမဂ်လာဆောင်ပေးလိုက်ရပါတယ်။
ညီမအကြီးဖြစိသူရဲ့ “သူ့ကျတော့ဒီလို သူများကြတော့ဒီလို”ဆိုတဲ့နှိုင်းနှိုင်းယှဥ်ယှဥ်မနာလိုဝန်တိုတဲ့မဲ့မဲ့ရွဲ့ရွဲ့စကားတွေကြားစိတ်မကောင်းဖြစ်စွာနဲ့ အကိုကြီးဖြစ်သူကိုတညိငြိမ်ကျန်တဲ့အခြမ်းအိမ်ဝိုင်းလေးကိုရောင်းချပြီးညီအမနှစ်ယောက် တစ်ယောက်တစ်ဝက်စီအပြီးအပိုင်ပေးဝေခွဲခြမ်းပေးလိုက်ပါတော့တယ်။
ကိုာ်တိုငိကတော့တစ်ကိုယ်ရည်တစ်ကာယဘုန်းကြီးကျောင်းမှာကပ္ပိယလုပ်ရင်း လကိသမားလိုလို့ခေါ်လိုက်လုပ် ရတဲ့ငွေဘုန်းကြီးတွေကိုလှူ ကျောင်းအတွက်လှူ လိုအပ်သမျှဝေယျာဝေစ္စအထွေထွေလုပ်ကိုင်ရငိးဖြင့်သာ။
ကိုတည်ငြိမ်ဆိုတာကိုယ့်ညီအကိုမောင်နှမတွေအတွက်ပေးဆပ်အနစ်နာခံရင်းနောင်တဆိုတာမရှိတော့။
ညီညီမတွေခါကြီးရက်ကြီးတွေမှာလာကန်တော့တစ်ချက်မလာတစ်ချက်။
နှစ်တွေလည်းကြာခဲ့ပြီ။
ကိုတည်ငြိမ် ဦးတည်ငြိမ် ဘိုးတည်ငြိမ်ဖြစ်လာပြီပကော။
“ဒီနှစ်လည်းလာမလားမသိစိတ်ကရောက်သွားမိ……….
သူတို့လေးတွေမိသားစုစုံစုံညီညီအခြေတကျပျော်ပျော်ရွှင်ရွှင် ပြေပြေလည်လည်ရှိနေရင်ကိုကြီးတည်ငြိမ်ကျေနပ်ပါတယ်။
အမေ့ခံတစ်ယောက်အနေနဲ့စိတ်ထဲမှာတော့တစ်အားသတိရမိသား။
အိုကြီးအိုမအရွယ်ရောက်တော့မှသူတို့လေးတွေဆီသွားပြီးဒုက္ခလည်းမပေးပါရစေနဲ့တော့။
ဘုန်းကြီးကျောင်းကိုလာတဲ့အလှူဒါယိကာ ဒါယိကာမတွေဆီက သူတို့လေးတွေအကြောင်းနားစွင့်ရင်း…….မျှော်ရင်း……..
အတိတ်ကအမှတ်ရစရာလေးတွေတွေးရင်း…………
ဆေးလိပ်သောက်တတ်လာတဲ့ဦးတည်ငြိမ်ခေါ်ဘိုးတည်ငြိမ်။
အတွေးတွေကဆေးလိပ်မီးခိုးတန်းနဲ့အတူလိုက်ပါစီးမျောရင်း………..။
အကိုကြီးအဖအရာဆိုတာနေရာကသာအဖနေရာ……..
ဘယ်မောင်နှမကမှ နေရာမပေးကြရင်ဖြင့်။
နားလည်စာနာမှုမပေးကြရင်ဖြင့်။
ကျေးဇူးတရားကိုမသိတတ်ကြရင်ဖြင့်။
လွဲမှားစွာရောက်လာတဲ့ရောက်လာခဲ့တဲ့နေရာလေးတစ်ခုသာပါပဲ။
အတွေးစာစုလေးပါ။
စံဌာနီထွန်း