ရှမ်းပြည်နယ်
တောင်ပိုင်းရှိ နယ်မြို့လေး တစ်မြို့တွင်ဖြစ်သည်။
ဝေါ… ဂျိမ်း... ဂျလိမ်း
လေပြင်းများ နှင့်အတူ
မဲမှောင်နေသော မိုးသားများထံမှ ကျယ်လောင်သော မိုးခြိမ်းသံကြီးများက လည်း
အဆက်မပြတ်ထွက်ပေါ်လာသည်။
မကြာမီ မိုးက
သည်းသည်းမဲမဲ ရွာချလိုက်လေသည်။
တောက်..တောက်..တောက်
အိမ်ခေါင်မိုးပေါ်မှ
ယိုစီးကျလာသော မိုးစက်များက ကြမ်းပြင်ထက်တွင် တတောက်တောက် မြည် နေသည်။
"မခင်စိန်ရေ မင်းရဲ့
သမီးတွေကို ပုဆိုးစုတ်နဲ့ ကြမ်းပြင်ပေါ် လိုက်သုတ်ခိုင်းဟေ့...ဒီနှစ်တော့ မိုးဦး
ကတည်းက မိုးကကောင်းနေပြီ
ဦးဘချစ်
မြည်တွန်တောက်တီးရင်း ငါးဖမ်းပိုက်ကို ပြင်ဆင်နေသည်။
ဒီနှစ်တော့
အိမ်ခေါင်မိုးက အသစ်ပြင်မိုးမှသာ ရပေတော့မည်။ ဒီနှစ် တော့ သွပ်မိုးလေး
မိုးလိုက်ချင်ပြီ။
သွပ်မိုးသာဆိုလျှင် ခဏခဏ
အမိုးပြင်မိုးရန် မလိုတော့။ မိုးလေများ ငြိမ်သက်သွားသောအခါ
တစ်အိမ်လုံးအိပ်မောကျလျှက်
ရှိနေပြီ။
" မခင်စိန်...မင်းရဲ့သား
အကြီးကောင်ကို နှိုးလိုက်တော့...ကန်ဘက်ကငါးတွေ ပွက်လောက်ပြီ.... သာသာလေး ါးလိုက်
ကျန်တဲ့ ကလေးတွေ နှေးသွားဦးမယ်"
ဦးဘချစ်က
လေသံတိုးတိုးလေးဖြင့် ဆိုလိုက်၏။ မခင်စိန်လဲ သူမ၏ သားအကြီး ကောင်ကို
နှိုးလိုက်ပြီးနောက်
* ကိုဘချစ် ငါးများများရရင်
ပြန်လာတော့ နေမမြင့်စေနဲ့ ...နေမမြင့်ခင် ဈေးဝင်မှ ဈေးကောင်းရမှာ နေမြင့်သွားရင်
အကျန်အပုပ်ဈေးပဲပေးကြတာ *
" ငါသီပါတယ် ဟ"
သားအဖ နှစ်ယောက်
ဓာတ်မီးနှင့် ထွက်သွားပြီမို့ ခင်စိန်လဲ စောနေသေးသောကြောင့် အိပ်ယာထဲ ဝင် ကာ
အိပ်လိုက်သည်။
အောက် အီး အီး အွတ်
အိမ်က ကြက်ဖကြီး
အော်သံကြောင့် မခင်စိန် အိပ်နေရာမှ ကပြာကယာထကာ မီးမွှေးပြီးထမင်းအိုး တည်လိုက်သည်။
မနက်ဆွမ်းခံကြသော
ကိုယ်တော်များအား ဆွမ်းလောင်းလှူရပေမည်။
ယခင်ဘဝက အလှူဒါန
နည်းသည်မို့ ယခုဘဝ၌ ဆင်းရဲချို့တဲ့စွာနေရသည်။
ပြီးတော့ လုပ်ရသည်က
အကုသိုလ်အလုပ်။
* သီသီနဲ့ မိမိရေ
ထတော့ဟေ့ ၊ ခု ထတော့ဟေ့ ၊ ကိုယ်တော်တွေ ဆွမ်းခံကြွလာတော့မယ်၊ နေ့တစ်နေ့အစကို
ကုသိုလ် လေးနဲ့စကြရအောင်ဟေ့ ၊ ပြီးရင်တစ်နေကုန်အကုသိုလ် အလုပ်လုပ်ရဦးမှာ”
သူမ၏ သမီးနှစ်ယောက်အား
အိပ်ယာမှထရန် ဆော်ဩ လိုက်ပြီး နောက် မခင်စိန်က အိမ်နောက်ဖေး သို့သွားကာ
ဆားနယ်ထားသော ငါးများကို အိမ်ရှေ့ သို့ ယူလာကာ ချိတ်ဆွဲ ထားလိုက်၏။ မကြာမီ
ရောင်နီလာတော့မည်မို့ မခင်စိန် ငါးရောင်းရန်ဇလုံနှင့် ချိန်ခွင်
များအားအသင့်ပြင်ထား လိုက်၏။
"မခင်စိန်ရေ..
မခင်စိန် ဒီမှာ ငါးအကြီးကြီးမိလာတယ်ဟေ့ ။“
"ဟယ် ဟုတ်ပ၊
နည်းတဲ့ငါးကြင်းကြီးမဟုတ်ဘူးတော်ရေ့”
*ကံသားရေ မင်းအဖေကို
ထမင်းခူးပေးလိုက်တော့ ၊ အမေနဲ့ မင်းညီမတွေ ငါးရောင်းသွားလိုက်ဦးမယ် သားတို့စားဖို့
ငါးပိကောင်ကြော်နဲ့ ခရမ်းချဉ်သီးချက်ထားတယ်၊ ပြီးရင်တစ်ရေး အိပ်လိုက်ကြဦး “
* ကဲ မိသိနဲ့ မိမိတို့
လာဟေ့ ငါးသွားရောင်းကြမယ်ဟေ့ "
မခင်ဖြစ်သူခေါ်သံကြောင့်
သီသီနှင့်မိမိတို့လည်း အိမ်ထဲမှ အပြေးအလွှား ထွက်လာကြကာ မိခင်ထံ ငါးထည့်ထားသော
ဇလုံ အားကူရွက်ရင်း သွားလိုက်ကြတော့သည်။
"ဗျို့ ကိုဘချစ်
"
အိမ်ရှေ့မှခေါ်သံကြောင့်
ဦးဘချစ်အိမ်ရှေ့ထွက်ကြည့်လိုက်ရာ
* ဟာ စိုင်းမောင် ၊လာလ
* မလာတော့ဘူး
ကိုဘချစ်၊ကိုတင်ဖေရဲ့ အမျိုးသမီးဆုံးသွားလို့ နာရေးအိမ်သွားမလို့၊ လိုက်ဦးမှာလား လို့လာခေါ်တာ
*
“ ဟေ ဟုတ်လား
၊လိုက်ရမှာပေါ့ကွ ၊ကိုတင်ဖေ နဲ့ က လူရင်းတွေမို့လား "
ကိုတင်ဖေ၏
အမျိုးသမီးရက်လည်အထိ ဦးဘချစ်တို့က အစစအရာရာ ကူညီလုပ်ကိုင်ဆောင်ရွက် ပေးခဲ့လေသည်။
ကိုတင်ဖေက
မြေ့မုဆိုးဟုပင်ဆိုရမည်။
မြွေဖမ်းခြင်းအလုပ်က
ကိုတင်ဖေ၏ ပင်မစီးပွားရေးထောက်တိုင်တစ်ခုဖြစ်သည်။
ကိုဘချစ်က
ချောင်းရှိရာနေရာများ၌ ငါးရှာဖားရှာ အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုသော်လည်း
မြေဟူ၍ မဆိုနှင့် မြွေနှင့်တူသော ငါးရှဉ့်များကိုပင် လက်ရှောင်လေသည်။
ထိုသို့လက်ရှောင်ရသည့်
အကြောင်းတရားများကလည်း အခိုင်အလုံရှိသည်။
* ကိုဘချစ်ရေ၊
နင့်မိန်းမမွေးပြီဟု ၊ သမီးမိန်းခလေး အမွှာလေးဟေ့ "
ကိုဘချစ်၏အမျိုးသမီးမခင်စိန်
သမီးမိန်းခလေး အမွှာကိုယ်ဝန်လွယ်ထားရစဉ်ကတည်းက မြွေများ အား မကြာခဏ
အိပ်မက်မက်သည့်အပြင် အိမ်အနီးတဝိုက်တွင်လည်း မြွေများအားမကြာခဏ တွေ့ရှိခဲ့ရလေသည်။
ကိုဘချစ်၏ မိတ်ဆွေ
အထက်လမ်းဆရာ ဦးဘမောင်က
*ဘချစ် မင်းရဲ့
သမီးအမွှာက မြွေတွေ နဂါးတွေနဲ့ အဆက်အနွယ်ရှိတယ်၊ နဂါးသိုက်က လာတာနေမှာ
၊ ဒါကြောင့်
မင်းတို့မိသားစု ဘယ်တော့ အခါမှ မြွေသားမစားမိပါစေနဲ့ "
ဦးဘမောင်၏ အမှာစကားအရ
ကိုဘချစ်တို့မိသားစု က မြေအား ရှောင်ကြဉ်ခဲ့ကြလေသည်။ မြွေများအားလည်း သတ်ဖို့ဝေးစွ
ငါးရှဉ့်ကိုပင် ဖမ်းခြင်းမှ ရှောင်ရှားခဲ့ကြလေသည်။
ယခုပင် သူ၏အမွှာသမီး
များဖြစ်ကြသော သိသိနှင့်မိမိက အပျိုပေါက်အရွယ်လေးပင် ရောက်နေကြ
ပြီဖြစ်၏
သီသီက
ငါးကြင်းအားခုတ်ထစ်ရန် ငါးကိုင်နေခြင်းဖြစ်သည်။
ငါး၏ဗိုက်အားခွဲကာ
ကလီစာများအားဆွဲထုတ်လိုက်စဉ်
"ဟင်"
သူမလက်ထဲမှ ငါး၏ဗိုက်ထဲမှ
အကျိအချွဲများကြားမှ ရွှေရောင်အရာလေးတစ်ခုအား တွေ့လိုက်ရ သည်။
သူမသေချာစွာကြည့်ကာ
" အမေ အမေ
လာကြည့်ဦးဒီမှာ *
" ဘာလဲဟဲ့ မိသီ
အလန့်တကြား "
သမီးဖြစ်သူက သူမအားပြသော
အရာအားသေချာယူကြည့်လိုက်ပြီး
“ ဟင်
ရွှေလက်စွပ်လေးပါလား .. ဟယ် … ဝမ်းသာလိုက်တာ ..အမေတို့
အိမ်ခေါင်မိုးပြင်မိုးရတော့မယ်
သမီးတို့ရေ “
သားအမိသုံးဦး
ဝမ်းသာလွန်း၍ တစ်ဦးနှင့်တစ်ဦး ဖက်ထားကာ မျည်ရည်များပင် ကျမိလေ၏။
မကြာမီ ကိုဘချစ်တို့
အိမ်လေးသည် သွပ်မိုးပျဉ်ခင်းလေးနှင့် ပြန်လည် ပြုပြင်ဆောက်နိုင်ခဲ့လေ သည်။
* အဖေ သမီးညက
အိမ်မက်မက်တယ် "
သမီးဖြစ်သူမိမိ၏
စကားကြောင့် ကိုဘချစ် သောက်လက်စ ဖက်ကြမ်းဆေးလိပ်အား ဆေးလိပ်ပြာခံ
ခွက်ထဲ ထိုးချေကာ
မီးငြိမ်းသတ်လိုက်၏။
"ပြောသမီး
ဘယ်လိုအိမ်မက်မို့လဲ"
“သမီးတို့ညီအစ်မနားမှာ
အစ်ကိုတစ်ယောက်နဲ့ ဆွေမျိုးတွေက လိုက်ပြီးစောင့်ရှောက်နေတယ်တဲ့ ၊ ဒါ ကြောင့်
အနီးအနားမှာ မြွေတွေတွေ့ရင် မသတ်ပါနဲ့တဲ့၊ ပြီးတော့ အဖေ့မိတ်ဆွေ ဦးတင်ဖေကို
မြွေတွေ ဆက်မသတ်ပါနဲ့လို့ သတ်ပေးလိုက်ပါတဲ့အဖေ၊ သူမြေ့တွေကို
ဆက်ပြီးသတ်နေမယ်ဆိုရင် ခွင့်မလွှတ် ဘူးတဲ့အဖေ"
ကိုဘချစ်က
သမီးဖြစ်သူစကားကို နားထောင်ကာ သက်မရှည်ကြီးအား ချလိုက်မိ၏။
" ခက်တော့လည်း
ခက်သားသမီးရယ်၊ မြွေဖမ်းမုဆိုးတစ်ယောက်ကို မြွေမဖမ်းနဲ့လို့ တားလို့ရပါ့မလား ကွယ်၊
ဒါပေမဲ့ အဖေ ပြောတော့ ပြောကြည့်ပါဦးမယ် "
ထိုအချိန်၌ ကိုဘချစ်၏
အိမ်နောက်ဖေး ခြုံထဲမှ မြွေတွဲသံများအား ကြားလိုက်ရလေသည်။
" ဗျို့ ကိုတင်ဖေ၊
ဘာတွေလုပ်နေတာလဲ “* ဟာ ကိုဘချစ်လာလေ ၊ ဒီမှာ ဆေးဖြစ်ဝါးဖြစ် သောက်နေတာ ၊
ဒီရက်ပိုင်း မြေကလည်းမရတော့ အမြည်းက ပဲလှော်ပဲရှိတယ်၊ မြွေသားလေးနဲ့
မြည်းလိုက်ရရင်တော့ လောကစည်းစိမ်ပဲ ပေါ့ဗျာ *
" ကျုပ်လဲ ဒါပဲ
ပြောမလို့ ကိုတင်ဖေရေ " ဟု အစချီကာ သူ၏သမီး အိမ်မက်အကြောင်း ပြောပြလိုက် ရာ"
ဟား ဟား ဟား ကိုဘချစ်… ကိုဘချစ် ၊ ကလေးတစ်ယောက် အိမ်မက်ကိုများ အရေးတယူ လုပ်နေ
တယ်၊ ကျုပ်က ငယ်ကတည်းက မြွေဖမ်းလာတဲ့ မြွေဖမ်းမုဆိုးပါဗျာ ၊ ကျုပ် က မြွေသိုက်တွေ
နဂါး
သိုက်တွေ
အယုံအကြည်မရှိဘူး ၊ ကျုပ်က မြေ့မဖမ်းလို့ ဘယ်အလုပ် လုပ်ကိုင်စားသောက်ရမှာလဲ "
“ ကျုပ်နဲ့ အတူ ငါးလိုက်ရှာလေ ၊ ကျုပ်..ခင်ဗျားပိုက်ထောင်ဖို့
ပိုက်လက်ဆောင်ပေးမယ်၊ ကျုပ်တို့ အတူတူ ငါးရှာရအောင်ဗျာ
" ဟား ဟား ဟား
ကျုပ်ခင်ဗျားကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျုပ်က တံငါ အလုပ်ဝါသနာမပါ ဘူး ၊ ကျုပ်က
မြွေပဲ ဖမ်းချင်တာ၊ ပြီးတော့ မြွေသားပဲ စားချင်တာ "
" အေးပါဗျာ ၊ ကျုပ်က
သတိပေးပါဆိုလို့ သတိပေးတာပါဗျာ ၊ ယုံတာ မယုံတာတော့ ခင်ဗျားအပိုင်းပဲ ကိုတင်ဖေရေ
ကိုဘချစ်တစ်ယောက်
လေးပင်သော ခြေလှမ်းများဖြင့် ကိုတင်ဖေ အိမ်မှ ပြန်ခဲ့၏။
" ကိုတင်ဖေ
စပါးကြီးမြွေ အကြီးကြီးတစ်ကောင် ဖမ်းမိလို့တဲ့ ဟေ့ “
ကိုဘချစ် ငါးဖမ်းပြီး
ပြန်အလာ ကြားလိုက်ရသော သတင်းကြောင့် အိမ်သို့ ခပ်သွက်သွက် ပြန်လာ၏။
အိမ်သို့ရောက်သောအခါ သူ၏ သမီးသီသီနှင့် မိမိက ရှိုက်ကြီးတငယ် ငိုကြွေးနေသည်ကို
တွေ့ လိုက်ရ သောကြောင့်
" ဟင်သမီးတို့
ဘာလို့ ငိုနေတာလဲ "
မပြောချင်ပါဘူး
ကိုဘချစ်ရယ် ၊ သမီးနှစ်ယောက် အိပ်ယာက နိုးလာပြီး သူတို့ကို လိုက်စောင့်ရှောက်
နေတဲ့ အစ်ကိုကို ကိုတင်ဖေက ဖမ်းထားလို့ ဆိုပြီး မိုးလင်းကတည်းက ငိုနေတာ ၊ ကျုပ်လဲ
ဘယ်လိုမှ ချော့မရဘူး "
" ခက်တော့တာပဲကွာ
"
" အဖေရယ် အစ်ကို့ကို
ကယ်လို့ရရင် ကယ်ပေးပါဦး အဟင့် ဟင့် * “အေးပါ အဖေ သွားပြောကြည့်ပါဦးမယ် "
ကိုဘချစ်က
ကိုတင်ဖေအိမ်ဘက် ခပ်သွက်သွက် လျှောက်လာခဲ့၏။
ကိုတင်ဖေ အိမ်ရှေ့တွင်
လူများက အတန်းလိုက်ကြီး တစ်စုံတစ်ခုအား စိတ်ဝင်စားစွာ အုံခဲ ကြည့်ရှုနေ
လေကြသောကြောင့် သူလည်းထိုလူအုပ်ကြီးကြားထဲ တိုးဝင် ကြည့်ရှုလိုက်လေရာ
“ဟာ ” သူ၏နှုတ်မှ
ဟာကနံပင် ထွက်ကာ အလွန်စိတ်မကောင်းဖြစ်သွားလေသည်။
ပေနှစ်ဆယ်ခန့်ရှည်သော
စပါးကြီးမြွေအား ဗိုက်ခွဲနေကြခြင်းဖြစ်၏။ ခွဲပြီးသားနေရာများအား
ဝါးတုတ်အတိုများဖြင့် ကန့်လန့်ထားကြ၏။
မြွေသည် တစ်ချက် တစ်ချက်
လှုပ်ခါလျှက်ပင် ရှိနေသေး၏။
ကိုဘချစ်
စိတ်မကောင်းကြီးစွာဖြင့် အိမ်သို့ ပြန်လာခဲ့ ရလေသည်။
ထိုမြေသားအား
ကိုတင်ဖေနှင့် ရပ်ကွက်ထဲမှ လူတစ်စုက မိုးဗြဲဒယ်ကြီးဖြင့်အားရပါးရ ချက်ပြုတ်ကာ
ထိုပတ်ဝန်းကျင် တဝိုက်တွင် နေထိုင်သော သူများထံ လိုက်လံ ဝေငှလိုက်သေး၏။
ကိုဘချစ်က မိတ်ဆွေများအား
ထိုမြွေသားအား မစားရန်လိုက်လံတားမြစ်သော်လည်း လှောင်ပြောင် ဟားတိုက်ခြင်းသာ
ခံလိုက်ရ၏။
“အဖေ အဖေ သမီးတို့
အိမ်ပြောင်းရအောင်၊ ဒီနေရာက မကြာခင် အန္တရာယ်တွေ ကျရောက်တော့ မယ်
* အဖေတို့
ဘယ်ကိုပြောင်းရမှာလဲ သမီးတို့ရယ်”
* အိမ်ကိုရသလောက်ဈေးနဲ့သာ
ရောင်းပြီး ပြောင်းရအောင်အဖေ “
* အေးပါကွယ် ၊ သမီးတို့
သဘောပါပဲ "
ဒေါ်ခင်စိန်က သူမ၏
အိမ်အားနှမြောတစွာ ကြည့်ကာ ပစ္စည်းများတင်ဆောင်ထားသော ခြောက်ဘီး
ကားကြီးပေါ်တက်လိုက်ကြ၏။
ကိုဘချစ်တို့ မိသားစုသည်
သူ၏ ဆွေမျိုးများ ရှိရာ အခြားတစ်နယ်သို့ ပြောင်းရွှေ့လာကြတော့သည်။
ကိုဘချစ်တို့
မိသားစုပြောင်းသွားကြသောည၌ ထိုဝန်းကျင်တစ်ခုလုံး ကြောက်စရာကောင်းသော မြေ့
တွံသံများအား ကြားရသည်။ " အဖေတို့ ဘယ်ကိုပြောင်းရမှာလဲ သမီးတို့ရယ်”
“ အိမ်ကိုရသလောက်ဈေးနဲ့သာ
ရောင်းပြီး ပြောင်းရအောင်အဖေ “
" အေးပါကွယ် ၊
သမီးတို့ သဘောပါပဲ "
ဒေါ်ခင်စိန်က သူမ၏
အိမ်အားနှမြောတစွာ ကြည့်ကာ ပစ္စည်းများတင်ဆောင်ထားသော ခြောက်ဘီး
ကားကြီးပေါ်တက်လိုက်ကြ၏။
ကိုဘချစ်တို့ မိသားစုသည်
သူ၏ ဆွေမျိုးများ ရှိရာ အခြားတစ်နယ်သို့ ပြောင်းရွှေ့လာကြတော့သည်။
ကိုဘချစ်တို့
မိသားစုပြောင်းသွားကြသောည၌ ထိုဝန်းကျင်တစ်ခုလုံး ကြောက်စရာကောင်းသော မြေ့
တွံသံများအား ကြားရသည်။
မြွေသားဟင်းလျာစားသုံးကြသူများအားလုံး
ဗိုက်များအောင့်ကာ ဝမ်းလျှောကြလေရာ အချို့မှာ အသက်များပင်သေဆုံးကုန်ကြသည်။
ထိုမျှပင်မကသေးပဲ ည
လူခြေတိတ်ချိန်၌ကိုတင်ဖေအိမ်မှစတင်ကာ မီးလောင်မှုဖြစ်ပွားပြီး တစ်ရပ်
ကွက်လုံးနီးပါး လောင်ကျွမ်းခံရလေတော့သည်။
ကိုတင်ဖေတို့ မိသားစုကား
မီးလောင်ကျွမ်းမှုထဲပါသွားကာ အသက်များပင်သေဆုံးသွားကြ၏။
ဘေးပတ်ဝန်းကျင်မှ လူများ၏
ပြောကြားချက်အရ ထိုမီးလောင်မှုအား အဝေးမှ မြင်တွေ့ရသည်မှာ မြွေနဂါးတစ်ကောင်
စိတ်ဆိုးမာန်ဆိုးဖြင့် ရုန်းကန်လှုပ်ရှားနေသည့်ဟန်နှင့် တူလှသည်ဟု ဆိုကြသည်။
ထိုမီးလောင်မှုတွင်
လောင်ကျွမ်းခံရသော အိမ်အားလုံးသည် ကိုတင်ဖေ ချက်ကျွေးသော မြွေသား ဟင်းလျာအား
မြိန်ယှက်စွာ စားမိကြသော သူများ၏ အိမ်များဖြစ်ကြလေသည်။
လေးစားလျက်
စာရေးသူ နန်းကြာညို