ဇနီးဟောင်း(စ/ဆုံး)

—————–

” ဟယ်တော့…ဇွဲညီဘယ်ရောက်သွားတာလဲ အကြီးကောင် ”

“မသိဘူး မေမေ..အပြင်ထွက်သွားတာထင်တယ် ”

” ကြည့်စမ်း မပြောမဆိုနဲ့ထွက်သွားပြန်ပြီး ..အဲ့ဒါသာကြည့်တော့ မမကြီးရေ…ဇွဲညီထင်ဆိုတဲ့ အဲ့ဒီကောင်လေးဟာလေ..သူစိတ်တိုင်းမကျတော့ရင်အဲ့ဒီလိုပဲ…..သူကမကျေနပ်တာကိုဘယ်တော့မှထုတ်မပြောဘူး..သူ့စိတ်ထဲမှာတေးမှတ်ထားပြီး လုပ်ချင်ရာကိုဇွတ်လုပ်တော့တာ ..ဘယ်သူမှလဲတားမရဘူးလေ ”

ဒေါ်မေသူက သားလတ်ဖြစ်သူအကြောင်းကိုပြောရင်းမှ အိမ်ရှေ့ကို ပြူပြူးပျာပျာနဲ့ထွက်ကြည့်လိုက်တယ်။ဒါပေမဲ့ အိမ်ရှေ့မှာလဲသားဖြစ်သူကိုမတွေ့။ဇွဲညီထင်တစ်ယောက်စိတ်ဆိုးပြီး ဘယ်ထွက်သွားပြန်လဲမသိ။ဒါကပင်ဇွဲညီထင်ရဲ့အကျင့်လို့ပြောရပေတော့မယ်။

~~~a~~~k~~y~~~i~~~~~P~~h~~y~~~u~~~~~~~~~

” ကျော့ကျော့ ..နင်တို့အဖေက နောက်မိန်းမယူလိုက်ပြီးဆို ”

” အေး …ဟုတ်တယ်လေ ”

သူငယ်ချင်းဖြစ်သူရဲ့အမေးကို မေကျော့ရှင်းကခပ်အေးအေးပဲပြန်ဖြေလိုက်တယ်။

” ဟယ်..နင့်အဖေနောက်မိန်းမယူလိုက်ပြီဟုတ်လား..ဒါဆို..နင်လဲ ရုပ်ရှင်ဇာတ်ကားတွေထဲကလိုမျိုး… မိထွေးနှိပ်စက်တာကို ခံရတော့မှာလား ”

” အောင်မယ်..ဘာလို့ခံရမှာလဲ ..ငါကငတုံးမှမဟုတ်တာဟဲ့..ငါ့အသက်ဆယ့်သုံးနှစ်ဖြစ်နေပြီ …ငါ့မှာလက်လဲပါတယ်ခြေလဲပါတယ်..ပါးစပ်လဲပါတယ်…”

” အမယ် ..ဒါဆိုနင်ကမိထွေးကိုပြန်ချမယ်ပြောတာလား ”

” ဟင့်အင်း ..ပြန်မချပါဘူး…မိထွေးကနှိပ်စက်ရင် ငါ့အဖေကိုတိုင်ပြောမယ်..ပြီးရင်အဖေ့ဆီကအမွေတောင်းပြီး အိမ်ပေါ်ကဆင်းမယ်လေ ”

” ဟယ်..နင်ကလဲအသက်တောင်မပြည့်သေးဘဲနဲ့ဟယ်..နင်မကြောက်ဘူးလား…”

” မကြောက်ပါဘူး..ငါ့အပေါ်မကောင်းတဲ့သူနဲ့တော့ တစ်အိမ်ထဲမှာသည်းခံမနေနိုင်ပါဘူး…ငါ့ဘာသာတစ်ယောက်တည်းနေမှာ …”

မေကျော့ရှင်းက ခေါင်းထက်မှဆံပင်ရှည်များကိုဝဲခနဲခါယမ်းရင်းမှပြောလိုက်တယ်။ရွယ်တူသူငယ်ချင်းမလေးများက မေကျော့ရှင်းကို အားကျသလိုငေးကြည့်နေကြလေရဲ့။မေကျော့ရှင်းကတော့ နှုတ်ခမ်းလေးကိုတင်းတင်းစေ့လို့ တစ်လောကလုံးကိုဂရုမစိုက်သလိုပုံစံမျိုးနဲ့ခပ်တည်တည်ပါပဲ ။

~~~~a~~~k~~y~~~y~~~~i~~~p~~~h~~~y~~~~~u~~

* ဆယ့်ငါးနှစ်ကြာပြီနောက် *

ဆယ့်နှစ်ပေ၊လေးဆယ့်ငါးပေးပဲအကျယ်ရှိတဲ့တိုက်ခန်းကျဉ်းလေးထဲမှာ ဇွဲညီထင်နဲ့မေကျော့ရှင်းတို့နှစ်ယောက်တိတ်ဆိတ်စွာဖြင့်မျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြတယ်။အချိန်က ညကိုးနာရီကျော်ရုံသာရှိသေးပေမဲ့ တိုက်ခန်းကျဉ်းလေးထဲမှာတိတ်ဆိတ်အေးစက်နေပုံက အပ်တစ်ချောင်းပြုတ်ကျခဲ့ရင်တောင် ပြုတ်ကျသံကိုပါကြားရမလားထင်မှတ်ရလောက်တယ်။

အိမ်ခန်းကျဉ်းလေးရဲ့ဧည့်ခန်းကျဉ်းကျဉ်းလေးထဲမှာထိုင်နေကြတဲ့ ဇွဲညီထင်နဲ့မေကျော့ရှင်းတို့မှာ မျက်နှာချင်းဆိုင်ထိုင်နေကြရင်းမှ စကားတစ်ခွန်းမှမပြောကြဘဲအေးစက်တိတ်ဆိတ်စွာရှိနေခဲ့ကြတယ်။ဒီလိုမျိုးနှစ်ယောက်သား အချိန်အတော်ကြာငြိမ်သက်တိတ်ဆိတ်နေခဲ့ကြပြီးနောက်မှာတော့ ဇွဲညီထင်ကဦးစွာစကားစလိုက်တော့တယ်။

” ငါတို့ပြောထားတဲ့ …ငါတို့ကွာရှင်းကြဖို့ကိစ္စလေ ….အဲ့ဒါ ”

” အင်း..နင့်သဘောပဲလေ ”

ဇွဲညီထင်ရဲ့ စကားမဆုံးခင်မှာဘဲ မေကျော့ရှင်းက အေးစက်စက်မျက်နှာနဲ့တစ်ချက်မော့ကြည့်လိုက်ပြီး ခေါင်းကိုညိတ်ပြလိုက်တယ်။သူမမျက်နှာအမူအရာက ဝမ်းနည်းဝမ်းသာအမူအရာမျိုးလုံးဝမရှိဘဲ ခံစားချက်မဲ့နေခဲ့တယ်။

မေကျော့ရှင်းရဲ့အေးစက်စက်မျက်နှာအမူအရာကို ဇွဲညီထင်ကလဲ ခပ်တင်းတင်းမျက်နှာထားနဲ့ပြန်ကြည့်လိုက်ပြီးတော့

” အိမ်ငှားစာချုပ်က ခြောက်လစာကျန်သေးတယ်မဟုတ်လား….မင်းဆက်နေလိုက်ပါ..ဘဏ်စာအုပ်ထဲမှာစုထားကြတဲ့ငွေတွေလဲ မင်းပဲယူထားလိုက်ပါ ..”

” အင်း …ကျေးဇူးပါပဲ ”

ဇွဲညီထင်ရဲ့စကားကြောင့် မေကျော့ရှင်းက ကျေးဇူးတင်စကားပြောလိုက်တယ်။

” မင်းမိဘတွေကိုရော လိုက်ပြောဖို့လိုသေးလား..ငါ့ဘက်ကဘာတွေလုပ်ပေးရအုံးမလဲ …လိုအပ်တာရှိရင်ပြောပါ…ကွာရှင်းဖို့ကိစ္စကို ငါ့ဘက်ကစပြောတာဖြစ်တဲ့အတွက် …မင်းတောင်းဆိုတာတွေကိုငါလိုက်လျောပေးမယ် ”

ဇွဲညီထင်က မေကျော့ရှင်းကိုကြည့်ပြီးပြောလိုက်တယ်။

” ရပါတယ်…ငါ့အဖေကိုငါ့ဘာသာရှင်းပြလိုက်မယ်…နင့်မိဘတွေကိုလဲ နင့်ဘာသာရှင်းပြလိုက်ပါ..ငါ့ကိုဘာမှလာမမေးပါစေနဲ့..ငါဘာမှမရှင်းပြချင်ဘူး..ကျန်တာဘာမှမလိုအပ်ပါဘူး ”

” ဟုတ်ပြီလေ..ဒါဆိုရင်လဲ..ငါအခုပဲသွားတော့မယ်..မနက်ဖြန်မနက်ဆယ်နာရီမှာ …မြို့နယ်တရားရုံးရှေ့မှာဆုံကြမယ် ”

” အင်း…ဆယ်နာရီမဟုတ်လား….လာခဲ့မယ်လေ.. ”

” ဒါဆို သွားတော့မယ် ”

” အင်း..အိမ်ခန်းသော့ကထားခဲ့မှာလား …ဒါမှမဟုတ်လိုအပ်တာတွေလာယူဖို့ယူထားအုံးမှာလား ”

မေကျော့ရှင်းရဲ့ဘာမှမဖြစ်သလို ခပ်အေးအေးအမူအရာနဲ့အေးစက်စက်အသံကို နားထောင်ပြီးတဲ့နောက်မှာ ဇွဲညီထင်က ခေါင်းကိုခါယမ်းလိုက်တယ်။ပြီးတော့ သူယူထားတဲ့အိမ်သော့ကို မေကျော့ရှင်းဆီကိုကမ်းပေးလိုက်တယ်။

” ရတယ်…သော့မယူသွားတော့ပါဘူး…..အဝတ်အစားတွေနဲ့ငါလိုချင်တာတွေလဲအကုန်ယူသွားတာပဲ…တကယ်လို့အရေးကြီးတာတစ်ခုခုကျန်ခဲ့ရင်လဲ မင်းဆီကိုဖုန်းဆက်ပြီးတော့မှ လာယူပါ့မယ်….အခုချိန်ကစပြီး မင်းနဲ့ငါက ဘာမှမသက်ဆိုင်တော့ဘူးလို့ သဘောထားလိုက်ပြီးမို့ ငါတို့ကင်းကင်းပြတ်ပြတ်နေကြတာပိုကောင်းမယ် ”

” အင်းပါ ..နင့်သဘောပဲလေ …လိုချင်တာရှိရင်ဖုန်းဆက်လိုက်လေ….ပစ္စည်းပို့သမားနဲပို့ခိုင်းလိုက်ပါ့မယ် ”

” ဒါဆို ငါသွားတော့မယ် ”

” အင်း…ဂရုစိုက်သွား ”

မေကျော့ရှင်းက နှုတ်ဆက်လိုက်ပြီးတော့ အိမ်တံခါးကိုသွားဖွင့်ပေးလိုက်တယ်။

ဇွဲညီထင်က ကျောပိုးအိတ်ကိုကောက်လွယ်လိုက်ပြီးတော့ လက်ဆွဲအိတ်ကိုဆွဲကာ အခန်းထဲကထွက်ဖို့ပြင်လိုက်တယ်။အခန်းထဲကထွက်ခါနီးမှာ မေကျော့ရှင်းရဲ့မျက်နှာကို ဇွဲညီထင်လှမ်းကြည့်လိုက်တယ်။မေကျော့ရှင်းက သူ့ကိုပြန်ကြည့်ပြီးနှုတ်ခမ်းလေးကိုတွန့်ကွေးကာပြုံးပြလိုက်တယ်။မေကျော့ရှင်းရဲ့ အပြုံးမျက်နှာကိုကြည့်ပြီး ဇွဲညီထင်ချာခနဲကျောခိုင်းထွက်ခဲ့လိုက်တယ်။ဇွဲညိင်ရဲ့ရင်ထဲမှာ မေကျော့ရှင်းအပေါ် မကျေနပ်ချက်ပေါင်းများစွာနဲ့နာကြည်းလို့ပေါ့။မေကျော့ရှင်းနဲ့ဘယ်တော့မှပြန်မဆုံပါရစေနဲ့လို့လဲအထပ်ထပ်အခါခါဆုတောင်းလိုက်မိတယ်။သူတို့နှစ်ယောက်ရဲ့ တစ်နှစ်ကျော်မျှ ကြာမြင့်ခဲ့တဲ့ အေးစက်စက်အိမ်ထောင်ရေးက ဒီနေ့မှာတော့ ပြတ်သားစွာပြီးဆုံးသွားခဲ့ပြီဖြစ်တယ်။ဇွဲညီထင်ကျေနပ်စွာပြုံးလိုက်ရင်းမှ လွတ်လပ်ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့လှေကားထစ်တွေကို ပျော်ရွှင်စွာဖြတ်သန်းလာခဲ့လိုက်တယ်။

” ဂျိုင်း ”

မေကျော့ရှင်းသတိထားနေတဲ့ကြားကနေ တိုက်ခန်းရဲ့သံဘာဂျာတံခါးဆွဲပိတ်သံက နည်းနည်းကျယ်သွားခဲ့တယ်။သံဘာဂျာတံခါးကိုပိတ်ပြီးတဲ့အခါမှာ အတွင်းသစ်သားတံခါးကိုပိတ်ပစ်လိုက်တယ်။တံခါးပိတ်ပြီး နောက်ကိုပြန်လှည့်လိုက်ချိန်မှာ မျက်လုံးတွေကဝရန်တာကနေတဆင့် မြေပြင်ဆီကိုယောင်ယမ်းကာလှမ်းကြည့်လိုက်မိတယ်။အိမ်ရှေ့တံခါးနဲ့ဝရန်တာ တဆက်တည်းဖြစ်နေတဲ့အချက်က တံခါးဖွင့်လိုက်ပိတ်လိုက်ချိန်တိုင်းမှာ အပြင်ကိုလှမ်းကြည့်မိတတ်တာက အကျင့်လိုဖြစ်သွားခဲ့တယ်။အောက်မြေပြင်ဆီကိုလှမ်းကြည့်လိုက်မိတဲ့မျက်လုံးတွေကို ချက်ချင်းအကြည့်လွှဲပစ်လိုက်ပြီးတော့ ဝရန်တာတံခါးကိုပါပိတ်ပစ်လိုက်တယ်။

အိမ်ခန်းကျဉ်းလေးကတိတ်ဆိတ်နေတယ်။တိတ်ဆိတ်နေတဲ့ဧည့်ခန်းထဲမှာ မေကျော့ရှင်းထိုင်ချလိုက်ပြီးတော့ တီဗီကိုလှမ်းဖွင့်လိုက်တယ်။ဒီအခါမှာ တီဗွီရဲ့မျက်နှာပြင်ထက်မှာ ကြောက်စရာသရဲမျက်နှာကြီးက ဘွားခနဲပေါ်လာခဲ့တယ်။

“အမယ်လေး”

ကြောက်စရာမျက်နှာကြီးကိုကြည့်ပြီး မေကျော့ရှင်းလန့်ဖျပ်သွားမိကာ တီဗီကိုချက်ချင်းပြန်ပိတ်လိုက်ရတယ်။တကယ်တော့ ဒီသရဲဇာတ်ကားကမေးကျော့ရှင်းကြည့်လက်စဇာတ်ကားလေ။ညတုန်းကတောင် ဒီဇတ်ကားကို တစ်ယောက်တည်းအသည်းအသန်ကြည့်နေခဲ့သေးတာ။ညတုန်းကတော့ကြောက်စိတ်လဲလုံးလုံးမှမရှိခဲ့တာသေချာတယ်။အခုတော့ဘာကြောင့်မှန်းမသိ မေကျော့ရှင်းစိတ်ထဲကြောက်သလိုလိုဖြစ်သွားမိတယ်။လန့်သလိုဖြစ်သွားတဲ့စိတ်ကြောင့် တီဗီကိုပြန်မဖွင့်တော့ဘဲ ဖုန်းနဲ့တရားခွေဖွင့်ထားလိုက်တယ်။တရားကိုနားထောင်နေပေမဲ့ မေကျော့ရှင်းစိတ်ထဲမှာအားငယ်သလိုလို ဘာရယ်မှန်းသေချာမသိတဲ့စိတ်တွေဖြစ်နေမိတယ်။အိမ်ရှေ့တံခါးနှစ်ချပ်ရယ်၊သံပန်းတပ်ဆင်ထားတဲ့ဝရန်တာရယ်။နောက်ထပ်ထပ်ပိတ်ထားတဲ့ဝရန်တာတံခါးရယ်ကို ကြည့်ပြီးစိတ်ထဲမလုံခြုံသလိုလိုဖြစ်နေမိတာ။ဒါတင်မကသေးဘူး။သံပန်းတပ်ထားတဲ့နောက်ဖေးပြတင်းပေါက်ကလွဲလို့် နောက်ဖေးတံခါးပေါက်တောင်မရှိတဲ့ တိုက်ခန်းထဲမှာနေပြီး နောက်ဖေးဘက်ကိုပါစိတ်မလုံသလိုလှမ်းကြည့်လိုက်မိပြန်တယ်။အမြဲတမ်းတိတ်ဆိတ်နေခဲ့တဲ့အခန်းက ဒီနေ့မှပဲပိုပြီးအေးစက်ချောက်ချားစရာဖြစ်နေခဲ့တာမို့ သူမစိတ်ထဲမှာမွန်းကျပ်သလိုလိုတောင်ဖြစ်လာတယ်။ဒီကြားထဲလည်ချောင်းတစ်လျှောက်မှာလဲ မီးစနဲ့အထိုးခံရသလိုပူထူထူကြီးဖြစ်နေခဲ့တယ်။ဒီအေးစက်စက်နဲ့ရင်တုန်ချင်စရာခံစားချက်ကြီးကို မေကျော့ရှင်းမခံစားခဲ့ရတာတစ်နှစ်ကျော်ခဲ့ပြီးလေ။အခုတော့လဲ..။အေးစက်မွန်းကျပ်လှတဲ့ ခံစားချက်ကြီးကိုမေကျော့ရှင်းဆက်ပြီးမခံစားနိုင်တော့ပါ။တီဗီကိုပြန်ဖွင့်လိုက်ပြီး သူမအကြိုက်ဆုံးအဆိုရှင်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းရဲ့သီချင်းခွေကိုခပ်ကျယ်ကျယ်ဖွင့်ချပစ်လိုက်တယ်။

” သွားတော့..သွားတော့ ..နင်လိုရာသွားတော့ ငှက်ကလေးလို ”

ဖန်ပြင်သားထက်ကပေါ်လာတဲ့သီချင်းကိုနားထောင်ပြီး မေကျော့ရှင်းအဓိပ္ပါယ်မဲ့ရယ်မောပစ်လိုက်မိတယ်။တိုက်ပဲတိုက်ဆိုင်နိုင်လွန်းလို့ပါ။

~~~~a~~~ k~~~y~~~i~~~~i~~~~p~~h~~~~y~~~~u~~~~~~~

ဟော်တယ်ခန်းထဲကိုရောက်တာနဲ့ ဇွဲညီထင်ကျောထက်ကလွယ်ထားတဲ့ကျောပိုးအိတ်ကိုပစ်ချလိုက်ပြီးတော့ အိစက်နေတဲ့အိပ်ရာပေါ်ကိုဝုန်းခနဲပစ်လှဲချလိုက်တယ်။ဒီအခါမွေ့ရာထဲကိုနစ်ဝင်သွားတဲ့အထိအတွေ့ကြောင့် ဇွဲညီထင်ရဲ့စိတ်တွေပိုပြီးလန်းဆန်းတက်ကြွသွားခဲ့တယ်။ကျေနပ်ပျော်ရွှင်စိတ်အပြည့်နဲ့ အိပ်ရာပေါ်မှာ လူးလိမ့်လိုက်ရင်းက တီဗီရီမုကိုလှမ်းယူလိုက်ပြီး သူကြိုက်တဲ့အားကစားလိုင်းကိုဖွင့်ထားပစ်လိုက်တယ်။ပြီးတော့ သူအကြိုက်ဆုံးအဆိုတော် သီချင်းတွေကိုဖွင့်ထားလိုက်တယ်။သီချင်းနားထောင်ရင်းက သူ့စိတ်တွေမြူးကြွသွက်လက်လာပြီး သူ့ဘဝကအသစ်တဖန်ပြန်လည်မွေးဖွားလာသလိုခံစားလိုက်ရတော့တယ်။

~~~~a~~~~k~~~y~~~~~i~~~~P~~~~h~~~~~~~~y~~~u~~~~~~~~~~~

တရားရုံးထဲကအထွက်မှာ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြတယ်။

” လက်ဖက်ရည်သောက်အုံးမလား ”

ဇွဲညီထင်ကပေါ့ပါးသွက်လက်တဲ့လေသံနဲ့ မေကျော့ရှင်းကိုမေးလိုက်တယ်။

” ဟင့်အင်း..မသောက်တော့ဘူး….ငါလက်ဖက်ရည်မကြိုက်ဘူး ”

” အင်း…ဟုတ်သားပဲ ..ဆောရီး..ငါတို့လမ်းမခွဲခင်တစ်ခုတော့မှာလိုက်ပါရစေ….ငါတို့နှစ်ယောက်လုံး ငါတို့ကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက်မကောင်းမပြောကြဖို့ကတိပြုရအောင်….ငါတို့တွေဆိုရှယ်မီဒီယာပေါ်မှာလဲ မသိဟန်ဆောင်နေကြပြီး …ကိုယ့်ဘဝနဲ့ကိုယ်နေကြရအောင် ..ဒီလောက်တော့မင်းလဲလုပ်နိုင်မှာပါ ”

ဇွဲညီထင်ရဲ့ စကားကြောင့် မေကျော့ရှင်းက အားပါးတရ ပြုံးလိုက်တယ်။

” ငါက မနေ့ညကတည်းက..ဖေ့ဘုတ်အကောင့်တွေကအစဖျက်လိုက်ပြီး… အခုအသစ်ဖွင့်သုံးနေတာလေ ….အခုချိန်ကစပြီး နင်နဲ့ငါက ဘာမှမဆိုင်တဲ့သူတွေပဲမို့ ပတ်သက်စရာအကြောင်းလဲမရှိတော့ပါဘူး..သွားခွင့်ပြုပါအုံး ”

မေကျော့ရှင်းကပြောပြီးတာနဲ့ ဇွဲညီထင်ကိုချာခနဲကျောခိုင်းပစ်လိုက်တယ်။

မေကျော့ရှင်းကျောခိုင်းသွားတာနဲ့တစ်ပြိုင်နက် ဇွဲညီထင်ကလည်း မေကျော့ရှင်းထွက်သွားရာဘက်ကို ချာခနဲကျောခိုင်းလိုက်ပြီး ဆန့်ကျင်ဘက်အရပ်ကိုဆက်လျှောက်ခဲ့လိုက်တယ်။ဇွဲညီထင်ရဲ့ခြေလှမ်းတွေကပေါ့ပါးလန်းဆန်းလို့နေခဲ့တာ အမှန်။

~~~~ a~~~~k~~~~y~~~i~~~~~p~~~h~~~~y~~~u~~~~~

” ဘာပြောတယ် ဇွဲညီ..မင်း..မင်းတို့ကွာရှင်းလိုက်ကြပြီဟုတ်လား ”

ဒေါ်မေသူက သားဖြစ်သူဇွဲညီထင်ကိုကြည့်ပြီး အံ့သြထိတ်လန့်စွာမေးလိုက်တယ်။

” ဟုတ်တယ် အမေ..ကျွန်တော်တို့ကွာရှင်းလိုက်ပါပြီ..အမေတို့လဲ သူ့ကိုမဆက်သွယ်ကြပါနဲ့တော့ ”

” ဘာ..ဘာပြောတယ်..မင်းတို့လွန်လှချည်လားကွ..အိမ်ထောင်ရေးကိုကစားစရာလို့ထင်နေကြတာလား ….သူမှသူပါဆိုပြီး မေကျော့ရှင်းနဲ့မှလက်မထပ်ရရင် ‌ေ.သတော့မလိုလိုဖြစ်ခဲ့တာလဲ မင်းပဲ…အခုတော့လူကြီးတွကိုတောင် မပြောကြဘဲ …မင်းတို့လုပ်ချင်ရာကိုလုပ်ကြပြန်ပြီလား ….မင်းတို့က ငါတို့တွေကို မိဘတွေလို့တောင်သက်မှတ်ကြရဲ့လားဟင် …မေကျော့ရှင်းကိုခုချက်ချင်းဖုန်းဆက်ခေါ်စမ်း ”

“တော်ပါတော့အမေရာ…ဒါကကျွန်တော်တို့ပြဿနာပါ….ကျွန်တော်တို့အကြောင်းကိုကျွန်တော်တို့ပဲအသိဆုံးပါ …ပျော်စရာပဲဖြစ်ဖြစ်စိတ်ညစ်စရာပဲဖြစ်ဖြစ် ကျွန်တော်တို့ပဲခံစားရတာပါ..ကျွန်တော်တို့နှစ်ယောက်ဘယ်လိုမှ ရှေ့ဆက်လို့မဖြစ်တော့လို့ …လမ်းခွဲလိုက်ကြတာပါ….ဒီကိစ္စအတွက်သူရောကျွန်တော်ရော အကောင်းဆုံးလမ်းကိုရွေးလိုက်တာပါ ..အမေတို့တွေ ကျွန်တော်တို့ကိစ္စတွေမှာဝင်မပါဖို့တောင်းပန်ပါတယ် ”

” ဘာ…မင်းတိုတွေက မိဘတွေကိုမိဘတွေလို့ကို မသက်မှတ်ကြတော့ဘူးလား ..ရတယ်လေ..မင်းတို့ကတောင် ဒီလိုသဘောထားမှပေါ့ …ငါတို့ကဘာပြောစရာလိုမှာလဲ…အေး..မင်းလဲငါတို့ကိုမိဘလို့မသက်မှတ်ဘဲလုပ်ချင်ရာလုပ်လာတဲ့အတွက်… ငါတို့ကလဲငါတို့လုပ်ချင်ရာလုပ်မယ်….မင်းကိုအိမ်မှာနေခွင့်မပြုနိုင်ဘူး ”

မိခင်ဖြစ်သူရဲ့စကားကြောင့် ဇွဲညီထင်ကပြုံးလိုက်ပြီး

” ဟုတ်ကဲ့ပါအမေ..ကျွန်တော်ကလဲ အလုပ်နဲ့နီးတဲ့နေရာမှာနေဖို့အတွက် …အဆောင်ငှားထားပြီးပါပြီ….အဲ့ဒါ အမေတို့ကိုလာပြောပြတာပါ ”

” ဘာ ..မင်း..မင်းလုပ်ချင်ရာတွေကိုလုပ်ပြီးမှ မိဘကိုလာအသိပေးတာပေါ့ဟုတ်လား….သွားစမ်း ….မင်း ခုချက်ချင်းငါ့ရှေကထွက်သွားစမ်း ”

” ဟုတ်ကဲ့ ..အမေကသွားဆိုရင်လဲသွားပါ့မယ်…အဖေ့ကိုတော့ အမေပဲပြောပြလိုက်ပါ..ဟို..ပြီးတော့ သူ့ကိုလုံးဝအဆက်အသွယ်မလုပ်ပါနဲ့အမေ….ကျွန်တော်တို့နှစ်ယောက်ကွာရှင်းတဲ့ကိစ္စမှာ….ကိုယ့်မိဘအသိုင်းအဝိုင်းတွေကို …ကိုယ်တိုင်ပဲတာဝန်ယူဖြေရှင်းကြမယ်လို့ လက်မှတ်ထိုးခဲ့လို့ပါ ”

” ဘာ..ဘာပြောတယ်..ဇွဲညီ..မင်း..မင်းတော်တော့..မင်းမျက်နှာကိုမမြင်ချင်တော့ဘူး ခုချက်ချင်းထွက်သွားလိုက်တော့….မိဘမျက်နှာကိုအိုးမည်းသုတ်တဲ့ကောင်…လက်ထပ်ချင်တော့လဲသူတို့…ကွာရှင်းတော့လဲ မိဘကို အကျိုအကြောင်းလေးတောင်မပြောကြဘူး ..အေး..လုပ်ချင်ရာလုပ်ကြဟေ့”

မိခင်ဖြစ်သူက ဒေါသတကြီးနဲ့အော်လိုက်တဲ့အချိန်မှာပဲ ဇွဲညီထင်က အိမ်ခြံဝန်းထဲကနေအမြန်ဆုံးပြန်ထွက်ခဲ့လိုက်တယ် ။

~~~~a~~~k~~~y~~~i~~~p~~~h~~~y~~~u~~~~~~~~~~~~

” ဘာပြောလိုက်တယ် မိကျော့ ..နင်..နင်တို့ကွာရှင်းလိုက်ပြီဟုတ်လား…နင်တို့ကွာရှင်းလိုက်တာကို ဖအေဖြစ်တဲ့ငါတောင်မသိရပါလား…ငါ့ကိုအဖေလို့ရောသဘောထားသေးရဲ့လား ပြောစမ်းပါအုံး..ဘာလို့ကွာရှင်းလိုက်ကြတာလဲ ပြောလေ..ပြော…ဇွဲညီထင်ဆိုတဲ့ကောင်ကို အခုချက်ချင်းဖုန်းဆက်ပြီးခေါ်လိုက်စမ်း ”

ဦးတိုးနိုင်က သမီးဖြစ်သူကိုကြည့်ပြီး ဒေါသတကြီးနဲ့ပြောလိုက်တယ်။

==a===k====y=====i====p==h==y===u==

အပိုင်း(၂)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

” ဟို..ဟို…မဆက်ပါနဲ့အဖေ..သူနဲ့သမီး သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ကြတာပါ….သမီးတို့အဆင်မပြေကြတာ လေးငါးလလောက်ရှိနေပါပြီ….အဆင်မပြေတာတွေကိုညှိယူနေရင်းကနေ ..ပိုပြီးအဆင်မပြေဖြစ်လာကြလို့်….ကွာရှင်းလိုက်ကြဖို့ဆုံးဖြတ်လိုက်တာပါ ”

” စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဟုတ်လား..လွယ်လှချည်လားမိကျော့ရဲ့…ဖအေကြီးကို အမျိုးတွေကြားမှာ အရှက်ခွဲလိုက်တာပေါ့ဟုတ်လား….လက်ထပ်မယ်ဆိုတုန်းကလဲ နင်တို့နှစ်ယောက်လုံးလက်ထပ်ဖို့ပြင်ဆင်ပြီးမှ ဖအေဖြစ်တဲ့ ငါ့ကိုအသိပေးခဲ့တာ …ဇွဲညီထင်ဆိုတဲ့ကောင်ဆီကိုအခုချက်ချင်းဖုန်းဆက်စမ်း ..”

“မဆက်ချင်ဘူးအဖေ…အဖေတို့လဲမဆက်ပါနဲ့….တကယ်လို့အဖေတို့ဆက်လဲ သူကကိုင်မှာမဟုတ်ပါဘူး..သမီးကိုသိက္ခာကျအောင်မလုပ်ပါနဲ့နော် အဖေ..သမီးမှာလဲသမီးမာနရှိပါတယ်….ယောကျာ်းတစ်ယောက်ရှိမှ သမီးဘဝကအဆင်ပြေမှာမျိုးမဟုတ်ပါဘူး….သမီးဘဝကို သမီးဘာသာထူထောင်နိုင်ပါတယ်….သူနဲ့လက်မထပ်ခင်ကလဲ သမီးဘဝကိုသမီးဘာသာရုန်းကန်ခဲ့တာပဲလေ…..အခုလဲအရင်ကလိုပြန်ဖြစ်သွားတာပါ….ပြဿနာကြီးမဟုတ်ပါဘူး အဖေ ”

” ဘာပြောတယ်..ပြဿနာကြီးမဟုတ်ဘူး ဟုတ်လား..နင့်ဘဝတစ်ခုလပ်ဖြစ်သွားတာလေ..အဲ့ဒါကပြဿနာမဟုတ်ဘူးလား…..နင်မှာအရှက်သိက္ခာဆိုတာရောရှိရဲ့လားမိကျော့ရဲ့.. ”

ဖခင်ဖြစ်သူရဲ့ မညှာမတာပြောလိုက်တဲ့ စကားကြောင့် မေကျော့ရှင်းရင်ထဲအောင့်ခနဲဖြစ်သွားရပြီး

” တစ်ခုလပ်ဖြစ်တာ ဘာဖြစ်လို့လဲအဖေ..ရှက်ရအောင် သမီးကသူများယောက်ျားကိုလုယူနေတာလဲမဟုတ်ဘူး…သမီးတို့ဘာသာအဆင်မပြေကြလို့လမ်းခွဲလိုက်တာလေ ဘယ်သူ့ကိုဒုက္ခပေးနေလို့လဲ…အဖေရှက်တယ်ဆိုရင် အဖေတို့အိမ်ကို သမီးထပ်မလာတော့ပါဘူး ”

” ဘာ…ဖအေကို နင်ဘယ်လိုပုံစံနဲ့ပြောလိုက်တာလဲမိကျော့….အရှက်မရှိဟာမ..ဖအေကိုအရှက်ခွဲတဲ့ဟာမ..ကဲဟာ ”

” ဖြန်း ”

ဦးတိုးနိုင်ကစိတ်ကို မထိန်းနိုင်တော့ဘဲ သမီးဖြစ်သူရဲ့ပါးပြင်ကိုရို.က်ချပစ်လိုက်တယ်။

” အို…အစ်ကိုကြီးမလုပ်နဲ့လေ…ပတ်ဝန်းကျင်ကကြားလို့လဲမကောင်းဘူး..ကဲပါ…ကျော့ကျော့လဲပြန်လိုက်တော့နော်..သမီးအဖေကိုအန်တီပြောထားပေးပါ့မယ် ”

ဖခင်ဖြစ်သူရဲ့ဒေါသကို မိထွေးဖြစ်သူကဝင်ရောက်ထိန်းလိုက်ပြီး တားမြစ်လိုက်တာကိုမြင်လိုက်ရတော့ မေကျော့ရှင်းအံလေးကိုကြိတ်ကာ ထိုင်နေရာက ချက်ချင်းထထွက်ခဲ့လိုက်တယ်််။တကယ်တော့ မေကျော့ရှင်းဆိုတဲ့သူမက ဘယ်သူ့အတွက်မှအရေးမပါခဲ့တာကိုသိသလို၊လောကကြီးမှာတစ်သက်လုံးတစ်ယောက်တည်းပဲနေသွားမှဖြစ်မယ်ဆိုတာကိုပါ သဘောပေါက်နားလည်လိုက်တယ်။

နာကျင်သွားတဲ့ပါးပြင်ကို လက်နဲ့အသာပွတ်ရင်း မေကျော့ရှင်းနာကျင်စွာပြုံးလိုက်မိတယ်။လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းကလဲ ဒီလိုပုံစံမျိုးနဲ့ပဲ အိမ်ကနေပြီးသူမထွက်ခဲ့ရတာလေ။အဲ့ဒီအချိန်တုန်းကတော့ မိထွေးနဲ့ပြဿနာဖြစ်ရာကစလို့ အဖေရဲ့ဒေါသတွေနဲ့ရင်ဆိုင်ခဲ့ရပြီး သားအဖနှစ်ယောက်ပြဿနာဖြစ်ခဲ့ကြတာ။တကယ်တမ်းပြဿနာဖြစ်လာခဲ့တဲ့အခါမှာတော့ ငယ်ငယ်တုန်းကကြွေးကြော်ထားခဲ့သလို အမွေတောင်းဖို့လဲ စကားတောင်မဟရဲခဲ့။စုထားတဲ့ငွေနည်းနည်းနဲ့အဝတ်သုံးလေးထည်ကိုယူပြီး အမေ့အစ်မကြီးအိမ်ကိုဆင်းသွားခဲ့လိုက်တယ်။ကြီးကြီးတို့အိမ်မှာတစ်လကျော်လောက်နေပြီးတော့ အဖေနဲ့မိထွေးကလိုက်ခေါ်ပေမဲ့ ပြန်မလိုက်သွားခဲ့ဘူး။စတိုးဆိုင်တစ်ဆိုင်မှာအလုပ်ဝင်လုပ်ပြီး ဆိုင်ကပေးတဲ့အဆောင်မှာပြောင်းနေခဲ့တယ်။အလုပ်လုပ်ရင်းနဲ့စီးပွားရေးအဝေးသင်ဘွဲ့လဲရအောင်ယူခဲ့တယ်။သူမဘဝက အသက်ဆယ့်ရှစ်နှစ်အရွယ်ကစလို့ အလုပ်ကပေးတဲ့အဆောင်မှာနေလိုက်၊အပြင်ကအမျိုးသမီးဘော်ဒါဆောင်တွေမှာ ငှားနေလိုက်နဲ့တစ်နှစ်မှာ အနည်းဆုံးတော့ အဆောင်နှစ်ခုလောက်ပြောင်းနေခဲ့ရပြီးရှင်သန်ခဲ့ရတာ။ဒါပေမဲ့ အဖေ့ကိုစိတ်မနာခဲ့ပါဘူး။ပြီးတော့ငွေမက်ပြီး အပြစ်ပဲပြောနေတတ်တဲ့ ကြီးကြီးကိုလဲစိတ်မနာပါဘူး။ဘယ်လောက်အလုပ်ကြိုးစားစား တိုက်ခန်းလေးတစ်ခန်းတောင် ငှားမနေနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုပဲစိတ်နာခဲ့တာပါ။ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်ကျော်အထိ အိပ်ရာလိပ်နဲ့လက်ဆွဲအိတ်ကိုသယ်ပြီးမကြာခဏအဆောင်လိုက်ရှာနေရတဲ့ဘဝမှာပဲနေခဲ့ရတာ။မေကျော့ရှင်းရဲ့အကျင့်ကလဲ ကိုယ်နေတဲ့အဆောင်မှာ လူမသန့်တော့ဘူးထင်ရင်သည်းခံမနေဘဲ ချက်ချင်းကိုပြောင်းတတ်တဲ့အကျင့်ရှိတယ်လေ။ပြီးတော့လဲ အဆောင်မှာနေတယ်ဆိုပေမဲ့ သန့်ရှင်းသပ်ရပ်ပြီးကိုယ်ပိုင်အခန်းနဲ့နေရတဲ့အဆောင်မျိုးမှာပဲနေတာ။ဒီတော့လဲ လုပ်အားခရဲ့လေးဆယ်ရာခိုင်နှုန်းလောက်က နေစရိတ်ပေးရတာနဲ့ကုန်တာ။ကျန်တဲ့ငွေနဲ့ စားစရိတ်၊အဝတ်အစား၊ဆေးဖို့ဝါးခဘာညာသုံးလိုက်တော့ တစ်လတစ် လအလျဉ်းမီအောင်မနည်းသုံးနေခဲ့ရတာမို့ ကိုယ်ပိုင်အခန်းဆိုတာမျိုးကိုလဲ စိတ်တောင်မကူးနိုင်ခဲ့ဘူး။ဒီလိုနဲ့အသက်ကလဲနှစ်ဆယ့်ငါးဖြစ်လာ။လောကကြီးကိုလဲ စိတ်တိုင်းမကျဖြစ်နေချိန်မှာပဲ သူမထက်ငါးလလောက်ငယ်တဲ့ ဇွဲညီထင်နဲ့တွေ့ခဲ့ရတာ။သူမတို့တွေ့တုန်းကဆိုရင် ဇွဲညီထင်က တကယ့်ကိုလူချောလေးတစ်ယောက်။အခုလမ်းခွဲချိန်အထိလဲချောပါတယ်လေ။ဇွဲညီထင်ကရုပ်ချောတာလဲ မပြောနဲ့။ဝတ်လိုက်တဲ့အဝတ်အစားတွေကလဲမီးပူထိုးတာများ ကော့ကြော့နေတာပဲ။လူကလဲနေတတ်လိုက်တာများ ခပ်နွမ်းနွမ်းအဝတ်အစားတွေဝတ်ထားရင်တောင် ရုပ်ထွက်ပြီး သန့်ပြန့်နေတာမျိုး။လူကလဲ တော်ရုံလူနဲ့ရောလေ့မရှိဘဲခပ်တည်တည်ခပ်တင်းတင်းပဲနေတယ်။သီချင်းနားထောင်လိုက်ရင်လဲ အေးအေးငြိမ့်ငြိမ့်သီချင်းချိုချိုလေးတွေပဲနားထောင်တာ။အစားအသောက်စားရင်လဲ စပ်တာတွေငန်တာတွေနဲ့အရမ်းချိုတာမျိုးတွေဆိုမစားဘူး။ထူးခြားချက်က သူ့ဘာသာခပ်အေးအေးနေတတ်တာပဲ။

နောက်ကြောင်းတွေကို ဒီလိုတွေးကြည့်လိုက်တော့လဲ သူမနဲ့ဇွဲညီထင်ကြားမှာ အမူအကျင့်တွေ၊အကြိုက်တွေကအစတတ်တတ်စင်အောင်လွဲချော်နေခဲ့တာကို မေကျော့ရှင်းသတိထားလိုက်မိတယ်။သေချာအောင်ပြောရမယ်ဆိုရင် သူကအဖြူဆိုရင်မေကျော့ရှင်းကအမည်းဖြစ်နေခဲ့တာမျိုးလို့ပြောလို့ရလောက်တယ်။နှစ်ယောင်သားကြားမှာ အစားအသောက်ကြိုက်တာကလဲဆန့်ကျင့်ဘက်မှဆန့်ကျင်ဘက်လုံးလုံးဖြစ်ခဲ့တာ။ကုန်ကုန်ပြောရရင် ရုပ်ရှင်ကြည့်ကြတာကအစ။မေကျော့ရှင်းက သရဲ့ဇာတ်ကား၊ လူသ**တ်ကား၊စုံထောက်ဇာတ်လမ်းမျိုးတွေကြိုက်သလောက် ဇွဲညီထင်ကတော့ ပြိုင်ပွဲတွေပါဇာတ်လမ်းမျိုးတွေပဲကြိုက်တတ်တာ။အစားအသောက်လဲ အဲ့ဒီလိုပါပဲ မေကျော့ရှင်းကချဉ်ချဉ်ငန်ငန်စပ်စပ်အစားအစာတွေပဲစားတတ်တာလေ။နောက်ဆုံးကုန် ကုန်ပြောရရင် ဇွဲညီထင်က အနေအေးသလောက်သူမကတော့ မသိသူမရှိသလောက် အပေါင်းအသင်းမိတ်ဆွေတွေလဲပေါများခဲ့တယ်။နောက်တစ်ချက်က မေကျော့ရှင်းဆိုတဲ့သူမက ဆတ်ဆတ်ထိမခံဘဲခပ်စွာစွာစရိုက်မျိုးနဲ့အကြောတင်းသူလဲဖြစ်တယ်။ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက်က တစ်နေ့မှာ မမျှော်လင့်ဘဲဆုံစည်းခဲ့ကြပြီးတော့ ဘဝတစ်ခုကိုထူထောင်ခဲ့ကြတယ်။တကယ်တမ်းစဉ်းစားကြည့်တော့လဲ သူမတို့နှစ်ယောက်ရဲ့မပြေလည်မှုတွေက စရိုက်မတူကြလို့မဟုတ်ကြဘဲ အချစ်ဆိုတဲ့ခံစားချက်စစ်စစ်မရှိခဲ့ကြလို့ဆိုတာကို နားလည်သဘောပေါက်လာခဲ့ရတယ်။ဇွဲညီထင်ဆိုတဲ့သူ့ဆီမှာ သူမနဲ့ပတ်သက်ပြီး အချစ်ဆိုတဲ့ခံစားချက်မျိုးမရှိတာကို သူမသဘောပေါက်လာရသလို သူမကိုယ်တိုင်ကလဲ ကိုယ့်အပေါ်ဝတ်ကျေတန်းကျေပဲရှိနေတဲ့ယောက်ျားတစ်ယောက်ကိုလက်လွှတ်ပေးဖို့ကို ဝန်လေးမနေတော့ဘူးလေ။ဒါကသူမတို့နှစ်ယောက်ရဲ့ဖြစ်ကြောင်းကုန်စင်နီးပါးလို့ပဲပြောရမလား။

~~~a~~~~K~~~y~~~~~~i~~~~p~~~h~~~y~~~~y~~~~~

” ဘယ်လို..နင်တို့ကွာရှင်းလိုက်ကြပြီဟုတ်လား..ငါတို့လဲမသိရပါလား….နင့်တို့မိဘတွေရောသိပြီးပြီလား ..နင်တို့တွေ အဆင်မပြေမှန်းသိပေမဲ့ ဒီလောက်အထိဖြစ်လိမ့်မယ်လို့မထင်ခဲ့မိဘူးကျော့ရယ်..ဇွဲညီကနင့်ကိုသိပ်ချစ်ခဲ့တာမဟုတ်လား..ဟို…မ..မဟုတ်မှ သူအသစ်တွေ့သွားတာများလား ”

ငယ်သူငယ်ချင်းဖြစ်တဲ့ မီမီခိုင်က အလန့်တကြားနဲ့မေးလိုက်တယ်။

“မသိဘူးလေဟယ်..ဟုတ်ချင်လဲဟုတ်မှာပေါ့..သူနဲ့ငါကအလုပ်ချင်းလဲတူမှမတူတာ ”

“ဘာပြောတယ် ဟုတ်ချင်ဟုတ်မှာပေါ့ဟုတ်လား …ကျော့ကျော့ရယ် နင်နေနိုင်လှချည်လားဟဲ့..နင်တို့တွေနှစ်ဦးသဘောတူကွာရှင်းတယ်‌ပဲပြောပြော..သူ့ဘက်ကဖောက်ပြန်တယ်ဆိုရင်တော့ ဒီတိုင်းငြိမ်ခံမနေနဲ့ လေဟယ်….တစ်ဖက်ကမိန်းမဝမ်းသာအောင်နင်ကလုပ်ပေးလိုက်တာပဲ ”

” တော်ပါတော့ မီမီရယ်….ငါ့ကိုမေတ္တာမရှိတော့လို့မှ နောက်တစ်ယောက်ပြောင်းသွားတာကို …ငါကဘာလို့်အရှက်မရှိလိုက်ပတ်သက်နေရမှာလဲ..ငါနဲ့အတူတူမနေနိုင်တော့ပါဘူးလို့ပြောတဲ့သူကို ..အတင်းဆွဲထားပြီးတော့ ..ငါကစိတ်ညစ်ခံနေရမှာလားဟဲ့..ငါလဲငါ့အပေါ်ကို သူတကယ်ချစ်တယ်လို့ထင်လို့ သူ့ကိုရွေးချယ်ခဲ့တယ်..သူကမချစ်တော့ပါဘူးဆိုပြီးလမ်းခွဲလိုက်တာကို ..ငါကအရှက်မရှိ သူ့နောက်တကောက်ကောက်လျှောက်လိုက်နေရမှာလား ..တော်ပြီဟာ..သူ့အကြောင်းပြောတာ ဒီနေ့နောက်ဆုံးပဲ..ငါ့သူငယ်ချင်းအဖြစ်ဆက်ရှိနေချင်တယ်ဆိုရင် သူ့အကြောင်းလုံးဝမပြောနဲ့တော့ကြားလား ”

မီမီခိုင်ကိုယတိပြတ်ပြောလိုက်ပြီးတော့ စကားလမ်းကြောင်းကို မေကျော့ရှင်းပိတ်ပစ်လိုက်တယ်။ယောက်ျားတစ်ယောက်အတွက် မေကျော့ရှင်းရဲ့ဘဝမှာမျက်ရည်ကျတာ၊နောင်တရတာမျိုးမရှိစေရဘူး။ယောက်ျားတစ်ယောက်အတွက်မဟုတ်ဘူး။မေကျော့ရှင်းဆိုတဲ့ သူမရဲ့ဘဝမှာဘယ်သူ့အတွက်မှ မျက်ရည်ကျတာမျိုးမရှိစေရဘူး။ ဒါက သူမရဲ့တစ်သက်တာထာ၀ရဆုံးဖြတ်ချက်ပဲ။

~~~–a~~~k~~~y~~~~i~~~p~~~h-~~y~~~u~~~~

အဆောင်ဆိုပေမဲ့ အသေးစားကိုယ်ပိုင်တိုက်ခန်းပုံစံမျိုးဆိုတော့ အခန်းထဲမှာမီးဖိုခုံ၊ဘေစင်ကစလို့ အိမ်သာရေချိုခန်းလဲပါတယ်။ခုတင်တစ်လုံးနဲ့ စာကြည့်စားပွဲလေးတစ်လုံးလဲ ပါတယ်။ ဒီလောက်လေးပါတာက အကောင်းစားပြည့်စုံတဲ့ အခန်းမျိုးမဟုတ်ပေမဲ့ သင့်တင့်လုံလောက်တဲ့အနေအထားလို့ဇွဲညီထင်တွေးလိုက်တယ်။ခပ်သေးသေးမီးဖိုခန်းလေးထဲမှာ သူ့အကြိုက်တွေချည်းပဲ စိတ်ကြိုက်ချက်စားလို့ရတာနဲ့တင် ဘဝကကျေနပ်စရာကောင်းနေပြီလေ။ပြီးတော့လဲ ခုတင်နဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ တီဗီကလဲ သူ့အပိုင်ပဲမို့ သူ့ဖွင့်ချင်တဲ့ ရုပ်ရှင်ကားကို သူ့စိတ်ကြိုက်ဖွင့်လို့ရတယ်။ပြောရရင်အားလုံးကို သူ့စိတ်ကြိုက်သူ့သဘောကျ လုပ်ပိုင်ခွင့်ရှိနေပြီ။အခုမှပဲ ဇွဲညီထင်ဆိုတဲ့သူ့ရဲ့ဘဝက တကယ့်ကိုအသစ်တဖန်ပြန်လည်ပြီးမွေးဖွားလာခဲ့သလိုပါပဲ။
အိတ်ထဲမှာထည့်ထားတဲ့ အဝတ်အစားတွေအားလုံးကို တစ်ထည်ချင်းမီးပူထိုးပြီး ဗီရိုထဲကချိတ်တန်းမှာ သေသေသပ်သပ်ချိတ်ထားလိုက်တယ်။အခန်းအဝင်အဝက ဖိနပ်စင်မှာဖိနပ်တွေက သန့်ရှင်းတောက်ပြောင်လို့။အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် ယောက်ျားတစ်ယောက်ဆိုတာ မိဘဆွေမျိုးညီအစ်ကိုမောင်နှမတွေရဲ့အကူအညီမပါဘဲနဲ့ ကိုယ့်ဘဝကို စိတ်တိုင်းကျပုံဖော်နိုင်စွမ်းရှိရမယ်လေ။ဇွဲညီထင်ဆိုတဲ့သူက အခုချိန်မှာအဆောင်ခန်းလေးပဲငှားနေနိုင်ပေမယ့် နောက်သုံးနှစ်အတွင်းမှာ ကိုယ်ပိုင်တိုက်ခန်းဝယ်နိုင်တဲ့ အခြေအနေမျိုးဖြစ်စေရမယ်လို့ စိတ်ကိုပိုင်းဖြတ်ထားခဲ့တယ်။မိန်းမတစ်ယောက်ကြောင့် သူ့ဘဝနှောင့်နှေးခဲ့တာတဲ့အချိန်တွေအတွက် အစကနေပြန်ကြိုးစားရမယ်လေ။

~~~~a~~~~k~~y~~~i~~~~p~~~~h~~~y~~~u~~~~

” ကျော့က အဆောင်မှာနေတာဆိုတော့ အပျိုကြီးလား…မိဘ ညီကိုမောင်နှမတွေရော မရှိဘူးလား ”

ကိုယ်ရေးကိုယ်တာကို စွက်ဖက်သလိုဖြစ်နေတဲ့မေးခွန်းကြောင့် မေကျော့ရှင်းစိတ်ပျက်သွားမိတယ်။မဖြေလို့ကလည်းမဖြစ်။ဒီမေးခွန်းကိုမေးနေတဲ့သူက သူမတို့ရဲ့အဖွဲ့ခေါင်းဆောင်လေ။ဒီအလုပ်ကို မေကျော့ရှင်းပြောင်းလာခဲ့တာ လေးငါလပဲရှိသေးတယ်ဆိုတော့ သူမအကြောင်းကို ဘယ်သူမှမသိကြသေးဘူး။ ဒါနဲ့ပဲ ” ဟုတ်တယ်”ဆိုပြီး ပြီးပြီးရောဖြေလို့ကလည်းမဖြစ်ပြန်ဘူး။မေကျော့ရှင်းကိုယ်တိုင်က လိမ်တာညာတာမျိုးကိုသဘောမကျဘူးလေ။ဒီတော့လည်းအမှန်အတိုင်းပဲ ဖြေလိုက်တော့တယ်။

” အပျိုကြီးမဟုတ်ပါဘူး မမဝေ….တစ်ခုလပ်ပါ…လွန်ခဲ့တဲ့တစ်နှစ်ကျော်ကပဲ ….အိမ်ထောင်ဖက်နဲ့ကွာရှင်းခဲ့တာပါ….အဖေရှိပါတယ်….အဖေကနောက်အိမ်ထောင်နဲ့မို့အဆောင်မှာပဲနေတာပါ ”

” အို ….ဆောရီးပါနော်ကျော့….ကျော့က ပျော်ပျော်ရွှင်ရွှင်နေတတ်တော့ ဒီလိုဝမ်းနည်းစရာအတိတ်တွေရှိမယ်လို့ မထင်လို့ မမဝေကမေးလိုက်မိတာပါ …မမဝေတောင်းပန်ပါတယ်နော် …အင်း…ဘာပဲဖြစ်ဖြစ်ပါ …လမ်းခွဲသွားတဲ့သူကိုမေ့နိုင်ဖို့အတွက် …စိတ်ကိုပျော်ရွှင်အောင်နေတာက နည်းလမ်းမှန်ပါတယ်လေ…အားမငယ်နဲ့နော် ကျော့…ဘဝကိုပျော်ပျော်ပဲနေသိလား….ယောက်ျားတွေက ချစ်လှချည်ရဲ့ကြိုက်လှချည်ရဲ့ဆိုပြီး ချဉ်းကပ်လာရင်လဲ မယုံနဲ့နော်….သူတို့တွေက အဲ့ဒီလိုပဲ…အိမ်ထောင်ကွဲမိန်းကလေးတွေဆိုရင် အလိုလိုနေရင်းအထင်သေးပြီးအခွင့်အရေးယူချင်နေကြတာလေ….ပထမလူအတွက်ခံစားနေရတဲ့စိတ်ကိုဖြေဖို့ဆိုပြီး….သွားတော့မပတ်သက်မိစေနဲ့နော်..အမှားကြီးမှားသွားလိမ့်မယ် ….တို့ကုမ္မဏီထဲမှာလဲ အဲ့ဒီလိုယောက်ျားတွေကတစ်ပုံကြီး…..ကိုယ့်ဘာသာ တည်တည်တံ့တံ့နေနော် ကြားလားကျော့ ”

” ရှင် ..ဟုတ်..ဟုတ်ကဲ့ပါမမဝေ ”

တစ်ခုလပ်လို့ဖြေလိုက်မိတဲ့အဖြေအတွက် မမဝေဆီကနေ စကားရှည်ကြီးတွေကြားလိုက်ရတယ်။ဒီစကားတွေက စေတနာနဲ့ပြောတဲ့စကားတွေလား။အထင်သေးလို့ပြောတဲ့စကားတွေလားဆိုတာကို မေကျော့ရှင်းမခွဲခြားနိုင်တော့ဘူး။သေချာတာကတော့ မမဝေရဲ့စကားတွေကြောင့် မေကျော့ရှင်းရဲ့စိတ်ထဲမှာ ဒေါသဖြစ်သွားသလိုလိုခံစားလိုက်ရတယ်။အရင်လိုစိတ်နဲ့သာဆိုရင် ခပ်စွာစွာလေးပြန်ပြောလိုက်မိမှာ သေချာတယ်။ဒါပေမဲ့ အခုအခြေအနေမှာတော့ ငွေဆိုတဲ့ဒုတိယဘုရားသခင်အတွက် သူမပါးစပ်ကိုအတင်းဖိပိတ်ထားလိုက်ရတယ်။အိမ်ထောင်တစ်ခုပြိုကွဲသွားတဲ့အခါ ယောက်ျားလေးတစ်ခုလပ်တွေအနေနဲ့ ပတ်ဝန်းကျင်ကိုဘယ်လိုရင်ဆိုင်ရတယ်ဆိုတာကိုမသိပေမဲ့ မေကျော့ရှင်းအတွက်တော့ ပတ်ဝန်းကျင်ဆိုတာက သူမထင်ထားခဲ့တာထက်ပိုပြီးခက်ခဲတယ်ဆိုတာကို တဖြည်းဖြည်းပိုသိလာရတယ်။ဒါပေမဲ့လည်းဘာလုပ်လို့ရမှာတဲ့လဲ။သူတို့ထမင်းသူတို့စားပြီးပြောချင်ရာပြောနေကြတဲ့ပါးစပ်တွေကို လိုက်မပိတ်နိုင်သလို ကွာရှင်းကြဖို့ကိုစပြီးပြောခဲ့တဲ့ ဇွဲညီထင်ဆိုတဲ့ကောင်ကိုလည်းပြဿနာသွားရှာလို့မရတော့ဘူးလေ။ဒီတော့လည်း ပတ်ဝန်းကျင်ဆိုတဲ့ မမဝေလိုလူမျိုးတွေကို အကြောတင်းတင်းနဲ့ပဲရင်ဆိုင်နိုင်အောင် ကြိုးစားရတော့တာပေါ့။မတတ်နိုင်ဘူးလေ။အသက်သုံးဆယ်ထဲရောက်လာပြီဖြစ်တဲ့ သူမအတွက် အလုပ်သစ်ရှာဖို့ကအရမ်းကိုခက်ခဲသွားပြီလေ။

~~~~a~~~-k~~~y~~~i~~~p~~~h-~~~~y~~~u~~~

” မောင့်သဘောပဲလေ … မောင်သဘောကျရင်ပြီးတာပဲ..ကိုကိုကြီးက ဒီနှစ်ကုန်ရင်လက်ထပ်မှာဆိုတော့ …ကိုကိုကြီးရဲ့မင်္ဂလာပွဲပြီးသွားမှပဲ …ချစ်တို့အကြောင်းကို ဖွင့်ပြောမလား တွေးနေတာ … ”

ချွဲချွဲနွဲ့နွဲ့နဲ့ပြောနေတဲ့ အသံကြောင့် ဘေးကစားပွဲဝိုင်းဆီကို မေကျော့ရှင်းမသိမသာ လှမ်းကြည့်လိုက်မိတယ်။မေကျော့ရှင်းရဲ့ဘဝမှာ ရည်းစားထားပြီးယောကျာ်းသာရခဲ့ဖူးပေမဲ့ ဒီလိုအသံမျိုးနဲ့ တစ်ခါမှ မပြောခဲ့ဖူးဘူး။ကိုယ်တိုင်က မပြောဖူးတော့ တစ်ယောက်ယောက် ဒီလိုလေသံနဲ့ ပြောနေတာကြားရင် သိပ်ကိုအူယားတာ။ အခုလဲကြည့်အုံး ဘေးချင်းကပ်စားပွဲဝိုင်းဆီကနေ အမျိုးသမီးရဲ့ ခပ်ချွဲချွဲအသံကို မကြားချင်လဲကြားနေရတယ်။အမျိုးသမီးကို လှမ်းကြည့်လိုက်တော့လဲ အသက်က သိပ်မငယ်လှ။သူမနဲ့တောင် သက်တူရွယ်တူရှိလောက်မယ်။သူနဲ့အတူထိုင်နေတဲ့အမျိုးသားက ကျောခိုင်းအနေအထားနဲ့ရှိနေတာမို့ အမျိုးသားရဲ့ပုံစံကိုတော့ မမြင်ရသလိုအသံကိုလဲ မကြားရသေးဘူး။မှာထားတဲ့ အစားအသောက်တွေ မရောက်ခင်မှာ ဘာရယ်မဟုတ် မေကျော့ရှင်းအူယားပြီးစပ်စုနေမိတာ။ သူမစပ်စုနေသလိုပဲ မမဝေနဲ့ အေမီတို့အုပ်စုကလဲ စိတ်ဝင်စားနေကြပုံရတယ်။

” ဘဲကြီးကချောတယ်ဟ သိလား ..ရှေ့ဘက်ကနေ မသိမသာ ငါသွားကြည့်လိုက်တာ ”

အေမီကသူ့ဘေးက တစ်ယောက်ကိုလက်ကုပ်ပြီး တိုးတိုးပြောလိုက်တယ်။

” မောင်ကတော့ အလုပ်ကိုကြိုစားချင်သေးတယ်…. ရည်းစားကိုအားကိုးတဲ့ကောင်လို့ အပြောမခံနိုင်ဘူးချစ် ”

ဘေးဝိုင်းဆီကနေ ထွက်ပေါ်လာခဲ့တဲ့ ကြားဖူးနေတဲ့အသံကြောင့် မေကျော့ရှင်းအံ့သြတုန်လှုပ်သွားမိပြီး အယောင်ယောင်အမှားမှားနဲ့ဝုန်းခနဲမတ်တတ်ထရပ်လိုက်မိတယ်။

” ဟဲ့..ဟဲ့…မေကျော့ရှင်းရဲ့ ဘာဖြစ်လို့လဲ ”

မေကျော့ရှင်းကို ကြည့်ပြီး မမဝေက အလန့်တကြားနဲ့ မေးလိုက်တယ်။

နောက်ဘက်စားပွဲဝိုင်းဆီကနေ မေကျော့ရှင်းဆိုတဲ့ နာမည်ခေါ်သံကို ကြားလိုက်ရတာမို့ ဇွဲညီထင်လဲရုတ်တရက်လန့်ဖျပ်သွားမိပြီး နောက်ကိုလှည့်ကြည့်လိုက်မိတယ်။
==a===k====y=====i====p==h==y===u==

အပိုင်း(၃)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၃)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

ရုတ်တရက်ကြီး မေကျော့ရှင်းကိုတွေ့လိုက်ရတာကြောင့် ဇွဲညီထင်လန့်ဖျပ်သွားမိသလို စိတ်ညစ်စိတ်ရှုပ်သွားမိတယ်။သူ့ဘဝအတွက် အရေးကြီးဆုံးလူနဲ့တွေ့နေချိန်မှာမှ သူမနဲ့လာဆုံရတာမို့စိတ်တိုချင်သလိုလိုဖြစ်သွားရတယ်။ပြောရရင် သူတို့လမ်းခွဲပြီးနှစ်နှစ်အကြာမှာ ပထမဆုံးအကြိမ်ပြန်ဆုံကြတာ။ပြန်ဆုံစရာအခြေအနေကလဲ ဒီလောက်တောင်ရှားပါးနေတာလား။သူရဲ့အနာဂတ်သတို့သမီးလောင်းနဲ့တွေ့ဆုံနေချိန်မှာမှ နတ်ဆိုးတစ်ပါးလိုရုတ်တရက်ပေါ်ချလာတာလေ။ပြောရမယ်ဆိုရင် မေကျော့ရှင်းဆိုတဲ့အမျိုးသမီးနဲ့ပတ်သက်လာရင် သူ့အတွက်ကံကောင်းခြင်းဆိုတာမျိုးကိုမရှိခဲ့သလောက်ပါပဲ။တကယ်ဆိုရင် အခုလဲ သူ့အသံကိုကြားသွားခဲ့လို့မှတ်မိသွားတယ်ဆိုရင်လဲ တိတ်တိတ်ဆိတ်ဆိတ်ဆက်ထိုင်နေလိုက်ပါလား။အခုတော့တစ်ဆိုင်လုံးကဝိုင်းကြည့်အောင်လို့ သရဲဘီလူးစီးသလိုထရပ်ပစ်လိုက်တာလေ။သူမကိုကြည့်ရတာ နှစ်ယောက်ကြားမှာပေးထားခဲ့တဲ့ကတိကို မေ့များသွားတာလား။အခုချိန်မှာ သူ့အကျင့်အတိုင်းခပ်ရွဲ့ရွဲ့စကားတွေနဲ့လာပြီးရန်ရှာလို့ကတော့ ဇွဲညီထင်ဆိုတဲ့သူ့ရဲ့အနာဂတ်ကတော့ လုံးဝပျက်စီးသွားမှာအသေအချာပဲ။

” ဘာ..ဘာဖြစ်လို့လဲမောင် ”

ချစ်သူဆီက စိုးရိမ်တကြီးမေးသံကိုကြားလိုက်ရမှ ဇွဲညီထင်သတိဝင်လာမိပြီး

” ဟို..ရုတ်တရက်ဆိုတော့ မောင်လဲလန့်သွားလို့ပါကွာ ..ဘာမှမဟုတ်ပါဘူး ”

ဇွဲညီထင်ပါးစပ်ထဲရှိရာကိုဖြေလိုက်ရင်းမှ မေကျော့ရှင်းကို မျက်နှာထားခပ်တင်းတင်းနဲ့လှမ်းကြည့်ပစ်လိုက်တယ်။ရန်ကုန်မြို့မှာ စားသောက်ဆိုင်တွေ အများကြီးရှိနေတာကို တိုက်ပဲတိုက်ဆိုင်နိုင်လွန်းကံတရားကို ဇွဲညီထင်မယုံကြည်နိုင်ဖြစ်သွားမိပြီး မေကျော့ရှင်းကိုမသင်္ကာတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်မိပြန်တယ်။ဟုတ်တယ်။သူ့အတွက်တော့ မေကျော့ရှင်းဆိုတဲ့မိန်းမက အကြောခပ်တင်းတင်းနဲ့မျက်နှာပြောင်တိုက်တတ်တဲ့မိန်းမတစ်ယောက်ပဲမဟုတ်လား။

” ဟို…ဆော…ဆောရီးပါမမဝေ…အဆောင်မှာပြဿနာဖြစ်ကြတဲ့အကြောင်းကိုတွေးလိုက်မိလို့ပါ…ဟို…ကျော့ပြန်မှဖြစ်မယ်ထင်တယ်….မမဝေတို့ကို အားနာပါတယ်……ဒီဝိုင်းအတွက် ကျော့လဲရှင်းပေးခဲ့ပါ့မယ် ”

” ဟယ်..ဘယ်လိုဖြစ်ရတာလဲကျော့ရယ်…မုန့်စားတာဘယ်လောက်ကြာမှာမို့လို့လဲ ….နင်မစားဘူးဆိုရင်လဲ ရှင်းမသွားပါနဲ့အေ ”

” မဟုတ်တာ…ရပါတယ်မမဝေ…ဒီမှာပိုက်ဆံယူထားလိုက်နော် .မနက်ဖြန်မှတွေ့မယ်နော်…အေမီတို့ကိုလဲအားနာပါတယ်..ကျော့မှာအရေးတကြီးကိစ္စပေါ်လာလို့ပါနော် ခွင့်ပြုကြပါအုံး ”

မေကျော့ရှင်းကပြောပြီးတာနဲ့ နေရာကနေအမြန်ဆုံးနည်းနဲ့ထွက်လာခဲ့လိုက်တယ်။တကယ်ဆိုရင် ဇွဲညီထင်ရဲ့အသံကိုပဲကြားကြား။သူတို့တစ်မျိုးလုံးရဲ့အသံကိုပဲကြားကြား မေကျော့ရှင်းဘက်ကဘာဣန္ဒြေပျက်စရာလိုလို့လဲ။အေးအေးဆေးဆေးသာထိုင်နေနိုင်ခဲ့ရင် အခုလိုမျိုးမျက်ပြူးဆန်ပြာနဲ့ထွက်လာစရာအကြောင်းမရှိဘူးလေ။ဒါပေမဲ့လည်း ကိုယ့်ကိုယ်ကိုမထိန်းနိုင်ဘဲအံ့ဩတုန်လှုပ်တဲ့ပုံစံမျိုးလုပ်လိုက်မိတော့ ဆက်နေဖို့လဲမရဲတော့ဘူး။သူမဘက်ကအကြောတင်းတင်းနဲ့ဆက်ပြီးထိုင်နေခဲ့မယ်ဆိုရင် ဇွဲညီထင်ဆိုတဲ့ကောင်က သူ့ကိုယ်သူသိပ်ကိုအထင်ကြီးသွားလိမ့်အုံးမယ်။ပထမအိမ်ထောင်နဲ့ကွဲတာတောင် နှစ်နှစ်မပြည့်ချင်သေးဘူး။နောက်တစ်ယောက်နဲ့လူကြီးချင်းမိတ်ဆက်ဖို့တောင်တိုင်ပင်နေကြပြီ။ကြည့်ရတာ သူမနဲ့တရားဝင် မကွဲခင်ကတည်းက ပတ်သက်ခဲ့ကြတယ်ထင်ပါရဲ့။ယောကျာ်းတွေများ အပြောင်းအဲမြန်လိုက်ကြတာ။သူ့ကိုယ်သူများမောင်တဲ့လေ။ကြားရတာအော့နှလုံးနာစရာကောင်းလိုက်ပုံများ။ကိုယ့်ကိုမှမရရင်‌ေ.သတော့မဲ့ပုံစဲမျိုးနဲ့ဖြစ်ခဲတာလဲသင်းပဲလေ။အခုတော့လဲ ကိုယ့်ကိုမြင်လိုက်တာနဲ့ဘီလူးသရဲကိုမြင်လိုက်ရသလိုမျက်လုံးပြူးမျက်ဆန်ပြူးနဲ့မုန်းစရာကောင်းလိုက်တဲ့ကောင်။မေကျော့ရှင်းတွေးလေလေ ဒေါသဖြစ်လေလေမို့ အံကိုကြိတ်ကာတောက်တစ်ချက်ကိုခေါက်လိုက်မိတယ်။

“တောက် ”

” အို ..ဒုက္ခပါပဲ ..ငါကဘာလို့တောက်ခေါက်မိရတာလဲ…တကယ်ဆိုဇွဲညီထင်ဆိုတဲ့ကောင်နဲ့ ငါနဲ့ကြားမှာဘာပတ်သက်မှုရှိလို့လဲ..အားလုံးဟာပြီးသွားတဲ့အတိတ်တွေပဲလေ….သူတို့ဘာသာလမ်းခွဲပြီးမှပဲတွေ့တွေ့…လမ်းမခွဲခင်ကပဲ ဖောက်ပြန်ပြန်ပေါ့..ငါနဲ့ဘာမှမဆိုင်တာပဲဟာ..သွားစမ်းဟာ..သွားစမ်း ”

မေကျော့ရှင်းတစ်ယောက်တည်းရွေရွတ်ပြောဆိုလိုက်ပြီး စိတ်တိုတိုနဲ့ခေါင်းကိုခါယမ်းလိုက်မိတယ်။သစ္စာမရှိတဲ့သူ၊အပြောင်းအလဲမြန်တဲ့သူအတွက် သူမကဘာစိတ်တိုနေစရာလိုလဲ၊ဘာခံစားနေစရာလိုလို့လဲလေ။

~~~a~~~k~~-y~~~i~~~~p~~~h~~y~~~~~u~~

” မကျော့ကဘယ်လိုဖြစ်သွားရတာလဲ ….ညီမတို့နဲ့အတူတူမစားချင်လို့တော့မဟုတ်ပါဘူးနော် ”

” မဟုတ်လောက်ပါဘူး..မကျော့ကအဲ့ဒီလိုလူမျိုးမဟုတ်ပါဘူး..အဆောင်ကိစ္စဆိုတာတကယ်ဟုတ်မှာပါ…သူတို့အဆောင်မှာ စည်းကမ်းမရှိတဲ့တစ်ယောက်ရောက်လာတယ်လို့ပြောတယ်..ပစ္စည်းတွေဘာတွေအပြင်မှထားခဲ့မိရင် ခပ်တည်တည်နဲ့ယူသုံးတတ်တယ်တဲ့..အဲဒါံကြောင့်အလောတကြီးပြန်သွားတာဖြစ်မှာပါ ”

” အေး ..ဟုတ်တယ်..မမဝေလဲ အဲ့ဒီလိုကြားတယ်..အင်း..သူ့ဒုက္ခကလဲမသေးပါဘူး…..နေစရာအိမ်ကလဲမရှိ..အဆောင်တိုက်ခန်းကောင်းကောင်းလဲမငှားနိုင်ရှာတော့ နေဖို့အတွက်အတော်လေးဒုက္ခများနေရှာတာလေ…ဒါနဲ့ ကျော့ကတစ်ခုလပ်ဆိုတာကို အေမီတို့သိကြလား ”

” ဘယ်..ဘယ်လိုမမဝေ ..မကျော့ကတစ်ခုလပ်ဟုတ်လား..အေမီတို့ကိုတော့မပြောပြဖူးဘူးပဲ ”

” အင်း…မမဝေကမေးလိုက်လို့သိတာပါ …သူကရောက်တာမှမကြာသေးဘူး..လူတကာနဲ့လိုက်ရောနေလို့ မမဝေလဲမသင်္ကာတာနဲ့မေးကြည့်လိုက်တာလေ..သိတယ်မဟုတ်လား..တစ်ခုလပ်ဆိုတော့ အနေအထိုင်နည်းနည်းရဲတယ်လေ….အေမီတို့လဲ ကိုယ့်ကောင်လေးတွေကို သတိထားကြပေါ့ ”

” အင်း..မမဝေပြောမှပဲ သတိထားမိတယ်..မကျော့ကရောက်တာမကြာသေးဘဲ လူတိုင်းနီးပါးနဲ့သိတယ်..စကားပြောလဲရဲတယ်နော်….ယောကျ်ားလေးတွေရယ်လို့ ရှက်ရမှန်းကြောက်ရမှန်းမသိတာဒါကြောင့်ကိုး ”

နောက်ဘက်ဝိုင်းဆီမှ ကြားနေရတဲ့စကားများကြောင့် ဇွဲညီထင်စိတ်ပျက်လက်ပျက်နဲ့ခေါင်းကိုခါယမ်းလိုက်မိတယ်။မိန်းမတွေဆိုတာအဲ့ဒီလိုပဲ။အပေါင်းအသင်းတွေအချင်းချင်းလဲ မကောင်းတာပြောဖို့ ဝန်မလေးကြဘူး။လေးယောက်အတူဝိုင်းဖွဲ့စကားပြောနေရင်းက တစ်ယောက်ထသွားခဲ့ရင် အဲ့ဒီတစ်ယောက်ရဲ့မကောင်းကြောင်းကို ကျန်ခဲ့တဲ့သုံးယောက်အတူပြောကြတယ်။သုံးယောက်ထဲကမှ နောက်တစ်ယောက်ထပြန်သွားပြန်ရင်လဲ အဲ့ဒီတစ်ယောက်မကြောင်းကိုပြောကြပြန်တယ်။ကြည့်ရတာ မိန်းမတွေအများစုကဒီလိုတွေချည်းပဲထင်ပါရဲ့။မေကျော့ရှင်းဆိုတဲ့မိန်းမကလဲ စုထားတဲငွေတွေထားပေးခဲ့တာတောင်မှ အဆောင်ကိုပြန်ရောက်သွားပြန်ပြီတဲ့လား။အဲ့ဒီမိန်းမက ဘယ်လိုကယ်ကယ် ကယ်လိုရမဲ့မိန်းမမျိုးမဟုတ်ဘူး။လူကိုကြည့်တော့နေစရာလဲမရှိငွေလဲမရှိဘဲနဲ့ ငွေကိုချွေတာရမှန်းမသိတဲ့မိန်းမမျိုးပေါ့။မေကျော့ရှင်းဆိုတဲ့မိန်းမကိုတွေ့မြင်လိုက်ရတိုင်းမှာ အေးချမ်းပျော်ရွှင်နေတယ်ဆိုတာကိုမရှိဘဲ အမြဲလိုလိုဒုက္ခသည်လိုဖြစ်နေတာက တကယ့်စိတ်ရှုပ်စိတ်ပျက်စရာ။ဟိုအရင်တုန်းကတော့ ဒါတွေကိုကြည့်ပြီးသနားခဲ့မိတာပေါ့။ဒါပေမဲ့လဲ ကြာကြာဝါးမှခါးမှန်းသိ ဆိုသလိုပဲ ကြာလေအမြင်ကပ်ဖို့ကောင်းလေကိုဖြစ်လာခဲ့တာလေ။ပတ်ဝန်းကျင်ကလူတွေကတော့ သူ့ကိုအကျင့်မကောင်းတဲ့ကောင်၊ခပ်ဆိုးဆိုးကောင်လို့ပဲထင်ကြလိမ့်မယ်။တကယ်တမ်းမှာ မေကျော့ရှင်းဆိုတဲ့မိန်းမက သည်းမခံနိုင်လောက်အောင်ဆိုးဝါးတယ်ဆိုတာကို ဘယ်သူကသိမှာတဲ့လဲ။

” ဒါနဲ့ ..သူ့အမျိုးသားနဲ့ဘာလို့ကွဲသွားတာတဲ့လဲဟင် မမဝေ..အဲ့ဒီအကြောင်းပြောပြသေးလား ”

” ဘာလို့ကွဲသွားတာလဲဆိုတာကိုတော့ မပြောပြပါဘူး..ဟိုလူကနိုင်ငံခြားကို အပြီးထွက်သွားတယ်ဆိုလားပဲ ”

ဒီတစ်ခါကြားလိုက်ရတဲ့စကားကြောင့် ဇွဲညီထင်ကျေနပ်သွားရတယ်။

” မောင်ဘာတွေစဉ်းစားနေတာလဲ ..ချစ်ပြောတာကိုမကြားဘူးလားဟင် ”

” ဗျာ ..ဟို..ဘာပြောလိုက်တာလဲချစ် ”

တကယ်ပဲမကြားလိုက်တာမို့ ဇွဲညီထင်ထပ်ပြီးမေးလိုက်တယ်။ဒီအခါမှာတော့ ချစ်သူကနှုတ်ခမ်းလေးကိုစူပြီးစိတ်ကောက်သွားတော့တယ်။ချစ်သူစိတ်ကောက်တာကိုမြင်တော့ ဇွဲညီထင်ပြုံးလိုက်မိရင်းက မဆီမဆိုင်ဆိုသလိုမေကျော့ရှင်းဆိုတဲ့မိန်းမကို သတိရမိသွားပြန်တယ်။ချစ်သူထားလို့မှစိတ်မကောက်တတ်၊မချွဲနွဲ့တတ်တဲ့ယောက်ျားဆန်ဆန်မိန်းမတစ်ယောက်ကို သူလိုလူကသုံးနှစ်လောက်သည်းခံပြီးနေနိုင်ခဲ့တာလေ။

” ဆောရီးပါချစ်ရယ်…မောင်တောင်ပန်းပါတယ်ကွာ….ကဲပါကွာ..ဒီနေရာကဆူညံလွန်းပါတယ် မောင်တို့ပြန်ကြပါစို့…ချစ်လဲစားလို့ပြီးပြီမဟုတ်လား….ကားပေါ်ရောက်မှမောင်ဆက်ပြီးတောင်းပန်ပါ့မယ်နော် ”

ဇွဲညီထင်ကချစ်သူနားကို ခပ်တိုးတိုးကပ်ပြောလိုက်ပြီးတော့ လက်ကိုဆွဲကာဆိုင်ပြင်ကိုထွက်လာခဲ့လိုက်တယ်။

~~~a~~~k~~~~y~~~i~~~~p~~~h~~~~y~~~~~~~u~~~~~~~~~

” ဆိုင်ထဲမှာ ချစ်ဘာပြောလိုက်တာလဲ ..ဒီတစ်ခါမောင်သေချာနားထောင်ပါ့မယ် ..မောင်ကအလုပ်ကိစ္စခေါင်းထဲရောက်လာလို့ပါ….အလုပ်ကိစ္စအဆင်ပြေမှမောင်တို့ကိစ္စလဲအဆင်ပြောမှာ မဟုတ်လား …”

ချစ်သူစိတ်ကျေနပ်အောင် ဇွဲညီထင်အမြန်ချော့မော့ကာပြောလိုက်ရတယ်။

” ချစ်ကလဲ အလုပ်ကိစ္စပဲပြောတာလေမောင်ရဲ့… အဖေတို့က ကုမ္ပဏီတစ်ခုကိုလက်လွှဲယူလိုက်တယ်တဲ့လေ..နောက်လကုန်ပြီရင်အဲ့ဒီကုမ္ပဏီကို… ချစ်တို့သွားရမှာတဲ့…မောင်ကတော့မန်နေဂျာအဖြစ်နဲ့ရာထူးတိုးပြီးသွားရမှာလေ….ကျန်တဲ့ဝန်ထမ်းငါးယောက်လောက်ပါအတူပြောင်းရွေ့ရမယ်တဲ့…”

” ဟုတ်လား…အလုပ်နေရာပြောင်းရမယ်လို့တော့ မန်နေဂျာကြီးကပြောတယ်…ဒီလောက်မြန်လိမ့်မယ်လို့မထင်ဘူး ”

” မြန်တော့ကောင်းတာပေါ့မောင် ..အဲ့ဒီဘက်မှာ ချစ်တို့ကြိုးစားပြရင် ..ချစ်နဲ့မောင့်ကိုအဖေတို့ကလဲသဘောတူမှာသေချာတယ် ”

” အလုပ်အတွက်ကတော့ စိတ်ချပါချစ်ရယ်..မောင်ကကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်တတ်တဲ့သူမျိုးပါ ..မောင့်ကိုယုံတယ်မဟုတ်လား ”

” ယုံပါတယ်မောင်ရဲ့..ဇွဲညီထင်ဆိုတဲ့မောင်ကသိပ်ကိုတော်လွန်းလို့ ..ကုမ္ပဏီတိုင်းလိုလိုက အလုပ်ခေါ်ချင်နေကြတာကို ချစ်လဲသိပါတယ် ”

ချစ်သူရဲ့အထင်ကြီးလေးစားတဲ့အမူအရာနဲ့ပြောလိုက်တဲ့ပုံစံကြောင့် ဇွဲညီထင်ကျေနပ်စွာပြုံးလိုက်မိတယ်။ယောက်ျားတစ်ယောက်အတွက်တော့ ကိုယ့်ရဲ့ချစ်သူကောင်မလေးဆီကနေ အထင်ကြီးအားကိုးခံရတဲ့ အဖြစ်လောက် ကျေနပ်စရာကောင်းတာဘာရှိသေးလို့လဲ။

~~~a~~~~k~~~~y~~~~~~i~~~~~p~~~~h~~~~~y~~~u~~~~~~~~~~~~~

” ဇွဲညီရာ.. မင်းကတော့ကံကောင်းလိုက်တာကွာ…မကြာခင်မှာသူဌေးယောက်ဖဖြစ်တော့မှာမဟုတ်လား ”

သူငယ်ချင်းဖြစ်တဲ့ ကောင်းထက်ရဲ့စကားကြောင့် ဇွဲညီမပွင့်တပွင့်ပြုံးလိုက်ပြီး

“သူဌေးယောက်ဖဖြစ်တာလေ..သူဌေးဖြစ်တာမှမဟုတ်တာကွာ….ပြီးတော့ ငါတို့နှစ်ယောက်ရဲ့ပတ်သက်မှုမှာ ငွေကြေးနဲ့မဆိုင်ပါဘူး ..ငါဆိုတဲ့ကောင်က …တခြားသူရဲ့ငွေတစ်သိန်းထက်ကိုယ့်ငွေတစ်ရာကိုပဲတန်ဖိုးထားတဲ့ကောင်ပါကွ …ငွေကြောင့်နဲ့ပတ်သက်ခဲ့တာမဟုတ်ဘူး ”

” ဆောရီးကွာ..ငါကအဲ့ဒီအဓိပ္ပါယ်နဲ့ပြောတာမဟုတ်ပါဘူး..မင်းကသူများကိုအားမကိုးတတ်ဘဲ…ကိုယ့်ကိုယ်ကိုအားကိုးတတ်တဲ့သူဆိုတာ ငါသိပါတယ်..ဒါနဲ့..သူ့ကိုတော့ မင်းတကယ်ချစ်သွားတာလား ”

” အင်း ..သူကချစ်စရာကောင်းတယ်လေ…မိန်းမဆန်တယ်..ချစ်သူကိုချွဲ့နွဲ့တတ်တယ်….သူဌေးသမီးဖြစ်နေပေမဲ့…..ငါ့ကိုအားကိုးတယ်…လေးစားတယ်….ဦးစားလဲပေးတယ်…ငါကမကြိုက်ဘူးလို့တစ်ခွန်းပြောလိုက်တာနဲ့ ချက်ချင်းနားထောင်တယ်….အကြောတင်းပြီးပြောမရဆိုမရတဲ့မိန်းမမျိုးမဟုတ်ဘူးလေ ”

” မင်းပြောမှပဲ မကျော့ကိုတောင်သတိရသွားမိတယ်ကွာ…..မကျော့ကတော့… လူလေးကြည့်တော့ပျော့နွဲနွဲ့လေးနဲ့အတော်လေးအကြောတင်းတာနော်…”

” သူ့အကြောင်းမပြောစမ်းပါနဲ့ကောင်းထက်ရာ..ငါတို့ကြားမှာဘာပတ်သက်မှုမှလဲမရှိတာကြာပြီ….သူကငါ့အတွက်တော့ ဇနီးဟောင်းဆိုတဲ့အမည်နာမသက်သက်ပဲ..ရှေ့ဆက်ရမဲ့ငါ့အနာဂတ်လမ်းမှာ သူ့အကြောင်းသူ့နာမည်ကိုထပ်မကြားချင်ဘူးကွာ…နောက်ကိုသူ့အကြောင်းထပ်မပြောပါနဲ့….ချစ်ချစ်သိသွားရင်လဲမကောင်းဘူးလေ… ဒါ ..ငါနောက်ဆုံးသတိပေးတာပါ ”

“အေး..အေးပါကွာ…ထပ်မပြောတော့ပါဘူး ”

ဇွဲညီထင်ရဲ့ပြတ်သားလှတဲ့ သတိပေးစကားကြောင့် ကောင်းထက်ပါးစပ်ကိုအမြန်ပိတ်လိုက်ရတယ်။သူတို့တွေက ငယ်သူငယ်ချင်းတွေဖြစ်နေကြတော့လည်း ဇွဲညီထင်နဲ့မေကျော့ရှင်းရဲ့အကြောင်းကိုလည်း ကောင်းထက်က သေချာသိနေခဲ့တယ်လေ။

~~~~ a~~~~~k~~~~y~~~~i~~~p~~~h~~~y~~~~u~~~~~~~~~

” ဇွဲညီထင်ကို မိန်းမတစ်ယောက်နဲ့အတူတွေ့လိုက်တယ်ဟဲ့ သိလားကျော့…သူတို့နှစ်ယောက်ကိုကြည့်ရတာ ချစ်သူတွေထင်တယ်….အမျိုးသမီးကသူ့ခါးကိုဖက်ထားပြီး..သူကအမျိုးသမီးပခုံးကိုဖက်ထားတယ်လေ..နင်တို့ကွာရှင်းတာ ဘယ်လောက်ကြာသေးလို့လဲဟယ်…ကြည့်ရတာ နင်နဲ့မကွဲခင်ကတည်းကသူတို့နှစ်ယောက်ဖောက်ပြန်နေကြတာလားမသိဘူး…နင်ဒီအတိုင်းငြိမ်ခံနေမလို့လားကျော့….ဇွဲညီထင်ဆိုတဲ့ကောင်ကို အရှက်ခွဲပစ်စမ်းဟယ်…နင်လဲအွန်လိုင်းသုံးနေတာပဲ …ဇွဲညီထင်ဆိုတဲ့ကောင်က နင့်မှာအပြစ်မရှိဘဲကွာရှင်းခဲ့တာကိုလူတွေသိအောင် တင်လိုက်စမ်းဟာ ”

မီမီခိုင်ရဲ့စကားကြောင့် မေကျော့ရှင်းစိတ်ပျက်သွားရတယ်။

“တော်ပါတော့မီမီရယ်…သိက္ခာကျလိုက်တာဟယ်..ဘာလို့များပြီးပြီးသားကိစ္စတွေကို ရေပြန်နူးနေရတာလဲ….ဘာပဲဖြစ်ဖြစ်သူနဲ့ပတ်သက်ခဲ့တဲ့အချိန်တွေမှာ ငါလဲလူလိုသူလိုအိမ်လေးရာလေးနဲ့နေနိုင်ခဲ့တာပဲလေ…ငါတို့တွေမဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ပြီးမှ… ဘာလို့အောက်ဖဲတွေလှန်နေအုံးမှာလဲဟယ်..နင်ကငါ့အခင်ဆုံးသူငယ်ချင်းမို့ သေချာထပ်ပြီးသတိပေးလိုက်မယ်….နောက်တစ်ခါသူ့အကြောင်းကိုထပ်ပြောမယ်ဆိုရင်… နင့်ကိုပါအဆက်အသွယ်ဖြတ်ပစ်မှာနော်”

” ဟင် .အေး..အေးပါဟယ် ….တောင်းပန်ပါတယ်..ငါထပ်မပြောတော့ပါဘူးဟယ် ”

မေကျော့ရှင်းရဲ့တင်းမာလှတဲလေသံကြောင့် မီမီခိုင်မှာ ပျာပျာသလဲနဲ့ပြန်တောင်းပန်လိုက်ရတယ်။

~~~~a~~~~k~~~y~~~~i~~~~~p~~~~h~~~y~~~~u~~~~~~~~~

” အားလုံးပဲနားထောင်ပေးကြပါ….ဒီနေ့အားလုံးကို အစည်းအဝေးခေါ်လိုက်ရတဲ့ကိစ္စကတော့ …ငါတို့ရဲ့သူဌေးက ကုမ္ပဏီကိုရောင်းပြီးပြီမို့ …နိုင်ငံခြားကိုအပြီးထွက်သွားတော့မဲ့ အကြောင်းကိုပြောမလို့ပါ ”

” ဟင်..ဒါ..ဒါဆိုရင် တို့တွေအားလုံးအလုပ်အထုတ်ခံရမှာလား ”

“တို့တွေ အလုပ်လက်မဲ့ဖြစ်သွားကြမှာလား ”

မန်နေဂျာရဲ့စကာအဆုံးမှာ ဝန်ထမ်းတွေရဲ့အသံတွေက ဆူညံပွက်လောရိုက်သွားခဲ့တယ်။အလုပ်သမားတွေရဲ့စိုးရိမ်တကြီးပြောဆိုသံတွေကြားမှာမေကျော့ရှင်းလဲ ချောက်ကမ်းပါးထဲကိုတွန်းချခံလိုက်ရသလိုခံစားလိုက်ရပြီး လူကထိုင်နေရာကနေ လုံးဝကိုယိုင်လဲမလိုဖြစ်သွားရတယ်။ဒီအလုပ်ကသာပြုတ်သွားခဲ့ရင်ဖြင့် မေကျော့ရှင်းရဲ့ရှေ့အနာဂတ်ကမတွေးရဲစရာဖြစ်သွားမှာ။အလုပ်သာပြုတ်သွားခဲ့ရင် နောက်ထပ်အလုပ်သစ်တစ်ခုမရမချင်း သူမရဲ့ဘဝက အဆောင်မှာမသေရုံတမယ်ချွေတာစားသောက်ပြီးနေထိုင်သွားရမှာလေ။တကယ်လို့များအချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အလုပ်ပြန်မရခဲ့ရင်ဖြင့် မေကျော့ရှင်းဆိုတဲ့သူမဘဝက အိပ်ရာလိပ်ဆွဲပြီးလမ်းဘေးသွားနေရမလား။ဒါမှမဟုတ် ဖခင်ဖြစ်သူနဲ့မိထွေးတို့ရဲ့အိမ်ပေါ်ကိုမျက်နှာငယ်လေးနဲ့ပြန်တက်ရမလားဖြစ်သွားမယ်။ဒီလိုသာဆိုရင်တော့ မေကျော့ရှင်းရဲ့ဘဝကလုံးဝပြီးဆုံးသလိုဖြစ်သွားမှာ။

” ကဲ…ကဲ..အားလုံးတိတ်ကြပါ…..အလုပ်အတွက်စိတ်မပူကြပါနဲ့…..ဒီမှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေဒုက္ခမရောက်အောင်..သူဌေးကစီစဉ်ပေးထားခဲ့ပါတယ် ..ကုမ္ပဏီကိုလက်လွှဲယူလိုက်တဲ့သူဌေးက …ဝန်ထမ်းဟောင်းတွေနဲ့ပဲဆက်ပြီးလည်ပတ်မှာပါ..တစ်ခုတော့ရှိပါတယ်..သူတို့ဘက်ကမန်နေဂျာအသစ်နဲ့အုပ်ချုပ်သူအသစ်တွေတော့ပြောင်းလာမှာပါ..ကျန်တာတွေကိုတော့ စိတ်ပူစရာမရှိပါဘူး…”

” ဟေး..ဝေး ”

“ဖြောင်း..ဖြောင်း..ဖြောင်း ..ဖြောင်း ”

မန်နေဂျာကြီးရဲ့စကားအဆုံးမှာ ပျော်ရွှင််စွာအော်ဟစ်လိုက်ကြတဲ့အသံတွေနဲ့အတူ အားပါးတီးလိုက်တဲ့လက်ခုပ်သံတွေတဖြောင်းဖြောင်းထွက်လာခဲ့တယ်။

လက်ခုပ်သံတွေကိုကြားလိုက်ရမှပဲ မေကျော့ရှင်းလဲသတိဝင်လာခဲ့ပြီး အားပါးတရလက်ခုပ်လိုက်တီးလိုက်မိတယ်။သူဌေးအသစ်ပြောင်းမယ်ဆိုတော့ သူမတို့လိုသက်တမ်းနုသေးတဲ့အလုပ်သမားတွေက အရင်ဆုံးအလုပ်ပြုတ်မယ်လို့တွေးလိုက်မိတာလေ။ဒီလိုတွေးလိုက်မိတာနဲ့ လူကဟိုးချောက်ထဲကိုပြုတ်ကျသွားသလိုခံစားလိုက်ရတာ။လက်ခုပ်သံတွေကို ကြားလိုက်ရတော့မှပဲ သူမသက်ပြင်းချလိုက်နိုင်ပြီး အားပါးတရပြုံးနိုင်တော့တယ်။

==a===k====y=====i====p==h==y===u==

အပိုင်း(၄)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၄)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

“နေ့လယ်တစ်နာရီမှာ အားလုံးအစည်းအဝေးရှိပါတယ် …သန့်ရှင်းရေးဝန်ထမ်းတွေကအစအားလုံး အစည်းအဝေးကိုတက်ရပါမယ်..သူဌေးအသစ်နဲ့အတူ … ပြောင်းရွေ့လာမဲ့ဝန်ထမ်းသစ်တွေနဲ့မိတ်ဆက်ရမဲ့ပွဲပါ..ပျက်ကွက်သူမရှိတက်ရောက်ရပါမယ် ”

” ဒုက္ခပါပဲဟယ်..ရာထူးအပြောင်းအလဲတွေများရှိမလားမသိဘူးနော် ..သူတို့ဘက်ကရာထူးကြီးသူတွေပါလာမယ်လို့သတင်းရတယ် ”

ကုမ္ပဏီထဲကတိုးသဲ့သဲ့သတင်းတွေကြောင့် အဖွဲ့ခေါင်းဆောင်တွေအားလုံးမျက်ခုံးလှုပ်နေကြတယ်။ဒီလိုမျက်ခုံးလှုပ်နေသူတွေထဲမှာ မမဝေလဲပါတယ်။မေကျော့ရှင်းတို့လို မမဝေလက်အောက်ကဝန်ထမ်းတွေကတော့ တုန်လှုပ်စရာမရှိဘူးလေ။အဖွဲ့ခေါင်းဆောင်ပြောင်းတာပဲဖြစ်ဖြစ်၊မပြောင်းတာပဲဖြစ်ဖြစ် မေကျော့ရှင်းကတော့သိပ်ပြီးခံစားမနေတော့ဘူး။ရာထူးကြီးငယ်လိုက် အုပ်ချုပ်ကြတဲ့စနစ်မှာအဖွဲ့ခေါင်းဆောင်ဘယ်သူပဲဖြစ်ဖြစ် လက်အောက်ငယ်သားတွေအနေနဲ့ အပြောခံအဖိခံရဖို့ကတော့ ခြောက်ဆယ်ရာခိုင်နှုန်းသေချာနေတာပဲဆိုတာကိုသိပြီးသားပဲလေ။ဘာကိုထူးပြီးခံစားနေရအုံးမှာလဲ။

” မကျော့ကိုကြည့်ရတာတည်ငြိမ်နေတာပဲနော်..တော်ကြာ အေမီတို့တွေအဖွဲ့မှာ …ခေါင်းဆောင်ပြောင်းသွားပြီးအနှိမ်ခံရရင်ဘယ်လိုလုပ်မလဲဟင် ”

” အဲ့ဒီတော့လဲ မကျေနပ်ရင်အလုပ်ထွက်ရုံပေါ့ အေမီရယ်…အလုပ်မထွက်နိုင်ရင်တော့သည်းခံနိုင်သလောက်သည်းခံရမှာပေါ့…အမှန်တိုင်းပြောရရင်လေ …ကျော့ကတော့အလုပ်ဖြုတ်မခံရတာကိုပဲ ကျေးဇူးတင်နေပါပြီ….ရာထူး အပြောင်းအလဲက အဲ့ဒီလောက်ခံစားစရာမလိုဘူးထင်တယ် ”

” ဪ ..ဒါဆိုရင် ကျော့ပြောပုံက …မမဝေရာထူးလျှော့ခံရလဲစိတ်မဝင်စားဘူး..ကျော့နဲ့မဆိုင်ဘူးလို့ပြောချင်တာလား ဟုတ်လား ”

” ရှင်..မ..မဟုတ်ပါဘူးမမဝေ ”

အရေးထဲမှ ကြံဖန်ပြီးစိတ်ကောက်သွားတဲ့မမဝေကြောင့် မေကျော့ရှင်းအလိုလိုနေရင်းကမျက်နှာပူအားနာနေရပြန်တယ်။မေကျော့ရှင်းဆိုတာကလဲ ကိုယ်တိုင်ကစိတ်မကောက်တတ်သလို စိတ်ကောက်တတ်တဲ့သူတွေကိုတွေ့ရင် ချော့ဖို့နေနေသာသာနားရင်းပဲတီးချင်တဲ့သူမျိုးလေ။မေကျော့ရှင်းရဲ့ဘဝမှစိတ်ကောက်တယ်ဆိုတာမျိုးမရှိခဲ့ဘူး။စိတ်ဆိုးတာနဲ့စိတ်တိုတာပဲရှိခဲ့တာ။ကိုယ်မကြိုက်တာကိုပြောလို့လုပ်လို့်ကတော့ ဘာမှကောက်မနေဘူး။ထအော်ပြီးထလုပ်ပစ်လိုက်တာပဲ။စိတ်ကသိပ်ရှည်တာမဟုတ်ဘူးလေ။ပြောမဲ့သာပြောရတာ။ပထမအလုပ်မှာစကားများခဲ့ပြီး ထွက်လာပြီးတဲ့နောက်မှာ အလုပ်ရှာရတာခက်ခဲတာကိုသိသွားတော့ သူမရဲ့စိတ်တွေကိုအရင်ကထက်အများကြီးလျှော့ချပစ်ခဲ့ပါတယ်။ဆတ်ဆတ်ထိမခံဘူးဆိုတဲ့စိတ်လေးကို တတ်နိုင်သလောက်တော့ ချိုးနှိမ်ပြီးနေခဲ့ပါတယ်။မိန်းမတစ်ယောက်က အရည်အချင်းဘယ်လောက်ပဲရှိရှိ အသက်နှစ်ဆယ့်ငါးနှစ်ကျော်သွားရင် နာမည်ကြီးကုမ္ပဏီကြီးတွေမှာအလုပ်ရဖို့ကမလွယ်တော့ဘူးလေ။အဲ့ဒီတော့လဲစိတ်ကိုတတ်နိုင်သလောက်လျှော့ထားရတာပေါ့။

” ကျော့တောင်းပန်ပါတယ်နော် မမဝေ..ကျော့ကလဲ ခေါင်းဆောင်အသစ်တွေများရောက်လာရင်ဆိုပြီး တွေးလိုက်မိလို့ …စိတ်တိုပြီးပြောလိုက်မိတာပါ ”

မမဝေကျေနပ်အောင်ပြန်တောင်းပန်လိုက်ရင်းကနေ မေကျော့ရှင်းသက်ပြင်းကိုချလိုက်မိတယ်။

~~~~a~~~k~~~~ Y~~~~i~~~~p~~~h~~~~~~y~~~~u~~~~~~~

” မင်္ဂလာပါ..ဝန်ထမ်းတွေအားလုံးနဲ့တွေ့ရတာဝမ်းသာပါတယ်ကွယ်.. အန်ကယ်ကတော့ …မိုးကောင်းကင်အထွေထွေကုန်ပစ္စည်းဖြန့်ဖြူးရောင်ချရေးလုပ်ငန်းကြီးကိုလက်လွှဲယူလိုက်တဲ့ ဦးချစ်ခိုင်ပါ ..အားလုံးပဲ အန်ကယ်တို့နဲ့အတူ ပိုပြီးကြိုးစားကြမယ်လို့ယုံကြည်ပါတယ် … ရှေ့ဆက်မဲ့ခြေလှမ်းတွေအတွက် အားလုံးအတူလျှောက်လှမ်းကြပါစို့ ”

“ဖြောင်း.ဖြောင်း ..ဖြောင်း ‘

သူဌေးအသစ်စက်စက်ဖြစ်တဲ့ ဦးချစ်ခိုင်ရဲ့စကားအဆုံးမှာလက်ခုပ်သံတွေတဖြောင်းဖြောင်းထွက်ပေါ်လာခဲ့တယ်။အဲ့ဒီနောက်မှာတော့ တစ်ပေကျော်ကျော်အမြင့်ရှိတဲ့စတိတ်ခုံပေါ်ကို တစ်ယောက်တက်လာခဲ့ပြန်တယ်။

” မင်္ဂလာပါရှင် ..ကျွန်မကတော့ ဦးချစ်ခိုင်ရဲ့သမီးဖြစ်တဲ့နွေးနွေးချစ်ပါ…ဒီနေ့ကစပြီး မိုးကောင်းကင်ကုမ္ပဏီကိုအရင်ကထက် အဆပေါင်းများစွာတိုးတက်လာအောင်ဆောင်ရွက်ပေးသွားမှာပါ ”

နွေးနွေးချစ်ဆိုတဲ့အမျိုးသမီးကိုကြည့်ပြီး အေမီတို့သုံးယောက်ဆီက အသံခပ်တိုးတိုးထွက်ပေါ်လာခဲ့တယ်။

” ဟယ်..အဲ့ဒီတစ်ယောက်ကိုမြင်ဖူးသလိုပဲ…ဘယ်မှာမြင်ဖူးတာလဲမသိဘူးဟယ် ”

” အင်း.ဟုတ်တယ် မြင်ဖူးသလိုပဲ ”

အေမီတို့အုပ်စုတိုးတိုး တိုးတိုးနဲ့ပြောနေကြတဲ့စကားတွေကိုကြားလိုက်ရတော့ မေကျော့ရှင်းလဲထောက်ခံတဲ့အနေနဲ့ ခေါင်းကိုညိတ်လိုက်မိတယ်။ဟုတ်တယ်လေ။အမျိုးသမီးကို မေကျော့ရှင်းလဲမြင်ဖူးသလိုလိုခံစားနေရတယ်။ဘယ်မှာမြင်ဖူးတာမှန်းတော့ မမှတ်မိတော့ပါဘူး။အေမီတို့အုပ်စုတိုးတိုးနဲ့ပြောနေကြချိန်မှာပဲ အမျိုးသမီးကမိတ်ဆက်စကားပြောလို့ပြီးသွားတာမို့ အောက်ကိုပြန်ဆင်းလာခဲ့ပြီး အစည်းအဝေခုံတွေရဲ့ထိပ်က ခုံမြင့်တစ်လုံးမှာဝင်ထိုင်လိုက်တယ်။အမျိုးသမီးထိုင်ပြီးသွားလို့မကြာခင်မှာပဲ စတိတ်စင်ဘေးအခန်းထဲကနေ လူတစ်ယောက်ထွက်လာပြန်တယ်။မပြီးနိုင်မစီးနိုင်ဇာချဲ့နေကြတဲ့သူဌေးလက်သစ်တွေကို မေကျော့ရှင်းစိတ်ပျက်စွာနဲ့ကြည့်နေမိတယ်။

” ဟင်…အမယ်လေး ” ဒီအာမေဍိတ်သံကို မေကျော့ရှင်းစိတ်ထဲကနေကျယ်လောင်စွာအော်လိုက်မိတာဖြစ်တယ်။ဒီတစ်ခါမှာတော့ မေကျော့ရှင်းရဲ့ခန္ဓာကိုယ်က သခင်ရဲ့ဒုက္ခအိုးကိုသိနေတဲ့အလား အံ့ဩခြင်းကို လည်ချောင်းဝမှာပဲမြှုပ်နှံလိုက်ပုံရတယ်။စင်ပေါ်တက်လာတဲ့သူကိုကြည့်ပြီး အတော်ကြီးထိတ်လန့်တုန်လှုပ်သွားပေမဲ့ အသံကျယ်ကျယ်ထွက်မလာခဲ့သလိုအထိတ်တလန့်နဲ့လဲ ထပြီးမရပ်မိတော့ဘူး။အလိုက်သိမှုအတွက်ကိုယ့်ကိုယ်ကို ကျေးဇူးတွေပြန်တင်နေမိတယ်။သူကတော့ စတိတ်စင်ပုလေးပေါ်မှာခပ်ကြွားကြွားလေးရပ်လို့ပေါ့။

” အားလုံးပဲ မင်္ဂလာပါခင်ဗျာ….ကျွန်တော့်ကတော့ မိုးကောင်ကင်ကုမ္ပဏီရဲ့မန်နေဂျာတာဝန်ကိုထမ်းဆောင်မဲ့ ဇွဲညီထင်ဖြစ်ပါတယ်ခင်ဗျာ ..အားလုံးနဲ့အတူတူလက်တွဲပြီးကြိုးစားချင်ပါတယ်ခင်ဗျာ…အားလုံးကိုအကူအညီတောင်းပါတယ်…မိုးကောင်းကင်ကုမ္ပဏီရဲ့ရှေ့ဆက်ရမဲ့အနာဂတ်အတွက် ကျွန်တော်တို့အတူတူကြိုးစားကြပါစို့် ”

” ဖြောင်း..ဖြောင်း..ဖြောင်း ”

လက်ခုပ်သံတွေက တဖြောင်းဖြောင်းနဲ့ထွက်လာခဲ့ပြန်တယ်။မေကျော့ရှင်းမှာတော့ လက်ခုပ်သံတွေကြားမှာ ခေါင်းကြီကိုအတင်းငုံ့ထားမိပြီး အနာဂတ်ပျောက်ရှသွားသူလိုခံစားလိုက်ရတယ်။

~~~~a ~~~k~~~y~~~i~~~p~~~~~h~~~~y~~~u~~~~

” ဟယ်..အေမီမှတ်မိပြီးသိလား…သူတို့စုံတွဲကို လွန်ခဲ့တဲ့တစ်လကျော်က စားသောက်ဆိုင်မှာတွေ့ခဲ့ကြတာလေ မှတ်မိကြလား ”

အေမီရဲ့ခပ်တိုးတိုးစကားသံကြောင့် သူတို့အချင်းချင်းလက်ကုပ်ပြောနေကြပြီး သဘောတွေ့နေကြတယ်။သူတို့အတွက်တော့ ကုမ္ပဏီပိုင်ရှင်သူဌေးပြောင်းသွားခဲ့ပေမဲ့ ခပ်ချောချောမန်နေဂျာအသစ်ရောက်လာခဲ့တာဆိုတော့ ကျေနပ်ပျော်ရွှင်နေကြတာပေါ့။မေကျော့ရှင်းအတွက်တော့ တကယ့်ကိုကံဆိုးမိုးမှောင်ကျခြင်းပါပဲလေ။ဘဝကရှေ့ဆက်ပြီးဘာလုပ်လို့လုပ်ရမှန်းမသိအောင်ကိုပဲ ခဏအတွင်းမှာလမ်းပျောက်သွားသလိုခံစားလိုက်ရတယ်။

~~~~ a~~~~k~~~y~~~i~~~~~~p~~~h~~~y~~~~~u~~~~

” ဟုတ်ကဲ့ ..ကျွန်မနာမည်ကဝေဝေနှင်းပါ..ကုန်ပစ္စည်းအဝင်အထွက်စာရင်းကိုင် အဖွဲ့ခေါင်းဆောင်ပါ..ကျွန်မလက်အောက်မှာ စာရင်းကိုင်လေးယောက်ရှိပါတယ်..ကျွန်မရဲ့လက်ထောက်ကတော့ ..ဟင်…ကျော့ဘယ်ရောက်သွားလဲ ”

မမဝေတစ်ယောက် သူဌေးနဲ့ သူဌေးရဲ့သမီးထံမှာ မိတ်ဆက်တင်ပြနေရင်းက သူ့လက်အောက်အဖွဲ့သားတွေနဲပါမိတ်ဆက်ပေးလိုက်တယ်။သို့ပေမဲ့ မေကျော့ရှင်းကိုမိတ်ဆက်ပေးဖို့ကြည့်လိုက်ချိန်မှာတော့ မေကျော့ရှင်းကိုမတွေ့ရတာမို့ ပျာယာခတ်သွားရတယ်။

“ကျော့ဘယ်ရောက်သွားလဲ အေမီ ”

မမဝေရဲ့ခေါ်သံကြောင့် မေကျော့ရှင်းမှာ အေမီတို့နောက်မှာဆက်ပြီးပုန်းကွယ်မနေနိုင်တော့ဘဲ ခေါင်းကိုငုံ့ကာထွက်ခဲ့ရတော့တယ်။

ရှေ့ကမြင်ကွင်းကိုကြည့်ပြီး ဇွဲညီထင်ရဲ့ခြေလှမ်းတွေတုံ့ခနဲရပ်တန့်သွားရတော့တယ်။သူမြင်တွေ့လိုက်ရတာက စားသောက်ဆိုင်မှာဆုံခဲ့ဖူးကြတဲ့အဖွဲ့နဲ့အတူခေါင်းကိုငုံ့ကာရပ်နေတဲ့မေကျော့ရှင်း။မေကျော့ရှင်းပုံစံက သူတို့တွေ့ပြီးသွားပြီးမို့တွန်းဆုတ်စိတ်ပျက်နေတဲ့ပုံစံမျိုးနဲ့။လောကကြီးဘာတွေများဖြစ်ကုန်တာလဲမသိတော့။ကုမ္ပဏီတွေ ဒီလောက်အများကြီးထဲကမှ မေကျော့ရှင်းအလုပ်လုပ်နေတဲ့ကုမ္ပဏီတဲ့လား။

” ဟုတ်ကဲ့..သူကမေကျော့ရှင်းပါ ..ကျွန်မရဲ့လက်ထောက်ပါရှင် ..ကုန်ပစ္စည်းအဝင်အထွက်စာရင်းအင်းပိုင်းကိုအထူးကျွမ်းကျင်သူပါ….ကျွန်မတို့ရုံးမှာအလုပ်ဝင်တာ တစ်နှစ်မပြည့်သေးပေမဲ့ ..လုပ်သက်အတွေ့အကြုံကတော့ …ဆယ်နှစ်နီးပါးရှိပါတယ် ”

” တွေ့ရတာဝမ်းသာပါတယ် မမေကျော့ရှင်း..အားကိုးပါတယ်နော် ..ရှေ့ဆက်ပြီးနွေးတို့အလုပ်တူတူတွဲလုပ်ကြတာပေါ့ရှင် ”

” ဟုတ်..ဟုတ်ကဲ့ ..ကြိုးစားပါ့မယ်ရှင် ”

နွေးနွေးချစ်ရဲ့စကားကို မေကျော့ရှင်းခေါင်းညိတ်ပြလိုက်ပြီးတော့ အေမီတို့နောက်နားကိုအမြန်ပြန်ဆုတ်လိုက်တယ်။နွေးနွေးနောက်ကနေ တဖြည်းဖြည်းဝင်ရောက်လာခဲ့တဲ့ဇွဲညီထင်ကို မေကျော့ရှင်းမြင်နေရပြီလေ။

” တွေ့ရတာဝမ်းသာပါတယ်မန်နေဂျာကြီး ..ကျွန်မက စားရင်းကိုင် အဖွဲ့ခေါင်းဆောင်ဝေဝေနှင်းပါ ..သူကကျွန်မရဲ့လက်ထောက် မေကျော့ရှင်းပါ ”

” ဟုတ်ကဲ့ ..ကုမ္ပဏီရဲ့တိုးတက်ရေးအတွက် ကျွန်တော်တို့အတူကြိုးစားကြတာပေါ့..အကူအညီတောင်းပါတယ်ခင်ဗျာ ”

အပြန်အလှန်မိတ်ဆက်စကားတွေပြောနေကြရင်း ဇွဲညီထင်နဲ့မေကျော့ရှင်းတို့တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းမဆိုင်မိအောင် အထူးသတိထားနေခဲ့ကြတယ်။

~~~~a~~~~k~~y~~~i~~~p~~~~h~~~y~~~~u~~~~~~~

ပစ္စည်းဂိုထောင်ထဲမှာ ပစ္စည်းစာရင်းတွေလိုက်စစ်နေရပေမဲ့ မေကျော့ရှင်းစိတ်ထဲမပါလှ။ဒီနေ့ဆိုရင် ဇွဲညီထင်တို့တွေအလုပ်ဝင်ကြတာသုံးရက်ရှိပြီ။သူကမန်နေဂျာဆိုတော့ သူမတို့တွေ အချိန်တိုင်းမျက်နှာချင်းဆိုင်ဆုံနေရတာတော့မဟုတ်ဘူးပေါ့။ဒါပေမဲ့လဲ မေကျော့ရှင်းက စာရင်းကိုင်အဖွဲ့ကဖြစ်နေလေတော့ မန်နေဂျာဆီမကြာခဏစာရင်းတင်ပြနေရတာလေ။စာရင်းသွားပြပြီဆိုရင်လဲ မမဝေကအဖွဲ့ခေါင်းဆောင်ဆိုတော့မေကျော့ရှင်းပဲသွားရတာလေ။အေမီနဲ့အကူနှစ်ယောက်ကိုလွှတ်ဖိုကျတော့လဲ စာရင်းမနိုင်ကြသေးတေ့အဆင်မပြေပြန်ဘူး။ပြောရရင် သုံးရက်လောက်အတွင်းမှာကို မေကျော့ရှင်းသိသိသာသာကိုစိတ်ဖိစီးလာမိတယ်။တစ်နေ့တစ်နေ့အလုပ်လာမယ့်အစား ငရဲကိုပြည်ကိုသာအခေါက်ခေါက်အခါခါသွားလိုက်ချင်တော့တာ။ခင်ပွန်းဟောင်းအပေါ် ဘယ်လိုပဲသံယောဇဉ်ကုန်ပါတယ်ပြောပြော သူ့လက်အောက်မှာဝန်ထမ်းအဖြစ်လုပ်နေရတဲ့ဘဝက လူကိုအတော်လေးသိမ်ငယ်စေတာအမှန်ပဲ။တစ်နေ့တစ်နေ့ရုံးခန်းထဲဝင်ပြီး သူ့ဆီမှာစာရင်းတင်ပြမဲ့အစား မိုးမြေအဆုံးလမ်းတွေသာ ပတ်လျှောက်နေလိုက်ချင်တော့တာ။

“မေကျော့ရှင်း ”

” အမေ့..ရှင်..ရှင်..ဒါဘာလုပ်တာလဲ ..ဖယ်..ဝူး ..ဝူး ”

ကုန်ပစ္စည်းတွေသိုလှောင်ခန်းထဲကနေ ရုတ်တရက်ထွက်ပေါ်လာခဲ့တဲ့ ဇွဲညီထင်ကိုကြည့်ပြီး မေကျော့ရှင်းလန့်ဖျပ်ကာအော်လိုက်မိတယ်။ဇွဲညီထင်က မေ‌ကျော့ရှင်းကိုဆွဲခေါ်လိုက်ပြီး ပါးစပ်ပိတ်လိုက်တာမို့ မေကျော့ရှင်းမှာ ဇွဲညီထင်ဆွဲခေါ်ရာနောက်ကို ယက်ကန်ယက်ကန်နဲ့ပါသွားရတော့တယ်။

” မင်းပါစပ်ကိုပိတ်ထား..မင်းကိုဘာမှမလုပ်ဘူး ..ပြောစရာရှိလို့…ငါပြောတာကိုနားထေင် ..ငါ့ဆီကိုစာရင်းလာတင်ပြဖို့လူက မင်းတို့အဖွဲ့မှာမင်းတစ်ယောက်ပဲရှိတာလား..ဘာလဲ….ငါ့ကိုစိတ်အနှောက်အယှက်ပေးဖို့စိတ်ကူးထားတာလား ပြောစမ်းပါအုံး..ဒီကုမ္ပဏီကို ငါပြောင်းလာမှန်းသိသိနဲ့ ထွက်စာမတင်သေးဘူးဆိုတော့ထူးဆန်းတယ်လို့တော့ထင်မိသားပဲ….သဘောမကျတဲ့နေရာမှာဆိုရင် တစ်ရက်လောက်တောင်သည်းခံပြီးနေနိုင်စွမ်းမရှိတဲ့သူက ..ဒီတစ်ခါအကြောတင်းနေတယ်ဆိုတော့ ..ဘာတွေများကြံစည်နေတာလဲ ပြောစမ်းပါအုံးဆရာမကြီးရဲ့ ”

ဇွဲညီထင်ရဲ့စကားကြောင့် မေကျော့ရှင်း ဒေါသထောင်းခနဲထွက်သွားရပြီး ဇွဲညီထင်ကိုအတင်းဆောင့်တွန်းပစ်လိုက်တယ်။

” ရှင်ရူးနေတာလား….ရှင့်ဆီကို ကျွန်မက လာချင်လွန်းလို့လာနေတယ်ထင်လား….ကျွန်မကအလုပ်လုပ်နေတာ….ပြီးတော့ ဒီအလုပ်ထဲကို… ကျွန်မကအရင်ရောက်နေတာနော် … မကျေနပ်ရင် ရှင်ထွက်သွားပေါ့…ကျွန်မကတော့ ဒီမှာပဲအလုပ်ဆက်လုပ်နေအုံးမှာ ”

” ဟ …မင်းပြောတာလွယ်လှချည်လား…ငါ့အခြေအနေကို မင်းမတွေ့ဘူလား …ငါနဲ့နွေးရဲ့ ပတ်သက်မှုကို မင်းမတွေ့ဘူးလား.. တကယ်ဆိုရင် … ဒီအလုပ်ကနေ မင်းတွက်သွားသင့်တယ် ….မင်းရှိနေတော့ ငါလဲ စိတ်အနှောက်အယှက်ဖြစ်တယ်ကွ ”

” ဘာ…ဘာတွေလာပြောနေတာလဲ .. ရှင့်ကိုကျွန်မက ဘာတွေ နှောက်ယှက်နေလို့လဲ …ရှင်တို့ပတ်သက်နေတော့ရော….ကျွန်မကဘာလုပ်ပေးရမှာလဲ ……ရှင်ကိုယ်တိုင်အလုပ်ရှင်သူဌေးဖြစ်လာတဲ့နေ့ကျရင်ပြောလေ…..အဲ့ဒီနေ့ ရောက်လာခဲ့ရင် ကျွန်မအလုပ်ထွက်ပေးမယ်…ပြီးတော့ တစ်ခါတည်းပြောထားလိုက်မယ် ..ကိုယ့်အလုပ်ကိုယ်လုပ်ပါ …စကားအပိုတွေလာမပြောပါနဲ့ …ရှင့်အကြောင်းရှင့်ကိစ္စကို စိတ်မဝင်စားတာမို့ ..ကျွန်မနဲ့လဲလာမပတ်သက်နဲ့ ….”

မေကျော့ရှင်း စိတ်တိုတိုနဲ့ပြောဆိုလိုက်ပြီးတော့ ဇွဲညီထင်ကို ဆောင့်ထွန်းပစ်လိုက်ကာ အမြန်ထွက်ခဲ့လိုက်တယ်။

” မေကျော့ရှင်း ”

” ရှင် ..ဟင် ..မမ…မမဝေ ”

ဇွဲညီထင်ရဲ့နားကနေ မေကျော့ရှင်း အပြေးလေးလှည့်ထွက်လာခဲ့စဉ်မှာ အပေါက်ဝမှာမမဝေနဲ့တည့်တည့်တိုးတာကြောင့် လန့်ဖျပ်ကာအော်လိုက်မိတယ်။

” လက်ကျန်စာရင်းတွေ ကောက်ခဲ့ပြီလားကျော့ ”

” ဟုတ်..ဟုတ်ကဲ့ ..ဟို…မမဝေကဂိုထောင်ထဲလိုက်လာတယ်ဆိုတော့ ခိုင်းစရာရှိလို့လားဟင် ”

” မန်နေဂျာ ဒီဘက်ကိုလာတယ်ဆိုလို့ လိုက်လာတာ …နင်တို့အထဲမှာ ဘာတွေပြောနေကြတာလဲ ”

” ရှင် ”

မမဝေရဲ့မာဆတ်ဆတ်မေးသံကြောင့် မေကျော့ရှင်းရင်ထဲထိတ်ခနဲဖြစ်သွားရတယ်။

” ဟို ….ဟို ..ပစ္စည်းအဝင်အထွက်စာရင်းလုပ်ကိုင်ပုံကိုမေးနေတာပါ ”

” ဟုတ်လား ”

မမဝေက မသင်္ကာတဲ့မျက်လုံးတွေနဲ့မေးနေတာမို့ မမဝေရှေ့ကနေ မေကျော့ရှင်းအမြန်ဆုံးထွက်သွားဖို့ပြင်လိုက်မိတယ်။

” နေအုံး ကျော့..မင်းကိုမမဝေတစ်ခုတော့ သတိပေးထားမယ်…မန်နေဂျာအသစ်နဲ့သူဌေးသမီးတို့ ပတ်သက်မှုရှိနေတာကို… ကျော့လဲသိနေတာပဲလေ..ဒါကြောင့်အနေအထိုင်ဆင်ခြင်ပါကျော့…..မန်နေဂျာကကြည့်ကောင်းတော့ အေမီတို့အုပ်စုကိုလဲ သတိပေးထားရတယ် ..အထူးသဖြင့်တော့ ကျော့ပေါ့..တစ်ခုလပ်ဆိုတာ အနေအထိုင်ဆင်ခြင်နိုင်ကာမှ သူများအထင်သေးမခံရမှာ..ပြီးတော့ စာရင်းကိုင်အဖွဲ့လဲ အထင်သေးမခံရအောင် နေထိုင်ပါ ”

” ရှင် ”

မမဝေစကားကြောင့် မေကျော့ရှင်းကိုယ်ထဲကသွေးတွေပြောင်းပြန်စီးသွားသလားတောင်ထင်ရလောက်အောင် လူကစိတ်တိုဒေါသထွက်သွားမိတယ်။ဖြစ်နိုင်ရင် သူမရှေ့မှာ ရပ်နေတဲ့ မမဝေကို စိတ်ရှိလက်ရှိ တွန်းထုတ်ပစ်လိုက်ချင်တာ။
==a===k====y=====i====p==h==y===u==

အပိုင်း(၅)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၅)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

မိန်းမသားချင်း ကိုယ်ချင်းမစာမနာ ဒီလောက်အထိအထင်သေးတတ်တဲ့ မမဝေကိုကြည့်ပြီး မေကျော့ရှင်းတကယ့်ကိုစိတ်ပျက်သွားမိတယ်။မမဝေအတွက် တစ်ခုလပ်ဆိုတဲ့အကြောင်းပြချက်က သိပ်ကိုအထင်သေးစရာကောင်းနေပုံလဲရတယ်။စိတ်ထဲရှိတဲ့အတိုင်းသာ မမဝေကိုပြန်ပြောရရင်တော့ ဒီနေရာမှာပွဲကြီးပွဲကောင်းတစ်ပွဲတော့ဖြစ်သွားနိုင်လောက်တယ်။မေကျော့ရှင်းစိတ်ကိုမနည်းထိန်းလိုက်ရပြီး မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်မိတယ်။

” ကျော့ကတစ်ခုလပ်မို့ မမဝေကအထင်သေးနေတာထင်တယ်….ကျော့ကယောကျ်ားမရှိရင် မနေနိုင်တဲ့ပုံစံများပေါက်နေလို့လားဟင်..ပြီးတော့လေကျော့က ပုံဆိုးပန်းဆိုးဖြစ်နေရင်တောင် ယောက်ျားတစ်ယောက်ကိုအတင်းလိုက်ပတ်သက်နေရမဲ့အနေအထားမျိုးတော့လဲမဟုတ်လောက်သေးဘူးထင်ပါတယ်…ရုပ်ရည်ရောပညာအရည်အချင်းရော သုညအောက်တော့မရောက်သေးဘူးထင်ပါရဲ့ မမဝေရယ် ဟင်း…ဟင်း..”

သည်းခံနေဖို့စိတ်ကူးထားပေမဲ့ မွေးရာပါဆတ်ဆတ်ထိမခံတတ်တဲ့စိတ်လေးက ရုန်းကြွလာတော့ ဟာသနှောပြီးခပ်လှောင်လှောင်လေးပြန်ပြောလိုက်မိတယ်။သူမပြန်ပြောလိမ့်မယ်လို့ထင်ပုံမရတဲ့ မမဝေခမျာ မျက်လုံးပြူးလေးနဲ့မော့ကြည့်နေရှာတယ်။

” ကျော့ကလေ ..ကျော့အကြောင်းတွေကိုပြောပြ.. ..”

” အဖွဲ့မှူးရောက်နေတာလား..အတော်ပဲ..ကျွန်တော်သိချင်တာလေးရှိလို့ နည်းနည်းလောက်လိုက်ရှင်းပြပေးပါလား…မမေကျော့ရှင်းကတော့ ရုံးပေါ်ပြန်သွားပြီး လက်ကျန်စာရင်းတွေကိုသေချာလေးလုပ်ထားပေးပါနော် ”

မကျေနပ်ချက်တွေကို မေကျော့ရှင်းထပ်ပြောဖို့ စကားစလိုက်ချိန်မှာပဲ ဇွဲညီထင်ကသူမတို့နားကိုရောက်လာခဲ့ပြီး ရုတ်တရက်ဝင်ရောက်ပြောဆိုလိုက်တာကြောင့် မေကျော့ရှင်းမှာပြောလက်စ စကားပါရပ်တန့်သွားရတယ်။မေကျော့ရှင်းခေါင်းကိုညိတ်ပြလိုက်ပြီး မကျေနပ်သေးတဲ့စိတ်နဲ့မော့ကြည့်လိုက်မိတော့ ..သူမကိုခပ်စူးစူးစိုက်ကြည့်နေတဲ့ဇွဲညီထင်ကိုတွေ့လိုက်ရတာမို့ ချာခနဲကျောခိုင်းလှည့်ထွက်ခဲ့လိုက်တော့တယ်။

~~~a~~~k~~~y~~~i~~~~~p~~~h~~~y~~~u~~~~~~~~~

” ကျော့ကျော့ရယ်..ကြီးကြီးတောင်းပန်ပါတယ်ကွယ်..ကြီးကြီးတို့တွေ အလုပ်တကယ်အဆင်မပြေဖြစ်နေလို့ပါကွယ်…သမီးပိုက်ဆံကိုနောက်လကုန်တာနဲ့ပြန်ပေးပါ့မယ်..အကြာကြီးမသုံးပါဘူးစိတ်ချပါ..သမီးအစ်မနဲ့ခဲအိုလဲ အရောင်းအဝယ်ကအဆင်မပြေတဲ့ကြားထဲ..ကလေးကနေမကောင်းထဖြစ်တော့ တော်တော်လေးခက်ခဲသွားလို့ပါ ”

ကြီးကြီးဆီက တသီတတန်းကြီးကြားနေရတဲ့ဒုက္ခတွေကို မေကျော့ရှင်းဆက်ပြီးနားထောင်နိုင်စွမ်းမရှိတော့ပါ။ဆက်ပြီးနားထောင်နေရင်လဲ ပိုဆိုးတဲ့အကြောင်းအရာစိတ်ညစ်စရာတွေကိုပါ ကြားရတော့မှာလေ။တစ်လုတ်စားဖူးသူ့ကျေးဇူးတဲ့။ ကြီးကြီးတို့အိမ်မှာ တစ်လုပ်မကစားခဲ့ဖူးတယ်လေ။အရင်လိုအခြေအနေသာဆိုရင် ကြီးကြီးအနေနဲ့ဒီလောက်ထိကိုပြောစရာမလိုပါဘူး။ခက်တာက အလုပ်ထဲကိုဇွဲညီထင်ပြောင်းလာပြီးကတည်းက သူမစိတ်ဖိစီးလွန်းလို့ အလုပ်ပြောင်းမလားစဉ်းစားနေမိတာ။အွန်လိုင်းပေါ်ကနေ အလုပ်တွေလဲရှာနေခဲ့တယ်။ဒါပေမဲ အလုပ်တစ်ခုရဖို့က တကယ့်ကိုမလွယ်တာလေ။အလုပ်က ပြန်ရောက်တာနဲ့အွန်လိုင်းကနေ အလုပ်ခေါ်စာတွေကိုရှာပြီး လိုက်လျှောက်နေပေမဲ့ အင်တာဗျူးခေါ်တာမျိုးတောင်မရှိဘူးလေ။ဒါတွေကို တွေးလိုက်မိတိုင်း သူမရင်ထဲကဆန္ဒတွေကို မျိုသိပ်ခဲ့ရတာ။လက်ရှိအလုပ်ကနေ ထွက်လိုက်ပြီဆိုပါတော့ ။တစ်လအတွင်း အလုပ်သစ်ပြန်ရရင်တော်သေး။အလုပ်များမရခဲ့ရင် လမ်းပေါ်ရောက်မဲ့ကိန်းလေ။မေကျော့ရှင်းအဖြစ်ကလဲ တစ်လတစ်လ သိန်းချီပြီးလစာတွေရနေပေမဲ့ ပိုလျှံတယ်ဆိုတာမှမရှိတာ။ပေးစရာကျွေးစရာ ထောက်ပံ့စရာလူမရှိဘဲနဲ့ကို လစာက မလောက်တာ။ခေတ်ကာလကုန်ဈေးနှုန်းကြီးမြင့်လာတာတွေရယ်၊ကိုယ့်ပတ်ဝန်းကျင်က တစ်ယောက်ယောက်ဒုက္ခရောက်နေရင် ကြည့်မနေနိုင်တဲ့စိတ်တွေကြောင့် ငွေက မေကျော့ရှင်းနဲ့အတူမနေ ဖြစ်နေခဲ့ရတာ။တစ်ယောက်ယောက်ကိုချေးငှားပြီးသွားရင် ပြန်မတောင်းရဲတဲ့အကျင့်ကလည်းတော်တော်တော့ဆိုးတယ်။ အခုလဲ ကြီးကြီးကပိုက်ဆံလာချေးတာ။ အမြဲတမ်း ကိုယ့်ဘက်က တစ်လုံးတစ်ခဲပေးလိုက်ပေမဲ ပြန်ရဖို့ မသေချာလှတာမို့ ဒီတစ်ခေါက်တော့ ငွေပေးလိုက်ဖို့ကို မေကျော့ရှင်းတွေဝေနေမိတယ်။ဒီငွေနဲ့ သူမရဲ့သိက္ခာကို ဆယ်ဖို့လုပ်ထားခဲ့တာ။ မရှိဘူးလို့လဲ ငြင်းလို့မရပြန်ဘူး။သူမရဲ့အတွင်းစိတ်ကိုက ငြင်းရခက်နေတော့လဲ ခြေစောင့်လက်စောင့်အဖြစ်ထားထားတဲ့ ငွေလေးကို ထုတ်ပေးဖို့ဆုံးဖြတ်လိုက်ရတော့တယ်။

~~~a~~-k~~~y~~~i~~~p ~~h~~~y ~~u ~~

” ဟယ် ”

ရုံးခန်းအပြောင်းအလဲအပြင်အဆင်ကိုကြည့်ပြီး မေကျော့ရှင်းမှာ နွေခေါင်ခေါင်မိုးကြိုးပစ်ချခံလိုက်ရသလို ထင်လိုက်မိတယ်။ဘယ်နှယ့် မန်နေဂျာက မန်နေဂျာအခန်းရယ်လို့ တသီးတသန့်မနေဘဲ သူမတို့အခန်းနဲ့တိုးလျှိုပေါက်ကိုမြင်နေရတဲ့အခန်းပုံစံကိုပြောင်းလဲလိုက်ရတာလဲ။ ဒီလိုအခန်းအပြင်အဆင်က သူဌေးတွေအနေနဲ့ကြည့်မယ်ဆိုရင်တော့ ဝန်ထမ်းတွေတကယ်အလုပ်လုပ်နေရဲ့လားဆိုတာကို စောင့်ကြည့်နေတဲ့အနေအထားမျိုးပေါ့။ဒါပေမဲ့ဒီလိုမျိုး မှန်နံရံပဲခြားထားတော့ မန်နေဂျာရုံးခန်းထဲကို မေကျော့ရှင်းတို့ဘက်က လှမ်းမြင်နေရသလို မေကျော့ရှင်းတို့အားလုံးကိုလည်း လှမ်းမြင်နေရတယ်လေ။စိတ်ညစ်စရာကောင်းလှတဲ့ ဒီအခြေအနေကို မေကျော့ရှင်း ဘယ်လိုရင်ဆိုင်ရမလဲမသိတော့။

” အခန်းက ဘာဖြစ်လို့ပြောင်းရတာလဲဟင် မမဝေ ”

မေကျော့ရှင်းသိချင်နေတဲ့မေးခွန်းကို အေမီကမေးလိုက်တာမို့ မေကျော့ရှင်းလဲသိချင်စိတ်နဲ့ နားစွင့်နေလိုက်တယ်။

” သူဌေးသမီးရဲ့ အမိန့်လေ…..အင်း…ကြည့်ရတာ မန်နေဂျာရဲ့အခန်းထဲကို မိန်းကလေးတစ်ယောက်တည်း ဝင်တာကို စိတ်မချလို့ထင်ပါရဲ့ … မန်နေဂျာက သူ့ကောင်လေးဆိုတော့လဲ ဘယ်စိတ်ချမလဲကွယ် … အင်း…ဘာပဲဖြစ်ဖြစ် တို့တွေဘက်က အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနေကာမှတော်ကာကျမယ်…..တစ်ဦးတစ်ယောက်ကြောင့်နဲ့ စာရင်းအဖွဲ့ကဆိုပြီး အပြောခံရတာမျိုးမဖြစ်ပါစေနဲ့ ဘာဖြစ်လို့လဲဆိုတော့ မန်နေဂျာအခန်းနဲ့အနီးဆုံးပတ်သက်နေတာ တို့တွေစာရင်းကိုင်အဖွဲ့ပဲရှိတာ ”

မမဝေရဲ့စကားကြောင့် မေကျော့ရှင်း အံလေးကို မသိမသာကြိတ်လိုက်ပြီး ထိုင်ရမဲ့ခုံဆီကို လျှောက်သွားလိုက်တယ်။

ထိုင်ခုံမှာထိုင်ချလိုက်ပြီး စိတ်ရှုပ်ရှုပ်နဲ့ လှမ်းကြည့်လိုက်မိချိန်မှာ ဇွဲညီထင်နဲ့ သူဌေးသမီးနွေးနွေးချစ်တို့ စကားပြောနေကြတာကိုတွေ့လိုက်ရတာမို့ အကြည့်ကိုအမြန်လွှဲလိုက်ရတယ်။သူမလှမ်းကြည့်လိုက်ချိန်မှာ ဇွဲညီထင်လှမ်းကြည့်လိုက်တာကို မြင်လိုက်ရတာမို့ မျက်နှာထားကို တင်းပစ်လိုက်တယ်။အေးချမ်းနေတဲ့ သူမ ဘဝလေးက ဇွဲညီထင်နဲ့ပြန်ဆုံလိုက်ရချိန်မှာ ကမောက်ကမတွေဖြစ်သွားခဲ့တော့တာ။ဒီကြားထဲက အပျိုကြီးမမဝေကလဲတစ်မှောင့်။သူတို့လိုအပျိုကြီးတွေကပဲ ဂုဏ်ရှိအိန္ဒြေရှိပြီး မေကျော့ရှင်းတို့လိုတစ်ခုလပ်တွေကတော့ယွထနေတယ်လို့ စွဲမှတ်ယူထားပုံရတယ်။အမျိုးသမီးတစ်ယောက်အနေအထိုင်မတတ်ဘူးဆိုတာ အပျိုရယ်အအိုရယ်ကြောင့်မဟုတ်ဘဲ နဂိုစိတ်ရင်းခံကိုက ဆပ်စလူးခါနေတတ်သူကခါနေတတ်တာကိုလည်း သိပုံမရဘူး။သူ့အတွက်တော့ သူတို့လိုအပျိုကြီးတွေကသာ အနေအထိုင်တတ်သူ၊သိက္ခာရှိသူလို့တရားသေလက်ခံထားပုံရတယ်။ချစ်သူခင်ပွန်း‌ယောက်ျားတစ်ယောက်နဲ့ပဲပတ်သက်ဖူးပြီးတစ်ခုလပ်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေရယ်။ရည်းစားတွေမှိုလိုပေါက်ပြီးပွေရှုပ်နေတဲ့အပျိုကြီးတွေရယဆိုတာ သူ့နေရာနဲ့သူရှိကြတာပဲ။ဇွတ်ကြီးသိက္ခာမြင့်နေတာမျိုးကျတော့လည်း အမြင်ကပ်တာတော့အမှန်။အခုလည်းကြည့် သူတို့ဘာသာရုံးခန်းပုံစံပြောင်းတာကို မသိရင်မေကျော့ရှင်းကြောင့်ပဲ ပြောင်းရသလိုလိုနဲ့စကားတွေပြောရင်းက မေကျော့ရှင်းဘက်ကိုလှမ်းလှမ်းကြည့်နေတာကြီးက သိသာလွန်းနေတယ်လေ။

~~~~ a~~~~k~~~y~~~i~~~~~p~~~~h~~y~~~u~~~

” ခုတလော ကျော့ကျော့ကိုကြည့်ရတာ သိပ်မလန်းပါလား….ဘာလဲ နေမကောင်းဘူးလား…အလုပ်အဆင်မပြေလို့လား ”

ကိုထူးမော်ရဲ့ အမေးစကားကြောင့် မေကျော့ရှင်းခေါင်းလေးမော့ကာကြည့်လိုက်ပြီး

” အလုပ်အဆင်မပြေတာထက် အလုပ်ပြောင်းမလားလို့ တွေးနေမိတာပါကိုထူးရယ် ”

အရောင်းဝန်ထမ်းအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကိုထူးမော်နဲ့ မေကျော့ရှင်းကရင်းနှီးနေပြီမို့ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်းပဲထုတ်ပြောလိုက်တယ်။

” ဟာ ..ဘယ်လိုဖြစ်ရတာလဲ ကျော့ကျော့ရယ်… မန်နေဂျာအသစ်နဲ့ အဆင်မပြေလို့လား…ဒါမှမဟုတ် လစာအဆင်မပြေလို့လား ”

ကိုထူးမော်ရဲ့ နောက်ဆက်တွဲအမေးကြောင့် မေကျော့ရှင်းအဖြေရခက်သွားရတယ်။

” ဘယ်လိုပြောရမှန်းတောင် မသိပါဘူးကိုထူးရယ်…ပြောမဲ့သာပြောရတာ အခုလိုအချိန်မျိုးမှာ အလုပ်ပြောင်းဖို့ဆိုတာကလဲ အဆင်မပြေနိုင်မှန်းသိပါတယ် … ခုတလော ရုံးထဲမှာ စာရင်းတွေလုပ်လိုက်…ဂိုထောင်ထဲမှာ စာရင်းတွေစစ်လိုက်နဲ့ လုပ်နေရတာကို ငြီးငွေ့လာသလိုပဲ ….ဖြစ်နိုင်ရင် ကိုထူးတို့အရောင်းအဖွဲ့ထဲကိုပြောင်းပြီး နေရာအနှံ့ လျှောက်သွားနေချင်တော့တယ် ”

” ဟာ ….. ပြောင်းခဲ့လေ…ကျော့ကျော့လိုလူမျိုးသာ ကျွန်တော်တို့ အရောင်းအဖွဲ့ထဲကို ပြောင်းလာမယ်ဆိုရင် ဝမ်းပန်းတသာနဲ့ ကြိုဆိုပါတယ်ဗျာ …ဘယ်တော့ ပြောင်းလာမလဲ…မနက်ဖြန်လား…သဘက်ခါလား ”

ကိုထူးမော် ပြုံးစစမျက်နှာနဲ့ပြောလာတော့ မေကျော့ရှင်းမှာ မချိသွားဖြဲမျက်နှာလေးနဲ့ ရယ်နေလိုက်ရတယ်။စိတ်ထဲကတော့ “ဒီနေ့ပဲ ပြောင်းလာချင်တော့တယ်” လို့ ပြောလိုက်တယ်။တစ်ရက်တစ်ရက်မမဝေနဲ့ ဇွဲညီထင်တို့ကို မြင်နေရတာကြာရင် မေကျော့ရှင်းစိတ်ရောဂါရတော့မယ်လေ။

~~~~a~~~k ~~~ y~~~i~~~p~~~h ~~~ y~~u~~~~

ဇွဲညီထင်နဲ့မမဝေတို့ ကုန်လှောင်ရုံခန်းထဲ၀င်လာကြစဉ်မှာ ကုန်လှောင်ရုံထဲမှာစကားပြောနေကြတဲ့ မေကျော့ရှင်းနဲ့ထူးမော်တို့ကိုတွေ့လိုက်ရတာမို့ နှစ်ယောက်သားတိုင်ပင် မထားကြပါဘဲ မျက်နှာထားများတင်းသွားကြတယ်။

မေကျော့ရှင်းနဲ့ထူးမော်ကို ကြည့်ပြီး ဇွဲညီထင်နှုတ်ခမ်းကိုတွန့်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိတယ်။

မမဝေတစ်ယောက်ကတော့ မေကျော့ရှင်းတို့ကိုကြည့်ပြီး ရင်ထဲကဒေါသတွေဆူဝေလာခဲ့တယ်။ပြီးတော့မျက်နှာထားတင်းတင်းနဲ့ပဲ မေကျော့ရှင်းတို့ရှိရာဆီကို ခြေသံပြင်းပြင်းနင်းပြီးလျှောက်သွားလိုက်တယ်။

” ဒီမှာ ဘာလုပ်နေတာလဲ ကျော့ကျော့….မင်းကို မမဝေတို့လိုက်ရှာနေတာကွ ”

” ဟင် ..မမဝေ ”

မမဝေရဲ့အသံကြောင့် မေကျော့ရှင်းက အသံလာရာဆီကို လှည့်ကြည့်လိုက်တယ်။ ဒီအခါ မမဝေရဲ့ဘေးမှာရပ်နေတဲ့ ဇွဲညီထင်ကိုလည်း တွေ့လိုက်ရတာမို့ လူမှာ ဆတ်ခနဲပင်တုန်သွားခဲ့ရ တယ်။

” ဟို … ဟို …ဘာခိုင်းစရာရှိလို့လဲ မမဝေ ….ဒီမှာ အရောင်းအဖွဲ့ကိုမနက်ဖြန်ထုတ်ပေးရမဲ့ ကုန်စာရင်းတွေလုပ်နေလို့ပါ ”

” ဘယ်လို့…ဒီအလုပ်က မင်းလုပ်ရမှာမဟုတ်ဘူးလေ ကျော့ကျော့ ….အေမီလုပ်ရမဲ့အလုပ်လေ…အေမီကဘယ်မှာလဲ ”

စိတ်တိုဒေါသထွက်နေတဲ့အသံနဲ့မေးနေတဲ့မမဝေကို မေကျော့ရှင်းစိတ်ရှုပ်စွာနဲ့ပြန်ကြည့်လိုက်တယ်။မေကျော့ရှင်းဘာပဲလုပ်လုပ် စိတ်တိုင်းမကျ ဖြစ်နေတဲ့မမဝေဟာ အခုလဲအကြောင်းပြချက်မရှိစိတ်တိုနေပြန်တာကို သတိထားလိုက်မိတယ်။ပြန်ပြောရင်လဲ မေကျော့ရှင်းဘက်ကအလွန်ဖြစ်အုံးမယ်။တကယ်ပါလေ မမဝေနဲ့ဇွဲညီထင်ဆိုတဲ့ ဒီလူသားနှစ်ယောက်ဟာဆိုရင် မေးကျော့ရှင်းရဲ့ပျော်ရွှင်မှုတွေကိုနှောက်ယှက်ဖျက်ဆီးနေကြတဲ့သူတွေဆိုတာတစ်နေ့ထက်တစ်နေ့ ပိုပြီးပီပြင်ထင်ရှားလာသလို ခံစားလိုက်ရတယ်။

~~~~a~~~K ~~~ y~~~i~~~~p ~~~~h~~~y~~~~u~~~

” ဒီလမှာပစ္စည်းတွေ အရောင်းနည်းနည်းတန့်သွားတယ်နော်…မာကတ်တင်းအဖွဲ့ကလူလိုရင်ပြောပါ…ကုန်တိုက်အသစ်တွေ..ဆိုင်ခန်းအသစ်တွေကိုရှာပြီး မာကတ်တင်းဆင်းဖို့လုပ်ကြပါ…လူအင်အားလိုအပ်တယ်ဆိုရင်အခုတစ်ခါတည်းတင်ပြပါ…”

” ဟုတ်ကဲ့ ဂျာကြီး….တောင်းဆိုလို့ရမယ်ဆိုရင်တော့ ကျွန်တော်တို့အဖွဲ့အတွက် ကျွန်းကျင်အရောင်းဝန်ထမ်းလိုအပ်ပါတယ်..ကျွန်တော်တို့ကုမ္ပဏီရဲ့ထုန်ကုန်တွေကို နားလည်တတ်ကျွမ်းနေတဲ့ ဝန်ထမ်းတွေထဲက တစ်ယောက်လောက်ကို ကျွန်တော့်တို့အဖွဲ့အတွက်ပေးစေချင်ပါတယ် ”

ဇွဲညီထင်ရဲ့စကားအဆုံးမှာ မာကတ်တင်းအဖွဲ့ခေါင်းဆောင်ထူးမော် ကလူအင်အားလိုအပ်ကြောင်းထပြောလိုက်တယ်။ထူးမော်ရဲ့ စကားကိုကြားလိုက်ရချိန်မှာ မေကျော့ရှင်းခေါင်းထဲမှာ အသိဉာဏ်တစ်ခုလင်းခနဲ့ပွင့်လင်းသွားခဲ့တယ်။ကိုထူးမော်ဆိုတာက မေကျော့ရှင်းနဲ့စကားပြောအဆင်ပြေတဲ့သူ။သူကလဲ မေကျော့ရှင်းထက်အသက်တစ်နှစ်လောက်ပဲကြီးတော့ သူငယ်ချင်းတွေလိုမောင်နှမတွေလိုဖြစ်နေကြတာလေ။မေကျော့ရှင်း အချိန်ကြာကြာစဉ်းစာမနေတော့ဘဲ ထိုင်နေရာကနေဆတ်ခနဲထရပ်ပစ်လိုက်တယ်။

မေကျော့ရှင်းဖြုန်းခနဲထရပ်လိုက်တော့ မမဝေအပါအဝင် အစည်းအဝေးကလူတွေရဲ့မျက်လုံးတွေက မေကျော့ရှင်းဆီကိုရောက်လာကြတော့တယ်။

” ဘာများတင်ပြစရာရှိလို့ပါလဲ မမေကျော့ရှင်း ”

ဇွဲညီထင်တစ်က မေကျော့ရှင်းကိုကြည့်လိုက်ပြီး အေးစက်စက်အသံနဲ့မေးလိုက်တယ် ”

” ဟုတ်ကဲ့ပါ မန်နေဂျာကြီး …ဟို…အရောင်းအဖွဲ့ကလူလိုတယ်လို့ပြောလို့်ပါ…ဒါကြောင့် အရောင်းအဖွဲ့ထဲမှာ ကျွန်မတာဝန်ထမ်းဆောင်ချင်လို့ပါ ”

“ဘာ..ဘာပြောလိုက်တယ် မေကျော့ရှင်း ”

ဘာဆိုပြီးအသံကျယ်ကြီးနဲ့အံ့ဩသွားသူမှာ ဇွဲညီထင်မဟုတ်ပါ။မမ‌ဝေဖြစ်ပါလေတယ်။မမဝေတစ်ယောက် မေကျော့ရှင်းကိုကြည့်ကာ မျက်လုံးပြူးကြီးများနဲ့ထအော်မေးလိုက်သလို ဇွဲညီထင်ကလည်းစိတ်ပျက်စိတ်ရှုပ်စွာနဲ့မေကျော့ရှင်းကိုကြည့်လိုက်တယ်။ပြီးနောက် ထူးမော်ဘက်သို့လည်းကြည့်လိုက်ပြန်တယ်။

မေကျော့ရှင်းကတော့ ဘာကိုမှဂရုစိုက်မနေတော့ဘဲ သူမပြောချင်တာကိုထပြောလိုက်ပြီး မတ်တတ်အနေအထားကနေ ဇွဲညီထင်နဲ့မမဝေကိုအကဲခတ်ကြည့်လိုက်တယ်။

” ဒါကနောက်စရာမဟုတ်ဘူး မေကျော့ရှင်း…အရောင်းမြှင့်တင်ရေးအတွက်အရေးတကြီးကိစ္စဆိုတာကို မသိတာလား”

မမဝေက မေကျော့ရှင်းကိုကြည့်ပြီးအသံမာမာနဲ့ပြောလိုက်တယ်။

” ကျော့လဲ နောက်နေတာမဟုတ်ပါဘူးမမဝေ …ကျော့အနေနဲ့အရောင်းမြှင့်တင်ရေးပိုင်းကို တကယ်ပဲစိတ်ဝင်စားလို့တောင်းဆိုလိုက်တာပါ ”

” မဟုတ်တာတွေမပြောစမ်းနဲ့မေကျော့ရှင်း…စားရင်းစစ်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့သူက အရောင်းမြှင့်တင်ရေးလုပ်မယ်ဆိုတာက အဓိပ္ပါယ်မရှိတဲ့စကားပဲ…မင်းဘာတွေဖြစ်နေတာလဲ ..ပြီးမှတို့တွေအေးအေးဆေးဆေးစကားပြောကြတာပေါ့ ”

မမဝေက အသံမာမာနဲ့ပြောလိုက်တယ်။မမဝေရဲ့တင်းမာနေတဲ့မျက်နှာထားကိုကြည့်ပြီး ဇွဲညီထင်ချောင်းတစ်ချက်ကိုဟန့်လိုက်တယ်။

” မမေကျော့ရှင်းပြောတာကို ကျွန်တော်တို့တွေ စဉ်းစားကြည့်ပေးပါ့မယ်…ကျန်တဲ့သူတွေအနေနဲ့လိုအပ်ချက်တွေရှိရင် တင်ပြကြပါ ”

ဇွဲညီထင်က မေကျော့ရှင်းရဲ့ကိစ္စကိုခပ်မြန်မြန်ဖြေရှင်းလိုက်ပြီး တခြားအကြောင်းအရာကိုလမ်းကြောင်းလွဲလိုက်တယ်။ဒီအခြေအနေကိုမမဝေတစ်ယောက်ကတော့ ကျေနပ်ပုံမရဘဲ မျက်နှာကြီးစူပုတ်ကာမေကျော့ရှင်းကိုမျက်စောင်းခဲကြည့်နေတယ်။မမဝေအနေနဲ့မေကျော့ရှင်းကို သိပ်ပြီးအစေးမကပ်ဘူးဆိုပေမဲ့ အလုပ်နဲ့ပတ်သက်လာရင် မေကျော့ရှင်းကအားကိုရတာ။စိတ်ချရတာသူသိတယ်။ပြောရရင် မေကျော့ရှင်းလုပ်တဲ့စာရင်းမှန်သမျှ မမဝေပြန်စစ်စရာမလိုဘဲ စိတ်ချယုံကြည်လို့ရတယ်လေ။ဒီလိုစာရင်းဇယားပိုင်လှတဲ့လူက ဘာမှမဆိုင်တဲ့အရောင်းမြှင့်တင်ရေးဘက်ကို ပြောင်းရွေ့ချင်ပါတယ်ဆိုတော့ မမဝေစိတ်မတိုရင်ဘယ်သူစိတ်တိုမလဲ။ဒီကိစ္စက သူ့အပေါ်ထိခိုက်လာမဲ့ကိစ္စမဟုတ်ပါလား။

~~~a~~~~k~~~y~~~i~~~~p~~~h~~~y~~~u~~~~

” ကဲ…ထိုင်စမ်းပါအုံးအေ ”

လေသံခပ်တင်းတင်းနဲ့ပြောလာတဲ့မမဝေကို မေကျော့ရှင်းက မရယ်မပြုံးအနေအထားနဲ့ ကြည့်လိုက်ပြီးတော့ မမဝေရဲ့ရှေ့ကခုံမှာဝန်ထိုင်လိုက်တယ်။တစ်ယောက်တည်းစိတ်အမျိုးမျိုးပြောင်းလဲနေတဲ့မမဝေကို ခပ်အေးအေးပဲရင်ဆိုင်ဖို့ မေကျော့ရှင်းဆုံးဖြတ်လိုက်တယ်။ ဒီအလုပ်ကထွက်သွားဖို့က အခြေအနေမပေးသေးသလို မမဝေနဲ့ဇွဲညီထင်တို့ အထင်သေးသမျှကိုလည်း မခံနိုင်လွန်းတော့တာမို့ ဒီအလုပ်ကနေ ထွက်မပြေးနိုင်သေးရင်တောင် သူတို့တွေရဲ့မျက်စိရှေ့ကနေထွက်ပြေးဖို့ကို ရဲရဲကြီးဆုံးဖြတ်လိုက်တာ မေကျော့ရှင်း မမှားဘူးထင်ပါတယ်။

” ဒါနဲ့ … မင်းကို ပွင့်ပွင့်လင်းလင်းပဲမေးမယ် မေကျော့ရှင်း ..မင်းနဲ့ထူးမော်နဲ့ က ဘယ်လိုပတ်သက်နေလို့လဲ ”

” ရှင် ”

==a===k====y=====i====p==h==y===u==

အပိုင်း(၆)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၆)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

မမဝေရဲ့နှုတ်ကနေထွက်ကျလာခဲ့တဲ့မေးခွန်းကြောင့် မေကျော့ရှင်းအံ့ဩတုန်လှုပ်သွားရပြီး အာမေဍိတ်သံလေးပင်ထွက်သွားခဲ့ရတယ်။

” ဟို..မမဝေ ဘာမေးလိုက်တာလဲဟင် ”

” မင်းနဲ့ထူးမော်ကဘယ်လိုပတ်သက်နေတာလဲလို့်မေးလိုက်တာလေ….အခုတလော မင်းတို့နှစ်ယောက်တပူးတွဲတွဲဖြစ်နေကြတာကို မန်နေဂျာလေးတောင်ရိပ်မိနေတယ်သိရဲ့လား….ရုံးတွင်းအချစ်ရေးဘာညာကိုကန့်ကွက်တာမဟုတ်ပေမဲ့ ..အချစ်ရေးနဲ့အလုပ်ကိုခွဲခြားထားစေချင်တယ်မေကျော့ရှင်း…အလုပ်တစ်ခုရဖို့ဆိုတာလွယ်တာမဟုတ်ဘူး…တော်ကြာနေ မန်နေဂျာကမျက်စိစပါးမွေးစူးပြီး သူဌေးတွေဆီကိုပါပေါက်ကြားသွားရင် အလုပ်ဆက်လုပ်ရဖို့အခွင့်အရေးနည်းသွားလိမ့်မယ်ဆိုတာတွေးမိရဲ့လား ..အသက်လဲငယ်တော့တာမဟုတ်ဘူး….ပြီးတော့ချစ်သူရည်စားမထားဖူးတာလဲမဟုတ်….အိမ်ထောင်တောင်ပြုခဲ့ဖူးပြီးပြီပဲ …စိတ်အလိုလိုက်နေတုန်းပဲလား ”

သူမဘက်မှဘာမှမဖြေရှင်းရသေးခင်မှာပဲ သူ့ထင်မြင်ချက်တွေကိုအမှန်လုပ်ပြီး စွပ်စွဲပြောဆိုသွားတဲ့မမဝေကို မေကျော့ရှင်းမှာ ဘာမှပြန်မချေပနိုင်ဘဲ ပါးစပ်အဟောင်းသားနဲ့ပြန်ကြည့်နေမိတယ်။

” ပြောတာကိုကြားရဲ့လား ကျော့ကျော့….တကယ်ဆိုတို့အဖွဲ့ထဲမှာ တို့ပြီးရင်မင်းကအသက်အကြီးဆုံးလေ….အေမီတို့အငယ်လေးတွေ လမ်းမှားနေရင်တောင် မင်းကထိန်းရမှာလေ..အခုတော့ဘယ်လိုတွေဖြစ်နေရတာလဲ..အလုပ်ခွင်ဆိုတာကိုလဲသတိထားအုံးမှပေါ့ကွယ် ”

မမဝေဆီကနေ စကားသံတွေထပ်ပြီးထွက်လာတော့မှ မေကျော့ရှင်းမှာသတိပြန်ဝင်လာခဲ့ပြီး လူတစ်ကိုယ်လုံးရှက်ရွံဒေါသစိတ်တွေဝင်ရောက်လာခဲ့တယ်။ဒီအခါမှာ နဂိုရှိရင်းစွဲ မာနစိတ်ကလေးကခေါင်းထောင်လာခဲ့တော့တယ်။

” နေ…နေပါအုံးမမဝေရယ်…မမဝေပြောတာကကျော့နဲ့ကိုထူးမော်က ချစ်သူတွေဖြစ်နေကြတယ်လို့ ဆိုလိုတာလားဟင်…ဟုတ်လား….ဒါနဲ့ကျော့နဲ့ကိုထူးမော်က ဘယ်အချိန်တုန်းကချစ်သူတွေဖြစ်သွားကြတာလဲဟင်..ကျော့မသိလိုက်လို့ပါ…ကျော့သိသလောက်တော့ ကျော့နဲ့ကိုထူးမော်ကမောင်နှမတွေလိုသူငယ်ချင်းတွေလိုခင်မင်နေကြတာပါရှင်…မမဝေပြောမှပဲ ကျော့မှာချစ်သူရနေမှန်းသိတော့တယ်….ကျော့ကိစ္စကိုကျော့တောင်မသိဘဲ …မမဝေကသိနေတာလားဟင်…ကျော့ဘက်ကတော့ မှန်တာကိုပြောရရင်… မန်နေဂျာအသစ်ပြောင်းလာပြီးကတည်းက … မမဝေအနေနဲ့အဖွဲ့ထဲမှာ ကျော့ရှိနေတာကိုစိတ်အနှောက်အယှက်ဖြစ်နေတယ်ထင်လို့ …နေရာပြောင်းဖို့တောင်းဆိုလိုက်တာပါ…ဒါကလဲအရောင်းအဖွဲ့မှာလူလို့တယ်ဆိုလို့ အခွင့်အရေးရှိတုန်းတောင်းဆိုကြည့်လိုက်တာပါ…အခုချိန်မှာဝန်ထမ်းလိုအပ်နေတာကအရောင်းအဖွဲ့မဟုတ်ဘဲ…တခြားအဖွဲ့ဖြစ်နေရင်လဲ အလုပ်နေရာပြောင်းဖို့အတွက်တောင်းဆိုမိမှာပါပဲမမဝေ…ဒါကြောင့် မမဝေအနေနဲ့ကျော့ကိုမကျေနပ်တာရှိရင်လဲ ပွင့်ပွင့်လင်းလင်းဖွင့်ပြောပါ…ကျော့ကတအုံနွေးနွေးနဲ့နေနေရတာမျိုးကိုသဘောမကျလို့ပါ ”

မေကျော့ရှင်းဘက်က သည်းခံနိုင်သလောက်သည်းခံမယ်လို့ တွေ့ထားခဲ့ပေမဲ့ ပင်ကိုမဟုတ်မခံစိတ်လေးကပေါ်လာတော့ ရင်ထဲကတအုံနွေးနွေးဖြစ်နေတဲ့အကြောင်းတွေကိုထုတ်ဖော်ပြောလိုက်မိတော့တယ်။ကိုယ့်အလုပ်အဖွဲ့ခေါင်းဆောင်ကို ဒီလိုတွေမပြောသင့်မှန်းသိပေမဲ့ စိတ်ကထိန်းမရတော့ဘူး။ပြောနေရင်းကနေ ဒေါသသံတွေပါမလာတာကိုပဲ ကိုယ့်ကိုယ်ကိုယ်ကျေးဇူးပြန်တင်လိုက်ရတယ်။သူမသတိပြန်ဝင်လာချိန်မှာ မမဝေက မျက်လုံးပြူးကြီးတွေနဲ့ကြည့်နေတာကိုတွေ့လိုက်ရတယ်။

” မေကျော့ရှင်း..မင်း…မင်း …စကားကိုဘယ်လိုပြောလိုက်တာလဲ..မင်းပြောပုံက တို့ကပဲမင်းကိုတမင်အပြစ်ရှာပြောနေလို့… မင်းကအလုပ်နေရာပြောင်းချင်နေတဲ့သဘောမျိုးပေါ့ဟုတ်လား ”

မမဝေကမျက်လုံးပြူးမျက်ဆန်ပြူးနဲ့မေးလာချိန်မှာတော့ မေကျော့ရှင်းလဲ လှည့်ပတ်ပြောစရာစကားစကိုရှာမတွေ့တော့။ဒါကြောင့်လဲ အလုပ်ထွက်လို့ကထွက်ရစေလို့ သဘောပိုက်ပြီးထုတ်ပြောဖို့ဆုံးဖြတ်လိုက်တော့တယ်။

“ဆောရီးပါမမဝေ…ကျော့ဘက်ကစကားပြောရိုင်းသွားရင် ကျော့တောင်းပန်ပါတယ်မမဝေ…ဒါပေမဲ့ မမဝေလဲသေချာပြန်စဉ်းစားပါအုံး…မန်နေဂျာအသစ်ပြောင်းလာပြီးကတည်းက မမဝေကကျော့ကိုအထင်သေးစကားတွေပိုပြောလာခဲ့တယ်….ကျော့ကတစ်ခုလပ်ဖြစ်နေတာနဲ့ပဲ ကျော့ကပဲ အနေအထိုင်မတတ်သလိုတွေပြောခဲ့တယ်….ကျော့ကဘယ်သူတွေနဲ့များဇာတ်ရှုပ်နေမိလို့လဲမမဝေရယ်..ကျော့အလုပ်ကျော့လုပ်နေတာပါ…ကျော့လုပ်နေတဲ့စာရင်းတွေ ဘယ်အခါများမှားဖူးလို့လဲ…ပြီးတော့ မန်နေဂျာအသစ်ကိုကျော့ကပဲမြူဆွယ်နေသယောင်တွေလဲ မမဝေအထင်တသေးပြောခဲ့တယ်နော်…ဒီမှာမမဝေ… မမဝေသိထားဖို့က ဟော့ဒီကမ္ဘာကြီးမှာလေ …အဲ့ဒီမန်နေဂျာတစ်ယောက်တည်းကျန်နေခဲ့ရင်တောင် မေကျော့ရှင်းတို့က မမဝေတို့ရဲ့မန်နေဂျာကိုစိတ်မဝင်စားပါဘူးမမဝေရဲ့…ကျော့ရဲ့ဦးနှောက်ထဲမှာတော့ အလုပ်အကြောင်းကလွဲပြီး ဘယ်ယောက်ျားအကြောင်းကိုမှအချိန်ပေးပြီး တွေးချိန်မရှိပါဘူး…အလုပ်ထဲမှာရှိတဲ့ယောကျ်ားမိန်းမအကုန်လုံးကိုလဲ အားလုံးကိုလုပ်ဖော်ကိုင်ဖက်တွေလို့သဘောထားပြီးတန်းတူခင်ခင်မင်မင်ပဲဆက်ဆံတာပါ…ဘယ်သူကတော့ယောကျ်ားလေး…ဘယ်သူကတော့မိန်းကလေးဆိုပြီး လိင်ခွဲပြီးရင်ခုန်သာယာနေဖို့လဲတွေးမနေပါဘူးမမဝေရယ် ”

” မေ..မေကျော့ရှင်း ..မင်း…မင်းဘယ်လိုတွေပြောနေတာလဲဟင် ”

မမဝေက မထင်မှတ်ထားတဲ့စကားတွေကိုကြားနေရတာမို့ မယုံကြည်နိုင်စွာနဲ့ကြည့်ရင်း မေကျော့ရှင်းကို မျက်လုံးကြီးပြူးကာမေးလိုက်တယ်။

” ဟုတ်ကဲ့ပါမမဝေ….ကျော့ဘက်ကတော့ ကျော့ရင်ထဲကမရှင်းလင်းတာတွေကို အကုန်ထုတ်ပြောလိုက်ပြီမို့ မမဝေဘက်ကလဲကြိုက်သလိုဆုံးဖြတ်လို့ရပါတယ်….တစ်ယောက်နဲ့တစ်ယောက် ရင်ထဲမရှင်းတာတွေကိုပွင့်ပွင့်လင်းလင်းထုတ်ပြောလိုက်ကြပြီး… ရှင်းထုတ်လိုက်တာပိုကောင်းမယ်ထင်ပါတယ်…အလုပ်ဆက်လုပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့လဲ မမဝေစိတ်ထဲရှိတဲ့အတိုင်းသာ မန်နေဂျာကိုတင်ပြလိုက်ပါ …အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျော့ဘက်က ဘာမှစောဒကတက်မှာမဟုတ်ပါဘူး ”

ပြောပြီးတာနဲ့မမဝေရှေ့ကနေမေကျော့ရှင်းထလာခဲ့လိုက်တယ်။အခုလိုလုပ်လိုက်ရတဲ့အတွက် စိတ်ထဲမှာနောင်တရသလိုလိုရှိပေမဲ့ ထုတ်ပြောလိုက်ရတဲ့အတွက်လည်း နေသာထိုင်သာရှိသွားသလိုပေါ့ပါးသွားရတယ်။ဒီကိစ္စကြောင့်အလုပ်ကနားရမယ်ဆိုရင်လဲ အလုပ်ကထွက်ပြီး ဖြစ််လာသမျှကိုရင်ဆိုင်ဖို့ပဲတွေးထားလိုက်တယ်။အဓိပ္ပါယ်မရှိအထင်တသေးအပြောခံနေရတဲ့နေရာမှာ ဆက်ပြီးနေချင်စိတ်လည်းမရှိတော့တာကတော့အမှန်ပါပဲ။

~~~a~~~~k~~~y~~~~~~i~~~~p~~~h~~~~y~~~~u~~~~~~

မျက်နှာချင်းမဆိုင်ချင်တဲ့သူနှစ်ယောက်မှာ မျက်နှာချင်းဆိုင်အနေအထားနဲ့စကားပြောနေကြရတာ စိတ်ရှုပ်ဖို့တော့အတော်လေးကောင်းတယ်။

” မင်းကိုယ်မင်းဆယ်ကျော်သက်ကောင်မလေးလို့ထင်နေတာလား…ပြောသင့်တဲ့အချိန်လား …မပြောသင့်တဲ့အချိန်လားတော့ခွဲခြားသိရမှာပေါ့….အခုချိန်ထိရင့်ကျက်မှုမရှိသေးဘူးပဲ..ဘာလဲ ..မင်းတို့ရဲ့ရုံးတွင်းအချစ်ရေးကို အားလုံးသိအောင်ကြော်ငြာချင်နေတာလား ”

ဇွဲညီထင်က မေကျော့ရှင်းရဲ့မျက်နှာကိုတည့်တည့်စိုက်ကြည့်ပြီးပြောလိုက်တယ်။ဇွဲညီထင်ရဲ့စကားကြောင့် မေကျော့ရှင်းမျက်နှာတင်းသွားရပြီး

” ကျွန်မကို ဒီအကြောင်းပြောဖို့ခေါ်လိုက်တာလားမန်နေဂျာကြီး…ကျွန်မအနေနဲ့အလုပ်လစ်လပ်နေရာရှိလို့်… ကျွန်မဆန္ဒကိုတင်ပြမိတာက မရင့်ကျက်တာလား…ကျွန်မဘာသာရုံးတွင်းအချစ်ပဲထားထား…ရုံးပြင်အချစ်ပဲထားထား…အလုပ်ထဲမှာဘာအမှားများလုပ်မိလို့ပါလဲ မန်နေဂျာကြီး…လစ်လပ်နေရာကိုတောင်းဆိုမိတာ အဲ့ဒီလောက်အမှားကြီးဖြစ်သွားတာလားရှင်….ပြီးတော့ဘာမှမဆိုင်တဲ့ ကျွန်မရဲ့ကိုယ်ရေးကိုယ်တာကိစ္စကိုပါ ဝင်စွက်ဖက်နေကြတာတော့ နည်းလမ်းမကျဘူးထင်ပါတယ်…ဒီကိစ္စကမန်နေဂျာကြီးတို့အတွက် စိတ်အနှောက်အယှက်ဖြစ်တယ်ဆိုရင်လဲ …သူဌေးကိုတင်ပြပြီးအလုပ်နားဖို့အတွက်ပြောလိုက်လေ..အဲဒီအခါကျရင်တော့ …ကျွန်မကလဲ မန်နေဂျာအသစ်ကအလုပ်သမားတွေရဲ့အချစ်ရေးကိစ္စလို ကိုယ်ရေးကိုယ်တာကိစ္စတွေမှာပါ ဝင်ပါနေတယ်လို့အထက်ကိုတင်ပြရမှာပဲ ….ဒီအတိုင်းမတရားပြောခံပြီး အေးအေးဆေးဆေးအလုပ်ထွက်သွားမှာတော့မဟုတ်ဘူးနော် …အထူးသဖြင့်မန်နေဂျာအသစ်က… ကျွန်မရဲ့ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်နေပါတယ်ဆိုပြီး သူဌေးသမီးနွေးနွေးချစ်ဆီမှာတင်ပြရမယ်ထင်တယ် ”

” ဘာကွ..မင်းဘာပြောလိုက်တယ် ”

ဇွဲညီထင်မျက်နှာကြီးတင်းပြီး ထအော်လိုက်မိတယ်။ဒီတစ်ခါတော့ မေကျော့ရှင်းလည်းမျက်နှာထားတင်းတင်းနဲ့ ဇွဲညီထင်ကိုပြန်ကြည့်လိုက်ပြီး

” ကျွန်မဘာပြောလိုက်တာလဲဆိုတာကို ရှင်သေချာကြားလိုက်တယ်မဟုတ်လား…နေပါအုံး….ရှင်နဲ့မမဝေက ကျွန်မနဲ့ပတ်သက်ပြီးဘာတွေဖြစ်နေကြတာလဲ…ကျွန်မဘာသာအေးအေးဆေးဆေးအလုပ်လုပ်နေတာကို အထင်းသေးကြတယ်….အပြစ်မရှိအပြစ်ရှာပြောကြတယ်…မမဝေဆိုရင်လဲ ကျွန်မကတစ်ခုလပ်ပါလို့ပြောလိုက်မိတဲ့နေ့ကစလို့ အထင်သေးလိုက်တာများ….ကျွန်မမှာသိက္ခာကိုမရှိတော့သလိုပဲ ..သူအထင်သေးတဲ့အထဲမှာ ဘာကအခံရအခက်ဆုံးလဲသိလား…မေကျော့ရှင်းဆိုတဲ့ကျွန်မကလေ…ရှင့်ကိုပဲမြူဆွယ်မလိုလိုအထင်သေးစကားတွေပြောနေတာကအဆိုးဆုံးပဲသိရဲ့လား ”

” ဘာ..ဘာပြောလိုက်တယ် ”

မေကျော့ရှင်းရဲ့စကားကြောင့် ဇွဲညီထင်တုန်လှုပ်ချောက်ချားသွားရတော့တယ်။

” မင်း..မင်းဘာတွေပြောနေတာလဲမေကျော့ရှင်း..မင်းကတစ်ခုလပ်ဆိုတာမမဝေကဘယ်လိုသိလဲ ”

” ဘယ်လိုသိရမှာလဲ ကျွန်မပြောပြလိုက်တာပေါ့ ”

” မင်းပြောပြလိုက်တာဟုတ်လား..ဒါ…ဒါဆိုရင် ..ငါ…ငါတို့အကြောင်းကိုပြောပြလိုက်တာလား ..ငါတို့ပတ်သက်ခဲ့ဖူးတာကို ပြောပြလိုက်တာလား ဟုတ်လား..မင်း..မင်း..ဘာတွေလုပ်ဖို့ရည်ရွယ်နေတာလဲ မေကျော့ရှင်း ”

တုန်တုန်လှုပ်လှုပ်နဲ့မေးနေတဲ့ ဇွဲညီထင်ကိုကြည့်ပြီး မေကျော့ရှင်းနှုတ်ခမ်းလေးကိုတစ်ချက်ဖိကိုက်ပစ်လိုက်ပြီး လက်သီးကိုမသိမသာဆုပ်လိုက်မိတယ်။တစ်ချိန်တုန်းကတော့ သူမကိုချစ်လှပါချည်ရဲ့ဆိုပြီးနောက်က တကောက်ကောက်လိုက်ခဲ့တဲ့ယောကျ်ားက အခုချိန်မှာတော့ သူမတို့ပတ်သက်ခဲ့ဖူးတာကို တခြားသူတွေသိသွားမှာကို သေမတတ်ကိုစိုးရိမ်းနေပုံမျိုးနဲ့ဖြစ်နေတာလေ။

” မစိုးရိမ်ပါနဲ့မန်နေဂျာကြီး..ကျွန်မယောကျ်ားကနိုင်ငံခြားကိုအပြီးထွက်သွားပြီလို့်ပြောထားတာပါ…ကျွန်မအတွက်အတိတ်ဆိုတာ ထွေးပြီးသားတံတွေးပါ….ပြန်ပြောနေစရာအကြောင်းလဲမရှိပါဘူး…သူတို့စိတ်ထဲကျွန်မကိုအပျိုလို့်ထင်နေလို့ အမှန်တရားကို ပြောပြထားရုံပါ….ဖြစ်နိုင်ရင်ကျွန်မအေးအေးဆေးဆေးအလုပ်လုပ်ချင်တယ်..ကျွန်မကိုစိတ်ဒုက္ခမပေးပါနဲ့တော့ ကိုဇွဲညီထင်…ကျွန်မဒီအလုပ်ကနေထွက်သွားဖို့အခွင့်အရေးမရှိသေးလို့ ဒီမှာပဲအလုပ်ဆက်လုပ်နေရတာပါ….ကျွန်မတို့တွေတစ်ခါမှမသိဖူးသူတွေလိုပဲနေကြရအောင်…ရှင့်ကိုနှောက်ယှက်ဖို့စိတ်ကူးလဲမရှိတာမို့ စိတ်အေးအေးနဲ့နေပါ…ကျွန်မအလုပ်ထွက်ဖို့အတွက်အခြေအနေမပေးသေးလို့ပါ ကျွန်မကို အလုပ်သမားတစ်ယောက်လို့ပဲ မြင်ပေးပါ ..ရှင့် အနာဂတ်ကို နှောက်ယှက်ဖို့ အတွေးစိတ်ကူးမရှိတာမို့ စိတ်မပူပါနဲ့နော် …ကျွန်မကိုခွင့်ပြုပါအုံး…ဖြစ်နိုင်ရင်တော့ အရောင်းအဖွဲ့ပဲဖြစ်ဖြစ်ဘယ်အဖွဲ့ကိုဖြစ်ဖြစ် ကျွန်မပြောင်းချင်ပါတယ်…တကယ်လို့ပြောင်းခွင့်မရှိဘူးဆိုရင်လဲ စာရင်းကိုင်အဖွဲ့မှာပဲ စိတ်အေးအေးနဲ့အလုပ်လုပ်ချင်ပါတယ်..ကျွန်မကိုယ်ရေးကိုယ်တာကိစ္စတွေမှာလဲ ဝင်မပါပါနဲ့…ပြောလို့ပြီးပြီဆိုရင်ကျွန်မသွားပါတော့မယ် ”

မေကျော့ရှင်းဘက်ကပြောချင်တာတွေကိုပြောပြီးတော့ နေရာကနေထလာခဲ့လိုက်တယ်။မှန်နံရံတွေခြားထားတာကြောင့် သူမတို့တွေ ဘာတွေပြောနေကြတယ်ဆိုတာကို အပြင်ကမကြားနိုင်ပေမဲ့ မမဝေနဲ့အေမီတို့အုပ်စု ရုံးခန်းထဲကိုမသိမသာအကဲခတ်ကြည့်နေကြတာကို အတိုင်းသားမြင်နေရတယ်လေ။မေကျော့ရှင်းမျက်နှာလေးကိုတည်တည်ထားပြီး ရုံခန်းထဲကထွက်လာခဲ့လိုက်တယ်။မမဝေနဲ့မျက်နှာချင်းဆိုင် စကားသေချာပြောပြီးသွားတဲ့အချိန်ကစလို့ မမဝေကလည်း စကားကိုလိုတာထက်ပိုမပြောသလို မေကျော့ရှင်းဘက်ကလဲအရင်ကလိုမျိုးထာဝစဉ်ပြုံးမြနေတဲ့မျက်နှာမျိုးမထားတော့ဘဲ ခပ်တည်တည်ခပ်တင်းတင်းပဲနေလိုက်တော့တယ်။သူမဘက်ကတော့ လုပ်ဖော်ကိုင်ဖက်အားလုံးကိုလေးစားသမှုနဲ့ဖော်ဖော်ရွေရွေပျော်ပျော်ရွှင်ရွှင်နေခဲ့ပေမဲ့ အဲ့ဒါတွေအတွက်ရလဒ်ကက အထင်သေးခံရခြင်းပဲဆိုတာ သိလိုက်ရချိန်မှာ သူမရဲ့ပင်ကိုယ်စရိုက်ပုံစံကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်ရတော့တယ်။

~~~~a~~~k~~~y~~~~~i~~~~p~~~~h~~~~y~~~~~u~~~~~

သူဌေးသမီးနွေးနွေးချစ်ရဲ့ လှပတဲ့မျက်နှာလေးကို မေကျော့ရှင်းအမှတ်တမဲ့ ငေးကြည့်နေမိတယ်။နွေးနွေးချစ်နဲ့ သူမကအသက်အရွယ်ချင်းတူပေမဲ့ လှပနုပျိုမှုတွေကတော့မတူပါ။နွေးနွေးချစ်က အသက်သုံးဆယ်လို့ မထင်ရအောင်ကို နှစ်ဆယ်စွန်းစအရွယ်လေးလို လှပနုပျိုနေတယ်လေ။

” မန်နေဂျာဆီကနေ .. မမေကျော့ရှင်းတောင်းဆိုထားတဲ့ ကိစ္စကိုကြားပါတယ်…အဲ့ဒီကိစ္စကိုပြောချင်လို့ မမေကျော့ရှင်းကို ခေါ်လိုက်တာပါရှင် …နွေးတို့သိထားတာကတော့ မမေကျော့ရှင်းက စားရင်လုပ်တာတိကျတယ် … လုပ်သက်နှစ်နှစ်နီးပါးအတွင်းမှာ အမှားမရှိဘူးလို့လဲ သိထားပါတယ်..ပြီးတော့ စာရင်းအဖွဲ့အတွက်လဲ မရှိမဖြစ်အားကိုးရတယ်လို့ မန်နေဂျာဟောင်းက ပြောသွားခဲ့ပါတယ်….ဒီလိုသတင်းကြီးနေတဲ့သူက အရောင်းမြှင့်တင်ရေးဘက်ကိုပြောင်းချင်တယ်ဆိုတဲ့ သတင်းကိုကြားတော့ နွေးတို့ ဘက်ကရှော့ရသွားတာတော့ အမှန်ပါပဲ ..ဒါကြောင့် ပွင့်ပွင့်လင်းလင်းပဲပြောရအောင် ခေါ်တွေ့လိုက်တာပါ…မမေကျော့ရှင်းကို နွေးတို့ဘက်က လစာတိုးပေးပါမယ်ရှင် ..ဒါကြောင့် စာရင်းကိုင်အဖွဲ့မှာပဲ ဆက်ပြီးတာဝန်ထမ်းဆောင်ပေးဖို့တောင်းဆိုချင်ပါတယ်…မမေကျော့ရှင်းအနေနဲ့ လိုအပ်တာရှိရင်လဲ ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်ရှင် ”

ကြားလိုက်ရတဲ့စကားကြောင့် မေကျော့ရှင်းကိုယ့်နား ကိုယ်ပင်မယုံချင်။ဖြစ်ချင်ရာဖြစ်ဆိုပြီးဇွတ်မိုက်လိုက်တဲ့ အဖြစ်က လစာပါတိုးပေးမယ်တဲ့လေ။ ဒီအဖြစ်အ ဝမ်းသာရမှာလား၊ဝမ်းနည်းရမှာလား မသိတော့ပါ။လစာတိုးပေးဆိုတဲ့ စကားကိုကြားလိုက်ရတာနဲ့တစ်ပြိုင်နက် မမဝေနဲ့ဇွဲညီထင်တို့ကိုပါမေ့လျော့သွားရပြီး ခေါင်းကိုအလိုလိုညိတ်လိုက်မိတော့တယ်။

~~~~a~~~k~~~~~y~~~~~i~~~~p~~~~h~~~~y~~~~u~~~~

” ဘာ …ဘာပြောလိုက်တယ်ကွ …မေကျော့ရှင်းက မင်းတို့ရုံးမှာ အလုပ်လုပ်နေတာဟုတ်လား ”

ကောင်းထက်ရဲ့ အထိတ်တလန့်မေးဟန်ကို ဇွဲညီထင် မသက်မသာနဲ့ ခေါင်းညိတ်ပြလိုက်ရတယ်။

” ဟာ …ဒီလိုဆိုရင် မင်း အဆင်ပြေရဲ့လားဇွဲညီ….မင်းကောင်မလေးတော့မသိဘူး မဟုတ်လား ”

” အင်း….ဘာပြဿနာမှတော့မဖြစ်သေးပါဘူးကွာ…ချစ်ချစ်ကလဲ ငါကအိမ်ထောင်ကွဲဆိုတာကိုပဲ သိတာလေ…ဓါတ်ပုံတွေဘာတွေလဲ ငါမှမပြခဲ့တာ ”

” အင်း ..မသိလို့တော်သေးတာပေါ့ …ဘာပဲပြောပြော မင်းတို့အကြောင်းကို ချစ်ချစ်သိသွားရင်တော့ အဆင်ပြေမှာမဟုတ်ဘူး …ဒါနဲ့..ဟို…မင်းတို့နှစ်ယောက်ကရော အခုလိုပြန်ဆုံကြတော့ ဘာမှမဖြစ်ကြဘူးလား ”

ကောင်းထက်ရဲ့အမေးစကားကြောင့် ဇွဲညီထင်ပခုံးကို တွန့်ပြီး ခပ်မဲ့မဲ့ရယ်ပစ်လိုက်တယ်။

” ငါတို့က ဘာဖြစ်ရမှာလဲကွ …ငါ့မှာလဲငါချစ်သူနဲ့…သူလဲ အလုပ်ထဲက တစ်ယောက်နဲ့ ငြိနေတယ်ထင်တယ် …နှစ်ယောက်ဆုံရင် စိတ်ရှုပ်ရတာကလွဲလို့ ဘာခံစားချက်မှမရှိဘူး ”

” အင်း ..အချစ်ကတော်တော် ပြောင်းလဲတတ်တာပဲနော် ..ထားပါလေ…ဒါနဲ့ … မေကျော့ရှင်းက အံ့သြစရာပဲနော်…အလုပ်ပိုင်ရှင်အသစ်က မင်းရဲ့ချစ်သူဆိုတာကို သိသိနဲ့ အလုပ်မပြောင်းဘဲ ဆက်လုပ်နေတယ်လား … တော်ရုံလူဆိုရင်တော့ ခင်ပွန်းဟောင်းရဲ့ လက်အောက်မှာ အလုပ်လုပ်မယ်မထင်ဘူး ..သူက ဘာသဘောလဲ …မင်းကိုလုံးဝဂရုမစိုက်ဘူးဆိုတဲ့ သဘောလား ”

” အဲ့ဒီလိုမဟုတ်ဘူးဟေ…သူ့မှာ ပိုက်ဆံအပိုမရှိသေးလို့ အလုပ်မပြောင်းတာဟ ….ပင်ပင်ပန်းပန်းရှာထားတဲ့ပိုက်ဆံကိုနှမြောရမှန်းမသိဘဲ လူတကာကိုချေးတယ်…ပြီးရင်ပြန်မတောင်းရဲဘူး … နေရာတစ်နေရာမှာ သည်းခံပြီးလဲမနေနိုင်ဘူး … သုံးလေးလတစ်ခါ အိမ်ပြောင်းချင်နေတဲ့သူလိုလူမျိုးမှာ ဘယ်ကငွေပိုကရှိမှာလဲ…အလကားအရူးမ…လူကြည့်တော့ စာရင်းဇယားကလွဲရင် ဘာမှသေချာလုပ်တတ်တာလဲမရှိဘဲနဲ့ မာနကကြီးသေးတယ် … ရန်ကစွာသေးတယ်…. ကိုယ်နဲ့မဆိုင်တဲ့သူတွေကိုကျလိုက်သနားနေပြီး …ကိုယ့်ဘေးနားမှာရှိနေတဲ့ တစ်ယောက်ကိုတော့ အလေးထားရမှန်းမသိဘူး…. မင်းကြည့်နေ သူ့လိုပုံစံနဲ့အိမ်ထောင်ထပ်ပြုလဲကွဲမှာပဲ ”

ဇနီးဟောင်းကို ပျစ်ပျစ်နှစ်နှစ်ကြီး ဝေဖန်ပြောဆိုနေတဲ့ ဇွဲညီထင်ကိုကောင်းထက်မျက်လုံးအပြူးသားနဲ့ ကြည့်လိုက်ရင်း အံ့သြနေခဲ့တယ်။ဇွဲညီထင်က သူ့အိမ်ထောင်ရေးပြတ်စဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးဘယ်တုန်းကမှ ထုတ်ပြောခဲ့တာမဟုတ်ဘူး။နှစ်ယောက်သားနာကြည်းချက်ကိုယ်စီနဲ့ လမ်းခွဲခဲ့ကြတာလား။တစ်ယောက်ယောက်ကသစ္စာမဲ့ခဲ့လို့ လမ်းခွဲခဲ့ကြတာလား၊ ဘာလားညာလားဆိုတာကို လုံးဝ ဖွင့်ပြောခဲ့တာမဟုတ်ဘူး။အခုမှ ဘာကိုမကျေမနပ်ဖြစ်လို့ အတိတ်အကြောင်းတွေကို တစ်စွန်းတစ်စထုတ်ပြောတာလဲမသိရ။

” အဲ့ဒီလိုတော့လဲ မဟုတ်နိုင်ပါဘူးကွာ ..မင်းတို့နှစ်ယောက်က ရေစက်မပါလို့ လမ်းခွဲခဲ့ကြရပေမဲ့ …နောက်တစ်ယောက်နဲ့ဆိုရင် မြဲချင်မြဲမှာပေါ့ကွာ..မင်းလဲ နွေးနွေးချစ်ကို တကယ်ချစ်နေတယ် မဟုတ်လား …အဲ့ဒီလိုပဲ မေကျော့ရှင်းလဲ အချစ်စစ်နဲ့တွေ့ပြီး …ထာ၀ရလက်တွဲပျော်ရွှင်သွားနိုင်တာပဲလေ ”

ကောင်းထက်ရဲ့ စကားကြောင့် ဇွဲညီထင်တွေခနဲတစ်ချက်ဖြစ်သွားတယ်။အချစ်စစ် တဲ့လေ။ သူသိပ်ကိုမုန်းတီးစက်ဆုပ်ခဲ့တဲ့အချစ်စစ်က မေကျော့ရှင်းဆီမှာ တကယ်ပဲရှိနေခဲ့တာလား။အယောင်ယောင် အမှားမှားနဲ့ခေါင်းကိုခါယမ်းလိုက်ပြီး ဇွဲညီထင်ထိုင်နေရာက ထရပ်လိုက်မိတယ်။

” ငါသွားတော့မယ်ကွာ ”

” ဟ ..မင်းကလဲ ဖြုန်းစားကြီးပါလား … မင်းအခန်းကို ငါလိုက်ခဲ့မယ်လေကွာ ”

” ဒီနေ့တော့ မလိုက်နဲ့တော့ကွာ …ငါ့မှာကိစ္စလေးရှိလိုပါ ”

ပြောပြီးတာနဲ့ဇွဲညီထင်နေရာကနေ အမြန်ဆုံးထွက်ခဲ့လိုက်တယ်။

~~~a~~~k~~~y~~~i~~~~p~~~h~~~y~~~u ~~~
ဇွဲညီထင်ကားမောင်းနေရင်းကနေ ရှေ့ခပ်လှမ်းလှမ်းကမြင်ကွင်းကိုကြည့်ပြီး စိတ်ရှုပ်စိတ်ညစ်သွားရတယ်။ကားလမ်းပလက်ဖောင်းမှာ ငုတ်တုတ်ထိုင်နေတဲ့သူမ။ခေါင်းကိုငုံ့ပြီး ခြေထောက်တစ်ဖက်ကို သဲသဲမဲမဲငုံ့ကြည့်နေတာ။ဒီလောက်ကားအသွားအလာများတဲ့ ကားလမ်းမကြီးဘေးမှာ ဘာဖြစ်နေပြန်ပြီလဲမသိ။ သူမနားကနေ လူတွေဥဒဟိုဖြတ်သန်းသွားလာနေကြပြီး သူမကိုပြုံးစိစိနဲ့ကြည့်သွားကြသလို မလှမ်းမကမ်းကနေ ကောင်နှစ်ကောင်က ပေစောင်းစောင်းနဲ့ ကြည့်နေတာကိုလဲ သိပုံမရတာလား။ ဂရုမစိုက်တာလားမသိ။ဇွဲညီထင်လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်မိပြီး သူမရှေ့နားမှာ ကားကိုခပ်ဆောင့်ဆောင့်ထိုးရပ်ပစ်လိုက်တယ်။

” ဘာဖြစ်နေတာလဲ ….ဘာထိုင်လုပ်နေတာလဲ အဲ့ဒီမှာ ”

ကားရပ်သံနဲ့အတူ အေးစက်တင်းမာလှတဲ့ အမေးစကားသံကြောင့် ပလက်ဖောင်းပေါ်မှာ ထိုင်နေတဲ့မေကျော့ရှင်းက ခေါင်းကို ဆတ်ခနဲမော့ကြည့်လိုက်တယ်။

” ဟင် ….ဇွဲ ..ဇွဲညီထင် ”

” မင်း အဲ့ဒီမှာဘာထိုင်လုပ်နေတာလဲလို့ မေးနေတယ်လေ ”

မျက်လုံးပြူးတွေနဲ့မော့ကြည့်လာတဲ့ မေကျော့ရှင်းကိုကြည့်ပြီး ဇွဲညီထင်စိတ်မရှည်စွာနဲ့ ထပ်မေးလိုက်တယ်။

==a===k====y=====i====p==h==y===u==

အပိုင်း(၇)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၇)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

” ဖိနပ်ပြတ်သွားလို့ချိတ်နဲ့တွယ်နေတာ ”

ဇွဲညီထင်ရဲ့လေသံကိုမနှစ်မြို့လှပေမဲ့ ကိုယ့်ရုံးကမန်နေဂျာတစ်ယောက်ဖြစ်နေတာမို့ မေကျော့ရှင်းကောင်းကောင်းမွန်မွန်ပဲပြန်ဖြေလိုက်တယ်။

” ကားပေါ်တက် ”

ဇွဲညီထင်ရဲ့အသံကခပ်ပြတ်ပြတ်ထွက်ပေါ်လာတယ်။
မေကျော့ရှင်းခေါင်းကိုခါယမ်းပြလိုက်ပြီး

” ရပါတယ်…တွယ်ချိတ်နဲ့ချိတ်ပြီးသွားလိုက်မယ် ”

” ဟေ့….မာနကြီးမနေနဲ့ မင်းကိုတစ်ရုံးတည်းသားချင်းမို့ခေါ်နေတာ….မင်းပုံစံတော်တော်ကြည့်ကောင်းနေတယ်ထင်လား….ဟိုထောင့်က ကောင်နှစ်ကောင်မင်းကိုလှမ်းကြည့်နေတာသိရဲ့လား …မင်းအခုလိုလုပ်နေတာနဲ့လူတွေပိုကြည့်ကုန်ကြပြီ ”

ဇွဲညီထင်ရဲ့စကားကလဲမှန်နေတာမို့ မေကျော့ရှင်းဘာမှတွေးမနေတော့ဘဲ ဖိနပ်ပြတ်ကိုလက်ကကိုင်လိုက်ပြီး ကားနောက်ခန်းကိုအမြန်တက်လိုက်တယ်။မေကျော့ရှင်းရဲ့ပုံစံကိုကြည့်ပြီး ဇွဲညီထင်လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ကားကိုမောင်းထွက်ခဲ့လိုက်တယ်။

~~~~~a~~~~k~~~~y~~~~i~~~~~p~~~~h~~~~~~y~~~~~u~~~~~~~~~

” ကဲ ..ဒီလောက်ဆိုရတယ်မဟုတ်လား..အဲ့ဒီမှာဖိနပ်ဝင်ဝယ်ပြီးပြန်ပေါ့ ”

ပြောပြောဆိုဆိုနဲ့ ဇွဲညီထင်က ကားရပ်ဖို့နေရာကိုကြည့်လိုက်တယ်။ဇွဲညီထင်ရဲ့စကားကြောင့် မေကျော့ရှင်းမျက်မှောင်လေးကိုကုတ်လိုက်မိပြီး

” ဟာ…ဖိနပ်ဆိုင်ရှေ့ရပ်မပေးဘဲ ကုန်တိုက်ရှေ့ရပ်ပေးတော့ဘယ်လိုအဆင်ပြေမှာလဲ…ကုန်တိုက်ထဲကိုဖိနပ်မပါဘဲ ဝင်သွားရမှာလား…ကူညီမယ်ဆိုရင်လဲ ကျေးဇူးပြုပြီးဖိနပ်လေးသွားဝယ်ပေးပါ ”

ဇွဲညီထင်ရဲ့မျက်နှာကိုမကြည့်ဘဲ မေကျော့ရှင်းလှမ်းပြောလိုက်တယ်။ဖိနပ်ပြတ်တာကရှက်စရာမဟုတ်ပေမဲ့ လမ်းသွားနေရင်းဖိနပ်ပြတ်သွားရင် လူတိုင်းလိုလိုရှက်တတ်ကြတာပဲမဟုတ်လား။မေကျော့ရှင်းတို့ဘယ်လောက်အကြောတင်းတယ်ပြောပြော ကုန်တိုက်ထဲတော့ ဖိနပ်မပါဘဲဝင်မသွားရဲပါဘူး။ရှက်တယ်လေ။မေကျော့ရှင်းအောက်နှုတ်လေးကိုဖိကိုက်ပြီးငြိမ်သက်နေမိချိန်မှာ ကားတံခါးဖွင့်သံကိုကြားလိုက်ရပြီး ဇွဲညီထင်ကားပေါ်ကဆင်းသွားတာကိုမြင်လိုက်ရတာမို့ ရင်ထဲထိတ်ခနဲ့ဝမ်းသာသွားရတယ်။ဒီလိုမှ သူသွားဝယ်မပေးရင်လဲ တက္ကစီစီးသွားရတော့မှာ။ဒီလအတွက်လမကုန်ခင်မှာ ငွေချွေတာရမှာမို့ တက္ကစီမစီးဘဲအစောကတည်းကပေကပ်နေခဲ့တာလေ။ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်မှာတော့ဇွဲညီထင်ကိုကျေးဇူးတင်သွားမိတယ်။

~~~~~a~~~~k~~~~y~~~~i~~~~P~~~~h~~~~~~y~~~~~u~~~~~~

” ရော့ ”

အသံနဲ့အတူလက်ကမ်းပေးလာတဲ့ဖိနပ်ဘူးကို လှမ်းယူလိုက်တယ်။ဖိနပ်ဘူးပေါ်ကတံဆိပ်ကိုကြည့်ပြီး မေကျော့ရှင်း ရင်တုန်သွားမိတာတော့အမှန်။အခုလိုအချိန်မှာ နာမည်ကြီးတံဆိပ်တွေကို မေကျော့ရှင်းဝေးဝေးရှောင်နေခဲ့တာကြာပြီလေ။အခုလိုကျပ်တည်းနေတဲ့ခေတ်အခြေအနေမှာအဓိကနဲ့သာမညကိုခွဲခြားတတ်ရမယ်မဟုတ်လား။သူလိုအကောင်းကြိုက်သူကတော့ သူဝယ်နေကျဆိုင်တွေမျိုးကပဲဝင်ဝယ်လာတယ်ထင်ပါရဲ့။မေကျော့ရှင်းသက်ပြင်းလေးကို မသိမသာချလိုက်ပြီး ဖိနပ်ဘူးလေးကိုဖွင့်ကြည်တယ်။

” အို ” အထဲကဖိနပ်ကိုမြင်လိုက်ရချိန်မှာ မေကျော့ရှင်းရင်တွေလှိုက်ခနဲ့ခုန်သွားရပြီး မျက်နှာကအလိုလိုပြုံးသွားမိတယ်။ဖိနပ်လေးကနီညိုရောင်ခုံမြင့်ဖိနပ်လေး။ပြီးတော့ဖိနပ်ပုံစံက သူမသိပ်ကြိုက်သောကြိုးပြားကြီးကြီးတွေနဲ့။မေကျော့ရှင်းက တခြားအမျိုးသမီးတွေလို ဒေါက်မြင့်ဖိနပ်တွေဘာတွေ မကြိုက်ဘူး။သူမအတွက်က တင်နဲ့ရင်ရဲ့ အလှအပေါ်ဖို့ထက် နည်းနည်းပုချင်နေတဲ့အရပ်ကပိုမြင့်သယောင်ယောက်ထင်ရတဲ့ တပြေးညီခုံမြင့်တွေကိုပဲစီးလေ့ရှိတယ်။ခုံမြင့်ဖိနပ်ကိုမှ ခြေဖမိုးမပေါ်စေဘဲ ကြိုးပြားကြီးကြီးတွေနဲ့ဖုံးအုပ်ထားတဲ့ဒီဇိုင်းမျိုးဆို မေကျော့ရှင်းတို့အရမ်းကြိုက်ပေါ့။အခုဇွဲညီထင်ဝယ်လာတဲ့ဖိနပ်က အရောင်ရောဒီဇိုင်းပါမေကျော့ရှင်းရဲ့အကြိုက်နဲ့ကွက်တိ။နံပတ်ကိုကြည့်လိုက်တော့လည်း သူမစီးနေကြ(၃၇) ။ဖိနပ်လေးကိုကျေကျေနပ်နပ်နဲ့ကြည့်နေမိရင်းက ဈေးနှုန်းကိုကြည့်လိုက်မိတော့မေကျော့ရှင်း မျက်လုံးပြူးသွားရတယ်။သူ့ကိုဖိနပ်ဖိုးသာရှင်းပေးလိုက်ရင် လကုန်အထိ ကြက်ဥကြော်နဲ့ပဲနှစ်ပါးသွားရမဲ့ကိန်း။

” ဟို….ဟို…ဖိနပ်ဖိုးကလစာထုတ်မှပေးလို့ရလားဟင်..ပိုက်ဆံသိပ်မကျန်တော့လို့ပါမန်နေဂျာကြီး ”

မေကျော့ရှင်းမျက်နှာငယ်လေးနဲ့ပြောလိုက်တယ်။ဒီတစ်ခါလည်း ဇွဲညီထင်သက်ပြင်းတစ်ချက်ချပြီး ခေါင်းကိုညိတ်ပြလိုက်ရတော့တယ်။

” ရတယ်..အခုမင်းအဆင်ပြေပြီလား..မင်းနေတဲ့နေရာအထိလိုက်ပို့ပေးရအုံးမှာလား ”

ဇွဲညီထင်ရဲ့ အေးစက်စက်မေးသံကိုကြားလိုက်ရမှ မေကျော့ရှင်းသတိဝင်လာမိပြီး

” ရပါတယ်…ကျွန်မ ဒီကနေပဲလမ်းလျှောက်သွားပါ့မယ်…ကူညီပေးလို့ကျေးဇူးတင်ပါတယ် မန်နေဂျာကြီး ”

မေကျော့ရှင်းစိတ်ရင်းနဲ့ကျေးဇူးတင်စကားပြောလိုက်ပြီး ကားပေါ်ကအမြန်ဆင်းလိုက်တယ်။

ဇွဲညီထင်ရဲ့ကားလေးကမေကျော့ရှင်းကားပေါ်ကဆင်းသွားတာနဲ့ ဝူးခနဲမောင်းထွက်သွားခဲ့တယ် ။

~~~~a~~~~k~~~~y~~~~~i~~~~~p~~~~h~~~~~~~y~~~u~~~~~~~~~~~~~

” မောင် …ဒီမှာအဆင်ပြေတယ်မဟုတ်လား..ချစ်ကဟိုဘက်ရုံးကိုပါပြေးလွှားနေရတော့ ဒီဘက်ကိုနေ့တိုင်းမရောက်ဖြစ်ဘူးဖြစ်နေတာ ..မောင့်ကိုပစ်ထားတာမဟုတ်ဘူးနော်သိလား ”

နွေးနွေးချစ်က ဇွဲညီထင်ကိုကြည့်ပြီး ခပ်ချွဲချွဲလေးပြောလိုက်တယ်။နွေးနွေးချစ်နဲ့ဇွဲညီထင်က အသက်အရွယ်ချင်းကလပိုင်းပဲကွာကြပေမဲ့ နွေးနွေးချစ်က ချစ်သူနဲ့စကားပြောရင်အသက်အရမ်းကွာကြသူတွေလို ခပ်ချွဲချွဲလေးပြောလေ့ရှိတယ်။ကိုယ်တိုင်ကသူဌေးသမီးဖြစ်နေပေမဲ့ ချစ်သူနဲ့ပတ်သက်လာရင်ဟန်ကြီးတစ်ခွဲသားနဲ့မနေဘဲ ချစ်သူကိုရှေ့တန်းတင်ပြီး အားကိုးလေ့ရှိတယ်။ပြောရရင် တစ်ယောက်တည်းရှိနေချိန်မှာ ရေသန့်ဘူးကြီးတစ်ဘူးကိုတောင်သယ်နိုင်ကြပေမဲ့ ချစ်သူရှေ့မှာဆိုရင်ရေသန့်ဘူးသေးသေးလေးကိုတောင် မနိုင်တဲ့ပုံစံမျိုးနဲ့ချစ်သူကိုဟီးရိုးတင်ကြတယ်မဟုတ်လား။နွေးနွေးချစ်ကလည်း မိန်းမသားတွေထဲကမိန်းမသားပေပဲမို့ ချစ်သူဇွဲညီထင်ကိုဟီးရိုးတင်ပြီး ဒီလိုမျိုးလေးချွဲလေ့ရှိတယ်။တစ်ခုခုဆိုသူ့စိတ်ကြိုက်မဆုံးဖြတ်ဘဲ မောင့်သဘောဆိုပြီး ပစားပေးတယ်။အစားအသောက်စားတာကအစ ချစ်သူဇွဲညီထင်ရဲ့အကြိုက်ကိုလိုက်ပြီးစားသောက်တာမျိုး။သူကြိုက်တာတွေကိုတော့ အိမ်ရောက်မှစိတ်ကြိုက်လုပ်တာမျိုးပေါ့။ဒီလိုဒီလိုတွေ ချစ်သူကောင်မလေးကအလိုက်သိတော့လည်း ဇွဲညီထင်တစ်ယောက် ချစ်သူနွေးနွေးချစ်ရဲ့မေတ္တာရိပ်အောက်ကနေရုန်းမထွက်နိုင်ဖြစ်နေခဲ့ရတာပေါ့ ။

မေကျော့ရှင်းက မျက်လုံးပင့်အကြည့်မှာ ရုံးခန်းထဲကမြင်ကွင်းကြောင့် မျက်လွှာကိုအမြန်ပြန်ချလိုက်ရတယ်။ရုံးခန်းထဲမှာ ဇွဲညီထင်နဲ့နွေးနွေးချစ်တို့ မျက်နှာချင်းဆိုင်ပြီးစကားပြောနေကြတာ။နွေးနွေးချစ်က ဇွဲညီထင်ရဲ့မျက်နှာကိုလက်ကလေးနဲ့စမ်းလိုက်တို့လိုက်နဲ့။သူတို့တွေဘာတွေပြောနေကြလဲဆိုတာ မကြားရပေမဲ့ အမူအရာတွေက ချစ်သူနှစ်ဦးရဲ့ကြည်နူးစရာပုံရိပ်ကိုအတိအလင်းဖော်ပြနေကြတယ်။မေကျော့ရှင်းခေါင်းကိုပြန်ငုံ့လိုက်ပြီး လက်တော့ဆီကိုပဲအကြည့်တွေကိုပို့်ထားလိုက်မိတယ်။သူမနဲ့မလှမ်းမကမ်းမှာရှိနေတဲ့ မမဝေကလဲရုံးခန်းထဲကိုမသိမသာလှမ်းကြည့်လိုက်ရင်းက ဘာမဆိုင်ညာမဆိုင်နဲ့သူမကိုလှမ်းကြည့်လိုက်တယ်လို့စိတ်ကထင်လိုက်မိပြန်တယ်။ဒီအချိန်မှာပဲ ရုံးခန်းရဲ့လိုက်ကာစတွေကို နွေးနွေးချစ်က ထပိတ်လိုက်တာကို မျက်လုံးထောင့်စွန်းကနေ မေကျော့ရှင်းမြင်ဖြစ်အောင်မြင်လိုက်ရပြန်တယ်။

” အ ”
ကော်ဖီခွက်အပူကြီးကို မေကျော့ရှင်းအယောင်ယောင်အမှားမှားနဲ့ကိုင်လိုက်မိတာမို့ နှုတ်ခမ်းလေးကိုဖိကိုက်ကာလက်ကိုအင်္ကျီစနဲ့အတင်းပွတ်ပစ်လိုက်မိတယ်။

” မန်နေဂျာကြီးကလဲအချော..သူဌေးသမီးလေးကလဲအချောဆိုတော့ လိုက်ဖက်လိုက်ကြတာနော်…တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့ပုံပဲနော်…ကြည့်ရတာလူကြီးတွေကလဲ သဘောတူကြတယ်ထင်တယ် … အေမီကတော့ မန်နေဂျာကြီးတို့အတွဲကို အရမ်းအားကျတာပဲ ”

အာရုံမထားဘူးဆိုပေမဲ့ အေမီရဲ့အသံလေးကိုခပ်တိုးတိုးကြားနေခဲ့ရတယ်။အေမီကငယ်ရွယ်သူပီပီ ချစ်သူစုံတွဲတွေကိုမြင်ရင် အားကျစိတ်နဲ့ပြောနေကြပါပဲ။သို့ပေမဲ့ မေကျော့ရှင်းမှာ မလုံတဲ့အိုးတုတ်နဲ့ထိုးခံနေရသလိုစိတ်ကမလုံသလိုဖြစ်နေခဲ့ရတယ်။မသိရင်ဘဲအေမီတို့အုပ်စုက သူမကိုပဲလှောင်ပြောင်အရွှဲ့တိုက်ပြောနေသလိုလိုမျိုး စိတ်ကထင်နေမိတယ်။ဘာမဆိုင်ညာမဆိုင်မလုံမလဲဖြစ်နေခဲ့မိတဲ့ကိုယ့်ကိုယ်ကို မေကျော့ရှင်းမုန်းတီးစက်ဆုပ်သွားမိတယ်။တခြားသူတွေအားလုံးပျော်ရွှင်နေရချိန်မှာ သူမမှာနေဖို့ပူရစားဖို့ပူရဝတ်ဖို့ပူရနဲ့ ဘဝကြီးကစိတ်ပျက်စရာအတိနဲ့မဟုတ်ပါလား။သူမလဲအားလုံးနဲ့တန်းတူမကဘဲ ပိုပြီးတောင်ကြိုးစားခဲ့တာပါပဲ။ဒါပေမဲ့ သူမမှာက အေမီတို့လိုစလင်းဘတ်အိတ်ကောင်းကောင်းတစ်လုံးမရှိဘူး။အပျိုးကြီးမမဝေလို ရွှေဆွဲကြိုးကြီးဆွဲနိုင်ဖို့နေနေသာသာ နားပေါက်ကိုတောင်ဟောင်းလောင်းမဖြစ်ရေးအတွက် သောင်းကျော်တန်ဖန်စီးနားကပ်တွေနဲ့ဖာထေးထားခဲ့ရတာမဟုတ်ပါလား။တွေးကြည့်လိုက်ရင် သူမဘဝကြီးကကြိုးစားခဲ့သမျှတွေ တစ်ခုမှ အရာမထင်ခဲ့ဘူးလေ။ခင်ပွန်းဟောင်းက ဖိနပ်ဖိုးစိုက်ပေးထားတာကိုတောင် ချက်ချင်းပြန်မဆပ်နိုင်တဲ့အခြေအနေကနည်းနည်းတော့ရှက်ဖို့ကောင်းလှပေတယ်။သူမလက်ထဲမှာ ငွေပိုငွေလျှံမရှိလေတော့ ခင်ပွန်းဟောင်းရဲ့လက်အောက်မှာအလုပ်လုပ်နေရတဲ့အဖြစ်ကလဲ တခြားသူတွေများသိသွားခဲ့ရင် သူမကိုဘယ်လိုထင်ကြမလဲ။အထူးသဖြင့် သူမတို့အကြောင်းတွေကိုအပျိုကြီးမမဝေသာသိသွားခဲ့ရင် ဘယ်လိုများထင်မြင်ချက်ပေးလေမလဲ။‌သူဌေးသမက်ဖြစ်ဖို့အလားအလာရှိနေတဲ့ ယောက်ျားဟောင်းကို ပြန်မြူဆွယ်နိုင်ဖို့အတွက်အရှက်မရှိနေနေတယ်လို့များ စွပ်စွဲပြောဆိုလေမလား။စဉ်းစားကြည့်လိုက်တော့ ငွေမရှိတဲ့ဘဝက အထင်အမြင်သေးခံရဖို့အကြောင်းတွေသာဖန်နေခဲ့ပုံပါပဲ။

~~~~ a~~~~k~~~~y~~~~~i~~~~~p~~~h~~~~y~~~~~~u~~~~~~~~~~~~~~

” ဘယ်လိုလဲ အဆင်ပြေသွားပြီလားကျော့ကျော့ ”

ကိုထူးမော်ရဲ့အမေးစကားကြောင့် မေကျော့ရှင်းခေါင်းလေးကိုအသာညိတ်ပြလိုက်ရင်း

” ဒီလိုပါပဲ ကိုထူးရယ်…ဘဝဆိုတာကတော့ ကိုယ့်စိတ်တိုင်းကျဘယ်ဖြစ်မှာလဲရှင် ”

မေကျော့ရှင်းရဲ့ခပ်တွေတွေအမူအရာကိုကြည့်ပြီး ထူးမော်က မေကျော့ရှင်းနားမှာရပ်လိုက်တယ်။

” ဘာတွေများစိတ်ညစ်စရာရှိလို့လဲ ကျော့ကျော့ရာ…ကျွန်တော်ကူညီနိုင်တာရှိရင်ကူညီပါ့မယ် …ကျော့ကျော့စိတ်ညစ်စိတ်ရှုပ်နေတာကိုမြင်ရတာ ကျွန်တော်တကယ်စိတ်မကောင်းဖြစ်မိတယ် ”

ကိုထူးမော်ဆီက စကားသံကိုကြားလိုက်ရတော့မှ မေကျော့ရှင်းလူနဲ့စိတ် သတိပြန်ကပ်သလိုဖြစ်သွားခဲ့ရတယ်။

” ဒီအချိန်ကတော့ ကိုယ်တစ်ယောက်တည်းအတွက်မဟုတ်ဘဲ …အဆင်မပြေကြတဲ့ဆွေမျိုးသားချင်းတွေနဲ့မိတ်ဆွေတချို့အတွက်ပါ တွေးပြီးစိတ်မကောင်းဖြစ်နေမိတာပါကိုထူးရယ်….ကျော့တစ်ယောက်စာကတော့ ကျောခင်းဖို့နေရာရှိရင် …စားဖို့ကအဲ့ဒီလောက်မပူရပါဘူး….ဒီလို စီးပွားရေးတွေခက်ခဲနေချိန်မှာ ကျန်းမာရေးကောင်းနေတာကပဲ ကံကောင်းနေပါပြီလေ ”

ကိုထူးမော်ရဲ့ရှေ့မှာ စကားတွေကိုလှီးလွဲပြောဆိုလိုက်တယ်။မိန်းမသားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို ခင်မင်ရသူတစ်ဦးဦးဆီမှာရင်ဖွင့်လိုက်ရခြင်းကလည်း စိတ်ထွက်ပေါက်တစ်ခုရဖြစ်တာမှန်ပေမဲ့ ဒါကအခန့်မသင့်ရင်တစ်ဖက်လူရဲ့အတွေးတွေကိုလွဲမှားသွားစေနိုင်တယ်လေ။ဒီလိုဆိုရင်ဖြင့် မေကျော့ရှင်းအဖြစ်က ရေလာဖို့မြောင်းဖောက်ပေးသူလိုဖြစ်သွားနိုင်တယ်လေ။ရေလာမြောင်းပေးဆိုတဲ့ဆိုရိုးစကားက ကြားရသူအဖို့ သိပ်ပြီးနားဝင်မဆိုးလှပေမဲ့ သေချာစဉ်းစားကြည့်လိုက်ရင် မိန်းမတစ်ယောက်ရဲ့သိက္ခာကိုအထင်သေးစော်ကားပြောဆိုထားတဲ့ဆိုရိုးစကားလေ။မေကျော့ရှင်းဆိုတဲ့သူမက ဒီလိုစကားပုံနဲ့ကိုက်ညီနေတဲ့မိန်းမတစ်ယောက်တော့ဘယ်တော့မှမဖြစ်စေရပါ။

~~~~a~~~~~k~~~~y~~~~i~~~~~p~~~~~h~~~~~~y~~~~~~u~~~~~~~~

” ဟင် … ဖိုးသဲ ….မမကိုလာစောင့်နေတာလားဟင် ”

ရုံးရှေ့မှာရပ်နေတဲ့ ဖိုးသဲကိုတွေ့လိုက်ရတာမို့ မေကျော့ရှင်းပျာယာခတ်သွားရပြီး ဖိုးသဲလက်ကိုဆွဲကာ ရုံးနဲ့ခပ်ဝေးဝေးကိုအမြန်ဆွဲခေါ်ခဲ့ရတယ်။မမဝေတို့အုပ်စုတွေ ခပ်လှမ်းလှမ်းကနေ သူမတို့ကိုလှမ်းကြည့်နေတာမြင်ပေမဲ့ မေကျော့ရှင်းမှာဂရုမစိုက်နိုင်ပါ။ဖိုးသဲကဆယ့်ရှစ်နှစ်အရွယ်ကောင်ချောလေးမို့ သူတို့စိတ်ထဲတစ်မျိုးထင်ချင်လဲထင်သွားကြလိမ့်မယ်ထင်တယ်။သို့ပေမဲ့ ဒါတွေကအရေးမကြီး။အရေးကြီးတာက ဖိုးသဲနဲ့ဇွဲညီထင်တို့မဆုံဖို့သာအရေးအကြီးဆုံးလေ။ဒါကြောင့်လဲ ဖိုးသဲလက်ကိုဆွဲပြီး အဝေးကိုအပြေးထွက်လာခဲ့ရတယ်။ဇွဲညီထင်တစ်ယောက် ဘယ်လိုပုံစံပဲပြောင်းလဲနေပါစေ အစ်မဖြစ်သူရဲ့ယောကျာ်းဟောင်းကို ဖိုးသဲကမမှတ်မိဘဲနေမတဲ့လား။ဇွဲညီထင်ကိုများ ဖိုးသဲတွေ့သွားရင်ဖြင့် ဘာတွေဖြစ်ကုန်မလဲဆိုတာတွေးတောင်မတွေးရဲ။ပြီးတော့ ဖိုးသဲဆိုတဲ့ကောင်လေးကလဲ သူမအလုပ်ကိုအရင်ကတစ်ခါမှမလာခဲ့ဖူးဘဲနဲ့များ အခုမှဘာကိစ္စပေါ်လာတယ်မသိ။အိမ်မှာများတစ်ခုခုဖြစ်ကြလို့လား။အဖေများတစ်ခုခုဖြစ်လေသလားမသိ။ဒီလိုတွေးလိုက်မိတော့ မေကျော့ရှင်းရင်ထဲစိုးရိမ်ပူပန်သွားရပြန်တယ်။လူရယ်လို့ သိတတ်စအရွယ်ကတည်းက အဖေ့ကို ဒုက္ခမပေးခဲ့သလို အကူအညီလည်းမပေးခဲ့ဘဲတစ်ယောက်တည်းတစ်ကိုယ်ကောင်းဆန်ဆန်ကြီးပြင်းခဲ့တာမဟုတ်ပါလား။

” ဖိုးသဲ မောင်လေး ….ဘာ..ဘာလာလုပ်တာလဲဟင်..ကိစ္စရှိလို့လား ”

အဖေတူအမေကွဲမောင်ဖြစ်သူကိုကြည့်ပြီး မေကျော့ရှင်းတုန်တုန်လှုပ်လှုပ်နဲ့မေးလိုက်မိတယ်။

” ဟုတ်ကဲ့ အစ်မ…ကျွန်တော့်ကိုအမေလွှတ်လိုက်တာ…အဖေနေမကောင်းဘူးတဲ့…အဖေ့ကိုဆေးရုံပြဖို့အတွက်ပိုက်ဆံလိုလို့တဲ့ ..အမေပြောခိုင်းလိုက်လို့ပါ ”

မဝံ့မရဲနဲ့ပြောနေတဲ့မောင်ဖြစ်သူကိုကြည့်ပြီး မေကျော့ရှင်းသက်ပြင်းကိုချလိုက်မိတယ်။မိထွေးဖြစ်သူစီမံပုံက အကွက်တော့ကျလှတယ်လေ။ငွေလိုတာကို ဖုန်းနဲ့လှမ်းပြောလို့ရပေမဲ့မပြော။လစာထုတ်တဲ့နေ့မှာမှ ရုံးရှေ့ကိုလာတောင်းခိုင်းတာလေ။စိတ်ကြည်ပုံမရတဲ့ မောင်ဖြစ်သူရဲ့မျက်နှာကိုကြည့်ပြီး မေကျော့ရှင်းစိတ်မကောင်းတောင်ဖြစ်သွားရတယ်။သူ့ကိုကြည့်ရတာ မိခင်ဖြစ်သူကလွှတ်လိုက်လို့သာ လာခဲ့ရပြီး စိတ်ရှုပ်ထွေးနေဟန်ကအတိုင်းသားပေါ်နေခဲ့တယ်။

” အင်းပါ အဖေ့အတွက်ဆေးဖိုးကို အစ်မပေးလိုက်ပါ့မယ်..မောင်လေးဘာစားအုံးမလဲ ”

” ဟင့်အင်း မစားတော့ဘူးအစ်မ….မိုးမချုပ်ခင်ပြန်လာခဲ့ဖို့အမေကမှာလိုက်တယ် ”

” ဪ ..အေးအေး..ဒါဆိုလဲပိုက်ဆံယူပြီးပြန်တော့နော်..မောင်လေးအတွက်မုန့်ဖိုးပါပေးလိုက်မယ်…ပိုက်ဆံကိုသေချာသိမ်းသွားနော်..ဒီနေ့လကုန်ရက်ဆိုတော့ ကားပေါ်မှာခါးပိုက်နှိုက်တွေပေါတယ် ..သတိထားသွားနော် ”

မောင်လေးကိုသတိပေးစကားပြောလိုက်ရင်းက ငွေတစ်ထပ်ကို ထုတ်ပေးလိုက်တယ်။ဒီနေ့မှ လစာတိုးပြီးရလာတဲ့လစာငွေလေးကလဲ သူမလက်ထဲမှာပူအောင်ပင်မနေလိုက်ရပါလေ။ကျန်ခဲ့တဲ့လစာငွေလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်းကနေ မောင်ဖြစ်သူဖိုးသဲရဲ့ကျောပြင်ကိုငေးကြည့်နေခဲ့မိတယ်။ဖိုးသဲလေးက သူမထက်ဆယ်နှစ်ကျော်ငယ်ပေမဲ့ အဖေနဲ့တူကာလူကောင်ကြီးထွားပြီး လူပျိုကြီးဖားဖားဖြစ်နေခဲ့လေပြီ။လူကြီးတစ်ယောက်လိုဖြစ်နေခဲ့တဲ့ဖိုးသဲရဲ့ကိုယ်ခန္ဓာပေါ်ကအဝတ်အစားတွေကိုလှမ်းကြည့်လိုက်တော့ နာမည်းကြီးတံဆိပ်တွေဆိုတာသိလိုက်ရပြီး ခပ်မဲ့မဲ့လေးပြုံးလိုက်မိပြန်တယ်။သူမတစ်ကိုယ်လုံးမှာတော့ တန်ဖိုးကြီးပစ္စည်းဆိုလို့ အကြွေးမဆပ်ရသေးတဲ့ဖိနပ်တစ်ရံပဲရှိတာလေ။မေကျော့ရှင်း ကိုယ့်အတွေးနဲ့ကိုယ် ခပ်မဲ့မဲ့လေးပြုံးနေမိချိန်မှာပဲ သူမကိုလှမ်းကြည့်အကဲခတ်နေတဲ့ မမဝေနဲ့အေမီတို့ကိုတွေ့လိုက်ရတာမို့ စိတ်ထဲမျက်ခနဲဖြစ်သွားရတယ်။ကြည့်ရတာ သူတို့တွေ ပြန်မဲ့လမ်းကိုမပြန်ကြဘဲ သူမတို့မောင်နှမနှစ်ယောက်အကြောင်းစပ်စုနေကြပုံပါပဲ။ကြည့်နေတဲ့အကြည့်တွေထဲမှာ အထင်သေးတဲ့အရိပ်အယောင်တွေကိုမြင်နေရပေမဲ့ မေကျော့ရှင်းတကူးတကရှင်းပြချင်စိတ်လဲမရှိတော့ပါ။ရှင်းပြရတယ်ဆိုတာကလဲ ရှုပ်ထားမှသာရှင်းပြရတာမဟုတ်လား။ကိုယ့်ကိုအထင်အမြင်သေးနေသူတိုင်းကိုသာ လိုက်ပြီးရှင်းပြနေရရင် သူမတို့မှာအလုပ်လုပ်ချိန်တောင်ရှိမယ်မထင်ဘူး။တစ်ခါတလေတော့လည်း ပတ်ဝန်းကျင်ဆိုတာကို လျစ်လျူရှုထားတာက ဘဝအတွက် ပိုပြီးစိတ်ချမ်းသာမယ်ထင်ပါရဲ့။

~~~~~a~~~~k~~~~y~~~~i~~~~p~~~~h~~~~~~~y~~~~~u~~~~~~~~~

ငွေစက္ကူတစ်သောင်းတန်အရွက်တွေကို စာအိတ်အပြာလေးထဲထည့်ပြီး စာရင်းစာအုပ်တွေကြားထဲ မေကျော့ရှင်းသေချာညှပ်ပေးလိုက်တယ်။ဒီအတိုင်းကြီးပေးလိုက်ဖို့က အပြင်ကနေလှမ်းကြည့်ရင်မြင်နေရတာမို့ အထင်လွဲစရာတွေဖြစ်ကုန်မှာကြောက်ရတယ်လေ။ဒါကြောင့်လဲ လက်မှတ်ထိုးဖို့အတွက် စာရင်းစာအုပ်တွေလာပြရင်းနဲ့ဖိနပ်ဖိုးပိုက်ဆံကို စာအုပ်ကြားထဲညှပ်ပေးလိုက်တာ။

” စာအုပ်ထဲမှာ ဖိနပ်ဖိုးပိုက်ဆံထည့်ပေးထားပါတယ် ..ကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် ”

မေကျော့ရှင်း နှုတ်ကခပ်တိုးတိုးပြောလိုက်ရင်းကနေ စာရင်းစာအုပ်ကိုချပေးလိုက်ပြီး ခေါင်းလေးကိုငုံ့ကာ နေရာကပြန်လှည့်ထွက်လိုက်တယ်။

” ဘုတ်..အင့် ”

” အမေ့ ”

‘ ဘုတ် ..”

” ဟယ် ”

မေကျော့ရှင်းနေရာကပြန်လှည့်ထွက်ချိန်မှာ မမျှော်လင့်ထားတာတွေဖြစ်ပျက်သွားခဲ့တယ်။မေကျော့ရှင်းက နေရာကလှည့်အထွက် မမ‌ဝေကမေကျော့ရှင်းနောက်ကို ရောက်အလာမို့နှစ်ယောက်သား ဝင်တိုက်မိပြီးလဲကျသွားခဲ့ကြတယ်။နှစ်ယောက်သားလဲကျသွားခဲ့တာက ပြဿနာမဟုတ်ပေမဲ့ ပြဿနာကမေကျော့ရှင်းရဲ့လက်တွေက စားပွဲခုံကိုအယောင်ယောင်အမှားမှားနဲ့လှမ်းဆွဲမိလိုက်တာကြောင့်ပါပဲ။ဒီလိုလှမ်းဆွဲလိုက်ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မေကျော့ရှင်းရဲ့လက်တွေက သူမချထားခဲ့တဲ့စာရင်းစာအုပ်ကိုပြန်ဆွဲချမိရက်သားဖြစ်သွားခဲ့ပြီး စာရင်းစာအုပ်က အောက်ကိုဘုတ်ခနဲပြုတ်ကျလာခဲ့တယ်။ဒီမှာပဲ စာရင်းစာအုပ်ကြားထဲညှပ်ထားခဲ့တဲ့စာအိတ်ပြာလေးက စာအုပ်ကြားထဲကနေ ထွက်ကျလာတော့တယ်။ထွက်ကျလာတဲ့စာအိတ်လေးကိုကြည့်ပြီး မေကျော့ရှင်းမျက်လုံးတွေပြူးသွားရချိန်မှာ မမဝေကလဲမျက်လုံးတွေကျွတ်ကျလုမတတ်ပုံစံနဲ့စာအိတ်ပြာလေးကိုကြည့်နေခဲ့တယ်လေ။

==a===k====y=====i====p==h==y===u==

အပိုင်း(၉)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၉)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****
မေကျော့ရှင်းက အံလေးကိုခပ်တင်းတင်းကြိတ်လိုက်ပြီး

” အဲဒါတွေက ရှင်နဲ့ဘာဆိုင်လို့လဲ…ကျွန်မဘာသာအဆင်ပြေပြေ မပြေပြေဘာဆိုင်လဲ…ရှင့်ဆီကပိုက်ဆံလာချေးနေလို့လား…ဖိနပ်ဖိုးလေးခဏစိုက်ပေးလိုက်ရတာကို ဂုဏ်ဆာပြီးပြောနေတာလား…ကျွန်မဘာသာဘာပဲဖြစ်ဖြစ်ရှင်နဲ့မဆိုင်ဘူး…အခုချိန်ကစပြီးအလုပ်ကိစ္စကလွဲရင် အပိုစကားတွေမပြောပါနဲ့ ”

မေကျော့ရှင်းပြောပြီးတာနဲ့ချာခနဲလှည့်ထွက်ခဲ့လိုက်တယ်။လူက လေသံခပ်တင်းတင်းနဲ့ပြောခဲ့လိုက်ပေမဲ့ ရင်ဘတ်တစ်ခုလုံးကတော့ တဆတ်ဆတ်တုန်ခါပြီး ဆို့နင့်နေခဲ့တယ်။ရှက်ရွံ့သိမ်ငယ်စိတ်ကြောင့်ခြေတွေလက်တွေပါမသိမသာတုန်ယင်နေခဲ့လေတယ်။မပတ်သက်သင့်တော့တဲ့ယောကျာ်းဟောင်းဆီကနေ အထင်သေးစကားအပြောခံလိုက်ရတာမဟုတ်ပါလား။တကယ်ဆို သူမအခြေအနေကသူ့ထက် မသာရင်တောင် သူနဲ့လုံးဝမပတ်သက်တော့ဘဲ နေချင်ခဲ့တာလေ။သူမဘာမှထပ်ပြောမနေတော့ဘဲ သူနဲ့အဝေးဆုံးကိုပြေးထွက်လာခဲ့လိုက်တယ်။

~~~~a~~~~k~~~~~y~~~~i~~~~~p~~~~h~~~~~~y~~~~~u~~~~~~~~~~~~

” ကျော့ရေ ပြောစရာလေးရှိလို့…ညနေရုံးဆင်းရင်ခဏလောက်တွေ့ရအောင် ”

” ရှင်..ဟုတ်..ဟုတ်ကဲ့မမဝေ ”

မမဝေရဲ့စကားကြောင့် မေကျော့ရှင်းရင်ထဲ ထိတ်ခနဲတုန်လှုပ်သွားမိပြီး အလန့်တကြားနဲ့မော့ကြည့်လိုက်မိတယ်။မမဝေကတော့ ခပ်အေးအေးပါပဲ။ပြောပြီးတာနဲ့သူ့နေရာမှာ ပြန်ထိုင်နေခဲ့တယ်။မေကျော့ရှင်းမှာသာ ရင်တွေတုန်ပြိးကျန်နေခဲ့ရတယ်။မမ‌ဝေရဲ့အေးစက်စက်အမူအရာကိုကြည့်ပြီး မှန်နံရံခြားထားတဲ့အခန်းကို ကယောင်ချောက်ချားနဲ့မေကျော့ရှင်းလှမ်းကြည့်လိုက်မိတယ်။ဒီအခါ ခေါင်းကိုငုံ့ကာအလုပ်ကိုစိတ်ဝင်တစားလုပ်နေတဲ့ဇွဲညီထင်ကိုတွေ့လိုက်ရတာမို့ မေကျော့ရှင်းခေါင်းကိုခပ်မြန်မြန်ငုံ့ချလိုက်မိတယ်။

~~~~a~~~~k~~~~y~~~~~i~~~~~p~~~~~h~~~~~y~~~~~u~~~~~~~~~

” မမဝေပြောတာကို အထင်မလွဲဘဲနားထောင်ပေးပါကျော့…မမဝေက ကျော့ကိုစေတနာနဲ့ပြောပြတာပါ ”

” ဟုတ်…ဟုတ်ကဲ့..ပြောပါမမဝေ..ကျော့နားထောင်နေပါတယ် ”

မမဝေရဲ့နိဒါန်းပျိုးတဲ့စကားကို မေကျော့ရှင်းအထစ်ထစ်အငေါ့ငေါ့နဲ့ တုံ့ပြန်လိုက်မိတယ်။

” ဪ..ဒီလိုပါကျော့ရယ်…ကျော့နဲ့မန်နေဂျာလေးကအရင်ကသိခဲ့ဖူးကြတဲ့ဆက်ဆံရေးလားဘာလားဆိုတာ မမဝေသေချာမသိပေမဲ့… အခုချိန်မှာတော့ ..ကျော့အနေနဲအနေထိုင်ဆင်ခြင်သင့်တယ်ထင်တယ်…ဘာလို့လဲဆို‌တော့ ရုံးထဲမှာက မျက်လုံးတွေပါးစပ်တွေအများကြီးရှိတယ်လေ..ပြီးတော့သူဌေးမလေးရဲ့လူတွေကလဲ မမဝေတို့အခန်းထဲမှာတင်ရှိနေနိုင်တာကို သိတယ်မဟုတ်လား …ဒါကြောင့်မမဝေကစေတနာနဲ့သတိပေးစကားပြောချင်လို့ ကျော့ကိုခေါ်လိုက်တာပါ ”

မမဝေရဲ့စကားတွေကို ကြားလိုက်ရတဲ့အခါ မေကျော့ရှင်းမှာ ဘာမှပြန်မပြောနိုင်အောင်ဘဲ အံ့ဩမင်သက်ကာနှုတ်ဆွံအသွားရလေတယ်။

” မမဝေပြောတာကို အထင်မလွဲနဲ့နော်ကျော့ ..တော်ကြာ သူဌေးမလေးသိသွားရင် ကျော့အတွက်အလုပ်လုပ်ရတာအဆင်မပြေဖြစ်မှာစိုးလို့ မမဝေကပြောပြတာပါ ”

တကယ်ပဲစေတနာလာဆိုတာကိုတော့ မေကျော့ရှင်းလဲမခွဲခြားနိုင်ပါလေ။သို့ပေမဲ့ မမဝေရဲ့စကာသံတွေက အရင်နဲမတူဘဲ ချိုသာပျော့ပျောင်းနေတာကိုသတိထားလိုက်မိတယ်။တကယ်ပဲသူ့ဘက်ကစေတနာလား၊ ဘာလားမသိပေမဲ့ သူမရဲ့သိက္ခာကိုထိပါးသလိုဖြစ်နေတဲ့ဒီကိစ္စကို ဘယ်လိုရှင်းပြရမှန်းကိုမသိဘဲဖြစ်နေတယ်။

” ဟို..ကျော့နဲ့မန်နေဂျာက ဘာမှမပတ်သက်ပါဘူးမမဝေ ..မမဝေအထင်လွဲနေတာပါ ”

မေကျော့ရှင်း မုသားစကားကိုသုံးပြီး ခပ်တည်တည်နဲ့လိမ်ညာလိုက်တယ်။ဒီအခါ မမဝေက သူမမျက်နှာကိုမော့ကြည့်လာခဲ့တယ်။

” မမဝေကို မညာပါနဲ့ကျော့….ကျော့တို့ ပစ္စည်းဂိုထောင်ထဲမှာ ပြောနေကြတာတွေကို မမဝေအကုန်ကြားလိုက်ပါတယ်..ကျော့ကမန်နေဂျာလေးကို ပိုက်ဆံပေးနေတာကိုလဲတွေ့လိုက်တယ်..ဖိနပ်ဖိုးဆိုပြီးပေးလိုက်တာလေ..ပြီးတော့ မန်နေဂျာလေးကိုကြည့်ရတာလဲ ကျော့အကြောင်းကိုသိနေတဲ့ပုံပဲ …နှစ်ယောက်သားအရင်ကသိခဲ့ကြာတာလား…ဒါမှမဟုတ် ဒီကိုရောက်မှပတ်သက်နေခဲ့ကြာတာလား ”

တိကျလှတဲ့မမဝေရဲ့မေးခွန်းတွေကြောင့် မေကျော့ရှင်းမှာ ဘာဖြေလို့်ဖြေရမှန်းမသိဘဲချောင်ပိတ်မိသွားရတယ်။အရင်ကပတ်သက်ခဲ့ကြောင်းကို ပြောပြရမှာလည်းအခက်။မပြောဘဲထားပြန်ရင်လဲ မန်နေဂျာမှာ ချစ်သူရှိမှန်းသိသိနဲ့ပတ်သက်မိသလိုဖြစ်မယ်။ဘာကိုပြောလို့ပြောရမှန်းမသိဘဲ မေကျော့ရှင်းအတော်လေးကို အခက်တွေ့သွားရတယ်။မပြောပြန်ရင်လဲအခက်၊ပြောပြန်ရင်လဲအခက်ဆိုတာမျိုးပေါ့ ။ဒါပေမဲ့လဲ အကုန်ကြားသွားပြီဆိုမှဖြင့် ပြောသင့်သလောက်တော့ပြောပြမယ်ဖြစ်ပေတော့မယ်။

” မမဝေက အကုန်ကြားသွာားပြီဆိုတော့လဲ … ကျော့ပြောပြပါ့မယ် မမဝေ..ဖိနပ်ဖိုးဆိုတာ..ဟိုရက်ကမန်နေဂျာနဲ့ကျော့ လမ်းမှာမတော်တဆဆုံကြရင်း ကျော့ဖိနပ်ပြတ်သွားလို့ မန်နေဂျာကဖိနပ်ဖိုးကူညီပေးခဲ့တာပါ …ပြီးတော့ မမဝေပြောတာဟုတ်ပါတယ်..မန်နေဂျာကြီးနဲ့ကျော့က အရင်ကသိခဲ့ဖူးကြတဲ့မိတ်ဆွေဟောင်းတွေပါ…ဒါပေမဲ့ ကျော့တို့ကဘာမှမပတ်သက်တဲ့အခြေအနေပါ..သူနဲ့ကျော့က အခြေအနေချင်းလဲမတူလို့ အခေါ်အပြောလဲမလုပ်ပါဘူး…”

မေကျော့ရှင်းရဲ့စကားအဆုံးမှာ မမဝေကစူးစူးစိုက်စိုက်နဲ့ကြည့်လာခဲ့တယ်။မမဝေရဲ့မျက်ဝန်းတွေထဲမှာ ထပ်ပြီးမေးလိုဟန်ရှိတဲ့ပုံစံကိုမြင်နေရပေမဲ့ဘာမှထပ်မမေးဘဲ အတော်ကြာငြိမ်သက်နေခဲ့တယ်။ခဏကြာတော့မှ မမဝေကဆီကသက်ပြင်းချသံကိုကြားလိုက်ရပြီး

” ကျော့မှာ အခက်အခဲဖြစ်နေတာတွေကိုလဲ မမဝေသိပါတယ်…ဒါကြောင့် ကျော့ကိုလဲအလုပ်မပြောင်းစေချင်ပါဘူး…ဘာပဲဖြစ်ဖြစ် အခုလိုမျိုးပဲ …မန်နေဂျာလေးကိုမသိချင်ယောင်ဆောင်ပြီးပဲနေလိုက်ပါ…မန်နေဂျာလေးကလဲ သူ့ဘာသာအေးအေးဆေးဆေးနေတတ်တဲ့သူ့မို့ ပြဿနာမဖြစ်လောက်ပါဘူး..အဓိကကဂိုထောင်ဘက်သွားတဲ့အခါ မန်နေဂျာလေးနဲ့ဆုံရင် …အလုပ်ကိစ္စကလွဲလို့အပိုစကားတွေမပြောပါနဲ့ကွယ်…တော်ကြာတစ်ယောက်ယောက်ကြားသွားရင် ကျော့ပြဿနာတက်မှာစိုးလို့်ပါ …”

” ဟုတ်..ဟုတ်ကဲ့ပါ မမဝေ ..ကျော့သတိထားနေပါ့မယ် ”

မမဝေထံမှ စေတနာစကားလိုလို သတိပေးစကားကို ကြားလိုက်ရတာမို့ မေကျော့ရှင်းခေါင်းကိုညိတ်ပြလိုက်ရတယ်။သက်ဆိုင်မှုမရှိတဲ့ သူစိမ်းတစ်ယောက်ဆီကနေ ဒီလိုမျိုးစကားတွေအပြောခံရတာက စိတ်အနှောက်အယှက်ဖြစ်ရသလို စော်ကားခံရသလိုခံစားနေရတယ်။အရင်စိတ်နဲ့သာဆိုရင် ဒီအရပ်ကနေ ထွက်သွားခဲ့တာကြာပြီ။အခုတော့ ဇွဲညီထင်ပြောခဲ့သလိုပဲ သူမအဖြစ်က ဖိနပ်တစ်ရန်ဖိုးတောင် လက်ထဲအဆင်သင့်မရှိတဲ့
အဖြစ်မို့ မာနနဲ့မခံချင်စိတ်တွေကို မနည်းကိုချိုးနှိမ်ထားလိုက်ရတယ်။

~~~~~a~~~~k~~~~y~~~~~i~~~~p~~~h~~~~~y~~~~u~~~

” လူကြီးတွေနဲ့မိတ်ဆက်ပေးမယ်ဆိုတိုင်း မောင့်ဘက်က ရှောင်နေသလိုပဲ ..ဘာဖြစ်လို့လဲမောင် ”

ချစ်သူနွေးနွေးချစ်ရဲ့ အမေးကြောင့် ဇွဲညီထင်ငိုင်ကျသွားရတယ်။ဘာကြောင့်ရယ်ဆိုတဲ့အဖြေက သူ့မှာအဆင်သင့်မရှိသေးသလိုဖြစ်နေခဲ့တယ်။

” ဘယ်လိုပြောရမလဲ ချစ်ရယ်…မောင်ကြိုးစားချင်သေးလို့ပါ….ဘာပဲဖြစ်ဖြစ်အိမ်ထောင်တစ်ခုကို မောင်ပဲဦးဆောင်ချင်တယ် … အလုပ်နေရာကတော့ ထားလိုက်ပါတော့…နေဖို့အိမ်အတွက်ကိုတော့ မောင့်ဘာသာကြိုးစားချင်လို့ပါ …ဒါကြောင့်မို့ပါ ..မောင့်ကို အချိန်နည်းနည်းလောက် စောင့်ပေးပါနော် ”

ဇွဲညီထင်ရဲ့ စကားအဆုံးမှာ နွေးနွေးချစ်ကနှုတ်ခမ်းလေးကို မသိမသာဖိကိုက်လိုက်ပြီး

” မောင်ရယ် ..ဘာလို့များလွယ်တာကို ခက်အောင်လုပ်နေရတာလဲ ….ဘာလဲဟင် …မောင်ရဲ့ဇနီးဟောင်းကို မမေ့နိုင်သေးလို့များလား ”

” ဘယ်လို …ဘာပြောလိုက်တယ်ချစ် ….ဒီစကားက ကိုယ့်ကိုမယုံကြည်တဲ့သဘောလား ”

ဇွဲညီထင်ရဲ့ဒေါသမျက်နှာကိုကြည့်ပြီး နွေးနွေးချစ်မှာ ထိတ်လန့်အံ့သြသွားရကာ

” ဟို …ဆော….ဆောရီးပါမောင် …ချစ်တောင်းပန်ပါတယ်နော် ….မောင့်ကိုချစ်လွန်းလို့ သဝန်တိုပြီးပြောလိုက်မိတာ မောင်ရယ်… ဟို ..ဒီရက်ပိုင်းတွေထဲ မောင်ကအရင်ကလို အချိန်မှန်မှန်ဖုန်းမဆက်တော့ ချစ်ကစိတ်ပူမိလို့ပါ …မောင့်ကို ချစ်ဘက်ကစပြီးချစ်ခဲ့ရတော့ မောင့်ကို စိတ်မချနိုင်လို့ပြောမိတာပါ…စိတ်မဆိုးနဲ့နော် …ချစ်တောင်းပန်ပါတယ်နော် ”

နွေးနွေးချစ်က ချွဲချွဲနွဲ့နွဲ့လေးပြောလိုက်ရင်းက ဇွဲညီထင်ရဲ့ရင်ခွင်ထဲကို တိုးဝင်လိုက်တယ်။
ဇွဲညီထင်က သူ့ရင်ခွင်ထဲကို ရောက်လာတဲ့ နွေးနွေးချစ်ရဲ့ကိုယ်လုံးလေးကို အလိုက်သင့်ထွေးဖက်ထားလိုက်ရင်းက ငြိမ်သက်နေခဲ့တယ်။အချစ်ဆိုတာကြီးကို ကြောက်လန့်ပြီး စိတ်ကုန်နေတဲ့ ဇွဲညီထင်ဆီကို နွေးနွေးချစ်ဆိုတဲ့ အချစ်သစ်က မဖိတ်ခေါ်ပါဘဲအတင်း တိုးဝင်လာခဲ့တာ။ကွာရှင်းပြီးတဲ့နောက်မှာ ဘ၀သစ်ကို ပြန်စဖို့အတွက် နေရာအသစ်၊အလုပ်အသစ်ကို ဇွဲညီထင်ပြောင်းရွေ့ခဲ့တယ်။အလုပ်သစ်မှာပဲ နွေးနွေးချစ်နဲ့ ဆုံစည်းခဲ့တယ်။တကယ်တော့နွေးနွေးချစ်က အလုပ်ရှင်သူဌေးကြီးရဲ့သမီး။ သူတို့နှစ်ယောက်ကြားမှာ ဘဝအခြေအနေချင်းမတူသလို ဇွဲညီထင်ကိုယ်တိုင်ကလည်း အချစ်ရေးကို စိတ်ကုန်နေသူမို့ နွေးနွေးချစ်အပေါ်မှာ ရိုးသားခဲ့တယ်။အလုပ်ရှင်သူဌေးထက်ပိုတဲ့ ဆက်ဆံမှုမျိုးတွေကို မလုပ်ခဲ့ဘူး။ နွေးနွေးချစ်အပေါ်မှာ လေးစားရိုသေမှုထားကလွဲလို့ အပိုစကားတွေ မပြောခဲ့ဘူး။ သူ့ဘာသာ ခပ်အေးအေးနဲ့ တည်တည်တံ့တံ့ပဲနေခဲ့တာ။ပြောရရင် ဇွဲညီထင်ရဲ့မာနကြီးလှတဲ့ဒီပုံစံကိုပဲ နွေးနွေးချစ်က သဘောကျခဲ့တယ်လို ဆိုရမလား။တည်တည်တံ့တံ့နေတတ်တဲ့ ဇွဲညီထင်ကို သူမနားကို ရောက်အောင်ခေါ်ခဲ့ပြီး အခွင့်အရေးတွေပေးခဲ့တယ်။ ဂရုစိုက်မှုတွေ ပေးခဲ့တယ်။မေတ္တာတွေပေးခဲ့တယ်။နေရာတကာမှာ ယောက်ျားပီပီသသနဲ့ ဦးဆောင်ချင်တဲ့ ဇွဲညီထင်ကို မသိမသာရှေ့တန်းတင်ခဲ့တယ်။နောက်ဆုံးတော့ သူတို့တွေ တွေ့ဆုံခဲ့ကြပြီး တစ်နှစ်ကျော်အကြာမှာပဲ နွေးနွေးချစ်ရဲ့မေတ္တာကွန်ရက်အောက်မှာ ဇွဲညီထင်ကျရှုံးခဲ့ရတော့တယ်။တကယ်တော့ ဇွဲညီထင်အတွက်အချစ်ဆိုတာကို မေကျော့ရှင်းတစ်ယောက်နဲ့တင် သိပ်ကြောက်သွားခဲ့ရတာ။ချစ်ရတာ သိပ်ကိုမောပန်းလွန်းခဲ့ရတာလေ။ကုန်ကုန်ပြောရရင် ဒီကမ္ဘာလောကကြီးမှာ မေကျော့ရှင်းဆိုတဲ့အမည်နာမကိုတောင် မကြားချင်လောက်အောင် ဇွဲညီထင်အတွက် အချစ်ကိုစိတ်ပျက်စိတ်ကုန်ခဲ့တယ်လို့ပဲ ပြောရမလား။ လူတစ်ယောက်ကို ချစ်ခဲ့တယ်ဆိုပေမဲ့ နှစ်ယောက်စရိုက်မတူတဲ့အခါမှာ အချိန်ကြာလာတာနဲ့အမျှ ချစ်စိတ်တွေက ပျောက်ဆုံးလာခဲ့တယ်။ချစ်ရတာ ပင်ပန်းလာခဲ့တယ်။ဒီလိုနဲ့ပဲ ရှေ့ဆက်လို့မရတဲ့ အခြေအနေမှာ နှစ်ယောက်သားလမ်းခွဲခဲ့ကြတယ်။လမ်းခွဲပြီးနောက်မှာ တစ်ယောက်နဲ့တစ်ယောက် မတော်တဆပဲဖြစ်ဖြစ် မဆုံရအောင် သွားလာနေထိုင်တာကအစဆင်ခြင်ခဲ့ကြတယ် ။ဒါပေမဲ့လည်း ကမ္ဘာကြီးကပဲကျဉ်းလေသလား။ ကံကြမ္မာကပဲ သူတို့အပေါ်မှာကျီစားလေသလားရယ်မသိ။ မတွေ့ချင်မဆုံချင်တဲ့သူနှစ်ဦးက တေ့တေ့ဆိုင်ဆိုင်ကြီးကို ပြန်ဆုံနေခဲ့ကြရပြီ။ဒီအတွက်တော့ ကံကြမ္မာကို ဇွဲညီထင်တို့ အပြစ်ပြောလို့မရပေမဲ့ ဇာတ်လမ်းဟောင်းကို ပြန်ဆက်ဖို့ဆိုတာကတော့ ဇွဲညီထင်အနေနဲ့ ယောင်လို့မှမတွေးခဲ့ဖူးတာ အမှန်။ပြီးတော့ နောက်ဆက်တွဲအနေနဲ့ အိမ်ထောင်ပြုဖို့ကိစ္စကို မသိစိတ်က ကြောက်ရွံနေမိသလိုကို ဖြစ်နေခဲ့တာ။

~~~~a~~~~k~~~~~y~~~~i~~~~p~~~ -h ~~~ y~~~u~~~~~

” ကျော့ကျော့ နေပါအုံး …. လမ်းလျှောက်တာမြန်လိုက်တာကွာ ”

အနောက်ဘက်က ခေါ်သံကြောင့် မေကျော့ရှင်းလှည့်ကြည့်လိုက်တော့ ကိုထူးမော်ကို တွေ့လိုက်ရတာမို့ နေရာမှာရပ်တန့်စောင့်နေလိုက်ရင်းက ပြန်နှုတ်ဆက်လိုက်တယ်။

“ကိုထူးမော်တို့အရောင်းကား ဒီနေ့ စောတာလား ”

” ဟုတ်တယ်ကျော့ …ဒီနေ့ စောတာလေ….ဒါနဲ့ ဒီရက်ပိုင်း ကျော့ကျော့ကို မတွေ့ရသလိုပဲ …ဘာလဲ ရုံးခန်းထဲမှာ အလုပ်များနေတာလား ”

ကိုထူးမော်ရဲ့ အမေးကြောင့် မေကျော့ရှင်းခေါင်းလေးကို ညိတ်ပြလိုက်တယ်။

” အလုပ်များနေတယ်ဆိုရင် တော်သေးတာပေါ့ ….အလုပ်နေရာပြောင်းမယ်လို့ပြောလိုက်လို့ အဆူများခံနေရတာလားလို့ …ကျွန်တော်ကစိုးရိမ်နေတာ….ကျော့ကျော့တို့ ရုံးခန်းထဲကိုလဲ မလာချင်လို့ … သတင်းလာမမေးဖြစ်တာပါ ”

” ဪ ..အဲ့ဒီကိစ္စက အဆင်ပြေပါတယ်ကိုထူးရဲ့….ဒီရက်ထဲနှစ်ချုပ်စာရင်းတွေပါ လုပ်နေရလို့ပါ ”

” ဟုတ်လား ……ဒီလိုဆိုတော်သေးတာပေါ့…..ကျော့ကျော့က ကျွန်တော့်ကိုတမင်များ ရှောင်နေတာလားဆိုပြီး …ကျွန်တော်ကစိတ်ပူနေမိတာ ….ရုံးထဲမှာလဲ ကျွန်တော်နဲ့မမဝေက… လူကြီးချင်းသဘောတူထားတယ်ဆိုပြီး သတင်းတွေကထွက်နေလို့လေ …အဲ့ဒီသတင်းကိုကြားပြီး ကျွန်တော့်ကိုအထင်လွဲနေတာလားလို့ စိတ်ပူနေမိတာ …အဲဒီသတင်းကအမှန်မဟုတ်ဘူးနော်ကျော့ ”

” ရှင် ”

မဆီမဆိုင် ကိုထူးမော်ရဲ့ ဖြေရှင်းချက်စကားကြောင့် ကိုထူးမော်ကို မေကျော့ရှင်းမျက်လုံးအပြူးသားနဲ့မော့ကြည့်လိုက်မိတယ်။ ဒီအခါမှာ သူမမျက်နှာကို ခပ်ရဲရဲစိုက်ကြည့်နေတဲ့ ကိုထူးမော်ရဲ့အကြည့်တွေနဲ့ အကြည့်ချင်းဆုံသွားရတယ်။

” ဟုတ်တယ် ကျော့…မမဝေနဲ့ ကျွန်တော်က မိဘချင်းတွေသိကြပေမဲ့… ရုံးထဲမှာသတင်းထွက်နေသလိုမျိုး မဟုတ်ပါဘူးဗျာ …ကျွန်တော်တို့တွေ ရိုးရိုးသားသားခင်မင်ကြတာပါ…ဘာမှမပတ်သက်ကြပါဘူး ”

ကိုထူးမော်ပြောနေတာတွေကို နားထောင်နေမိရင်းက မေကျော့ရှင်းတုန်လှုပ်လာရတယ်။မိန်းမသားပီပီ ကိုထူးမော် ဘာအဓိပ္ပါယ်နဲ့ ဒီလောက်အထိရှင်းပြနေတယ်ဆိုတာကိုလဲ ခပ်ရေးရေးသဘောပေါက်လာခဲ့တယ်။သဘောပေါက်လာတာနဲ့အမျှ မေကျော့ရှင်းမလုံမလဲ စိတ်နဲ့ ပတ်ဝန်းကျင်ကို စောင်းငဲ့ကြည့်လိုက်မိတယ်။

” ဟင် ”
ဒီအခါမှာ မလှမ်းမကမ်းမှာရှိနေကြတဲ့ မမဝေ၊အေမီတို့အပြင် ဇွဲညီထင်နဲ့ သူဌေးသမီးနွေးနွေးချစ်ကိုပါ တွေ့လိုက်ရတာမို့ မေကျော့ရှင်းတစ်ကိုယ်လုံးတဆတ်ဆတ်တုန်သွားရပြီး ခြေဖျားလက်ဖျားတွေပါ အေးလာသလိုခံစားလိုက်ရတယ်။

==a===k====y=====i====p==h==y===u==

အပိုင်း(၁ဝ)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁ဝ)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

” ဪ …သူတို့နှစ်ယောက်က ချစ်သူတွေထင်တယ်နော် …ဒါကြောင့်မို့… မကျော့ကအရောင်းအဖွဲ့ထဲ ပြောင်းချင်ခဲ့တာကိုး ”

မေကျော့ရှင်းတို့ကို လှမ်းကြည့်လိုက်ပြီး နွေးနွေးချစ်က ခပ်တိုးတိုးပြောလိုက်တယ်။

” လာပါကွာ … သွားကြည့်မနေပါနဲ့…သူတို့ကိုယ်ရေးကိုယ်တာကိစ္စတွေက မောင်တို့နဲ့မှမဆိုင်တာ ”

ဇွဲညီထင်က ပြောလိုက်ရင်းက ကားပေါ်ကိုအရင်တက်လိုက်တယ်။ပြီးတော့ ပလက်ဖောင်းပေါ်ကို လုံးဝအကြည့်မရောက်စေဘဲ ကားရှေ့မြင်ကွင်းကိုသာကြည့်နေလိုက်တယ်။

ဇွဲညီထင်တို့ကားလေး ထွက်သွားတဲ့အချိန်အထိ နေရာမှာရှိနေသူတွေက မမဝေနဲ့ အေမီသာဖြစ်တယ်။တင်းမာစူပုတ်နေတဲ့ မမဝေကိုကြည့်ပြီး အေမီလဲဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေခဲ့တယ်။ဒီအချိန်မှာပဲ လာနေတဲ့အငှားကားတစ်စီးကို မမဝေကလက်တားလိုက်တာမို့ အေမီမှာ့အသက်ရှူချောင်သွားရတော့တယ်။

မေကျော့ရှင်းမှာ ကိုထူးမော်ပြောနေတဲ့ စကားတွေကို နားထောင်နေရပေမဲ့ စိတ်ကမမဝေတို့ဆီကိုရောက်နေခဲ့တာ။ မမဝေမျက်နှာကြီးကတင်းမာစူပုတ်ပြီး အငှားကားပေါ်ကိုတက်သွားတာမြင်လိုက်ရတော့ မေကျော့ရှင်းရင်ထဲအလုံးကြီးဆို့သွားသလိုခံစားလိုက်ရတယ်။သူမအဖြစ်ကလည်း ဘယ်ယောကျာ်းလေးနဲ့မှ စကားဟဟမပြောရဲတဲ့အဖြစ်။ မသိရင် အားလုံးက သူမကိုပဲအချိန်ပြည့်စောင့်ကြည့်နေကြသလိုလို။သူမကပဲ အပြစ်သားကြီးလိုလိုဖြစ်နေခဲ့တာလေ။

” ကျွန်တော်တို့ ဆိုင်တစ်ဆိုင်မှာဝင်ထိုင်ရအောင်နော် ကျော့…ကျော့ကိုပြောစရာရှိလိုပါ….ဒီလိုမျိုးလမ်းလယ်ကြီးမှာမပြောချင်ဘူး..ကျော့လဲသိက္ခာကျတယ်…ကျွန်တော့်ဘက်ကလဲ တန်ဖိုးမထားရာရောက်မှာစိုးတယ် ”

ကိုထူးမော်က ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ သူ့ပြောလက်စ စကားတွေကိုဆက်ပြောနေခဲ့တယ်။ရှေဆက်ပြီးမေကျော့ရှင်း ရေငုံနှုတ်ပိတ်မနေနိုင်တော့ပါလေ။ကိုထူးမော်ကို မျက်နှာချင်းဆိုင်ကြည့်လိုက်ပြီး

” ဆိုင်ထိုင်ဖို့ အချိန်မရတော့လို့ပါကိုထူးရယ်….ပြီးတော့လေ ရုံးထဲကယောကျာ်းလေးတွေနဲ့နှစ်ယောက်တည်းဆိုင်အတူထိုင်ရမှာကလဲ သိပ်အဆင်မပြေလို့ပါ….ဘာလို့လဲဆိုတော့ ကျော့ကအိမ်ထောင်ကျခဲ့ဖူးပါတယ်ကိုထူး…တစ်ခုလပ်တစ်ယောက်အနေနဲ့ အနေအထိုင်မတတ်ဘူးလို့အပြောခံရမှာကိုကြောက်လို့ပါ….အထူးသဖြင့် မမဝေရဲ့အပြောကိုအကြောက်ဆုံးပါ….,ကိုထူးနဲ့ဆိုင်အတူလိုက်မထိုင်နိုင်တဲ့အတွက်တောင်းပန်ပါတယ်နော် ”

” ဟာ..ကျော့ရယ်..ဘယ်လိုပြောလိုက်တာလဲ ….ကျွန်တော်တို့စကားဝိုင်းထဲမှာ မမဝေကဘာလို့်ပါလာရတာလဲ….ဟို..ပြီးတော့လေ… ကျော့အိမ်ထောင်ကျခဲ့ဖူးတာကိုလဲ ကျွန်တော်သိပါတယ် မမဝေပဲပြောတာလေ ”

” ဪ …ဟုတ်လား ”

” မမဝေက ကျော့အကြောင်းကိုပြောပြကတည်းက ..ကျွန်တော်ကလဲ မမဝေကိုအပြတ်ပြောခဲ့ပြီးသားပါ..အချစ်ဆိုတာ ပျိုတာအိုတာနဲ့မဆိုင်ဘူးလို့လေ…ပြီးတော့ ဒီကိစ္စကလဲ ကျွန်တော့်အတွက်ပြဿနာမဟုတ်ပါဘူး…ကျော့ကဘယ်လိုမိန်းကလေးလဲဆိုတာကိုလဲ …ကျွန်တော်သိနေမြင်နေတာပဲလေ..ကျွန်တော်ကတော့ ကျော့ကလွဲရင် ဘယ်သူ့ကိုမှဂရုမစိုက်ဘူး ”

ကိုထူးမော်ရဲ့စကားကြောင့် မေကျော့ရှင်းရဲ့နှုတ်ခမ်းလေးတွေပြုံးမိမလိုဖြစ်သွားရတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလဲ ဒီလိုအပြောမျိုးကို သူမနားထောင်ခဲ့မိပြီး ယုံကြည်ခဲ့ဖူးတယ်လေ။အမြဲတမ်းလိုလိုပြဿနာမျိုးစုံနဲ့ကြုံဆုံနေရပြီး နေဖို့ကအစအခက်အခဲဖြစ်နေခဲ့တဲ့သူမရဲ့ဘဝကို ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးပါမယ်လို့ပြောခဲ့တဲ့သူတစ်ယောက်လဲ အချိန်တန်တော့ သူမကိုထားခဲ့တာပဲလေ။သူမရဲ့အခြေအနေတွေကိုသိသိနဲ့ပတ်သက်ခဲ့ပြီးတော့မှ အကျင့်စရိုက်မတူလို့ပါဆိုပြီး လမ်းခွဲကြဖို့ခပ်အေးအေးပြောထွက်ခဲ့တဲ့ဿူကလဲ ကိုထူးမော်လိုမျိုးပဲပြောခဲ့တာလေ။ ကိုထူးမော်ကိုကြည့်ပြီး မေကျော့ရှင်းအတိတ်ကအကြောင်းတွေကိုပြန်သတိရသွားတာမို့ နှုတ်ခမ်းလေးကိုမဲ့ပြီးပြုံးလိုက်မိတယ်။သူတို့ရဲ့အချစ်ဆိုတာကြီးကို မေကျော့ရှင်းတို့က သိပ်ကိုကြောက်နေပြီလေ။

” ကျော့တောင်းပန်ပါတယ်ကိုထူး….အဖေနေလို့မကောင်းဘူးဆိုလို့ အဖေ့ကိုသွားတွေ့ရမှာမို့ပါနော်…ပြီးတော့လေ ကျော့ကပွင့်ပွင့်လင်းလင်းပဲပြောတတ်လို့ပြောပါရစေနော်..ကျော့လေ အချစ်ရေးကို မစဉ်းစားတော့သလို.. .အလုပ်မှာလဲပြဿနာမဖြစ်ချင်ဘူး….ကိုထူးမော်ကိုကျော့ခင်ပါတယ်..တစ်သက်လုံးလဲ မိတ်ဆွေတွေလိုမောင်နှမသားချင်းတွေလိုခင်မင်သွားချင်ပါတယ်ရှင် ..ကျော့ကိုနားလည်ပေးပါ..ကျော့ကိုခွင့်ပြုပါအုံးနော် ”

မေကျော့ရှင်းပြောစရာရှိတာကို ခပ်မြန်မြန်ပြောချလိုက်ပြီးတော့ တက္ကစီကားကိုလက်တားလိုက်တယ်။တကယ်လည်းပဲ မေကျော့ရှင်းရဲ့ရင်ထဲမှာအချစ်ဆိုတဲ့ခံစားမှုကြီးက ပျောက်ဆုံးနေခဲ့တာကြာပါပြီလေ။ဇွဲညီထင်တစ်ခါတုန်းကပြောခဲ့သလိုပါပဲ မေကျော့ရှင်းဆိုတဲ့သူမမှာအချစ်ဆိုတာ တကယ်မရှိဘဲ ကိုယ်လုပ်ချင်ရာကိုလုပ်နေတတ်တဲ့ တစ်ကိုယ်ကောင်းစိတ်ပဲရှိတာဖြစ်နိုင်မယ်ထင်ပါရဲ့။ဇွဲညီထင်ကိုရော သူမတကယ်ချစ်ခဲ့ပါသလား။လက်ရှိအချိန်ထိရောမမေ့နိုင်သေဘဲချစ်နေတာလား။မချစ်ခဲ့တာလား။ဒီမေးခွန်းတွေအတွက်လည်း သူမမှာဖြေစရာအဖြေမရှိပါ။အချစ်ဆိုတာထက် သူမဘဝမှာတစ်သက်မှာတစ်ခါပဲအိမ်ထောင်ပြုပြီး ထိုအိမ်ထောင်ဖက်ကိုသာတစ်သက်လုံးစွဲစွဲမြဲမြဲပေါင်းသင်းသွားဖို့ကိုပဲ ဆုံးဖြတ်ထားခဲ့တာ။ဒါကြောင့်လဲ ဇွဲညီထင်ကို သူမရဲ့ဘဝတစ်သက်တာလက်တွဲဖော်အဖြစ်ပဲစဉ်းစားရွေးချယ်ခဲ့တယ်။ဒီလိုတွေ တွေးထားခဲ့တဲ့သူမကိုမှ အိမ်ထောင်သက်နှစ်အနည်းငယ်အတွင်းမှာပဲ အေးစက်စွာကျောခိုင်းသွားခဲ့တာလေ။သေချာတာက သူမရင်ထဲမှာအချစ်ဆိုတာကြီးက လုံးဝကိုမရှိတော့ခြင်းပါ။

~~~~~a~~~k~~~y~~~~~~i~~~~P~~~~h~~~~~~~y~~~~~u~~~~~~~~~~~~~~~

” အဲ့ဒါကြီးကတော့ မကျော့လွန်သွားပြီ…အေမီလဲသေချာပြောပြထားတာပဲဟာ..အခုတော့တမင်ရွှဲ့နေသလိုပဲ ..အလုပ်ဆင်းချိန်ကျမှအားလုံးရှေ့မှတွဲပြရတယ်လို့ဟယ်..မမဝေသနားပါတယ်..”

အခန်းထဲမှာမမဝေရောမေကျော့ရှင်းပါမရှိတာမို့ အေမီတို့သုံးယောက်သား မေကျော့ရှင်းအကြောင်းကိုပြောနေခဲ့ကြတယ်။သူတို့တွေစိတ်ပါဝင်စားစွာပြောနေကြလို့ သူတို့နောက်မှာဇွဲညီထင်ရောက်နေတာကိုတောင်မသိဘဲဖြစ်နေခဲ့ကြတယ်။

” မကျော့ကလဲမကျော့ပဲနော်….ရုံးထဲမှာလဲ သူနဲ့မသိတဲ့ယောက်ျားရယ်လို့မရှိဘူးနော် ”

” အဲ့ဒါလဲဟုတ်တယ်….မန်နေဂျာအသစ်နဲ့တောင် နည်းနည်းရောချင်နေသလားလို့ ”

” အဟမြး ..အဟမြး ”

ဆက်ပြီးငြိမ်နေရင်း မဟုတ်တာတွေကြားရမှာစိုးတာကြောင့် ဇွဲညီထင်ချောင်းဆိုးသံပေးလိုက်တယ်။ဒီတော့မှ မချောသုံးယောက်က မျက်လုံးပြူးတွေနဲ့လှည့်ကြည့်လာခဲ့ကြတယ်။

” ဟယ်…ဆရာ..ဘာ..ဘာလုပ်ပေးရမလဲ…ဘာခိုင်းစရာရှိလို့လဲရှင် ”

သူမတို့သုံးယောက်ရဲ့တုန်လှုပ်နေတဲ့အမူအရာကိုကြည့်ပြီး ဇွဲညီထင်အားလုံးကိုလက်ကာပြလိုက်တယ်။

” မမဝေတို့ ဘယ်သွားလဲ ”

” ဟုတ်ကဲ့ ဆရာ…ဂိုထောင်မှာလက်ကျန်စာရင်းတွေသွားကြည့်နေပါတယ် ”

” ဪ ..ဟုတ်လား…မင်းတို့လဲအလုပ်ကိုကြိုးစားလုပ်စေချင်တယ်….စကားပြောတာလဲပြောပေါ့ …ဒါပေမဲ့အလုပ်လုပ်ချိန်မှာအလုပ်ကိုပိုပြီး အာရုံစိုက်စေချင်တယ် ”

” ဟုတ်..ဟုတ်ကဲ့ပါဆရာ ”

ဇွဲညီထင်ပြောပြီးတာနဲ့သူ့ရုံးခန်းထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။မေကျော့ရှင်းကိစ္စက သူနဲ့ဘာမှမဆိုင်ပေမဲ့ သူ့နာမည်ပါပါလာပြီဆိုတော့လဲ ဒီတိုင်းကြည့်မနေနိုင်တော့ဘဲ ဝင်ပြောလိုက်ရတာ။အခုတလောမှာ မေကျော့ရှင်းအကြောင်းတွေကို သူမသိချင်လဲ ကြားသိနေခဲ့ရတယ်။ဒီလိုသိရပြန်တော့လဲ သူ့စိတ်ထဲမှာ ကသိကအောက်ဖြစ်ရပြန်တယ်။မပတ်သက်ချင်တော့ဘူးလို့ ဆုံးဖြတ်ထားခါမှ မျက်စိရှေ့မှာအမြင်မတော်တာတွေပဲမြင်နေကြားနေခဲ့ရတယ်။

~~~~a~~~~~k~~~~y~~~~i~~~~~p~~~h~~~~~~~y~~~~~u~~~~~~~~~~~~~~

” အဖေသက်သာရဲ့လား အန်တီ ”

အိပ်ပျော်နေတဲ့အဖေ့ကို လှမ်းကြည့်ပြီး မိထွေးဖြစ်သူကိုပဲ မေကျော့ရှင်းခပ်တိုးတိုးမေးလိုက်တယ်။

” အင်း..အရင်ရက်တွေထက်စာရင်တော့သက်သာပါတယ်…ကောင်းကောင်းတော့မသက်သာသေးဘူးပေါ့…အချိန်ပေးပြီးအနားယူရမယ်ပြောတယ် …လာလေ အပြင်မှာစကားသွားပြောကြရအောင် ”

မိထွေးဖြစ်သူကပြောရင်းနဲအခန်းပြင်ကိုထွက်သွားတာမို့ မေကျော့ရှင်းလဲနောက်က လိုက်ခဲ့လိုက်တယ်။

” အလုပ်ကပါးချိန်မှထဖြစ်တော့ တို့တွေလဲနည်းနည်းတော့ကသီသွားတာပေါ့ကွယ်….ဖြစ်နိုင်ရင် သမီးအဖေဆေးဖိုးကိုလတိုင်းကန်တော့စေချင်တယ်ကွယ်..အန်တီတို့စားဖို့သောက်ဖို့တောင်းတာမဟုတ်ပါဘူး…ဒီခေတ်ကုန်ဈေးနှုန်းတွေကလဲ သမီးသိတဲ့အတိုင်းပဲလေ…ဆေးရုံဆေးခန်းစရိတ်ကလဲ တစ်နေ့တစ်ခြားတရိပ်ရိပ်တက်နေတာလေ…အခုဆိုဆိုင်ကိုလဲမသွားနိုင်လို့ အန်တီပဲသွားနေရတာ…သမီးမောင်ကလဲကျောင်းတစ်ဖက်နဲ့ဆို‌တော့ ဘာမှခိုင်းမရဘူးလေ ”

” အဖေ့ဆိုင်ကရောအဆင်မပြေဘူးလားအန်တီ ”

” အင်း..သိပ်မပြေဘူးလို့ပြောရမှာပါကွယ်..ဝယ်သူတွေအတော်ပါးသွားတယ်လေ ”

ဂျပန်ကျအီလက်ထရောနစ်ပစ္စည်းတွေရောင်းတဲ့အဖေ့ဆိုင်လေးက အရောင်းပါးတယ်ဆိုတော့လည်း မေကျော့ရှင်းစိတ်မကောင်းဖြစ်သွားမိတယ်။တစ်သက်လုံး လျှစ်စစ်ပစ္စည်းပြင်ဆိုင်နဲ့ဂျပန်ကျလျှပ်စစ်ပစ္စည်းတွေကိုပဲရောင်းလာခဲ့တဲ့အဖေ့ခမျာအလုပ်မကောင်းဘူးဆိုတော့ စိတ်ဓါတ်ပါကျသွားတယ်ထင်တယ်။

” တစ်ခါတစ်ခါဆေးခန်းပြရတာလဲမလွယ်ဘူးလေ..ဆေးခန်းခကသိပ်မကျရင်တောင် ဆေးဖိုးကသိန်းကျော်တယ်လေ…ကလေးကသုံးယောက်နဲ့ဆိုတော့နည်းနည်းတော့ကသီတာပေါ့ ..အဆင်မပြေလို့သာ သမီးဆီကိုအကြောင်းကြားရတာ အန်တီလဲမတောင်းချင်ပါဘူးကွယ်..သမီးမှာလဲနေစရိတ်စားစရိတ်တွေရှိသေးတယ်မဟုတ်လား ..တော်တော်ကြီးအဆင်မပြေလို့သာပြောရတာပါ ”

မိထွေးဖြစ်သူက အဆင်မပြေဘူးဟုတွင်တွင်ညည်းနေသောကြောင့် လည်ပင်မှာဆွဲထားသောဆွဲကြိုးကိုကြည့်လိုက်မိတယ်။အရင်ကဆွဲကြိုးထက်အတော်လေးသေးမျှင်တဲ့ ဆွဲကြိုးလေးကိုတွေ့လိုက်ရတာမို့ မေကျော့ရှင်းသက်ပြင်းချလိုက်မိတယ်။။မေကျော့ရှင်းဒုတိယအကြိမ်မြောက်သက်ပြင်းချလိုက်မိပြန်တယ်။တစ်ချိန်စီးပွားရေးကောင်းချိန်က ဝတ်ဆင်ခဲ့တဲ့ စိန်နားကပ်ကို ရဲ မတွေ့ရတော့ဘူး။အဖေတို့တကယ်ပဲ အဆင်မပြေကြတော့တာလား။မေကျော့ရှင်း ဒုတိယအကြိမ်မြောက် သက်ပြင်းကို ချလိုက်မိပြီး

” ဟုတ်..ကျော့လဲ အသုံများနေလို့ ..ဒီလတော့ငွေလက်ကျန်မရှိတော့လို့ပါအန်တီရယ်….လကုန်ရင်တော့အဖေ့အတွက်ဆေးဖိုး ထပ်ပို့ပေးပါမယ်နော် ”

” ဪ..အေးပါကွယ်….ကျေးဇူးပါ သမီးရယ်..သမီးဆီကတစ်ဖက်တစ်လမ်းအကူအညီရတော့.. အန်တီတို့လဲအသက်ရှူချောင်တာပေါ့ ..ဒါနဲ့ထမင်းစားသွားအုံးမလားသမီး ….ဟင်းသိပ်မကောင်းပေမဲ့ ကြက်ဥကြော်ခိုင်းလိုက်မယ်လေ ”

မိထွေးဖြစ်သူရဲ့အမေးကို မေကျော့ရှင်းခေါင်းခါပြလိုက်တယ်။

” မစားတော့ဘူးအန်တီ..ကြီးကြီးတို့အိမ်ကလဲခေါ်ထားသေးလို့ ..ကြီးကြီးတို့အိမ်ကိုသွားလိုက်အုံးမယ် ”

” ဪ..အေးပါ..ဒီလိုအလုပ်ပိတ်ရက်တွေမှာ သမီးအဖေကိုလာတွေ့အုံးပေါ့ကွယ်..ဒီနေ့ကအိပ်ဆေးသောက်ထားလို့ ညနေလောက်မှနိုးမယ်ထင်တယ် ”

” ဟုတ်ကဲ့ပါအန်တီ ..ကျော့ပြန်တော့မယ်နော် ”

မိထွေးဖြစ်သူကို နှုတ်ဆက်ပြီး ပြန်လာခဲ့ရပေမဲ့ မေကျော့ရှင်းရင်ထဲမှာမကောင်းလှ။အဖေတို့တကယ်ပဲစီးပွားရေးမကောင်းတာလားဆိုတာကိုသေချာမသိပေမဲ့ စိတ်ထဲမှာတော့ ပူပန်နေမိပြန်တယ်။ဆယ်တန်းအောင်ပြီးချိန်ကစလို့ အဖေ့ဆီကထောက်ပံ့တာကို တစ်ပြားတစ်ချပ်မှမယူခဲ့တာမို့ သူမကိုယ်တိုင်ကလဲ အဖေ့ကိုပစ်ထားခဲ့မိတယ်။ဘာပဲဖြစ်ဖြစ် အသက်အရွယ်ရလာပြီဖြစ်တဲ့မိဘကို ထောက်ပံ့ရမှာကသားသမီးတွေရဲ့တာဝန်ဝတ္တရားပဲမဟုတ်လား။မေကျော့ရှင်းအနေနဲ့တာဝန်တွေကို မေ့လျော့နေခဲ့မိတာလေ။တခြားသူတွေရဲ့ပြဿနာပေါင်းစုံကိုကူညီပေးရင်းနဲ့ မိဘကိုမေ့လျော့ထားသလိုဖြစ်နေခဲ့မိတာ။အထူးသဖြင့် ကြီးကြီးတို့မိသားစုပဲပေါ့။ကြီးကြီးကတောင်းလိုက်။အစ်မဝမ်းကွဲကချေးလိုက်ငှားလိုက်နဲ့မေကျော့ရှင်းမှာ ငွေရယ်လို့များများစားစားမကိုင်ဖူးခဲ့တာတောင်ကြာခဲ့ပါပြီလေ။ဒီကြားထဲမိတ်ဆွေသူငယ်ချင်းတွေကလဲ ငွေလိုရင်သူမကိုပဲသတိရကြတာ။သူတို့တကယ်အခက်အခဲဖြစ်နေမှန်းသိတော့လဲ မေကျော့မှာမသိချင်ယောင်ဆောင်နေလိုမှမရတာ။ဒီတော့လဲ သူမရှာသမျှငွေကသူမနဲ့ကြာကြာရှိမနေနိုင်တာလည်း မဆန်းဘူးလေ။

~~~~~a~~~~k~~~~y~~~~i~~~~~p~~~~h~~~~~~y~~~~~u~~~~~~~~~~

” ရှင် ..ကြီးကြီးဘာပြောလိုက်တာလဲ ”

မေကျော့ရှင်းမျက်လုံးအပြူးသားနဲ့မော့ကြည့်လိုက်ပြီး ကြီးတော်ဖြစ်သူကိုမေးလိုက်တယ်။

” ဪ…ကြီးကြီးပြောတာ သေချာမကြားလိုက်ဘူးလားကွယ်….အရင်လကသမီးနဲ့မိတ်ဆက်ပေးခဲ့တဲ့ မောင်မြင့်လွင်ကိုလေ သမီးမှတ်မိတယ် မဟုတ်လား …. သူကလေ သမီးကိုမေတ္တာရှိနေလို့တဲ့..ကြီးကြီးကိုပြောခိုင်းနေတာ..မောင်မြင့်လွင်ကလေ..အသက်ကလဲလေးဆယ်ကျော်ရုံပဲရှိသေးတာ…သူ့ဇနီးဆုံးသွားတာလဲသုံးလေးနှစ်ရှိပေါ့..ကလေးတစ်ယောက်ကျန်ခဲ့ပေမဲ့ ကလေးကိုသူ့ဘိုးဘွားတွေကပဲတာဝန်ယူထားတာလေ…လုပ်ငန်းကလဲကောင်းတယ်….သူ့မှာအိမ်ပိုင်ခြံပိုင်ရှိတဲ့အပြင်တိုက်ခန်းတွေဆိုတာမနည်းဘူး..ညည်းမောင်တွေတောင် မောင်မြင့်လွင်ရဲ့တိုက်ခန်းမှာငှားနေတာလေ…အသောက်အစားကလဲမိတ်ဆွေတွေများတော့ နည်းနည်းပါးပါးလောက်ပဲရှိတာပါ..ဒါပေမဲ့တရားလွန်ကြီးမဟုတ်ဘူးနော်…လောင်းကစားအပျော်အပါးလဲမလုပ်ဘူး…မိန်းမဆိုတာဝေးလာဝေး..ညည်ခဲအိုကမောင်မြင့်လွင်ဆီမှာအလုပ်လုပ်နေတာလေ အသက်ကွာတယ်ဆိုပေမဲ့လဲ …ဆယ်နှစ်ကျော်လေးကွာတာပါကွယ်…ဒီလိုလူမျိုးက တွေ့ဖို့ရှားတယ်.. …ဘယ်လိုလဲ သမီးစိတ်ဝင်စားလား….စိတ်မဝင်စားလဲ မိတ်ဆွေတွေအဖြစ်အရင်တွေ့ကြည့်ကြည့်ပေါ့..မောင်မြင့်လွင်ကလူရိုးလူဖြောင့်ပါကွယ်..ဟော့ဟော့ရမ်းရမ်းသမားမဟုတ်ပါဘူး..မြို့နယ်အနှံ့မှာလဲသူ့ရဲစတိုးဆိုင်တွေရှိတယ်တဲ့လေ..သမီးခဲအိုပြောတာပါပဲ ”

သူမတစ်ခါမှမစဉ်းစားခဲ့ဖူးတဲ့စကားကို ကြီးကြီးကပြောလာတာမို့ မေကျော့ရှင်းအံ့ဩတကြီးနဲ့သာနားထောင်နေမိတော့တယ်။

” ဘယ်လိုလဲသမီး …သမီးဒီလိုမျိုးအဆောင်မှာနေနေရတဲ့ဘဝကိုလဲ ကြီးကြီးစိတ်မကောင်းဘူးကွယ်…..ဖြစ်နိုင်ရင်ဟိုတစ်ယောက်ကိုမေ့ပစ်လိုက်ပြီး ..ဘဝသစ်ကိုပြန်စစေချင်တယ် ”

” ရှင်…ကြီးကြီးရယ်..ကျော့စဉ်းစားပါရစေအုံး..ကျော့ကဟိုတစ်ယောက်ကိုမမေ့နိုင်လို့မဟုတ်ပါဘူး..အိမ်ထောင်ရေးကိုမစဉ်းစားချင်တော့လို့ပါ..ကျော့တစ်ယောက်တည်းပဲနေသွားချင်တယ်”

” ဘယ်လိုကွဲ့ တစ်ယောက်တည်းပဲ နေသွားမယ်ဟုတ်လား သမီး …လူဆိုတာတစ်သက်လုံးတစ်ယောက်တည်းနေသွားလို့ဘယ်ဖြစ်မှာလဲကွယ် ..သမီးကငယ်သေးလို့မသိတာ….လူဆိုတာမိသားစုအဖော်အသင်းနဲ့နေမှ မကျန်းမာချိန်မှာလဲကိုယ့်နားမှာဖေးမမဲ့သူရှိမှာပေါ့…အခုချိန်ကတော့ သမီးကငယ်သေးတော့ အဆောင်နေတာသင့်တော်တာပေါ့..အသက်လေးဆယ်ကျော်လာပါပြီးတဲ့…အဆောင်နေလို့သင့်ပါ့တော့မလား ..ပြီးတော့ကိုယ့်မှာငွေမရှိရင်သာတောင်ဆိုးသေးတယ်…မကျန်းမာလို့မှဆေးခန်းလိုက်ပေးမဲ့အဖော်တောင်မရှိတဲ့ဘဝမျိုးဖြစ်လိမ့်မယ်….ဒီကြားထဲနေဖို့အတွက်ကပါ ရှာရအုံးမယ် ..နောက်ဆယ်နှစ်ငွေစုလို့ သမီးအနေနဲ့ အိမ်ဝယ်နိုင်လား….ထီပေါက်ရင်တော့ဝယ်နိုင်ချင်ဝယ်နိုင်မှာပေါ့…အခုသမီးလခတစ်လဘယ်လောက်ရလဲ …..ကဲပါလေရတဲ့လခကိုမတွက်ပါနဲ့..တစ်လဘယ်လောက်စုမိလဲ နှစ်သိန်းလား..တစ်သိန်းလေး….နှစ်သိန်းစုမိတယ်ပဲထားလိုက်…တစ်နှစ်ဘယ်လောက်ရမလဲ ..ဆယ်နှစ်ဆိုဘယ်လောက်ရမလဲတွက်ကြည့်…..အခုခေတ်အိမ်ဈေးတွေက တိုက်ခန်းစုတ်စုတ်ကျဉ်းကျဉ်းလေးတွေတောင် … သိန်းလေးငါးရာအထက်မှာရှိတာ..မြို့သစ်ကခြံဈေးတွေလဲ သွားမကြည့်နဲ့….မီးမရသေးတဲ့နေရာမှာတောင်ပေနှစ်ဆယ်ကို လေးငါးရှစ်ရာခေါ်နေတာ….သာမန်လူတန်းစားတွေ အိမ်ပိုင်နဲ့နေရဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့စိတ်ကူးတွေဖြစ်နေပြီ …အတွေးမမှားနဲ့နော်သမီး…..သေချာစဉ်းစားပါကွယ်…မောင်မြင့်လွင့်က ယုံကြည်အားကိုးရတဲ့သူမို့…ကြီးကြီးကလဲတိုက်တွန်းတာပါကွယ်…ဘာပဲဖြစ်ဖြစ် အခုခေတ်မှာ သူဌေးနဲ့ညားဖို့ မဆိုထားနဲ့ အိမ်ပိုင်ခြံပိုင်ရှိသူနဲ့.ဆုံရဖို့တောင် လွယ်တာမဟုတ်ဘူးကွဲ့ …မောင်မြင့်လွင်ကပြောတယ်…သမီးသာ သူ့ကိုလက်ခံမယ်ဆိုရင် သမီးသုံးချင်ရာသုံးဖို့ငွေသားသိန်းတစ်ထောင်နဲ့ လဲ တင်တောင်းမယ်တဲ့..ပြီးတော့သမီးနာမည်နဲ့ပါတိုက်ခန်းပေးအုံးမှာတဲ့လေ ..သေချာစဉ်းစားပါသမီးရယ် ”

” ရှင်…ဟုတ်..ဟုတ်ကဲ့ပါကြီးကြီးရယ်… ကျော့စဉ်းစားကြည့်ပါမယ်နော် ”

ဒီတစ်ခါလည်း ကြီးကြီးတို့ဆီက ပိုက်ဆံပြန်မရဘဲမေကျော့ရှင်းပြန်ခဲ့ရတယ်။ကြီးကြီးဆီကအပြန်မှာ မေကျော့ရှင်းရဲ့ခေါင်းထဲမှာ အတွေးများစွာဝင်ရောက်လာခဲ့တယ်။သူမလိုစာရင်းကိုင်တစ်ယောက်ထက်တောင် အတွက်အချက်ကျွမ်းကျင်လွန်းတဲ့ ကြီးကြီးကြောင့် မေကျော့ရှင်းရဲ့အိမ်ပိုင်ရနိုင်ရေးခပ်ရေးရေးအိပ်မက်လေးလဲ မှေးမှိန်သွားခဲ့တော့တယ်။ဟုတ်တယ်လေ တစ်လတစ်လမေကျော့ရှင်းမှာ စုငွေရယ်လို့ပြစရာမရှိဘူးလေ။ပြီးတော့ နေဖို့အတွက်နဲ့အမြဲ ဒုက္ခရောက်ပူပန်နေတဲ့ သူမဘဝမှာ ကိုယ်ပိုင်တိုက်ခန်း ဆိုတာကြီးကစိတ်ကူးယဉ်ချင်စရာဖြစ်နေခဲ့တယ်။ပြီးတော့လဲ သိန်းတစ်ထောင်ဆိုတဲ့ငွေက ဒီခေတ်မှာ သိပ်ပြီးတန်ဖိုးမရှိလှပေမဲ့ သူမတို့အတွက်တော့ တစ်သက်လုံးစုနေလို့မှ မစုမိနိုင်တဲ့ ပမာဏပဲ မဟုတ်ပါလား။ အဲ့ဒီငွေနဲ့ အဖေ့မိသားစုကိုလဲ ထောက်ပံ့ပေးနိုင်သလို သူမလည်းပဲလက်ရှိဘဝထဲကနေလွတ်မြောက်နိုင်တာကို မေကျော့ရှင်း အထပ်ထပ်အခါခါတွေးနေမိတယ်။

==a===k====y=====i====p==h==y===u==

အပိုင်း(၁၁)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၁)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

စကားပြောသံတွေတိတ်ဆိတ်နေတဲ့ အခန်းထဲမှာနေရတာ မေကျော့ရှင်းရဲ့စိတ်တွေမွန်းကျပ်လာသလိုတောင် ခံစားနေရတယ်။အမြဲတမ်း တွတ်ထိုးနေတတ်ကြတဲ့ အေမီတို့အုပ်စုရဲ့စကားသံတွေလည်းတိတ်ဆိတ်လို့နေခဲ့တယ်။ အရင်နေ့တွေကအလစ်ချောင်းပြီး စကားလာပြောတတ်တဲ့အေမီတစ်ယောက်လည်း အထူးပင်တိတ်ဆိတ်နေခဲ့တယ်။မမဝေကတော့ အေးစက်စက်အမူအရာနဲ့အလုပ်လုပ်နေခဲ့ပြီး လိုအပ်တဲ့အခါမှာတော့ သူစိမ်းဆန်ဆန်လေသံနဲ့လှမ်းခေါ်ပြောတတ်တယ်။ပြောရရင်မေကျော့ရှင်းနေရတဲ့ဘဝက အပြစ်တွေကျူးလွန်မိထားတဲ့အပြစ်သားကြီးတစ်ယောက်လိုဖြစ်နေခဲ့တာ။အမြဲတမ်းအားလုံးနဲ့အဆင်ပြေပြေဖော်ဖော်ရွေရွေနေတတ်ပြီး ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တဲ့ မေကျော့ရှင်းအတွက် အေးစက်နေတဲ့အလုပ်ခန်းကြီးထဲမှာအတော်လေးကို စိတ်ကုန်စိတ်ပျက်နေမိတယ်။ရှင်းပြလို့ရတဲ့အခြေအနေမဟုတ်တော့လည်း ပိုဆိုးတယ်။ဒီကြားထဲ ခေါင်းမော့လိုက်တိုင်းမှာလည်း ဇွဲညီထင်နဲ့အကြည့်ချင်းဆုံရတတ်တာကြောင့် ခေါင်းပင်မမော့ရဲအောင်ဖြစ်နေခဲ့ရတယ်။တော်ကြာနေ အလကားနေရင်း အပြောခံနေရအုံးမယ်မဟုတ်လား။ဒီတော့လဲ လုပ်စရာရှိတာကို ခေါင်းငုံ့ပြီးပဲလုပ်နေလိုက်တော့တယ်။

~~~~~a~~~k~~~y~~~~~i~~~~~p~~~h~~~y~~~~u~~~~~~~~~~~~~

” ကျွီ ”

” မေကျော့ရှင်း ”

ကားရပ်သံနဲ့အတူ သူမနာမည်ကိုပါခေါ်သံကြားလိုက်ရတာမို့ မေကျော့ရှင်းဆတ်ခနဲလှည့်ကြည့်လိုက်မိတယ်။

” ဟင် …ဇွဲညီထင် ”

ကားပေါ်မှာဇွဲညီထင်ကိုတွေ့လိုက်ရတာမို့ မေကျော့ရှင်အံ့ဩတုန်လှုပ်သွားရတယ်။

” ကားပေါ်ခဏလောက်တက်ပါလား…ပြောစရာရှိလို့ ”

“ဘယ်လို …ကားပေါ်တက်ရမယ်ဟုတ်လား ..ဘာကိစ္စလဲ…သူများတွေတွေ့သွားရင်အပြောခံရအောင်လုပ်မလို့လား …မန်နေဂျာကြီးနဲ့ကျွန်မကြားမှာပြောစရာစကားလဲမရှိဘူးထင်တယ် ”

မေကျော့ရှင်းအသံခပ်ဆတ်ဆတ်နဲ့ပြန်ပြောပစ်လိုက်တယ်။

” အင်းလေ..သူများတွေတွေ့သွားရင် တစ်မျိုးထင်မှာစိုးလို့ ကားပေါ်တက်ဖို့ပြောနေတာလေ….မင်းဆီမှာ ပြောစရာစကားမရှိပေမဲ့ ငါ့ဆီမှာရှိတယ်…ကားပေါ်မြန်မြန်တက်ပါ …ဒီနေရာကမင်းအဆောင်နဲ့လဲနီးတယ်မဟုတ်လား..ကားပေါ်တက်စမ်းပါ..တော်ကြာခြေရှည်တတ်တဲ့ဟိုကောင်မလေးတွေနဲ့တိုးနေမှ ပိုဆိုးကုန်မယ် ”

ဇွဲညီထင်ပြောလိုက်တဲ့ ဟိုကောင်မလေးတွေဆိုတဲ့စကားကြောင့် မေကျော့ရှင်းလဲလန့်သွားရတယ်။ဟိုကောင်မလေးတွေဆိုတာ အေမီတို့အုပ်စုကိုပြောတာလေ။မေကျော့ရှင်းက ရုံးနဲ့သုံးမှတ်တိုင်ကျော်လောက်မှာပဲနေတာဆိုတော့လမ်းလျှောက်ပြန်နေကြ။ဒါကြောင့်လဲ တစ်ခါတစ်လေဆို မေကျော့ရှင်းနေတဲ့အဆောင်ဘက်ကို အေမီတို့အုပ်စုကလဲ နယ်ကျော်ပြီးကော်ဖီလာသောက်တာတွေဘာတွေလုပ်တတ်ကြတယ်။ဒီဘက်မှာက စားသောက်ဆိုင်တွေလဲပေါသလို အဆောင်တွေလဲပေါတယ်လေ။

” ဘာစဉ်းစားနေတာလဲ အမြန်တက်ပါဆို ”

ဇွဲညီထင်ဆီက စိတ်မရှည်သလိုအသံထပ်ပြီးထွက်လာတော့မှ မေကျော့ရှင်းလဲလန့်ပြီး ကားပေါ်ကိုအမြန်တက်လိုက်မိတယ်။ဇွဲညီထင်ရဲ့ကားဆိုရင် အဝေးကနေမြင်ရုံနဲ့မှတ်မိတတ်တဲ့ အေမီတို့အုပ်စုရဲ့အစွမ်းကလဲနည်းနည်းတော့လန့်စရာကောင်းတယ်လေ။

~~~a~~~~k~~~y~~~j~~~~p~~~h~~~y~~~~~~~u~~~~~~~~~~~~

” ပြောစရာရှိတာကိုပြောပါ မန်နေဂျာကြီး….ကျွန်မမှာအချိန်သိပ်မအားလို့ပါ ”

ဇွဲညီထင်ကိုကြည့်လိုက်ပြီး မေကျော့ရှင်းကောင်းကောင်းမွန်မွန်ပဲပြောလိုက်တယ်။ဇွဲညီထင်နဲ့ဆုံရတိုင်းမှာ မေကျော့ရှင်းအနေနဲ့ ကိုယ့်အထက်လူကြီးတစ်ယောက်လိုပဲသဘောထားပြီး ကောင်းကောင်းမွန်မွန်ပဲဆက်ဆံပြောဆိုဖို့ဆုံးဖြတ်ထားခဲ့တာကြာပြီ။ပြီးခဲ့တဲ့အတိတ်က ဇွဲညီထင်ဆိုတဲ့လူသားက တခြားအဝေးကြီးမှာရောက်နေခဲ့တဲ့လူတစ်ယောက်အဖြစ် စိတ်ထဲကမှတ်ယူထားလိုက်တယ်။ဒါမှသာလဲ သူမအနေနဲ့နေရတာနည်းနည်းအသက်ရှူချောင်သလိုခံစားရတယ်။မဟုတ်ရင် ရှက်စိတ်သိမ်ငယ်စိတ်တွေကြောင့်မွန်းကျပ်လွန်းလို့ စိတ်နောက်သွားတော့မလိုလိုတောင်ခံစားနေရတာလေ။

” ဒီလိုပါ..ပြောတာကိုလဲစိတ်မဆိုးဘဲသေချာနားထောင်ပါ..ဘာပဲပြောပြောမင်းကိုသူများတွေပြောဆိုနေတာကို ငါသဘောမကျဘူး …ဒါကြောင့်သတိပေးချင်လို့ပါ…မင်းနဲ့ကိုထူးမော်နဲ့ကဘယ်လိုပတ်သက်တာလဲ..တရားဝင်တွဲနေကြတာလား…ကိုထူးမော်နဲ့မမဝေကိစ္စကိုရောသတင်းကြားမိလား ”

အမြဲတမ်းကြားနေကြ ဓါတ်ပြားဟောင်းကြီးကိုပဲ ကြားလိုက်ရပြန်တာမို့ မေကျော့ရှင်းစိတ်ထဲ ထောင်းခနဲဒေါသထွက်သွားရတယ်။

” လာပြန်ပြီလား ဒီအကြောင်း….ကိုထူးမော်နဲ့မမဝေရဲ့သတင်းကိုလဲကြားပါတယ်…ဒါပေမဲ့ အဲဒီသတင်းကမဟုတ်မမှန်ဘူးလို့ ကိုထူးမော်ကိုယ်တိုင်ရှင်းပြပြီးသားပါ…ပြီးတော့ နေကြပါအုံး ….ကိုထူးမော်နဲ့ကျွန်မက တစ်ရုံးထဲမှာအလုပ်လုပ်နေကြတဲ့သူတွေအချင်းချင်းစကားတောင်ပြောလို့မရဘူးလား …ကြာတော့ အလုပ်လုပ်ရတာအရမ်းစိတ်ရှုပ်လာပြီ …ဘာတွေမှန်းကိုမသိဘူး…ဒီမှာဇွဲညီထင်..နင်…ငါ့အကြောင်းကိုမသိဘူးလား….ငါကလူတွေကိုယောက်ျားမိန်းမရယ်လို့ ခွဲခြားပြီးဆက်ဆံတတ်တဲ့အကျင့်မရှိဘူးဆိုတာ နင်အသိဆုံးဖြစ်မှာပေါ့…ငါ့စိတ်ရင်းကဘယ်လိုလဲဆိုတာနင်သိပါတယ် ”

မေကျော့ရှင်း စိတ်ကို ထိန်းထားပေမယ့် ဒေါသထွက်လွန်းတာကြောင့် နင်တွေငါတွေနဲ့ပြောပစ်လိုက်တယ်။

” သိပါတယ် ..သိလွန်းလို့လဲ ..တခြားသူတွေ ပြောနေကြတာကို ပြောပြမလို့လေ … ကိုထူးမော်ကိစ္စနဲ့ပတ်သက်ပြီး ရုံးထဲက ..လူအချို့ရောမမဝေတို့ က ရော မကြည်ကြဘူးဆိုတာ သိတယ်မဟုတ်လား ..အဲ့ဒါကြောင့် … ကိုထူးမော်နဲ့မပတ်သက်ဘူးဆိုရင်လဲ မပတ်သက်တဲ့အကြောင်းကို ဖွင့်ပြောလိုက်လေ…နှစ်ယောက်သားပတ်သက်နေကြတယ်ဆိုရင်လဲ ..ကိုထူးမော်ကိုတိတိကျကျနဲ့ ရှင်းခိုင်းလိုက်လေ…အခုလိုမတင်မကျ မရှင်းမလင်းနဲ့ဆိုတော့… သူများတွေအဖြစ်ပြောတာကိုပိုပြီးခံရလိမ့်မယ် ဆိုတာသိရဲ့လား …ဒီရုံးကို ပြောင်းလာပြီးကတည်းက ခင်ဗျားအကြောင်းတွေကြားရတာတစ်ခုမှကောင်းတာမရှိသေးဘူး ”

” ဘာ …နင်ဘာပြောလိုက်တယ် ”

ဇွဲညီထင်ရဲ့ခပ်ရွှဲ့ ရွဲ့စကားသံကြောင့်မေကျော့ရှင်းပိုပြီးဒေါသထွက်သွားရကာ အသံကျယ်ကျယ်နဲ့အော်လိုက်မိတယ် ။

” မရှက်ဘူးလား တိုးတိုးပြောစမ်းပါ..ထစ်ခနဲရှိ အဲ့ဒီဒေါသထွက်တတ်တဲ့စိတ်ကိုမကြိုက်တာ ”

” မကြိုက်ရင်စကားလားမပြောနဲ့လေ…..ဘယ်သူကလာပြောခိုင်းနေလို့လဲ….ပြီးတော့အခုကိစ္စတွေက နင်နဲ့ရောဘာဆိုင်လို့လဲ…နင့်မှာပြောစရာဘာအကြောင်းမှမရှိဘူးဆိုတာသိရဲ့လား ”

” အေး ….ကျုပ်ကလဲပြောချင်လွန်းလို့ပြောနေတာမဟုတ်ဘူး…ခင်ဗျားပုံစံကလူတကာအပြောခံကြီးဖြစ်နေလို့ မနေနိုင်လို့ဝင်ပြောနေရတာ ”

” မနေနိုင်ရင်
လဲtသလိုက်ပါလား …..ငါ့ကိစ္စက နင်နဲ့ဘာမှမဆိုင်ဘူး…ပြီးတော့ထပ်ပြောလိုက်အုံးမယ် …နင်တို့ရုံးကဘယ်သူနဲ့မှလဲငါမပတ်သက်ဘူး..အလုပ်ထွက်တော့မယ့်အကြောင်းကို ဒီလကုန်ရင် စာတင်တော့မှာ…ငါလဲ ကြီးကြီးတို့သဘောတူတဲ့တစ်ယောက်နဲ့မကြာခင်လက်ထပ်တော့မှာ …ဒီသတင်းကိုလဲ ရုံးထဲမှာမကြာခင် ကြေညာမှာပါ ”

မေကျော့ရှင်းရှက်ကလည်းရှက် စိတ်ကလည်းတိုတိုနဲ့ပါးစပ်ထဲရှိတာတွေလျှောက်ပြောခဲ့ပြီးတော့ ကားပေါ်ကအမြန်ဆင်းခဲ့လိုက်တယ်။

ကားပေါ်မှာကျန်နေခဲ့တဲ့ဇွဲညီထင်မှာ မေကျော့ရှင်းရဲ့နောက်ကျောကို လှမ်းကြည့်နေပြီးခပ်တွေတွေကြီးကျန်နေခဲ့တယ်။မေကျော့ရှင်းရဲ့ပါးစပ်ကနေ အချစ်ဆိုတဲ့အကြောင်းကိုထုတ်ပြောလာခဲ့ရင် ဇွဲညီထင်အနေနဲ့ယုံကြည်မိမှာမဟုတ်ပေမဲ့ လက်ထပ်တော့မယ်ဆိုတဲ့သတင်းကိုတော့ စိတ်ထဲကယုံကြည်သွားခဲ့မိတယ်။ဘာကြောင့်လဲဆိုတော့ သူနားလည်သဘောပေါက်ထားခဲ့တဲ့ မေကျော့ရှင်းဆိုတဲ့မိန်းမက အချစ်ဆိုတဲ့အရာမပါဘဲနဲ့လည်း ယောက်ျားတစ်ယောက်ကို ဘော်ဒါအပေါင်းအသင်းတစ်ယောက်သာသာပုံစံမျိုးနဲ့လက်တွဲသွားနိုင်တာကို သိနေခဲ့ပြီးသားလေ။ဒီလိုစိတ်ဓာတ်မျိုးနဲ့ အိမ်ထောင်ပြုမယ်ဆိုရင်လည်း အဲ့ဒီအိမ်ထောင်ရေးက မမြဲနိုင်ဘူးဆိုတာ ယောက်ျားတစ်ယောက်ဖြစ်တဲ့သူက အသိဆုံးပဲ။ပြောရမယ်ဆိုရင် ယောက်ျားတွေဆိုတာက မိန်းမတွေထက်ပိုပြီးနားလည်ရခက်တဲ့လူစားမျိုးတွေ။သူတို့တွေက ကိုယ်တိုင်ကယောက်ျားရင့်မာကြီးတွေဖြစ်ပေမယ့် မိန်းကလေးဆန်ဆန်နဲ့ချစ်စရာကောင်းတဲ့မိန်းကလေးတွေကိုပဲ ပိုပြီးသဘောကျတတ်ကြတယ်။တစ်နေ့တစ်နေ့စိတ်ကောက်ရမှန်းမသိသလို မိန်းမတန်မဲ့ ဘယ်အကြောင်းအရာကိုမဆို ရှေ့ကနေလိုက်ပြီးဖြေရှင်းနေတာမျိုးကိုလည်း ဘယ်ယောက်ကျားကောင်းကမှသဘောမကျကြဘူး။ကိုယ့်ရဲ့မိန်းကလေးက ကိုယ့်ကိုအားကိုးနေရမယ်။ကိုယ့်ကိုရှေ့တန်းတင်နေရမယ်။တစ်ခုခုပြဿနာကိစ္စကြုံလာရင် အိမ်ထောင်ဦးစီးဖြစ်တဲ့ကိုယ့်ကိုအားကိုးတကြီးနဲ့တိုင်ပင်ရမယ်။အမြဲတစေမဟုတ်ပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ ကိုယ့်ရဲ့ခင်ပွန်းကိုချစ်ခင်ကြောင်းတွေကို စကားနဲ့ဖြစ်စေအမူအရာနဲ့ဖြစ်စေပြသရမယ်။ဒီလိုမှလည်း သူမကိုချစ်နေရတဲ့ ယောက်ျားတစ်ယောက်အနေနဲ့ရင်ခုန်စိတ်လှုပ်ရှားမိမှာလေ။ကြည်နူးကျေနပ်မိမှာလေ။ဒီလိုမဟုတ်ဘဲ တစ်နေ့တစ်နေ့ဆွေမျိုးပေါင်းစုံသူငယ်ချင်းပေါင်းစုံရဲ့ပြဿနာတွေကိုပဲလိုက်ဖြေရှင်း။ဘယ်လိုပြဿနာတွေရှိရှိယောက်ျားကိုဖွင့်မပြောခဲ့ဘဲ ကိုယ်တိုင်ဖြေရှင်းတယ်။ယောက်ျားကမကြိုက်တဲ့ ပုံစံပြလည်း ဘာမှမဖြစ်သလိုအေးအေးဆေးဆေးနေတယ်။ယောက်ျားကအိမ်ပြန်နောက်ကျတာမျိုး၊တခြားသူတွေနဲ့ အပြင်ထွက်အချိန်ကုန်ပြနေလဲ စိတ်ဆိုးစိတ်ကောက်ရမှန်းမသိတဲ့မိန်းမမျိုးကို ချစ်နေရတဲ့ဘဝက ဘယ်လောက်ထိမောပန်းရလဲဆိုတာ ဇွဲညီထင်အဆုံးပဲလေ။ဒါကြောင့်လဲ ဇွဲညီထင်အချစ်ကို စိတ်နာခဲ့တယ်။ချစ်ရတဲ့သူကိုလည်း မုန်းတီးခဲ့တယ်။ထပ်ပြီး ပတ်သက်ရမှာကိုလည်း tသမတတ် ကြောက်ရွံ့ခဲ့မိတယ်။ဒါတွေကြောင့်လဲ မေကျော့ရှင်းဆိုတဲ့မိန်းမနဲ့ထပ်ပြီးမဆုံတွေ့ရအောင်ဝေးဝေးရှောင်ခဲ့တယ်။သူတို့နှစ်ယောက်ပြန်ဆုံတွေ့ရဖို့ ကံကြမ္မာကဖန်တီးလာတော့လည်း ရှောင်ပြေးလို့မလွတ်ခဲ့ပြန်ဘူး။ဒီလိုဆုံနေရတဲ့အခိုက်မှာ သူမအကြောင်းတွေကိုမကောင်းတာတွေပြောကြတော့ သူမကိုပိုပြီး စိတ်တိုလာမိတော့တယ်။ဟိုအရင်ကတည်းက အပြောရခက်ပြီး အကြောတင်းလှတဲ့ မေကျော့ရှင်းကတော့ ဇွဲညီထင်ဘာပြောပြော ဂရုစိုက်တဲ့ပုံစံမျိုးတစ်ခါမှကိုမရှိခဲ့တာသိသိနဲ့ သွားသွားပြီးလျှာရှည်နေခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုပဲ ဇွဲညီထင် ပိုပြီး စိတ်တိုဒေါသထွက်မိတော့တယ်။

~~~~~a~~~k~~~~y~~~~~i~~~~~p~~~h~~~y~~~~u~~~~

“ဘယ်လို ..ဘာများဖြစ်လို့လဲ မမေကျော့ရှင်းရယ်…အလုပ်မှာဘာအဆင်မပြေတာဖြစ်လို့လဲဟင်… ဟိုအရင်လကလည်းကျွန်မတို့ဘက်ကလစာတိုးပေးထားတယ်လေ…”

နွေးနွေးချစ်က စိတ်ပျက်အားလျော့တဲ့အသံနဲ့ မေကျော့ရှင်းကိုမေးလိုက်တယ်။

” ဟုတ်ကဲ့ ….ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ပါရှင် … အလုပ်လုပ်ရတာ.ဘာပြဿနာမှမရှိပါဘူး….ကျွန်မကလဲအလုပ်ကနေချက်ချင်းထွက်မယ်လို့ပြောတာမဟုတ်ပါဘူးရှင်…ကျွန်မနေရာကိုအစားထိုးရောက်လာမဲ့သူကို အားလုံးသင်ပြပေးပြီးမှထွက်မှာပါရှင် ”

” ဟုတ်ကဲ့ …ဒီလိုဆိုရင်တော့ ကျေးဇူးတင်ပါတယ်မမေကျော့ရှင်းရယ်…မမေကျော့ရှင်းရဲ့နေရာကိုအစားထိုးဖို့ဆိုရင်တော့…. အနည်းဆုံးနောက်ထပ်တစ်လလောက်တော့အချိန်ယူရမယ်ထင်တယ်…တစ်လနဲ့မှအဆင်မပြေရင်တော့နှစ်လလောက်ဖြစ်သွားနိုင်ပါတယ်….ဒီလိုဆိုရင်ရော မမေကျော့ရှင်းအနေနဲ့အဆင်ပြေနိုင်မလားရှင်…အဆင်ပြေမယ်ဆိုရင်တော့…ကျွန်မတို့ဘက်ကအရမ်းကိုကျေးဇူးတင်မိမှာပါ….ကျွန်မအနေနဲ့တောင်းဆိုတာပါရှင် ”

တလေးတစားနှင့်တောင်းဆိုနေတဲ့ နွေးနွေးချစ်ကိုကြည့်ပြီး မေကျော့ရှင်းခပ်မြန်မြန်ပဲခေါင်းညိတ်ပြလိုက်မိတယ်။နှစ်လဆိုတဲ့အချိန်အတွင်းမှာ သူမအတွက်လည်း အလုပ်ကောင်းကောင်းတစ်ခုပြန်ရှာဖို့အချိန်ရနိုင်တယ်မဟုတ်ပါလား။ဒီနှစ်လအတွင်းမှာတော့ ဇွဲညီအထင်အပါအဝင် အားလုံးကိုခပ်တင်းတင်းခပ်မှန်မှန်ပဲဆက်ဆံဖို့ မေကျော့ရှင်းတစ်ထိုင်တည်းနဲ့ဆုံးဖြတ်ချက်ချလိုက်တယ်။ဒီနေ့ကစပြီး
မေကျော့ရှင်းဆိုတဲ့သူမက သဘောကောင်းဖော်ရွေသူ မဟုတ်ဘဲ မာနကြီးသူ၊တင်းမာခက်ထန်သူတစ်ယောက်အဖြစ်နဲ့သာ နေထိုင်သွားဖို့ဆုံးဖြတ်ပစ်လိုက်တယ်။မွေးရာပါအကျင့်ဗီဇဆိုတာတွေကိုလဲ ဖျောက်ဖျက်ပစ်လိုက်ဖို့ကြိုတွေးထားလိုက်တယ်။

~~~a~~~k-~~y~~~i~~~~p~~~~~h~~y~~~u~~~

” မကျော့အလုပ်ထွက်တော့မလို့ဟုတ်လား ”

” အင်း ..ဟုတ်တယ် ”

အေမီရဲ့အလန့်တကြားမေးသံကို မေကျော့ရှင်းလေသံခပ်အေးအေးနဲ့ပဲပြန်ဖြေလိုက်တယ်။

” ဘာဖြစ်လို့လဲဟင် မကျော့…ကိုထူးမော်ကိစ္စနဲ့ပတ်သက်ပြီးမမဝေကိုအားနာလို့လားဟင် ”

ပေါ်တင်ကြီးကို ဗြောင်ဖွင့်မေးရဲတဲ့ အေမီရဲ့အကျင့်စရိုက်ကိုတော့မေကျော့ရှင်းလက်ဖျားခါသွားရတယ်။ဒီခေတ်ကောင်မလေးတွေအများစုရဲ့ အကျင့်လို့ပဲပြောရမလား။လူမှုရေးနားမလည်တာလို့ပဲပြောရမလား။သူတို့စိတ်ထဲမှာဘာကိုမှဂရုမစိုက်အလေးမထားတာတော့အမှန်ပဲ။ အေမီ့ကို ကြည့်ပြီး မေကျော့ရှင်းခပ်လှောင်လှောင်လေးပြုံးလိုက်မိတယ်။

” တို့က ဘာကိုအားနာရမှာလဲ အေမီရယ် ..ကိုထူးမော်ကိုယ်တိုင်က သူနဲ့မမဝေက ဘာမှမပတ်သက်ကြပါဘူး ..ရုံးထဲမှာ ပြောနေကြတဲ့သတင်းကလဲ အမှားကြီးပါလို့ ရှင်းပြတယ်လေ… ပြီးတော့ အဲ့ဒီထပ် အရေးကြီးတာက ..တို့ကလဲ ကိုထူးမော်ကို စိတ်မဝင်စားဘူးလေ…ဪ ..ကိုထူးမော်ကိုမှ မဟုတ်ဘူးနော် ဘယ်သူ့ကိုမှစိတ်မဝင်စားတာ …အဲ့ဒီအကြောင်းကိုတော့ မမဝေကို ပြောပြချင်ပါတယ်..ဒါပေမဲ့ တော်ကြာနေပိုပြီး စိတ်တိုသွားမှာစိုးလို့ ကိုယ်တိုင်ပဲအလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာလေ… နောက်လူကို အလုပ်လက်လွှဲဖို့ တစ်လကျော်လောက်တော့အလုပ်မှာ ထပ်နေရလိမ့်မယ်ထင်တယ် … မနွေးနွေးချစ်က တောင်းဆိုထားလို့ပါ …ကိုယ့်ဘက်ကနေမျက်နှာလွှဲခဲပစ်မလုပ်ချင်တော့လဲ လက်ခံလိုက်ပါတယ်….”

မေကျော့ရှင်း အေးဆေးတဲ့ပုံစံနဲ့ပြန်ဖြေလိုက်တယ်။မေကျော့ရှင်းပြောလိုက်တဲ့စကားတွေက သိပ်မကြာခင်အချိန်မှာပဲ မမဝေအပါအဝင်တစ်ရုံးလုံးကို ပျံ့နှံ့သွားတော့မယ်ဆိုတာကို မေကျော့ရှင်းက ကြိုတင်တွေးပြီးသားလေ။မေကျော့ရှင်းလဲ ဒီကိုရောက်တော့မှပဲ အမျိုးမျိုးသရုပ်ဆောင်ပြအမျိုးမျိုးဟန်လုပ်ပြနေရတဲ့အဖြစ်က ရယ်စရာတော့ကောင်းလှပေတယ်။

~~~~~a~~~~k~~~~y~~~i~~~~p~~~h .~~y~~~~u~~~~

” ကျော့…ခဏလောက်စကားပြောရအောင်…ခဏလေးပါပဲ ..ကျွန်တော့်ကို ခဏပဲ အချိန်ပေးပါကျော့ရယ် ”

ခပ်တည်တည်နဲ့ ရှေ့ကနေ လမ်းပိတ်ရပ်ပြီးပြောနေတဲ့ ကိုထူးမော်ကိုကြည့်ပြီး မေကျော့ရှင်းနည်းနည်းတော့စိတ်ပျက်သွားမိတယ်။ယောက်ျားအချို့က ဒီလိုပါပဲ။ သူတို့စိတ်ထဲရှိတဲ့အတိုင်း ဘာကိုမှဂရုမစိုက်ဘဲ လုပ်တတ်ကြတယ်။မိန်းကလေးရဲ့ အနေအထား အခြေအနေကို နားလည်းပေးတာ အတော်လေးရှားကြတယ်။သူတို့တွေက ဒီလို တဇွတ်ထိုးလုပ်တတ်ကြတဲ့အကျင့်စရိုက်တွေကို သတ္တိရှိတဲ့အချစ်လို့ တလွဲခေါင်းစဉ်တပ်ကြသေးတာ။ သူတို့ရဲ့ ဒီလို အကျင့်တွေကို ယုံလွယ်ပြီးသာယာမိတတ်ကြတဲ့ မိန်းကလေးတော်တော်များများလဲ နောင်တတွေပဲရင်ဝယ်ပိုက်ခဲ့ကြရတာ။ ဒီလိုမိန်းမသားတွေထဲမှာ မေကျော့ရှင်းလဲပါဝင်ခဲ့တယ်။အခုလဲကြည့် ဒီလောက်အပြောခံနေရပါတယ်ဆိုမှ ရုံးသမားတွေရုံးဆင်းချိန်ကြီးမှာ ရှေ့ကနေတည့်တည့်လာပိတ်ရပ်ပြီးတော့ကို စကားပြောတာလေ။ဒီတော့လဲ မေကျော့ရှင်းကိုအလွတ်မပေးဘဲ စောင့်ကြည့်နေကြတဲ့ မျက်လုံးတွေက မေကျော့ရှင်းတို့ရှိရာဆီကို အလိုလို စုပြုံရောက်ရှိလာခဲ့တော့တာပေါ့။

==a===k====y=====i====p==h==y===u==

အပိုင်း(၁၂)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၂)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****
သူငြင်းကိုယ်ငြင်းနဲ့ဆိုရင် လူတွေပိုသိပိုကြည့်မှာ စိုးရိမ်တာကြောင့် နီးစပ်ရာဆိုင်တစ်ဆိုင်ထဲကို မေကျော့ရှင်းလှမ်းဝင်ခဲ့ရတော့တယ်။

” ကျော့အလုပ်ထွက်တော့မလို့ဆို…ဘာဖြစ်လို့လဲ ….ကျွန်တော့်ကြောင့်များလား…ဒါမှမဟုတ် မမဝေကြောင့်လားဗျာ…ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် ကျွန်တော် ရှင်းပေးမှာပေါ့ …”

” ကိုထူးမော်ပြောတာမှားနေပြီရှင့် ….ကျွန်မအလုပ်ထွက်တာက ဘယ်သူကြောင့်မှမဟုတ်ပါဘူး…ကိုထူးမော်ကိုအရင်ကလဲပြောဖူးတယ်လေ…ကျွန်မအလုပ်ပြောင်းချင်တယ်လို့ပြောခဲ့တာ မှတ်မိတယ်မဟုတ်လား …အခုအခွင့်အရေးရတုန်းအလုပ်ပြောင်းမလို့ပါ ”

” ဒီလိုဆိုရင်တော်သေးတာပေါ့…မမဝေကြောင့် စိတ်ညစ်သွားတယ်ထင်မိတာ……အလုပ်ပြောင်းလိုက်တော့လဲ ကောင်းပါတယ်လေ … မလိုသူတွေပြောကြတဲ့စကားသံတွေကို မကြားရတော့ဘူးပေါ့ ..ကျွန်တော့်နဲ့ ကျော့ကိုနှောက်ယှက်မဲ့သူတွေနဲ့ဝေးသွားတာလဲကောင်းတာပဲ ”

” ရှင် ”

တလွဲအတွေးဝင်သွားတဲ့ ကိုထူးမော်ကိုကြည့်ပြီး မေကျော့ရှင်းမျက်လုံးပြူးသွားရတယ်။မဟုတ်ပါဘူးရယ်လို့ အတင်းကြီးဇွတ်ငြင်းဖို့ရာလည်း တစ်ဖက်သားရဲ့သိက္ခာကိုငဲ့ကွက်ပေးရသေးတာမို့ ဘာကိုဖြေရှင်းလို့ဖြေရှင်းရမှန်းမသိဘဲဖြစ်သွားမိတယ်။ဒီတော့လဲ ထုံးစံအတိုင်းသား ပါးစပ်ထဲရှိရာကို ပြောချလိုက်မိပြန်တယ်။

” ဟုတ်ကဲ့ ကိုထူးမော်… ကျွန်မအလုပ်ထွက်သွားပေမဲ့ လမ်းမှာဆုံရင် ခေါ်လို့ပြောလို့ရပါတယ်ရှင်…မမဝေတို့နဲ့ကလဲ တစ်ယောက်နဲ့တစ်ယောက်အထင်အမြင်လွဲကြတာပဲလေ…..ပြဿနာရယ်လို့မရှိပါဘူး… ပြီးတော့… ဟိုလေ…အလုပ်ပြောင်းပြီးသွားရင် ….လူကြီးတွေသဘောတူတဲ့တစ်ယောက်နဲ့ လက်ထပ်ဖို့ ကျွန်မသဘောတူလိုက်ပါပြီ ”

” ဗျာ …ကျော့…ကျော့ဘာပြောလိုက်တာလဲ ”

ထူးမော်ကအံ့သြထိတ်လန့်စွာနဲ့မေးလိုက်တယ်။

” ဟုတ်ပါတယ်ကိုထူးမော်…အစတုန်းကတော့ ဘယ်သူ့ကိုမှမပြောဘဲ အလုပ်ကထွက်သွားမလို့ဘဲ … ဒါပေမဲ့ ကိုထူးမော်ကိုတော့ ကျွန်မတကယ်ခင်တာမို့ ပြောပြသင့်တယ်ထင်လို့ပြောပြတာပါ…”

မေကျော့ရှင်းဘက်ကဒုတိယအကြိမ်မြောက် ထပ်ပြောလိုက်တဲ့အခါမှာတော့ ကိုထူးမော်တစ်ယောက်ခေါင်းငိုက်စိုက်ချပြီး မလှုပ်မယှက်ဖြစ်သွားတာကို တွေ့လိုက်ရတယ်။မေကျော့ရှင်း အခုမှပဲစိတ်လက်ပေါ့ပါးသွားသလိုဖြစ်သွားရပြီး သက်ပြင်းကိုချလိုက်မိတယ်။သူမအဖြစ်ကလဲ တကယ့်ကိုလွယ်မယောင်နဲ့ခက်တဲ့အဖြစ်မဟုတ်ပါလား။

~~~~a~~~~~k~~~y~~~~~i~~~~~p ~~~~h~~~~~y ~~~ u~~~~~

” ကြည့်ရတာ ရုံးမှာအတင်းအဖျင်းသတင်းတွေထွက်နေလို့ မကျော့ကအလုပ် ပြောင်းတာထင်တယ် မောင်ရဲ့…..ဒါနဲ့ သူတို့ကိစ္စက တကယ်ပဲသုံးပွင့်ဆိုင်လားမသိဘူးနော်မောင် ”

” တော်ပါတော့ကွာ….သူတို့ကိစ္စက အလုပ်နဲ့လဲမပတ်သက်ပါဘူး….မောင်တို့နဲ့လဲ ဘာမှမဆိုင်ပါဘူး ”

ဇွဲညီထင်စိတ်ထဲညစ်ညူး ရှုပ်ထွေးကာ တားမြစ်လိုက်မိတယ်။

” အင်းပါမောင်ရယ် ..ချစ်ကလဲ ရုံးထဲမှာ စိတ်ရှုပ်စရာကိစ္စတွေဖြစ်မှာစိုးလို့ပါ….ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တက …ချစ်တို့နဲ့တော့ မဆိုင်ပါဘူးလေ…ကြည့်ရတာ ဒီအခြေအနေကို မကျော့လဲနားလည်ပုံရတယ်…ချစ်သိသလောက်တော့ အခုချိန်ထိမကျော့မှာအလုပ်သစ်မရသေးဘူးလေ….အင်း..မကျော့လိုလူမျိုးကို လက်လွှတ်ရမှာနှမြောတော့နှမြောမိသား…သူ့ပုံစံသူစာရင်းအင်းကျွမ်းကျင်ပုံက မောင်နဲ့အရမ်းတူတယ်သိလား …”

” ဘာ ..ဘာကိုတူတာလဲကွာ ချစ်ကလဲ … သူတို့အကြောင်း ပြောတာတော်ပါတော့ …မောင်တို့မှာ အလုပ်တွေဒီလောက်များတာ… ဝန်ထမ်းတွေရဲ့ ကိစ္စတွေမှာတော့ ဘာမှဝင်မပါချင်ဘူး…..မောင်တို့လဲ စောစောပြန်ကြရအောင်…မောင်လဲ ဒီညအမေတို့ဆီကို ပြန်မလို့ ”

ဇွဲညီထင်စကားကို ခပ်မြန်မြန်ဖြတ်ပြောလိုက်ပြီး ထိုင်နေရာမှ အမြန်ထရပ်လိုက်တယ်။

~~~~a~~~k~~~y~~~~i~~~~p~~~~h~~~y~~~~u~~~~

” ဟို ..ဟို …အဆင်ပြေရဲ့လားကြီးကြီးရယ်….ကျော့လဲ မဖြစ်သာလို့သာတောင်းရတာပါ ”

ကြီးကြီးကမ်းပေးနေတဲ့တစ်သောင်းတန်ငွေစက္ကူအထပ်ကိုကြည့်ပြီး မေကျော့ရှင်းအားတုံ့အားနာနဲ့ပြောလိုက်မိတယ်။ကြီးကြီးတို့ဆီကိုရောက်သွားတဲ့ငွေမှန်သမျှ သိန်းချီပြီး ပြန်ရဖူးတယ်ဆိုတာတစ်ခါမှမရှိခဲ့ဖူးဘူး။ ဒီတစ်ခါမှာတော့ တစ်သိန်းအုပ်ငါးအုပ်ကိုအထပ်လိုက်ပြန်ရလိုက်တာမို့ စိတ်ထဲဝမ်းသာရသလို တစ်ဖက်ကလဲ အားနာသလိုလိုစိတ်ပူသလိုလိုဖြစ်သွားရတယ်။

” သမီးက အရေးတကြီးလိုတယ်ပြောတာနဲ့…..ကြီးကြီးလဲရှေ့မျက်နှာနောက်ထားပြီး မောင်မြင့်လွင်ဆီကပဲ အကူအညီတောင်းလိုက်ရတာပေါ့ကွယ်…သူ့ခမျာလဲ အလိုက်သိရှာပါတယ်ကွယ်…ကြီးကြီးမျက်နှာသိပ်မကောင်းတာမြင်တာနဲ့ ငွေကိုချက်ချင်းထုတ်ပေးတာ…..တကယ်ပဲစိတ်သဘောထားကောင်းတဲ့သူပါပဲကွယ် …မောင်မင်းကြီးသားကျန်းမာပါစေချမ်းသာပါစေကွယ် ….သမီးလဲ အတွေးမမှားနဲ့နော်…ဒီခေတ်ကြီးထဲမှာမောင်မြင့်လွင်လိုလူမျိုးတွေ့ဖို့အင်မတန်ခက်တယ် ”

” ရှင်..ဟုတ်..ဟုတ်ကဲ့ပါကြီးကြီး ”

ကြီးကြီးက စကားပြောနေရင်းကနေ ကိုမြင့်လွင်ဆိုတဲ့လူရဲ့အကြောင်းကိုရောက်သွားတာမို့ မေကျော့ရှင်းနေရခက်သွားမိတယ်။ကိုမြင့်လွင်ဆိုတဲ့သူနဲ့ပတ်သက်ပြီးတော့ မေကျော့ရှင်းမှာဘာအတွေး ဘာစိတ်ကူးမှမရှိပေမယ့် ဇွဲညီထင်နဲ့ကိုထူးမော်တို့ကို ပြောခဲ့မိတာတွေကိုသတိရပြီးစိတ်ထဲမလုံမလဲဖြစ်သွားရတယ်။မေကျော့ရှင်းရဲ့ဘဝမှာ အိမ်ထောင်ထပ်ပြုဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စမှန်းသူမသာအသိဆုံးမဟုတ်လား။

” ဒါနဲ့ …သမီးအဖေတော်တော်ဖြစ်နေတာလား….ပိုက်ဆံရောလုံလုံလောက်လောက်ရှိရဲ့လား…တကယ်လို့အရေးတကြီးလိုအပ်တယ်ဆိုရင်ကြီးကြီးကိုပြောနော်….ကျန်းမာရေးကိစ္စဆိုတော့ ရှေ့မျက်နှာနောက်ထားပြီး မောင်မြင့်လွင်ဆီမှာအကူအညီတောင်းကြည့်ရမှာပဲ…သမီးလဲမောင်မြင့်လွင်နဲ့မိတ်ဆွေတွေအဖြစ် တွေ့ကြည့်ပါလား…မောင်မြင့်လွင်က လူတစ်ဖက်သားကိုအင်မတန်နားလည်ပေးတတ်တဲ့သူမျိုးပါကွယ်…ဟိုတစ်ယောက်လိုမျိုး ပေါ့ပေါ့တွေးပေါ့ပေါ့လုပ်တတ်တဲ့လူမျိုးမဟုတ်ပါဘူး ”

” ဟုတ်..ဟုတ်ကဲ့ပါ ကြီးကြီး …အလုပ်ပိတ်တဲ့ တစ်ရက်ရက်မှာတွေ့ကြည့်ပါမယ်…အခုတော့ကျော့ပြန်လိုက်အုံးမယ်နော် ကြီးကြီး …အဖေတို့အိမ်ကိုလဲသွားရအုံးမှာမို့ပါ ”

ကြီးကြီးကိုနှုတ်ဆက်ပြီးတော့ မေကျော့ရှင်းအမြန်ထပြန်ခဲ့လိုက်တယ်။

~~~~~a~~~k~~~y ~~~~i~~~~p ~~~ h~~~y~~~~u~~~~~

” ကျေးဇူးတင်လိုက်တာ သမီးရယ်… ဒီရက်ပိုင်းပိုက်ဆံပြတ်နေတာကွယ်…ဆိုင်ကလဲ မရောင်းရသလောက်ဖြစ်နေတာ ”

မိထွေးဖြစ်သူရဲ့အသံက ဟိုအရင်တုန်းကနဲ့မတူဘဲ အတော်လေးဖျော့တော့ အားနည်းနေခဲ့တယ်။

” ဆိုင်မှာ ကိုယ်တိုင်မထိုင်နိုင်တော့လဲပိုဆိုးတာပေါ့… ကလေးတွေကလဲ ငယ်ကြသေးလို့လားမသိဘူး ….အလိုက်မသိကြဘူးလေ…အရင်ကလိုဝတ်ချင်စားချင်နေကြတုန်းပဲ….သူတို့အဖေနေမကောင်းဖြစ်နေတာကိုလဲ မကြာခင်ပြန်ကောင်းလာမယ်လို့ ထင်နေကြတယ်ထင်ပါရဲ့ ”

အားအင်မရှိသလို တိမ်ဝင်ဖျော့တော့နေတဲ့ မိထွေးဖြစ်သူရဲ့အသံကိုနားထောင်ပြီး မေကျော့ရှင်းသက်ပြင်းယဲ့ယဲ့ကိုချလိုက်မိတယ်။

” ဒါနဲ့ ဆေးရုံကဘာပြောလဲ အန်တီ ”

” အင်း အထိုင်များပြီးဆီးဝမ်း မမှန်ခဲ့တဲ့အကျိုးဆက်တွေပေါ့ … ခွဲစိတ်သင့်ရင်လဲခွဲစိတ်ပြီး ကုသရမယ်တဲ့ ..အခုတော့ အားလုံးစစ်ဆေးနေပြီမို့ အဆိုးဆုံးအခြေအနေမဖြစ်ဖို့ပဲ ဆုတောင်းနေရတယ် ”

” ရှင် ..အ…အဆိုးဆုံးအခြေအနေဆိုတာ …ဘာ…ဘာကိုပြောတာလဲအန်တီ ”

ရှိုက်သံနဲ့အတူတိမ်ဝင်သွားတဲ့ မိထွေးဖြစ်သူရဲ့အသံကို နားထောင်ပြီး မေကျော့ရှင်းတုန်လှုပ်စွာနဲ့မေးလိုက်မိတယ်။

” အဆိုးဆုံးကိုကြိုတွေးထားမှ ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှာမဟုတ်လား…ပြီး..ပြီးတော့ တစ်ခုလောက်ပြောပါရစေကွယ် …အခုလို အခြေအနေနဲ့ဆိုရင် ရှေ့ဆက်ဖို့က မလွယ်ကူတာမို့…တ..တကယ်လို့များ ..ဒီအိမ်နဲ့ခြံကိုရောင်းရင် နားလည်ပေးပါကွယ် ”

” ရှင်…အိမ်နဲ့ ခြံကိုရောင်းမယ် ဟုတ်လား အန်တီ…ဒါ..ဒါဆိုရင် ”

” ဟုတ်တယ်ကွယ် … အခြေအနေက မဖြစ်လို့သာ ရောင်းရမှာပါ ….အိမ်ရောင်းမယ်ဆိုလို့ စိတ်တော့မပူပါနဲ့….ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်အိမ်ရောင်းပြီးရင် …သမီးကိုလဲ ရသင့်ရထိုက်တာကို အချိုးကျပေးမှာပါကွယ် ..အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့ ”

သူမပြောတဲ့စကားကို ဆုံးအောင်တောင်နားမထောင်ဘဲ .
သူ့စိတ်ထင်ရာစကားကို ဖြတ်ပြောလိုက်တဲ့ မိထွေးဖြစ်သူ ကြောင့် မေကျော့ရှင်းစိတ်ထဲ မျက်ခနဲဖြစ်သွားရတယ်။စိတ်တိုသလိုဖြစ်သွားတဲ့စိတ်ကို မနည်းပြန်ထိန်းချုပ်လိုက်ရပြီး

” ကျော့အတွက် ထည့်မတွက်ပါနဲ့ အန်တီ…ဟိုအရင်ကတည်း က ဒါတွေကိုမလိုချင်လို့ အဝေးမှာထွက်နေခဲ့တာပါ …ကျော့ စိတ်ပူတာကအဖေနဲ့အန်တီတို့ နေဖို့အတွက်ပါ ”

မေကျော့ရှင်း ဒေါသသံမပါအောင် မနည်းထိန်းပြောလိုက်ရတယ်။

” သိ…သိပါတယ်ကွယ်….အန်တီကလဲ ကျော့ကိုသမီးတစ်ယောက်လိုပဲသဘောထားလို့ ပြောလိုက်တာပါ..အန်တီတို့ နေဖို့အတွက်ကတော့ ဈေးသက်သာတဲ့နေရာကိုပြောင်းဖို့ တွေးထားတယ် … ပိုတဲ့ငွေနဲ့ဆေးကုမယ်…အလုပ်လေးလုပ်ဖို့ စီစဉ်ထားပါတယ် ”

” ကောင်းပါတယ် အန်တီ….ကျော့အတွက် စိတ်မပူပါနဲ့…အဖေ့ဆေးဖိုးအတွက် ကျော့လဲနိုင်သလောက်ထောက်ပံ့ပေးပါမယ် ”

မိသားစုကိစ္စ၊မိဘကိစ္စဆိုတော့လည်း မျက်နှာမလွှဲနိုင်တာမို့ သူမရဲရဲကြီးကတိပေးလိုက်မိပြန်တယ်။ပြီးတော့ ကတိပေးပြီးသွားမှ သူမရင်ထဲတင်းကျပ်လေးလံလာခဲ့တယ်။

~~~~~a~~~~k ~~~~y ~~~i~~~~~P~~~h~~~~y ~~~u ~~~~

” ဘယ်လို အလတ်ကောင်လာတာလား ”

ဒေါ်မေသူက အံ့သြတကြီးနဲ့မေးလိုက်ရင်း သားဖြစ်သူဇွဲညီထင်ကို အရိပ်အကဲလှမ်းကြည့်လိုက်တယ်။ဇွဲညီထင်က အိမ်ထောင်နဲ့ ကွဲသွားပြီးတော့လဲ မိဘအိမ်ကိုပြန်မလာဘဲ အပြင်မှာပဲနေတဲ့သူ။အပြင်မှာနေရုံမကသေးဘူး။ သုံးလေးလ နေလို့မှ အိမ်ကိုတစ်ခေါက်တလေပြန်လာတတ်တဲ့သူမဟုတ်ဘူးလေ။ သူ့စိတ်ထဲမှာ မိဘတွေက အလတ်ဖြစ်တဲ့သူ့ကိုအချစ်ပေါ့ပြီး သူ့အစ်ကိုနဲ့ညီငယ်ကိုပဲပိုပြီးဂရုစိုက်တယ်လို့ထင်နေခဲ့တယ်။ဒီလိုထင်နေခဲ့လို့လည်း လူရယ်လို့သိတဲ့ကာစ အရွယ်ကတည်းက သူ့ဘာသာသီးသီးသန့်သန့်ပဲနေခဲ့တယ်။ဆယ်တန်းအောင်ချိန်မှာ တက္ကသိုလ်တက်ဖို့အတွက်စရိတ်ကို သူ့ဘာသာရှာတယ်။ကျောင်းပြီးသွားတော့လည်း သူ့စိတ်ကြိုက်အလုပ်ကိုသူ့ဘာသာရှာတယ်။အလုပ်ဝင်ပြီးနောက်ပိုင်းမှာ မိဘတွေကိုထောက်ပံသင့်သလောက်ထောက်ပံ့ပြီး သူ့ဘဝသူကြောင်းတယ်။အိမ်ထောင် ဖက်ကိုလည်းသူ့စိတ်ကြိုက်ရွေးချယ်ပြီး သူသဘောနဲ့သူလက်ထပ်ခဲ့တယ်။ဒေါ်မေသူတို့မိသားစုမှာ ဇွဲညီထင်ဆိုတာက ဧည့်သည်လာ၊ဧည့်သည်သွားမျိုးတောင်ရှိတဲ့သူမဟုတ်ဘူးလေ ။

” သားလတ် ထမင်းစားမလား ….အမေထမင်းပြင်လိုက်မယ်လေ ”

ဒေါ်မေသူကသားဖြစ်သူကိုအသံပေးလိုက်ရင်း အခန်းထဲကိုလှမ်းပြီးချောင်းကြည့်လိုက်တယ်။ဒီအခါမှာ သူနေစဉ်တုန်းကအတိုင်း ပုံစံမပြတ်ထားပေးထားရတဲ့အခန်းထဲမှာ ခပ်ငေါင်ငေါင်ကြီးထိုင်နေတဲ့သားဖြစ်သူကိုတွေ့လိုက်ရတာမို့ ဒေါ်မေသူအနည်းငယ်တော့ထိတ်လန့်သွားရတယ်။

” သားလတ်….ဘာဖြစ်လို့လဲ…နေမကောင်းတာလား….အလုပ်အဆင်မပြေတာလား…မိန်းကလေးရဲ့မိဘတွေကသဘောမတူလို့များလားဟင် ….ဘာတွေစိတ်ညစ်လာတာလဲသားလတ် ”

သားဖြစ်သူကိုကြည့်ပြီးဒေါ်မေသူ မရဲတရဲနဲ့လှမ်းပေးလိုက်တယ်။

မိခင်ရဲ့မေးသံကိုကြားလိုက်ရတဲ့အခါမှ ဇွဲညီထင်ခေါင်းကိုအသာမော့ကြည့်လိုက်ပြီးတော့

” ဘာမှစိတ်ညစ်စရာမရှိပါဘူးအမေ….ယူစရာပစ္စည်းလေးတစ်ခုရှိလို့လာယူတာပါ…ဒါနဲ့အမေတို့ရောအဆင်ပြေကြတယ်မဟုတ်လား…အစ်ကိုကြီးနဲ့အငယ်ကောင်ရောအဆင်ပြေလား ”

” အင်း … ပြေပါတယ်သားရယ်….မင်းမရီးတောင် ရှေ့လ ကျရင်ဒုတိယမြောက်ကလေးကိုမွေးတော့မှာလေ ”

” ဪ ဟုတ်လား ….မရီးရောနေကောင်းတယ်မဟုတ်လား ”

” အင်း ကောင်း ….ကောင်းပါတယ်ကွယ် ”

မမေးစဖူးတွေ မေးနေတဲ့ သားဖြစ်သူကိုကြည့်ပြီး ဒေါ်မေသူမှာ အံ့ဩပြီးရင်းအံ့သြနေခဲ့ရတယ်။

” သားမှာအကြောင်းကိစ္စရှိရင်လဲပြောလေ … သားတို့အဖေ တောင် ဟိုရက်တုန်းကမေးနေသေးတယ်…”

” ဟုတ်ကဲ့ အဖေရော …အလုပ်အဆင်ပြေလား အမေ ”

” ပြေပါတယ်ကွယ် …ငါ့သားလဲ ပိုက်ံဆံပို့နေတာပဲ…..ဒါနဲ့ …ငါ့သားရဲ့မင်္ဂလာကိစ္စကအဆင်မပြေလို့များလားကွယ်…လူကြီးတွေကကန့်ကွက်နေလို့များလား ”

ဒေါ်မေသူစိတ်ပူစွာနဲ့မေးလိုက်တယ်။

” မဟုတ်ပါဘူး အမေ…သူ့မိဘတွေကိုဖွင့်မပြောရသေးပါဘူး ”

” ဘယ်…ဘယ်လိုကွဲ့…ဘာလို့လဲ …သူတို့ဘက်ကသဘောတူတဲ့အရိပ်အယောင်မရှိလို့လား ”

” အဲ့ဒါတွေထားလိုက်ပါ အမေ….ကျွန်တော်တို့တွေ့တာလဲမကြာသေးဘူးလေ…..ပြီးတော့ လက်ထပ်ဖို့ကိုလဲမလောချင်သေးဘူး ..ဒါကြောင့်ပါ ”

သားဖြစ်သူရဲ့စကားကြောင့် ဒေါ်မေသူငြိမ်သက်သွားခဲ့တယ်။နည်းနည်း စိတ်ရှုပ်ဟန်ပေါ်နေတဲ့သားဖြစ်သူကို ကြည့်ပြီး ဒေါ်မေသူသက်ပြင်းချလိုက်တယ်။ပြုံးခဲရယ်ခဲလှတဲ့ သားဖြစ်သူကို ပျော်ရွှင်ပြုံးပျော်နေရတဲ့ဘဝမျိုးရစေချင်တာကဒေါ်မေသူတို့ရဲ့ဆန္ဒပါ။ ဒါကြောင့်လဲ သားဖြစ်သူဘာပဲလုပ်လုပ် ဘယ်တော့မှမတားမြစ်ခဲ့။သူ့လမ်းသူယုံကြည်ချက်အပြည့်နဲ့ လျှောက်နိုင်ဖို့ကို ဒေါ်မေသူတို့တွေ တိတ်တဆိတ်ပဲစောင့်ကြည့်နေပေးခဲ့ကြတာ။

” အေးပါကွယ် ….ငါ့သား အဆင်ပြေရင်ပြီးတာပါပဲ…ဘာပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခုတည်ထောင်မယ်ဆိုရင်တော့ သူ့ဘက်ကိုယ့်ဘယ်မေတ္တာရှိနေကြရင် အကောင်းဆုံးပဲ ….တစ်ယောက်နဲ့တစ်ယောက်မေတ္တာသာစစ်ကြရင် …နှစ်ယောက်ကြားကအမှားကြီးကြီးမားမားတွေကလဲ … ဘာမှအရေးမပါတဲ့ အမှားသေးသေးလေးတွေဖြစ်သွားလိမ့်မယ်…”

မိခင်ဖြစ်သူရဲ့စကားကြောင့် ဇွဲညီထင်ခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်မိပြီးနောက် ထိုင်နေရာမှရုတ်တရက်ထရပ်လိုက်မိတယ်။

” ဘာ ..ဘာဖြစ်လို့လဲ သားလတ် ”

” ဟို…ဟို … အလုပ်ကိစ္စအခုမှ သတိရလို့ပါ အမေ … ကျွန်တော်နောက်ရက်မှ ထပ်လာခဲ့မယ်နော်…ကျွန်တော်လာသွားတယ်လို့အဖေကိုလဲပြောလိုက်ပါအုံး ”

ဇွဲညီထင်ပြောလိုက်ပြီးနောက် အခန်းပြင်ကို ခပ်ယိုင်ယိုင်ခြေလှမ်းတွေနဲ့ အမြန်ထွက်လာခဲ့လိုက်တယ်။

~~~~a~~~k~~~~y~~~~i~~~~p ~~~~h~~~~y~~~~u~~~

” မကျော့သိလား …ကိုထူးမော်နဲ့ မမဝေတို့ မနက်တုန်းကစကားများနေကြတယ် ”

အေမီရဲ့သတင်းပေးစကားကြောင့် မေကျော့ရှင်းမျက်လုံးပြူးကာ ခေါင်းမော့ကြည့်လိုက်မိတယ်။

” ဟုတ်လား … တို့ကြောင့်တော့ မဟုတ်ပါဘူးနော်အေမီ…တို့ဘက်က ကိုထူးမော်ကိုပြတ်ပြတ်သားသား ငြင်းပြီးသားပါ ”

” ဘာကိစ္စလဲတော့ အေမီလဲမသိပါဘူး မကျော့ရယ်….ကိုထူးမော်ကလဲ မမဝေကိုအတော်လေးစိတ်တိုနေပုံရပြီး ..မမဝေကလဲ တအားဒေါသထွက်နေတာ…ဟော ..ပြောရင်းနဲ့ မမဝေလာပြီ … ”

အခန်းထဲဝင်လာတဲ့ မမဝေကို ကြည့်ပြီး အေမီကသူ့နေရာ သူဖျတ်ခနဲထသွားခဲ့တယ်။မေကျော့ရှင်းမှာ မမဝေရဲ့ မျက်နှာကို မဝံ့မရဲနဲ့လှမ်းပြီးအကဲခတ်ကြည့်လိုက်တယ်။ဒီအခါ မမဝေက မေကျော့ရှင်းတို့ရှိရာဘက်ကို လုံးဝလှည့်မကြည့်ဘဲသူ့နေရာမှာ မျက်နှာထားတင်းတင်းနဲ့ထိုင်ချလိုက်တာကို တွေ့လိုက်ရတယ်။မမဝေကိုကြည့်ပြီး မေကျော့ရှင်းသက်ပြင်းမောကိုချလိုက်မိပြီး အကြည့်တွေကို လွှဲဖယ်ပစ်လိုက်တယ်။

” ဟင် ”

မမဝေထံက အကြည့်တွေကိုလွှဲဖယ်ပစ်လိုက်ပြီးတော့ မေကျော့ရှင်းပြန်လှည့်လိုက်စဉ်မှာ သူမရဲ့အကြည့်တွေက အမှတ် မထင်ဘဲ မှန်သားနံရံချထားတဲ့ အခန်းဆီကိုလှမ်းကြည့်လိုက်မိတယ်။ ဒီအခါမှာပဲ သူမကိုစိမ်းစိမ်းကြီးစိုက်ကြည့်နေတဲ့ ဇွဲညီထင်ကိုတွေ့လိုက်ရတာမို့ မေကျော့ရှင်းလန့်ဖျပ်သွားရတယ်။သူမလန့်သွားတာကို ဇွဲညီထင်က မြင်ပေမဲ့လဲ အကြည့်တွေကို မလွှဲပစ်ဘဲ ကြည့်မြဲတိုင်းဆက်ကြည့်နေတာမို့ မေကျော့ရှင်း မျက်လုံးပြူးကာ အံကြိတ်ပြလိုက်မိတယ်။ ဒါပေမဲ့လဲ ဇွဲညီထင်က သူ့အကြည့်တွေကို လွှဲမသွားဘဲ ကြည့်မြဲအတိုင်းစိမ်းစိမ်းကြီးစိုက်ကြည့်နေပြန်တာမို့ မေကျော့ရှင်းမလုံမလဲဖြစ်ကာ အေမီတို့ဘက်ကို လှမ်းကြည့်လိုက်မိတယ်။မေကျော့ရှင်းလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲ အေမီရဲ့အကြည့်စူးစူးတွေနဲ့ တန်းခနဲတိုးသွားရတာမို့ ရင်ကဒိန်းခနဲ ဆောင့်ခုန်သွားပြီး ခြေဖျားလက်ဖျားတွေပါအေးစက်သွားတယ်။သူမတုန်တုန်လှုပ်လှုပ်နဲ့ခေါင်းကိုဆတ်ခနဲပြန်လှည့်လိုက်မိတယ်။

==a===k====y=====i====p==h==y===u==

အပိုင်း(၁၃)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၃)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****
မေကျော့ရှင်း အားလုံးကို အကြည့်လွှဲပစ်လိုက်ပြီး ဝန်ထမ်းသစ်ကို သင်ပေးရမဲ့ စာရင်းဖိုင်ကို အပြီးသတ်လုပ်နေလိုက်တယ်။အေမီတို့အုပ်စုတွေ တစ်ယောက်နဲ့တစ်ယောက်လက်တို့ပြီး သူမကိုအကဲခတ်ကြည့်နေကြမှာကို သိနေတာမို့ စိတ်ထဲက ပြုံးချင်သလိုလိုလန့်သလိုလိုတော့ဖြစ်နေမိတယ်။သူတို့အုပ်စုတွေကလဲ တခြားကိစ္စမျိုးတွေနဲ့ အထင်အမြင်မှားလေ့မရှိကြဘဲ ယောက်ျားသားတွေနဲ့ပတ်သက်ပြီးပဲ သူတို့စိတ်ထဲထင်ရာကိုပြောကြအထင်မှားကြတာလေ။ ဒါကိုပဲ မေကျော့ရှင်းကလဲမကြိုက်တာ။ဒါက သူမရဲ့ကိုယ်ကျင့်သိက္ခာကိုအထင်သေးရာ ရောက်တယ် မဟုတ်ပါလား။လူတစ်ယောက်အတွက် ကိုယ်ကျင့်သိက္ခာကိုအထင်သေးစော်ကားခံရတာထက် ပိုပြီးဆိုးဝါးတာမရှိနိုင်ဘူးလို့ မေကျော့ရှင်းကတော့ ခံယူထားတာလေ။

~~~~a ~~~~k~~-y~~~~i~~~~p ~~~~h~~~y ~~~~u~~~

“ငါ့ကိုနှောက်ယှက်နေတာလား ဇွဲညီထင်…. ဘယ်သူနဲ့မှ ဘာပြဿနာမှမဖြစ်ချင်လို့ ငါ့ဘာသာအေးအေးဆေးဆေးနေနေတာလေ….ဘာလဲ… ရုံးမှာ အရှက်ကွဲစေချင်လို့လား ….နင်နဲ့ငါ့အကြောင်းကို …အားလုံးသိသွားအောင်လုပ်နေတာလား ”

မေကျော့ရှင်းစိတ်တိုဒေါသထွက်လွန်းတာမို့ ဇွဲညီထင်ကို နင်တွေငါတွေနဲ့ပဲပြောပစ်လိုက်တယ်။

” ကျွန်တော်တို့ စကားအေးအေးဆေးဆေးပြောကြရအောင်မကျော့ … တစ်ချက်လောက် ကျွန်တော်ပြောတာကို အေးအေးဆေးဆေးနားထောင်ပေးပါလား ”

ဇွဲညီထင်ရဲ့အသံနဲ့အပြုအမူကြောင့် မေကျော့ရှင်းအံ့ဩမင်သက်သွားကာ ယောင်နနနဲ့မော့ကြည့်လိုက်မိတယ်။ဇွဲညီထင်ရဲ့ဒီအသံဒီဟန်တွေဟာဆိုရင် သူမတို့နှစ်ယောက်စတင်တွေ့ဆုံခဲ့ချိန်ကလို ပုံစံမျိုးဖြစ်နေခဲ့တယ်လေ။မေကျော့ရှင်းဇဝေဇဝါနဲ့ခပ်ငေးငေးကြည့်နေမိရင်းမှ ထစ်ထစ်ငေါ့ငေါ့နဲ့ပြန်မေးလိုက်မိတယ်။

” ဘာ….ဘာကိုပြောမှာလဲ ..ပြောစရာရှိတာမြန်မြန်ပြောပါ ”

” ဒီလိုပါ …အလုပ်ထွက်မယ်ဆိုတာက မမဝေတို့ကြောင့်လား..ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်…နောက်ထပ်အလုပ်တစ်ခုမရသေးဘူးမဟုတ်လား…အလုပ်သစ်မရသေးဘဲနဲ့အလုပ်ထွက်လိုက်တော့ အဆင်ပြေမှာတဲ့လား….တကယ်ဆို အလုပ်ထွက်မယ်လို့စဉ်းစားထားရင်လဲ အလုပ်သစ်ကိုကြိုတင်ရှာထားသင့်တယ်လေ…ကဲပါ..အဲ့ဒါတွေထားလိုက်ပါတော့ …အခုမှပြောလဲ ထူးမှမထူးတာ…မကျော့အတွက် ကျွန်တော်အလုပ်ရှာပေးထားတယ်…..နောက်လလောက်ဆိုရင် အလုပ်စဆင်းလို့ရပြီဆိုတော့.. ဒီကအလုပ်ထွက်တာနဲ့အလုပ်သစ်ကိုချက်ချင်းပြောင်းလို့်ရတယ် ..အဲ့ဒီကမန်နေဂျာကကျွန်တော့်သူငယ်ချင်းပါ…အစစအရာရာကူညီပေးလိမ့်မယ် ”

ဇွဲညီထင်ပြောနေတာတွေကို နားထောင်ပြီး မေကျော့ရှင်းရင်ထဲလှိုက်ခနဲခုန်လှုပ်သွားခြင်းနဲ့အတူ သိမ်ငယ်စိတ်ရှက်စိတ်တွေကပါ တစ်ပြိုင်နက်တည်းလိုလိုပေါ်ပေါက်လာခဲ့မိတယ်။သူ့ဘက်ကတော့ စေတနာနဲ့ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။သို့ပေမဲ့ မေကျော့ရှင်းဘက်ကတွေးကြည့်မယ်ဆိုရင် ဒါဟာရှက်စရာခံပြင်းစရာအခြေအနေဖြစ်နေခဲ့တယ်။ကိုယ့်ကိုစွန့်ပစ်ခဲ့တဲ့ခင်ပွန်းဟောင်းဆီကနေ အကူအညီပြန်ယူနေရတဲ့အဖြစ်လောက် ရှက်စရာကောင်းတာရှိလိမ့်မယ်လို့လဲမထင်ဘူး။သူဘာကြောင့် ဒီလိုတွေလာပြောနေလဲဆိုတာကို မေကျော့ရှင်းဘယ်လိုမှလဲ တွေးလို့မရဘူး။

” တော်..တော်ပါတော့ဇွဲညီထင်…အလုပ်ကိုငါ့ဘာသာရှာမှာပါ…ဘယ်သူ့အကူအညီမှမလိုပါဘူး..အထူးသဖြင့်နင့်အကူအညီမလိုအပ်ပါဘူး…နောက်ဆိုရင် ငါ့ကိစ္စတွေမှာ နင်ဝင်မပါပါနဲ့….တခြားသူတွေအထင်အမြင်လွဲကြတာကို ငါမခံနိုင်ဘူး…နင်နဲ့လဲမပတ်သက်ချင်ဘူး….မပတ်သက်ချင်လို့လဲ ငါအလုပ်ထွက်မှာပါ….နင့်အကူအညီလဲမလိုအပ်တာမို့ ငါ့ကိုလာပြီးမပတ်သက်ပါနဲ့….ဒါပဲပြောမှာမဟုတ်လား …ငါသွားတော့မယ် ”

မေကျော့ရှင်းပြောပြီးတာနဲ့ ထိုင်နေရာကထဖို့ပြင်လိုက်တယ်။

မေကျော့ရှင်းရဲ့စကားသံနဲ့အမူအရာတွေကြောင့် ဇွဲညီထင်ရဲ့မျက်နှာကနီရဲတင်းမာသွားရပြီး မေကျော့ရှင်းရဲ့လက်ကိုဆတ်ခနဲဖမ်းဆွဲလိုက်တယ်။

” ခဏနေအုံး….ကျွန်တော်ပြောတာကိုဆုံးအောင်နားထောင်သွားအုံး….ဘယ်သူကရောပတ်သက်ချင်နေလို့လဲ ….ဖြစ်နိုင်ရင် ကျွန်တော့်ဘက်ကလဲခင်ဗျားနဲ့လုံးဝကိမပတ်သက်ချင်ဘူး သိရဲ့လား ”

” ဘာ…မပတ်သက်ချင်ရင် ဝေးဝေးနေလေ..ဘာလို့အခုလိုစကားတွေလာပြောနေရတာလဲ ”

မေကျော့ရှင်းဒေါသသံလေးနဲ့ ပြန်မေးလိုက်တယ်။

” မပြောဘဲ နေလို့မရတဲ့အခြေအနေမို့လာပြောနေရတာလေ…အလုပ်မရသေးဘဲအလုပ်ထွက်သွားပြီး ဘာတွေလုပ်မှာလဲ ..မကြည်ဖြူတဲ့မိထွေးနဲ့ အတူသွားနေမှာလား…ဒါမှမဟုတ် ရသမျှကိုပဲလိုချင်ပြီး…မသာထာရေစာပဲကျွေးတဲ့ကြီးတော်အိမ်မှာသွားကပ်နေမှာလား….ဘာလုပ်မှာလဲ….ဒီခေတ်ကြီးထဲမှာအလုပ်ရှာရတာလွယ်တယ်ထင်နေလား…အသက်လဲမငယ်တော့ဘူး …..အိတ်တစ်လုံးဆွဲပြီး အဆောင်ရှာနေရတဲ့ဘဝမှာပျော်နေတာလား ပြောပါအုံး….အနာဂတ်အတွက် ရော မစဉ်းစားတော့ဘူးလား ..ခင်ဗျားရဲ့ဘဝကဒီတစ်သက်တိုးတက်အုံးမှာလားဒေါ်မေကျော့ရှင်းရဲ့ ”

” ဘာ..နင်ဘာပြောလိုက်တယ်ဇွဲညီထင် …နင်..နင်..ငါ့ကိုအထင်သေးလှချည်လား ”

” အထင်သေးတယ်ဟုတ်လား…အဲ့ဒါက ခင်ဗျားရဲ့သိမ်ငယ်စိတ်နဲ့ခင်ဗျားဘာသာတွေးနေတာလေ… ခင်ဗျားကို အားလုံးထက်တော်စေချင် တတ်စေချင်လွန်းလို့ လက်တွဲခေါ်ခဲ့တယ်…မြင့်မားစေချင်လွန်းလို့လက်ဆွဲခေါ်ခဲ့တယ်….အိမ်နဲ့ရာနဲ့နေစေချင်လွန်းလို့ ကြိုးစားပေးခဲ့တယ်..ဒါပေမဲ့ ခင်ဗျားကတော့ဘာမှမဆိုင်တဲ့သူတွေရဲ့အပူတွေကိုယူပြီးတော့ …ကိုယ့်ဘဝကိုယ် နွံထဲဆွဲချခဲ့တာမဟုတ်လား ..ခင်ဗျားဒုက္ခရောက်တော့ ဘယ်သူတွေကကူညီပေးလဲ …အဆောင်မှာမနေပါနဲ့အိမ်မှာလာနေပါလို့ ကြည်ကြည်ဖြူဖြူနဲ့ခေါ်တဲသူ တစ်ယောက်တောင်ရှိရဲ့လားပြောစမ်းပါအုံး…ခင်ဗျားဒုက္ခတွေကို ကူညီပေးမဲ့သူတွေ ဘယ်နှစ်ယောက်ရှိလဲပြောစမ်းပါအုံး ”

စကားတွေကိုမနားတမ်းပြောချလိုက်တဲ့‌ ဇွဲညီထင်ကိုကြည့်ပြီးမေကျော့ရှင်း အံလေးကိုကြိတ်လိုက်မိကာ

“တော်..တော်စမ်း ဇွဲညီထင်…ငါ့ဘာသာဘာဖြစ်ဖြစ်နင်နဲ့မဆိုင်ဘူး ”

” ဟုတ်ပါတယ် ..မဆိုင်ပါဘူး…ဆိုင်လဲမဆိုင်ချင်ပါဘူးဗျာ…ကြောက်နေပါပြီ …ဘယ်တော့မဆိုဟော့ဒီကောင်ပြောသမျှစကားတွေက ဘာမှအရေးမပါဘူးဆိုတာသိပြီးသားပါ …ခင်ဗျားအတွက်တစ်လောကလုံးကအရေးကြီးသလောက် …ကျုပ်ဆိုတဲ့ကောင်ကတော့ ဘာမှမဟုတ်ခဲ့ဘူးလေ….ပတ်ဝန်းကျင်ကပြောသမျှစကားတွေကိုကျတော့အလေးအနက်ထားပြီး ….ကျုပ်ပြောခဲ့တဲ့စကားမှန်သမျှကိုတော့ ပယ်ချပစ်ခဲ့တာပဲမဟုတ်လား…အဲ့ဒီအိပ်မက်ဆိုးတွေကို ကျုပ်လဲ ပြန်မမက်ချင်ပါဘူး ”

” တော် …တော်ပါတော့ ..ပြီးခဲ့တာတွေကို လာပြောမနေပါနဲ့တော့ …..ပြီးခဲ့တဲ့ကိစ္စတွေက …နင့်အတွက်အိပ်မက်ဆိုးဖြစ်သလို…ငါ့အတွက်လဲ အိပ်မက်ဆိုးတွေပါပဲ… ….ငါ့ဘက်ကမှားခဲ့တယ်ထင်လို့လဲ နင်လုပ်ချင်ရာလုပ်သွားခဲ့တာတွေကို ငါမတားခဲ့ပါဘူး…..ငါတို့လက်မထပ်ခင်ကတည်းက လက်ထပ်ဖို့ကိစ္စကို သေချာစဉ်းစားဖို့ နင့်ကိုငါပြောခဲ့တယ်လေ….နင့်ဘက်ကအတင်းလောနေတော့လဲ ငါလိုက်လျောပေးခဲ့တယ်…ဒီအတိုင်းပဲ ကွာရှင်းဖို့ကိစ္စမှာလဲ ..ငါ့သဘောထားကိုနင်သေချာမမေးဘဲ နင့်စိတ်ကြိုက်လုပ်ခဲ့တာလေ …နင်ကတော့ကျောပိုးအိတ်တစ်လုံးလွယ်ပြီးဖုတ်ဖက်ခါပြန်သွားနိုင်ခဲ့ပေမဲ့…..ငါ့မှာတော့ ဆွေမျိုးသားချင်းတွေကြားမှာရော….ပတ်ဝန်းကျင်မှာပါ မနည်းရုန်းကန်ပြီးရှင်သန်ခဲ့ရတယ်…..နင်တို့ယောကျ်ားလေးတွေ တစ်ခုလပ်ဖြစ်ရင်…ပတ်ဝန်းကျင်ကအထင်သေးလား မသေးလားမသိပေမဲ့….ငါတို့မိန်းမသာတွေမှာတော့ တစ်ခုလပ်ဆိုတာနဲ့အလိုလိုအထင်သေးခံရတော့တာပဲ….ငါတို့ရုံးမှာ မိန်းကလေးတွေအများကြီးရှိကြသလို..မိန်းကလေးတော်တော်များများနဲ့… ရုံးထဲကယောကျာ်းလေးတွေ ခင်ခင်မင်မင်ရှိကြတာကိုသိတယ်မဟုတ်လား..အေး..အဲ့ဒီလူတွေအားလုံးထဲကမှ ငါ့တစ်ယောက်တည်းဘာလို့အပြောခံအထင်သေးခံနေရတာလဲသိလား…..ငါကတစ်ခုလပ်ဖြစ်နေလို့လေ ..အနီးကပ်နေနေတဲ့သူတွေတောင်အထင်သေးနေကြတာလေ နင်လဲသိတယ်မဟုတ်လား…ကဲပါလေ..ဒါတွေထားလိုက်ပါ…နင်နဲ့လဲမဆိုင်ပါဘူး…ဒါပေမဲ့နင်သိထားဖို့က ငါလုပ်နေတာတွေက …လူတစ်ယောက်လုပ်သင့်လုပ်ထိုက်တာတွေကိုလုပ်နေတာ….ငါ့အကူအညီကို တကယ့်ကိုလိုအပ်နေသူတွေကိုကူညီပေးခဲ့တာ…ကူညီပေးခဲ့ကတည်းကလဲ သူတို့ဆီက ဘာတုံ့ပြန်မှုမျိုးကိုမှမမျှော်လင့်ခဲ့တူး….ငါ့အတွက်တော့ငါ့ပတ်ဝန်းကျင်ကလူတွေကလဲငါ့မိသားစုပဲ သူတို့လိုအပ်ရင် ကူညီအုံးမှာပဲ…အဲ့ဒီစိတ်ကိုနင်မပြောနဲ့ ငါကိုယ်တိုင်တောင်တားလို့မရဘူး ….အဲ့ဒီအတွက်ကြောင့် နင်ပူစရာမလိုဘူး….နင့်ဘဝကိုနင့်စိတ်ကြိုက်ရွေးချယ်သွားခဲ့တာကို ငါဘာမှမပြောခဲ့သလို…ငါ့ဘဝကိုလဲ နင်ပြောစရာမလိုဘူး….နင့်လမ်းနင်လျှောက်ပါ…နင့်ဘဝနင်တည်ဆောက်ပါ…ငါတို့နှစ်ယောက်ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သက်ပြီးတွေ့တာဒီတစ်ခါနောက်ဆုံးပဲ …ငါသွားပြီ ”

မေကျော့ရှင်းပြောပြီးတာနဲ့ နေရာကထထွက်ခဲ့လိုက်တယ်။

” ဟင်..မမ…မမဝေ…အေ…အေမီ ”

မေကျော့ရှင်းစားပွဲဝိုင်းကထလာလိုက်ပြီး လှည့်ထွက်လိုက်ချိန်မှာပဲ သူမတို့စားပွဲနဲ့ကျောချင်းကပ် စားပွဲမှာထိုင်နေကြတဲ့ မမဝေနဲ့အေမီ့ကိုတွေ့လိုက်ရတာမို့ ထိတ်လန့်တုန်လှုပ်ကာခေါ်လိုက်မိတယ်။စားပွဲဝိုင်းတွေကြားမှာ တစ်ပေသာသာမြင့်တဲ့အကာတွေနဲ့ ကာထားတာကြောင့် ဘေးကစားပွဲကို နှစ်ယောက်သားသတိမထားမိကြဘဲ စကားတွေပြောနေမိခဲ့ကြတာ။သေချာတာက သူမတို့နှစ်ယောက်ဝင်လာစဉ်က ဘေးစားပွဲမှာ မမဝေနဲ့အေမီတို့မရှိသေးဘူးဆိုတာပါပဲ။မေကျော့ရှင်း မျက်လုံးအပြူးသားနဲ့ခေါ်လိုက်မိပြီးတော့ အေမီတို့ထိုင်နေတဲ့စားပွဲဘေးမှာ ယောင်နနနဲ့ရပ်လိုက်မိတယ်။

ဇွဲညီထင်ကတော့ မေကျော့ရှင်းရဲ့အသံကြောင့် သူတို့စားပွဲဝိုင်းဘက်ကိုတစ်ချက်လှမ်းကြည့်ပြီး ပထမတော့အံ့ဩတုန်လှုပ်သွားတယ်။နောက်တော့ခပ်စူးစူးတစ်ချက်လှမ်းကြည့်ပြီး ဆိုင်ပြင်ကိုထွက်သွားခဲ့တယ်။ သူ့ပုံစံက နောက်ကိုတစ်ချက်လေးမှ လှည့်မကြည့်သလိုဂရုစိုက်တဲ့ဟန်လဲမပြခဲ့။မေကျော့ရှင်းမှာသာ ထူပူပြီးတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲကျန်နေခဲ့ရတာ။ အလုပ်ထွက်ခါနီးကျမှ သိက္ခာကျ နာမည်ပျက်ရမဲ့ အဖြစ်မျိုးကို အဖြစ်မခံနိုင်ဘူးလေ။

” ဟို..ဟို…အေ..အေမီတို့ဘယ်တုန်းကတည်းကရောက်နေတာလဲဟင်…မကျော့တို့ပြော..ပြောနေတာတွေကြားမှာပေါ့နော် ”

” ဟုတ်….ဟုတ်ကဲ့..ကြားပါတယ်မကျော့..အေမီတို့လဲအံဩပြီးတော့ နားထောင်နေခဲ့မိကြတာပါ…တောင်းပန်ပါတယ် ”

အေမီရဲ့စကားအဆုံးမှာမေကျော့ရှင်း ဒူးတွေပါညွှတ်ခွေကျမလိုဖြစ်သွားရတာမို့ အေမီ့ဘေးကခုံမှာ အမြန်ဝင်ထိုင်လိုက်ရတယ်။

” အဲ့..အဲ့ဒါကလေ ဘယ်လိုရှင်းပြရမလဲတောင် မ..မသိ ”

” နေပါအုံးကျော့…မင်ပြောတော့ မင်းခင်ပွန်းဟောင်းကနိုင်ငံခြားမှာဆို..ဘာလို့အမှန်တိုင်းမပြောပြခဲ့တာလဲ ..ဘာလဲဟင်…ကြည့်ရတာနှစ်ယောက်သားပြန်ဆက်သွယ်နေကြပုံပဲ…ဒီကိစ္စကို မနွေးရောသိရဲ့လား ”

သူမရဲ့စကားကိုဆုံးအောင်နားမထောင်ဘဲ ဝင်ပြီးဖြတ်ပြောလိုက်တဲ့ မမဝေကြောင့် မေကျော့ရှင်းအတော်လေးကိုစိတ်တိုသွားမိတယ်။စိတ်ကိုထိန်းလိုက်ပေမဲ့လည်း ဘယ်လိုမှထိန်းလို့မရတော့ဘဲဖြစ်သွားခဲ့တယ်။

“..နေ..နေပါအုံးမမဝေ ဘာတွေပြောနေတာလဲ …ကျော့တို့ကဘာမဟုတ်တာတွေလုပ်နေလို့လဲ..လူမြင်ကွင်းမှာစကားပြောနေကြတာလေ….”

” လူမြင်ကွင်းမှာစကားပြောတာ မှန်တယ်လေကျော့…ဒါပေမဲ့ မန်နေဂျာလေးက သူဋ္ဌေးသမီးနွေးနွေးချစ်နဲ့ချစ်သူတွေဆိုတာသိတယ်မဟုတ်လား….တကယ်ဆိုနှစ်ယောက်သား ဒီလိုမတွေ့သင့်ဘူးထင်တယ်…မင်းတို့နှစ်ယောက်က အရင်ကပတ်သက်ခဲ့ကြတယ်ဆိုတော့ပိုပြီးအနေအထိုင်ဆင်ခြင်သင့်တယ်လို့ထင်တာပဲ…ကျော့နေရာမှာ တို့သာဆိုရင် အလုပ်ကနေချက်ချင်းထွက်သွားမှာပဲ ….တော်ကြာတခြားသူတွေသာသိသွားကြည့်ပါလား ဘာတွေပြောကြမလဲ….ခင်ပွန်းဟောင်းဆီပြန်ကပ်ချင်တယ်လို့ပြောကြမှာပေါ့ ”

မမဝေရဲ့တစ်ဖက်သတ်ပြောစကားတွေကရင့်သီးလွန်းလှပေတယ်။မမဝေတစ်ယောက်ဟာဆိုရင်ဖြင့် သူမအပေါ် ရန်သူတစ်ယောက်လိုများ သဘောထားနေခဲ့သလားထင်ရအောင် အမှားတစ်ခုတွေ့တာနဲ့ ချိုးချိုးနှိမ်နှိမ်ကိုပြောတော့တာလေ။ မမဝေဆီမှာ အားနာတတ်ခြင်းဆိုတဲ့ လူမှုရေးအသိလည်းရှိပုံမရတာတော့ အသေအချာပါ။ မဆီမဆိုင်နဲ့ ဒေါသတွေထွက်နေပုံရတဲ့ မမဝေရဲ့ မျက်နှာကို မေကျော့ရှင်းကြည့်လိုက်မိပြီး

” ဟုတ်ပါတယ်… မမဝေ ပြောတာမှန်ပါတယ်…လူတစ်ဖက်သားကိုအထင်သေးတတ်ကြပြီး အတွေးတိမ်တဲ့လူမျိုးတွေက ဒီလိုပဲတွေးကြမယ်ဆိုတာ ကျော့လဲသိပြီးသားပါ …ဒါပေမဲ့ ကျော့မှာလဲအခြေအနေရှိတယ်လေ… အလုပ်ဆိုတာအခုရှာအခုရတာမဟုတ်တော့ထွက်ချင်တိုင်းထွက်လို့ဘယ်ဖြစ်မလဲ မမဝေရယ်….နောက်ပြီးတော့ ကျော့အလုပ်လုပ်နေတဲ့နေရာကို သူကနောက်မှရောက်လာခဲ့တာလေ…ကျော့ကဘာလို့အလျှော့ပေးပြီးထွက်သွားရမှာလဲ…ထွက်မဲ့ထွက် သူထွက်သွားရမှာလေ…..ပြီးတော့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပဲဟာ…. ကျော့ကတော့အလုပ်ကလွဲပြီးဘာကိုမှဂရုမစိုက်ဘူး စိတ်လဲမဝင်စားဘူး….အခုလဲ …ကျော့တို့တွေ အလုပ်ကိစ္စလေးရှိလို့အတူစကားပြောကြတယ်…စကားပြောရုံနဲ့လူမှုရေးဖောက်ပြန်တာ မဟုတ်ဘူးလေ…..သူ့မှာလဲသူ့အတွက်ရွေးချယ်ပြီးသား လူရှိသလို ကျော့မှာလဲ ရွေးချယ်ပြီးသားလူရှိပြီးသားပါ….အလုပ်ကထွက်ပြီးရင် အိမ်ကသဘောတူတဲ့သူနဲ့ ကျော့လဲလက်ထပ်တော့မှာပါ…ဒါကြောင့်မမဝေနဲ့အေမီတို့ ကလဲ …ကျော့တို့အကြောင်းကို မဟုတ်တာတွေမတွေးပါနဲ့..မပြောပါနဲ့..ကျော့ဘက်ကလူက ကျော့အကြောင်းကိုနားလည်ပေးတာမို့ ပြဿနာမရှိပေမဲ့…..မနွေးနွေးချစ်ရဲ့စိတ်ကိုတော့ ကျော့လဲမသိတာမို့ပါ …နောက်တစ်ချက်က ဒီနေ့ကစပြီး ကျော့အကြောင်းကို မဟုတ်မမှန်ပြောတဲ့သူမှန်သမျှကို … ကျော့ကသည်းခံနေမှာမဟုတ်တော့ပါဘူး ….အလုပ်ကထွက်ခါနီးမှဘယ်သူနဲ့မှလဲပြဿနာမဖြစ်ချင်ဘူး …ဒါကြောင့်မို့အေမီတို့ကိုလာပြောတာပါ….ပြန်ခွင့်ပြုကြပါအုံး….ကြုံကြိုက်တဲ့တစ်နေ့မှာ ကျွန်မအိမ်ထောင်ဖက်နဲ့လဲမိတ်ဆက်ပေးပါအုံးမယ်…ဒီရုံးကလူတွေထက်တော့မနိမ့်တာအသေအချာပါပဲ ….သွားခွင့်ပြုပါအုံး မမဝေ..အေမီ ”

မေကျော့ရှင်းပြောပြီးတာနဲ့ ထိုင်ခုံနေရာကနေ ဆတ်ခနဲထရပ်လိုက်ပြီး မျက်နှာထားတင်းတင်းနဲ့ထွက်ခဲ့လိုက်တယ်။မာနနဲ့ဒေါသစိတ်ကြောင့် ခြေလှမ်းတွေက မမှန်ချင်ဖြစ်နေပြီး အသားတွေတဆတ်ဆတ်တုန်နေဆဲဖြစ်တယ်။မေကျော့ရှင်းဆိုတဲ့ သူမရဲ့မကောင်းတဲ့အကျင့်က ဘေးပတ်ဝန်းကျင်ရဲ့တုံ့ပြန်မှုတွေကို ဥပေက္ခာမပြုနိင်ခြင်းပဲဖြစ်တယ်။ဒီစိတ်တွေကြောင့်ပဲ သူမဘဝတစ်လျှောက်လုံးမှာ မိတ်ဆွေရော၊ချစ်သူပါမမြဲခဲ့တာလို့ပြောရလေမလား။သနားတတ်တဲ့စိတ်၊မာနစိတ်၊ဆတ်ဆတ်ထိမခံတုံ့ပြန်တတ်တဲ့စိတ်။ ဒီစိတ်တွေကြောင့်ပဲ သူမဘဝကလဲ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကြားကနေ ရုန်းမထွက်နိုင်ဖြစ်နေခဲ့ရတာလေ။သနားတတ်တဲ့စိတ်ကြောင့် ကိုယ့်အခြေအနေကိုယ်မကြည့်ဘဲ လိုအပ်သူမှန်သမျှကိုကူညီပေးခဲ့တယ်။မာနစိတ်တွေများလွန်းပြန်တော့လည်း သည်းခံသင့်တဲ့ကိစ္စ၊မသိချင်ယောင်ဆောင်သင့်တဲ့ကိစ္စတွေကအစ သည်းခံမနေနိုင်ဘဲဆတ်ဆတ်ထိမခံ တုံ့ပြန်ခဲ့တယ်။တကယ်တော့သူမအဖြစ်က ဇွဲညီထင်ပြောခဲ့သလိုပါပဲ ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းပြီးကိုယ့်ကိုယ်ကိုနွံထဲဆွဲချနေခဲ့တာဆိုတာကိုလဲ ကိုယ်တိုင်သိသိနဲ့ ရုန်းမထွက်နိုင်ခဲ့ဘူးဖြစ်နေခဲ့တာလေ။အခုလဲ မခံချင်စိတ်တစ်ခုကြောင့် မပြောသင့်တာတွေရော ပြောသင့်တာတွေကိုပါပြောခဲ့မိပြန်လေပြီ။တကယ်လို့များ စပ်စပ်စုစုနိုင်လှတဲ့ အေမီတို့အဖွဲ့က သူမလက်ထပ်မဲ့အကြောင်းကိုထပ်မေးလာခဲ့ရင်တော့ ဘယ်လိုဖြေရှင်းရမယ်မသိတော့ပါ။ကျန်နေတဲ့အချိန်တစ်လက အမြန်ဆုံးကုန်ဆုံးပါစေလို့သာ ထိုင်ဆုတောင်းနေမှ ဖြစ်မဲ့ပုံမျိုးပါပေ။ဇွဲညီထင်နဲ့ပြန်ဆုံပြီးကတည်းက ပြဿနာပေါင်းစုံတက်နေတဲ့ သူမရဲ့ဘဝက မဘယ်တော့များမှအဆင်ပြေနိုင်မယ်မသိတော့ပါလေ။

~~~~ a~~~~~k~~~~~y~~~~~~~i~~~~~p~~~~h~~~~~~y~~~~~u~~~

” အိမ်ကိစ္စက အဆင်မပြေဘူးလား အန်တီ ”

” မပြေသေးပါဘူး သမီးရယ်..လူတွေကလေ … အဆင်မပြေမှန်းသိတော့ ပိုပြီးနှိမ်ချင်ကြတယ်….သူတို့အခေါ် ဗိုက်နာဈေး …အောက်ဈေးနဲ့လိုချင်ကြတာ..ပေါက်ဈေးမပေးချင်ကြဘူး….ပွဲစားတွေက ကြားထဲကနေဈေးနှိမ်ဝယ်ကြပြီး… တဆင့်ပြန်တင်ရောင်းနေကြတာလေ….ကြိုက်ရင်ရောင်း…မကြိုက်ရင်မရောင်းနဲ့ဆိုတာချည်းပဲ…ငွေလိုနေမှန်းသိလို့ပိုနှိမ်နေကြတာပေါ့ ….ဝယ်လက်ခေါ်လာပြီး…သူတို့ညှိတဲ့ဈေးမရရင် ဝယ်လက်ကိုကလော်ကမာတွေပြောကြတော့တာ… အဲ့ဒီတော့ပွဲကပျက်ပြန်ရော..တော်ရုံဈေးနှိမ်ရင်လဲ မပြောတော့ပါဘူး..အခုကလွန်လွန်းလို့ပါကွယ် …မဖြစ်သာလို့သာရောင်းရတာ မရောင်းချင်ဘူး ”

” ဒါဆိုလဲ အဲ့ဒီပွဲစားတွေနဲ့ဆက်မလုပ်နဲ့တော့အန်တီ…ကြီးကြီးတို့လဲ ပွဲစားလုပ်နေကြတာပါ..သူတို့မှာလဲ အဆက်အသွယ်တွေရှိကြတယ်…ဒီကပေါက်ဈေးကိုပြောပါ…အဲ့ဒီအတိုင်း ကျော့ပြောလိုက်မယ် ”

” သမီးရဲ့ကြီးကြီးကိုပြောတာလား ..ဖြစ်…ဖြစ်ပါ့မလားကွယ်..တော်..တော်ကြာအိမ်ရောင်းတဲ့ကိစ္စကို သဘောတူပါ့မလား ”

မိထွေးဖြစ်သူက စိုးရိမ်တကြီးနဲ့ပြောလာတာကြောင့် မေကျော့ရှင်းခေါင်းကိုအသာညိတ်ပြလိုက်ပြီး

” သဘောမတူစရာဘာရှိလဲအန်တီ…ဒီအိမ်နဲ့ဒီခြံကအမေ့လက်ထက်ပွားဆိုပေမဲ့ စီးပွားကအဖေပဲရှာခဲ့တာပဲဟာ..အခုကလဲ အဖေ့ကျန်းမာရေးအတွက်ရောင်းတာကိုသိနေတာပဲ..ဘာမှပြောမှာမဟုတ်ပါဘူး..ပြောလို့လဲမရဘူးလေ…ဘာဆိုင်တာမှတ်လို့လဲ….သူတို့ရောင်းပေးရင်သူတို့ပွဲခရမယ်…မရောင်းပေးရင်မရဘူး….ဒါပဲလေ….”

“‌အေး..အေးပါကွယ် …အဲ့ဒါဆို ပြန်ရင်အချက်အလက်တွေယူသွားလိုက်လေ ”

” ဟုတ်ကဲ့ အန်တီ…ကျော့ အဖေ့ကိုသွားကြည့်လိုက်အုံးမယ်နော် ”

မိထွေးဖြစ်သူကို ခေါင်းညိတ်ပြခဲ့လိုက်ပြီး ဖခင်ဖြစ်သူရှိရာအခန်းကို မေကျော့ရှင်းထွက်လာခဲ့လိုက်တယ်။

==a===k====y=====i====p==h==y===u==

အပိုင်း(၁၄)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၄)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

” အဖေ..သက်သာရဲ့လားဟင် … ”

” အင်း ..သက်သာပါတယ်ကွယ် ”

အဖေက မေကျော့ရှင်းရဲ့ မျက်နှာကို သေချာမကြည့်ဘဲနဲ့ ခပ်တိုးတိုးပြန်ဖြေတယ်။ မသိမသာလွှဲဖယ်ထားတဲ့ အဖေ့မျက်နှာကို မေကျော့ရှင်းစိုက်ကြည့်လိုက်မိပြီး

” အိမ်ရောင်းမယ်ဆိုလို့ စိတ်မကောင်းဖြစ်နေတာလား အဖေ..အဖေ့အဲ့ဒီလိုလုပ်နေရင် …အန်တီနဲ့ကလေးတွေလဲ စိတ်မကောင်းဖြစ်မှာပေါ့ အဖေရယ်…ပိုက်ဆံက ပြန်ရှာလို့ရပါတယ်…အဖေတို့အဆင်မပြေဖြစ်ချိန်မှာ သမီးမကူညီနိုင်လို့ တောင်းပန်ပါတယ် အဖေရယ်…..ဒီနေ့ကစပြီး အဖေနဲ့ ကလေးတွေကို ကူညီပေးနိုင်အောင် သမီးကြိုးစားပါ့မယ်…အရင်တုန်းက အဖေ့ကို ပစ်ထားခဲ့မိတာတွေအတွက်လဲ တောင်းပန်ပါတယ် အဖေ ”

အရိုးပြိုင်းပြိုင်းထနေတဲ့ အဖေ့ရဲ့လက်ကြမ်းကြမ်းကြီးတွေကို မေကျော့ရှင်းအသာဆုပ်ကိုင်းလိုက်ရင်းက တောင်းပန်စကားပြောလိုက်မိတယ်။ဒီအခါမှာ သူမကိုခပ်လွှဲလွှဲလုပ်ထားတဲ့ အဖေရဲ့မျက်နှာက သူမဘက်ကိုပြန်လှည့်လာခဲ့ပြီး

” အ ..အဖေကတောင်းပန်ရမှာပါ သမီးရယ် …ဆယ်နှစ်သာသာပဲရှိသေးတဲ့ သမီးလေးကို ..အဖေကစိမ်းကားခဲ့တာပါ…..အဖေကဥပေက္ခာပြုထားခဲ့မိတာပါ……သမီးက အဖေ့ကိုတစ်ခါမှ ဒုက္ခမပေးခဲ့လို့ တောင်းပန်စရာမလိုပါဘူး….အဖေကသာ အဖေတစ်ယောက်ရဲ့ တာဝန်တွေပျက်ကွက်ခဲ့လို့ တောင်းပန်ရမှာပါ…လူရယ်လို့သိတတ်ကတည်းက ဘယ်သူ့ကိုမှဒုက္ခမပေးဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ခဲ့တဲ့အဖေ့သမီးက ..သိပ်ကိုတော်တဲ့သူပါ…သမီးမှာ ဘာအမှားဘာအပြစ်မှမရှိပါဘူးသမီးရယ် ”

” အဖေရယ် ”

အဖေ့ဆီကနေ တစ်ခါမှ မကြားခဲ့ရဖူးတဲ့စကားတွေကို ကြားလိုက်ရတာမို့ မေကျော့ရှင်းရင်ထဲ တလှိုက်လှိုက်နဲ့ ဝမ်းနည်းလာပြီးငိုချလိုက်မိတော့တယ်။

~~~~a~~~k~~~y~~~~i~~~-p~~~~h~~~y ~~~~u~~~

ရုံးထဲစပြီးဝင်လာကတည်းက မေကျော့ရှင်းမျက်နှာကြောကိုတင်းထားပစ်လိုက်တယ်။ကိုယ်တိုင်က စိတ်ဖိစီးမှုတွေများနေတော့မျက်နှာကြောကလည်း အထူးတလည်တော့ တင်းနေစရာမလိုဘူး။

” အေမီရေ …စာရင်းတွေပြီးရင် ..မမဝေဆီလာပို့ထားပါ …ဒီနေ့ကစပြီး မန်နေဂျာရုံးခန်းထဲက မခေါ်ဘဲနဲ့ ဘယ်သူမှဝင်မသွားပါနဲ့ ….စာရင်းကိုင်အဖွဲ့က မိန်းကလေးတွေ ဇယာရှုပ်တယ်ဆိုတဲ့ အပြောမျိုးအပြောမခံနိုင်ဘူး ”

ခပ်စူးစူးထွက်ပေါ်လာတဲ့ မမဝေရဲ့အသံကြောင့် မေကျော့ရှင်းဆတ်ခနဲလှမ်းကြည့်လိုက်မိတယ်။ ဒီအခါ မျက်နှာထားရှုတင်းတင်းနဲ့ ရန်လိုသလိုလှမ်းကြည့်နေတဲ့ မမဝေကို တွေ့လိုက်ရတာမို့ ဘယ်လိုမှနားမလည်နိုင်ဘဲ ဖြစ်သွားရတယ်။မေကျော့ရှင်းဘေးမှာထိုင်နေတဲ့ ဝန်ထမ်းအသစ်လဲ မမဝေကိုကြည့်ပြီး လန့်နေပုံရတယ်။မေကျော့ရှင်းမှာ စိတ်ရှုပ်စိတ်ပျက်လှတာမို့ အကြည့်တွေကို လွှဲပစ်လိုက်ပြီး အလုပ်ကိုပဲ အာရုံစိုက်လိုက်တယ်။အလုပ်ကို အာရုံစိုက်နေတယ်ဆိုပေမဲ့ တစ်ချက်တစ်ချက်မှာတော့ မှန်နံရံခြားနေတဲ့နေရာဆီကို အကြည့်ရောက်သွားမိတယ်။ဒီအခါမှာ သူမထက်မျက်နှာကြောပိုတင်းနေတဲ့ မျက်နှာတစ်ခုကို တွေ့ရပြန်တယ်။

~~~~a~~~~k~~~y~~~~~i~~~~~p~~~h~~~y~~~u~~~

” ဒါကဘာသဘောလဲ မောင်…မောင်တို့အကြောင်းကို ချစ်ကို ဘာလို့မပြောရတာလဲဟင် ..အခုတော့ သူများပြောမှသိရတယ် ”

နွေးနွေးချစ်က လေသံပျော့လေးနဲ့မေးလိုက်တယ်။

” ဘာကိုပြောရမှာလဲ ချစ်….အထူးအထွေရှင်းပြစရာအကြောင်းမှ မရှိတာ…အခုလဲ သူအလုပ်ထွက်တော့မှာလေ… ဘာကိုရှင်းပြရမှာလဲ ”

ဇွဲညီထင်က လေသံခပ်အေးအေးနဲ့ ပြန်ပြောလိုက်တယ်။

” ဘာပဲဖြစ်ဖြစ်ပေါ့ မောင်ရယ်…မောင်တို့နှစ်ယောက် ပတ်သက်ခဲ့ဖူးကြတဲ့အကြောင်းကို ချစ်ကိုတော့ ပြောပြသင့်တယ်လေ ”

နွေးနွေးချစ်ရဲ့စကားကြောင့် ဇွဲညီထင်စိတ်ရှုပ်သွားရပြီး နွေးနွေးချစ်ကိုစိုက်ကြည့်လိုက်တယ်။

” ချစ်ပြောတာကို မောင်နားမလည်ဘူး ….. မေကျော့ရှင်းက မောင့်ရဲ့ဇနီးဟောင်းပါလို့ ဘာအကြောင်းကြောင့် ပြောရမှာလဲ ….ပြောလိုက်ရင်ရော ဘာတွေကောင်းသွားမလဲ …မောင်က အိမ်ထောင်ကွဲတစ်ခုလပ်တစ်ယောက်ပါလို့ ချစ်ကို ပြောခဲ့ပြီးသားလေ… အလကားနေရင်း ပြဿနာတက်အောင် … ပြီးခဲ့တဲ့ကိစ္စတွေကို ဘာလို့ရှင်းပြနေရမှာလဲ…မေကျော့ရှင်းလိုလူမျိုးကလဲ ဒီကုမ္ပဏီမှာကြာရှည်ဆက်လုပ်မှာမဟုတ်ဘူးဆိုတာသိလို့
…မောင့်ဘက်က ဘာမှမပြောခဲ့တာ…ပြောပြစရာရှင်းပြစရာလဲ ဘာအကြောင်းကိစ္စမှမရှိဘူးလေ… အခုလဲ မောင်တို့ကပတ်သက်နေကြတာမဟုတ်လို့ …အဲ့ဒီအတွက်လဲ ရှင်းပြနေမှာမဟုတ်ဘူး..ချစ်ကြိုက်သလို ဆုံးဖြတ်လို့ရတယ်… ”

ဇွဲညီထင်ရဲ့ အေးစက်စက်စကားသံတွေကြောင့် နွေးနွေးချစ်တစ်ယောက် အံလေးကိုမသိမသာကြိတ်လိုက်တယ်။

~~~~~a~~~~~k~~~y~~~~i~~~~~p~~~h~~~y~~~u~~~~

” ဒီလထဲပိုင်းထဲ အရောင်းအဝယ်တွေအေးနေတာတော့အမှန်ပဲ သမီး….ငွေကရှားတော့ လူတွေလဲဗိုက်နာတဲ့ အိမ်တွေပဲဝယ်နေကြတာ…”

ကြီးကြီးရဲ့ စကားကြောင့် မေကျော့ရှင်းစိတ်ဓါတ်ကျသွားမိတယ်။

” အဲ့ဒါဆို …ဘယ်လိုလုပ်ရမလဲကြီးကြီးရယ် … အိမ်ရောင်းပြီးမှ အဖေ့ကိုဆေးကုရမှာလေ ….ကျော့လဲမကြံတတ်တော့ဘူးရယ် ….ကျော့လစာထဲကခွဲပေးရင်လဲ စားဖို့လောက်ပဲရမယ်ထင်တယ်…အခုချိန်ဆေးဈေးတွေကလဲ တအားကြီးနေတာလေ ”

ကြီးကြီးကို အားကိုးတကြီးနဲ့ မေကျော့ရှင်းပြောလိုက်မိတယ်။

” ဒါဆိုရင် ကြီးကြီးအကြံပေးမယ် သမီး…သမီးတို့တွေ ငွေလိုနေမှန်းသိလို့ ကြီးကြီးလဲလိုရမယ်ရတော့ပြောထားတဲ့ကိစ္စပါ….ကြီးကြီးပြောထားတာတော့ အဆင်ပြေတယ်…သမီးတို့ဘက်ကစဉ်းစားဖို့ပဲလိုတယ် ”

” ဘာ…ဘာများလဲဟင်ကြီးကြီး…”

မေကျော့ရှင်းသိချင်လောကြီးစွာနဲ့မေးလိုက်မိတယ်။

” အင်း..ဒီလိုပါကွယ်….အိမ်ကလဲရောင်းထွက်ဖို့ ခက်နေတော့ ..ကြီးကြီးလဲ မောင်မြင့်လွင်ကို ပြောလိုက်တယ်လေ… ဟို …ကြီးကြီးကို တစ်မျိုးမထင်နဲ့နော်သမီး…. မောင်မြင့်လွင်လဲ အိမ်အရောင်းအဝယ်တွေဘာတွေလုပ်လို့ ပြောလိုက်တာပါ…..အဲ့ဒါ မောင့်မြင့်လွင်ကတော့ ပြောတယ်….ဒီတစ်လ နှစ်လအတွင်းမှာ ရောင်းမထွက်ခဲ့ရင် သူယူပေးပါမယ်တဲ့..ဒီကြာထဲသုံးဖို့ငွေကို သူစိုက်ထုတ်ပေးထားပါမယ်တဲ့လေ… ဒီတိုင်းကြီး ယူရမှခက်နေတယ်ဆိုရင်လဲ အိမ်အပေါင်စာချုပ်နဲ့ ပေးပါမယ်တဲ့….အတိုးမယူဘူးတဲ့သမီး ”

” ရှင် … ဒါ…ဒါကတော့ ”

ကြီးကြီးရဲ့စကားအဆုံးမှာ မေကျော့ရှင်းဘာပြောလို့ပြောရမှန်းမသိတော့ဘဲ ဆွံ့အသွားရတယ်။ကိုမြင့်လွင်နဲ့ မေကျော့ရှင်းက ကြီးကြီးတို့အိမ်မှာ သုံးလေးခါပဲဆုံဖူးပြီး စကားပြောဖူးတယ်ဆိုရုံပဲ သိကြတာ။ကိုမြင့်လွင်ဘက်ကနေ မင်္ဂလာကိစ္စကမ်းလှမ်းပြီးတဲ့နောက်မှာ တစ်ခါမှတောင်မဆုံဖြစ်တော့ဘူး။မဆုံရအောင်လဲ မေကျော့ရှင်းဘက်ကနေ ကြီးကြီးတို့အိမ်နဲ့အသွားအလာကိုဆင်ခြင်လိုက်တယ်လေ။ အခုတော့ ဒီလိုမျိုးအနေအထားကြီးမှာ ကိုမြင့်လွင်ဆီကငွေချေးရမယ်ဆိုတာက တစ်မျိုးကြီးဖြစ်နေတယ်။ကိုမြင့်လွင်ပုံစံက ဟော့ဟော့ရမ်းရမ်းပုံစံမျိုးမဟုတ်တာကို အကဲခတ်မိသလောက်ခတ်မိပါတယ်။ ကိုမြင့်လွင်က ကလေးတစ်ယောက်အဖေမုဆိုးဖိုဆိုပေမဲ့ ခန့်ညားတဲ့ရုပ်ရည်ရှိသလို အသက်အရွယ်ကလဲလေးဆယ်ကျော်ရုံပဲရှိသေးတာ။ပြီးတော့ ကိုယ်ပိုင်စီးပွားရေးတွေနဲ့ ငွေကြေးကလဲပြည့်စုံတော့ သူ့ကိုလိုချင်တဲ့ မိန်းမတွေဝိုင်းဝိုင်းလည်နေတာ လူတိုင်းသိတယ်။ဒီလိုလူမျိုးက မေကျော့ရှင်းကို စိတ်ဝင်စားတယ်ဆိုတာကို မေကျော့ရှင်းသိပ်တောင် မယုံချင်ဘူးလေ။ ကိုမြင့်လွင်ကမုဆိုးဖို၊ မေကျော့ရှင်းကတစ်ခုလပ်။ အခြေအနေချင်းမကွာဘူးလို့ထင်ရပေမဲ့ ငွေကြေးပိုင်ဆိုင်မှုကျတော့ အကွာကြီးကွာတယ်။ပြီးတော့ကိုမြင့်လွင် ဆိုတာက အနည်းဆုံးအိမ်လေးငါးလုံးလောက်တော့ ပိုင်ဆိုင်တဲ့သူ။ မေကျော့ရှင်းက တိုက်ခန်းတောင်ငှားမနေနိုင်လို့ အဆောင်ငှားနေရသူ။ကြိုက်တဲ့အပျိုချောချောလေးတွေကို ခေါင်းခေါက်ယူလို့ရတဲ့သူက မေကျော့ရှင်းကိုမှ သဘောကျလို့တဲ့လေ။ကြီးကြီးတို့အိမ်က ပြန်လာခဲ့တဲ့လမ်းတစ်လျှောက်မှာ မေကျော့ရှင်းရဲ့စိတ်တွေလေထဲမှာလွင့်မျောနေသလို ခံစားနေရတယ်။လူကလမ်းလျှောက်နေပေမဲ့ စိတ်တွေကဦးတည်ရာမဲ့ပြေးလွှားနေခဲ့တယ်။တစ်ချက်တစ်ချက်မှာလဲ ဖုန်းမက်ဆေ့ကနေတဆင့်ပို့ထားတဲ့ လိပ်စာနဲ့ ဖုန်းနံပတ်တစ်ခုကို အဓိပ္ပါယ်မဲ့ ထုတ်ကြည့်မိပြန်တယ်။

~~~a~~~k~~~y~~~i~~~~p ~~h~~~y~~~u~~~

ဘူးအပေါက်တစ်ရာကို ပိတ်လို့ရပေမဲ့ ပါးစပ်တစ်ပေါက်ကိုပိတ်လို့မရဘူးတဲ့။အခုကိစ္စမှာပါးစပ်နှစ်ပေါက်ဆိုတော့ ကိစ္စကပြီးပြီးပေါ့။ ဒီလောက် သတိပေးခဲ့တဲ့ကြားကနေ မေကျော့ရှင်းနဲ့ဇွဲညီထင်ရဲ့ အကြောင်းက ရုံးထဲမှာသတင်းသိုးသိုးသန့်သန့်ထွက်ပေါ်လာခဲ့တယ်။မေကျော့ရှင်းတို့အကြောင်းကို ကိုထူးမော်ပါသိသွားပြီဆိုကတည်းက မေကျော့ရှင်းစိတ်ထဲမှာ မမဝေတို့ကို အတော်လေးအထင်သေးသွားမိတော့တာ။ ဒီကိစ္စကို ထူးမော်ကို ပြောပြလိုက်ခြင်းအားဖြင့် မမဝေနဲ့ ကိုထူးမော်ကြားမှာ အခြေအနေတွေတိုးတက်ချင်လဲတိုးတက်လိမ့်မယ်။

ဒါပေမဲ့ တခြားသူတွေအတွက်ကတော့ ဘာအကျိုးမှမရှိဘဲအကျိုးမဲ့တဲ့လုပ်ရပ်ဆိုတာကိုသိသိနဲ့တမင်ကိုလုပ်ခဲ့ကြတာ။ဒီလိုစိတ်က ဘယ်လိုပြောရမလဲဆိုတော့ ကိုယ့်ကိုယ်ကိုမချစ်တဲ့စိတ်၊အလိုမကျနိုင်တဲ့စိတ်လို့ပဲပြောရမလာ။တစ်ခုခုဆို ကိုယ့်အနေအထားနဲ့လိုက်ယှဉ်ပြီး အငုံ့စိတ်ဖြစ်တာမျိုး။သူလိုလူကငါ့ထက်ဘာကိစ္စသာရတာလဲ။ငါ့လောက်မှမတော်၊ငါ့လောက်မှမတတ်ဘဲဆိုတဲ့ ငါစွဲစိတ်မျိုးလို့ပြောမလား။တကယ်တမ်းကတော့ အဲ့ဒီလိုလူမျိုးတွေက ကိုယ့်ဖြစ်တည်မှုကိုချစ်ရကောင်းမှန်းမသိ၊ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေကိုကိုယ်တိုင်အတွက် အသုံးမချဘဲ တစ်ပါးသူအတွက်အချိန်ကုန်ခံစိတ်အပင်းပန်းခံနေတာမျိုးလို့ပဲပြောရမယ်။အခုလဲပဲ မမဝေခမျာမေကျော့ရှင်းလိုတစ်ခုလပ်က သူအထင်ကြီးနေခဲ့တဲ့ယောကျ်ားတွေနဲ့ပတ်သက်နေခဲ့လို့စိတ်အစာမကြေဖြစ်နေတယ်လို့ပဲပြောရလေမလား။သူ့လိုမျိုးလှပပြီးဂုဏ်တင့်တဲ့ အပျိုကြီးမမကိုကျော်ပြီး တစ်ခုလပ်ကိုစိတ်ဝင်စားနေကြတော့ သူ့စိတ်ထဲမခံချိမခံသာဖြစ်နေတာ။ဒါကိုမေကျော့ရှင်းကနားလည်တယ်။နားလည်လို့လဲ တတ်နိုင်သမျှဘာမှမပြောဘဲနေခဲ့တယ်။ဒါပေမဲ့ အခုကိစ္စကတော့ဖြင့် မေကျော့ရှင်းမှာ သူဌေးမလေးနွေးနွေးချစ်နဲ့ မျက်နှာချင်းဆိုင်ဖို့ဖြစ်လာခဲ့လေပြီး။

” ထိုင်ပါ မကျော့….အထက်ကအမိန့်ကျလာလို့် မကျော့ကိုအားချင်းကြီးခေါ်လိုက်ရတာ တစ်ခုခုအဆင်မပြေများဖြစ်သွားရင်တောင်းပန်ပါတယ်မကျော့ ”

နွေးနွေးချစ်ရဲ့ကြိုဆိုပုံကတော့ ရင်ဝကိုဆီးကန်သလိုမျိုးမဟုတ်တာမို့ မေကျော့ရှင်းမသိမသာသက်ပြင်းချလိုက်မိတယ်။နွေးနွေးချစ်ဘက်က တစ်ခုခုပြောလာခဲ့ရင်လဲ မေကျော့ရှင်းမှာတုံ့ပြန်ဖို့ရာအင်အားမရှိသလိုဖြစ်နေခဲ့တယ်။အပြစ်မလုပ်ထားပါဘဲနဲ့ အပြစ်သားတစ်ယောက်ုလို ခံစားနေရတဲ့ ဒုက္ခကနေအမြန်ဆုံးကျွတ်လွတ်ချင်လွန်းလှပါပြီလေ။

” ဒီလိုပါ မကျော့….အထက်ကလဲ အမိန့်ကျလာတယ်လေ…မကျော့ကလဲ အလုပ်သစ်ကိုပြောင်းချင်နေတာဆိုတော့…. ဝန်ထမ်းသစ်ကိုဆယ့်ငါးရက်အတွင်းမှာ စားရင်းအင်းဖိုင်တွေအကုန်လက်လွှဲပေးဖို့ အမိန့်ကျလာလို့ပါ….နောက်ထပ်တစ်လမဟုတ်ဘဲဆယ့်ငါးရက်ပဲအလုပ်ဆင်းပေးရတော့မှာပါ မကျော့…ဪ…အလုပ်ကဆယ့်ငါးရက်ပဲဆင်းရမှာဆိုပေမဲ့ လစာကတော့အပြည့်ပေးမှာပါရှင်…ရုံးကိုကူညီပေးခဲ့တဲ့အတွက်လဲ အပိုဆုကြေးပါပေးအုံးမှာပါ…အဲ့ဒါလေးခေါ်ပြောတာပါ ”

သူဌေးမလေးနွေးနွေးချစ်ရဲ့ စကားပြီးဆုံးသွားတဲ့အခါမှ မေကျော့ရှင်းသက်ပြင်းကိုမသိမသာချလိုက်မိပြီး အသက်ကိုဝဝရှူရဲတော့တယ်။နွေးနွေးချစ်မှာ လူယဉ်ကျေးပီသလှစွာနဲ့ စကားလုံးလှလှလေးတွေနဲ့ သူမကိုအလုပ်ထုတ်လိုက်ခြင်းဖြစ်တယ်။တကယ်ဆို မေကျော့ရှင်းဘက်က အရင်အလုပ်ထွက်ခဲ့တာလေ။ဒါပေမဲ့ အခုတော့ မေကျော့ရှင်းအဖြစ်က အလုပ်ထုတ်ခံလိုက်ရသူနဲ့မခြားလှ။အခြေအနေမှန်ကိုရိပ်မိလိုက်တော့လဲ မေကျော့ရှင်းဘက်ကနေ ကိုယ့်သိက္ခာကိုယ်ပြန်ဆယ်ဖို့အတွက် မုသားစကားကိုပြောမိပြန်ပါတော့တယ်။

” ကျေားဇူးတင်ပါတယ်ရှင်…ကျော့လဲလက်ထပ်ဖိုအတွက်စီစဉ်နေတာမို့… အခုလိုနားချိန်ရသွားတော့ တကယ်အဆင်ပြေသွားတာပါမနွေး ”

မေကျော့ရှင်းခပ်တည်တည်နဲ့ပြောလိုက်တော့ နွေးနွေးချစ်က မျက်လုံးပြူးလေးတွေနဲ့မော့ကြည့်လာခဲ့ပြီး

” ဘယ်..ဘယ်လို ..မကျော့ကလက်ထပ်တော့မှာလား ”

” ဟုတ်..ဟုတ်ပါတယ် မနွေး…လူကြီးတွေစီစဉ်ပေးတဲ့သူပါ…လက်ထပ်တော့မယ်ဆိုပေမဲ့ …ဒီနှစ်ထဲတော့မဟုတ်သေးပါဘူး…ကျော့အဖေရဲ့ကျန်းမားရေးကြောင့် လက်ထပ်ပွဲကိုနောက်ဆုတ်ရမယ်ထင်တယ်…အဲ့ဒီကိစ္စတွေကို အလုပ်နားမှပဲစီစဉ်ကြဖို့ လုပ်ထားတာပါ ”

” ဟုတ်လား…ဘာပဲဖြစ်ဖြစ်ဂုဏ်ပြုပါတယ်နော်…မင်္ဂလာဖိတ်စာတော့ပို့ပေးပါအုံးမကျော့ရယ်….နွေးတို့လာဂုဏ်ပြုချင်လို့ပါ…နွေးနဲ့မောင်လဲ နှစ်ကုန်ရင်လက်ထပ်ကြတော့မှာလေ…နွေးတို့လက်ထပ်ရင်လဲမကျော့ကိုဖိတ်မယ်နော်…လာပြီးချီးမြှင့်ပေးပါအုံး ”

” ဟုတ်ကဲ့ပါ မနွေး…ဖိတ်ရင်လာမှာပါရှင် ”

မိန်းမသားနှစ်ယောက် မာနကိုယ်စီနဲ့မသိမသာတိုက်ခိုက်နေကြတာကို အချင်းချင်းစိတ်ထဲက သိနေကြပေမဲ့ မျက်နှာလေးတွေကတော့အစွမ်းကုန်ပြုံးထားကြလေတယ်။နေရာကနေ မေကျော့ရှင်းထပြန်ချိန်အထိ ဒီပွဲမှာ ဘယ်သူရှုံးပြီးဘယ်သူနိုင်လဲဆိုတာကို မေကျော့ရှင်းလဲမသိပါလေ။

~~~~a~~~~k~~~~y~~~~~i~~~~p~~~~h~~~~~~~y~~~~~u~~~~~~~~~

” မကျော့ကို ဘာပြောတာလဲဟင်…မကျော့တို့ပြဿနာဖြစ်ကြသေးတာလား ”

အနားကပ်လာပြီး ခပ်တိုးတိုးမေးလာတဲ့ အေမီ့ကို မေကျော့ရှင်းခပ်ပြုံးပြုံးပဲ မော့ကြည့်လိုက်ပြီးတော့

” ဪ…အေမီကပွဲစီစဉ်သူလား..ဘာလဲ…ပွဲဖြစ်ဖို့မျှော်လင့်နေတာလားဟင် …ဘာမှမဖြစ်ပါဘူး အေမီရယ်…မနွေးလိုမျိုး သိက္ခာရှိ…အဆင့်အတန်းရှိတဲ့မိန်းကလေးက … ဘယ်ပွဲကိုအဖြစ်ခံမှာလဲကွယ်..ပြီးခဲ့တဲ့အတိတ်ကိုပြဿနာရှာရအောင်လဲ သူကအသိကသိဉာဏ်မဲ့သူမှမဟုတ်တာပဲ..အလုပ်ကိစ္စခေါ်ပြောတာပါကွယ် ”

စာရေးမခြောက်ယောက်လုံးရှိနေတဲ့ အခန်းထဲမှာ မေကျော့ရှင်းမတိုးမကျယ်အသံလေးနဲ့ ပြောလိုက်တယ်။

” ဟုတ်လား..တော်ပါသေးရဲ့..အေမီကစိတ်ပူနေတာ…ဘာမှမဖြစ်လို့တော်သေးတာပေါ့…တကယ်တမ်းမကျော့အလုပ်ထွက်မယ်ဆိုတော့လဲ ဝမ်းနည်းသလိုပဲ…မကျော့ကိုလွမ်းနေတော့မှာပဲ…မကျော့ရဲ့မင်္ဂလာပွဲကိုတော့ အေမီတို့ကိုဖိတ်ရမယ်နော်…ဒါနဲ့ နေပါအုံး…အလုပ်မထွက်ခင်မှာ မကျော့ရဲ့သတို့သားလောင်းနဲ့မိတ်ဆက်ပေးသွားပါအုံး…မကျော့သာ ဒီလိုမိတ်ဆက်ပေးလိုက်ရင် ..မကျော့အကြောင်းကို အတင်းပြောနေကြသူတွေအားလုံးငြိမ်သွားကြလိမ့်မယ်သိလား…မိတ်ဆက်ပေးလိုက်စမ်းပါမကျော့ရယ် …အားလုံးငိုင်သွားအောင်လို့ ”

တတ်လဲတတ်နိုင်တဲ့အေမီပါ။သူမဟုတ်သလို၊သူမပြောသလိုနဲ့ အားလုံးကိုအရူးကွက်နင်းပြီး သူမကိုချောင်ပိတ်ဖမ်းဖို့ကြိုးစားနေတာလေ။ကြည့်ရတာ ဒီအစီအစဉ်က အေမီတစ်ယောက်တည်းရဲ့အကြံတော့မဖြစ်နိုင်။စီစဉ်အကြံပေးနေတဲ့ ဆရာမကြီးတော့ နောက်ကွယ်မှာရှိလိမ့်မယ်ထင်တယ်။အေမီလို ပေါ့ပေါ့တွေးပေါ့ပေါ့ပြောတတ်ပြီး အမှတ်မထားတတ်တဲ့သူက ဒီလောက်အထိမစဉ်းစားနိုင်ရာ။နောက်ဆုံးတော့လဲ စိတ်အခန့်မသင့်ဖြစ်နေကြသူချင်းမို့ မမဝေရဲ့စနက်တွေဆိုတာကို မေကျော့ရှင်းသဘောပေါက်နားလည်လိုက်တယ်။

” စိတ်ချပါအေမီ..တစ်ရက်တော့မိတ်ဆက်ပေးပါအုံးမယ်….အခုရက်ပိုင်းထဲတော့ မအားသေးလို့ သူနဲ့မတွေ့ဖြစ်လို့ပါ..တစ်ရက်လောက်တော့ သူ့ကိုလာကြိုခိုင်းလိုက်ပါ့မယ် ”

နောက်ပြဿာနာနောက်မှရှင်း လောလောဆယ်တော့ အေမီတို့ရဲ့အရှုပ်ထုပ်ပြဿနာကို မေကျော့ရှင်းခပ်မြန်မြန်ရှင်းပစ်လိုက်တယ်။

==a===k====y=====i====p==h==y===u==

အပိုင်း(၁၅)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၅)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

” ဘယ်လို ….အဲ့ဒီအပျိုကြီးကလဲ ဘာကြီးလဲ ..နင့်ကိုတမင်လိုက်တိုက်ခိုက်နေတာပဲ ..ကြည့်ရတာ ကိုထူးမော်က သူ့ကိုပြန်မကြိုက်လို့ နင့်ကိုဂျေဝင်နေတာပဲဟဲ့ ”

သူငယ်ချင်းဖြစ်တဲ့ မီမီခိုင်က အားမနာတမ်းပြောချလိုက်တယ်။

” သူဂျေဝင်တာက အရေးမကြီးဘူးဟယ်..ငါ့ကလဲ မခံချင်စိတ်နဲ့လက်လွန်ကြက်သွန်တွေလျှောက်ပြောခဲ့မိပြီ …ငါဘာလုပ်ရမလဲ မီခိုင် …ငါ့မှာ အဖေတို့အဆင်မပြေလို့ စိတ်ရှုပ်နေရပါတယ်ဆိုမှ ”

” အေးနော် ..အဲ့ဒီကိစ္စ နင်ဘယ်လိုလုပ်မှာလဲ …အလုပ်လဲနားရတော့မှာမဟုတ်လား….ဘာမှမပြောထားသလိုပုံစံနဲ့ရူးချင်ယောင်သာဆောင်နေလိုက်ပေါ့ဟယ် ”

မီမီခိုင်ရဲ့ စကားကြောင့် မေကျော့ရှင်းဟူးခနဲသက်ပြင်းချလိုက်မိတယ်။

” တကယ်တမ်းဆိုရင်တော့ ရူးချင်ယောင်လဲဆောင်စရာမလိုပါဘူးလေ..ကိုယ့်ထမင်းကိုယ်စားပြီးကိုယ့်ဘာသာအေးအေးဆေးဆေးနေလို့ရပါတယ်…သူတို့ကိုဘာမှလုပ်နေတာလဲမဟုတ်ဘူးလေ…ဒါပေမဲ့လဲ ဘယ်လိုပြောရမလဲဟယ်…မာနလေ..မာန…အဲ့ဒီမာနစိတ်ကြောင့်ခက်နေတာ..ငါ့ကိုအထင်သေးနေတဲ့ ဟိုတစ်ယောက်ကိုလဲ သူ့ထက်သာတဲ့သူဆိုပြီးပြချင်တယ်…ငါလိုလူအတွက်အလုပ်မရှားပါဘူးဆိုပြီးလဲ မာနပြချင်သေးတယ်…ငါ့ကိုကူညီပါဟယ် မီခိုင်ရယ် ”

” အေး..နင့်ကိုကူညီတာကဟုတ်ပါပြီ ..ဘယ်လိုကူညီရမှာလဲပြော ”

” ဟိုလေဟာ..နင့်ချစ်သူကို ငါ့ဘဲအဖြစ်ဟန်ဆောင်ပြီး ခေါ်သွားခွင့်ပြုပါနော် ..နော်် ”

” ဟယ်..အမယ်လေးရေ..ဒုက္ခ…နင်ကတော့နော် မလွယ်ဘူးပဲ…..ကဲပါလေ .. ငါကခွင့်ပြုပါတယ်နော်..ငါ့ကိုကိုကလဲ ငါပြောရင်လုပ်ပေးမှာပါ..ဒါပေမဲ့ ဇွဲညီထင်လိုလူလည်ပတ်ကားက ရိပ်မိသွားရင်ဘယ်လိုလုပ်မလဲ…ဇွဲညီထင်လိုလူလည်က နင့်အကြောင်းတွေကိုတောင် တစ်ပတ်အတွင်းမှာ ရအေင်စုံစမ်းနိုင်ခဲ့တာ နင်သိတယ်မဟုတ်လား ”

” ဟာ….မသိတော့ဘူး..အဲ့ဒီလောက်လဲ သူမသိနိုင်ပါဘူးဟာ…အရင်တုန်းကသူသိတယ်ဆိုတာက စိတ်ဝင်စားနေချိန်မို့ပါ..အခုက သူ့ချစ်သူနဲ့တောင်သူ့မှာအချိန်မရပါဘူး….ပြီးတော့လဲ မိတ်ဆက်ပေးမှာက သူ့ကိုတိုက်ရိုက်မိတ်ဆက်ပေးမှာမှမဟုတ်တာ …ငါ့အခန်းထဲကစီစီတီဗိအုပ်စုကိုပဲမိတ်ဆက်ပေးမှာ….မိတ်ဆက်တာကလဲရုံးဆင်းချိန်ခဏလေးပါဟယ်..နင်ကတစ်နေရာရာကစောင့်နေပေါ့ ”

” ကဲပါ မမကျော့ရယ် ..ဟုတ်ပါပြီး..ငါတို့ဘယ်နေ့လာခဲ့ရမလဲပြော ”

” ဟယ်..ကျေးဇူးပါပဲ သူငယ်ချင်းရယ်…ရုံးနောက်ဆုံးတက်တဲ့ရက်မှပဲလာခဲ့လေ…အဲ့ဒါဆို စကားအပိုတွေလဲ ပြောနေစရာမလိုတော့ဘူးပေါ့… ဖုန်းဆက်လိုက်မယ်ဟာ…ဒီရက်ပိုင်းထဲတော့ အဖေတို့အိမ်ကိစ္စတွေကြောင့် ငါအလုပ်များနေလို့ ”

သူငယ်ချင်းမီမီခိုင်ဆီကနေ ကတိစကားရတာနဲ့ မေကျော့ရှင်းစိတ်အေးလက်အေးနဲ့အဆောင်ကို ပြန်လာခဲ့လိုက်တယ်။အလုပ်က အရှုပ်ထုပ်အချို့ကို အနိုင်နဲ့ပိုင်းဖို့စီစဉ်ပြီးပြီမို့ အဖေတို့ကိစ္စတွေအဆင်ပြေအောင်လုပ်ဖို့ စဉ်းစားရပြန်တယ်။

~~~~a~~~~~k~~~~~y~~~~i~~~~~p~~~h~~~~~~y~~~~u~~~~

” ဘုတ် ”

“အမေ့ ”

” ဟင် …ဇွဲ…ဇွဲညီထင် ”

မျက်နှာချင်းဆိုင်မဆုံတာကြာပြီးဖြစ်တဲ့ ဇွဲညီထင်။ဆုံမဲ့ဆုံတော့လဲ အခန်းထောင့်ချိုးအကွေ့မှာ တည့်တည့်ကြီးဝင်တိုက်မိကြတာ။ဝင်တိုက်မိတဲ့အရှိန်ကြောင့်ဇွဲညီထင်က ဘာမှမဖြစ်ပေမဲ့ ခပ်သေးသေးခန္ဓာကိုယ်လေးနဲ့မေကျော့ရှင်းမှာ လက်ထဲကစက္ကူပုံးတွေရဲ့အလေးချိန်ကြောင့်ပါ ပစ်လဲကျသွားခဲ့ရတော့တယ်။ဒီလိုတော့လဲ ဇွဲညီထင်က သူမကိုပစ်ထားမသွားခဲ့ဘဲ ပြုတ်ကျသွားတဲ့ပစ္စည်းတွေကိုပြန်ကောက်ပေးနေတယ်။မျက်နှာကတော့ ပုတ်သိုးမာထန်နေတာပဲပေါ့။

” ဘာဖြစ်သွားသေးလဲ ..ထနိုင်လား ”

” ရတယ်..ဘာမှမဖြစ်ဘူး..ထနိုင်တယ် …ငါ့ဘာသာကောက်လိုက်မယ် ထားခဲ့လိုက် ”

မေးသူကလဲ အသံမာမာနဲ့မေးတော့ မေကျော့ရှင်းလဲအသံမာမာနဲ့ပြန်ဖြေလိုက်တယ်။တကယ်တမ်းက ခါးနားတစ်ဝိုက်အတော်လေးနာသွားတာကို မနည်းအံကြိတ်ထားရတာ။

” ဒါဆိုလဲ ပြီးရော ”

ရတယ်ဆိုတာနဲ့ ချက်ချင်းကျောခိုင်းထွက်သွားတဲ့ ဇွဲညီထင်ရဲ့နောက်ကျော့ပြင်ကိုကြည့်ပြီး မေကျော့ရှင်းအံကိုကြိတ်ထားလိုက်မိတယ်။ခါးနာတစ်ဝိုက်နာကျင်သွားပြီး မထနိုင်ပေမဲ့ လှမ်းခေါ်ဖို့ရန်လည်း စိတ်ကူးမရှိပါလေ။ကိုယ်သွားနေတဲ့လမ်းမှာ လဲကျတာလောက်ကတော့ ချက်ချင်းပြန်မထနိုင်ရင်လဲ အချိန်နည်းနည်းယူပြီး အားယူကာပြန်ထရုံပေါ့။ကျောခိုင်းသွားသူကို ဘာကြောင့်များအားကိုးနေရမှာတဲ့လဲ။ သူ့ဘာသာအလိုက်တသိ ပြန်လာရင်လဲ တစ်မျိုးပေါ့။

~~~~a~~~~k~~~~~y~~~~i~~~~p~~~~h~~~~~~~y~~~~~u~~~~~~~~~~~

” မောင်မြင့်လွင်ပြောတာလဲ နည်းလမ်းကျပါတယ်လေ…..နှုတ်တစ်ရာစာတစ်လုံးတဲ့ အခုလိုစာချုပ်အခိုင်အမာချုပ်လိုက်တော့လဲ …ငွေထုတ်ပေးရတဲ့မောင်မြင့်လွင်လဲ စိတ်အေးရတာပေါ့….”

” ဟာ ..မဟုတ်တာကြီးကြီးရယ်…ကျွန်တော့်အတွက်က စာချုပ်တွေဘာတွမလိုပါဘူး..ကိုယ့်လူတွေအချင်းချင်းပဲ ပြောစရာမှမလိုတာ….စိတ်ချပါ …စာချုပ်လုပ်ပြီဆိုတော့လဲ မကျော့တို့ဘက်ကပါ စိတ်အေးရအောင် ရှေ့နေ့ပါခေါ်ခဲ့တာပါ…အိမ်ရဲ့ပိုင်ဆိုင်မှုမူရင်းတွေကိုလဲ မယူထားပါဘူး ”

” ကျော့တို့ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်ကိုမြင့်လွင် ”

မေကျော့ရှင်းက ကိုမြင့်လွင်ကို ကျေးဇူးတင်စကားပြောလိုက်တယ်။ရောင်းမထွက်သေးတဲ့အိမ်ကို နောက်ဆုံးမှာတော့ ကြီးကြီးနဲ့ကိုမြင့်လွင်စီစဉ်ထားတဲ့အတိုင်း ကိုမြင့်လွင်ဆီမှာအပေါင်စာချုပ်ချုပ်လိုက်ရတော့တာလေ။အဖေကဆေးရုံတက်နေရပြီးမို့ ငွေကလဲအရေးတကြီးလိုနေပြီးလေ။

” ကျော့..သမီးခါးကဘာဖြစ်နေတာလဲ..ခါးနာနေတာလား..နေမကောင်းဘူးလား ”

ခါးလေးကိုင်းကိုင်းနဲ့ခပ်ယိုင်ယိုင်ဖြစ်နေတဲ့ကျော့ပုံစံကိုကြည့်ပြီး ကြီးကြီးကလှမ်းမေးလိုက်တယ်။

” နေကောင်းပါတယ်ကြီးကြီးရယ်…ဒီနေ့အလုပ်ထဲမှာချော်လဲလာလို့ ခါးနာနေလို့ပါ ”

” ချော်လဲလာတယ်ဟုတ်လား ..ဆေးခန်းမသွားဘူးလားကွယ် ”

” ဟုတ်ကဲ့ …အလုပ်ကအပြန်ဆေးခန်းဝင်မလို့ပဲ..ကြီးကြီးဆီက ဖုန်းရလို့ဒီကိုတန်းလာလိုက်တာ ”

” အို..ဒုက္ခပါပဲ..ကဲပါလေ..ဒီနေ့တော့ အဆောင်ကိုမပြန်နဲ့တော့ အိမ်မှာပဲအိပ်သွား….ဆေးခန်းကိုကြီးကြီးလိုက်ပို့ပေးမယ်..မောင်မြင့်လွင်ရေ မင်းညီမကိုဆေးခန်းပို့ချင်လို့ …မောင်မြင့်လွင်အပြန်မှာ ကြီးကြီးတို့လမ်းကြုံလိုက်ပါရစေနော်..အပြန်တော့ ကားငှားပြန်ပါ့မယ် ”

” ရပါတယ် ကြီးကြီး..အခုသွားကြမလား..တော်ကြာဆေးခန်းနောက်ကျနေလိမ့်မယ် ”

ကြီးကြီးနဲ့ကိုမြင့်လွင်ကိုကြည့်ပြီး မေကျော့ရှင်းဘာပြောလို့ပြောရမှန်းမသိတော့။အနားမှာလဲ မိထွေးဖြစ်သူအပါအဝင် အိမ်သားအချို့ပါရှိနေတာမို့ ခေါင်းကိုမသိမသာငုံ့ထားလိုက်မိတယ်။မိထွေးဖြစ်သူကတော့ အကြီးကောင်လေးလက်ကိုဆွဲပြီး ပြန်ဖို့ပြင်နေတယ်။မေကျော့ရှင်းမှာ နှုတ်ဆိတ်လျက်သားနဲ့ဆေးခန်းသွားဖို့ပြင်ဆင်ရတော့တယ်။

~~~~a~~~~~k~~~~~y~~~~i~~~~~~P~~~~~h~~~~~y~~~~u~~~~~~~~~~~

” သက်သာရဲ့လား သမီး ..အလုပ်သွားနိုင်ရဲ့လားကွယ်”

” ဟုတ်ကဲ့ ကြီးကြီး ..သက်သာပါတယ်..ဒီရက်ထဲအလုပ်ကအရေးကြိးနေလို့ မသွားလို့တော့မဖြစ်ဘူးကြီးကြီး ”

” ဟုတ်လား..အေးအေး…ဒါဆိုလဲ အဆာပြေစာတစ်ခုခုစားသွားနော် …ကြီးကြီးထမင်းကြော်ပေးထားတယ် ”

သဘောကောင်းနေတဲ့ ကြီးကြီးကိုကြည့်ပြီး မေကျော့ရှင်းမှာမယုံနိုင်အောင်ဖြစ်နေရတယ်။ဟိုအရင်တုန်းကဆိုရင် ကြီးကြီးတို့အိမ်မှာတစ်ရက်တလေလာအိပ်မိရင် ပန်းကန်တွေဆေးရလွန်းလို့ လက်တွေတောင်ပဲကြီးရေတွန့်တာ အစားအသောက်ဆိုတာက ပိုမှလျှံမှကျန်မှစားရတာ။ပိုဖို့ကျန်ဖို့ဆိုတာကလဲ ဆယ်ခါတစ်ခါမှကျန်တာမျိုး။ဒါကြောင့်လဲ ကြီးကြီးတို့အိမ်မှာညအိပ်မိတဲ့နေ့ဆိုရင် တစ်အိမ်လုံးကိုဝယ်ကျွေးနိုင်ရင်ကျွေး။မဟုတ်ရင်တော့ ကိုယ့်အိမ်ကိုယ်ပြန်စား။ဆိုင်မှာတိတ်တဆိတ်သွားဝယ်စား။ဒါကလဲ ကြီးကြီးတို့မိသားစုက သူမအပေါ် မသဒ္ဓါလို့မဟုတ်ဘဲ မိသားစုများလွန်းတာကြောင့် အစားအသောက်မလောက်ငှလို့ဖြစ်ရတာလို့ပဲ မေကျော့ရှင်းဘက်က တွေးခဲ့တာပါ

~~~~~a~~~~~k~~~~~~~y~~~~~i~~~~P~~~~~~h~~~~~y~~~~u~~~~~~~~

” ကျော့ရေ …ပြင်ဆင်လို့ပြီးပြီလား …မောင်မြင့်လွင်ရောက်နေပြီ ”

” ရှင်….ကို..ကိုမြင့်လွင်ကဘာကိစ္စလဲဟင်…ကျော့ကအလုပ်သွားရမှာပါ..အိမ်ကိစ္စမပြီးသေးရင် အန်တီကိုခေါ်လိုက်မယ်လေကြီးကြီး ”

ကြီးကြီးရဲ့စကားကိုနားမလည်တာမို့ မေကျော့ရှင်းခပ်ကြောင်ကြောင်နဲ့ပြန်ပြောလိုက်မိတယ်။

” မောင်မြင့်လွင်ရောက်နေတာက အိမ်ကိစ္စမဟုတ်ပါဘူးကွယ်…သမီးကိုအလုပ်လိုက်ပို့ပေးမလို့ပါ…သမီးကအငှားကားခေါ်ခိုင်းတာနဲ့ ကြီးကြီးလဲ မောင်မြင့်လွင်ကိုသတိရပြီး ခေါ်လိုက်တာ…တစ်ခါတည်းလေ့လာကြည့်လို့ရအောင်ပါကွယ်..သမီးသဘောမကျတော့လဲအပြတ်ငြင်းလိုက်ပေါ့..အားနာနေစရာမလိုပါဘူး ”

” ရှင် ”

အကွက်စေ့လှတဲ့ ကြီးကြီးရဲ့စီစဉ်မှုကြောင့် မေကျော့ရှင်းမှာ ဘာမှမတုံ့ပြန်နိုင်တော့ဘဲပါးစပ်အဟောင်းသားနဲ့သာဖြစ်နေရတော့တယ်။

~~~~~~a~~~k .~~~y~~~i~~~p ~~~~h~~~~y~~~u~~~

ကိုမြင့်လွင်က ကားမောင်းနေရင်းကနေ မသိမသာစောင်းငဲ့ကြည့်လာတယ်။နှစ်ယောက်သားအနေရခက်နေတာတော့အမှန်။ကိုမြင့်လွင်ကိုကြည့်ရတာလဲ စကားစဖို့ခက်နေသလို မေကျော့ရှင်းဘက်ကလည်းစကားစပြောဖို့ခက်နေမိတယ်။

” ဟို…ဟို…အားနာလိုက်တာကိုမြင့်လွင်ရယ်…ကျော့က ကားငှားသွားမလို့ပါ..ကြီးကြီးခေါ်လိုက်တာကို မသိလိုက်ဘူး ”

နောက်ဆုံးတော့လည်း ကိုယ်ကသူများကားလိုက်စီးသူမို့ မေကျော့ရှင်းဘက်ကပဲ စကားအရင်စပြောလိုက်တယ်။

” ရပါတယ်ဗျာ….ကိစ္စမရှိပါဘူး…အစ်ကိုလဲမုန့်ထွက်စားဖို့ထွက်လာတာလေ….ဒါနဲ့ လက်ရှိအလုပ်ကနေ…အလုပ်ထွက်တော့မယ်လို့ကြားတယ်…နောက်အလုပ်သစ်ကိုပြောင်းမလို့လား….တကယ်လို့များ အလုပ်ကထွက်ပြီးမှအလုပ်သစ်ရှာမယ်ဆိုရင်တော့ ….အစ်ကိုတို့အရောင်းဆိုင်တစ်ဆိုင်မှာ စာရင်းကိုင်လိုနေလို့ …အလုပ်ကမ်းလှမ်းပါရစေ မကျော့ရေ….အလုပ်မလျှောက်ခင် အရင်လာပြီးလေ့လာလို့ရပါတယ်ဗျာ ”

” ရှင် ..ဟုတ်..ဟုတ်ကဲ့..အလုပ်သစ်ကတော့မလျှောက်ရသေးပါဘူး…ကျော့ကိုအလုပ်ကမ်းလှမ်းတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုမြင့်လွင် …တစ်ရက်လောက်တော့လာလေ့လာကြည့်ပါမယ် ”

ကိုမြင့်လွင်လည်းပဲ ကျေးဇူးရှင်စာရင်းထဲဝင်သွားပြီမို့ အလိုက်သင့်ပြန်ဖြေလိုက်တယ်။ဘာပဲဖြစ်ဖြစ်ကိုယ်အကူအညီလိုအပ်နေချိန်မှာ အကူအညီပေးသူမှန်သမျှက ကိုယ့်ရဲ့ကျေးဇူးရှင်ပဲမဟုတ်လား။မေကျော့ရှင်းက ဘယ်လောက်ပဲအကြောတင်းတင်း ကိုယ့်အပေါ်ကျေးဇူးပြုဖူးသူကို ကျေးဇူးရှင်လို့သက်မှတ်ဖို့ဝန်မလေးသလို ကျေးဇူးတင်စကားပြောဖို့လဲဝန်လေးတတ်သူတစ်ယောက်မဟုတ်ပါဘူး။ ဒီလိုပဲ ကိုယ့်ဘက်ကမှားခဲ့ရင်လဲတောင်းပန်ဖို့ဝန်မလေးတတ်သလို အမှားကိုခံယူဖို့လဲဝန်မလေးခဲ့သူပါ။

” ဟိုလေ မကျော့….အစ်ကိုပြောထားတဲ့ကိစ္စကြောင့် စိတ်ထဲဝန်လေးနေတာမျိုး မဖြစ်ပါနဲ့နော်…ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့အလုပ်နဲ့ က သက်သက်စီပါ….ကြီးကြီးဆီမှာအစ်ကိုခွင့်တောင်းထားတဲ့ကိစ္စကြောင့်တော့ ကျန်တဲ့ကိစ္စတွေမှာ မကျော့အနေရခက်နေတာမျိုးမဖြစ်စေချင်ဘူး….အဲ့ဒီကိစ္စကိုတော့ မကျော့သေချာစဉ်းစားပြီးမှအဖြေပေးလို့ရပါတယ်….အစ်ကို့ကိုသေချာလေ့လာကြည့်လို့ရပါတယ်…လက်မခံနိုင်ရင်လဲပွင့်ပွင့်လင်းလင်းပြောလို့ရတယ်….ဒါပေမဲ့လက်ခံတာလက်မခံတာထက် …အစ်ကို့ကိုမိတ်ဆွေတစ်ယောက်အဖြစ်တော့လက်ခံပေးပါနော် မကျော့….”

” ဟုတ်ကဲ့..ဟုတ်ကဲ့ပါ …ကျော့လဲ ကိုမြင့်လွင်ကို မိတ်ဆွေတစ်ယောက်အဖြစ်လက်ခံပါတယ်…ကူညီပေးတာတွေအတွက်လဲကျေးဇူးတင်ပါတယ်ရှင် ”

” ဟော့ဗျာ….မကျော့ရယ်…မိတ်ဆွေတွေအဖြစ်လက်ခံတယ်လဲပြောသေးတယ်…..ကူညီပေးတာကိုကျေးဇူးတင်တယ်တဲ့လား….မိတ်ဆွေတွေကြားမှာကျေးဇူးစကားတွေမလို့ပါဘူး…တစ်ယောက်အကူအညီလိုရင်တစ်ယောက်ကကူညီပေးရမှာပေါ့ …အစ်ကိုလဲ မကျော့အရွယ်တုန်းက တော်တော်လေးတော့ ရုန်းကန်ခဲ့ရတယ်..ဆယ်နှစ်အတွင်းမှာ နာလန်ပြန်ထူနိုင်အောင် အတော်လေးကိုရုန်းထခဲ့ရတာ…မကျော့လဲကြိုးစားကြည့်ပါ….ကြိုးစားမှုတိုင်းအတွင် ပန်းတိုင်ဆိုတာရှိပါတယ် ”

မေကျော့ရှင်းတို့နှစ်ယောက်စကားတွေပြောနေကြရင်းနဲ့ စကားပြောရတာပိုပြီးအဆင်ပြေလာခဲ့တယ်။နှစ်ယောက်သား ခပ်စောစောကလိုမျိုး အနေရမခက်တော့။ သူ့အလုပ်အကြောင်း၊ ကိုယ့်အလုပ်အကြောင်းပြောကြရင်းနဲ့ ရင်းနှီးမှုတွေပါ နည်းနည်းပိုတိုးလာခဲ့တယ်။

နှစ်ယောက်သားစကားတွေပြောနေကြရင်းနဲ့ပဲ ရုံးရှေ့ကိုရောက်လာခဲ့တာမို့ မေကျော့ရှင်း ကားပေါ်ကဆင်းပြီး ကိုမြင့်လွင်ကိုနှုတ်ဆက်လိုက်တယ်။

” ကျေးဇူးတင်ပါတယ်နော် ကိုမြင့်လွင် ”

” ဟော့ဗျာ..ပြောပြန်ပြီလား …မလိုပါဘူး မကျော့ရယ်..ဒါနဲ့ ..ညနေ အလုပ်ဆင်းလို့ …မသက်သာရင်လဲ ဖုန်းဆက်လိုက်ပါ…အစ်ကိုလာကြိုပေးမယ်လေ…ခါးနာနေသေးရင် ကြီးကြီးတို့အိမ်ပဲပြန်လိုက်ပါ…အဆောင်မှာကဘယ်အဆင်ပြေမလဲ ..လိုအပ်ရင်ဖုန်းဆက်လိုက်နော် ”

” ဟုတ်ကဲ့ ကိုမြင့်လွင် ”

” ဟေ့ ..မမကျော့…ဧည့်သည်ခေါ်လာပြီလား ..အေမီတို့နဲ့မိတ်ဆက်ပေးလေ ”

” ဟယ် …အေမီ…မ…မဟုတ် ”

” မမကျော့က … ဒီတစ်ခါတော့ အားလုံးထက်သာတာကို ထုတ်ပြလိုက်ပြီပေါ့လေ ”

ကိုမြင့်လွင်ကို နှုတ်ဆက်စကားပြောနေချိန်မှာ အနားကိုရုတ်တရက်ရောက်လာပြီး ပြောလိုက်တဲ့အေမီ့အသံကြောင့် မေကျော့ရှင်းလန့်ဖျပ်တုန်ခိုက်သွားရကာ ရှင်းပြဖို့ကြိုးစားလိုက်ပေမဲ့ စကားဆုံးအောင်မပြောလိုက်ရပါ။ သွက်လွန်းလှတဲ့ အေမီက ကိုမြင့်လွင်ကိုပါ လှမ်းပြီးနှုတ်ဆက်လိုက်တယ်။

” မင်္ဂလာပါအစ်ကို မဆင်းတော့ဘူးလား ..ဆင်းခဲ့ပါအုံး ”

” ဟို…ဟိုအေမီ…မ…မဟုတ် ”

ကိုမြင့်လွင်ကလဲ မေကျော့ရှင်းနဲ့အေမီ့ကိုကြည့်နေတာမို့ မေကျော့ရှင်းမှာ ရှင်းပြဖို့ရန်အခက်တွေ့နေတယ်။

“ဟော … ခေါ်အုံးလေ မမကျော့ရဲ့…ဘာလဲ အေမီတို့နဲ့ အနေအထားကွာလို့ မခေါ်ချင်လို့လားဟင် ”

နောက်ဆုံးမှာတော့ အေမီ့ကဇွတ်ပြောနေတာမို့ ကိုမြင့်လွင်လဲ မနေသာတော့ဘဲ ကားပေါ်က ဆင်းလာခဲ့ရတော့တယ်။

===a===k====y=====i====p==h==y===u==

အပိုင်း(၁၆ )ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၆)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

“မင်္ဂလာပါ …တွေ့ရတာဝမ်းသာပါတယ်နော်ညီမ…..အစ်ကို့နာမည်ကမြင့်လွင်ပါ…ကြည့်ရတာ မကျော့နဲ့အလုပ်တူတူလုပ်တာထင်တယ် ”

အေမီရဲ့အမေးကို မေကျော့ရှင်း ရှင်းပြဖို့ရန်ကြိုးစာလိုက်ချိန်မှာပဲ ကိုမြင့်လွင်ကကားပေါ်ကဆင်းလာခဲ့ပြီး နှုတ်ဆက်လိုက်တာမို့ မေကျော့ရှင်းရဲ့စကားက လမ်းတစ်ဝက်မှာတင်ရပ်တန့်သွားရတော့တယ်။ကိုမြင့်လွင်က လူကြီးလူကောင်းလူယဉ်ကျေးပုံဟန်မျိုးနဲ့အေမီ့ကိုဆင်းပြီး နှုတ်ဆက်လိုက်တာမို့ မေကျော့ရှင်းစိတ်ထဲနည်းနည်းတော့ အပူလျော့သွားရတယ်။ရှပ်အင်္ကျီအဖြူစင်းလက်ရှည်နဲ့ကချင်ပုဆိုးအပြာကွက်ကိုဝတ်ဆင်ထားတဲ့ ကိုမြင့်လွင်ရဲ့ပုံဟန်က လူရည်သန့်တစ်ယောက်ရဲ့သွင်ပြင်မျိုးရှိရုံမကဘဲ ကြည့်ကောင်းတဲ့ရုပ်ရည်သွင်ပြင်လည်းရှိတာမို့ အေမီတော့အတော်လေးသဘောတွေ့သွားပုံရတယ်။ကိုမြင့်လွင်နဲ့စကားပြောနေတာလေပေးကိုဖြောင့်နေရောပဲ။

” ဒါနဲ့ ပြန်တော့မလို့လား…မကျော့က အလုပ်ဝင်ဖို့ကစောပါသေးတယ် …မုန့်လိုက်စားပါအုံးလား အစ်ကို…မမကျော့လာလေ..ဘာလဲ အေမီ့ကိုကျွေးရမှာစိုးလို့လား ”

အေမီက ရုံးဘေးက စားသောက်ဆိုင်ဆီကို အတင်းခေါ်နေတာမို့ ကိုမြင့်လွင်က မေကျော့ရှင်းကို ကြည့်လိုက်တယ်။မေကျော့ရှင်းမှာ ဘာပြောလို့ပြောရမှန်းမသိဘဲ ကြောင်တောင်တောင်နဲ့ရပ်နေမိတယ်။

” ဟော…ဟိုမှာ ..မမဝေတို့ပါရောက်လာပြီပဲ …ခေါ်လိုက်မယ်နော် မကျော့ ”

အေမီကသွက်လွန်းလှပါတယ်။မေကျော့ရှင်းတို့ စကားပြောနေကြချိန်မှာပဲ မမဝေနဲ့ကျန်တဲ့စာရေးမလေးနှစ်ယောက်လျှောက်လာတာကို မြင်လိုက်တော့ ချက်ချက်ကိုပြေးခေါ်လိုက်တာ။

” ဟို..အားနာလိုက်တာကိုမြင့်လွင်ရယ်…..ကျော့က ရုံးကို ကိုယ်ပိုင်ကားနဲ့တစ်ခါမှမလာဖူးတော့ ကောင်မလေးကအထင်လွဲနေတာထင်တယ်…..ကျော့ရှင်းပြဖို့ကြိုးစားပေမဲ့ စကားမပေါက်ဘူးဖြစ်နေတယ်လေ….ဟို…ကိုမြင့်လွင်သွားစရာရှိရင်သွားပါနော် … ရ အားနာစရာမလိုပါဘူး ”

ကိုမြင့်လွင်နားကို ကပ်ပြီး မေကျော့ရှင်းခပ်တိုးတိုးပြောလိုက်တယ်။

” ရပါတယ် မကျော့…အစ်ကိုလဲ သဘောပေါက်ပါတယ်….အဖြစ်မှန်ကိုတော့ မကျော့ပဲ နောက်မှရှင်းပြလိုက်ပေါ့…ဒီနေ့တော့ အားလုံးကိုအစ်ကိုမုန့်လိုက်ကျွေးပါ့မယ်…အပန်းကြီးတာမှမဟုတ်တာ …အမျိုးတွေလို့ပြောလိုက်ပေါ့ ”

ကိုမြင့်လွင်ရဲ့စကားကြောင့် မေကျော့ရှင်းဘယ်လိုအကြောင်းပြရမှန်းမသိတော့။အတင်းငြင်းလွှတ်ပြန်ရင်လဲ ရိုင်းရာကျအုံးမှာမို့ အနေရခက်ခက်နဲ့ပြုံးနေလိုက်ရတယ်။အေမီတို့အုပ်စုကတော့ မေကျော့ရှင်းတို့ရှိရာကိုပြန်လျှောက်လာနေကြတယ်။အရင်နေ့တွေက မခေါ်မပြောခဲ့တဲ့ မမဝေလဲ မပြုံးမရယ်မျက်နှာနဲ့အေမီ့ဘေးကပါလာခဲ့တယ်။

” မကျော့လာလေ..အစ်ကိုလာလေ…ဒီဆိုင်ကအစားအသောက်တွေ တအားစားကောင်းပါတယ်အစ်ကိုရဲ့ …”

အေမီကခပ်သွက်သွက်ပြောရင်း ‌သူမလက်ကိုလှမ်းဆွဲလိုက်တာမို့ မေကျော့ရှင်းရင်တုန်ပန်းတုန်နဲ့လိုက်ပါသွားရတော့တယ်။ကိုမြင့်လွင်ကတော့ ဧည့်သည်တွေနဲ့စကားပြောနေကြမို့ထင်ပါရဲ့။မမဝေတို့နဲ့နှုတ်ဆက်စကားပြောတာလဲ အဆင်ကိုပြေနေရောပဲ။မေကျော့ရှင်းမှာ သာ အေမီတို့အု့ပ်စုရဲ့ပေါက်ကရမေးခွန်းတွေကိုကြောက်လွန်းတာမို့ ရင်တွေတထိတ်ထိတ်ခုန်နေခဲ့ရတယ်။

~~~~a~~~~K~~~y~~~~~i~~~~p~~~~h~~~~y~~u~~~~~~~~~~~~~~~

” ဪ …..အဲ့ဒီမိနီမတ်ကိုသိတယ်လေ…အစ်ကို့ဆိုင်လား….ဒီလိုဆိုရင်..နောက်ကိုလာအားပေးမယ်နော် …အဲ့ဒီဆိုင်ကိုမမဝေတို့လဲ သိတယ်မဟုတ်လား ”

အေမီကခပ်သွက်သွက်လေးပြောရင်းက မမဝေတို့ကိုပါပြောလိုက်တယ်။မမဝေကတော့ မျက်နှာအမူအရာကခပ်အေးအေးပဲ။ကြည့်ရတာကိုမြင့်လွင်ကို အကဲခတ်နေပုံရတယ်။အခုချိန်ထိ အေမီတို့နှုတ်ကနေ မင်္ဂလာကိစ္စကိုမမေးတာမို့ မေကျော့ရှင်းစိတ်မအေးနိုင်ဘဲနေရာမှာဆက်ထိုင်နေရတယ်။

” ဟို….အေမီတို့ အေးဆေးစားနော်…မကျော့က စားရင်းတွေလုပ်ဖို့နောက်ကျနေမှာစိုးလို့ ရုံးပေါ်တက်တော့မယ်…အစ်ကိုမြင့်လွင်လဲ အလုပ်သွားရအုံးမှာမို့ပါ…ဒီဝိုင်းအတွက် မကျော့တို့ရှင်းသွားလိုက်မယ်နော် ”

သူတို့ဘက်က ဘာမှမပြောခင် မေကျော့ရှင်းဝင်ပြောလိုက်ပြီး စကားဝိုင်းကအမြန်ထဖို့ပြင်လိုက်တယ်။

” ဟင်..အစောကြီးရှိပါသေးတယ်မကျော့ရဲ့..လောလိုက်တာ…ဒီမှာ ဘာမှတောင်မမေးရသေးဘူး…”

” ဟင် ..ဘာ….ဘာမေးမှာလဲအေမီရဲ့…တို့တွေအချိန်မရတော့လို့ပါ …ခွင့်ပြုပါအုံးနော်မမဝေ ”

အေမီက နှုတ်သွက်နေပေမဲ့ မမဝေအပါအဝင်ကျန်တဲ့သူတွေကနှုတ်ဆိတ်နေကြတာမို့ တော်သေးတယ်ပဲပြောရမယ်။အထူးသဖြင့် မမဝေတစ်ယောက် ကိုမြင့်လွင်ကိုစကားအနည်းအကျဉ်းပြောပေမဲ့ မေကျော့ရှင်းကိုတော့ တိုက်ရိုက်စကားပြောတာမျိုးမရှိဘူး။

” ဟယ် …မန်နေဂျာကြီးပါလား ”

အေမီ့ရဲ့စကားသံကြောင့် မေကျော့ရှင်းကိုယ်လေးဆတ်ခနဲတုန်သွားရပြီး ဝင်ပေါက်ဆီကိုမသိမသာလှမ်းကြည့်လိုက်မိတယ်။ဒီအခါမှာ သူမတို့ရှိရာဝိုင်းဆီကိုလှမ်းကြည့်လာတဲ့ ဇွဲညီထင်နဲ့အကြည့်ချင်းဆုံသွားရတာမို့ မေကျော့ရှင်းမျက်နှာလေးကိုတင်းပစ်လိုက်ပြီး ကိုမြင့်လွင်ဘက်ကိုချက်ချင်းလှည့်ပစ်လိုက်တယ်။

” အစ်ကိုမြင့်လွင် …ကျော့တို့သွားကြမယ်လေ…”

ကိုမြင့်လွင်နားကို မေကျော့ရှင်း ကပ်ပြောလိုက်ရင်းက နေရာကနေထရပ်လိုက်တယ််။ဒီမှာကြာကြာဆက်ထိုင်နေလို့ မဖြစ်တော့ဘူးလေ။

” သွားမယ်လေ …အားလုံးပဲခွင့်ပြုပါအုံးခင်ဗျာ…ဒီဝိုင်းဖိုး ကျွန်တော်ရှင်းခဲ့လိုက်မယ်နော်..နောက်မှထပ်ဆုံကြတာပေါ့ ”

မေကျော့ရှင်းပြောလိုက်တာနဲ့ ကိုမြင့်လွင်လည်း အေမီနဲ့မမဝေတို့ကိုနှုတ်ဆက်လိုက်တယ်။

ဆိုင်ထဲကပြန်ထွက်လာကြချိန်မှာ ကိုမြင့်လွင်ဘေးနားကနေ မေကျော့ရှင်းတမင်လိုက်ကပ်လျှောက်ခဲ့လိုက််တယ်။လျှောက်နေရင်းကနေ ဇွဲညီထင်ကိုလဲ မသိမသာစောင်းငဲ့ကြည့်လိုက်တယ်။ဒီအခါ ဇွဲညီထင်ရဲ့အေးစက်စက်မျက်နှာပေးကိုတွေ့လိုက်ရတာမို့ အကြည့်တွေကို ကမန်းကတန်းလွှဲပစ်လိုက်ရတဘ်။ကိုမြင့်လွင်ကတော့ မေကျော့ရှင်းတစ်ယောက်တည်းဖြစ်ပျက်နေတာကို ဘာမှသိပုံမရဘဲ ခပ်အေးအေးအမူအရာနဲ့စကားတွေပြောနေခဲ့တယ်။

~~~~~a~~~~k~~~~y~~~i~~~~~p~~~~h~~~~~~~y~~~~~u~~~~~~~~~

” မမဝေဆိုတဲ့တစ်ယောက်က မကျော့နဲ့အဆင်မပြေဘူးထင်တယ်နော် …ကျန်တဲ့သူတွေကိုကြည့်ရတာလဲ သိပ်တော့အဆင်မပြေဘူး..ကြည့်ရတာ သူတို့တွေကြောင့်များ မကျော့အလုပ်ကထွက်လိုက်တာလားဟင် ”

” ရှင် ”

ကိုမြင့်လွင်ရဲ့စကားကြောင့် မေကျော့ရှင်းအံ့ဩသွားရတယ်။နာရီဝက်အတွင်းမှာပဲ လူကဲခတ်ကျွမ်းကျင်လှပုံက အားလုံးကိုကွက်တိပြောသွားနိုင်တာလေ။

” ဘာလဲ ..အစ်ကိုပြောတာတွေမှန်နေလို့ မကျော့ကအံ့ဩနေတာလား…အစ်ကိုကလူပေါင်းစုံနဲ့ဆက်ဆံခဲ့ဖူးတော့…လူကဲခတ်ကျွမ်းကျင်တယ်လေ…ဒီလိုနေရာမျိုးမှာ မကျော့အလုပ်လုပ်နေရတာ တော်တော်တော့မွန်းကျပ်မယ်ထင်တယ်..ဘာပဲဖြစ်ဖြစ်အလုပ်ထွက်လိုက်တာကောင်းပါတယ်လေ….မကျော့အလုပ်ထွက်မယ်လို့ …ကြီးကြီးကပြောတုန်းက ပြဿနာတစ်ခုခုရှိရမယ်လို့ ထင်တော့ထင်မိသား…ဘာပဲဖြစ်ဖြစ်လေ တစ်ခုခုအကူအညီလိုရင် အားမနာဘဲပြောလို့ရတယ်နော်မကျော့…ဥပမာ ရည်းစားအဖြစ်ဟန်ဆောင်ပေးရတာမျိုးဆိုရင်လဲ ရတယ်နော် …အားနာစရာမလိုဘူးဗျ..”

” ရှင် ”

ကိုမြင့်လွင်ရဲ့လူကဲခတ်ကျွမ်းကျင်လှပုံကတော့ တကယ့်ကိုဩချရမလောက်ပါပဲ။အချိန်ခဏလေးအတွင်းမှာပဲ မေကျော့ရှင်းတို့ကိစ္စတွေကို အားလုံးအကဲခတ်မိသဘောပေါက်မိသွားခဲ့ပုံရပါတယ်။

” ဘဝဆိုတာ ဒီလိုပါပဲမကျော့ရယ်…တချို့သောလူတွေကို အာရုံမစိုက်ဘဲဥပေက္ခာပြုထားလိုက်တာ အကောင်းဆုံးပါပဲ…ဒါပေမဲ့တစ်ဖက်သတ်မတရားခံရတာမျိုးဆိုရင်တော့ ပြန်ပြီးလက်တုံ့ပြန်တာမျိုးကလဲ မမှားပြန်ဘူး..ကဲပါလေ…မကျော့လဲ အလုပ်တက်ရတော့မယ်မဟုတ်လား..အစ်ကိုသွားတော့မယ်….အကူအညီလိုရင်ဖုန်းဆက်ပါ…မတရားခံရတာမျိုးဆိုရင် အစ်ကိုလဲလက်ပိုက်ကြည့်မနေတတ်ဘူးလေ…သွားပြီနော် ”

” ဟုတ်..ဟုတ်ကဲ့…ကျေးဇူးပါအစ်ကိုမြင့်လွင် ”

ပြုံးမြမြမျက်နှာထားနဲ့ အားလုံးကိုကွက်တိပြောသွားခဲ့ပြီး နှုတ်ဆက်ထွက်သွားခဲ့တဲ့ကိုမြင့်လွင်ရဲ့နောက်ကျော့ကို မေကျော့ရှင်း အဓိပ္ပါယ်မဲ့ငေးကြည့်နေခဲ့မိတယ်။

~~~~a~~~~k~~~~y~~~~i~~~~p~~~~h~~~~~~y~~~~~u~~~~

” မောင်… ဒီရက်ပိုင်းဘာတွေလုပ်နေတာလဲဟင် …ညနေအလုပ်ဆင်းရင် ပျောက်ပျောက်သွားတယ် ”

နွေးနွေးချစ်က ဇွဲညီထင်ကိုမျက်လုံးချင်းဆုံအောင် ကြည့်လိုက်ပြီး မေးလိုက်တယ်

” ကိစ္စလေးရှိလို့ အိမ်ကိုစောစောပြန်နေတာပါ ”

” ဟုတ်လား ….. အရေးကြီးတဲ့ကိစ္စလားမောင် …ချစ်ကူညီဖို့ လိုသေးလား ”

ချစ်သူနွေးနွေးချစ်ရဲ့ စကားကြောင့် ဇွဲညီထင်ခေါင်းကိုဆတ်ခနဲခါလိုက်ပြီး

” ရပါတယ်…..ကိစ္စကပြီးတော့မှာပါ …ပြီးတော့ ချစ်နဲ့လဲမဆိုင်တဲ့ကိစ္စပါ ….မောင့်ကို ချစ်ပြောစရာရှိနေတာလား ပြောလေ ”

” အင်း …ဟုတ်တယ်မောင်….အိမ်ကချစ်ရဲ့ အိမ်ထောင်ရေးအတွက် ပြောနေကြပြီမောင်….ကြည့်ရတာတော့ ချစ်ကိုအိမ်ထောင်ချပေးချင်နေကြတာထင်တယ်…အဖေ့မိတ်ဆွေရဲ့သားနဲ့ သဘောတူတယ်တဲ့လေ …ချစ်ကလဲ စဉ်းစားကြည့်ပါ့မယ်လို့ မယုတ်မလွန်ဖြေထားတယ်…. ဒါကြောင့် မောင့်ဘက်က အဆင်သင့်ဖြစ်ရင်ပြောပါနော် … မောင့်ကို အိမ်နဲ့မိတ်ဆက်ပေးချင်တယ် ”

ချစ်သူသူနွေးနွေးချစ်ရဲ့စကားကြောင့် ဇွဲညီထင်ငြိမ်သက်သွားခဲ့ရတယ်။

” မောင် …ဘာဖြစ်နေတာလဲဟင် ….ချစ်ပြောတာကို နားထောင်နေရဲ့လား…ချစ်တို့လက်ထပ်ဖို့ကိစ္စကို မောင်စိတ်မဝင်စားတာလား ….ဘာသဘောလဲမောင် ”

နွေးနွေးချစ်ဒေါသသံလေးနည်းနည်းပါပြီး မေးလိုက်တော့တယ်။

” ချစ်ရယ် အချိန်တွေအများကြီးကျန်သေးတာပဲ …ဘာလို့လောနေရတာလဲ …..ဒီဘက်ရုံးကိုပြောင်းတာ ခြောက်လတောင် မပြည့်သေးဘူးလေ … မောင်အလုပ်ကြိုးစားချင်သေးတယ် ”

” ဘာ ….ဘာပြောလိုက်တယ် မောင် ..အချိန်တွေအများကြီးကျန်သေးတယ်ဟုတ်လား ….ဘာလို့လောနေတာလဲ ဟုတ်လား ”

နွေးနွေးချစ်က အသံတုန်တုန်ယင်ယင်နဲ့ မေးလိုက်ရင်းက ထိုင်နေရာက ဆတ်ခနဲ ထရပ်လိုက်တယ်။ပြီးတော့ ဇွဲညီထင်ကို ခပ်စူးစူးစိုက်ကြည့်လိုက်ကာ

” ချစ်ပြန်တော့မယ်မောင် ”

အသံမာမာနဲ့နှုတ်ဆက်ပြီး နေရာက ထွက်သွားခဲ့တဲ့ ချစ်သူကို ဇွဲညီထင်မတားလိုက်မိဘဲ ခပ်ငေးငေးကြည့်နေခဲ့လိုက်တယ်။

~~~~~a~~~k~~~y~~~i~~~~p~~~h~~~y~~~u~~~~~

” တီတီ …တီတီ ”

ကားဟွန်းတီးသံကြောင့် မေကျော့ရှင်း ခြေလှမ်းတွေကို ခြေစုံရပ်ပြီး ကားဆီကို လှမ်းကြည့်လိုက်မိတယ်။

” ဟင် …မနွေးနွေးချစ်ပါလား ..ဘယ်သွားမလို့လဲဟင် ”

” မကျော့နဲ့ စကားပြောချင်လို့ မကျော့နောက်ကို လိုက်လာတာ ပါ …ခဏလောက် အချိန်ရတယ် မဟုတ်လား ”

နွေးနွေးချစ်ရဲ့တောင်းဆိုမှုကြောင့် မေကျော့ရှင်းစိတ်ထဲမှာ နည်းနည်းတော့စိတ်ရှုပ်ထွေးသွားရတယ်။ဖြစ်နိုင်ရင် ခေါင်းခါငြင်းဆန်လိုက်ချင်ပေမဲ့လဲ လူမှုရေးကိုငဲ့ကွက်ပြီး နွေးနွေးချစ်ရဲ့ကားပေါ်ကိုတက်ခဲ့လိုက်ရတော့တယ်။

~~–~~a~~~~k~~~y~~~i~~~p~~~h~~~y~~~~u~~~

” ဟိုရက်က မကျော့ရဲ့သတို့သားလောင်းက ရုံးကို လိုက်ပို့ပေးတယ်လို့ သတင်းကြားတယ် … တစ်ရက်ရက်တော့ နွေးတို့နဲ့လဲ မိတ်ဆက်ပေးပါအုံး ”

နွေးနွေးချစ်ရဲ့ အစပျိုးစကားကြောင့် မေကျော့ရှင်းသက်ပြင်းကို မသိမသာချလိုက်မိတယ်။

” ဟုတ်ကဲ့ပါ မနွေး… ကျော့လဲ သိပ်မအားလို့ လက်ထပ်ဖို့ကိစ္စကို နောက်ဆုတ်ရမလိုဖြစ်နေလို့… သူ့ကိုဘယ်သူနဲ့မှ မိတ်မဆက်ပေးနိုင်ဖြစ်နေတာပါ … ဟိုရက်ကပဲ အဖေ့ကိုဆေးရုံတင်လိုက်ရတယ်လေ ”

” ဟယ် …ဟုတ်လား …စိတ်မကောင်းလိုက်တာ မကျော့ရယ်….အန်ကယ်သက်သာရဲ့လားဟင်…ဟို …ဘာရောဂါများလဲရှင်….အကူအညီလိုရင်လဲ ပြောပါနော် မကျော့ ”

” ဟုတ်ကဲ့ ..ကျေးဇူးတင်ပါတယ် မနွေး … ဆေးရုံပေါ်မှာဆိုတော့ အဖေလဲနေရတာ အဆင်ပြေပါတယ် ….အဖေက အစာအိမ်နဲ့အူလမ်းကြောင်းမှာ ရောဂါဖြစ်တာပါ ..အခုတော့ ရောဂါရှာဖွေပြီး ကုသဖို့ကြိုးစားနေပါတယ် …ဒါနဲ့ ….ကျော့ကို ပြောစရာရှိတယ်ဆို မနွေး….ဘာကိစ္စများလဲ မသိဘူး ”

မေကျော့ရှင်းမေးလိုက်တော့ နွေးနွေးချစ်တစ်ယောက် ခဏတာမျှငြိမ်သက်သွားခဲ့ပြီးနောက် ခပ်စူးစူးမျက်ဝန်းတွေနဲ့မော့ကြည့်လာခဲ့ပြီး

” ဟို ..ဒီလိုပါ မကျော့…..ပြောရမှာတော့ အားနာပါတယ်ရှင် ….မကျော့အနေနဲ့ ကျွန်မရဲ့ချစ်သူဖြစ်တဲ့ ဇွဲညီထင်နဲ့ အဆက်အသွယ်မလုပ်ဖို့ ပြောချင်တာပါ….မောင်နဲ့မကျော့က တစ်ချိန်တုန်းက ပတ်သက်ခဲ့ဖူးကြတယ်ဆိုပေမဲ့ ..အခုချိန်မှာတော့ ဘာမှမဆိုင်တော့ဘူးလေ ..ပြီးတော့ မောင်နဲ့ ကျွန်မကလဲ မကြာခင်လက်ထပ်ကြတော့မှာကို သိတယ်မဟုတ်လား ”

” ရှင် ”

နွေးနွေးချစ်ဆီကနေ သူမလုံးဝမမျှော်လင့်ထားတဲ့ စကားကို ကြားလိုက်ရတာမို့ မေကျော့ရှင်း အံ့ဩမင်သက်သွားခဲ့ရတယ်။

” တကယ်လို့ အကူအညီလိုအပ်တယ်ဆိုရင်လဲ …နွေးဆီမှာ ပြောလို့ရပါတယ်..နွေကူညီပေးပါ့မယ်..မောင့်ဆီမှာအကူအညီမတောင်းပါနဲ့နော်…မိန်းမသားတစ်ယောက်ရဲ့ခံစားချက်ကို မကျော့လဲနားလည်မှာပါ…မကျော့မလိုချင်လို့စွန့်ပစ်ခဲ့အရာပါ…တန်ဖိုးတက်လာမှလိုချင်မက်မောစိတ်ပြန်ဖြစ်လာတာမျိုးကတော့ မဟုတ်သေးဘူးလေ …မကျော့ကပထမလူဖြစ်ခဲ့တယ်ဆိုပေမဲ့ …အခုလက်ရှိမှာတရားဝင်ပိုင်ဆိုင်သူကနွေးပါ…နွေးတို့ကြားမှာဝင်ပြီးမနှောက်ယှက်ဖို့ တောင်းပန်ချင်လို့ပါ ”

ပြောချင်တာတွေကိုပြောချသွားတဲ့နွေးနွေးချစ်ကိုကြည့်ပြီး မေကျော့ရှင်းမှာအံ့ဩပြီးရင်းအံ့ဩနေမိတော့တယ်။ပညာတတ်လူယဉ်ကျေးတစ်ယောက်လိုထင်ခဲ့မိတဲ့သူဆီကနေ အခုလိုမျိုးစကားတွေကိုကြားလိုက်ရတော့ ပြန်လည်ဖြေရှင်းပြောဆိုဖို့စကားလုံးတွေချက်ချင်းထွက်မလာခဲ့ဘဲ ဆွံအနေခဲ့မိတာ။သူပြောနေသမျှကိုနားထောင်နေပြီးမှ ပြန်ဖြေရှင်းဖို့အတွက်မေကျော့ရှင်းမနည်းအားယူလိုက်ရတယ်။

===a===k====y=====i====p==h==y===u==

အပိုင်း(၁၇)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၇)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

“နေ..နေပါအုံးမနွေး….မနွေးပြောနေတာတွေကို ကျော့နားမလည်လို့ပါ…ကျော့နဲ့ မန်နေဂျာရဲ့ကြားမှာဘာပတ်သက်မှုမှမရှိသလို….ဘာအကူအညီမှလဲမတောင်းခဲ့ဖူးပါဘူး…. မန်နေဂျာဆီမှာ ကျော့ကအကူအညီတောင်းတယ်လို့ မနွေးကိုဘယ်သူပြောလဲ…မန်နေဂျာက ကိုယ်တိုင်ပြောတာလား…….ဒီလိုမျိုး မဟုတ်တမ်းတရားပြောတာမျိုးကို ကျွန်မသည်းမခံနိုင်ဘူး…ဒီကိစ္စကိုမျက်နှာစုံညီဖြေရှင်းချင်တယ်… မန်နေဂျာဆီမှာမှ မဟုတ်ဘူး….ရုံးထဲကဘယ်သူ့ဆီမှာမှ အကူအညီမတောင်းခဲ့ဖူးပါဘူး..အကူအညီတောင်းစရာအကြောင်းလဲမရှိဘူးလေ…ပြီးတော့ ကျွန်မတို့ကြားမှာ ပတ်သက်စရာအကြောင်းလဲ လုံးဝမရှိဘူး…လူတွေကလေ ကိုယ်ထင်ရာကိုဇွတ်ပြောနေကြတာပဲ…ဒါတွေကြောင့်လဲ ဒီရုံးကနေကျွန်မထွက်လိုက်တာပါ….လူတစ်ယောက်ရဲ့ကိုယ်ကျင့်သိက္ခာကို သက်သက်အပုတ်ချစော်ကားနေတဲ့ နေရာမျိုးမှာ …ကျွန်မဆက်ပြီးမနေနိုင်လို့အလုပ်ထွက်လိုက်တာပါ….ဒါကိုတောင် ရအောင်ကို စော်ကားပြောဆိုချင်နေကြတုန်းပဲနော် ..ပြီးတော့လေ ကျွန်မတို့ဘာကြောင့်လမ်းခွဲခဲ့တယ်ဆိုတာကို သေချာမသိဘဲနဲ့ထင်ရာမှတ်ချက်တွေမပေးပါနဲ့ မနွေးနွေးချစ် ….သေချာတာက ဘာကြောင့်နဲ့ပဲလမ်းခွဲခဲ့ပါစေ…ကျွန်မဘက်ကတော့ပြန်ပြီးပတ်သက်စရာအကြောင်းမရှိဘူး…သူ့ဘက်ကတော့မသိဘူးနော်…ဇွတ်အတင်းကျွန်မကိုစကားတွေလိုက်ပြောနေတာကို ကျွန်မလဲရှောင်တိမ်းနေတာပဲလေ…ကျွန်မအတွက်ကတော့ ယောက်ျားတစ်ယောက်ကြောင့် အခုလိုပြောနေရတာတွေက အဆင်မပြေဘူး…သိက္ခာထိခိုက်ပါတယ် မနွေးနွေးချစ်…နောက်ကိုဒီလိုပြဿနာမျိုးမဖြေရှင်းရရင်ကောင်းမယ်….အကာင်းဆုံးအကြံဉာဏ်ပေးရမယ်ဆိုရင် ဘာကိစ္စမဆို ကိုယ့်လူကိုပဲပြောပါ..ပိုင်အောင်လုပ်ထားပါ …တခြားသူကိုလျှောက်ပြောတာက ကိုယ်တိုင်လဲစိတ်ဓါတ်သေးသိမ်တဲ့သူတစ်ယောက်ဖြစ်သွားသလို …အပြောခံရတဲသူအနေနဲ့လဲ အဆင်မပြေပါဘူး….ဟုတ်နေရင်တော့တစ်မျိုးပေါ့ ..မဟုတ်ဘဲအပြောခံရရင်တစ်ဖက်လူကသည်းခံနေရင်ကောင်းတယ်..သည်းမခံရင်ပြဿနာအကြီးအကျယ်တက်လိမ့်မယ်..အရှက်ကွဲကြလိမ့်မယ်….တကယ်လို့များတစ်ဖက်လူကခပ်ရွှဲရွှဲတုံ့ပြန်တတ်တဲ့သူဆိုရင်….အရွှဲ့တိုက်ပြီး ကိုယ့်လူကိုပါလုယူတတ်တယ်…..ကျွန်မကတော့လုယူမှာမဟုတ်ပါဘူးနော်…..အတင်းလုမှရတဲ့ပစ္စည်းမျိုးကိုလဲ သိက္ခာထိခိုက်လို့ မလိုချင်ပါဘူး…နောက်နောင်လဲ ပတ်သက်စရာအကြောင်းမရှိပါဘူး…ပြောလို့ပြီးပြီဆိုရင် ကျွန်မကိုပြန်ခွင့်ပြုပါအုံးမနွေးနွေးချစ်….”

မေကျော့ရှင်း ဒေါသသံမပါအောင်ထိန်းကာ ခပ်နာနာလေးပြောပစ်လိုက်ပြီး ပြန်ဖို့ရန်ပြင်လိုက်တယ်။နွေးနွေးချစ်တစ်ယောက်ကတော့ ဘာစကားမှပြန်မပြောနိုင်ဘဲ မျက်နှာကြီးနီကာအံကိုကြိတ်ထားခဲ့တယ်။

” ဪ..ဒါနဲ့…အလုပ်ဆင်းဖို့နှစ်ရက်ကျန်သေးတယ်နော်…မနွေးနွေးချစ်တို့ဘက်က အဆင်မပြေဘူးဆိုရင်လဲ အလုပ်ကိုကျွန်မ …မလာတော့ပါဘူး…လစာကိုအကောင့်ထဲထည့်ပေးလို့ရပါတယ်…ဒါမှမဟုတ်ဆင်းပေးရမယ်ဆိုရင်လဲဆင်းပေးပါ့မယ်…သေချာစဉ်းစားပြီးမှ စာပို့လိုက်ပါမနွေးနွေးချစ်….ကျွန်မပြန်တော့မယ် ”

” ခဏနေပါအုံး မမေကျော့ရှင်း ”

မေကျော့ရှင်းပြန်ဖို့ရင်ထလိုက်တဲ့အခါ နွေးနွေးချစ်က အေးစက်စက်လေသံနဲ့တားဆီးလိုက်တာမို့ နေရာမှာရပ်နေလိုက်ပြီး ပြောမဲ့စကားကိုစောင့်နေလိုက်တယ်။

” ဘာများပြောဖို့ကျန်နေသေးလို့လဲ မနွေးနွေးချစ် …ထပ်ပြီးတော့ စွပ်စွဲတဲ့စကားတွေပြောနေအုံးမယ်ဆိုရင်တော့ ကျွန်မသည်းခံနေတော့မှာမဟုတ်ပါဘူး ”

” သည်းခံတယ်ဟုတ်လား မမေကျော့ရှင်း…မမေကျော့ရှင်းပြောတာ… ကျွန်မလဲသိက္ခာတစ်စက်မှမရှိတော့တဲ့သူဖြစ်နေပါပြီ..ကျွန်မမေးစရာရှိလို့ပါ…မမေကျော့ရှင်းတို့ဘာလို့လမ်းခွဲလိုက်ကြတာလဲဆိုတာ ကျွန်မသိချင်တယ်….ဖြစ်နိုင်ရင်ကျွန်မကိုပြောပြပေးပါ ”

” ရှင် ”

နွေးနွေးချစ်ရဲ့အမေးကြောင့် မေကျော့ရှင်းဘာပြောရမှန်းမသိဘဲ ခဏတာမျှငိုင်ကျသွားရတယ်။

” ဒါ…ဒါက …ကျွန်မကိုမေးရမှာမဟုတ်ဘူး…မနွေးနွေးချစ်ရဲ့ချစ်သူကိုမေးရမှာလေ…မပြောပြနိုင်လို့အားနာပါတယ်…ကျွန်မကိုခွင့်ပြုပါအုံး ”

နွေးနွေးချစ်ရဲ့တားမြစ်မှုကို ကျောခိုင်းပြီး မေကျော့ရှင်း ခပ်မြန်မြန်ပဲထွက်လာခဲ့လိုက်တယ်။ရှေ့ဆက်ပြီး စကားတွေပြောနေမိရင် အတိတ်အကြောင်းတွေကပါလာတော့မယ်။ပြန်ပြောလို့လဲ ဘာအကျိုးမှမရှိတဲ့အခြေအနေမှာ သူမဘာကိုမှ မပြောချင်တော့ဘူး။သူ့ဘက်ကိုယ့်ဘက်အားနည်းချက်တွေကို မထိုးနှက်ချင်တော့ဘူး။အတိတ်ဟာအတိတ်မှာပဲ ရှိပါစေတော့လေ။

~~~~~a~~~~~k~~~~y~~i~~~~~p~~~~h~~~~~y~~~~~u~~~~~~

နှစ်ရက်အစား တစ်ရက်ပဲဆင်းပေးရတောမယ်ဆိုတော့ မေကျော့ရှင်းတို့ပျာယာခတ်ပြီပေါ့။ကျန်တဲ့စာရင်းတွေကိုအမြန်လက်စသပ်ပြီး ဝန်ထမ်းသစ်ဆီကိုအပ်ရတယ်။စားပွဲနေရာမှာကျန်နေတဲ့ သူမပိုင်ပစ္စည်းအတိုအထွာတွေကို အိတ်တစ်လုံးထဲအကုန်စုသိမ်းနဲ့တစ်ယောက်တည်းဗျာများနေတာ။

” ဒီနေ့နောက်ဆုံးဆင်းတာဆို ဟုတ်လားမကျော့..မနက်ဖြန်မှနောက်ဆုံးရက်မဟုတ်ဘူးလား ”

မေကျော့ရှင်း ပျာယာခတ်နေချိန်မှာ အေမီကအနားကိုရောက်လာပြီး မေးတာမို့ မဖြေချင်ဘဲဖြေရပြန်တယ်။

” အင်း…အားလုံးပြီးနေပြီလေ အေမီ.. အလုပ်လာလဲ ထိုင်နေရမှာဆိုတော့ ဒီနေ့ပဲအကုန်ရှင်းလိုက်တာလေ ”

” ဟုတ်လား…မင်္ဂလာဆောင်ရင်တော့ အေမီတို့ကိုဖိတ်အုံးနော် မကျော့ ”

” အင်း..ဖိတ်မှာပေါ့အေမီရယ်..နှစ်နှစ်နီးပါးလောက်အလုပ်အတူလုပ်ခဲ့ကြတဲ့သူတွေပဲလေ…တို့စိတ်ထဲမှာတော့ အားလုံးကိုမိတ်ဆွေတွေလို့ သဘောထားလို့ဖိတ်ဖြစ်အောင်ဖိတ်မှာပေါ့ …ဒါနဲ့ အေမီ့ကိုမေးရအုံးမယ်…တို့က မန်နေဂျာဆီမှာ အကူအညီတောင်းနေတယ်လို့များ ..လျှောက်ပြောမိသေးလား…တခြားသူတွေကိုမပြောရင်တောင် မနွေးနွေးချစ်ကိုများပြောလိုက်သေးလား…”

” ရှင် …မ…မပြောပါဘူး မကျော့..ဘာ…ဘာဖြစ်လို့လဲဟင် ”
မေကျော့ရှင်းမေးလိုက်တော့ အေမီကမျက်လုံးပြူးလေးနဲ့ပြန်မေးလာတယ်။

” ဪ…မနေ့ညနေတုန်းက မနွေးနွေးချစ်က အဲ့ဒီကိစ္စကိုခေါ်ပြောတယ်…အဲ့ဒါကြောင့် တို့လဲ မျက်နှာစုံညီရှင်းမယ်လို့ပြောလိုက်တယ်…မန်နေဂျာကိုကိုယ်တိုင်မေးမယ်လို့ပြောလိုက်တယ်လေ….သည်းခံတယ်ဆိုတာက အတိုင်းအတာရှိတယ် အေမီရဲ့..လိုတာထက်ပိုပြီးအစော်ကားခံနေရရင်တော့ အားလုံးကိုမျက်နှာစုံညီရှင်းပစ်ရမှာပေါ့….ဘယ်သူတွေပြောတယ်ဆိုတာကို …မနွေးနွေးချစ်က တို့ကိုမပြောပြပေမဲ့.. .သူ့ချစ်သူကမေးရင်တော့ဖြေမှာပေါ့…သူ့ချစ်သူစိတ်ဆိုးမှာကိုတော့ကြောက်ပုံရတယ်‌လေ….အဲ့ဒါ အေမီများပြောမိလားလို့ပါ ”

” ဟင့်အင်း…. အေမီမပြောပါဘူး မကျော့….အေမီနဲ့မနွေးနွေးချစ်နဲ့က တိုက်ရိုက်မှတွေ့ခွင့်မရှိတာ….ပြီးတော့ ….သူကလဲ ရုံးကိုနေ့တိုင်းလာတာမှမဟုတ်တာ..,,ဒီရက်ထဲ တွေ့တောင်မတွေ့မိပါဘူး ..ဒုက္ခပါပဲ မန်နေဂျာများ အထင်လွဲပြီးစိတ်တိုနေပြီလားမသိဘူး ”

အေမီက ပျာပျာသလဲငြင်းလိုက်ရင်းကနေ မမဝေကိုလှမ်းကြည့်လိုက်တယ်။မမဝေကတော့ မေကျော့ရှင်းပြောနေတာတွေကို ကြားပေမဲ့ ဘာမှမကြားသလိုပုံစံမျိုးနဲ့ သူ့အလုပ်သူလုပ်နေခဲ့တယ်။မမဝေပုံစံက မေကျော့ရှင်းလောက်ကိုလုံးဝဂရုမစိုက်ဘူးဆိုတဲ့ပုံစံမျိုး။သူ့ဘက်မှာသူဌေးရဲ့သမီးတစ်ယောက်လုံးရှိနေတယ်ဆိုတဲ့ပုံစံမျိုး။

” ဘယ်သူပဲပြောပြောကိစ္စမရှိပါဘူး…တို့လဲငြိမ်ခံမနေဘဲ ပြန်ရှင်းခဲ့တယ်လေ…လူတွေလဲ တကယ်နားမလည်တော့ပါဘူး…ယောက်ျားတွေကို စိတ်မဝင်စားဘူးဆိုပြီးအသံကောင်းဟစ်နေသူတွေကပဲ …ယောကျာ်းတစ်ယောက်အတွက်ကြောင့်နဲ့ ..သိက္ခာမရှိအဆင့်မရှိတဲ့လုပ်ရပ်တွေကို လုပ်နေကြတာနော်…လူကြားလို့တောင်မကောင်းဘူး…တို့မှာလဲ ရုံးရှေ့ကဖြတ်သွားတဲ့ဈေးသည်တွေတောင်မချန်ဘဲ ပေးစားခံနေရသလိုပါပဲလား…ဘာတွေဖြစ်နေမှန်းကိုမသိဘူး..လောကကြီးမှာ ယောကျ်ားတွေကိုစောင့်ကြည့်တဲ့အလုပ်ကလွဲရင် ကျန်တာတွေကိုစိတ်မဝင်စားဘူးထင်တယ်…အဲ့ဒီလိုလူတွေလဲရှိသေးတာပဲနော် ”

” ချွမ် ”

“ခွမ်း ”

” အမယ်လေး….. ”

မေကျော့ရှင်းခပ်ရွှဲ့ရွှဲ့ပြောနေချိန်မှာပဲ မမဝေရဲ့စားပွဲဆီကနေ ဖန်ခွက်ကျကွဲတဲ့အသံထွက်ပေါ်လာခဲ့တာမို့ အားလုံးအလန့်တကြားထအော်ပြီး မမဝေရှိရာဆီကိုလှမ်းကြည်လိုက်မိကြတယ်။မေကျော့ရှင်းတို့ကြည့်လိုက်ကြချိန်မှာ မမဝေတစ်ယောက် အံကိုကြိတ်ပြီးသူ့ခုံမှာမတ်မတ်တောင့်တောင့်ကြီးရပ်နေတာကိုတွေ့လိုက်ကြရတယ်။သူ့ဘေးမှာရှိနေတဲကော်ဖီခွက်ကတော့ စားပွဲအောက်ခြေနားမှာ ထက်ခြမ်းကွဲလျက်ကျနေခဲ့တယ်။

” မမဝေ…မမဝေ …ဘာ..ဘာဖြစ်သွားသေးလဲ…အပူလောင်သွားတာလားဟင် ”

အေမီတို့သုံးယောက်ကပျာပျာသလဲမေးလိုက်ကြရင်း မမဝေရဲ့စားပွဲဘေးနားကိုရောက်သွားကြတယ်။ဝန်ထမ်းသစ်ကတော့ စားရင်းတွေလုပ်နေရင်းကနေ ထိတ်လန့်နေတဲ့ မျက်လုံးတွေနဲ့လှမ်းကြည့်နေတယ်။မေကျော့ရှင်းကတော့ လုံးဝကိုဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်နေလိုက်တယ်လေ။သူများတကာကိုတောက်လျှောက်စော်ကားပြောဆိုနေခဲ့တုန်းကတော့ တစ်စက်လေးမှအပြုံးမပျက်ခဲ့သူကြီးက သူ့အလှည့်ကျတော့သရဲပူးသလိုလိုနတ်ပူးသလိုလိုနဲ့အံကြီးကြိတ်ပြီးမျက်လုံးတွေပြူးလို့ အသားတွေတောင်တဆတ်ဆတ်တုန်နေလေရဲ့။ကိုယ့်ထိမှနာတတ်သူတွေ။ကိုယ့်ကိုယ်ကိုယ်ပဲ တန်ဖိုးရှိတယ်ထင်ပြီး တခြားသူတွေကိုတော့ အထင်အမြင်သေးတတ်သူတွေ။ကိုယ်ကလွဲရင် အားလုံးကို အထင်သေးနေတတ်သူကြီးက အခုတော့လည်း မျက်နှာကြီးတစ်ခုလုံးနီရဲမို့ဖောင်းလို့ ဒေါသတွေထွက်နေခဲ့တယ်။

” မင်းစကားပြောတာတွေ အရမ်းလွန်နေပြီနော် မေကျော့ရှင်း .. သည်းခံနေလို့ အကောင်းထင်မနေနဲ့ ”

အေမီတို့ရဲ့ မေးသံတွေကို ဖောက်ထွက်ပြီး ခပ်စူးစူး ပေါ်ထွက်လာခဲ့တဲ့ မမဝေရဲ့ အသံ။မေကျော့ရှင်းက ကျောခိုင်းနေရာကနေ မမဝေရှိရာဘက်ကို ဆတ်ခနဲလှည့်ရပ်ပစ်လိုက်တယ်။

” ဘာကိုလွန်တာလဲ မမဝေ…ကျော့က မမဝေကို ပြောနေတာမဟုတ်ဘူးလေ … ဪ….မနွေးနွေးချစ်ကို မဟုတ်တမ်းတရားတွေ ပြောလိုက်တဲ့သူက မမဝေလား….ကျော့ကို မဟုတ်တာတွေ စွပ်စွဲပြောဆိုနေတုန်းကတော့ ဘာသံမှမထွက်ဘူးနော် ….အခုလို တစ်ခါလောက် အပြောခံလိုက်ရတော့ ကိုယ်ချင်းစာတတ်သွားပြီးလား မမဝေ ”

” တော်စမ်း မေကျော့ရှင်း ..မင်းစကားပြောတာတွေ အရမ်းရိုင်းတယ်…အဆင့်အတန်းမရှိဘူး ”

” ဟုတ်ပါတယ် မမဝေ … ကျော့ပြောတာတွေက အရမ်းရိုင်းပါတယ် …အဆင့်အတန်းမရှိဘူးဆိုတာလဲမှန်ပါတယ်…. ကျော့ဘဝမှာ ဒီလိုမျိုးအဆင့်အတန်းမရှိတဲ့စကားမျိုးတွေကို ဒီတစ်ခါပထမဆုံးပြောဖူးတာပါ….ကျော့လေဆယ်တန်းကျောင်းသူဘဝကတည်းက လမ်းဘေးစတိုးဆိုင်တွေနဲ့ လူစုံတဲ့ကုန်တိုက်တွေမှာပါ အလုပ်လုပ်လာခဲ့ပေမဲ့….ဒီမှာလိုမျိုး အဆင့်အတန်းမရှိပေါက်လွှတ်ပဲစားတစ်ခါမှ အပြောမခံခဲ့ရဖူးဘူး…အခုကျမှပဲ မကြားဖူးတာတွေကြားရ…မကြုံဖူးတာတွေကြုံရနဲ့ လူလဲ သိက္ခာကိုတစ်ပြားဖိုးမှ မရှိတော့သလိုပဲ…ကျွန်မက တစ်ခုလပ်ပါလို့ ပြောလိုက်မိတဲ့နေ့ကစလို့ ….ယောက်ျားတွေကို မြူဆွယ်နေတယ်လို့ အတင်းပြောခံခဲ့ရတယ်……တစ်ခုလပ်ဆိုတာ မိန်းပျက်မဟုတ်ဘူးနော်… ရွေးချယ်မှုမှားခဲ့လို့ တစ်ခုလပ်ဖြစ်ခဲ့ရတာ…လူတိုင်းလိုလို တစ်ခုလပ် ဘဝရောက်နိုင်တာကို မမေ့ပါနဲ့မမဝေ…..ငါကတော့ မိန်းမကောင်း မိန်းမမြတ်ပဲ … ဘယ်တော့မှ အိမ်ထောင်အကွဲမခံဘူးဆိုပြီး …စကားကြီးစကားကျယ်တွေမပြောမိစေနဲ့…. ယောကျာ်းတွေကလေ … သူတို့မကြိုက်တော့ဘူးဆိုရင်… တစ်စက္ကန့်လေးတောင် သည်းခံနေနိုင်ကြတဲ့သူမျိုးတွေ မဟုတ်ဘူး…. ပြောတာကိုမယုံရင် ဝေးဝေးလံလံမကြည့်နဲ့…ကိုယ်တိုင်ရဲ့အချစ်ရေးကိုသာ ပြန်ကြည့်လိုက်ပါ မမဝေ ”

” ဘာ…ဘာပြောတယ် …မင်းဘာပြောလိုက်တယ် မေကျော့ရှင်း ”

မေကျော့ရှင်းရဲ့စကားက မမဝေရဲ့အရှိုက်ကိုထိသွားတယ်ထင်ပါရဲ့။ မမဝေဒေါသအကြီးအကျယ်ထွက်သွားခဲ့တယ်။နေရာကနေ ဝုန်းခနဲတိုးထွက်လာခဲ့ပြီး မေကျော့ရှင်းရှိရာဆီကို လျှောက်လှမ်းလာခဲ့တယ်။

” ဘာတွေဖြစ်နေကြတာလဲ …..ကျွန်တော့်အခန်းထဲကပါ အသံတွေကြားနေရတယ် ”

အသံနဲ့အတူရုတ်တရက်ဝင်ရောက်လာခဲ့သူက ဇွဲညီထင်ဖြစ်တယ်။ဇွဲညီထင်ကိုမြင်လိုက်ရတော့ မမဝေရဲ့ခြေလှမ်းတွေရပ်တန့်သွားခဲ့တယ်။ဇွဲညီထင်က အခန်းထဲကိုသေချာအကဲခတ်ကြည့်လိုက်ပြီး အခြေအနေကိုနည်းနည်းရိပ်စားမိသွားပုံရတယ်။ဇွဲညီထင်ရဲ့မျက်နှာမှာစိတ်တိုစိတ်ရှုပ်တဲ့အမူအရာတွေထင်းခနဲပေါ်သွားခဲ့တယ်။ဇွဲညီထင်အားလုံးကိုလှမ်းကြည့်ပြီး မေကျော့ရှင်းရှိရာဆီကို ခြေလှမ်းကျဲကြီးတွေနဲ့လျှောက်သွားလိုက်တယ်။

” ဘာတွေဖြစ်နေတာလဲ …..ဒီနေ့တစ်ရက်ပဲ ဆင်းရတော့မှာလေ … ဘာလို့ စကားအပိုတွေပြောနေတာလဲ ….ပစ္စည်းတွေသိမ်းလိုက်တော့ …ပြန်ပို့ပေးမယ် ”

ဇွဲညီထင်ကအခြေအနေကိုရိပ်စားမိသွားတာနဲ့ ဘယ်သူ့မျက်နှာကိုမှမကြည့်တော့ဘဲ
မေကျော့ရှင်းရဲ့ စားပွဲပေါ်က ပစ္စည်းတွေကို ကောက်ယူသိမ်းပေးလိုက်ရင်းက ပြောလိုက်တယ်။

” နင် …ငါ့ပစ္စည်းတွေကိုမထိနဲ့ …….ငါ့နားကိုလဲမလာခဲ့နဲ့ …သွားတော့…အခုချက်ချင်းထွက်သား ….ငါက အလုပ်လာလုပ်တာ ….ဘာလို့ ပြန်ရမှာလဲ ”

ဇွဲညီထင်ကိုအားလုံးကဝိုင်းကြည့်နေကြတာမို့လို့ မေကျော့ရှင်းဒေါသသံလေးနဲ့ပြောလိုက်တယ်။တစ်ချိန်လုံးတင်းမာနေခဲ့တဲ့သူမရဲ့စိတ်တွေကလဲ ဇွဲညီထင်ကိုတွေ့လိုက်ရတဲ့အခါမှပဲ ဝမ်းနည်းလာသလိုလို၊နာကြည်းမိသလိုလိုခံစားလာရပြီး မျက်လုံးအိမ်ထဲမှာမျက်ရည်တွေပါရစ်ဝဲလာခဲ့တော့တယ်။ဇွဲညီထင်ကတော့ သူမပြောနေတာကိုလုံးဝဂရုမစိုက်ဘဲ သူမရဲ့လက်တော့ကို ဘေးအိတ်ထဲကို ယူထည့်လိုက်တယ်။

မမဝေတို့ တစ်အုပ်စုလုံး ဇွဲညီထင်ကိုကြည့်ပြီး ကြောင်အမ်းဆွံ့အနေခဲ့ကြတယ်။ဒီအချိန်မှာပဲ အခန်းတံခါးတွန်းဖွင့်သံကိုကြားလိုက်ရပြီး ဒေါသသံစူးစူးတစ်ခုကိုအားလုံးကြားလိုက်ကြရတယ်။

” မောင် .. အဲ့ဒါဘာလုပ်နေတာလဲ ”

နွေးနွေးချစ်က ဇွဲညီထင်နဲ့မေကျော့ရှင်းကို ဒေါသမျက်လုံးတွေနဲ့လှမ်းကြည့်ပြီး မေးလိုက်တယ်။မေးလိုက်ရင်းကနေ အခန်းထဲကိုခြေသံပြင်းပြင်းနဲ့လျှောက်ဝင်လာခဲ့တယ်။ပြီးတော့ မေကျော့ရှင်းနဲ့ မျက်နှာချင်းဆိုင်မှာရပ်လိုက်ကာ လက်တစ်ဖက်ကို လေထဲမြှောက်ပစ်လိုက်ပြီး မေကျော့ရှင်းရဲ့ ပါးပြင်ကို ရိုXက်ချပစ်လိုက်တယ်။

” ဖြန်း ”

” ပြောတော့ ဘာမှမပတ်သက်ဘူးဆို…ပတ်သက်စရာအကြောင်းလဲမရှိဘူးဆို …အခုတော့လဲ … လူတွေရှိနေတာတောင် ဂရုမစိုက်တော့ပါလားမမေကျော်ရှင်းရဲ့ ”

မပြောမဆိုနဲ့ရိုက်ချပစ်လိုက်တဲ့ နွေးနွေးချစ်ရဲ့အပြုအမူကြောင့် ဇွဲညီထင်အပါအဝင် အားလုံးကြက်သေသေကာ ကြောင်ကြည့်နေခဲ့ကြတယ်။

မေကျော့ရှင်းမှာ မထင်မှတ်ထားဘဲ ပါးရို**က်ခံလိုက်ရတာမို့ အရှိန်မထိန်းနိုင်တော့ဘဲ နောက်ကခုံပေါ်ကို ယိုင်လဲကျသွားခဲ့ရတယ်။

===a===k====y=====i====p==h==y===u==

အပိုင်း(၁၈)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁၈)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

” ချစ်…မင်း…မင်းဘာလုပ်လိုက်တာလဲ …ဘာလို့ရိုက်တာလဲကွ ”

ဆွံ့အတိတ်ဆိတ်သွားသောပတ်ဝန်းကျင်မှာ အရင်ဆုံးသတိဝင်လာသူက ဇွဲညီထင်ဖြစ်တယ်။ဇွဲညီထင်က နွေးနွေးချစ်ကိုကြည့်လိုက်ပြီး ဒေါသသံနဲ့ မေးလိုက်တယ်။

” ဘာဖြစ်လို့ ရိုက်တာလဲ ဟုတ်လား…အားလုံးရှေ့မှာတောင် ဒီလောက်အရှက်မရှိ ဖြစ်ပျက်နေကြလို့….ရို*က်သင့်လို့ ရို***က်လိုက်တာလေ…ဘာဖြစ်လဲ ”

ဇွဲညီထင်နဲ့နွေးနွေးချစ်တို့ စကားများနေကြတာကို အားလုံးက ငေးကြောင့်ကြည့်နေချိန်မှာ မေကျော့ရှင်းကခုံပေါ်ယိုင်လဲကျသွားတဲ့ သူမခန္ဓာကိုယ်ကိုပြန်တည့်မတ်လိုက်ပြီး မတ်မတ်ပြန်ရပ်လိုက်ကာနွေးနွေးချစ်နဲ့မျက်နှာချင်းဆိုင်ရပ်လိုက်တယ်။

” ဘယ်လိုလဲ သိက္ခာရှိသူကြီးရဲ့..အခုတော့လဲ ဘာသိက္ခာမှမရှိပါလား …မျက်ရည်ခံထိုးပြီး သူများချစ်သူကိုကြောင်တောင်နှိုက်နေတာပေါ့လေ ဟုတ်…”

” ဖြန်း ”

နွေးနွေးချစ်ရဲ့ခနဲ့တဲ့တဲ့အထင်သေးရှုံ့ချတဲ့စကားတွေပြောလို့မဆုံးခင်မှာဘဲ မေကျော့ရှင်းရဲ့လက်ဝါးတစ်ဖက်က နွေးနွေးချစ်ရဲ့ပါးပြင်ပေါ်ကို ကျရောက်သွားခဲ့တယ်။မေကျော့ရှင်း ဒေါသမျက်နှာလေးနဲ့နွေးနွေးချစ်ကိုကြည့်လိုက်ပြီး

” ဒီမှာမနွေးနွေးချစ်…အခန်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ အားလုံကိုမေးလို့ရတယ် ..စကားကိုကိုယ်ထင်ရာမပြောပါနဲ့…..အခုတစ်ယောက်တစ်ချက်ရို*က်တာဆိုတော့ တရားမျှတသွားပြီထင်ပါတယ်…အားလုံးပဲရိုင်းသွားရင်ခွင့်လွှတ်ပါ…ကျွန်မ ဒီရုံးကိုလာတာ… အလုပ်လုပ်ဖို့လာတာပါ….လင်တရူးဖို့လာတာမဟုတ်ဘူး…”

” မင်း…မင်းရိုင်းလှချည်လား မေကျော့ရှင်း…သူဌေးကို ကိုယ်ထိလက်ရောက်စော်ကားရုံမကဘူး…အဆင့်အတန်းမရှိတဲ့စကားလုံးတွေနဲ့ပါ စော်ကားနေတာလား …မင်းဘယ်လိုမိန်းမလဲ ..အရှက်ကင်းမဲ့လှချည်လား..မင်းအရမ်းလွန်သွားပြီး..သူဌေးကခွင့်လွှတ်ရင်တောင် ..ငါကတော့ မင်းကိုခွင့်မလွှတ်ဘူး သိရဲ့လား ”

မမဝေက နွေးနွေးချစ်ကို လှမ်းထိန်းထားလိုက်ရင်းကနေ မေကျော့ရှင်းကိုဒေါသတကြီးနဲ့လှည့်ပြီးရန်တွေ့လိုက်ကာ မေကျော့ရှင်းရဲ့ပါးပြင်ကိုရိုက်ဖို့ရန် လက်ကိုမြှောက်လိုက်တယ်။

” ဘာလုပ်တာလဲ မမဝေ….ခင်ဗျားတို့က တကယ့်ကိုမီးမွှေးတဲ့သူတွေပါလား….အေးအေးဆေးဆေးမနေနိုင်ကြဘူးလား..အသက်တွေလဲ မငယ်ကြတော့ဘူး…မရှက်တတ်ကြဘူးလား ”

မေကျော့ရှင်းကိုရီုက်ဖို့ရန်ဟန်ပြင်လိုက်တဲ့ မမဝေရဲ့လက်ကို ဇွဲညီထင်ကလှမ်းပုတ်ထုတ်လိုက်ပြီးတော့ စိတ်တိုစွာပြောလိုက်တယ်။ဇွဲညီထင်အပြအမူကြောင့် နွေးနွေးချစ်မှာပိုပြီးတော့ ယမ်းပုံမီးကျဖြစ်သွားခဲ့ရကာ မေကျော့ရှင်းကို မု**န်းတီးစွာကြည့်လိုက်ပြီး

“အခုချက်ချင်း….ကျွန်မတို့ရုံးထဲကထွက်သွားပါ မမေ‌ကျော့ရှင်း… ရှင့်ကို အခုချက်ချင်းအလုပ်ထုတ်လိုက်ပြီ ..ရှင့်မျက်နှာကိုမမြင်ချင်ဘူး…ရှင့်ပစ္စည်းတွေကို သန့်ရှင်းရေးနဲ့ပေးခိုင်းလိုက်မယ်…သွားဆို ခုချက်ချင်းထွက်သွား …ရှင်မထွက်သွားရင် လုံခြုံရေးခေါ်ပြီးဆွဲထုတ်ပစ်မှာ”

နွေးနွေးချစ်က သူ‌ဌေးသမီးပီပီ အာ<ဏာကိုထုတ်ပြလေပြီ။နွေးနွေးချစ်ရဲ့အထက်စီးဆန်ပြီး ရိုင်းစိုင်းလှတဲ့အပြုအမူကြောင့် မေကျော့ရှင်းအံကိုကြိတ်လိုက်ပြီး သူမရဲ့ဘေးလွယ်အိတ်ကိုကောက်ယူလိုက်ကာ နေရာကနေချက်ချင်းထွက်ခဲ့လိုက်တယ်။ခံပြင်းစိတ်နဲ့ရှက်စိတ်တွေကြောင့် သူမနှုတ်ခမ်းတွေကိုပြတ်ထွက်လုမတတ်ဖိကိုက်ထားခဲ့မိတယ်။သူမရဲ့ခြေလှမ်းတွေ အခန်းပြင်ကိုရောက်ချိန်မှာ အခန်းရှေ့မလှမ်းမကမ်းမှာရပ်နေကြသူအချို့ကိုမြင်လိုက်ရတာမို့ လူကကမ္ဘာ့အပြင်ဘက်ကိုထွက်ပြေးချင်လောက်အောင်ဖြစ်သွားမိတယ်။ခေါင်းကြီးကိုငုံ့ပြီး အပြေးတစ်ပိုင်းနဲ့ထွက်လာခဲ့မိတဲ့‌ခြေထောက်တွေက ကြမ်းပြင်နဲ့ကပ်ငြိနေသလားထင်ရလောက်အောင်ကို မလှုပ်နိုင်မသယ်နိုင်ဘဲဖြစ်နေခဲ့ပြန်တယ်။ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်းမှာ ရုံးခန်းကြီးကချာချာလည်နေတယ်လို့တောင်ထင်နေခဲ့ရတယ်။

~~~~a~~~~k~~~~~y~~~i~~~~p~~~h~~~~~y~~~~u~~~~~~~~~~~~~

ဇွဲညီထင်က နွေးနွေးချစ်ကိုခပ်စူးစူးတစ်ချက်ကြည့်လိုက်ပြီးတော့ မေကျော့ရှင်းရဲ့စားပွဲပေါ်မှာရှိနေတဲ့ အထုပ်ကိုလှမ်းယူလိုက်တယ်။နောက်တော့ ခြေလှမ်းကျဲကြီးတွေနဲ့အပြင်ကိုထွက်ဖို့ရင်ပြင်လိုက်တယ်။

“ဒါက ဘယ်ကိုသွားမှာလဲမောင်…မသွားရဘူး ”

နွေးနွေးချစ်က ဇွဲညီထင်ရဲ့လက်ကိုဖမ်းဆွဲလိုက်ပြီးတားမြစ်လိုက်တယ်။နွေးနွေးချစ်ရဲ့အမေးကို ဇွဲညီထင်က ဘာမှပြန်မဖြေဘဲ နွေးနွေးချစ်ကိုတစ်ချက်ငဲ့ကြည့်လိုက်ပြီး နွေးနွေးချစ်လက်ထဲမှသူ့လက်ကို ရုန်းထွက်ကာအပြင်ကိုထွက်ခဲ့လိုက်တယ်။ဇွဲညီထင်ရဲ့အပြုအမူကြောင့် နွေးနွေးချစ်ခမျာ နေရာမှာကျောက်ရုပ်ကြီးတစ်ရုပ်လို ကြက်သေသေကာ ကျန်နေခဲ့တယ်။

~~~~~a~~~~k~~~~y~~~i~~~~~P~~~~~h~~~~~~y~~~~~u~~~~

” ကားပေါ်တက်…လိုက်ပို့ပေးမယ် ”

” နင်…နင်ရောက်လာပြန်ပြီးလား….နင့်ကြောင့် ငါအရှက်ခွဲခံခဲရတာကို မမြင်ဘူးလား…ထွက်သွား…သွား…နင် ငါ့နားကိုမလာနဲ့…ငါ့မှာ နင့်ကြောင့် လူတကာအပြောကိုခံခဲ့ရတာသိရဲ့လား….မိထွေးကအထင်သေးတာကိုလဲ ခံခဲ့ရတယ်…ငါ့အဖေရဲ့ အမုန်းတွေကိုလဲခံခဲ့ရတယ် …နင်…ငါနဲ့လာမပတ်သက်ပါနဲ့တော့ ဇွဲညီထင်ရဲ့ ”

မေကျော့ရှင်း အံကိုကြိတ်ကာ ဇွဲညီထင်ကိုမောင်းထုတ်ပစ်လိုက်တယ်။ရုံးထဲမှာ တင်းထားခဲ့ရသမျှ မျက်ရည်တွေက တားဆီးလို့မရတော့ဘဲ ပါးပြင်ပေါ်ကို တလိမ့်ချင်းတစ်လိမ့်ချင်းစီးကျလာခဲ့တယ်။

” ဒီပုံစံနဲ့ပြန်မလို့လား…ကားပေါ်တက်ပါ…ဒီတစ်ခါပဲလိုက်ပို့်ပေးပါ့မယ်..နောက်ကိုလုံးဝလာမပတ်သက်ဘူးစိတ်ချ…မင်းပစ္စည်းတွေလဲယူလာခဲ့တယ် ”

ဇွဲညီထင်ကဇွတ်ပြောလိုက်ရင်းက မေကျော့ရှင်းရဲ့လက်ကိုအတင်းဆွဲယူလိုက်တယ်။

ဇွဲညီထင်ရဲ့အပြုအမူကြောင့် မေကျော့ရှင်းက သူမလက်ကိုအတင်းရုန်းပစ်လိုက်ပြီး ဇွဲညီထင်ကိုဆောင့်တွန်းပစ်လိုက်တယ်။

” နင်..နင်ဘာဖြစ်နေတာလဲ ဇွဲညီထင် …နင့်ကိုထွက်သွားလို့ပြောနေတယ်လေ..နင်အခုလုပ်နေတာတွေက …ငါ့ကိုကူညီနေတာမဟုတ်ဘူး..နှောက်ယှက်နေတာဟဲ့ သိရဲ့လား…..အခုချိန်မှာနင့်ကားကို ငါလိုက်စီးလိုက်ရင် ငါ့လောက်အရှက်ကင်းမဲ့တဲ့သူရှိမှာမဟုတ်တော့ဘူး….နင်တော်ပါတော့ဟယ်…ငါ့ကိုဒုက္ခပေးနေတာတွေရပ်လိုက်ပါတော့ …ငါသည်းမခံနိုင်တော့ဘူး…အရင်တစ်ခါကတော့ လင်ပစ်မဆိုပြီးအကဲ့ရဲ့ခံရတယ်…..အခုတစ်ခါတော့ သူများလူကိုကြောင်တောင်နှိုက်တယ်ဆိုပြီး …အထင်သေးခံရပြန်ပြီ….အဲ့ဒါတွေအားလုံးကနင့်ကြောင့်ဆိုတာသိရဲ့လား…နင့်စိတ်တိုင်းကျ ငါ့ကိုကစားနေတာတွေလဲတော်လိုက်ပါတော့ …ငါ့အထုပ်ပေး…ငါ့ဘာသာကားငှားပြန်မယ်…နင်..ငါ့လက်ကိုလွှတ်နော် ..မလွှတ်ရင်လမ်းလယ်ခေါင်မှာ ငါအော်ငိုပစ်မယ်…ငါ့ဘဝကဒီထက်တော့အရှက်ကွဲစရာမရှိတော့ဘူး……”

မေကျော့ရှင်းက ပြောရင်းနဲ့မျက်ရည်တွေတစ်ပေါက်ပေါက်စီးကျလာတာမို့ ဇွဲညီထင်လဲမတတ်သာတော့ဘဲ မေကျော့ရှင်းရဲ့လက်ကိုလွှတ်ပေးလိုက်ရတော့တယ်။

ဇွဲညီထင်ရဲ့လက်က လွတ်တာနဲ့ မေကျော့ရှင်းလဲ သူမအထုပ်ကိုပါဆွဲယူပြီး အငှားကားတစ်စီးကိုလက်တားလိုက်တယ်။

~~~~a~~~~k~~–y~~~~i~~~~p ~~~~h~~~y~~~u~~~

“အားလုံးကြည့်နေကြတဲ့အချိန်မှာ …မောင်က ချစ်ကိုအရှက်ခွဲသွားခဲ့တာပဲ….အဲ့ဒါဘာသဘောလဲမောင်..ပြောလေ…မောင်ကချစ်ထက် သူ့ကိုဂရုစိုက်နေတာလား…ပြောစမ်းပါ ….မောင့်စိတ်ကို ပွင့်ပွင့်လင်းလင်းပြောလိုက်စမ်းပါ ”

နွေးနွေးချစ်က ခံပြင်းဒေါသထွက်စွာနဲ့ ပြောလိုက်တယ်။နွေးနွေးချစ်တစ်ယောက် ဒေါသတွေထွက်ကာပူလောင်နေသလောက် ဇွဲညီထင်ကငြိမ်သက်တိတ်ဆိတ်နေခဲ့တယ်။

” ပြောလေမောင်….မောင့်မှာပြောစရာစကားမရှိဘူးလား….ဘာသဘောလဲလို့ ပြောလေ ”

နွေးနွေးချစ်က ဇွဲညီထင်ရဲ့ပခုံးကိုဆုပ်ကိုင်ခါယမ်းပြီးမေးလိုက်တယ်။သူမတစ်ကိုယ်လုံးလည်း ဝမ်းနည်းဒေါသစိတ်ကြောင့် တဆတ်ဆတ်တုန်ယင်နေခဲ့တယ်။

” ဖြေလေ…ဖြေပါ…ဘာသဘောလဲလို့…..သူ့ကိုစိတ်မကုန်သေးတာလား ”

သူ့တစ်ကိုယ်လုံးကိုလှုပ်ခါယမ်းပြီးမေးနေတဲ့ နွေးနွေးချစ်ကို ဇွဲညီထင်တိတ်ဆိတ်စွာမော့ကြည့်လိုက်ပြီး နွေးနွေးချစ်ရဲ့လက်တွေကို ဖယ်ရှားလိုက်တယ်။

” တော်ပြီးချစ်….မောင့်မှာဖြေစရာအဖြေမရှိဘူး….ဆက်ပြီးမေးနေလဲ မောရုံပဲရှိလိမ့်မယ် ”

” ဘာပြောတယ်မောင်…ဖြေစရာမရှိဘူးဟုတ်လား….ဒါဆိုရင် ချစ်ကိုရောမောင်တကယ်ချစ်ရဲ့လားဟင်…”

နွေးနွေးချစ်ရဲ့မေးခွန်ကို ဇွဲညီထင်မဖြေဘဲနေရာကထလိုက်တယ်။

” မေးခွန်းတွေတော်ပါတော့ ဗျာ..မောင်အလုပ်မအားဘူး….ပြီးတော့ ဒါကရုံးခန်းနော်…ချစ်လဲရုံးချုပ်ကိုပြန်သွားရအုံးမှာမဟုတ်လား..မောင်လိုက်ပို့ပေးရမလား ”

” မဆိုင်တာတွေ မပြောနဲ့မောင်…ချစ်မေးတာကိုပဲဖြေပါ…ချစ်ကိုရောချစ်ရဲ့လားလို့…ဖြေပါ …ဖြေပေးပါ ”

” ဟာကွာ…ဒါကအလုပ်ရုံးခန်းလေ…ချစ်ဘာဖြစ်နေတာလဲ ”

” ချစ်ဘာဖြစ်နေတာလဲဆိုတာကို မောင်မသိဘူးလား…ဒါကရုံးခန်းဆိုပေမဲ့ ချစ်တို့ပြောတာကိုဘယ်သူတွေကြားလို့လဲ…ဘာလဲ…မောင့်မှာအဖြေမရှိပြန်ဘူးလားဟင် ..ချစ်မေးတာကိုပဲဖြေပါ…ချစ်ကိုချစ်ရဲ့လားလို့ ”

” အင်း..အင်း…ရပြီးမဟုတ်လား ….မောင်အလုပ်လုပ်ရအုံးမယ်ချစ်..”

နွေးနွေးချစ်ရဲ့အတင်းအကျပ်မေးမှုကို ဇွဲညီထင်ကအင်းဟုအဖြေပေးပြီး ခေါင်းညိတ်ပြလိုက်ကာ အလုပ်စားပွဲမှာပြန်ထိုင်ဖို့ရန်ပြင်လိုက်တယ်။

ဇွဲညီထင်ရဲ့အပြုအမူကိုကြည့်ပြီး နွေးနွေးချစ်အံတစ်ချက်ကြိတ်လိုက်တယ်။

” ဪ ..မောင့်အဖြေကဒါပဲလား…ဟုတ်ပြီလေ…မောင်ကချစ်ကို သွားစေချင်ပြီမဟုတ်လား…ဒါဆိုရင်… ချစ်အခုမေးမဲ့မေးခွန်းကိုဖြေပေးပါ…မောင့်ဆီကအဖြေသိရတာနဲ့ချစ်ချက်ချင်းပြန်ပါ့မယ် ”

နွေးနွေးချစ်ရဲ့စကားကြောင့် ဇွဲညီထင်နည်းနည်းစိတ်ရှုပ်သွားမိပြီး ခေါင်းကိုညိတ်ပြလိုက်တယ်။

” ဒီလိုပါ..မောင်နဲ့ဟိုမိန်းမဘာလို့လမ်းခွဲလိုက်ကြတာလဲ….တစ်ယောက်ယောက်ကဖောက်ပြန်ခဲ့တာလား…ဒါမှမဟုတ်…ငွေကြောင့်ပြဿနာဖြစ်လို့လား..မိဘအသိုင်းအဝိုင်းတွေကြောင့်လား…ဘာလို့လမ်းခွဲလိုက်ကြတာလဲဆိုတာကို ချစ်သိချင်တယ်….အသေးစိတ်လဲပြောပြစရာမလိုပါဘူး..ဘာကြောင့်လဲဆိုတာသိရရင်ရပါပြီ ”

” ဗျာ …ဘာ..ဘာတွေလာမေးနေတာလဲဗျာ…မဖြေချင်ဘူး…အစကတည်းက ဒီလိုမေးခွန်းမျိုးတွေမမေးဖို့ပြောခဲ့တယ်လေ ..ဘာလို့ ဒါမျိုးတွေလာမေးနေတာလဲ ကျွန်တော်မဖြေချင်ဘူး… ”

” မဖြေချင်လဲ ဖြေပေးပါမောင်…အဖြစ်အပျက်အသေးစိတ်ကိုမေးနေတာမဟုတ်ပါဘူး..အကြောင်းပြချက်တစ်ခုကိုသိရရင်ရပါပြီ ”

နွေးနွေးချစ်က သူမရဲ့တင်းမာနေတဲ့လေသံကိုလျှော့ချလိုက်ပြီးနောက် သိချင်ဇောနှင့်မေးလိုက်တယ်။

နွေးနွေးချစ်ရဲ့မေးခွန်းတွေကြောင့် ဇွဲညီထင်သက်ပြင်းမောကိုချလိုက်ပြီး လေပူတစ်ချက်ကိုမှုတ်ထုတ်ပစ်လိုက်တယ်။

” ဘာဖြစ်လို့များ ကျွန်တော်မဖြေချင်တာတွေကို အတင်းမေးနေရတာလဲ …..ဒီမေးခွန်းအတွက်…မေးမိတာကို နောင်တမရဖို့ဘဲမျှော်လင့်ပါတယ်…ကျွန်တော်တို့လမ်းခွဲခဲ့ကြတဲ့ကိစ္စမှာ…တစ်ယောက်ယောက်သစ္စာဖောက်ခဲ့လို့လဲမဟုတ်ဘူး..ငွေကြောင့်လဲမဟုတ်ပါလူး….သူ့ဘေးနားမှာအပူသည်တွေလိုကပ်ပြီး သူ့ကိုဒုက္ခပေးဖို့ကြံစည်နေကြတဲ့ လူတွေကြောင့်လို့ပဲပြောရမလား….နောက်ထပ်အရေးအကြီးဆုံးအချက်ကတော့ ကျွန်တော့်ကို …သူ့မချစ်ခဲ့ဖူးလို့ခံစားရလို့ ကျွန်တော့်ဘက်ကနေအရင်လမ်းခွဲစကားပြောခဲ့တယ်….ပြီးတော့ အိမ်ပေါ်ကနေဆင်းလာခဲ့တယ်…ဒါပါပဲ…ကျွန်တော့်ဘက်ကကွာရှင်းမယ်လို့ပြောခဲ့ချိန်မှာလဲ …မျက်ရည်တစ်စက်မကျခဲ့ဘဲ …မင်းသဘောပဲလို့ပြောခဲ့တဲ့သူ့ကိုမုန်းတီးလွန်းလို့ သုံးနှစ်တိတိလုံး ….သူနဲ့မဆုံအောင် ရှောင်ပုန်းခဲ့တယ်….ဒီလောက်တောင်ရှောင်နေခဲ့ပြီးကာမှ မမျှော်လင့်ထားတဲ့နေရာမှာ လာပြန်ဆုံကြတယ်…ဒါပေမဲ့ သေချာတာက ကျွန်တော်တို့တွေပြန်ဆုံတဲ့အချိန်ကစလို့ ….ဒီနေ့ဒီအချိန်အထိ..ဘာပတ်သက်မှုမှမရှိခဲ့ကြဘူးဆိုတာပဲ…သူ့လိုမာနကြီးတဲ့မိန်းမက ကျွန်တော့်ကိုပြန်ဆက်မယ်လို့များထင်နေတာလား….တရားဝင်ယောက်ျားအဖြစ်ပိုင်ဆိုင်ထားချိန်ကတောင် …ကျွန်တော့်လက်ကိုဆွဲထားဖို့အတွက် မာနကြီးခဲ့တဲ့သူပါ….ဒီလိုလူမျိုးကိုဘာလို့များအထင်သေးစော်ကားနေကြတာလဲ …သူ့ဘဝမှာ ခက်ခဲနေသူတွေကိုကူညီပေးဖို့ကလွဲပြီး အချစ်ရောဘာရော..ယောက်ျားတွေကိုပါစိတ်ဝင်စားမှုမရှိခဲ့တဲ့သူပါ…ဒီလိုလူကိုမှယောက်ျားတွေနဲ့ပတ်သက်ပြီး အထပ်ထပ်အခါခါအထင်သေးစော်ကားနေကြတာလေ …သူ့အကြောင်းကိုကျွန်တော့်ထက်ဘယ်သူကပိုသိမှာလဲ ..ဒါကြောင့်မဖြစ်သင့်တာမဖြစ်ရအောင် တားခဲ့တာ… သူ့ကိုမဟုတ်တာတွေပြောနေကြတာကိုသိသိနဲ့ ကျွန်တော်ရပ်ကြည့်မနေနုင်ဘူး….. ”

” ဪ ..မောင်တို့ကဒီလိုလား ”

နွေးနွေးချစ်က ဇွဲညီထင်ရဲ့မျက်နှာကို အတော်ကြာကြာစူးစိုက်ကာကြည့်နေလိုက်တယ်။ဇွဲညီထင်ကတော့ သူ့ပြောလက်စ စကားပြီးဆုံးသွားပြီမို့ အလုပ်စားပွဲနောက်မှာ ဝင်ထိုင်လိုက်တယ်။သူတို့နှစ်ယောက်ကြားမှာ ဘာစကားမှမပြောဖြစ်ကြဘဲအတန်ကြားနှုတ်ဆိတ်နေခဲ့တယ်။အတော်လေးကြာတဲ့အခါမှ နွေးနွေးချစ်ကထိုင်နေရာမှ ထရပ်လိုက်ပြီး

” သွားတော့မယ်..နောက်မှအေးအေးဆေးဆေးစကားပြောကြတာပေါ့ ..ညနေမှဖုန်းဆက်လိုက်မယ် ”

” ဟုတ်ကဲ့ ချစ်သဘောပဲလေ ”

ဇွဲညီထင်ခေါင်းညိတ်ပြလိုက်ချိန်မှာ နွေးနွေးချစ်လဲ ဇွဲညီထင်ကို ကျောခိုင်းပြီး ရုံးခန်းပြင်ကိုနှေးကွေးလေးလံစွာထွက်လာခဲ့တယ်။

~~~~~a~~~~k~~~~y~~~i~~~~P~~~~~h~~~~~~~y~~~~~u~~~~~~~~~~

” ဘယ်လိုလဲ မကျော့ ….အစ်ကိုတို့ဆိုင်မှာ တစ်လလောက်ပဲအလုပ်ဝင်ကြည့်လေ ..လစာကို ကုမ္ပဏီကြီးတွေမှာ မကျော့ရတဲ့လစာထက်မနည်းစေရပါဘူး ..မကျော့ကစာရင်းလုပ်တဲ့နေရာမှာ တိကျပြီးကျွမ်းကျင်တယ်လို့နာမည်ကြီးနေတော့ အားကိုးကြည့်ချင်လို့ပါ…မဟုတ်ရင်…အစ်ကို့မှာ ဒီလကုန်ကလချုပ်စာရင်းကနောက်လလယ်အထိစစ်လို့မပြီးဘူးလေ….အားကိုးပါရစေဗျာ ..အစ်ကိုလဲ တခြားလုပ်ငန်းတွေကို စိတ်အေးလက်အေးလုပ်ချင်လို့ပါ ”

တောင်းတောင်းပန်ပန်ပုံစံနဲ့‌ပြောနေတဲ့ ကိုမြင့်လွင်ကိုကြည့်ပြီး မေကျော့ရှင်းခေါင်းညိတ်ကာလက်ခံလိုက်တယ်။လက်မခံလို့လဲမဖြစ်တော့ဘူးလေ။အလုပ်တွေအများကြီးကိုလျှောက်လွှာတွေပို့ထားပေမဲ့ တုံ့ပြန်သူမရှိကြဘူး။တချို့အလုပ်တွေကတော့ အင်တာဗျူးခေါ်ပေမဲ့လဲ လစာကျတော့အရောင်းဝန်ထမ်းလစာသာသာလောက်ပဲပေးချင်ကြတာ။အခုချိန်မှာ မေကျော့ရှင်းရဲ့အခြေအနေကမူနေလို့ မဖြစ်တဲ့အနေအထားမျိုးပါ။သူမတစ်ယောက်စာအတွက်ကတော့ တစ်လနှစ်လလောက်ချွေတာပြီးနေလို့ရပေမဲ့ အဖေ့တို့အတွက်ကို တွေးနေရတာမို့ ကိုမြင့်လွင်ရဲ့အလုပ်ကိုခေါင်းညိတ်လိုက်ရတော့တယ်။မိဘကသူမရဲ့မာနထက်ပိုပြီးအရေးကြီးတယ်မဟုတ်ပါလား။

” ဒါ…ဒါဆို …အလုပ်ကိုလက်ခံလိုက်ပြီပေါ့နော်မကျော့ …ဝမ်းသာလိုက်တာကွာ..ကျေးဇူးလဲတင်ပါတယ်….မကျော့လိုအားကိုးရတဲ့သူရှိနေပြီဆိုတော့ အစ်ကိုလဲ တခြားအလုပ်တွေကိုအာရုံစိုက်လို့ရပြီ…..တကယ်ကျေးဇူးတင်ပါတယ်မကျော့ရယ် ”

” ကျော့ကလဲ ကိုမြင့်လွင်ကိုကျေးဇူးတင်ပါတယ်ရှင်..အဖေတို့ကိုကူညီပေးတာအတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်အစ်ကိုမြင့်လွင် ”

” ရပါတယ် မကျော့ရယ်…ကျေးဇူးတင်ဖို့မလိုပါဘူး….အစ်ကိုကလဲ အိမ်အရောင်းအဝယ်လုပ်နေသူမို့ကူညီပေးတာပါ..အိမ်အတွက်အားနာစရာမလို့ဘူးနော်မကျော့ …အိမ်ကမကြာခင်လဲရောင်ထွက်တော့မှာပါ..အဝယ်တွေလဲတော်တော်များများလာကြည့်ကြတယ်….ကြိုက်ဈေးမရသေးလို့ မထုတ်သေးတာ…ကြိုက်ဈေးရတော့ မကျော့တို့လဲ တစ်ဖက်မှာပြန်ဝယ်တဲ့အခါ ငွေလုံလောက်တာပေါ့ ..ပြန်ဝယ်ဖို့အတွက်လဲစိတ်မပူပါနဲ့…မြို့ထဲဘက်မှာအခန်းသန့်တာလးရအောင် အစ်ကိုရှာပေးနေပါတယ် ”

” ကျေး..ကျေးဇူးတင်ပါတယ်အစ်ကို ”

” ဟော..ပြောပြန်ပြီ ဒီကျေးဇူးစကား …ဒါဆိုရင်တော့ အစ်ကိုကလဲ မကျော့ကိုကျေးဇူးတင်ပါတယ်လို့ပြန်ပြောမှာနော် …ဒီလိုပဲအချင်းချင်းထိုင်ပြောနေကြမလားကွ ”

ကိုမြင့်လွင်ရဲ့ ပြုံးစစအမူအရာနဲ့စကားကြောင့် မေကျော့ရှင်းလဲ ခပ်ဟဟပြုံးရယ်လိုက်မိတယ်။

~~~~a~~~~~k~~~~ Y~~~~~i~~~~~p~~~~~~~~h~~~~~y~~~~~u~~~~~

ဘဝဆိူတာ အပြောင်းအလဲသိပ်မြန်တာတဲ့။မေကျော့ရှင်းဆိုတဲ့သူမက လွန်ခဲ့တဲ့လေးငါးရက်ကတော့ ကြီးကျယ်ခမ်းနားလှတဲ့ကုမ္ပဏီကြီတစ်ခုမှာ စိတ်ပင်ပန်းဆင်းရဲကြီးစွာနဲ့အလုပ်လုပ်နေခဲ့တာ။အခုချိန်မှာတော့ ဆိုင်ကြီးတစ်ဆိုင်ရဲ့အပေါ်ထပ်က အေးစိမ့်နေတဲ့အဲကွန်းခန်းထဲမှာ လက်ထောက်စားရေးမလေးနှစ်ယောက်နဲ့အတူ နှစ်ယောက်တည်းအေးအေးဆေးဆေးအလုပ်လုပ်နေနိုင်ခဲ့ပြီ။ဒီအခန်းထဲမှာ မေကျော့ရှင်းကိုအတင်းပြောမဲ့သူမရှိ၊မတရားပြောမဲ့သူလဲမရှိသလို၊ မျက်စိဒေါက်ထောက်ကြည့်ပြီးလိုက်ပြီး ပြောဆိုမဲ့သူလဲမရှိပါ။ကိုမြင့်လွင်ကလဲ ညနေဘက်မှသာလာတာမို့ ရုံးခန်းလေးထဲမှာသူမနဲ့လက်ထောက်စာရေးမလေးနှစ်ယောက်သာရှိပြီး အေးချမ်းတိတ်ဆိတ်နေခဲ့တယ်။ဒီလိုတိတ်ဆိတ်အေးချမ်းနေတဲ့ ပတ်ဝန်းကျင်မှာ နေနေရပေမဲ့ မေကျော့ရှင်းရဲ့စိတ်တွေက အပြည့်အဝမပျော်ရွှင်နိုင်ဘဲ ဘာမှန်းမသိတဲ့ခံစားချက်တွေနဲ့ နွမ်းလျမောပန်းနေခဲ့တယ်။သူမ စိတ်အေးချမ်းနေခဲ့ပါတယ်။ဒါပေမဲ့လည်း ပျော်ရွှင်မှုတွေပါပျောက်ဆုံးသွားသလိုခံစားနေခဲ့ရတယ်။ဒါဟာဘာကြောင့်လဲဆိုတာကို သူမလည်းအဖြေမသိပါလေ။

===a===k====y=====i====p==h==y===u==

အပိုင်း(၂၀)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၀)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****

” ဇွဲ …ဇွဲညီထင် … နင်ဘာလာလုပ်ပြန်ပြီလဲ …လာမပတ်သက်ပါနဲ့တော့လို့ ပြောထားတယ်လေ ..ငါတို့ကိုယ့်လမ်းကိုယ်လျှောက်ကြရအောင် …နင်လဲ နင့်ဘဝနဲ့ နင်ဖြစ်နေပြီလေ…ငါ့ကို အရှက်ကွဲအောင် ထပ်မလုပ်ပါနဲ့တော့….ပြန်ပါတော့…”

” မင်းပြောလို့ ပြီးပြီလား …ဒါဆိုရင် ငါပြောမယ် ….ငါပြောပေးထားတဲ့ကုမ္ပဏီမှာ မင်းဘာလို့ မလုပ်တာလဲ ….ဘာတိုးတက်မှုမှ မရှိနိုင်တဲ့ဆိုင်မျိုးမှာ ဘာလို့လုပ်နေရတာလဲဖြေစမ်းပါအုံး ဒေါ်မေကျော့ရှင်းရဲ့ …..”

ဇွဲညီတင်က မေကျော့ရှင်းရဲ့ ပခုံးနှစ်ဖက်ကိုဆွဲကိုင်ပြီး ဒေါသသံနဲ့မေးလိုက်တယ်။

” ဘာပြောတယ် ….လာပြန်ပြီလား ဒီတိုးတက်မှု …ငါ့ဘဝနဲ့ငါ မတိုးတက်ရုံမကလို့ .. ..နိမ့်ပဲ နိမ့်ကျကျ နင်နဲ့မဆိုင်ပါဘူး ဇွဲညီထင်ရဲ့….ငါ့စိတ်နဲ့ ငါ့ကိုယ် ဘယ်မှာလုပ်လုပ်ပေါ့ …နင်သွင်းပေးတဲ့အလုပ်ကိုမလုပ်ဘူးလို့ငါပြောပြီးသားလေ…ငါ့ဘာသာ စတိုးဆိုင်မှာပဲစာရေးမလုပ်လုပ်…လမ်းဘေးမှာပဲစျေးရောင်းရောင်း ….ဒါကငါ့ကိစ္စလေ …နင်နဲ့ ဘာဆိုင်လို့လဲ …ငါ့ကို ဒီလိုတွေလာပြောနေမဲ့အစား…နင့်ချစ်သူကိုသာ ဂရုစိုက်လိုက် ….ငါ့ကိုပြဿနာလာထပ်ရှာမှာကို ကြောက်လွန်းလို့ပါ ”

” တော်စမ်းပါကွာ ….အဲ့ဒါတွေ ထားလိုက်စမ်းပါ ….ဘာလို့ ဟိုလူ့ရဲ့ဆိုင်မှာ အလုပ်ဝင်လုပ်နေတာလဲ ..ဘာအဓိပ္ပါယ်နဲ့ လုပ်နေတာလဲ ပြောစမ်းပါအုံး ”

” အလုပ်လုပ်တာပဲ ဘာအဓိပ္ပါယ်ရှိရအုံးမှာလဲ… ငွေရဖို့လုပ်တာပေါ့ ….ပြီးတော့ ငါလုပ်နေတဲ့အလုပ်က စတိုးဆိုင်ကစားရေး မဟုတ်ဘူး..ကိုမြင့်လွင်မှာ တခြားလုပ်ငန်းတွေလဲ အများကြီးရှိတယ် …အဲ့ဒီလုပ်ငန်းတွေရဲ့ စာရင်းတွေကိုပါ လုပ်ရတာ…ငါ့လက်အောက်မှာ စားရေးမနှစ်ယောက်ရှိပြီး ငါကခေါင်းဆောင်ပဲ…..ပြီးတော့နင်တို့ရုံးထက်လဲ လစာပိုများတယ် …ငါ့ကို အထင်သေးတဲ့ စကားတွေလာပြောမနေနဲ့ ”

” ကျွစ် …တော်စမ်းပါကွာ … ရည်ရွယ်ချက်ရှိရှိနဲ့ လစာပိုပေးထားတာကို မသိဘူးထင်နေတာလား….တကယ်ပဲ အဲ့ဒီလူနဲ့ လက်ထပ်ဖို့ရည်ရွယ်ထားတာလား ပြောစမ်းပါအုံး ….တမင်ရွဲ့ပြောနေတာမဟုတ်လား ”

ဇွဲညီထင်က လေသံမာမာနဲ့ထပ်မေးလိုက်တာမို့ မေကျော့ရှင်းကလဲ ဒေါသမျက်လုံးတွေနဲ့ မော့ကြည့်လိုက်ပြီး

” ဘာတွေလာပြောနေတာလဲ …ဘာကိုရွှဲ့ရမှာလဲ …..အိမ်ထောင်ရေးက ရွှဲ့ရမဲ့ကိစ္စလဲမဟုတ်ဘူး…ကိုမြင့်လွင်က ပိုက်ံဆံလဲရှိတယ်…စိတ်သဘောထားလဲ ကောင်းတယ်…စိတ်အပြောင်းအလဲမြန်တဲ့သူမျိုးလဲ မဟုတ်ဘူး….သူ့မှာကလေးတစ်ယောက်ရှိတယ်ဆိုပေမဲ့ ….ကလေးရဲ့ ကိစ္စတွေကိုလဲ လုပ်ပေးစရာမှမလိုတာ…ပြီးတော့ သူကလဲငါနဲ့လက်ထပ်ချင်တယ်တဲ့…ငါ့ကိုချစ်တယ်တဲ့လေ…အဲ့ဒီလိုလူမျိုးကို လက်မထပ်နိုင်စရာ ဘာအကြောင်းရှိလဲ …..ငါဘက်က သဘောတူတယ်လို့ ကြီးကြီးကိုပြောပြီးပြီ….နှစ်ကုန်လောက်ဆို လက်ထပ်မှာ …ကဲ …ဘာသိချင်သေးလဲပြော …နင်သိချင်သေးရင် ထပ်ပြောပြမယ် ”

မေကျော့ရှင်းရဲ့ စကားတွေကြောင့် ဇွဲညီထင်ငိုင်ခနဲဖြစ်သွားပြီးမှ မေကျော့ရှင်းကို စူးခနဲ တစ်ချက်စိုက်ကြည့်လိုက်ပြီး

” ဪ ..သူကချမ်းသာတယ်ဆိုတာနဲ့ပဲ လက်ထပ်မယ်ပေါ့ ဟုတ်လား … သူ့ကို မင်းလက်ထပ်လို့မဖြစ်ဘူး …..စကားတွေမလွန်ခင် အပြတ်ငြင်းလိုက်တာ ပိုကောင်းမယ်…စေတနာနဲ့ ပြောပြတာ …ငွေမက်မနေနဲ့…လောဘတက်မနေနဲ့ ”

” ဘာပြောတယ်…လောဘတက်တယ်ဟုတ်လား …တက်တော့ ဘာဖြစ်လဲ …ငွေမက်တော့ ဘာဖြစ်လဲ ..ငါ့ကိစ္စလေ ..နင်နဲ့ မဆိုင်ဘူး …လာပြောမနေနဲ့ ….ကိုမြင့်လွင်က ငါ့အတွက်တော့ အားကိုးရတဲ့သူပဲ ….ငါယုံကြည်လို့ လက်ထပ်မှာ …ဘယ်သူမှ တားလို့မရဘူး…ဖယ်တော့ ..ငါသွားတော့မယ် ”

ဇွဲညီထင်ကို မေကျော့ရှင်း တမင်ပင် အရွှဲ့တိုက်ကာ ပြောပစ်လိုက်တယ်။

” ခင်ဗျား ခေါင်းမာလှချည်လား ဒေါ်မေကျော့ရှင်းရဲ့ ..ကျုပ်ကလဲ တားချင်လွန်းလို့တားနေတာမဟုတ်ဘူး ….ခင်ဗျားအတွက် ပြောနေတာ ..အဲ့ဒီမြင့်လွင်ဆိုတဲ့လူက ချမ်းသာတာမှန်တယ် ….သူလိုချင်တာရှိရင် စိတ်သဘောထားလဲ ကောင်းပြချင်ကောင်းပြမှာပေါ့ …ပြီးတော့ ခင်ဗျားကိုချစ်ရင်လဲချစ်ပါလိမ့်မယ် ..ဒါပေမဲ့ သူ့ဆီမှာ လူတွေသိပ်မသိတဲ့ အကျင့်ဆိုးတစ်ခုရှိတာသိရဲ့လား ”

” ဘာ..ဘာအကျင့်ဆိုးလဲ ”

မေကျော့ရှင်း ယောင်ဝါးဝါးနဲ့ပြန်မေးလိုက်မိတယ်။

” ဘာအကျင့်ဆိုးလဲဆိုတော့ … အိမ်တွင်း အကြ*မ်းဖက်တတ်တဲ့အကျင့်ဆိုးပဲ…အဲ့ဒီလူက အပြင်ပန်းကြည့်ရင် အတော်လေးစိတ်သဘောထားကောင်းပေမဲ့ …မိန်းမကိုအရမ်းသဝန်တိုတတ်တယ်….လူတွေရှေ့မှာပြုံးနေပေမဲ့ နောက်ကွယ်မှာ အကြ*မ်း ဖက်တဲ့သူမျိုးပဲ….သူ့မိန်းမtသဆုံးမှုက အမျိုးသမီးရောဂါလို့ လူတွေသိကြပေမဲ့ ..တကယ်တော့ သူနှိပ်စက်ခဲ့တာတွေကြောင့်ပါတယ် ….သူ့ကလေးကို သူနဲ့မထားဘဲ.. သူ့အဘိုးအဘွားတွေ ခေါ်ထားတာကလဲ သူ့ရဲ့ အကျင့်ဆိုးကို သိလို့ ခေါ် ထားတာ …အဲ့ဒီလိုလူမျိုးက ခင်ဗျားပုံစံနဲ့ ဖြစ်မယ်ထင်လား…နေ့မကူးခင် နှိပ်စက်ခံရမှာကိုကြိုမြင်လို့ ပြောနေတာ ”

ဇွဲညီထင်ရဲ့ စကားကြောင့် မေကျော့ရှင်းတုန်လှုပ်သွားရပြီး

” တော်… တော်စမ်း …..မဟုတ်တာတွေ လာပြောမနေနဲ့ …ကိုမြင့်လွင်က အဲ့ဒီလိုလူမျိုးမဟုနိုင်ဘူး…. သူ့မှာ အဲ့ဒီလို အကျင့်ဆိုးမျိုးရှိတယ်ဆိုရင် ..ကြီးကြီးတို့က သဘောတူပါ့မလား …နင်ပြောတာတွေ ငါမယုံဘူး …နင်က ဒီအကြောင်းတွေ ဘယ်လိုသိလဲ ”

မေကျော့ရှင်းရဲ့စကားကြောင့် ဇွဲညီထင်မှာဒေါသထွက်သွားခဲ့ရတယ်။

“ဘယ်လိုသိလဲက အရေးကြီးလို့လား….. တခြားသူတွေ ပြောတဲ့စကားနဲ့ ကျုပ်ပြောတဲ့စကား … ဘယ်စကားကိုယုံမလဲ …. ကျုပ်ဘယ်တုန်းက ခင်ဗျားကို လိမ်ခဲ့ဖူးလဲ ..ဒုက္ခရောက်အောင်လုပ်ဖူးလဲ ပြောလေ ”

” ဘာပြောလိုက်တယ် ဇွဲညီထင် … ငါ့ကို ဘယ်တုန်းက ဒုက္ခရောက်အောင်လုပ်ခဲ့ဖူးလဲ ဟုတ်လား ….ရယ်ချင်လိုက်တာဟယ် …နင်အတိတ်များမေ့နေတာလားဟင် …တော်ပြီး …နင်ပြောတာတွေ နားမထောင်ချင်တော့ဘူး ..ငါ့ဘာသာ အကြမ်းပဲဖက်ခံရရ…နှိပ်စက်တာပဲခံရရ …ငါ့ဘဝနဲ့ငါ့ပဲ ..နင်နဲ့ မဆိုင်ဘူး…နောက်ကို ဘာမှလာမပြောနဲ့..ဖယ်တော့ ”

မေကျော့ရှင်း ဘုပြောလိုက်ပြီး ဇွဲညီထင်ကိုဆောင့်တွန်းပစ်လိုက်ကာ နေရာကနေ အမြန်တွက်ခဲ့လိုက်တယ်။

~~~~~a~~~~k~~~~~y~~~i~~~p~~~h~~~y~~~u~~~~

ဇွဲညီထင်ကို ကန့်လန်တိုက်တဲ့ စကားတွေပြောခဲ့လိုက်ပေမဲ့ မေကျော့ရှင်းတော်တော်နဲ့အိပ်မပျော်နိုင်ဘဲ အတွေးပေါင်းစုံ နယ်ချဲ့နေမိတယ်။ကိုမြင့်လွင်နဲ့ လက်ထပ်ဖို့ကို သူမဘက်က သေသေချာချာခေါင်းမညိတ်ရသေးပေမဲ့ လက်ခံလိုက်ဖို့အတွက် ငါးဆယ်ရာနှုန်းသေချာဆုံးဖြတ်ခဲ့ပြီးပြီ။တစ်ခုလပ်ဘဝနဲ့ ဟိုလူဒီလူအထင်သေးခံနေမဲ့အစား သူမအပေါ် ရော၊မိသားစုတွေ အတွက်ပါ စဉ်းစားပေးတတ်တဲ့ ကိုမြင့်လွင်လိုလူမျိုးက ဘဝအတွက်အသင့်တော်ဆုံးလို့ထင်လို့ ခေါင်းညိတ်ဖို့ စဉ်းစားထားပြီးသား။ဒါကြောင့်လဲ ကိုမြင့်လွင်ကို ဆေးရုံ ခေါ်သွားတာမျိုးတွေ၊ကိုမြင့်လွင်နဲ့ ထမင်းအတူထွက်စားတာတွေကို လက်ခံခဲ့တာ။ အခုတော့ ဇွဲညီထင်ကြောင့် သူမရဲ့စိတ်ထဲ စိုးရိမ်ကြောက်လန့်စိတ်တွေဝင်လာမိတယ်။တကယ်လို့များ မတော်တဆဒုတိယအကြိမ်မြောက် တစ်ခုလပ်ဘဝကို ထပ်ရောက်ခဲ့ရင်တော့ သူမဘဝက တွေးရဲစရာပင်မရှိ။ပြစ်တင်ကဲ့ရဲ့ဖို့အတွက် စောင့်ကြည့်နေကြတဲ့ လူအများရှေ့မှာ သူမဘယ်လောက်တောင်များ အပြောခံရလေမလဲ။ သူတစ်ပါးအတွင်းရေးကို သေချာမသိကြပါဘဲနဲ့ ပြောဆိုဝေဖန်နေသူတွေရဲ့ စကားလုံးတွေအောက်မှာ သူမဘဝနာလန်ပြန်ထူနိုင်ပါ့မလား စတဲ့အတွေးတွေက ဝင်ရောက်လာခဲ့တယ်။

~~~~a~~~~k ~~~ y~~~~i~~~p ~~~~h~~~y~~~u~~~

” မဟုတ်တာကွယ်….ဘယ်ကကြားတဲ့အကြောင်းလဲ..မောင်မြင့်လွင်က ဒီလိုလူမျိုးမဟုတ်ပါဘူးသမီးရယ်..သွေးဆိုးတဲ့သူ….. အိမ်တွင်းအကြ*မ်’ဖက်တတ်တဲ့သူမျိုးဆိုတာ ..ကြာကြာဟန်ဆောင်နေလို့မရပါဘူး…တစ်ခုခုစိတ်တိုစရာရှိရင် သူတို့ရဲမူလစရိုက်ကပေါ်လာတာပဲ…သမီးစိတ်ထဲမယုံရဲဖြစ်နေရင် ဆိုင်ကဝန်ထမ်းတွေဆီမှာ နည်းနည်းပါးပါးစုံစမ်းကြည့်ပါလား..ကြီးကြီးတို့တော့ ဒီလိုမျိုးအကြောင်းကိုလုံးဝမကြားမိဘူး …မလိုလို့ပြောကြတဲ့သူတွေရဲ့စကးတွေကိုလဲ နားမယောင်မိစေနဲ့နော်…သမီးကိုလဲ အိမ်နဲ့ရာနဲ့တင့်တင့်တယ်တယ်ဖြစ်စေချင်တာက ကြီးကြီးတို့ရဲ့ဆန္ဒပဲ….ပြီတော့ သမီးတို့အဖေရဲ့ကျန်းမာရေးလဲရှိသေးတယ်မဟုတ်လား…သူ့ရောဂါမျိုးကတအိအိနဲ့ကြာရှည်ကုရတာမျိုးလေ….နောက်ကလဲငွေရှာပေးနိုင်သူရှိနေမှ အဆင်ပြေမှမဟုတ်လား ”

ကြီးကြီးပြောတာလဲမှန်နေတာမို့ မေကျော့ရှင်းဘာမှပြန်မပြောလဲ အတွေးတွေနဲ့နားထောင်နေခဲ့မိတယ်။ဒီမင်္ဂလာပွဲကို သူမဘက်ကလက်မခံနိုင်ဘူးဆိုရင်တော့ အလုပ်နေရာအတွက်ပါစဉ်းစားဖို့နေတာကို သူမစဉ်းစားလိုက်မိတယ်။လက်တလောအခြေအနေမှာအလုပ်လက်မဲ့မဖြစ်ရေးအတွက် ရရာအလုပ်ကိုဝင်လုပ်လိုက်ခြင်းက သူမရဲ့အနာဂတ်အတွက်မှာယွင်းတဲ့ခြေလှမ်းဖြစ်သွားမှာကိုလည်းတွေးပြီးပူပန်နေမိပြန်တယ်။ငွေအတွက်ကြောင့်ဖြစ်ဖြစ် သင့်တော်တဲ့အိမ်ထောင်ရေးဆိုပြီးလဲ ဇွတ်မမိုက်ချင်တာကအမှန်။ပထမတစ်ကြိမ်မှာ အချစ်ကိုဦးစားပေးခဲ့ပေမဲ့လည်း အိမ်ထောင်ရေးမှာကျရှုံးခဲ့ရတယ်။နောက်တစ်ကြိမ်စွန့်စားဖို့ဆိုတာက တော်ရုံသတ္တိတော်ရုံစိတ်နဲ့တော့မဖြစ်နိုင်လှပေ။မေကျော့ရှင်းစိတ်မောလှစွာနဲ့ဦးခေါင်းကိုသာ ခါယမ်းလိုက်မိတော့တယ်။

~~~~ a~~~~~k~~~~~~y~~~~~i~~~~P~~~~h~~~~~~y~~~~~~u~~~~~~~~~~~

” ချစ်အခုရက်ပိုင်းအလုပ်များနေတာလား….မောင်ဖုန်းဆက်တာတောင် မကိုင်ဘူး ”

ဇွဲညီထင်က ဖျော်ရည်ခွက်ကိုနွေးနွေးချစ်ရှေ့ကိုချပေးလိုက်ရင်းကမေးလိုက်တယ်။

ဇွဲညီထင်ရဲ့အမေးကြောင့် နွေးနွေးချစ်က နှုတ်ခမ်းလေးကိုတွန့်ကွေးကာပြုံးလိုက်ရင်းမှ

” ဟုတ်တယ်မောင်…..ဒီရက်ပိုင်း အလုပ်တွေများသလို ..အဖေတို့ခိုင်းတာတွေလဲလုပ်ရသေးတယ်…ကိုကောင်းဆက်က မောင်တို့ရုံးမှာအလုပ်ဝင်မှာဆိုတော့ ….သူ့ကိုလဲလုပ်ငန်းခွင်အကြောင်းရှင်းပြရသေးတယ်လေ…ရုံးဆင်းရင်အဖေတို့နဲ့လဲအပြင်ကိုလိုက်ရသေးတယ် မောင်ရဲ့…..အဖေတို့ကကိုကောင်းဆက်နဲ့သဘောတူထားတော့ အလိုက်သင့်နေပေးနေရလို့ပါမောင်…”

” ဪ…ဟုတ်လား ..ကိုကောင်းဆက်ကရောလုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအဆင်ပြေနိုင်တယ်မဟုတ်လား..သူကနိုင်ငံခြားမှာ အနေများသူဆိုတော့လေ …ဒီကဝန်ထမ်းတွေနဲ့အသားမကျမှာစိုးလို့ပါ ”

” အဆင်ပြေပါတယ်…..သူကအလိုက်သင့်နေတတ်ပါတယ်..လုပ်ငန်းပိုင်းဆိုင်ရာလဲပြောစရာမလိုပါဘူး..သူရောက်လာတော့ မောင်လဲနည်းနည်းသက်သာတာပေါ့..မဟုတ်ရင် တာဝန်အားလုံးကမောင့်တာဝန်တွေပဲဖြစ်နေတာလေ ..ကိုကောင်းဆက်ကသဘောလဲကောင်းပါတယ်မောင်ရဲ့…”

သူတို့နှစ်ယောက်ရဲ့စကားဝိုင်းမှာ ကောင်းဆက်ဆိုတဲ့နာမည်က မသိမသာနေရာယူလာတာကို ဇွဲညီထင်သတိထားလိုက်မိတာမို့ ချစ်သူနွေးနွေးချစ်ပြောသမျှစကားတွေကို ခပ်ပြုံးပြုံးနဲ့သာနားထောင်နေလိုက်တယ်။

” ဒါနဲ့ လာမဲ့ပိတ်ရက်မှာချစ်အားလား….သွားစရာရှိလို့် ချစ်ကိုခေါ်သွားချင်လို့ ”

ဇွဲညီထင်ရဲ့စကးကြောင့် နွေးနွေးချစ်က သူမဖုန်းလေးကိုထုတ်ကြည့်လိုက်ပြီး

” ဘယ်သွားမှာလဲမောင် ..အရေးတကြီးကိစ္စလားဟင် ”

” အရေးကြီးတာတော့ မဟုတ်ပါဘူး…အပြင်မသွာားတာကြာပြီဆိုတော့ လိုက်ပို့ပေးမလားလို့ပါ ”

” ဟုတ်သားပဲနော်..ချစ်တို့အပြင်မသွားကြတာကြာပြီပဲ…ဒါပေမဲ့ ဘယ်လိုလုပ်မလဲ …မောင်ကအားပေးမဲ့ချစ်ကမအားပြန်ဘူး…ဒီပိတ်ရက်မှာ အဖေကလုပ်ငန်းရှင်သူဌေးတွေနဲ့တွေ့ဖို့ချိန်းထားတယ်တဲ့….အဖေကချစ်ကိုပါခေါ်နေတော့ မလိုက်မဖြစ်လိုက်ရမယ်ထင်တယ်…တကယ်လို့ အဖေ့ကိုပြောလို့်ရတယ်ဆိုရင် …သွားကြမယ်လေ..မရရင်တော့နောက်ပိတ်ရက်မှသွားမယ်လေနော် မောင် ”

” အင်းပါ…ချစ်မအားဘူးဆိုတော့လဲ ရပါတယ်….မောင်လဲပိတ်ရက်မှာ အမေတို့ဆီကိုသွားလိုက်အုံးမယ် ”

သူတို့နှစ်ယောက်ကြားမှာ စကားသံတွေကပြန်လည်တိတ်ဆိတ်သွားပြန်တယ်။ဇွဲညီထင်က သူ့ရှေ့မှဖျော်ရည်ခွက်ကိုအပြီးသတ်မော့သောက်လိုက်ပြီး ပြန်ကြဖို့ရန်ပြောလိုက််တယ်။

” ပြန်ကြရအောင်လေချစ် …အပြင်မှာလဲမှောင်နေပြီ ”

~~~~a~~~~~k~~~~~y~~i~~~~~p~~~~h~~~~~~y~~~~~u~~~~~

” မောင့်မြင့်လွင်နဲ့သမီးတို့အကြီး လာသွားတယ်ကွယ်…သမီးအဖေနဲ့လဲစကားတွေပြောသွားတယ်….ဒါနဲ့သမီးဘက်ကရောသေချာစဉ်းစားပြီးပြီလား …အန်တီ့အမြင်အရတော့ မောင်မြင့်လွင်ကမဆိုးဘူးထင်တာပဲ ….သမီးကိုလဲအတော်လေးချစ်မြတ်နိုးပုံပါပဲ….ငွေသားအပြင်သမီးအတွက်တိုက်ခန်းပါစီစဉ်ပေးမယ်တဲ့လေ ..အင်း…သူ့ကျေးဇူးတွေလဲမနည်းလှပါဘူး….အိမ်ရောင်းပစ်ပြီးတော့… ဒီလိုမျိုးတိုက်ခန်းကောင်းကောင်းလေးနဲ့နေရတာလဲ သူ့ကျေးဇူးတွေပါပဲ…သမီးဘက်ကရောသေချာဆုံးဖြတ်ပြီးသွားပြီလား ”

မိထွေးဖြစ်သူရဲ့အမေးကြောင့် မေကျော့ရှင်းအဖြေရခက်သွားမိတယ်။ကိုမြင့်လွင်တို့ဆီမှာ သူမအလုပ်ဝင်နေတာနှစ်လကျော်လာပြီးဖြစ်ပေမဲ့ ကိုမြင့်လွင်နဲ့တ်သက်ပြီးတော့ သူမဘက်ကရေရေရာရာမဆိုးဖြတ်ရသေးပေ။စိတ်ကအဆင်သင့်မဖြစ်သေးဘဲ တွေဝေနေမိတာကြောင့် အလုပ်ရှာကြည့်ဖို့ရန်ပါတွေးနေခဲ့တာ။အခုလိုမျိုး အဖေ့ဆီကို လာတွေ့ကြတယ်လို့ကြားလိုက်တော့စိတ်ထဲမှာ တစ်မျိုးဖြစ်သွားရတယ်။ကိုမြင့်လွင်ပြောတုန်းကတော့ လက်ထပ်ဖို့ကိစ္စကိုအေးအေးဆေးဆေးစဉ်းစားဖို့ရန်ပြောခဲ့တာ။အခုတော့ ကိုမြင့်လွင်က သူမရှေ့ရောက်ရင် လက်ထပ်ဖို့ကိစ္စကို အလောတကြီးပြောလေ့မရှိပေမဲ့ ဆွေမျိုးတွေကြားမှာလိုက်ကြေငြာနေသလိုမျိုးပြောနေကတော့အဆင်မပြေလှ။တော်ကြာနေ သူမတို့လက်မထပ်ဖြစ်ခဲ့ရင် သူမမှာနေရင်းထိုင်ရင်းအတင်းပြောခံရပေအုံးမယ်။
“လက်သာမထပ်ဖြစ်ကြာတာပါအေ….သူတို့အလုပ်တူတူလုပ်နေကြတာ…အတူတူတောင် နေပြီးလောက်ပေါ့ “ဆိုပြီး သွားပုပ်လေလွင့်ပြောကြအုံးမှာ မြင်ယောင်မိသေးတယ်။
ဘာမှန်းမသိသေးတဲ့အခြေအနေမှာ ဒီလိုမျိုးလျှောက်ပြောနေတာက တကယ့်ကိုအဆင်မပြေ။မကျန်းမမာဖြစ်နေတဲ့အဖေ့ကိုပါ ဒီအကြောင်းပြောတာကိုတော့ မေကျော့ရှင်းတကယ့်ကိုသဘောမကျပါ။

” အဲ့ဒီကိစ္စကမသေချာသေးပါဘူးအန်တီ…ကျော့ကအိမ်ထောင်ထပ်ပြုချင်စိတ်လဲမရှိတော့ပါဘူး…လက်ခံဖို့ကိစ္စကိုလဲ ခေါင်းမညိတ်ရသေးပါဘူး…မိတ်ဆွေတွေအဖြစ်အရင်တွေ့ကြည့်ပြီးမှ စဉ်းစားဆုံးဖြတ်ပါ့မယ်လို့ပဲပြောထားတာပါ …”

” ဪ…ဟုတ်လား…အန်တီကတော့ အတင်းမတိုက်တွန်းပါဘူးကွယ်…ဒါပေမဲ့ မောင်မြင့်လွင်လိုလူမျိုးကိုအပြတ်ငြင်းပစ်မဲ့အစား …သေချာစဉ်းစားတာကောင်းပါတယ် .. ဒီနေ့ခေတ်မှာငွေကြေးလဲပြည့်စုံ….လူမှုရေးလဲနားလည်ပေးတဲ့သူကရှားတယ်လေ…လောင်းကစားဘာညာလဲမလုပ်ဘူးတဲ့လေ ”

မိထွေးဖြစ်သူက အတင်းမတိုက်တွန်းပါဘူးလို့သာ ပြောပေမဲ့ ကိုမြင့်လွင်ရဲ့ကောင်းကြောင်းတွေကိုပဲမရပ်မနားပြောနေခဲ့တယ်။မသိရင် သူကိုယ်တိုင်ပဲ ကိုမြင့်လွင်နဲ့ဟိုအရင်နှစ်ပေါင်းများစွာကတည်းက ခင်မင်ရင်းနှီနေခဲ့သလိုလိုပုံစံမျိုးနဲ့ ပြောနေခဲ့တာ။

” ကျော့ပြန်တော့မယ်အန်တီ…အဖေ့ကို သွားဝင် ကြည့် လိုက်အုံးမယ်နော် ”

” ဪ..အေးအေး…တစ်ညတလေ အိမ်မှာအိပ်သွားပါလားကွယ်…”

“ဟုတ်ကဲ့ အန်တီ..နောက်အပတ်ပိတ်ရက်မှအိပ်မယ်လေ….ဒီနေ့အဆောင်မှာအဝတ်တွေလဲထုတ်လှန်းခဲ့လို့ပါ ”

မိထွေးဖြစ်သူကိုနှုတ်ဆက်ပြီး ဖခင်ဖြစ်သူရှိရာအခန်းကိုမေကျော့ရှင်း အသာဝင်ခဲ့လိုက်တယ်။

အိပ်ဆေးအရှိန်တွေနဲ့အိပ်ပျော်နေတဲ့ဖခင်ဖြစ်သူကို မေကျော့ရှင်း ငေးမောကြည့်နေမိတယ်။အိမ်နဲ့ခြံကိုရောင်းပြီးတဲ့နောက် အဖေတို့လက်ရှိနေနေတဲ့တိုက်ခန်းလေးကိုလဲ ကိုမြင့်လွင်ကပဲရှာပေးခဲ့တာ မှန်ပါတယ်။တိုက်ခန်းဝယ်ပြီးတော့ ငွေပိုထွက်လာတာကိုသိပေမဲ့ ဘယ်လောက်လဲဆိုတာကိုတော့ တိတိကျကျမသိရ။ကြီးကြီးကတော့သိနေပုံပါပဲ။သိပေမဲ့ ဘာမှဝင်မပြောတာပဲ ကျေးဇူးတင်ရမယ်။မဟုတ်ရင် စကားများပြီး စိတ်ရှုပ်ရမယ်။မေကျော့ရှင်းကတော့ အိမ်ရောင်းထွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာကိုမှဝင်မပြောဘူး။လစာထုတ်တော့လည်း အဖေ့အတွက်ဆေးဖို့ပေးလိုက်တယ်။ကြီးကြီးကမပေးနဲ့လို့ပြောပေမဲ့ တမင်ပေးလိုက်တာ။ပေးမယ်လို့လဲကတိပေးထားတယ်လေ။ပြီးတော့ အိမ်ရောင်းတာကရောင်းတာပဲပေါ့။သူမချွေးနှဲစာထဲကနေ အဖေ့ဆေးဖိုးကိုပေးချင်လွန်းလို့ကိုပေးလိုက်တာပါ။ကျန်တာတွေကို မေကျော့ရှင်းစိတ်လဲမဝင်စားပါဘူး။အိမ်ရောင်းထွက်ပြီးသိန်းထောင်ချီရလို့လဲ သူမအနေနဲ့ငွေတစ်ပြားမှမတောင်းခဲ့သလို ဘာကိုမှလဲ မမျှော်လင့်ဘူး။တခြားသူရဲ့ငွေကို မမက်မောတတ်တဲ့ သူမအတွက် ကိုမြင့်လွင်ချမ်းသာတယ်ဆိုတာကိုလဲ စိတ်မလှုပ်ရှားတာတော့အမှန်။အစကတော့ ဇွဲညီထင်ကို အရွှဲ့ တိုက်ပြီး ခေါင်းညိတ်ဖို့အထိ ကြီးကြီးကို မီးစိမ်းတွေ ပြခဲ့မိတာ။ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့လဲ အိမ်ထောင်ပြုတယ်ဆိုတာက လွယ်တဲ့ကိစ္စမှ မဟုတ်တာပဲ။

~~~~a~~~k~~~~y~~~i~~~p~~~h~~y~~~u~~~

ဒီပိတ်ရက်မှာ အမေတို့အိမ်ကိုသွားဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ စိတ်ထဲစိတ်ရှုပ်ထွေးနေတာမို့ ခေါင်းရှင်းဖို့ရန်အတွက် ဇွဲညီထင်တစ်ယောက်တည်းပဲ အလည်အပတ်ထွက်ခဲ့လိုက်တယ်။

ဈေးဝယ်စင်တာကြီးထဲရောက်တော့ ကော်ဖီဆိုင် အရင်ဝင်ထိုင်လိုက်တယ်။ပြီးတော့မှ ရုပ်ရှင်ကြည့်ဖို့ရန် ဆုံးဖြတ်လိုက်တာမို့ ရုပ်ရှင်ရုံရှိရာ အထပ်ကို စက်လှေကားနဲ့ တက်ခဲ့လိုက်တယ်။

” ဟင် ”

ရုပ်ရှင်ရုံရှေ့နားကို အရောက် မမျှော်လင့်ထားတဲ့သူတွေကို တွေ့လိုက်ရတာမို့ ဇွဲညီထင်အတော်လေးကို အံ့သြသွားခဲ့ရတတယ်။

===a===k====y=====i====p==h==y===u==

အပိုင်း(၂၁ )ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၁)
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****
ဇွဲညီထင်တွေ့သလိုပဲ သူတို့ကလဲတွေ့သွားကြတယ်။တွေ့တွေ့ချင်းမှာပဲ ချစ်သူနွေးနွေးချစ်ရဲ့မျက်နှာက ကွက်ခနဲပျက်သွားတာကိုတွေ့လိုက်ရပြီး ဇွဲညီထင်ရှိရာဆီကို လျှောက်လာတာကို တွေ့လိုက်ရတယ်။

” ဟို ..မောင် ..ရုပ်…ရုပ်ရှင်လာကြည့်တာလားဟင် …ပြောတော့ အမေတို့အိမ်သွားမလို့ ဆို ”

” ဟုတ်တယ် ….မသွားဖြစ်တော့တာပါ ….၀ယ်စရာလေးလဲရှိလို့ လာရင်းနဲ့ အချိန်ရတုန်း …ရုပ်ရှင်ကြည့်ရင်ကောင်းမလားဆိုပြီး လျှောက်လာကြည့်တာ …..ချစ်တို့ရော ရုပ်ရှင်လာကြည့်တာလား …”

နှစ်ကိုယ်ကြားရုံလေသံနဲ့ နွေးနွေးချစ်က မေးလာတာမို့ ဇွဲညီထင် ခပ်ပြုံးပြုံးမျက်နှာထားနဲ့ပဲ ပြန်ဖြေလိုက်တယ်။

” ဟို ..ဟို ….ကိုကောင်းဆက်နဲ့ အလုပ်ကိစ္စပြောကြရင်း … အချိန်လေးပိုလို့ ရုပ်ရှင်ကြည့်မလားလို့ပါ ..ဟို ..အထင်မလွဲနဲ့နော်မောင် ”

နွေးနွေးချစ်က အသံတိမ်တိမ်နဲ့ ရှင်းပြနေချိန်မှာပဲ ကိုကောင်းဆက်ကသူတို့နားကိုရောက်လာခဲ့တယ်။

” ဪ…ဘယ်သူလဲလို့ ကြည့်နေတာ….ကိုဇွဲညီထင်ပါလား…အပြင်ဝတ်စုံနဲ့ဆိုတော့သိပ်တောင်မမှတ်မိဘူး…ဘယ်လိုလဲ…ရုပ်ရှင်လာကြည့်တာလား….တစ်ယောက်တည်းလာဗျ ကိုဇွဲညီထင် ”

ကိုကောင်းဆက်ကနှုတ်ဆက်လိုက်တာမို့ ဇွဲညီထင်က ကိုကောင်းဆက်ကိုပြုံးပြလိုက်ပြီး

” စျေးဝယ်စရာလေးနည်းနည်းရှိလို့ထွက်လာတာပါ ကိုကောင်းဆက်…ဒီရောက်တော့ရုပ်ရှင်ဘာကားများပြနေလဲလို့လားဝင်ကြည့်တာပါ….ဇာတ်လမ်းသိပ်မကြိုက်တာနဲ့ မကြည့်ဘဲပြန်တော့မလို့လေ…..ကိုကောင်းဆက်တို့ရုပ်ရှင်လာကြည့်တာထင်တယ်…ရုပ်ရှင်ချိန်နီးနေပြီပဲ …ကျွန်တော်လဲသွားတော့မှာမို့ ခွင့်ပြုပါအုံးကိုကောင်းဆက် ….သွားတော့မယ်နော် မနွေးနွေးချစ် ”

နှစ်ယောက်လုံးကို ဇွဲညီထင်ခပ်ပြုံးပြုံးပဲနှုတ်ဆက်ခဲ့ပြီး ထွက်လာခဲ့လိုက်တယ်။နွေးနွေးချစ်ကို ကြည့်ရတာ နည်းနည်းပြောင်းလဲနေတယ်လို့ ထင်ခဲ့ပေမဲ့ ဒီလိုမျိုးမြန်မြန်ဆန်ဆန် ကြီးပြောင်းလဲသွားလိမ့်မယ်လို့ မထင်ခဲ့တာတော့ အမှန်ပေ။

~~~~a~~~k ~~~ y~~~i~~~~p ~~h~~~y~~~u~~~~

” တီတီ ..တီတီ ”

ဟွန်းသံပေးရင်း အနားကိုတိုးကပ်ရပ်လိုက်တဲ့ကားတစ်စီး။ကားကိုကြည့်လိုက်တာနဲ့ ဇွဲညီထင်ရဲ့ကားဆိုတာကို မေကျော့ရှင်းချက်ချင်းသိလိုက်တယ်။မေကျော့ရှင်းကြည့်နေတုန်းမှာပဲ ကားပေါ်ကနေဇွဲညီထင်ဆင်းလာခဲ့တယ်။

” ကျွန်တော်တို့ ခဏလောက်စကားပြောရအောင်..ခဏလေးပါ ”
ကားပေါ်ကဆင်းတာနဲ့ သူမလက်ကိုလှမ်းဆွဲလိုက်ပြီး ပြောလိုက်တာမို့ မေကျော့ရှင်းမှာ ငြင်းဆန်ချိန်တောင်မရလိုက်ဘဲ ကားပေါ်ရောက်သွားရတော့တယ်။

” နင်..ဘယ်လိုဖြစ်နေတာလဲ ဇွဲညီထင်…ငါ့ကိုဘာလို့်ဒီလောက်နှောက်ယှက်နေရတာလဲဟင်.. ”

” နှောက်ယှက်နေတာလဲမဟုတ်ဘူး ….အလုပ်ကိစ္စပြောချင်လို့ပါ…တောင်းပန်ပါတယ်ဗျာ…ဟိုလူ့အလုပ်ကနေထွက်လိုက်ပြီး ကျွန်တော်ပြောထားတဲ့ဆီမှာသွားလုပ်ပါ..အဲ့ဒီကုမ္ပဏီမှာတိုးတက်လမ်းလဲရှိတယ်…ပြီးတော့လုံခြုံမှုလဲရှိတယ်…ကုမ္ပဏီနားမှာပဲလုံခြုံပြီးလူနေသန့်တဲ့အဆောင်လဲရှိတယ် ”

“နင်..နင်ဘာဖြစ်နေတာလဲ ဇွဲညီထင်…..ငါ့ဘဝကိုဘာလို့်လာပြီး စီမံပေးနေရတာလဲ …ငါ့မှာလဲငါ့အရည်အချင်းနဲ့ငါရှိပါတယ်….သူများအကူအညီရမှအလုပ်ရမဲ့သူ..နေစရာရမဲ့သူမဟုတ်ဘူး….အထူးသဖြင့်နင့်ဆီကအကူအညီကိုမလိုချင်ဘူး ”

” ဪ…ကျွန်တော့်ဆီက အကူအညီကိုတော့မလိုချင်ဘူး…ဟို့လူဆီက အကူအညီကိုတော့ယူမယ်ပေါ့ဟုတ်လား…လောကကြီးမှာလူတွေအများကြီးရှိတာ ..ဘာလို့များ အဲ့ဒီလူနဲ့မှပတ်သက်ရတာလဲ ”

” ငါ့ဘာသာဘယ်သူနဲ့ပတ်သက်ပတ်သက်ပေါ့…နင်နဲ့မဆိုင်ဘူးလေ..ငါတို့ …ကိုယ့်လမ်းကိုယ်လျှောက်ကြရအောင်လို့ဘယ်နှစ်ခါပြောရမလဲ….နင့်ဘဝကိုလဲ ငါဝင်မရှုပ်ဘူး….ငါ့ဘဝကိုလဲနင်ဝင်မရှုပ်နဲ့…ဘာလဲ နင်ကတော့သူဌေးသမီးနဲ့လက်ထပ်မယ်..ငါကိုတော့ ဒီလိုပဲရရစားစားဘဝနဲ့ပဲနေစေချင်လို့လား… ငါဘဝကောင်းကောင်းမွန်မွန်နေရမှာကို နင်မလိုလားတာလား…ဟုတ်လား…ပွင့်ပွင့်လင်းလင်းပြောလိုက်စမ်းပါ ”

” ဘာ…ဘာကွ..တောက် ”

မေကျော့ရှင်းရဲ့စွပ်စွဲလိုက်တဲ့စကားကြောင့် ဇွဲညီထင်စိတ်တိုဒေါသထွက်သွားကာ တောက်တစ်ချက်ကိုခပ်ပြင်းပြင်းခေါက်လိုက်တယ်။

” မင်းဘာဖြစ်နေတာလဲ မေကျော့ရှင်း…ဘာလို့ အဲ့ဒီလောက်ပြောရဆိုရခက်နေတာလဲ …မြင့်လွင်ဆိုတဲ့အဲ့ဒီလူရဲ့အကြောင်းကို သိလို့လား …မင်းဒုက္ခရောက်မှာစိုးလို့တားနေတာသိရဲ့လား…အဲ့ဒီလူကို ရုံးကိုခေါ်လာတဲ့နောက်ရက်ကစပြီး…..သူ့အကြောင်းကိုစုံစမ်းလာတာ…အဲ့ဒီလူဘာတွေလုပ်လဲ…အရင်ကဘာတွေလုပ်ခဲ့လဲ..သူ့မိန်းမနဲဘယ်လိုတွေ့ခဲ့လဲကအစသိတယ်….သူသာလူကောင်းဆိုရင် ဘာမှတားစရာအကြောင်းမရှိဘူး….ဒီလောက်မှမယုံဘူးဆိုရင် မင်းသဘောပဲ …ဒီမှာ အလုပ်ဆင်းရမဲ့ကုမ္ပဏီရဲ့လိပ်စာကတ်…ဆက်သွယ်ရမဲ့မန်နေဂျာရဲ့ဖုန်းနံပတ်လဲပါတယ်….လုပ်တာမလုပ်တာမင်သဘောပဲ ….မင်းက ငါ့ကိုဆိုရင် ဘယ်တော့မှအထင်ကြီးတဲ့သူမဟုတ်ဘူးဆိုတာသိတယ်…..မင်းကြိုက်သလိုသာဆုံးဖြတ်တော့…ငါလဲလက်ထပ်တော့မယ်…မင်းကိစ္စတွေမှာဝင်မပါတော့ဘူးစိတ်ချ ”

ဇွဲညီထင်က ခံပြင်းနာကြည်းစွာပြောလိုက်ရင်း လိပ်စာကတ်ကို မေကျော့ရှင်းလက်ထဲထည့်ပေးလိုက်တယ်။မေကျော့ရှင်းမှာယောင်နနနဲ့လက်ခံယူလိုက်ပြီးနှုတ်ဆိတ်နေခဲ့မိတယ်။

~~~a~~~k~~~~y~~~i~~~~p~~~h~~y~~~~u~~~~

” မောင်… ဟိုနေ့က ချစ်ကိုစိတ်ဆိုးသွားတာလားဟင်…တကယ်တော့ အဲ့ဒီနေ့ အရေးကြီးတဲ့ဧည့်သည်တွေနဲ့ချိန်းထားတာက တကယ်ပါ….ဧည့်သည်တွေပြန်သွားတော့… ကိုကောင်းဆက်ကရုပ်ရှင်ကြည့်ချင်တယ်လို့ပြောတယ်..အဖေတို့လဲရှိနေတော့ ချစ်မှာငြင်းလို့မရဖြစ်သွားလို့ပါ …မောင်စိတ်မဆိုးပါနဲ့နော် ”

” ဪ ..ဘာများလဲလို့ချစ်ရယ်…အဲ့ဒီကိစ္စလား..စိတ်မဆိုးပါဘူး….လုပ်ငန်းသဘောအရဒီလိုပဲအလိုက်သင့်ဆက်ဆံရတယ်ဆိုတာ မောင်သိပါတယ် ရှင်းပြဖို့မလိုပါဘူး….မောင်လဲစိတ်မဆိုးပါဘူး….”

ဇွဲညီထင်ကတကယ့်ကို အေးဆေးတဲ့အမူအရာနဲ့ပြောလိုက်တာမို့ နွေးနွေးချစ်မှာဇွဲညီထင်ကို ခပ်ငေးငေးကြည့်နေပြီးမှ

” ဒီလိုကိစ္စတွေက နောင်လဲဖြစ်လာနိုင်တယ်နော်မောင်…..ချစ်တို့လက်ထပ်ဖို့အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ …အဖေတို့သဘောကျကိုကောင်းဆက်နဲ့အလိုက်သင့်ဆက်ဆံနေရမှာပဲ ….”

” ရပါတယ်ချစ်….မောင်နားလည်ပါတယ်….လက်ထပ်ဖို့ကိစ္စကိုတော့ နောက်နှစ်ကုန်လောက်မှပေါ့ ”

” ဘယ်…ဘယ်လို နောက်နှစ်ကုန်မှဟုတ်လားမောင် ”

ဇွဲညီထင်ရဲ့စကားကြောင့် နွေးနွေးချစ်က အသံတုန်တုန်နဲ့တုံ့ပြန်မေးလိုက်တယ်။

” ဟုတ်တယ်လေချစ်…ဒီကြားထဲမှာ မောင်လဲပိုက်ဆံစုနေတယ်….ပြီးတော့ ကိုယ်ပိုင်အလုပ်လေးတစ်ခုခုလောက်လုပ်မလားလို့် ”

” မ..မဟုတ်သေးပါဘူးမောင်ရယ်….ကိုယ်ပိုင်အလုပ်ဆိုတာကဘာလဲ…ချစ်တို့လက်ထပ်ပြီးသွားရင် …ဒီကုမ္ပဏီမှာ မောင်ပဲဦးစီရမှာလေ …ပြီးတော့ နောက်နှစ်ဆိုတာကတော့ဝေးလွန်းပါတယ်မောင်…..”

“ချစ်ရယ်..မောင်ငွေစုချင်သေးလို့ပါ ”

ဇွဲညီထင််ရဲ့စကားကြောင့်နွေးနွေးချစ်မျက်နှာလေးကိုမသိမသာမဲ့ပစ်လိုက်ပြီး

” ဟုတ်ပြီလေ…ဒါဆိုလဲမောင့်သဘောပါ…နောက်နှစ်ကုန်မှ လက်ထပ်မယ်ဆိုရင်လဲ ချစ်တ
ဘက်ကလူကြီးတွေကိုတော့ လိုက်တွေ့ပေးပါမောင်…ဒီလောက်တော့ဖြစ်တယ်မဟုတ်လား ….မဟုတ်ရင် အဖေတို့က ကိုကောင်းဆက်နဲ့ကိစ္စကို စီစဉ်ကြလိမ့်မယ် ”

နွေးနွေးချစ်ရဲ့စကားကြောင့် ဇွဲညီထင်အတော်ကြာ တွေဝေငြိမ်သက်သွားခဲ့ပြီးမှ ခေါင်းကိုညိတ်ပြလိုက်ရင်း

” ဟုတ်ပါပြီ ..ချစ်သဘောပဲလေ……လူကြီးတွေကို လိုက်တွေ့ပါမယ် …ချစ်ပဲစီစဉ်လိုက်လေ ”

” ဘယ်လို …ချစ်ပြောတာကို မောင်လက်ခံတယ်ပေါ့ဟုတ်လား…ဒါ…ဒါဆိုရင် …အဖေတို့နဲ့တွေ့ဖို့ ချစ်စီစဉ်လိုက်မယ်နော်မောင် ”

ဇွဲညီထင်ရဲ့စကားကြောင့် နွေးနွေးချစ်မှာ ဝမ်းသာပျော်ရွှင်သွားပြီး ပြုံးရွှင်ကျေနပ်စွာနဲ့ ပြောလိုက်တယ်။ဇွဲညီထင်ကတော့ ခေါင်းကိုသာညိတ်ပြလိုက်တယ်။

~~~~a~~~~~k~~~~y~~~i~~~~~p~~~~h~~~~~~y~~~~u~~~~~~~~~~~~

” ကိုမြင့်လွင်နဲ့ကိစ္စကို ကျော့ ဘက်က ပြတ်ပြတ်သားသား ငြင်းပါရစေ ကြီးကြီး….ကျော့အိမ်ထောင်မပြုတော့ဘူးကြီးကြီးရယ် …ပြီးတော့ ကိုမြင့်လွင်ရဲ့ ဆိုင်ကနေအလုပ်ထွက်တော့မှာပါ ..”

” ဘယ် ..ဘယ်လိုကွဲ့…ဘာများဖြစ်ရတာလဲ သမီးရယ် ..မောင့်မြင့်လွင်လိုလူမျိုးက သမီးဘဝကို မြှင့်တင်ပေးနိုင်တဲ့သူလေ ….မလိုလို့ပြောတဲ့စကားတွေကို နားယောင်နေတာလား …”

” ဘယ်သူပြောလို့မှ မဟုတ်ပါဘူးကြီးကြီးရယ် ….တွေတွေဝေဝေနဲ့စဉ်းစားနေရတဲ့ လမ်းခရီးကို …ရှေ့မဆက်ဘဲ ရပ်လိုက်တာက ပိုကောင်းမယ်ထင်လို့ပါ ….ကျော့ဘဝတိုးတက်ဖို့အတွက်ကတော့ ကျော့ဘာသာ ကြိုးစားလို့ရပါတယ်…အဖေတို့လဲ အိမ်ရောင်းထားတာဆိုတော့ ခုချိန်ငွေမလိုလောက်သေးပါဘူး …ကျော့အတွက် အဆင်ပြေမဲ့အလုပ်ကို ထပ်ရှာပါ့မယ်…..ဟိုလေ….ကြီးကြီးတို့ အဆင်ပြေမယ်ဆိုရင် … ကျော့ရဖို့ကျန်တဲ့ငွေလေးထပ်ပေးပါနော်ကြီးကြီး ”

ဒီတစ်ခါတော့ မေကျော့ရှင်းပြတ်သားစွာပြောလိုက်တယ်။

” ညည်းနှယ်မိုက်လိုက်တာအေ…ရေကန်အသင့်ကြာအသင့်ဖြစ်နေတဲ့ အခြေအနေကိုများ လက်လွှတ်ရတယ်လို့ ….ဒီလောက်မှ ပြောမရရင်လဲ ညည်းသဘောပါပဲ….တို့တွေကတော့ ကောင်းစေချင်လို့ အမြင့်ကို တင်ပေးတာပဲ….မြင့်တယ်ဆိုပြီး ခုန်ချမှတော့လဲ … ညည်းထိုက်နဲ့ညည်းကံပေါ့…အေးလေ … ညည်းကိုပေးဖို့ကျန်တဲ့ငွေကို ပေးမယ် … လကုန်တဲ့အထိတော့စောင့်အုံး ..သုံးဖို့ရှိသေးတယ် မဟုတ်လား ..အလုပ်က ချက်ချင်းထွက်တော့မလို့လား ”

” အလုပ်က ချက်ချင်းတော့ မထွက်သေးပါဘူးကြီးကြီး….ကိုမြင့်လွင်ကိုပြောပြီးမှ ထွက်မှာပါ ….”

” အေး .. အေး…ဒါဆိုလဲ ပြီးတာပဲ …ပိုက်ဆံကို လကုန်ပြီးနောက်ရက်မှ လာယူပေါ့ ဟုတ်လား ”

” ဟုတ်ကဲ့ ကြီးကြီး …ကျေးဇူးတင်ပါတယ် ”

ကိုယ့်ပိုက်ဆံ ကိုယ်ပြန်တောင်းတာဆိုပေမယ့်လည်း ကြီးတော်ဖြစ်သူကို မေကျော့ရှင်းကျေးဇူးတင်စကားပြောလိုက်တယ်။တစ်ခါမတောင်းရုံနဲ့ ပြန်ပေးမယ်လို့ ပြောတဲ့ အခြေအနေက ဒါပထမဆုံးကြုံရတာ မဟုတ်ပါလား။

~~~~a~~~K~~~y~~~i~~~~~p~~~h~~~y ~~~u~~~

” ဘယ်လိုဖြစ်ရတာလဲ ကျော့ရယ် …အစ်ကိုပြောခဲ့တယ်မဟုတ်လား …အလုပ်နဲ့ကိုယ်ရေးကိုယ်တာ မရောပါနဲ့ဆိုကွာ ..အစ်ကို့ကို အိမ်ထောင်ဖက်အဖြစ် ကျော့ လက်မခံနိုင်တာကို အစ်ကိုနားလည်ပေးပါတယ် ..ဒါပေမဲ့ အလုပ်တော့မထွက်ပါနဲ့လားကွာ…”

ကိုမြင့်လွင်က စိတ်မကောင်းစွာပြောလိုက်ရင်းက တားမြစ်လိုက်တယ်။

” ကျော့တောင်းပန်ပါတယ်အစ်ကိုမြင့်လွင် … ကျော့ကို နားလည်ပေးပါရှင် ”

” ဟုတ်ပါပြီ ကျော့ရယ် ..အစ်ကိုတကယ်စိတ်မကောင်းဘူးကွာ …အလုပ်ထွက်ရမှဖြစ်မယ်ဆိုရင်လဲ အလုပ်အသစ်ကို အရင်ရှာလိုက်ပါကျော့ ..အလုပ်အသစ်ရမှ ထွက်ပါ …အင်တာဗျူးဖြေဖို့ သွားမဲ့ရက်တွေမှာလဲ … လစာမပျက်အလုပ်နားခွင့်ပြုပါတယ် ”

” .မ…မဟုတ်တာ အစ်ကိုမြင့်လွင်ရယ် …အဲ့ဒီလိုကြီးတော့ မလုပ်ချင်ပါဘူး ”

” ကဲပါကွာ ….ဒါတော့ငြင်းမနေပါနဲ့တော့ကျော့ရယ် ..အစ်ကိုလဲ ဝန်ထမ်းသစ်ထပ်ရှာဖို့ အချိန်ရတာပေါ့ …နှစ်ဦးနှစ်ဖက်အဆင်ပြေဖို့အတွက်ပါ … အစ်ကိုတောင်းပန်ပါတယ် ”

” ဟုတ်…. ဟုတ်ကဲ့ပါအစ်ကိုမြင့်လွင် … ကျေး…ကျေးဇူးတင်ပါတယ်ရှင် ”

ကိုမြင့်လွင်ကတောင်းတောင်းပန်ပန်နဲ့ပြောနေတာမို့ မေကျော့ရှင်းလဲ စဉ်းစားမနေတော့ဘဲ့ ခေါင်းညိတ်သဘောတူလိုက်တယ်။သူ့ကျေးဇူးတွေလဲ ယူခဲ့ဖူးတယ်မဟုတ်ပါလား။

~~~~ a~~–k~~~y~~~i~~~~~p ~~~~h~~~y~~~u~~~

” ကဲ …ထိုင်စမ်းပါအုံး မမကျော့ရယ် …အခုတလော နင့်သတင်းတွေကြားရတာအဆန်းပါလား ဟယ် ….အကြွေးတွေလိုက်ပြန်တောင်းနေတယ်ဆို ”

သူငယ်ချင်းမီမီခိုင်ရဲ့ အမေးကြောင့် မေကျော့ရှင်းခေါင်းကို ညိတ်ပြလိုက်ပြီး

” အင်း ….ဟုတ်တယ်ဟ … သူတို့တွေ အဆင်မပြေချိန်တုန်းက ငါချေးပေးခဲ့တယ်ဟယ် …အခုသူတို့တွေ အဆင်ပြေတော့ ပြန်ပေးသင့်တယ်မဟုတ်လား ..ငါလဲအလကားရထားတာမဟုတ်ဘူးလေ… တပင်းတပန်းရှာထားတဲ့ ငါ့ချွေးနှဲစာတွေလေ ”

” အမယ်လေး ..အမယ်လေး …ဒေါ်မေကျော့ရှင်းတို့တော့ မပြောစဖူးစကားတွေ ပြောနေပါလား….ဒါနဲ့ ပြန်တောင်းတော့ရော ပေးကြရဲ့လား ”

မီမီခိုင်ရဲ့ အမေးကြောင့် မေကျော့ရှင်းခေါင်းကိုခါယမ်းပြလိုက်ပြီး

” ပေးတဲ့သူက ရှားပါတယ်ဟယ်…. လည်ပင်းမှာ ရွှေအတုံးလိုက်အတစ်လိုက်ဝတ်ထားတဲ့သူကလဲ ….ပိုက်ဆံမရှိပါဘူးဆိုပြီး ချူသံပါအောင် ညည်းပြလိုက်ကြသေးတာ….တချို့များ ပိုက်ဆံလာတောင်းမှန်းလဲ သိရော လေသံက ချက်ချင်းပြောင်းသွားတာဟေ…ဒီကြားထဲ ကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းမိတာကို …သူဖုန်းစားဖြစ်နေပြီလားဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ခံရသေးတာဟယ်…လူတွေ တကယ်ခက်ပါတယ် ”

” ဪ…ဪ…လူတွေအကြောင်းကို အခုမှသိတာလား … နောက်ဆိုမှတ်ထား…အရမ်းလက်မလွယ်နဲ့..ပေးသင့်သူကိုပဲပေး…. သနားသင့်သူကိုပဲ သနား…ဒါနဲ့ ငါ့ရော အကြွေးပေးစရာရှိသေးလားဟင်…ရှိရင်လဲ ပေးစရာမရှိသေးလို့ သိမ်းချင် လူပဲသိမ်းပါနော် အစ်မ ”

မီမီခိုင်က ရယ်ကျဲကျဲ မျက်နှာနဲ့ ပြောင်တိုက်တာမို့ မေကျော့ရှင်းသဘောကျစွာ ရယ်လိုက်မိတယ်။

” ဒါနဲ့ နေပါအုံး ..ကိုမြင့်လွင်ကို နင်လက်ခံလိုက်ပြီလားကျော့ ”

” ဟင့်အင်း ..လက်မခံပါဘူး..အိမ်ထောင်ရေးကို မစဉ်းစားချင်တော့ဘူးဟယ် ”

” ဘယ်လို ..နင်ကသာ လက်မခံဘူးပြောနေတာ ..နင့်ကြီးတော်ကတော့ …..နင်နဲ့ ကိုမြင်လွင့်က ပဲ ကြိုက်နေကြသလို လျှောက်ပြောနေတာနော် ….မဟုတ်ရင်လဲ နင်ကြီးကြီးကိုပြောထားအုံး ”

” ဟယ် ..ဘယ်လို ..ကြီးကြီးက ပြောတာလား ”

” ဟုတ်တယ်လေ …. တစ်နေ့ကပဲ အမေနဲ့ ဈေးထဲမှာ တွေ့ပြီး ပြောလိုက်တာတဲ့ … ကိုမြင့်လွင်ဆိုင်မှာ ..နင်အလုပ်ဝင်နေတာကအစ ပြောလိုက်တာတဲ့ ”

” ဟင် …..ဟုတ်လား ….ငါလက်မခံပါဘူးလို့ သေချာပြောထားရဲ့နဲ့ ကြီးကြီးကတော့ မဟုတ်သေးပါဘူး ..သေချာသွားထပ်ပြောရမယ် ”

မေကျော့ရှင်းစိတ်ထဲ အလိုမကျစွာပြောလိုက်ရင်း ကြီးကြီးကို စိတ်တိုသွားမိတယ်။

~~~a~~~k~~~y~~~i~~~p ~~h~~~y~~~~u~~~

” ဟို …ခဏလေးပါရှင် ….ခဏလေးပါ ”

တံခါးပိတ်တော့မလိုဖြစ်နေတဲ့ ဓါတ်လှေကားဆီကို မေကျော့ရှင်း အပြေးသွားလိုက်ရင်းက အထဲကလူတွေကို လှမ်းပြောလိုက်မိတယ်။မေကျော့ရှင်းပြောလိုက်တော့ ဓာတ်လှေကားတံခါးက ပြန်ပွင့်လာခဲ့တယ်။

” ဟင် ”

ပွင့်လာတဲ့တံခါးကနေအထဲကိုလှမ်းကြည့်လိုက်တဲ့အခါ အထဲမှရှိနေသူတွေကိုမြင်ပြီး မေကျော့ရှင်းရဲ့ခြေလှမ်းတွေရပ်တန့်သွားရတော့တယ်။ အထဲမှာရှိနေတာက သက်ကြီးပိုင်းအမျိုးသမီးနှစ်ယောက်နဲ့ ဇွဲညီထင်တို့စုံတွဲဖြစ်တယ်။

” လာလေကွယ် ….အန်တီတို့ကအပေါ်ဆုံးထပ်ကိုသွားမှာ….စောင့်နေရင်မင်းကြာနေလိမ့်မယ်…ဒီမှာလေးယောက်တည်းပဲရှိတဲ့ဟာလိုက်လို့ရပါတယ်..လာပါ ”

အထဲကိုကြည့်ပြီးတော့ ကြောင်အကာ ရပ်တန့်နေတဲ့ မေကျော့ရှင်းကိုကြည့်ပြီး အမျိုးသမီးကြီးတစ်ယောက်က လှမ်းခေါ်လိုက်တယ်။

”လာပါကွယ် ….ဒီမှာစီးလို့ရပါသေးတယ် ”

” ဟုတ်….ဟုတ်ကဲ့ပါရှင့် ”

အမျိုးသမီးတစ်ယောက်က ထပ်ခေါ်လိုက်တာမို့ မေကျော့ရှင်းအယောင်ယောင်အမှားမှာနဲ့ခေါင်းညိတ်ပြလိုက်မိပြီး လက်ထဲကကိုယ်ရေးရာဇဝင်ဖောင်ကို ရင်ဘတ်ပေါ် ဖိကပ်လိုက်ရင်း လက်နဲ့ကွယ်ထားလိုက်မိတယ်။

ကိုယ်သွားမဲ့အထပ်ကို ရောက်တာနဲ့မေကျော့ရှင်း ခပ်မြန်မြန်ပဲ အပြင်ကိုထွက်ခဲ့လိုက်တယ်။သူမနောက်မှာ ရပ်နေတဲ့ ဇွဲညီထင်တို့စုံတွဲဆီကို အကြည့်မရောက်မအောင်တစ်ချိန်လုံးကျောခိုင်းရပ်နေခဲ့လိုက်တာ။

” မကျော့…ခဏလေးနေပါအုံး ”
ရုတ်တရက် အနောက်ကနေ ခေါ်သံထွက်ပေါ်လာတာမို့ မေကျော့ရှင်းလှည့်ကြည့်လိုက်တဲ့အခါ ဇွဲညီထင်ရဲ့ လက်မောင်းကို ဖက်တွယ်ပြီး ရပ်နေတဲ့ နွေးနွေးချစ်ကိုတွေ့လိုက်ရတာမို့ အံ့ဩတုန်လှုပ်သွားရတယ်။

===a===k====y=====i====p==h==y===u==

အပိုင်း(၂၂ )ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၂ )
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****
နွေးနွေးချစ်ရဲ့ မထင်မှတ်ထားတဲ့အပြုအမူကြောင့် ဇွဲညီထင်လည်း မတားလိုက်နိုင်ဘဲ မေကျော့ရှင်းနဲ့မျက်နှာချင်းဆိုင်လိုက်ရတော့တယ်။

” မတွေ့တာကြာပြီနော် မကျော့….ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်တောင်းပန်ချင်လို့ ….တစ်ခါလောက်တော့တွေ့ချင်နေခဲ့တာ ….နွေးဘက်ကလွန်ခဲ့တာတွေအတွက်တောင်းပန်ပါတယ်နော် ”

နွေးနွေးချစ်ဆီကနေ မထင်မှတ်ထားတဲ့အပြုအမူနဲ့ စကားကိုလက်ခံရရှိလိုက်တာမို့ မေကျော့ရှင်း နှုတ်ခမ်းလေးကို မသိမသာတွန့်ကွေးကာပြုံးလိုက်မိပြီး

” ရပါတယ်မနွေးနွေးချစ် … ကျော့ဘက်က လွန်ခဲ့ရင်လဲတောင်းပန်ပါတယ်နော် ”

” ရပါတယ်မကျော့ရယ် ….တစ်ယောက်နဲ့တစ်ယောက်အထင်အမြင်မှားကြတာပဲလေ …ဒါနဲ့ တခုခုသွားစားရအောင်လေ….မတ်တတ်ကြီးစကားပြောနေရတာအဆင်မပြေပါဘူး ”

နွေးနွေးချစ်က ဇွဲညီထင်ရဲ့လက်မောင်းကိုထင်သာမြင်သာအောင်တွဲထားလိုက်ရင်းကနေ မေကျော့ရှင်းကိုခပ်ပြုံးပြုံးကြည့်ပြီးပြောလိုက်တယ်။

မေကျော့ရှင်းကလည်းအပြုံးမပျက်ဘဲ နှစ်ယောက်လုံးကိုကြည့်လိုက်ပြီး

” ဆောရီးပါမနွေးနွေးချစ် ….ကျော့က အလုပ်ကိစ္စနဲ့ လာတာမို့ပါရှင် ”

” ဪ …အလုပ်ကိစ္စနဲ့ လာတာလား …..ကြည့်ရတာ အင်တာဗျူးလာဖြေတာလားဟင် …( ….)ရုံးမှာ အင်တာဗျူးရှိတယ်လေ … နွေးတို့လဲအဲ့ဒီကိုလာတာ …..အဖေ့မိတ်ဆွေရဲ့ ကုမ္ပတီလေ ”

နွေးနွေးချစ်ဆီကကြားလိုက်ရတဲ့စကားကြောင့် မေကျော့ရှင်းမှာ ခေါင်းထဲမိုက်ခနဲဖြစ်သွားသလိုပင်ခံစားလိုက်ရတယ်။ ဒီလောက်ကုမ္ပဏီတွေ အများကြီးရှိနေတဲ့ကြားထဲက ဘယ်ဘဝကရေစက်ဆိုးကြောင့်များ သူတို့တွေနဲ့မလွတ်ကင်းနိုင်ရတာလဲမသိတော့။မေကျော့ရှင်းခေါင်းကိုဆတ်ခနဲခါယမ်းလိုက်ပြီး

” ( …..)ရုံးကိုလာတာမဟုတ်ပါဘူးမနွေး……မိတ်ဆွေတစ်ယောက်နဲ့ချိန်းထားတာပါ …ခွင့်ပြုပါအုံးရှင် ”

မေကျော့ရှင်းပြောပြီးတာနဲ့ ချက်ချင်းလှည့်ထွက်ခဲ့လိုက်တယ်။

နွေးနွေးချစ်ကတော့ မေကျော့ရှင်းကျောခိုင်းထွက်သွားတဲ့အထိ ဇွဲညီထင်ရဲ့ လက်မောင်းကို ဖက်တွယ်ထားကာ ပြုံးပြီးကြည့်နေခဲ့တယ်။သူမရဲ့အပြုံးတွေက အဓိပ္ပါယ်ဖော်ရတော့ခက်လှပေတယ်။ဇွဲညီထင်ကတော့ နှစ်ယောက်လုံးကို ဘာမှဝင်မပြောဘဲတိတ်ဆိတ်နေခဲ့တယ်။

” မောင် တိတ်လှချည်လား …နေမကောင်းဘူးလားဟင် ”

” ကောင်း..ကောင်းပါတယ်….လာလေ ..သွားကြမယ် …”

ဇွဲညီထင်က အခုမှ အသက်ဝင်လာခဲ့သလိုဖြစ်လာခဲ့ပြီး စကားသံထွက်လာခဲ့တော့တယ်။

~~~~a~~~~k~~~y~~~i~~~~p~~~~~h~~~~y ~~~~u~~~~

တိုက်ဆိုင်လွန်းလှတဲ့ ရေစက်ဆိုးကို မေကျော့ရှင်းစိတ်ကုန်စိတ်ပျက်စွာနဲ့ အဆောက်အဦးကြီးထဲကပြန်ထွက်လာခဲ့တယ်။အလုပ်ရဖို့သေချာနေတဲ့အခွင့်အရေးကို လက်လွှတ်လိုက်ရတာမို့ စိတ်ထဲမှာတော့အတော်လေးကိုမကျေမနပ်ဖြစ်သွားရတယ်။သို့ပေမဲ့လည်း နွေးနွေးချစ်တို့နဲ့ထပ်ပြီးပတ်သက်ရမယ့်အဖြစ်မျိုးကို အဖြစ်မခံနိုင်တာမို့ အင်တာဗျူးဖြေရမဲ့ကိစ္စကိုပါ ရေစက်ဖြတ်ပစ်လိုက်တယ်။နွေးနွေးချစ်တို့တွေ သူမရဲ့ကိုယ်ရေးရာဇဝင်ဖောင်ကိုတွေ့သွားနိုင်တာကိုသိပေမယ့်လည်း စိတ်ထဲဂရုမစိုက်ချင်တော့။သူတို့နဲ့မဆုံချင်လို့သေချာနေတဲ့အင်တာဗျူးကို တောင် ဝင်မဖြေဘဲပြန်သွားခဲ့တာကို သူတို့သိသွားတာလဲ တစ်မျိုးကောင်းတာပဲဟု တွေးပစ်လိုက်တယ်။အလုပ်တစ်ခုရဖို့ခက်တယ်ဆိုပေမယ့် သေချာကြိုးစားရှာရင်ရနိုင်တာပဲ။ မေကျော့ရှင်းဆိုတာ ဘယ်သူ့အကူအညီမှမပါဘဲလဲရပ်တည်နိုင်တယ်။ရပ်တည်ခဲ့တယ်။ဘာကိုများစိုးရိမ်ကြောက်လန့်နေရအုံးမှာတဲ့လဲ။ဇွဲညီထင်ကတော့ သူမကို အတော်လေးစိတ်ဆိုးသွားပုံရတယ်။အလုပ်နဲ့ပတ်သက်ပြီး လာလဲမတွေ့တော့သလို ဖုန်းကနေစာတွေဘာတွေလဲ မပို့တော့ဘူး။ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခြေအနေကပဲ သူမတို့အတွက် အသင့်တော်ဆုံး အခြေအနေလို့ပြောရမယ်။သူ့မှာလဲ ဆိုင်သူရှိပြီးသားမဟုတ်ပါလား

~~~~a~~~k~~~y~~~i~~~~p~~~h~~~~y~~~u~~~~

” ဒီလကုန်မှာ အဖေတို့နဲ့တွေ့ဖို့ စီစဉ်ထားတယ်မောင် …အဆင်ပြေရဲ့လား ”

” ဪ…အင်း…ပြေပါတယ် ချစ်…မောင့်ဘက်က ဘာတွေ ပြင်ဆင်ခဲ့ရမလဲ ”

ဇွဲညီထင်က လက်တော့ဆီကနေအကြည့်မခွါဘဲနဲ့ မေးလိုက်တယ်။

” ရပါတယ်မောင် … ဘာမှပြင်ဆင်ဖို့မလိုပါဘူး…. မောင် ရောက်လာဖို့အဓိကပါပဲ … အဲ့ဒီနေ့ကိုတော့ လုံးဝပျက်ကွက်လို့မရဘူးနော်မောင်….ချစ်တို့ရဲ့အနာဂတ်နဲ့ပတ်သက်နေတဲ့နေ့ပါ ”

” စိတ်ချပါချစ်…ပေးပြီးသားက တိကို မောင်မပျက်ကွက်ပါဘူး ”

ဇွဲညီထင်က နွေးနွေးချစ်ရဲ့ မျက်နှာကိုမကြည့်ဘဲ ပြောလိုက်တယ်။

တက်ကြွပျော်ရွှင်နေတဲ့ ပုံစံမျိုးမရှိပါဘဲ အေးစက်စက်ပုံစံသွင်ပြင်ဟန်ပေါ်နေတဲ့ ဇွဲညီထင်ကိုကြည့်ပြီး နွေးနွေးချစ်ကအံလေးကိုမသိမသိကြိတ်လိုက်တယ်။

~~~~a~~~~k~~~y~~~i~~~p~~~h~~~y~~~~u~~~

” မောင်မြင့်လွင်နဲ့ ကိစ္စကို သမီးဘက်က လက်မခံဘူးဆို …လက်မခံရင်လဲ အပြတ်ပြောလိုက်နော်သမီး …..အလုပ်ကလဲထွက်လိုက်ပါ… မဟုတ်ဘဲ အထင်အမြင်လွဲခံနေရမယ်…အလုပ်သစ်မရသေးရင်လဲ အေးအေးဆေးရှာပါ…ပြီး တော့ အိမ်မှာလာနေပါသမီးရယ် ”

အဖေ့ဆီကနေ မမျှော်လင့်ထားတဲ့စကားကိုကြားလိုက်ရတာမို့လို့ မေကျော့ရှင်းရင်ထဲမှာ တလှိုက်လှိုက်တုန်ကာ ကြည်နူးဝမ်းသာသွားမိတယ်။ အဖေတို့အိမ်မှာ ပြောင်း နေဖို့ ရည်ရွယ်ချက်မရှိပေမယ့် ဖခင်ဖြစ်သူရဲ့လိုလိုလားလားဖိတ်ခေါ်မှုကိုကြားလိုက်ရတဲ့အခါမှာတော့ ပြောမပြတတ်အောင်ဘဲ ကြည်နူးပျော်ရွှင်သွားမိတယ်။အဖေ့ဆီက ဒီလိုမျိုးစကားသံတွေမကြားခဲ့ရတာကြာခဲ့ပြီလေ။

” ဟို … အလုပ်ထွက်ဖို့က ပြောပြီးသွားပါပြီအဖေ ….အိမ်မှာလာနေဖို့ကိုတော့ ..အဆောင်မှာလပြည့်မှလာနေပါ့မယ် ..သမီးအတွက်စိတ်မပူပါနဲ့နော် ….အားလုံး အဆင်ပြေပါတယ် အဖေ ”

ဖခင်ကြီးကျေနပ်သွားအောင် မေကျော့ရှင်းအလိုက်သင့်ပြောလိုက်တယ်။ဒီရက်ထဲ အဖေပြန်ပြီးလန်းဆန်းလာတာမို့ စိတ်ထဲပူပန်နေတာတွေလဲ နည်းနည်းတော့ သက်သာသွားခဲ့တယ်။

~~~~a~~~k~~~y~~~i~~~~~p~~~h~~~y~~~~u~~~~

ကားပေါ်ကနေအတူတွဲ ဆင်းလာကြတဲ့ ချစ်သူနွေးနွေးချစ်နဲ့ ကိုကောင်းဆက်ကို ဇွဲညီထင်စူးစိုက်ကာကြည့်နေလိုက်တယ်။သူ့စိတ်ထဲထင်နေမိတာပဲလားမသိ။ ချစ်သူနွေးနွေးချစ်နဲ့ ကိုကောင်းဆက်တို့ရဲ့ ရင်းနှီးမှုက သာမန်ထက်ပိုနေသလို ထင်ရတယ်။ကိုကောင်းဆက်ရဲ့ အကြည့်တွေနဲ့ နွေးနွေးချစ်ရဲ့ မပွင့်တပွင့် အပြုံးတွေက ချစ်စခင်စချစ်သူနှစ်ယောက်ကိုမြင်တွေ့နေရသလိုပုံစံမျိုးဖြစ်နေခဲ့တယ်။တကယ်ပဲ နွေးနွေးချစ်ရဲ့စိတ်တွေပြောင်းလဲနေပြီလားဆိုတာကို သူလဲမခန့်မှန်းနိုင်ပါ။တကယ်လို့များ ပြောင်းလဲနေခဲ့ပြီဆိုရင်လဲ သူ့ကိုအပြတ်ပြောပြီး ငြင်းဆန်လို့ရပါရဲ့နဲ့ မိဘတွေနဲ့တွေ့ဆုံဖို့ကို စီစဉ်ခဲ့တယ်။မိန်းမတွေရဲ့ စိတ်ကလဲ နားလည်ရတော့ အခက်သား။

~~~~a~~~~k~~~y~~~i~~~~p~~~h~~~y~~~u~~~~

” သူက သူဌေးသမက်ဖြစ်မဲ့အခွင့်အရေးကိုတော့…ဘယ်လက်လွတ်ခံပါ့မလဲ..မမဝေရယ်…ဒါကြောင့်လဲ ….ဟိုမပြတ် ဒီမပြတ်နဲ့သူလုပ်နေတာပေါ့…နွေးကိုအရူးလုပ်ချင်နေတာလေ … နွေးနွေးချစ်ကို ဒီလိုလာကျောလို့တော့မရဘူး….နွေးနွေးချစ်တို့ကချစ်ရင်လည်းအရမ်းချစ်တယ်…မုန်းပြီဆိုရင်လဲ အရမ်းမု*န်းတာ …နွေးကိုကူညီပါနော် မမဝေ….ကိုကောင်းဆက်က နွေးကိုအရမ်းချစ်တာမို့ နားလည်ပေးပါတယ်…နွေးရဲ့ပိုင်ဆိုင်မှုတွေကို လက်မလွတ်နိုင်လို့ နွေးရဲ့နားမှာကပ်နေတဲ့သူ့ကို …အဲ့ဒီနေ့မှာ ကောင်းကောင်းအရှက်ခွဲပစ်ရမယ် ….. ပြီးရင် အလုပ်ပါဖြုတ်ပြီး နှင်ထုတ်ပစ်မယ်မမဝေ….သူ့အခြေနေကိုမမဝေကသေချာစောင့်ကြည့်ပေးထားပါနော် ”

” စိတ်ချပါ မနွေးရယ် …မမဝေသေချာစောင့်ကြည့်ပေးထားပါ့မယ် ….မနွေးဒီလိုဆုံးဖြတ်တာသိပ်မှန်တယ်သိလား…သူတို့လိုစရိုက်တွေက မနွေးတို့လိုလူမျိုးတွေနဲ့မလိုက်ဖက်ပါဘူး ”

နွေးနွေးချစ်ရဲ့စကားကိုမမဝေက အားတက်သရောနဲ့ထောက်ခံပြောဆိုလိုက်တယ်။

” နွေးနွေးချစ်ကို အထင်သေးခဲ့တဲ့အတွက် ….ကောင်းကောင်းနောင်တရအောင်လုပ်ပေးရမှာပေါ့ မမဝေရယ်…ဟိုမိန်းမလည်မကိုလဲ အသာတကြည်လွှတ်ပေးလိုက်လို့တော့မရဘူး….နွေးနွေးချစ်ကိုပါးရိုက်ခဲ့တဲ့အတွက် ကောင်းကောင်းပညာပေးရမှာပေါ့လေ ..ပါးတစ်ချက်ချခဲ့တဲ့အတွက်… ခြေထောက်တစ်ဖက်ပဲဖြစ်ဖြစ် ပြန်ပေးရမှာပေါ့ မဟုတ်ဘူးလား မမဝေ ”

” မှန်တယ် မနွေး…အဲ့ဒီလိုလုပ်သင့်နေတာကြာပြီ….မနွေးလိုအပ်တာကို မမဝေကူညီပေးမယ်သိလား ”

” ကျေးဇူးတင်ပါတယ် မမဝေ…ကျွမ်းကျင်ပြီးစိတ်ချရတဲ့ ကားသမားတစ်ယောက်လောက် မမဝေပဲရှာလိုက်ပါ …လိုအပ်တဲ့ငွေကြေးကို နွေးကုန်အကျခံပါ့မယ် ”

မမဝေကို နွေးနွေးချစ်ကကျေးဇူးတင်စကားပြောလိုက်ရင်းက လိုအပ်တာကိုခိုင်းစေလိုက်တယ်။နွေးနွေးချစ်ရဲ့ ခိုင်းစေမှုကို မမဝေကလည်း ခေါင်းညိတ်လက်ခံလိုက်ပြီး နွေးနွေးချစ်ကိုကျေးဇူးတင်နေမိတယ်။သူမလိုအနေအထားမျိုးနဲ့ မေးကျော့ရှင်းကို အထိနာအောင်လုပ်ဖို့ဆိုတာကမလွယ်ကူလှ။သိုပေမဲ့ ဒီပွဲမှာသူဌေးသမီးတစ်ယောက်ဖြစ်တဲ့နွေးနွေးချစ်ပါလာလေတော့ မမဝေစိတ်ထဲကနေ ကြံစည်ထားတဲ့ကိစ္စတွေက မကြာခင်မှာပြည့်ဝတော့မှာမဟုတ်ပါလား။

~~~~a~~~k~~~y~~~i~~~~p .~~~~h~~~y~~~u~~~~

” ကြီးကြီးဘက်က ကျန်ငွေအကုန်မပေးနိုင်လို့တောင်းပန်ပါတယ်သမီးရယ်….ကြီးကြီးလဲပေးဖို့ကြိုးစားတာပါပဲကွယ် ….ဒါပေမဲ့ အစစအရာရာစရိတ်တွေကကြီးလာတော့ ဘယ်လို့မှ လှည့်မရဘူးဖြစ်နေတာ…အခုတောင် မောင်မြင့်လွင်ကထုတ်ပေးလို့ပေါ့ ”

ကြီးကြီးဆီက ချူသံပါအောင်ညည်းပြနေတာကို မေကျော့ရှင်းကြားနေရပေမဲ့ ဘာမှပြန်မပြောဘဲနေလိုက်တယ်။အရင်လိုစိက်နဲ့သာဆိုရင် “မပြေလည်သေးရင်လဲ နောက်မှ ပေးပါကြီးကြီးရယ် ” လို့ပြောမိမှာ သေချာတယ်။ အခုတော့လည်း ငွေမရှိတဲ့ဒုက္ခကို ကောင်းကောင်းနားလည်နေပြီမို့ မျက်နှာပြောင်ပြောင်နဲ့ပဲယူထားလိုက်တယ်။

” ကျော့လဲအဆင်မပြေလို့ပါ ကြီးကြီးရယ်….ဒီလထဲမှာ အလုပ်လဲထွက်တော့မှာလေ… ကျန်တဲ့ငွေကို နည်းနည်းဆီခွဲပေးလို့ရပါတယ် ”

ကျန်ငွေကိစ္စကိုပါ မျက်နှာပူပူနဲ့ပဲတစ်ခါတည်း ပြောလိုက်တော့တယ်။တကယ်တော့ ဒီလပိုင်းထဲမှာကြီးကြီးတို့တွေ ပွဲစား အလုပ်တွေဖြစ်ပြီး ငွေရွှင်နေကြတာကို သူမသိနေတာပဲလေ။

” ကျော့ပြန်တော့မယ်နော် ကြီးကြီး ”

” အေး…အေး….ဪ…ဒါနဲ့ သမီးရေ လာမဲ့တနင်္ဂနွေနေ့ကျရင် အိမ်ကိုလာခဲ့ပါအုံးကွယ် ….အဲ့ဒီနေ့ကြီးကြီးရဲ့မိတ်ဆွေတစ်ယောက်ဆီ သွားချင်လို့ အဖော်လိုက်ခဲ့ပေးပါအုံး…သမီးဘကြီးရော …သမီးအစ်မတွေပါ မအားလို့ပါကွယ် ”

“ဟုတ်ကဲ့ ကြီးကြီး ….လိုက်ခဲ့ပေးပါ့မယ်…. ဘယ်အချိန်လာခဲ့ရမလဲဟင် … ”

“မနက်ဆယ်နာရီမထိုးခင်လောက်လာခဲ့နော် သမီး ”

” ဟုတ်ကဲ့ကြီးကြီး …အဲ့ဒီအချိန်ရောက်အောင်လာခဲ့ပါ့မယ် … ကျော့သွားတော့မယ်နော် ”

ကြီးကြီးကိုနှုတ်ဆက်ပြီးတာနဲ့ မေကျော့ရှင်းပြန်လာခဲ့လိုက်တယ်။

~~~~~a~~~~k~~~~y~~~~~i~~~~p ~~~ h~~~y~~~u~~~~

” လာမဲ့ပိတ်ရက်မှာ အဖေတို့နဲ့ တွေ့ဖို့စီစဉ်ထားတယ်နော် မောင် ….မောင့်ဘက်က အဆင်ပြေရဲ့လား ”

လာမဲ့ပိတ်ရက်ဆိုတဲ့ စကားကြောင့် နွေးနွေးချစ်ကို ဇွဲညီထင်အကဲခတ်ကြည့်လိုက်မိတယ်။

” ဘာလို့လဲ မောင် ..အဆင်မပြေနိုင်ဘူလား ”

” ဟင် ….ဪ …ပြေပါတယ် ချစ် ..မောင်ဘာတွေ လက်ဆောင်ဝယ်လာခဲ့ရအုံးမလဲဟင် ”

” လက်ဆောင်မလိုပါဘူး မောင်….အိမ်မှာ တွေ့ကြမှာ မဟုတ်ဘူးလေ ….. အပြင်မှာ စီစဉ်ထားတာ….သေချာလေးတော့ ဝတ်စားလာခဲ့ပါနော် မောင် … မောင်က ကြည့်ကောင်းပြီးသားဆိုတော့ ပြောစရာတော့မလိုပါဘူးလေ… အချိန်ကိုတော့ နီးမှပြောမယ်နော်မောင် ”

” အင်းပါ …မောင်သေချာလေးပြင်ဆင်လာခဲ့ပါ့မယ် ”

ဇွဲညီထင်ဆီကနေ ကတိပေးစကားကိုကြားလိုက်ရတော့ နွေးနွေးချစ်ကျေနပ်စွာပြုံးလိုက်တယ်။နွေးနွေးချစ်ရဲ့ ခပ်မဲ့မဲ့အပြုံးကို ဇွဲညီထင်ကတော့ မမြင်လိုက်ဘဲရှိတယ်။

~~~~a~~~~~k~~~y~~~i~~~~p~~~~~h~~~~~u ~~~~~

” တီတီ …တီတီ ”

” ဟေ့ ….ကျော့ ဘယ်သွားမလို့လဲ ”

ကားဟွန်းတီးသံနဲ့အတူ လှမ်းနှုတ်ဆက်လိုက်သံကြောင့် မေကျော့ရှင်းကြည့်လိုက်တော့ ကိုမြင့်လွင်ကို တွေ့လိုက်ရတယ်။

” ဪ …အစ်ကိုမြင့်လွင်ပါလား …ဘယ်သွားမလို့လဲ …ကျော့က ကြီးကြီးတို့အိမ်သွားမလို့ပါ ”

” ကြီးကြီးတို့အိမ်သွားမှာလား …အတော်ပဲ … အစ်ကိုလဲ အဲ့ဒီကိုသွားမလို့လေ … တိုက်တစ်လုံးအရောင်းအဝယ် အတွက်သွားကြမလို့လေ … လာလေကျော့ ကားပေါ်တက်လေ …. လမ်းကြုံနေတာပဲ တစ်ခါတည်းလိုက်ခဲ့လိုက်လေ ”

” ရှင် ..ဟို…ဟို ”

ကိုမြင့်လွင်ရဲ့ ဖိတ်ခေါ်မှုကြောင့် မေကျော့ရှင်းမှာ ငြင်းရခက်သွားမိတယ်။အရင်တုန်းကလဲ တစ်ခါတလေကိုမြင့်လွင်းရဲ့ကားကို လိုက်စီးနေကြမို့ ကားအတူလိုက်စီးတာက ထူးဆန်းတဲ့ကိစ္စတော့မဟုတ်။သို့ပေမဲ့ ဒီနေ့ကျမှ ကိုမြင့်လွင်နဲ့ကားအတူလိုက်စီးရမှာကို စိတ်ထဲတစ်မျိုးကြီးဖြစ်နေမိတာ။ဖြစ်နိုင်ရင် အကြောင်းပြချက်ရှာပြီး ငြင်းဆန်ပစ်လိုက်ချင်ပေမဲ့ သူ့သိက္ခာကို စော်ကားသလိုဖြစ်သွားမှာစိုးတာကြောင့် ငြင်းဖို့ရန် အားနာနေခဲ့မိတယ်။

” ကျော့ ဘာတွေစဉ်းစားနေတာလဲကွ …ဘာလဲ လမ်းမှာဝယ်စရာရှိလို့လားကျော့ ..အစ်ကို့ကို အားနာဖို့မလိုပါဘူး…ကျော့စျေးဝယ်ချင်တဲ့နေရာရောက်ရင်ပြောပါ …အစ်ကိုကားရပ်ပေးပါ့မယ် ”

” ဟုတ်….ဟုတ်ကဲ့ပါ အစ်ကိုမြင့်လွင် …ကြီးကြီးတို့အတွက် ဘာမုန့်ဝယ်သွားရင်ကောင်းမလဲ စဉ်းစားနေတာပါ … ”

သဘောရိုးနဲ့ ပြောနေတဲ့ ကို့မြင့်လွင်ကိုကြည့်ပြီး မေကျော့ရှင်းစိတ်ထဲ အတော်လေးအားနာသွားရတာမို့ ကားပေါ်ကို ခပ်မြန်မြန်ပဲတက်လိုက်တယ်။ကိုမြင့်လွင်ဘက်က တစ်ချိန်လုံး သဘောရိုးနဲ့ကူညီပေးနေခဲ့တာကို သိသိနဲ့ သူမစိတ်ထဲမှာ မယုံမရဲဖြစ်နေခဲ့တာလေ။ သူမက ဘယ်လောက်ပဲ သတ္တိရှိပါတယ်ပြောပြော အကြမ်းဖက်တတ်တယ်ဆိုတဲ့ ယောက်ျားတစ်ယောက်ကို အလိုလိုနေရင်းက လန့်နေမိတာအမှန်ပါပဲ။

” ဘယ်လိုလဲ အလုပ်ကအဆင်ပြေရဲ့လားကွ ..”

” ဟုတ်…ဟုတ်ကဲ့ ပြေပါတယ်အစ်ကိုမြင့်လွင် …ဒီလ (၁၅)ရက်နေ့ စဆင်းရမှာပါ …အဲ့ဒါ ဆိုင်မှာ (၁၀)ရက်နေ့အထိပဲ ကျော့ ဆင်းပေးမယ်နော် အဆင်ပြေရဲ့လား အစ်ကိုမြင့်လွင် ”

ကိုမြင့်လွင်ရဲ့အမေးကို မေကျော့ရှင်း မုသားသုံးကာ ဖြေလိုက်တယ်။အလုပ်မရမချင်း ကိုမြင့်လွင်ဆီမှာ အလုပ်လုပ်ဖို့ တွေးထားခဲ့ပေမဲ့ ကြီးကြီးရဲ့ ပေါက်ကရအပြောတွေကြောင့် ဆက်လုပ်ချင်စိတ်မရှိတော့တာမို့ ဒီလကုန်အထိ ထပ်မနေတော့ဘဲထွက်လိုက်တာ။နွေးနွေးချစ်တို့ကြောင့် သေချာတဲ့အလုပ်တစ်ခုကို လက်လွှတ်လိုက်ရတာလဲ နှမြောစရာတော့ကောင်းလှတယ်။

” ငြိမ်လှချည်လားကျော့ … နေမကောင်းလို့လား … နေမကောင်းရင် အဆောင်မှာပဲ နားနေလိုက်တာ မဟုတ်ဘူး …ကြီးကြီးတို့ဆီသွားတာကိစ္စရှိလို့လား….ကြီးကြီးကဘာခိုင်းထားလို့လဲ ”

” ခိုင်းတာရယ်တော့ မဟုတ်ပါဘူးကိုမြင့်လွင် …ကြီးကြီးနဲ့ အဖော်လိုက်သွားပေးရမှာပါ ”

” သြော် ..ဟုတ်လား …..ကြီးကြီးကဘယ်သွားမလို့ပါလိမ့် ….ဒီနေ့ကျမှ အစ်ကိုတို့တွေကလဲ မအားကြဘူးလေ…ကဲပါ….ခေါင်းမကြည်ရင်ကော်ဖီသောက်လိုက်ပါလား…ကြီးကြီးတို့အတွက် …အစ်ကိုတို့လမ်းထိပ်ဆိုင်ကနေဝယ်လာခဲ့တာ…သူ့ကာ်ဖီသောက်ပြီးသွားရင် လူကလန်းဆန်းပြီးနေလို့ကောင်းသွားတယ် …ကော်ဖီနံ့လေးကလည်းသင်းနေတာပဲ….ဒီလို သောက်ကောင်းလို့လဲ သူ့ဆိုင်မှာလူတွေအမြဲစည်ကားနေတာပဲလေ..တစ်ဘူးလောက်ယူသောက်လိုက်လေ ကျော့ ”

ကိုမြင့်လွင်ကပြောပြောဆိုဆိုနဲ့ ကော်ဖီဘူးတွေထည့်ထားတဲ့ခြင်းကို လှမ်းယူပေးတယ်။

” ဟုတ်ကဲ့ …ကျော့မသောက်တော့ပါဘူး ကိုမြင့်လွင် ”

ကော်ဖီနံ့သင်းသင်းလေးကြောင့် စိတ်ထဲမှာကော်ဖီသောက်ချင်စိတ်ပေါက်သွားပေမဲ့ မေကျော့ရှင်းခေါင်းကို ခါယမ်းကာငြင်းလိုက်တယ်။

” ဪ… သောက်ပါကျော့ရယ် ……ဒီမှာ ကြီးကြီးတို့အတွက်နှစ်ဘူးကျန်ပါသေးတယ် ….ကော်ဖီသောက်လိုက်ရင်…နေရတာလန်းသွားလိမ့်မယ် ”

ကော်ဖီနဲ့လေးကလည်းသင်းသင်းမွှေးမွှေးလေး။ပြီးတော့ ကော်ဖီတိုက်နေတဲ့ ကိုမြင့်လွင်ကိုအားနာတာကြောင့် ကော်ဖီတစ်ဘူးကို မေကျော့ရှင်းယူသောက်လိုက်တယ်။ကားလေးက ပြည်လမ်းမပေါ်ကနေ ကြီးကြီးတို့အိမ်ရှိရာမြို့နယ်ဘက်ကို ခပ်ဖြည်းဖြည်း ခပ်မှန်မှန်မောင်းနေခဲ့တယ်။မေကျော့ရှင်း ကော်ဖီသောက်နေချိန်မှာ ကိုမြင့်လွင်က နှုတ်ဆိတ်နေခဲ့သလို မေကျော့ရှင်းလဲကော်ဖီသောက်ရင်းက လမ်းဘေးမြင်ကွင်းတွေကို ငေးမောကြည့်ရှုနေမိတယ်။

===a===k====y=====i====p==h==y===u==

အပိုင်း(၂၃ )ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၃ )
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****
ကော်ဖီသောက်လိုက်ပြီး မိနစ်ပိုင်းအတွင်းမှာပင် မေကျော့ရှင်းရဲ့ မျက်လုံးတွေမှေးစင်းလာခဲ့တယ်။အပြင်ကမြင်ကွင်းတွေကိုကြည့်ရင်းမျက်လုံးထဲမှာပြာဝေပြီး အာရုံတွေစုစည်းလို့မရဖြစ်လာခဲ့တယ်။

~~~~a~~~k~~~y~~~i~~~~~p~~~h~~~y~~~u~~~~

မေကျော့ရှင်းသတိပြန်ဝင်လာချိန်မှာတော့ သူမရောက်ရှိနေတဲ့နေရာက သူမလုံးဝမသိတဲ့နေရာစိမ်းဆိုတာကို သိလိုက်တယ်။သိသိချင်းမှာပဲ သူမအတင်းကုန်းရုန်းထလိုက်ပြီး နေရာအနှံ့ကိုကြည့်လိုက်တယ်။ ဒီအခါ သူမရောက်နေခဲ့တာ တံခါးပေါက်တစ်ချပ်သာရှိတဲ့ အလုံခန်းထဲမှာဆိုတာ သိလိုက်ရတယ်။အခြေအနေကို ကြည့်ပြီး မေကျော့ရှင်းတုန်လှုပ်ချောက်ချားသွားရတယ်။မမျှော်လင့်ထားခဲ့တဲ့အခြေအနေကြောင့် လူကသွေးရူးသွေးတန်းဖြစ်ကာ တံခါးကိုပြေးပြီး ထုရိုက်ပစ်လိုက်တယ်

” ဒုန်း …ဒုန်း ”

” တံခါးဖွင့်…ကိုမြင့်လွင်လူယုတ်မာကောင်..တံခါးကိုခုချက်ချင်းဖွင့်ပေးစမ်း ”

သူမအဖြစ်က ဘုရားမှတ်လို့ရှိခိုးမိတယ် ဖွက်ထွက်မှတောင်ပို့မှန်းသိရတဲ့အဖြစ်မျိုး။ဒီနေ့ခေတ်ကြီးထဲမှာ ဒီလိုအဖြစ်မျိုးတွေမရှိတော့ဘူးလို့ သူမလျှော့တွက်ခဲ့မိတာ မှားလေပြီ။

” ဒုန်း..ဒုန်း…ဒုန်း ”

” ဘယ်သူမှမရှိကြဘူးလား ..ခုချက်ချင်းတံခါးဖွင့်နော် ..ကိုမြင့်လွင် ….လူယုတ်မာကြီး …သူတော်ကောင်းယောင်ဆောင်ထားတဲ့လူယုတ်မာကြီး … ”

မေကျော့ရှင်းဒေါသတကြီးအော်ဟစ်လိုက်ရင်း တံခါးကိုခြေထောက်တွေနဲ့ပါ စိတ်ရှိလက်ရှိကန်ပစ်လိုက်တယ်။ကြာတော့ သူမလက်တွေနဲ့ခြေထောက်တွေပါ အတော်လေးနာကျင်လာတယ်။နာရီဝက်ခန့်သောင်းကျန်းပြီးချိန်မှာ သူမမောပန်းလွန်းလို့ခြေကုန်လက်ပန်းကျသွားပြီးတံခါးနားမှာထိုက်ချလိုက်တယ်။ပြီးတော့ အခန်းထဲကိုလှည့်ပတ်ကြည့်လိုက်တဲ့အခါ အခန်းထဲမှာ ခုတင်တစ်လုံး၊ခေါင်းအုံးနဲ့သောက်ရေးဘူးကိုသာတွေ့လိုက်ရတယ်။သူမအတွက်အသုံးပြုစရာလက်…န,က်နဲ့တူတာမျိုးဆိုလို့ ဘာဆိုဘာမျှမရှိ။သူမအတော်လေးကို စိတ်ဓာတ်ကျသွားမိတယ်။ဒီအချိန်မှာပဲ အခန်းပြင်ကနေ ခြေသံကြားလိုက်ရပြီး တံခါးကိုဖွင့်တဲ့အသံကိုပါကြားလိုက်ရတယ်။မေကျော့ရှင်းထိုင်နေရာက ချက်ချင်းထရပ်ပစ်လိုက်ပြီး တံခါးဘေးနားမှာကပ်နေလိုက်တယ်။မေကျော့ရှင်းရပ်လိုက်တဲ့အချိန်မှာပဲ အခန်းတံခါးပွင့်လာခဲ့ပြီးတော့ ကိုမြင့်လွင်ဝင်လာတာကိုတွေ့လိုက်ရတယ်။ကိုမြင့်လွင်ကို မြင်လိုက်ရတာနဲ့ အားကုန်ဆောင့်တွန်းပစ်လိုက်ကာ အခန်းပြင်ကို သူမတစ်ဟုန်ထိုးပြေးထွက်ခဲ့လိုက်တယ်။

မေကျော့ရှင်း လျင်လျင်မြန်မြန်နဲ့ ပြေးထွက်လာခဲ့ပေမဲ့လည်း သော့ခလောက် အကြီးကြီးခတ်ထားတဲ့ တံခါး
ပေါက်ကိုမြင်လိုက်ရတာမို့ ခွေယိုင်လဲကျလုမတတ် ထိတ်လန့်ချောက်ချားသွားရတယ်။

” ကျော့ရေ … အပင်ပန်းခံမနေပါနဲ့တော့ကွာ … ကိုယ်တို့ ဒီမှာသုံးလေးရက်နေပြီးတာနဲ့ ပြန်ကြမယ်လေ….. ပြီးတော့ ကိုယ်တို့တွေ ဒီမှာပဲလက်ထပ်ကြတာပေါ့ … မနက်ဖြန်ကျရင် ကိုယ့်ရဲ့ရှေ့နေနဲ့ အတူ …သက်သေအဖြစ်လက်မှတ်ထိုးပေးမဲ့သူတွေလာလိမ့်မယ် ”

” ဘာ….ဘာပြောတယ်… လက်ထပ်မယ်ဟုတ်လား …အရူးကောင်ကြီး …ရှင့်ကိုဘယ်တော့မှလက်မထပ်ဘူး…အခုချက်ချင်းတံခါးဖွင့်ပေးစမ်း….ကျွန်မအော်လိုက်မယ်နော်….ကယ်ကြပါအုံးရှင် ….ဒီမှာကွန်မကိုဖမ်းထားလို့ပါ….ကယ်ကြပါအုံး ”

မေကျော့ရှင်း ငယ်သံပါအောင် အသံကုန်းအော်ဟစ်လိုက်တယ်။

” မင်းအော်နေလဲ ဘယ်သူ့မှ မကြားဘူးကျော့…မင်းအခုရောက်နေတာ ရန်ကုန်မြို့ပြင်ဘက်မှာ ရောက်နေတာလေ … ဒီမှာကျော့ …ကိုယ်ပြောတာကို နားထောင်စမ်း ….မင်းသာလိမ္မာရင် ကိုယ်ရှာထားသမျှစည်းစိမ်ဥစ္စာတွေကမင်းအတွက်ပဲ…ဒီလိုမှမဟုတ်ရင်တော့ …မင်းကို ဆုံးမရလိမ့်မယ် ….မင်းကိုအသားနာအောင် မလုပ်ချင်ဘူးနော်… ပြောတာကို အေးအေးဆေးဆေးနားထောင်စမ်းပါ …မင်းနဲ့ကိုယ်တို့ အချင်းချင်းမေတ္တာမျှနေကြတယ်လို့ တော်တော်များများကသိထားကြတာကွ ….မင်းက ဘာလို့ မာနကြီးနေရတာလဲ ဟင်…မင်းတို့မိသားစု အဆင်ပြေအောင် ဒီလောက်ကူညီပေးခဲ့တာကို ကျေးဇူးမသိတတ်တာလား….လာပါကွာ… အစ်ကိုတို့ အေးအေးဆေးဆေးစကားပြောကြရအောင်နော် ”

ကိုမြင့်လွင်က ပြောပြောဆိုဆိုနဲ့မေကျော့ရှင်းရဲ့လက်ကိုဖမ်းဆွဲလိုက်တယ်။

” အို..ဖယ်စမ်း ..ငါ့အသားကို လာမထိနဲ့လူယုတ်မာကြီးရဲ့ ”

” ဖြန်း …ဖြန်း ”

သူမလက်ကိုလာဖမ်းဆွဲတဲ့ ကိုမြင့်လွင်ရဲ့လက်ကို ဆောင့်တွန်းပစ်လိုက်ပြီးတော့ ကိုမြင့်လွင်ရဲ့ပါးပြင်ကို နှစ်ချက်ဆင့်ပြီး မေကျော့ရှင်းရိုက်ပစ်လိုက်တယ်။

” ဟာ ..တောက် ..ဒီဟာမ …ညှာနေလို့အကောင်းမှတ်နေတာ….တော်တော်လေး tသချင်နေတယ်ပေါ့လေဟုတ်လား…လူပါးဝတဲ့ဟာမ ”

မေကျော့ရှင်းရဲ့ လက်ဝါးချက်က ပြင်းလွန်းတာမို့ ကိုမြင့်လွင်မှာ နာကျင်သွားခဲ့ပြီး ဒေါသအလွန်ထွက်သွားခဲ့တယ်။ဒေါသထွက်သွားတဲ့ ကိုမြင့်လွင်က သူ့ရဲ့ပင်ကိုယ်စရိုက်တွေပေါ်လာခဲ့ပြီး မေကျော့ရှင်းကို ရို***က်နှက်ဖို့ရန် ဟန်ပြင်လိုက်တယ်။ကိုမြင့်လွင့်က ဘောင်းဘီ ခါးပတ်ကိုဖြုတ်ယူလိုက်ပြီး မေကျော့ရှင်းကို စတင်ရို**က်နှ}က်တော့တယ်။

” ကောင်မ…မလုပ်ချင်လို့ စကားနဲ့ အေးအေးဆေးပြောနေတာကို …ငါ့စိတ်ကိုလာစမ်းတယ်ပေါ့ဟုတ်လား…အေး….ဒီလောက် ပြောမရဆိုမရဖြစ်နေမှတော့ tသဖို့သာပြင် ”

” ဖြန်း … ဖြန်း ”

” အမယ်လေး ”

ခါးပတ်ကြိုးနဲ့လွှဲပြီး နှစ်ချက်ဆင့်ပြီးအရို**က်ခံလိုက်ရတာမို့ မေကျော့ရှင်းနာကျင်စွာ အော်ဟစ်လိုက်ပြီး ကြမ်းပြင်ပေါ် ပုံလျက်သားလဲကျသွားခဲ့ရတယ်။သူမလဲကျသွားတာကို မြင်တာတောင် ကိုမြင့်လွင်က မကျေနပ်နိုင်သေးဘဲ ထပ်ပြီးတော့ နောက်တစ်ချက်ရို)က်လိုက်ပြီး သူမရဲ့အင်္ကျီတွေကို လှမ်းပြီး ဆုတ်ဗြဲဖို့ကြိုးစားလိုက်တယ်။ကိုမြင့်လွင်ရဲ့ သန်မာတဲ့ လက်ချောင်းတွေကြောင့် မေကျော့ရှင်းရဲ့အင်္ကျီမှာ အနည်းငယ်စုတ်ပြဲသွားခဲ့တယ်။

” အား ”

မေကျော့ရှင်း နာကျင်စွာ အော်လိုက်ရင်းက လွတ်မြောက်မဲ့နည်းလမ်းကို သွေးရူးသွေးတန်းနဲ့ရှာကြည့်နေမိတော့တယ်။ဒီအခါ အခန်းထောင့်နားမှာရှိနေတဲ့ စာကြည့်စားပွဲနဲ့ထိုင်ခုံတစ်လုံးကို တွေ့လိုက်ရတယ်။ ဒီအခန်းထဲမှာ သူမနိုင်နိုင်နင်းနင်းနဲ့ အသုံးပြုနိုင်တာဆိုလို့ အဲ့ဒီတိုင်ခုံတစ်လုံးပဲရှိတယ်။

ကိုမြင့်လွင်က သုံးချက် မြောက်ကို ရို**က်ပြီးချိန်မှာ စားပွဲခုံပေါ်ရှိ အရက်ပုလင်း ရှိရာဆီကိုလျှောက်သွားလိုက်ပြီး အရက်ကိုမော့သောက်နေခဲ့တယ်။သူအရက်သောက်လို့ ကျေနပ်သွားရင် သူမကိုထပ်ပြီးရို*က်နှက်တာပဲဖြစ်ဖြစ်၊ သူမကို ဖျက်ဆီးစော်ကားပြီးသိမ်းပိုက်ဖို့ ကြိုးစားတော့မယ်မှန်း ကိုမြင့်လွင်ရဲ့ပုံစံကိုကြည့်ပြီး မေကျော့ရှင်းသိလိုက်တယ်။ကိုမြင့်လွင်ရဲ့ အခြေအနေကိုမေကျော့ရှင်းကြည့်နေချိန်မှာပဲ ကိုမြင့်လွင်က အရက်ကိုဇိမ်ပြေနပြေနဲ့ သောက်နေခဲ့တယ်။ဒီအခြေအနေကို မေကျော့ရှင်း အခွင့်ကောင်းယူပြီးတော့ လဲနေရာကနေ အမြန်လူးလဲထလိုက်တယ်။

” ဘုံး ”

” အား ”

ထိုင်ခုံကိုအမြန်ပြေးယူလိုက်ပြီး ကိုမြင့်လွင်ရဲ့နောက်ကျောကနေ မေကျော့ရှင်းအားကုန်ရို)က်ချပစ်လိုက်တယ်။ကိုမြင့်လွင်ရဲ့နာကျင်စွာအော်လိုက်တဲ့အသံကြီးထွက်ပေါ်လာခဲ့ပြီး ကိုမြင့်လွင်တစ်ယောက်စားပွဲဆီသို့ မှောက်လဲကျသွားခဲ့တယ်။သို့ပေမဲ့ ယောက်ျားသားပီပီအားသန်သူမို့ ကိုမြင့်လွင်ကချက်ချင်းကုန်းရုန်းထလိုက်ပြီးတော့ မေကျော့ရှင်းနဲ့မျက်နှာချင်းဆိုင်လိုက်တယ်။

” ကောင်မ tသချင်နေတာပေါ့ ဟုတ်လား …အေး….tသချင်နေတယ်ဆိုရင်လဲ သxတ်ပေးရမှာပေါ့ ”

ကိုမြင့်လွင်ကဒေါသတကြီးနဲ့ ကြိမ်းမောင်းပြောဆိုလိုက်ပြီးနောက် စားပွဲပေါ်ချထားတဲ့ ခါးပတ်ကိုပြန်ကောက်ယူဖို့ရန်ပြင်လိုက်တယ်။ကိုမြင့်လွင်ကိုကြည့်ပြီး မေကျော့ရှင်း တွေဝေမနေတော့ပါ။လက်ထဲကခုံနဲ့ ထပ်ပြီးတော့အားကုန် လွှဲရိုက်ပစ်လိုက်တယ်။

” ဖြောင်း…ဖြောင်း ”

” အား…tသပါပြီဗျ ”

ဒီတစ်ခါရိုက်ချက်က ကိုမြင့်လွင်ရဲ့လက်နှစ်ဖက်လုံးကိုနှစ်ချက်ဆင့်ပြီးရိုက်ပစ်လိုက်ခြင်းဖြစ်တယ်။ကိုမြင့်လွင်ရဲ့တုန်လှုပ်ချောက်ချားဖွယ်အော်သံကြီးကပေါ်ထွက်လာခဲ့
တယ်။ပြီးနောက်မှာတော့ ကိုမြင့်လွင်ရဲ့ရှေ့က ခါးပတ်ကိုမေကျော့ရှင်း ခပ်မြန်မြန်ကောက်ယူလိုက်ပြီး ကိုမြင့်လွင်ရဲ့ခြေထောက်တွေကို ဆင့်ကာဆင့်ကာရို**က်ပစ်လိုက်တယ်။ကိုမြင့်လွင်မှာ ခန္ဓာကိုယ်ကြီးကလှုပ်ရှားနိုင်ပေမဲ့ လက်နှစ်ဖက်လုံးမှာမလှုပ်ရှားနိုင်တော့တာကြောင့် မေကျော့ရှင်းကိုပြန်ပြီးမခုခံနိုင်ဘဲဖြစ်နေခဲ့တယ်။

” တံခါးသော့ ဘယ်မှာလဲ အခုချက်ချင်းပေးစမ်း…ကျွန်မရဲ့အိတ်နဲ့ ဖုန်းရောဘယ်မှာလဲ … ပေးစမ်း … မေကျော့ရှင်းကို ဘာမှတ်နေလဲ အသ*က်ချင်းလဲပစ်လိုက်မယ်… သော့မပေးဘူးဆိုရင် …လက်နှစ်ဖက်လုံးကို လုံးဝသုံးစားလို့မရအောင်လုပ်ပြမယ်…..”

” တောက် ..မိန်းမယုတ်မ …ပ%…မ …မင်းကို ငါကိုယ်တိုင်သ**တ်ပြမယ် ”

” သ*တ်မယ်ဟုတ်လား ….အချိန်မီဆေးရုံမသွားရင်လက်နှစ်ဖက်လုံး သုံးစားမရတဲ့ အခြေအနေဖြစ်တော့မှာကိုတောင် ကောက်ကျစ်တဲ့စိတ်ကမလျှော့သေးဘူးပေါ့ ဟုတ်လား ..လာစမ်း…လက်ကိုရော ခြေထောက်ကိုပါ သုံးစားမရအောင်လုပ်ပစ်မယ် ”

” တောက်…..***ကောင်မ ….tသဖို့သာပြင် ”

” ဘုံး ”

” ဖြောင်း…ဖြောင်း ”

ကိုမြင့်လွင်က ဒေါသတကြီးအော်ဟစ်ဆဲဆိုကြိမ်းမောင်းကာ မေကျော့ရှင်းဆီကို အတင်းဝင်လုံးတယ်။ သို့ပေမဲ့ ခြေထောက်ရောလက်ပါ ကောင်းစွာမလှုပ်ရှားနိုင်တာကြောင့် သူ့အရှိန်သူမထိန်းနိုင်ဘဲဘုံးခနဲပစ်လဲသွားခဲ့တယ်။ပစ်လဲသွားတဲ့ ကိုမြင့်လွင်ကို မေကျော့ရှင်းက ထပ်ရိုက်တယ်။

” သော့ပေးစမ်း ..သော့ဘယ်မှာလဲ ..မပေးရင်ကျိုးပြီးသုံးစားမရအောင် ရို**က်ပစ်မယ် ”

မေကျော့ရှင်းက ကြိမ်းမောင်းမေးမြန်းရင်းကနေ ကိုမြင့်လွင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သော့ကိုရှာကြည့်လိုက်တယ်။

” သော့… သော့က ….စား..စားပွဲနောက်က တန်းပေါ်မှာ …ငါ့..ငါ့ကိုဆေးရုံပို့ပေးပါ ….ငါ့လက်တွေ သုံးစားမရဘဲဖြစ်သွားလိမ့်မယ် ”

ကိုမြင့်လွင် နာကျင်လှသောအသံနဲ့ပြောလိုက်တယ်။

” ဆေးရုံပို့ပေးရမယ် ဟုတ်လား …ကျွန်မကားမမောင်းတတ်ဘူး …ကားမောင်းတတ်သူကို ခေါ်ရမှာပေါ့ …ဘယ်မှာလဲ ကျွန်မ ဖုန်း …ဖုန်းပေး ..ဒီလိပ်စာကို ပြောစမ်း ”

မေကျော့ရှင်းက တင်းမာခက်ထန်တဲ့အသံနဲ့ ပြောလိုက်တော့ ကိုမြင့်လွင်က ဖုန်းသိမ်းထားတဲ့နေရာနဲ့ လက်ရှိလိပ်စာကို ပြောပြလိုက်တယ်။

လက်ထဲကို ဖုန်းရောက်လာတာနဲ့ မေကျော့ရှင်းက အရေးပေါ်နံပတ်တစ်ခုကိုနှိပ်လိုက်တယ်။

~~~~a~~~~k ~~~ y~~~i~~~p~~~h ~~ y~~~u~~~~

” ရောက်တော့မယ် ချစ်…အခုပဲ အထဲဝင်လာပြီလေ … ဪ…တွေ့ပြီ …မောင်ဖုန်းချလိုက်ပြီနော် ”

ဇွဲညီထင်က နွေးနွေးချစ်ကို လက်တစ်ဖက်လှမ်းမြှောက်ပြလိုက်ပြီး ဖုန်းကိုချလိုက်တယ်။

” တူ..တူ..တူ ”

ဖုန်းမြည်သံကြောင့် ဇွဲညီထင်ကြည့်လိုက်တဲ့အခါ မေကျော့ရှင်းရဲ့ဖုန်းနံပတ်ဖြစ်နေတာကို တွေ့လိုက်ရတာမို့ သူကိုယ်တိုင်မသိလိုက်ခင်မှာဘဲ ဖုန်းကို ခပ်မြန်မြန်ကိုင်လိုက်မိတယ်။

” ဟယ် လို ”

” ဇွဲညီထင်လား …ငါ….ငါပါ …မေကျော့ရှင်းပါ …ငါ့….ငါ့ကို ကူညီပါအုံးဟယ် … ငါ့ကိုလာခေါ်ပေးပါးလားဟင် ..ဟင့်..ဟင့် ”

” ဟင် ..မင်း..မင်းငိုနေတာလား … ဘယ်မှာလဲ …ဘာဖြစ်လို့လဲ ”

ဖုန်းထဲကနေ မေကျော့ရှင်းရဲ့ ငိုသံလိုလိုအသံကိုကြားလိုက်ရတာမို့ ဇွဲညီထင် အလောတကြီးနဲ့ မေးလိုက်မိတယ်။

” ငါ ..ငါ …. ရန်ကုန်မြို့ပြင်က.. ( ….)ရဲစခန်းမှာ ရောက်နေတယ် … ငါတစ်ယောက်တည်း မပြန်ရဲလို့ လာခေါ်ပေးပါနော် …. ငါဖုန်းချလိုက်တော့မယ် ”

မေကျော့ရှင်းဘက်က ဖုန်းချသွားချိန်မှာ ဇွဲညီထင်ငူငူကြီးရပ်ကာ ကြောင်အနေခဲ့တယ်။

” မောင် ….လာလေ ….. ဘာလုပ်နေတာလဲ … မောင့်ကိုတွေ့ချင်လို့ အထဲမှာစောင့်နေကြတယ် မောင်ရဲ့ ”

အနားကိုရောက်လာခဲ့ပြီး သူ့လက်မောင်းကို ကိုင်လှုပ်ကာ ခေါ်လိုက်တဲ့ နွေးနွေးချစ်ရဲ့အသံကိုကြားလိုက်ရတော့မှ ဇွဲညီထင်မှာ ပြန်ပြီးသတိဝင်လာခဲ့တယ်။

” ကျွန်တော်…ကျွန်တော်တောင်းပန်ပါတယ်မနွေး….ကျွန်တော့်
မှာ အရမ်းအရေးကြီးတဲ့ကိစ္စပေါ်လာလို့ သွားမှဖြစ်မယ်…ကျွန်တော်တောင်းပန်ပါတယ်ဗျာ ”

ဇွဲညီထင်တုန်တုန်ယင်ယင်နဲ့တောင်းပန်စကားပြောလိုက်ပြီး နေရာကနေပြီးတော့ တစ်ရှိန်တိုးပြေးထွက်လာခဲ့မိတယ်။

~~~~~a~~~~k~~~y~~~~~i~~~ p~~~h~~~y~~~~u~~~

ဇွဲညီထင်နဲ့မေးကျော့ရှင်းတို့ စခန်းထဲကထွက်လာခဲ့ကြချိန်မှာ အပြင်မှာမှောင်ရိပ်ပင်သန်းနေပြီဖြစ်တယ်။

” ခဏလေး ကားတံခါးဖွင့်လိုက်အုံးမယ် ”

ဇွဲညီထင်က ပါးစပ်ကပြောလိုက်ရင်းမှကားတံခါးကိုဖွင့်လိုက်တယ်။ပြီးတော့မေကျော့ရှင်းရဲ့ခန္ဓာကိုယ်လေးကို အသာထိန်းဖက်ပြီးကားထဲကိုဝင်စေလိုက်တယ်။

” ဘာဖြစ်သွားသေးလဲ ..ဆေးရုံသွားပြ ကြမလား ”

“ဟင့်အင်း …ရ..ရပါတယ်.. ဘာမှမဖြစ်ဘူး…သုံးချက်ပဲအရိုက်ခံလိုက်ရတာပါ ..လာခေါ်ပေးလို့ကျေး….ကျေးဇူးတင်ပါ …အို ”

မေကျော့ရှင်းမှာ စကားဆုံးအောင်ပင်မပြောလိုက်ရပါ။ဇွဲညီထင်က မေကျော့ရှင်းကို ခပ်တင်းတင်းပွေ့ဖက်ထားလိုက်တယ်။

” ဒဏ်ရာများရသွားလား စိတ်ပူလိုက်ရတာကွာ….ကားကို ဘယ်လိုမောင်းလာခဲ့မိမှန်းကို မ သိဘူး ..အမှုကိစ္စအတွက်စိတ်မပူနဲ့နော် …အတော်ဆုံး အကောင်းဆုံးရှေ့နေကို ငှားပေးမယ် ….”

ဇွဲညီထင်က မေကျော့ရှင်းရဲ့ကိုယ်လုံးလေးလွတ်ထွက်သွားမှာစိုးတဲ့အလား တင်းတင်းဖက်ထားရင်းကနေ ပြောလိုက်တယ်။မေကျော့ရှင်းမှာ တစ်နေကုန်နီးပါး ကြောက်လန့်ခဲ့ရသမျှ အခုမှပင်အတိုးချကာ ရှိုက်ကြီးတငင်ငိုချပစ်လိုက်တယ်။သူမအတွက် တစ်ယောက်ယောက်ကို မဖြစ်မနေလိုအပ်နေချိန်မှာ သူမရင်ထဲ စိတ်ထဲမှာ အရင်ဆုံးသတိရလိုက်တာက ဇွဲညီထင်သာဖြစ်တယ်။သူမရဲ့မသိစိတ်ထဲမှာရော၊သိစိတ်ထဲမှာပါ အချိန်ပြည့်လိုလိုနေရာယူထားတဲ့သူဟာ ဇွဲညီထင်တစ်ယောက်ပဲရှိတာကိုမေကျော့ရှင်းကောင်းကောင်းနားလည်လိုက်တယ်။ ဒီအချိန်မှာတော့ သူတို့နှစ်ယောက်ကြားမှာ စိတ်ဆိုးတာတွေ၊မုန်းတာတွေနဲ့မာနတွေလဲ မရှိကြတော့ပါ။တစ်ယောက်နဲ့တစ်ယောက်တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့မိကြတယ်။

~~~~a~~k~~~y~~~i~~~~p ~~~~h-~~~~y~~~u~~~~

” အိမ်ကိုလိုက်ခဲ့လိုက်နော် …အဆောင်မှာလဲ စိတ်မချဘူး ”

ကားမောင်းနေရင်းက ဇွဲညီထင်က ပြောလိုက်တယ်။

” ဟို … ဟို ….ဖြစ်ပါ့မလား ”

” ဖြစ်ပါတယ် ..ကျွန်တော်တစ်ယောက်တည်းနေတာမှ မဟုတ်တာ ကိုဖြိုးလဲရှိတယ် ..အခုချိန်မှာ ကျော့ကိုဘယ်အိမ်မှာမှ စိတ်မချဘူး ..ကျွန်တော့်အိမ်ကိုပဲ လိုက်ခဲ့ပါ …ကျွန်တော်တို့အကြောင်းကို ..ကိုဖြိုးလဲသိတာပဲလေ ”

မေကျော့ရှင်းရဲ့ လက်ကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်ပြီး ဇွဲညီထင်ပြောလိုက်တယ်။

” ဒါ..ဒါပေမဲ့……ဖြစ်ပါ့မလားဟင် … မနွေးနွေးချစ်သိသွားရင် ဘက်လိုလုပ်မလဲ…ပြဿနာတက်လိမ့်မယ်ထင်တယ် ”

မေကျော့ရှင်းရဲ့စကားကြောင့် ဇွဲညီထင်သတ်ပြင်းချကာခေါင်းကိုခါယမ်းလိုက်ပြီး

” အဲ့ဒီအကြောင်းတွေကို မတွေးပါနဲ့ ….ရအောင်ဖြေရှင်းပါ့မယ်…..ဒူးပဲထောက်ရထောက်ရ ကျေနပ်တဲ့အထိတောင်းပန်လိုက်မယ် … မင်းကိုထပ်ပြီး လက်မလွှတ်တော့ပါဘူး …ဘယ်လိုပြဿနာတွေပဲရှိရှိ ရအောင်ရင်ဆိုင်ဖြေရှင်းပါ့မယ်….မနွေးနွေးချစ်နဲ့ ကိစ္စတွေကိုဖြေရှင်းပြီးသွားရင် ကျွန်တော်တို့ပြန်ပြီးလက်ထပ်ကြမယ်နော် ”

” ဘယ်..ဘယ်လို …ပြန်ပြီး လက်ထပ်ကြမယ်ဟုတ်လား….ဖြစ်..ဖြစ်နိုင်လို့လား …နင်…နင်က နွေးနွေးချစ်ကိုချစ်နေတာမဟုတ်လား ”

မေကျော့ရှင်း ရင်တွေတဒိန်းဒိန်းခုန်ကာ
စိတ်လှုပ်ရှားတုန်ယင်စွာနဲ့မေးလိုက်တယ်။

===a===k====y=====i====p==h==y===u==

အပိုင်း(၂၄ ) ( ဇာတ်သိမ်းပိုင်း)ဆက်ရန်

#ဇနီးဟောင်း
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂၄) ဇာတ်သိမ်းပိုင်း
စာရေးသူ *** ဧကြည်ဖြူ
akyiphyu
*******a*****k*****y*****i*****p*****h*****y*****u*****
မေကျော့ရှင်းရဲ့ အမေးကြောင့် ဇွဲညီထင်က ကားကိုလမ်းဘေးတစ်နေရာမှာထိုးရပ်လိုက်ပြီး မေကျော့ရှင်းနဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။

” သူက ကျွန်တော့်အပေါ် ကြင်နာမှုတွေပေးခဲ့တယ်….ကျွန်တော်သဘောကျတဲ့ ပုံစံမျိုးနဲ့လဲနေပြခဲ့တယ်….သူ့အပေါင်းအသင်းမိတ်ဆွေတွေနဲ့ တခြားသူတွေထက် ကျွန်တော့်ကိုဦးစားပေးခဲ့တယ် …ဒီအကြောင်းတွေကြောင့် မနွေးနွေးချစ်ကို … ကျွန်တော်ကြိုက်ခဲ့ပါတယ်….ဒါပေမဲ့ ကြိုက်တာနဲ့ချစ်တာက မတူဘူးဆိုတာကို တဖြည်းဖြည်းပိုပြီးသိနားလည်လာတယ်…လူတွေရဲ့အကြိုက်တွေဟာ အခြေအနေအချိန်အခါကိုလိုက်ပြီးအမျိုးမျိုးပြောင်းလဲနိုင်ပေမဲ့….အချစ်ကတော့ပြောင်းလဲဖို့အတော်ခဲယဉ်းတယ်…..ကြိုက်တယ်ဆိုတဲ့စိတ်က … .အချစ်စိတ်ကို အနိုင်မယူနိုင်ဘူးထင်တယ်…ကျွန်တော် မနွေးနွေးချစ်ကိုကြိုက်ပါတယ်…ဒါပေမဲ့ချစ်လို့မရဘူး
… ကျော့ကိုတော့ မကြိုက်ဘူးလို့တစ်ခါတွေးလိုက်တိုင်း ချစ်တဲ့စိတ်တွေပိုပြီးတိုးလာခဲ့တယ်…လွန်ခဲ့တဲ့သုံးနှစ်ကျော်ကလေ … ကျော့ကို ဘာလို့ထားခဲ့တာလဲသိလား…..ကျော့က ကျွန်တော့်ကိုမချစ်ဘူးလို့ .စိတ်ထဲကခံစားရလို့ထွက်ပြေးခဲ့မိတာပါ …အဲ့ဒီအချိန်တုန်းက ကျွန်တော် အရမ်းခံစားခဲ့ရတာ…ကျွန်တော်ဘာပြောပြော ကျော့ကပြောမရတားမရတော့ …အရမ်းနာကျင်ရတယ်…ခံစားရတယ်….ကြာတော့ ချစ်ရတာတောင်မောလာတယ်…ကျော့က ကျွန်တော့်ကို မချစ်ဘူးလို့…စိတ်လဲတိုတယ် … ဝမ်းလဲနည်းခဲ့ရတယ် ဒါကြောင့်လဲ ရင်နာနာနဲ့ပဲ အဝေးကိုထွက်ပြေးခဲ့မိတာပါ ”

ဇွဲညီထင်ရဲ့စကားအဆုံးမှာ မေကျော့ရှင်းရဲ့ပါးပြင်ပေါ်မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်စီးကျလာခဲ့ရပြီး နှုတ်ခမ်းလေးကိုဖိကိုက်ကာ ဇွဲညီထင်ကိုမော့ကြည့်လိုက်တယ်။

“ငါလေ ငါ့ဘဝမှာ နင့်တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာ ဇွဲညီထင်…လွန်ခဲ့တဲ့သုံးနှစ်ကျော်အတွင်းမှာလဲ …ဘယ်သူ့ကိုမှ စိတ်မဝင်စားခဲ့ဘူး ….နင်ကလွဲရင် ဘယ်သူနဲ့မှလက်ထပ်ဖို့စိတ်ကူးလဲမရှိပါဘူး….ငါကလေ ကိုယ့်အခြေအနေကိုယ်မသိဘဲ အဆင်ခြင်မဲ့တဲ့လုပ်ရပ်တွေကို လုပ်ခဲ့မိပါတယ်… ဒါပေမဲ့ သေချာပြောနိုင်တာတစ်ခုက …ငါ့ဘဝမှာ နင်တစ်ယောက်တည်းနဲ့ပဲ ပတ်သက်ခဲ့ပြီး နင့်တစ်ယောက်တည်းကိုပဲချစ်ခဲ့တာ…အ….အခုလဲချစ်နေတုန်းပါပဲ ဇွဲညီထင်ရယ် …ဒါ..ဒါပေမဲ့ ..ငါတို့တွေ ဘယ်လောက်ပဲချစ်ချစ်….အခုချိန်မှာတော့မဖြစ်နိုင်တော့ပါဘူး…ငါတို့မှာစောင့်စည်းထိန်းသိမ်းရမယ့် စည်းတွေရှိတယ်…နင့်မှာတရားဝင်ချစ်သူရှိနေပြီ ဇွဲညီထင်…စနိုက်ကျော်ဆိုတဲ့စကားကို ငါအရမ်းရွံမုန်းတယ်…အဲ့ဒီလိုအဖြစ်မျိုးကို ဘယ်တော့မှအဖြစ်မခံဘူး…နင်လဲ မနွေးနွေးချစ်ကို ကတိပေးခဲ့ပြီးပြီမဟုတ်လား….အဲ့ဒီကတိကိုယောက်ျားပီပီသသစောင့်ထိန်းလိုက်ပါ…ငါတို့တွေနောက်ကျသွားပြီ ဇွဲညီထင်ရဲ့….ငါ့ကိုစည်းမစောင့်တဲ့မိန်းမတစ်ယောက်ဖြစ်အောင် မလုပ်ပါနဲ့နော် ”

” ဟာကွာ ”

မေကျော့ရှင်းရဲ့စကားကြောင့်ဇွဲညီထင်မှာ ကြိတ်မနိုင်ခဲမရဖြစ်ကာ ယောက်ျားတန်မဲ့ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာခဲ့ရတယ်။

~~~a~~~k ~~~~y~~~i~~~~p~~~h~~~y~~~~~u~~~~

” ကားသွားထားလိုက်အုံးမယ်…ဒီမှာ ခဏလေးရပ်စောင့်နေနော်ကျော့ ”

ကားပေါ်က အရင်ဆင်းသွားတဲ့မေကျော့ရှင်းကို ဇွဲညီထင်က လှမ်းပြောလိုက်ပြီး ကားပါကင်ထိုးနေကြနေရာကို ကားကိုမောင်းသွားလိုက်တယ်။

မေကျော့ရှင်းလဲကားပေါ်ကဆင်းလာခဲ့ပြီးနောက် ဇွဲညီထင်ကိုရပ်စောင့်နေလိုက်တယ်။တကယ်ဆိုရင် မေကျော့ရှင်းအနေနဲ့ဇွဲညီထင်တို့ရဲ့အခန်းကို လိုက်မလာသင့်မှန်းသိပေမဲ့ ဒီနေ့ညအဖို့မှာတော့ သူမယုံကြည်ချစ်ခင်ရတဲ့ လူတစ်ယောက်ရဲ့အရိပ်အောက်မှာပဲ ရှိနေချင်တာမို့ တခြားအကြောင်းအရာတွေကိုမတွေးတော့ဘဲ ဇွတ်မှိတ်ကာလိုက်လာခဲ့ခြင်းဖြစ်တယ်။

မေကျော့ရှင်းလမ်းမဘေးမှာရပ်ပြီး ဇွဲညီထင်ရှိရာကိုလှမ်းကြည့်နေတုန်းမှာပဲ သူမရှိရာကိုလျှောက်လာတဲ့ဇွဲညီထင်ကိုတွေ့လိုက်ရတယ်။တည်ငြိမ်တဲ့ခြေလှမ်းတွေနဲ့ လှမ်းလျှောက်လာတဲ့ဇွဲညီထင်းကိုသူမငေးမောကြည့်နေမိတယ်။လမ်းမီးရောင်တွေရဲ့အောက်မှာ ဇွဲညီထင်က သူမကို လှမ်းပြီးပြုံးပြနေခဲ့တယ်။ဇွဲညီထင်ရဲ့အပြုံးတွေကိုငေးမောပြီးမေကျော့ရှင်းလည်း ခပ်ယဲ့ယဲ့ပြုံးနေမိတယ်။ဒီအချိန်မှာပဲ သူမရပ်နေရာလမ်းဘေးကို အတင်းမောင်းဝင်လာတဲ့ကားတစ်စီးကို ဘွားခနဲတွေ့လိုက်ရတယ်။ကားကို ရုတ်တရက်ကြီးတွေ့လိုက်ရတာမို့ မေကျော့ရှင်းဘာလုပ်လို့လုပ်ရမှန်းမသိဘဲ ကြက်သေသေကာငေးကြည့်နေမိတယ်။

” ကျော့…ရှောင်လိုက်လေ …ကျော့”

အော်ဟစ်သတိပေးသံနဲ့အတူ သူမဆီကိုအတင်းပြေးဝင်လာတဲ့ ဇွဲညီထင်ကိုတွေ့လိုက်ရပြီးနောက် မေကျော့ရှင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံး လမ်းဘေးကို လိမ့်ဆင်းကျသွားရတော့တယ် ။

” ဒုန်း….ကျွီ ”

ကားကတစ်စုံတစ်ခုကို တိုက်မိပြီးနောက် ကျယ်လောင်တဲ့ အသံကြီးထွက်ပေါ်လာခဲ့ပြီး ရပ်တန့်သွားခဲ့တယ်။

” ဇွဲညီထင် ”

မေကျော့ရှင်း သံကုန်ဟစ်ကာခေါ်လိုက်ပြီး အတင်းကုန်းရုန်းထကာ ဇွဲညီထင်ရှိရာကို အူယားဖားယားပြေးသွားလိုက်တယ်။ကားက လမ်းဘေးမှာရပ်ထားတဲ့ ဈေးတွန်းလှည်းတစ်စီးကိုလဲ တို***က်လိုက်မိတာကြောင့် လမ်းပေါ်ကို လူတချို့ထွက်လာကြတယ်။

“ဟာ ..ကားတိုက်တာဟေ့ ….လူကိုလဲ ထိသွားပုံရတယ်..ကားသမားကို မလွတ်စေနဲ့ဟေ့ ”

” ဇွဲညီထင် …ဇွဲညီထင် … နင်ဘာဖြစ်သွားသေးလဲ …. အီး..ဟီး…ဟီး …ကယ်ကြပါအုံးရှင် …ဆေးရုံကားခေါ်ပေးပါအုံး…အီးဟီးဟီး ”

မေကျော့ရှင်းအော်ရင်း ငိုရင်းနဲ့ဘေးကလူတွေကိုအကူအညီတောင်းလိုက်တယ်။လဲကျနေတဲ့ ဇွဲညီထင်ကိုကြည့်ပြီး မေကျော့ရှင်းအရူးတစ်ယောက်လို အော်ဟစ်ငိုယိုနေမိတယ်။

” ကျော့ …ကျော့ သတိထားလေ …ကျွန်တော်ဘာမှမဖြစ်ဘူး လက်ပဲနည်းနည်းထိသွားတာပါ …..”

” ဘာ ..ဘာမှမဖြစ်ဘူး ဟုတ်လား ..အမယ်လေး ..တော်သေးတာပေါ့…ဝမ်းသာလိုက်တာ ဇွဲညီရယ် ”

မေကျော့ရှင်း ဝမ်းသာအားရပြောလိုက်ရင်းက ဇွဲညီးထင်ကို အတင်းဖက်ထားလိုက်မိတယ်။

” မောင်ရင်တို့ ဘာဖြစ်သွားကြသေးလဲ ..ဒီမှာကားမောင်းသူကို ဦးတို့ခေါ်ထားတယ်…ဆေးခန်းဖြစ်ဖြစ်သွားလိုက်ကြပါ ”

ဘေးကလူတစ်ယောက်ရဲ့ ပြောသံကြောင့် ဇွဲညီထင်တို့နှစ်ယောက်လုံး မော့ကြည့်လိုက်မိကြတယ်။

” ဟင် ..မ….မနွေးနွေးချစ် ”

” မ..မနွေး ”

ကားမောင်းသူကို မြင်လိုက်ရတဲ့အခါ သူတို့နှစ်ယောက်လုံး အံ့ဩတုန်လှုပ်သွားမိကြတယ်။

~~~~a~~~k~~~y~~~i~~~~p~~~h~~~y~~~u~~~~~~

” အောက်တန်းစားတွေ နင်တို့လိုချင်သလောက် လျော်ကြေးပေးလိုက်မယ် ကြားလား ….နင့်လိုအောက်တန်းစားကောင်နဲ့ပတ်သက်မိတာကိုက ငါ့အမှားပဲ …..နင့်ကြောင့်မို့ ဒီလိုအပေါ စားမိန်းမနဲ့ပါ ပတ်သက်နေရတာ ”

နွေးနွေးချစ်က ရိုင်းစိုင်းစွာပြောဆိုလိုက်တယ်။နွေးနွေးချစ်ရဲ့ မောက်မာလှတဲ့စကားလုံးတွေကြောင့် ဇွဲညီထင် လက်သီးကိုဆုပ်လိုက်မိပြီး

” ပြောချင်ရင် ကျွန်တော့်ကိုပဲပြောပါမနွေးနွေးချစ် ….သစ္စာမရှိ ကတိမတည်ခဲ့တဲ့သူက ကျွန်တော်ပါ…..ကျော့မှာ ဘာအပြစ်မှမရှိဘူး…..ကျော့ကို အပေါစားမိန်းမလို့မပြောနဲ့ ကျွန်တော်မကြိုက်ဘူး….ကျွန်တော်တွေ့ဖူးသမျှမိန်းမတွေထဲမှာတော့ …ကျော့လိုမျိုးတစ်ဖက်သားအတွက်စဉ်းစားပေးတတ်ပြီး အိန္ဒြေသိက္ခာရှိတဲ့မိန်းမမျိုးတွေ့က ခပ်ရှားရှားပဲ ….ကျွန်တော်ဘက်က သူ့ကိုစွန့်ပစ်ခဲ့ပေမဲ့… သူ့ဘက်က ပြဿနာမရှာဘဲနားလည်ပေးခဲ့တယ်….ဘယ်ယောက်ျားတစ်ယောက်နဲ့မှလဲ ရုပ်ရှင်အတူကြည့်တာတွေ ခရီးအလည်အပတ်သွားတာတွေလုပ်ခဲ့တဲ့မိန်းမမျိုးမဟုတ်ဘူး ~~~ကျွန်တော့်လုပ်ရပ်တွေကို မုန်းလို့နာကြည်းလို့ တခြားယောက်ျားနဲ့ ရွှဲ့ပြီးတွဲတာမျိုးလဲမရှိခဲ့ဘူး…အခုကျွန်တော်တို့ တွေ့ဆုံကြတယ်ဆိုတာလဲ …အပျော်အပါးအလည်အပတ်ထွက်ကြတာမဟုတ်ဘူး …မဖြစ်မနေအရေးကြီးတဲ့ကိစ္စကြောင့်မို့လို့ တွေ့ကြတာ….မနွေးနွေးချစ် ကျွန်တော်ကိုကြိုက်သလိုလုပ်လို့ရပါတယ်..ကျွန်တော့်ဘက်ကလည်းကတိမတည်သလိုဖြစ်ခဲ့တယ်လေ…..ဒါပေမဲ့တစ်ခုတော့သိထားပါ… မနွေးနွေးချစ်နဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်းက အချစ်နဲ့စခဲ့တာမဟုတ်ဘူးနော် ….ကျွန်တော့်ဘက်က အကြိမ်ကြိမ် ရှောင်တိမ်းခဲ့တယ်… ငြင်းပယ်ခဲ့တယ်….ကျွန်တော်တောင်းပန်ပါတယ် မနွေးနွေးချစ် … ကျွန်တော်တို့ လမ်းခွဲရအောင် ”

” ဘာ …ဘာပြောလိုက်တယ် ဇွဲညီထင် ”

” ဖြန်း ”

ဇွဲညီထင်ရဲ့ စကားတွေကြောင့် နွေးနွေးချစ်မှာ ယမ်းပုံမီးကျဒေါသပေါက်ကွဲသွားရပြီး ဇွဲညီထင်ရဲ့ ပါးပြင်ကိုရို**က်ချပစ်လိုက်တယ်။

” ကျေနပ်ပြီလား မနွေးနွေးချစ် – … မကျေနပ်သေးရင် ထပ်ရို*က်လို့ရပါတယ် ..ကျွန်တော်ဘက်ကလဲ ယောက်ျားပီပီသသနဲ့ ပြတ်သားမှုမရှိခဲ့တာကြောင့် ဒီလိုတွေဖြစ်လာခဲ့ရတာပဲ ..ကျွန်တော့်ကြောင့်ဖြစ်ရတာမို့ ထပ်ပြီးတောင်းပန်ပါတယ်ဗျာ ……ဒါပေမဲ့ နောက်နောင်မှာ ကျော့ကိုရန်ရှာတာတွေ …ဒုက္ခပေးတာတွေ မလုပ်ပါနဲ့ …အဲ့ဒါဆိုရင်တော့ ကျွန်တော်သည်းခံမှာ မဟုတ်တော့ဘူး ”

” ဘာ ….တောက် ”

ဇွဲညီထင်ရဲ့ တုံ့ပြန်စကားကြောင့် နွေးနွေးချစ်မှာ အသားတွေတဆတ်ဆတ်တုန်အောင် ဒေါသထွက်ကာ တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်တယ်။ဇွဲညီထင်ကတော့ ပြောပြီးတာနဲ့ နွေးနွေးချစ် အနားကနေ ထွက်သွားလိုက်ပြီး ခပ်လှမ်းလှမ်းမှာ ရှိနေခဲ့တဲ့ မေကျော့ရှင်းရှိရာဆီကို လျှောက်သွားလိုက်တယ်။

” ဘာ…ဘာတွေဖြစ်ကုန်ပြီလဲ ဇွဲညီ …ပြောလို့ အဆင်ပြေရဲ့လားဟင် ….. ကျော့သေချာ ရှင်းပြလိုက်ပါမယ် ”

အနားကိုရောက်လာတဲ့ဇွဲညီ ထင်ကို မေကျော့ရှင်းက အသံ ခပ်တုန်တုန်နဲ့ လှမ်းပြောလိုက်တယ်။

” ဘာမှမဖြစ်ပါဘူး ကျော့ရယ်……စိတ်မပူပါနဲ့ကွာ….ကျော့လဲပင်ပန်းနေပြီ…..ကျွန်တော်တို့ ဒီလမ်းထိပ်က အသိဆေးခန်းမှာပဲ သွားပြကြရအောင် …ပြီးရင်တစ်ခုခုသွားစားကြတာပေါ့ ..”

ဇွဲညီထင်က ခပ်အေးအေး ပြောဆိုလိုက်ပြီး မေကျော့ရှင်းရဲ့လက်ကလေးကို ခပ်တင်းတင်းဆွဲယူဆုပ်ကိုင်ကာ နေရာကထွက်ခဲ့လိုက်တယ်။

~~~~a~~~~k~~~y~~~~i~~~~p ~~~~h~~~~y~~~~~u ~~~~

” မင်းကိုအလုပ်ထုတ်လိုက်ပြီတဲ့ ဇွဲညီထင် … ဒီသတင်းကို မသိသေးတာလား … မင်းရဲ့ နေရာမှာ သူဌေးလေးကောင်းဆက်က တာဝန်ယူမှာပါ ”

ဇွဲညီထင် ရုံးထဲသို့ခြေချလိုက်ချိန်မှာပဲ မမဝေဆီကနေ ခပ်တင်းတင်း မျက်နှာထားနဲ့ လှမ်းပြောလိုက်သံကိုကြားလိုက်ရတယ်။မမဝေရဲ့စကားကြောင့် ဇွဲညီထင်ပခုံးကိုတွန့်ကာ အားပါးတရ ရယ်လိုက်ပြီး

” မှားနေပြီဗျ မမဝေ….သူတို့ဘက်ကမထုတ်ခင် …ကျွန်တော့်ဘက်ကအရင်ထွက်စာတင်လိုက်တာပါဗျ….အခုကျွန်တော့်ပစ္စည်းတွေကိုလာသိမ်းတာပါ …ခွင့်ပြုပါအုံးနော် ….သြော်…..အခန်းထဲမှာဘာမှမရှိဘူးဆိုပေမဲ့ ..ကျွန်တော် ပစ္စည်းတွေသိမ်းတာကို လာစောင့်ကြည့်ပြီး ဗိဒီယိုဖြစ်ဖြစ် ရိုက်ထားမယ်ဆိုရင်လဲ ရတယ်နော် ”

မမဝေကို ခပ်ရွှဲ့ရွှဲ့ပြောခဲ့လိုက်ပြီး ရုံးခန်းတွင်းကို ဇွဲညီထင်ဝင်ခဲ့လိုက်တယ်။

~~~~a~~~k~~~y~~~i~~~~p ~~~~h~~~y~~~u~~~~

” ဂျာကြီး ….ဂျာကြီးက တကယ်အလုပ်ထွက်တော့မှာလား ဟင်……ဂျာကြီးအလုပ်ထွက်တော့မယ်ဆိုတော့ အေမီတကယ်စိတ်မကောင်းဘူးသိလား ”

အနားကို ရောက်လာပြီး စိတ်မကောင်းဟန်နဲ့ပြောနေတဲ့အေမီ့ကိုကြည့်ပြီး ဇွဲညီထင်ပြုံးပြလိုက်တယ်။

” မန်နေဂျာအသစ်နဲ့ အဆင်ပြေအောင်နေပါ အေမီ…လစာတိုးအောင် အလုပ်လဲကြိုးစားပါ ”

” ဟုတ်..ဟုတ်ကဲ့ပါ ဂျာကြီး …ဒါနဲ့ ဂျာကြီးကိုပြောပြစရာရှိတယ် သိလား…တနင်္ဂနွေနေ့က ဂျာကြီးနဲ့ မနွေးနွေးချစ်တို့ ချိန်းထားတဲ့နေရာကို ဂျာကြီးမရောက်လာတာ ကံကောင်းသွားတယ်သိလား ”

” .ဟင်…ဘာ..ဘာဖြစ်လို့လဲ အေမီ…ဘာကိုကံကောင်းတာလဲ ”

ဇွဲညီထင်နားမလည်နိုင်စွာနဲ့မေးလိုက်တယ်။

” ဒီလိုပါ ဂျာကြီး …အဲဒီနေ့က ….မနွေးနွေးချစ်ကလေ …ရုံးဝန်ထမ်းတစ်ချို့နဲ့သူ့သူငယ်ချင်းတွေရဲ့ကြားမှာ ဂျာကြီးကိုအရှက်ခွဲဖို့စီစဉ်ထားတာတဲ့…မမဝေတစ်ယောက်တည်း အလုပ်တွေရှုပ်နေတာကိုကြည့်ပြီး အေမီကမသင်္ကာလို့လိုက်စုံစမ်းရင်း သိလိုက်ရတာ ….. ပြီးတော့ မနွေးနွေးချစ်နဲ့ကိုကောင်းဆက်တို့ တွဲနေကြတယ်လို့လဲသတင်းကြားတယ် သိလား…ဂျာကြီးနဲ့ မနွေးနွေးချစ်တို့ အဆင်မပြေကြဘူးလားဟင် …နှစ်ယောက်သားလမ်းခွဲလိုက်ကြပြီလား ”

” အင်း … ဟုတ်တယ် လမ်းခွဲလိုက်ကြပြီလေ … အခုလိုလာပြောပြပေးလို့ ကျေးဇူးတင်ပါတယ်အေမီ ”

အေမီ့ဆီကကြားလိုက်ရတဲ့စကားတွေကြောင့် ဇွဲညီထင် ကျေနပ်စွာပြုံးလိုက်ပြီး အေမီ့ကို ကျေးဇူးတင်စကားပြောလိုက်တယ်။

~~~~a~~~~k~~~~~y~~~~~i~~~p ~~h~~~~y~~~~u ~~~

” မနွေးနွေးချစ် ….ကျွန်တော်ခဏဝင်လာလို့ရမလား ”

ဇွဲညီထင်ကအသံပေးလိုက်ပြီးတော့ နွေးနွေးချစ်ရဲ့ရုံးခန်းထဲကို ဝင်ချသွားလိုက်တယ်။

” ဟင် …ဇွဲညီထင် နင်ဘာလာလုပ်တာလဲ…နင့်မျက်နှာကိုငါမမြင်ချင်ဘူး …ခုချက်ချင်းထွက် သွားစမ်း … နင့်ဆီကနေ တောင်းပန်တဲ့ စကားမျိုးတွေလဲ ငါမကြားချင်ဘူး ”

ဇွဲညီထင်ကိုမြင်တာနဲ့ နွေးနွေးချစ်က ဒေါသတကြီးနဲ့မောင်းထုတ်လိုက်တယ် ။

” ဒေါသမထွက်ပါနဲ့ မနွေးနွေးချစ်ရယ် … ကျွန်တော်က မနွေးနွေးချစ်နဲ့ ကိုကောင်းဆက်တို့ရဲ့ မင်္ဂလာသတင်းကိုဂုဏ်ပြုချင်လို့ပါ …ဪ…ဒါနဲ့ …ချစ်သူသက်တမ်းဘယ်လောက်ရှိသွားပြီလဲ …လုပ်ကွက်လေးတွေလှလိုက်တာဗျာ….ကိုယ်တိုင်တော့သူတော်ကောင်းမကြီးလိုလိုနဲ့ ဟန်ဆောင်ကောင်းလှပါတယ်….ကျွန်တော့်ချစ်သူခမျာတော့ အတော်လေးအပြောခံလိုက်ရတာပဲ ….ဒါနဲ့ ကျွန်တော့်ကိုအရှက်မခွဲလိုက်ရတဲ့အတွက်တော့ စိတ်မကောင်းပါဘူး….ဘာပဲဖြစ်ဖြစ် အခုလိုဖြစ်သွားတဲ့အတွက်ကတော့ တကယ်ကျေးဇူးတင်ပါတယ်….. သွားခွင့်ပြုပါအုံးခင်ဗျာ..”

ဇွဲညီထင်က နွေးနွေးချစ်ကို နှုတ်ဆက်လိုက်ပြီး ပြန်ထွက်လာခဲ့လိုက်တယ်။

~~~~a~~~~ k.~~~y~~~i ~~~~p~~~h ~~~ y~~~~u~~~~

” မင်း..မင်းတို့ဘာပြောလိုက်ကြတယ် ”

အဖေ့ရဲ့အံ့ဩထိတ်လန့်တဲ့ ပုံစံကိုကြည့်ပြီး မေကျော့ရှင်း လန့်သွားမိတယ်။

” ဟုတ်…ဟုတ်ပါတယ်အဖေ..ကျွန်တော့်ကိုမကျော့နဲ့လက်ထပ်ခွင့်ပြုပါနော်…ကျွန်တော်မှားခဲ့တာတွေအတွက်လဲ တောင်းပန်ပါတယ်…မကျော့ကိုတစ်သက်လုံးသစ္စာရှိရှိနဲ့စောင့်ရှောက်ပေးပါ့မယ် အဖေ…ကျွန်တော်တို့နှစ်ယောက်ကိုခွင့်ပြုပေးပါနော်အဖေ…မနက်ဖြန်ကျရင် ကျွန်တော့်ဘက်က လူကြီးတွေလာပါလိမ့်မယ်…”

ဇွဲညီထင်က ယောက္ခမကြီးကို တောင်းပန်ခယတဲ့လေသံနဲ့ပြောလိုက်တယ်။

” အေး..ငါ့သမီးကရောသဘောတူလား ”

” ဟုတ်…ဟုတ်ကဲ့ ..တူ..တူပါတယ်အဖေ ”

မေကျော့ရှင်းတုန်တုန်ယင်ယင်နဲ့ပြန်ဖြေလိုက်တယ်။

” အေး..တူရင်လဲပြီးတာပဲပေါ့…ဘာမှရှုပ်ရှုပ်ထွေးထွေးလုပ်မနေကြနဲ့…ရုံးမှာလက်မှတ်သွားထိုးကြ…ပြီးရင် အိမ်မှာမင်္ဂလာဆွမ်းကျွေး ‘

” ဟုတ်..ဟုတ်ကဲ့ပါအဖေ…ကျေးဇူးတင်ပါတယ်အဖေ ”

ဖခင်ကြီးဆီကခွင့်ပြုချက်ရတာနဲ့မေကျော့ရှင်းနဲ့ဇွဲညီထင်တို့ ပျော်ရွှင်စွာနဲ့ပြန်ခဲ့ကြတယ်။

~~~~a~~~~~k~~~~y~~~~~~i~~~~p~~~~h~~~~~y~~~~u~~~~~~~~

” ဒါနဲ့ အခုဘယ်ကိုသွားမှာလဲဇွဲညီ ”

” တရားရုံးကိုသွားမလို့လေကျော့ရဲ့..ကျွန်တော်တို့ ဒီနေ့ပဲ သွားလက်ထပ်ကြမယ်လေ ”

” ဘယ်လို ..မြန်လှချည်လား…အခုဘယ်အချိန်ရှိနေပြီးလဲဇွဲညီရဲ့ ”

” မမြန်ပါဘူးကွာ….ရုံးပိတ်ချိန်မရောက်သေးပါဘူး…အသိသက်သေနေရာမှာ လက်မှတ်ထိုးဖို့ သူငယ်ချင်တွေကိုလဲခေါ်ထားပြီးပြီ…လက်မှတ်ထိုးပြီးတာနဲ့ ဟန်းနီးမွန်းထွက်ကြမယ်လေ..နှစ်ယောက်လုံးအလုပ်မရှိသေးဘူးဆိုတော့ စိတ်ကြိုက်လည်ပတ်လို့ရတယ်လေ အချစ်ရဲ့ ”

” ဟို..ဟို…လက်ထပ်တာကတော့ ဟုတ်ပါပြီ …လက်ထပ်ပြီးရင် ဘယ်မှာနေကြမလဲဟင်….ကျော့တို့အိမ်ငှား အရင်ရှာရမှာ မဟုတ်ဘူးလား……ဇွဲညီအခုနေတဲ့အိမ်မှာတော့ အတူနေလို့မဖြစ်ဘူးထင်တယ်နော် …ပြီး…ပြီးတော့ ကျော့တို့နှစ်ယောက်လုံးမှာ အလုပ်မရှိကြသေးဘူလေ ဇွဲညီရဲ့ ”

မေကျော့ရှင်းက ပူပူပန်ပန်လေးပြောလိုက်တယ်။မေကျော့ရှင်းရဲ့စကားကြောင့် ဇွဲညီထင်က မေကျော့ရှင်းရဲ့ကိုယ်လုံးလေးကို တင်းတင်းဖက်လိုက်ပြီး

” ကိုယ့်မိန်းမကတအားကိုပူပန်တတ်နေပါလားကွာ..အိမ်ကိစ္စရော..အလုပ်ကိစ္စပါ ကျော့ဘာမှပူစရာမလိုဘူးနော်…အရင်လကပဲ ကျွန်တော်တိုက်ခန်းတစ်ခန်းဝယ်လိုက်ပြီ…အလုပ်ကလဲ ဟိုအရင်ကတည်းက ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့စီစဉ်ထားတာကြာပြီ ..အမေတို့ကလဲ မင်္ဂလာလက်ဖွဲ့အနေနဲ့အရင်းအနှီးစိုက်ထုတ်ပေးမယ်တဲ့လေ..အမေတို့ပေးတဲ့ငွေနဲ့ ကျွန်တော်စုထားတဲ့ငွေနဲ့ဆိုရင် အလုပ်စဖို့အဆင်ပြေပြီ ….ကျွန်တော်တို့လုပ်ငန်းစပြီဆိုတာနဲ့ ကျော့ကသူဌေးမကြီးနေရာကနေ တာဝန်ထမ်းဆောင်ပေါ့ …ကျွန်တော်တို့တွေ ဘယ်တော့မှမခွဲဘဲအတူတူနေသွားကြမယ်နော်…ကျော့ဘာလုပ်လုပ်အပြစ်တွေမမြင်တော့ဘူးလို့ ကတိပေးပါတယ်ကွာ ”

သူမရဲ့ပါးပြင်ကိုထိတွေလာတဲ့ဇွဲညီထင်ရဲ့အနမ်းဖွဖွနဲ့အတူ ကတိပေးစကားတွေကြောင့် မေကျော့ရှင်းရဲ့ပါးပြင်ပေါ်ကို မျက်ရည်စလေးတွေးစီးကျလာခဲ့ရပြီး

” ကျော့လဲ ဟိုအရင်ကလိုမျိုးမဆင်မခြင်တွေမလုပ်တော့ပါဘူးဇွဲညီရယ်…ဇွဲညီနဲ့ထပ်ပြီးအဝေးမခံနိုင်ဘူး..ကျော့လိမ္မာပါတော့မယ်….ဇွဲညီကမသင့်တော်ဘူးလို့ပြောတဲ့ကိစ္စတွေကိုလဲ ဘယ်တော့မှဇွတ်မလုပ်တော့ပါဘူး ….ကျော့လဲ ကတိပေးပါတယ်နော် ”

” ဟော့ဗျာ..ဘာလို့ငိုရတာလဲကွာ ”

ဇွဲညီထင်ကမေးရင်းမှ မေကျော့ရှင်းရဲ့ပါးပြင်ပေါ်ကမျက်ရည်စလေးတွေကိုခပ်ဖွဖွသုတ်ပေးလိုက်တယ်။

” ပျော်လွန်းလို့ငိုမိတာပါဇွဲညီရယ် ”

” ကျွန်တော်လဲအရမ်းကိုပျော်ပါတယ်အချစ်ရယ်…ကျော့ကိုကျွန်တော်အရမ်းချစ်တယ်…ဟိုအရင်တုန်းကလဲချစ်တယ်…ကွဲကွာနေကြတဲ့အချိန်တွေမှာလဲ ကျော့ကိုပဲချစ်နေခဲ့တာ ..အခုလဲချစ်တယ်…နောင်ကိုလဲချစ်သွားမယ် ….ကျော့ရော ကျွန်တော့်ကိုချစ်ရဲ့လားဟင် ”

” ဘယ်လိုမေးလိုက်တာလဲ ဇွဲညီရယ်..ကျော့ဘဝမှာဇွဲညီတစ်ယောက်တည်းကိုပဲချစ်ခဲ့တာပါ….ဟိုအရင်တုန်းကလဲချစ်တယ်…ကွဲကွာနေချိန်ကလဲချစ်နေခဲ့တယ်…အခုလဲချစ်တယ်…တစ်သက်လုံးလဲချစ်နေမှာပါ ”

” ဝမ်းသာလိုက်တာ ကျော့ရယ်… ကျွန်တော့်ကို ပြန်ပြီးလက်ခံပေးလို့လဲ ကျေးဇူးတင်ပါတယ် အချစ်ရယ် ”

ဇွဲညီထင်က ချစ်ရသူလေးကိုကျေးဇူးတင်စကားပြောလိုက်ပြီး ပိုတိုးကာတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယ်။မေကျော့ရှင်းကလဲ ဇွဲညီထင်ရဲ့ကျော့ပြင်ကိုခပ်တင်းတင်းပြန်လည်ပွေ့ဖက်ထားလိုက်တယ်။ချစ်သူနှစ်ယောက်ရဲ့ကြားမှာ ကြာလေတောင်သွေးလို့မရအောင်နှလုံးသားချင်းထပ်တူကျနေခဲ့ကြတယ်။
===a===k====y=====i====p==h==y===u==

ပြီးပါပြီ

A kyi phyu
#ဧကြည်ဖြူ