အရိပ်မဲတို့၏​ခြေရာများ(စ/ဆုံး)

——————————-

အတိတ်ဆိုတာ အတိတ်မှာထားလို့ရခဲ့ရင် သိပ်​ကောင်းသွားမယ်။ မာမာ ရဲ့ဘဝက ခါးသည်းခဲ့တယ် ဆို​ပေမယ့် ကိုယ်​ရွေးချယ်ခဲ့တဲ့ လမ်းမို့ ​ကျေနပ်စွာနဲ့ ခံယူ​နေဆဲပါပဲ။

တခါတ​လေ မသိလို့ မှားမိတဲ့အမှား က တစ်ဘဝလုံးကို အစွန်းစက်​တွေဖြစ်​ရော။

ဪ..လူဆို​တော့လဲ စားဝတ်​နေ​ရေး​တွေ မ​ကျေလည်တဲ့ အစာအိမ်ကိစ္စ​တွေနဲ့။
​ပြောပြ​နေလို့လဲ အပိုပဲ၊ ဒရမ်မာခင်းတယ်လို့​တောင် ထင်ကြဦးမယ်။ တိတ်တိတ်​လေး နဲ့ ငြိမ်သက်ရင်း ဘာရယ် မဟုတ်တဲ့ စီးကရက်​တွေ အခိုး မထွက်​အောင် ​သောက်ရင်း သက်ပြင်း​မော​တွေ အကြိမ်ကြိမ်ချမိတယ်။
​လောက ကြီးက စိတ်ပျက်စရာ​ကောင်း​နေပြီနဲ့တူပါရဲ့။

******@@@*******

“နင် ဝင်ရမယ့် အလှည့်​ရောက်ပြီ”

ဆိုင်မန်​နေဂျာမမကြည်က အချက်ပြတယ်။ ​မေးဆတ်ပြီး အ​ဖြေ​ပေး​ပေမယ့် အလုပ်လုပ်ရမှာ စိတ်မပါသလို ခံစားရတယ်။

“မမမာ, ဖြူဖြူ အ​မေကို ပိုက်ဆံပို့ ချင်လို့ မမမာ အချိန်ဖြူဖြူ ကို​ပေးပါလား”

ဖြူဖြူရဲ့ စကား ကို ​သေချာနား​ထောင်မိတယ်၊ ကိုယ်ချင်းစာတယ် ဆိုတာထက် သံ​ယောဇဥ် ဖြစ်မိတယ်ဆိုရင်​ပိုမယ်။

ဒုတိယနှစ်ကျောင်းသူ​လေး ဖြူဖြူ၊ ​မူးရူး​နေတဲ့ လောကဓံရဲ့ အနိုင်ကျင့် မှုကို အလူးအလဲ ခံရင်း ဒီဘဝထဲကို သတ္တိရှိရှိ​ရောက်လာခဲ့တယ်။

ယဥ်​ကျေးတယ်၊ သိမ်​မွေ့တယ်၊ နူးညံ့တယ်၊ ဖြူလွလွ အသားအ​ရေနဲ့ ရှည်လျား တဲ့ ဆံနွယ်စ ​တွေက ဖြူဖြူဆိုတဲ့ အမည်နာမကို တစ်ထပ်တည်းကျ၊ သူ့ ကိုယဥ်​စေတယ်လို့ ဆိုရင် ပိုမှန်လိမ့်မယ်။

တစ်​ကောင်ကြွက်သမား ကိုယ့်အတွက် ​ငွေဆိုတာ မရှိမဖြစ် မလိုအပ်တာ မဟုတ်​ပေမယ့်၊ သုံးစရာမရှိ​တော့ ရင်လဲ ကြိုက်တဲ့ အချိန်၊ ကြိုက်တဲ့ ဧည့်သည်နဲ့ ဝင်လိုက်ယုံပါပဲ။

တစ်​နေ့တစ်​ယောက်ဆိုရင်ပဲ ကိုယ့်အတွက်လုံ​လောက်​ပြီလို့ ​တွေးထားသမျှ အခုလို ကာလ လူ​တွေ အဆင်မ​ပြေကြချိန်၊ တစ်ပတ်တစ်​ယောက်​တောင် ရဖို့ ခက်ခဲလာပြီ။ ဒါကိုပဲ ကိုယ့်အလှည့်ကြတာကို သူတစ်ပါးကို ​ပေးဝင်ရဲတယ်​ဆို​တော့၊
​ဝေသန္တရာမင်းကြီးရဲ့ အလှု​လောက် မကြီးမြတ်​ပေမယ့်၊ အလှူတစ်ခုလို့ပဲသ​ဘောထားတယ်။

“မမမာဧည့်သည်က သ​ဘော​ကောင်းတယ်​နော်၊ ညီမနဲ့ အလုပ်သာ လုပ်​နေတာ မမ ကို တစ်ချိန်လုံး​မေး​နေတယ်
ညီမလဲ မမ မီးနီပြ​​နေလို့ ညီမကို လွှဲ​ပေးတာလို့ ​​ကောင်း​အောင်​ပြောလိုက်တယ်”

ဆိုင်မှာ မန်​နေဂျာ အပါအဝင် လူ ​ခြောက်​ယောက်ပဲရှိ​တော့တယ်။ ဟိုအရင်က လူ နှစ်ဆယ်​ကျော် သုံးဆယ် နီးပါး၊ အခု​​တော့ အားလုံး​ရေကြည်ရာ မြက်နုရာကို သွားကုန်ကြပြီ။

အားလုံးစားဖို့ မီးဖို​ချောင်ထဲ ဟင်းချက်​နေတာကို ​နောက်က​နေ ခါးသိုင်းဖက်ပြီး ဖြူဖြူ​ပြောရှာတယ်။

​နောက်ကစားပွဲမှာ အာလူးခွာ​နေတဲ့မန်​နေဂျာ မမကြည်က​တော့..

“နင် သူများ ​ဖောက်သည်ကိုလုယူဖို့ မကြိုးစားနဲ့”

“ရပါတယ် မမကြည်ရယ် သူတို့ အဆင်​ပြေရင် ကျွန်မ ​ကျေနပ်ပါတယ်”

မကြည်မကြား​အောင် တီးတိုး​လေးရွတ်မိ​ပေမယ့်၊
စိတ်ထဲက ​ကျေနပ်​နေမိတယ်။

*******@@@******

“မရဘူး မမကြည် ကျွန်​တော်လဲ မလုပ်ချင်ဘူးဗျာ
အခုက အထက်က စာကျလာတာ ကျွန်​တော်လဲ ကိုယ်ချင်းစာပါတယ်၊ မမကြည်တို့ ဘက်က ချွတ်ယွင်းတာ​တွေများ​နေပြီ၊ လိုင်း​ကြေးလဲ…”

စကားကို တဝက်တပျက်နဲ့ရပ်၊ ဟူးကနဲ..သက်ပြင်း​​မောချရင်း စိတ်မ​ကောင်းချင်​ယောင်​ဆောင်​နေတဲ့ ဒီနယ်ထိန်းကို သတိထားမိတာကြာပြီ။

သိပ်အဆိုးကြီးထဲက မဟုတ်​ပေမယ့်..

ပိုင်ရှင်တစ်​ယောက်လို မင်းမူတာကို​တော့ မကြိုက်မိပြန်ဘူး။

ဆိုင်ကို​ရောက်လာတဲ့ လူသစ်မှန်သမျှ သူကို့ ပန်းဦးဆက်ရတာကို သတိရမိတယ်၊ ကိုယ်တိုင်လဲ မလွတ်ခဲ့ဘူး။
မမကြည်ရဲ့ စကားကို တ​သွေမတိမ်း နား​ထောင်ကြရပြီး၊ အ​ကောင်းဆုံး သူစိတ်​ကျေနပ်​အောင် ဖြည့်ဆည်းကြရတယ်၊ စိတ်နဲ့ အခန့်မသင့်ရင် ပါးရိုက်နားရိုက် လက်မြန်တဲ့သူမို့လဲ အတတ်နိုင်ဆုံး မချစ်​သော်လဲ ​အောင့်နမ်းကြရရှာတယ်။

ဆက်တီဆိုဖာခုံမှာ ​ခြေချိတ်ထိုင်ရင်း၊ ဘုရင်တစ်ပါးလို မိန့်ခွန်း​တွေ ​ခြွေ​နေတယ်၊ ကိုယ်အပါအဝင် ​ကောင်မ​လေး​တွေ အားလုံးက သူ့ရဲ့​အောက်ကြမ်းပြင်မှာ ကျုံ့ကျုံ့​လေး ထိုင်​နေကြရတယ်။ မမကြည်​သော်မှ သူ့ထိုင်​နေကျ ဆက်တီဆိုဖာ ခုံက​နေ ​ပြောင်းပြီး သစ်သားထိုင်ခုံပု​လေးမှာ ထိုင်ရင်း ​ခေါင်းငိုက်ဆိုက်ချ ​နေရရှာပြီ။

ပုံမှန်တိုင်းဆို နွားငတ်​ရေကျ ​သောက်တတ်သူက၊ သူ့​ရှေ့ကခုံ​ပေါ်မှာ တင်​ပေးထားတဲ့ ဘရန်ဒီပုလင်းကိုအခု​တော့ လက်ဖျားနဲ့​တောင်မထိ​တော့ဘူး။

​နောက်ဆုံး​တော့..အားလုံးအတွက် စိတ်ပိုင်းဖြတ်လိုက်တယ်၊ တစ်​ယောက်ထဲ သမားပဲ၊ ဘယ်မှာ​နေ​နေ အဆင်​ပြေ​အောင်ကြိုးစားရမယ်။

“မမကြည် ကျွန်မသွားမယ်”

“ဟယ်..မလုပ်ပါနဲ့ဟယ်..နင်​နေလို့ သိပ်​ကောင်းတာမှ မဟုတ်ဘဲ”

“ရတယ်..မမကြည် ​နောက်​တော့​ပျောက်သွားမှာပါ”

​”ကောင်းတယ် မမကြည် အနည်းဆုံးတစ်​ယောက်​တော့ အဖမ်းပြရမယ်၊ မမကြည်​ကော​ပေါ့၊ ဒါ​ပေမယ့် မမကြည်က အာမခံရ​အောင် ကျွန်​တော်လုပ်​ပေးမယ်၊ ဒါ​ပေမယ့် လိုင်း​ကြေး​တော့ ပုံမှန်ပြန်​ပေးနိုင်​အောင် ကြိုးစား​ပေးရမယ်”

“မိမာရယ် ငါ..စိတ်မ​ကောင်းဘူးဟယ်..”

မမကြည် က ငိုသံပါနဲ့ ​ပြော​နေ​ပေမယ့်၊

မျက်ဝန်းက အခုမှ စိတ်​အေးသွားသလို အ​ရောင်​တောက်​နေတယ်။
ကျန်တဲ့ က​လေးမ​လေး​တွေ​တော့ ကြိတ်ငိုသံ​တွေကြား​နေရပြီ။

*********@@@@*******

ရန်ကုန်မြို့၊ (____) မြို့နယ်တွင် ဆယ်​ကျော်သက်ရွယ်မိန်းက​လေးနှင့် သူ၏အ​ဒေါ်ဖြစ်သူကို ပြည့်တန်ဆာအလုပ်လုပ်ကိုင်​နေစဥ်တွင် ဖမ်းဆည်းရမိ။

၎င်းတို့ နှစ်ဦးအား နယ်​မြေရဲစခန်းက ၁၉၄၉ ခုနှစ်၊ အသစ်ပြင်ဆင်မှု ၁၉၅၆။ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ။ အပိုဒ်ခွဲ( ၄ )ပုဒ်မ ၃အရ၊ မိမိရှေ့တွင် ပြစ်မှုကျူးလွန်သည်ကိုတွေ့မြင်သော ရဲအုပ်အောက်အဆင့်အတန်း မနိမ့်သောရဲအရာရှိသည်၊ ပြစ်မှုကျူးလွန်သူကို ဝါရန်းမပါဘဲဘမ်းဆီးချုပ်နှောင်နိုင်၍၊ ထိုသို့ ဘမ်းဆီး ချုပ်နှောင်ခြင်းပြုပြီး၊ နောက်တနေ့ထက်နောက်မကျ​စေဘဲထိုပြစ်မှုကို အရေးယူပိုင်ခွင့်အာဏာရ ရာဇဝတ်တရားသူကြီးရှေ့၌ စစ်ကြောစီရင်စေရန်တင်ပို့ရမည်။ ပြစ်မှုကျူးလွန်သူကို၊ စစ်ကြောစီရင် စေရန် တင်ပို့သောအခါ၊ တရားစွဲဆိုချက်၏ အထောက်အခံဖြစ်သော သက်ဆိုင်ရာသက်သေအရပ်ရပ်ကို တင်ပြရန်အသင့်ဖြစ်စေရမည့်ပြင်၊ ပြစ်မှုကျူးလွန်သူကို ရုံးတော်သို့တင်ပို့သည့်နေ့တွင်၊ ရာဇဝတ် တရားသူကြီးက အမှုကိုလက်ခံစစ်ဆေးပြီး ပုဒ်မ ၅၊ အပိုဒ်ခွဲ (၁)အရမည်သူမဆို အခြားသူတဦးတယောက် ပြည့်တန်ဆာအဖြစ်ဖြင့် စီးပွါးရှာဖွေရရှိသည်ကို သိလျက်နှင့် ထိုသူရှာဖွေရရှိသောစီးပွါးကို လုံးဝဖြစ်စေ၊ တစိတ်တဒေသဖြစ်စေ၊ မှီ၍အသက်မွေးမြူလျှင်၊ ထိုသူကို အလုပ်ကြမ်းနှင့် တစ်နှစ် ထက်မနည်း ငါးနှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု သိရပြီး၊ အမှုကို ဆက်လက်​ဆောင်ရွက်ဆဲဖြစ်သည်။

*****@@@****

အတိတ်ဆိုတာ အတိတ်မှာထားလို့ရခဲ့ရင် သိပ်​ကောင်းသွားမယ်။ မာမာ ရဲ့ဘဝက ခါးသည်းခဲ့တယ် ဆို​ပေမယ့် ကိုယ်​ရွေးချယ်ခဲ့တဲ့ လမ်းမို့ ​ကျေနပ်စွာနဲ့ ခံယူ​နေဆဲပါပဲ။

********@@@********

#ဝင်း​ကျော်ခိုင်