အိမ်ကြီးရှင် လှကလျာ(စ/ဆုံး)
……………………………
ကျွန်ပ်မှာအေးချမ်းတိတ်ဆိတ်သောနေရာတစ်ခုတွင် တစ်လကိုးသီတင်းနေထိုင်၍ စာရေးသားရန်
စိတ်ကူးရှိထားချိန်တွင်ကျောင်းနေဖက်သူငယ်ချင်းမြတ်ကျော်နဲ မမျော်လင့်ပဲ ဆုံမိကြရာမှတစ်ဆင့်သူအိမ်ထောင်ကျနေသော ရှမ်းပြည်နယ်မှ ရွာငယ်လေးတစ်ရွာသို့အလည်လာရန်ဖိတ်ခေါ်ခြင်းခံရ၏ ။
,ရေငတ်နေသူ ရေတွင်းထဲကျ ,
ထိုစကားပုံသည်ကျွန်ပ်အဖြစ်နဲကွက်တိ
ကျသောအခြေအနေဖြစ်၏ ။
ကျွန်ပ်စိတ်ကူးကြံစည်နေချိန် မြတ်ကျော်
အလည်ပတ်ဖိတ်ခေါ်ချိန်၊ကွက်တိတိုးသွားသောကြောင့်
ဝမ်းသာအားရဖြင့် သူဖိတ်ခေါ်မူကိုလက်ခံမိတော့၏ ။
သို့ရာတွင်လည်း ခရီးတစ်ခုထွက်ရန် လုပ်လက်စအလုပ်များကိုလက်စသတ်ရန် တပတ်ခန့်အချိန်ယူရသောကြောင့်။
မြတ်ကျော်နဲ့တစ်ပါတည်းလိုက်ပါမသွားနိူင်။
မြတ်ကျော်မှာ အရေးကြီးကိစ္စတချို့ရှိသောကြောင့်
ကျွန်ပ်အားအချိန်ပေးမစောင့်နိူင်သောကြောင့် ကျွန်ပ်အား
သူနေထိုင်ရာအရပ်ကို နောက်မှလိုက်လာရန်မှာကြား၍
သူမြို့သို့ပြန်သွားသောကြောင့် ကျွန်ပ်မှာ တစ်ကိုယ်တည်း
ခရီးထွက်ခဲ့တော့သည် ။
တောင်ကြီး ထိုမှတစ်ဆင့်၊ ကားစီး၍ ဆက်သွားရပြန်သည်။
တောင်တက် တောင်ဆင်းများလှသလို လမ်းကား ကြမ်းလွန်းလှသည် ။
လိုင်းကားဟူ၍ မယ်မယ်ရရမရှိ။ တောင်ကြီးသို့
သစ်သီးများလာပို့သော ကားတစ်စီးကို အဖိုးအခပေး၍
စီးလာရခြင်းဖြစ်၏ ။
တစ်ခုသော လမ်းဆုံအနီးအရောက်တွင်
” ကို့ဆရာ… ကျုပ်က ဒီကနေပြီး ခြံကိုသွားရမှာ
ခုလမ်းကဆက်သွားရင် မိုးမချုပ်ခင် ရွာတစ်ရွာတွေ့လိမ့်မယ်
အဲဒီမှာ တစ်ညအိပ်ပြီး မိုးလင်းမှ ခင်ဗျားသူငယ်ရွာ
ဆက်သွားရမယ် ဆိုင်ကယ်သမားတွေ ရှိပါတယ်..”
”ဒီအထိလိုက်ခွင့်ရတာပဲ ကျေးဇူးပါ ကားဆရာရေ ”
”အဲဒါဆိုလည်း သွားပြီဗျို့… ”
ကားဆရာမှာ ရှမ်းသံဝဲဝဲဖြင့်ကျွန်ပ်အား ပြောဆို၊ နူတ်ဆက်ကာ သူ့ကုန်ကားကို မောင်းထွက်သွားတော့သည် ။
မြတ်ကျော်တို့ရွာကား အတော်ခေါင်သောအရပ်တွင်ရှိဟန်တူ၏
တောင်ကြီးမှ မနက်ရှစ်နာရီမှ စထွက်လာသော်လည်း ယခုထိပင်မရောက်နိူင်သေး၊ လက်မှနာရီကို တစ်ချက်ကြည့်ရာ ညနေလေးနာရီပင်ထိုးခါနီးပြီဖြစ်သည်။
ကျွန်ပ်မှာ မြတ်ကျော်ကို ဖုန်းကြိုမဆက်ပဲထွက်လာခြင်းပင်။
ကျွန်ပ်အားလာကြိုနေပါက သူအလုပ်အကိုင်ပျက်မည် စိုးသောကြောင့်ဖုန်းကြိုမဆက်ပဲ လာခြင်းပင်။
ညနေစောင်းလာသည်နဲ့ အအေးကသိသိသာသာပိုလာ၏ ။
ကားဆရာပြောပုံအရ မမှောင်ခင်ရွာတစ်ရွာတွေ့မည်ဆိုသောကြောင့်ရွာမှာ သိပ်တော့ဝေးဟန်မတူချေ ။
ကျွန်ကား ခရီးဆောင် ကျောပိုးအိတ်ကြီးကို လွယ်ပိုးလိုက်ကာ ကားဆရာညွန်ပြရာ လမ်းအတိုင်း ခပ်သွက်သွက် လျောက်လိုက်တော့သည် ။
ကျွန်ပ်သည် တစ်နာရီနီးပါးအချိန်မျ လမ်းလျောက်လာပြီး
ချိန်အထိ ရွာနဲ့တူသော အရိပ်အယောင်မတွေ့ရသေးပေ။
တောင်တက်တောင်ဆင်းများသောကြောင့် ခရီးမထွက်တာကြာပြီဖြစ်သော ကျွန်ပ်မောဟိုက်လာ၏ ။
ထို့ကြောင့် ခပ်ဖြည်းဖြည်းသာ လျောက်နိူင်တော့သည်။
ထိုအချိန်မှာပင် လုရိပ်လူယောင်တစ်လမ်းလုံးမမြင်ခဲ့ရသော
ကျွန်ပ်လူတစ်ယောက်ကို လှမ်းတွေ့လိုက်ရသဖြင့်ဝမ်းသာ
သွားမိ၏ ။
တောစပ်မှ လမ်းပေါ်တက်လာသော ရှမ်းရိုးရာဝတ်စုံကို
ဝတ်ဆင်ထားသော မိန်းမပျို တစ်ယောက်ပင်ဖြစ်သည် ။
” ဒီမှာ ညီမလေး အစ်ကိုတစ်ခုမေးချင်လို့.. ”
မိန်းမပျိုကားလူစိမ်းတစ်ယောက်ကိုရုတ်တရက်တွေ့လိုက်ရသောကြောင့် အံ့အြသွားဟန်တူသည် ။
တစ်ချက်အကဲခတ်ပြီးမှ အန္တရယ်ပြုမည့်ဟန်မရှိဟု စိတ်ချသွားဟန်တွေ့ရသည် ၊
” ဒီတောင်တစ်ကုန်းကျော်ဆို ရောက်ပြီ
ဘယ်သွားမလို့လဲ အစ်ကိုက”
”ဒီရွာလာတာမဟုတ်ဘူး ဒန်ဒီးရွာသွားမှာ
အဲမှာသူငယ်ချင်းရှိတယ် ”
”ဒန်ဒီးကိုဆို ဝေးသေးတယ် ခုတခါတည်းဆက်သွားမလို့လား
မှောင်တော့မယ် ”
”ကားဆရာပြောလိုက်ပါတယ် အဲတာ ဒီရွာမှာ
ဒီညတည်းပြီး မနက်ကျ သွားမလို့ ညီမ ”
”အသိကောရှိလို့လား အစ်ကို့မှာ ”
”ခုမှဒီကို ရောက်ဖူးတာ ဘယ်ရှိမှာ အိမ်တစ်အိမ်အိမ်
တောင်းပန်ပြီး တည်းရမှာပေါ့ ညီမရေ ”
” မလွယ်ဘူး အစ်ကို အဲရွာကလူတွေက
လူစိမ်းဆို ဘယ်သူမှလက်ခံတာမဟုတ်
ညအိပ်ညနေမထားတတ်ကြဘူး…”
”ဟာ…..အဲဒါမှ ဒုက္ခပဲ….ဟူး…..”
မိန်းမပျိုစကားကြောင့် ကျွန်ပ်ခေါင်းတစ်ခုလုံးပူထူကုန်၏ ။
တခါမှမရောက်ဖူးသော တစ်စိမ်းနယ်မြေထဲ၊မိုးကလည်း
ချုပ်တော့မည်။ ကျွန်ပ်ကား သက်ပြင်းမောချရင်း ဘာဆက်လုပ်
ရမှန်းမသိဖြစ်နေသည် ။
” ညီမ အိမ်လိုက်တည်းပါ ဒါပေမယ့် ….”
”ဟင်…ကျေးဇူးတင်လိုက်တာ ညီမရေ
ညီသာမကူညီရင် အစ်ကိုတော့အခက်တွေ့ပြီ….”
”တကယ်ကျေးဇူးတင်ရင် အိမ်ရောက်ရင်သာ
မစပ်စုပါနဲ့… ”
”အင်းပါ ညီမ အစ်ကိုမစပ်စုတတ်ပါဘူး ”
”ကောင်းပြီ ဒါဆို လိုက်ခဲ့….”
မိန်းမပျိုလေးနဲ့စကားပြောနေစဉ်မှာပင် နေလုံးကွယ်ကာ
အမှောင်စတင်ဝင်ရောက်လာပြီဖြစ်သည် ။လပြည့်နေ့ရောက်ရန်နှစ်ရက်မျသာလိုပြီဖြစ်သောကြောင့် လမင်းသည်လည်း
အရှေ့အရပ်ဆီမှထွက်ပြူ၍ ကောင်းကင်တွငသူ့အလင်းဖြင့်
် နေရာယူထားပြီဖြစ်၏ ။
မိန်းမပျိုလေးမှာ သူမတက်လာသောတောစပ် လူသွားလမ်းလေးမှတစ်ဆင့် ဦးဆောင်သွားနေ၏ ။
ကျွန်ပ်မှာလည်း သူမနောက်မှ ထပ်ချပ်မကွာ လိုက်ပါ
ရင်းစိတ်အတွင်း သူမကိုကျေးဇူးအထပ်ထပ်တင်နေမိတော့သည် ။ မိန်းမပျိုလေးမှာ တစ်နေရာအရောက်တွင်ရပ်၍စေ့ထားရုံခြံတံခါးကိုဖွင့်၍ အတွင်းသို့လှမ်းဝင်သွားသောကြောင့်
ကျွန်ပ်လည်းအတွင်းသို့လှမ်းဝင်မိသော မယုံကြည်နိူင်လောက်အောင်ဖြစ်သွားရမိတော့သည်။
တောအုပ်အတွင်း တစ်နေဲရာတွင်မြင်လိုက်ရသော
မြင်ကွင်းက မယုံကြည်နိူင်စရာမြင်ကွင်းမျိုးဖြစ်သောကြောင့်
ကျွန်ပ်အံ့အြသင့်သွားမိ၏ ။
မြင့်မားသော အုပ်တံတိုင်းကာရန်ထားသောခြံအလယ်တွင်
နှစ်ဆောင်ပြိုင်အိမ်ကြီးတစ်လုံးရှိနေခြင်းကြောင့် ယခုလိုတော
ခေါင်ခေါင်အရပ်တွင် ယခုကဲ့သို့ ခမ်းနားသောအိမ်မျိုးရှိလိမ့်မည်ဟု ကျွန်ပ်ထင်မထားမိချေ ။
“လာလေ အစ်ကို ဘာငေးနေတာလဲ… ”
မိန်းမပျိုလေးမှာ စေ့ပိတ်ထားသော အိမ်အောက်ထပ်တံခါးအား
တွန်းဖွင့်၍ အံ့အြကြောင်ငေးနေသော ကျွန်ပ်အားလှမ်းခေါ်လိုက်ခြင်းပင် ။
ကျွန်ပ်အိမ်တွင်းလှမ်းဝင်ချိန်တွင် တစ်အိမ်လုံးမှောင်မည်း
နေသောကြောင့် မည်သည့်အရာကိုမှ မမြင်တွေ့ရပေ။
သို့ရာတွင် မိန်းမပျိုကား သူ့အိမ်တွင်း ၊ သွားလာနေကျဖြစ်သော
ကြောင့် ကျွမ်းကျင်ဟန်ဖြင့် တခါးပြန်ပိတ်ကာ တချွတ်ချွတ်
သွားလာ လူပ်ရှားသံကို ကျွန်ပ်နားတွင်ကြားနေရသည် ။
ခနအကြာ မီးခြစ်သံကြားရပြီး ဖယောင်းတိုင်ကြီးတစ်တိုင်ကိုင်ကိုင်၍ အိမ်အောက်ထပ်ဘေးပတ်လည်တွင် မီးထွန်းနေသော မိန်းမပျိုအား တွေ့လိုက်ရသည် ။
ဖယောင်းတိုင်များနေရာအနှံ့ထွန်းပြီးချိန်
မီးလင်းဖိုအတွင်းထင်းချောင်းများပစ်ထည့်၍ မီးမွေးပြန်သည်။
မိန်းမပျိုမှာ ထိုအလုပ်များဇယ်ဆက်သလို လုပ်ကိုင်နေချိန်
ကျွန်ပ်မှာမူနေရာတွင်ရပ်လျက် မီးအလင်းရောင်ဖြင့် အိမ်အောက်ထပ်အခြေအနေကို မျက်လုံးဝေ့ အကဲခတ်နေမိ၏ ။
တန်ဖိုးကြီးအသုံးဆောင်များသာတွေ့ရသောအိမ်အခြေအနေအရ ၊ ယခုအိမ်မှာရှေးယခင်စော်ဘွားများနေထိုင်ခဲ့ခြင်းလားဟူ၍လည်းတွေးနေမိသည် ။
အိမ်သားဟူ၍ မိန်းမပျို မှလွဲ၍မည်သူကိုမှ မတွေ့ရပေ။
” လာ အစ်ကိုထိုင် အအေးပိုလာပြီ
မီးလင်းဖိုနားလာထိုင်လှည့်”
” အင်း ညီမ ဒီမှာက အတော်အေးတယ်.. ”
“အစ်ကို ခရီးပန်းပြီး ဆာနေရောပေါ့
ညီမစားသောက်ဖို့ တစ်ခုခုစီစဉ်လိုက်မယ် ခနစောင့်…”
ကျွန်ပ်လည်းဘာမှမပြောတော့ပေ။ တစ်နေကုန်ခရီးနှင်လာသောအရှိန်ဖြင့် မောပန်းနေပြီဖြစ်သောကြောင့် မီးလင်းဖိုမနီးမဝေးကြမ်းပြင်ပေါ် ထိုင်ချလိုက်တော့သည် ။
မိန်းမပျို ကျွန်ပ်အနီးမှ ထွက်သွားသောအချိန်မှ ရောက်တတ်ရာရာတွေးမိပြန်၏ ။လှပချောမောကာ။ငယ်ရွယ်သောမိန်းခလေးနဲ့
အိမ်ကြီးအကြောင်းပင်ဖြစ်သည်။
လူသူမနီးအိမ်ကြီးရှင်မှာ ယခုကျွန်ပ်တွေ့ရသော မိန်းမပျိုလား။
သို့မဟုတ် တစ်ခြားတစ်ယောက်လား။
သို့ရာတွင် ညမှောင်သည်မှာမကြာသေး။ မည်သူမျ ယခုအချိန်
အိပ်မည်မဟုတ်သောအချိန်တွင် တစ်ခြားသူများ၏လူပ်ရှားသွား
လာသံ၊စကားပြောသံမကြားရသည်က မိန်းမပျိုတစ်ယောက်တည်းသာယခုအိမ်တွင်ရှိနေဟန်ပင်။
ထို့အတူ စိတ်အတွင်းမသိုးမသန့်ဖြစ်ခြင်းမှာ ယခုအိမ်ထဲ
စဝင်ချိန်မှစ၍ခံစားနေရ၏ ။
နောက်ကျောမလုံသလိုမျိုးခံစားရကာ၊တစ်ယောက်ချောင်း
မြောင်းကြည့်နေသလိုခံစားနေရမူပင် ။
မိန်းမပျိုအကြောင်းများကို မေးမြန်းစပ်စုလိုသော်လည်း
မိန်းမပျို အမှာစကားကြောင့်စကားစပ်မေးရန်အခက်တွေ့နေမိသည် ။
“အစ်ကို ထမင်းစားလို့ရပြီ အေးနေပြီရေကတော့
မချိုးနဲ့တော့ ရေနွေးတည်ထားတယ် ကိုယ်လက်ဆေးပြီး
စားလိုက်ပေါ့ ”
“အားနာစရာကောင်းနေပါပြီ ညီမရေ
အစ်ကိုကြောင့် ညီမအလုပ်ပိုနေရပြီ ”
” အားမနာပါနဲ့ ညီမတို့က ဧည့်သည်မျော်နေတာ
ဧည့်ဝတ်ကျေရမှာပေါ့…..ဟင်း….ဟင်း….”
မိန်းမပျိုလေးက ပဟေဋ္ဌိဆန်သောစကားဆိုရင်းမျဉ်း၍
ရယ်မောလျက်ရှိနေသည် ။
ကျွန်ပ်လ ည်းသူမပြင်ဆင်ပေးသော ရေနွေးကြက်သီးထဖြင့်
ကိုယ်လက်သုတ်သင်၍ မိန်းမပျိ ညွန်ပြထားသော ထမင်းစား
ခန်းထဲဝင်လာသောအခါ မွေးကြိုင်သောဟင်းရနံ့များရူရိူက်
ရရှိမိပြီး အသားဟင်းနဲ့ အသီးရွက် ဟင်းငါးခွက်ကို အငွေ့
တထောင်းထောင်းစားချင်ဖွယ်မြင်တွေ့ရသောကြောင့် မနက်စောစောထမင်းကြော်တပွဲသာစားလာခဲ့ရသောဝမ်းဗိုက်ကယခု
တကြုတ်ကြုတ်ဆာလောင်လာတော့သည် ။
” ထိုင် အစ်ကို အားနာမနေနဲ့ ကို့အိမ်လိုသဘောထား
အားရပါးရသာ ထည့်စား…”
” ကျေးဇူးတင်တယ် ထပ်ပြောပါရစေ ညီမရေ….
ဒါနဲ့ မိတ်ဆက်ရအုံးမယ် အစ်ကိုနာမည် ကျော်ဇင်ပါ
ရန်ကုန်မှာနေတာ ဒီကသူငယ်ချင်းတစ်ယောက်ဆီ
အလည်လာရင်း
ခုလိုအခက်အခဲမျိုး ကြုံရတာပါပဲ……….. ”
” ညီမနာမည်က လှကလျာလို့ခေါ်တယ် အစ်ကို…”
“ဒါနဲ့ တစ်ယောက်မှ မတွေ့ပါလား အိမ်သားတွေ
ညီမတစ်ယောကတည်းလား…… ”
ထိုမေးခွန်းမေးချိန် မိန်းမပျိုမျက်နှာ ကွက်ခနဲတစ်ချက်ပျက်သွား၏။သို့ရာတွင်ချက်ခြင်းပြင်လိုက်ရင်း…
” ညီမ အမျိုးသားအပေါ်မှာရှိပါတယ် သူကနာတာရှည်
ရောဂါကိုနှစ်ရှည်လများခံစားရပြီးအိပ်ယာထဲကမထနိူင်လို့
အစ်ကို ကိုဆင်းမတွေ့နိူင်ပါ….. ”
” အော်……”
ကျွန်ပ်စိတ်အတွင်း လှကလျာအား အပျိုဟု ထင်မှတ်ခြင်းမှာ
မှားယွင်းသွား၏ ။သူမတွင်ကာမပိုင်လင်ယောက်ကျားရှိနေ
ကြောင်းဖွင့်ပြောမှကျွန်ပ်အထင်မှားကြောင်းသိလိုက်ရသည် ။
စားသောက်ပီးသောအခါ လှကလျာမှ အောက်ထပ်အခန်းတစ်ခန်းကို ကျွန်ပ်အိပ်စက်နားနေရန် လိုက်ပြပေးသည် ။
သူမပြန်ခါနီးတွင် မျက်နှာတည်ဖြင့်ပြောသောစကားမှာ
ထူးဆန်းနေ၏ ။
” အစကတည်းကပြောဖူးပါတယ် အစ်ကိုအနေနဲ့
တစ်ညတာ ညီမအိမ်တည်းခိုနေချိန် မစပ်စုပါနဲ့
ဘာသံပဲကြားကြား အခန်းထဲမှာပဲနေပါလို့ပြောချင်တယ်…”
“စိတ်ချပါ ညီမ အစ်ကိုကတိပေးပါတယ်…..”
လှကလျာမှာကျွန်ပ်အားနူတ်ဆက်စကားဆိုရင်း လက်ဆွဲမီးအိမ်လေးတစ်ခုပေးရင်းထွက်ခွာသွားသည်။
ကျွန်ပ်မှာကား တွေးစရာများစွာဖြင့်ကျန်နေရစ်ခဲ့တော့သည်။
တနေကုန် ပင်ပန်းလာသမျအိပ်ယာပေါ်လဲလျောင်းရင်း
ယခုအိမ်ကြီးတွင် လှကလျာနဲ့ လူမမာ သူ့ခင်ပွန်းသည်နောက်တွင်နောက်ထပ် လူမသိမခံဝံ့သောလျို့ဝှက်လျက်များရှိနေကြောင်းသူမစကားများကသက်သေခံနေသည်။
မည်သည့်အကြောင်းအရာများဖြစ်သည်ကိုမူ ကျွန်ပ်မတွေးတတ်ပေ။
လရောင်သည် ကျွန်ပ်အိပ်ယာခေါင်းရင်းပြတင်းဝမှ အိပ်ယာပေါ်သို့ဖြာကျနေ၏ ။ ကျွန်ပ်သည်လရောင်အလင်းအေးမြမူကို
သဘောကျသူဖြစ်သောကြောင့်ပြတင်းပေါက်တခါးကိုမပိတ်မိချေ၊။
……သွား…ဒီကအမြန်ထွက်သွား မသွားရင်မင်းသေရလိမ့်မယ်….သွား……
….ဟင်……
==========================
အပိုင်း၂ ဆက်ရန်,
..အိမ်ကြီးရှင် လှကလျာ…(အပိုင်း.. ၂)
___________________
ကျွန်ပ်ခေါင်းရင်းမှ
အေးစက်ခြောက်ကပ်သောအသံတစ်ခုကြားလိုက်ရသောကြောင့်ဆတ်ခနဲထ၍
ပြတင်းပေါက်အပြင်ကြည့်မိရာမြင်လိုက်ရသောမြင်ကွင်းကြောင့် တစ်ကိုယ်ကြက်သီးမွေးညှင်းထ၍ ကျောရိုးတစ်လျောက်အေးစိမ့်ကာ ခေါင်းမှာ ပုတ်လုံးမျကြီးကုန်သည်ထင်မှတ်မိတော့သည် ။
လူတစ်ယောက် သို့ရာတွင် လူတစ်ယောက်ဟုပြောရန်အလွန်ပင်ခက်ခဲသော ရုပ်ရည်မျိုးရှိသူပင် ။မျက်တွင်းဟောက်ပက်
ထဲမှကြည့်နေသောမျက်လုံးသေ၊
သွေးဆုတ်နေသောမျက်နှာဖြူဖြူ ဆွတ်ဆွတ်၊ လည်ကုတ်ထိကျနေသောလူတစ်ယောက် ကျွန်ခေါင်းရင်းပြတင်းပေါက်တွင်ရပ်လျက်ရှိနေသည်ကို လရောင်အလင်းအောက်ရင်ထိတ်စွာတွေ့လိုက်ရသည်။
ကျွန်ပ်အား ယခုအိမ်တွင်မနေရန်နှင်သောစကားကိုပြောသောစကားမှာ ထိုသူပြောသည်မှာသေချာနေ၏ ။
ထိုသူမှာခနမျ ကျွန်ပ်အားစိုက်ကြည့်ကာ ထွက်ပြေးသွားတော့၏ ။
ကျွန်ပ်ကားကြောင်ငေးနေရာ ထိုသူထွက်ပြေးမှသတိပြန်ဝင်လာတော့သည်။
ထို့နောက် မရေရာသောမေးခွန်းများခေါင်းတွင်းအစီအရီပေါ်လာသည်။
..ကျွန်ပ်အားယခုအိမ်တွင်မနေရန်နှင်သူ ဘယ်သူလဲ…
..လှကလျာပြောစကားအရ အိပ်ယာတွင်လဲနေသူ
နာတာရှည်ရောဂါသည် သူမခင်ပွန်းနဲ့သူမသာရှိသည်ဟု
သိထားရသောအိမ်တွင် ယခုလိုကြောက်စရာပုံတွေ့ရသူမှာမည်သူနည်း။
ထူးဆန်းပေစွ။
…ဒေါက်…ဒေါက်….ဒေါက်…..ဒေါက်…..
ကျွန်ပ်မရေရာအတွေးများဖြင့်ရှိနေချိန် အခန်းတံခါးကိုခေါက်သံအဆက်မပြတ်ပေါ်လာသောကြောင့် မီးအိမ်ကိုယူ၍
့် အခန်းတခါးရှေ့သွားပြီးတခါးကို ဆွဲဖွင့်၍အပြင်မှတခါး
ခေါက်သူကိုရှာကြည့်ရာ မည်သူကိုမှမတွေ့ရသောကြောင့်
ဟိုသည်ကြည့်မိရာ ကျွန်ပ်အိပ်သောအခန်းရှေ့ခပ်လှမ်းလှမ်းမှတစ်ဆင့် အပြင်တံခါးမကြီးဆီသွားနေမိန်းမတစ်ယောက်နောက်ကျောကိုတွေ့ရ၏ ။
နောက်ကျောဖက်မှမြင်ရသော်လည်းသူမသည်လှကလျာ
မဟုတ်မှန်းကျွန်ပ်သိလိုက်မိသည်။
အကြောင်းကား ယခုတွေ့ရသောမိန်းခလေးမှာ မိန်းမတစ်ယောက်တွင်တွေ့ရခဲသော ငါးပေရှစ်မျ အရပ်မျိုးရှိနေသောကြောင့်ပင်။
အိမ်တခါးသည် လှကလျာဖွင့်ထားခြင်းလား ၊သူအလိုလိုပွင့်နေခြင်းလားမဆိုနိူင် ပွင့်နေ၏ ။ ထိုပွင့်နေသောတခါးမှ မိန်းခလေးမှာအိမ်အပြင်ထွက်သွားသောကြောင့် ကျွန်ပ်ခြေလှမ်းများ
မရည်ရွယ်ပဲ ထိုမိန်းမနောက်လိုက်သွားမိသည် ။
လရောင်သည်သစ်ပင်၊သစ်ရိပ်များအပေါ်သို့လှပစွဖြာကျနေသည်။ မိန်းခလေးသည် ကျွန်ပ်ရှေ့ဝါးတစ်ရိုက်ခန့်မျသော အကွာ
ဝေးမှအိမ်နောက်ဖက်သစ်တောများဆီလျောက် သနပ်ခါးရောင်
ရှမ်းရိုးရာအကျီ ၊ လိူင်းတွန့်များပါသော အနက်ရောင်ချိတ်ထမီကသူမ၏လှပကျော့ရှင်းသောကိုယ်ခန္ဓာနဲ့ ပနံရလှပနေသည်။
သစ်တောအစပ်ရောက်သောအခါ မိန်းခလေးသည်သွားနေသောခြေလှမ်းများကိုရပ်၍ ကျွန်ပ်ဖက်သို့ လှည့်လာ၏ ။
လမင်းသညိကောင်းကင်တွင်တစ်စင်းသာနေ၏ ။ သို့ရာတွင်
နောက်တစ်စင်းသောလမင်းကျွန်ပ်ရှေ့တွင်သာနေတော့သည်။
အကြောင်းကားကျွန်ဖက်သို့မျက်နှာလှည့်လာလာသောမိန်းမပျိုလေး၏လှပချောမောမူကြောင့်ပင်ဖြစ်တော့သည်။
ကေသာနက်နက်ပတုံးရောင်၊ဆင်စွယ်ရောင်အသားအရေ၊
ဇင်ယော်တောင်မျက်ခုံး၊ ဘဲဥပုံမျက်နှာအကျ ၊နီထွေးထွေး
နှင်းဆီဖူးနူတ်ခမ်းများအပါအဝင် ရှည်လျားသောအရပ် လှပကျော့ရှင်းသောကိုယ်ခန္ဓာကိုယ်အားထည့်စပ်ပေါင်းသောအခါ
သူမသည် အလွန်တစ်ရာလှပသည်မှာငြင်းမရပေ ။
သို့ရာတွင်သူမျက်နှာသည်နေထိပန်းကဲ့သို့ ညိူးးငယ်နေ၏ ။
” ဒီ အိမ်က အမြန်ပြန်ပါ အစ်ကို….”
“ဟင်……”
ယခုစကားသည် ဒုတိယအကြိမ်ကျွန်ပ်ပြန်ကြားရသောစကားပင် မကြားသေးမှီကပင် ယခုအိမ်မှနှင်သောစကားကျွန်ပ်ကြားရပြီးမဟုတ်လား။
မိန်းမပျိုမှဆက်၍စကားပြောလာပြန်၏ ။
” ဖြစ်နိူင်ရင်အမြန်ပြန်ပါ အစ်ကိုအတွက်အန္တရယ်က
စောင့်ကြိုနေပြီ. .”
” ဘာအတွက် ဘယ်လိုအန္တရယ်က ကျွန်ပ်အတွက်ရှိနေရတာလဲ နားလည်အောင်တစ်ချက်ရှင်းပြပေးပါမိန်းခလေး…”
” ကျွန်မနာမည် စောနန်းဒေဝီ လို့ခေါ်တယ်အစ်ကို… ”
“ကျွန်ပ်အမည် ကျော်ဇင်ပါ ညီမ ဒီနယ်ကသူငယ်ချင်းတစ်ယောက်ဆီအလည်လာတာပါ…”
” အစ်ကို ကျေ်ာဇင် ညီမ ဇတ်လမ်းတစ်ခုပြောပြမယ်
ယုံကြည်ဖို့တော့ခက်လိမ့်မယ် ယုံမယုံက အစ်ကို့အပိုင်းပါ….
အစ်ကိုမယုံဘူးဆိုရင်လည်း ဒီအကြောင်းအရာကိုရင်ထဲမှာပဲထားပေးပါ ဘယ်သူကိုမှ ပြောမပြစေချင်ဘူး”
“ပြောပါ ညီမ အစ်ကိုစိတ်ဝင်စားပါတယ်… ”
ရှမ်းသံဝဲဝဲဖြင့်မိန်းမပျိုမှာ ဇတ်လမ်းတပုဒ်အားပြောပြလာ၏
ကျွန်ပ်မှာထိုဇတ်လမ်းပါအကြောင်းအရာများကြားရသောအခါ
မယုံကြည်နိူင်ဖြစ်ရခြင်း၊ အံ့အြထိတ်လန့်ခြင်းများကြောင်း
စကားပင်မဆိုမိအောင် ငြိမ်သက်တွေဝေသွားရမိသည် ။
စောနန်းဒေဝီ ဇတ်လမ်းပြီးသွားချိန်အထိကျွန်ပ်ဝေခွဲရခက်သော
စိတ်ဖြင့်ခနငြိမ်နေမိသည် ။
“ဒါတကယ်လား ညီမ….. ဟင်… ဘယ်ရောက်သွားတာလဲ…. ”
ကျွန်ပ်သည်စောနန်းဒေဝီဇတ်လမ်းအဆုံးမယုံကြည်နိူင်မူ။အံ့အြမူဖြင့်ခနမျငြိမ်သက်တွေဝေသွားမိ၏ ။
ကြားရသောဇတ်လမ်းသည် မယုံကြည်နိူင်စရာပင်။
ထိုအဖြစ်အပျက်သာအမှန်ဆိုပါက…….
” အစ်ကို ညနက်သန်းခေါင်ဒီမှာ ဘာလုပ်နေတာလဲ..
စကားပြောသံတွေလည်းကြားရတယ်
ဘယ်သူနဲ့ပြောနေတာလဲ…”
“အော်..ညီမ လှကလျာ အစ်ကို အိပ်မပျော်လို့လမ်းလျောက်ရင်းဒီရောက်နေတာပါ ..ဘယ်သူနဲ့မှမပြောပါဘူး
ဝတ္ထုထဲကဇတ်ဝင်ခန်းတချို့ကို ပါးစပ်ကရွတ်ကြည့်နေတာပါ…”
“အပြင်မှာ နှင်းတွေကျနေတယ် အစ်ကို
တော်ကြာနေမကောင်းဖြစ်နေမှဖြင့်ခက်လိမ့်
့်အိမ်ထဲဝင်ကြရအောင်
…”
ကျွန်ပ်ကားသိလိုသောအချက်များမေးရန်စောနန်းဒေဝီအားရုတ်ချည်းပျောက်ကွယ်လိုက်ရှာနေစဉ် သူမကားမျက်စိရှေ့မှ
်သွားပြီဖြစ်သည် ။
ထိုစဉ်မှာပင် ကျွန်ပ်နောက်ကျောဆီမှ လကလျာစကားသံကိုကြားလိုက်ရခြင်းပင်၊
ကျွန်ပ်ကားလှကလျာအမေးကို မယုတ်မလွန်ဖြေကြားရင်း
အိမ်ဆီသို့လျောက်လာကြကာ နူတ်ဆက်စကားဆို၍
အိပ်ယာဝင်ခဲ့တော့သည်။
အိပ်ယာပေါ်လှဲချသော်လည်းချက်ခြင်းအိပ်မပျော်၊
အသိရခက်သော စောနန်းဒေဝီ။ နာတာရှည်ခင်ပွန်းသည်ကိုအဖော်ပြုနေထိုင်သော အိမ်ကြီးပေါ်မှ လှကလျာအကြောင်းများကခေါင်းထဲတရစ်ဝဲဝဲပေါ်ရင်း ခပ်ဝေးဝေးတောအုပ်ဆီမှ
တောကြက်တစ်ကောင် အာရုံဦးတွန်သံကြားမှ အိပ်ဖြစ်တော့သည်။
နောက်တစ်နေ့နေအတော်မြင့်မှ ကျွန်ပ်အိပ်ယာမှနိုးလာ၏ ။
ကမန်းကတန်းအိပ်ယာမှထ၍ ညကကျွန်ပ်ကိုယ်လက်သန့်စင်ရာနေရာတွင်မျက်နှာသစ်၊သွားတိုက်လိုက်သည် ။
” နိူးပြီလား အစ်ကို မနက်စာစားရအောင်အသင့်ပြင်ထားတယ်…”
“နေတောင်မြင့်နေပြီ ညကမိုးလင်းခါနီးမှအိပ်ပျော်သွားလို့
ညီမရေ သွားဖို့တောင်နောက်ကျနေပြီအမြန်သွား
ရတော့မယ်…. ”
“အေးဆေးပေါ့ အစ်ကိုသွားမယ့်ရွာက ရွေ့မသွားပါဘူး…
လာပါမနက်စာစားပြီး အေးဆေးသွား…. ”
ကောက်ညှင်းပေါင်းပူပူသည် အငွေ့တထောင်းထောင်းဖြင့်
ဘေးတွင်ခေါပုတ်ကြော်ဖြင့် စားချင်ဖွယ်ရာအတိပင်
ကျွပ်စားရန်လှကလျာက ပုဂံများရှေ့တိုးပေးလာ၏ ။
သူမကား သနပ်ခါးပါးကွက်ကြားဖြင့် ဆံပင်ကိုသေသပ်စွာထုံးကာ မျက်နှာရှင်းလျက် တမျိုးတဖုံကြည့်ကောင်းလှပနေသည်။
” ညီမပါ စားလေ… ”
” စား..အစ်ကို..ရေနွေးလည်းသောက်
ညီမက အစ်ကိုမနိူးခင် စားထားပြီးသား..”
လှကလျာမှာ ကျွန်ပ်ရှေ့ခုံတွင်ဝင်ထိုင်ရင်း တစ်ခုခုပြောလိုနေဟန်ကို ကျွန်ပ်ရိပ်မိ၏ ။ ကျွန်ပ်ကားသူမဘာပြောမည်ကို
သိချင်ကာ သူမပြောလာမည့်စကားကိုနားစွင့်နေမိသည် ။
ထိုစဉ်မှာပင် လှကလျာစကားစလာသည် ။
” အစ်ကို ညီမ တစ်ခုလောက်ပြောချင်တယ် အစ်ကိုဆီက
အကူအညီတောင်းစရာ ရှိလို့ပါ…”
“ပြောလေ ညီမ အစ်ကိုတတ်နိူင်တာဆို ကူညီပါ့မယ်….”
” အစ်ကိုစားပြီးရင် အကြောင်းစုံပြောပြရှင်းပြပါ့မယ်..”
” ပြီးသွားပြီ ညီမ ပြောလေ.. ဘာများလဲ…..”
“အပေါ်ခနလိုက်ခဲ့ပါ အစ်ကို ညီမယောက်ကျားနဲ့
မိတ်ဆက်ပေးချင်လို့…… ”
လှကလျာက ကျွန်ပ်ကိုသူမယောက်ကျားနဲ့မိတ်ဆက်ပေးရန်
အပေါ်ထပ်ဆီဖိတ်ခေါ်နေသောကြောင့် ကျွန်ပ်လည်း
သူမနောက်မှ လိုက်ခဲ့တော့၏ ။
သူမပြောလိုသောအကြောင်းအရာများကားမည်သည်နည်း။
ယခုအချိန်ထိ လှကလျာက မပြောသေးပေ။
အပေါ်ထပ်လှေကားထစ်များကိုနင်းတက်ပြီးသော် အိမ်ပေါ်ထပ်သို့ရောက်ခဲ့ကြသည် ။
အခန်းပေါင်းမြောက်များစွာထဲမှ အခန်းတစ်ခုရှေ့တွင်
လှကလျာကရပ်လိုက်သည်။
ထို့နောက်တခါးရွက်ကိုတွန်းဖွင့်ရင်းအထဲသို့ဝင်ရင်း ကျွန်ပ်ကိုပါဝင်ရန်ခေါင်းငြိမ့်ပြသောကြောင့် ကျွန်ပ်လည်းအခန်းအတွင်း
လိုက်ဝင်လိုက်တော့သည် ။
အခန်းမှာ အမှောင်အနည်းငယ်သမ်းနေပြီး စိုထိုင်း၍ ပုတ်အက်အက်အနံ့ကြောင့်နှာခေါင်းရူံလိုက်မိသည် ။
လှကလျာကမူ အမြဲတမ်းဝင်ထွက်နေ၍ အနံယဉ်ပါးနေဟန်တူ၏မည်သို့မျခံစားချက်မတွေ့ရပေ။လှကလျာမှာ အခန်းထောင့်တွင်ရှိသောကုတင်ဆီသို့ဦးတည်လျောက်လှမ်းသွားသည်။
ကျွန်ပ်လည်းသူမအနီးရောက်၍ ကုတင်ပေါ်ကြည့်လိုက်ရာ
ကုတင်ပေါ်တွင်ပိန်ချုံးနေသောလူတစ်ယောက်လဲလျောင်းနေသည်ကိုတွေ့ရ၏ ။မျက်နှာကိုမူ မှောင်ရိပ်သန်းနေ၍သေချာကြည့်နေရသည်။
” ဒါညီမ ခင်ပွန်း စဝ်ခွန်သာ အစ်ကို…… ”
“ဟာ……”
ထိုသူရုပ်အားအသေချာမြင်လိုက်ရချိန်ခန အံ့အြမူကြောင့်
အသံပါထွက်သွားရတော့သည် ။
အကြောင်းမှာကုတင်ပေါ်လဲလျောင်းနေသူမှာ ကျွန်ပ်အား
ယခုအိမ်တွင်မနေရန်ညကလာပြောသူနဲ့ခွဲမရအောင်တူနေ
သောကြောင့်ဖြစ်သည်။
” ဘာဖြစ်လို့လဲ အစ်ကို…… ,”
“အော်ဘာမှမဟုတ်ပါဘူး ရောဂါဖြစ်တာကြာနေပြီလား …”
“တစ်နှစ်ခွဲလောက်တော့ရှိတော့မယ်အစ်ကို ….”
လူနာကားအိပ်ပျော်နေဟန်ဖြင့် မလူပ်မယှက်ဖြင့်ရှိနေသည်။
ခနကြာအပြင်သို့ပြန်ထွက်၍အောက်ထပ်သို့ဆင်းလာခဲ့ကြ၏ ။
” ခြံထဲဆင်းပြီးလမ်းလျောက်ကြရအောင် အစ်ကို
ပြောစရာကအခုစတော့မှာ အိမ်ထဲမှာမပြောချင်ဘူး…”
(ထိုစကားပြောနေစဉ် လှကလျာသည်မလုံမလဲတစ်စုံတစ်ရာကို
ကြောက်ရွံ့ဟန်ဖြင့်ရှိဟန်ဖြင့် မျက်လုံးများက
ကျီးကန်းတောင်းမှောက်ဟိုသည်ကြည့်လျက်
ရှိနေ၏ ။)
ကျွန်ပ်ကားဘာစကားမျမဆိုမိ တွေးစရာများစွာက ကျွန်ပ်ခေါင်းတွင်ပြည့်နှက်လျက်ရှိနေသည် ။
ခြံထဲရောက်သောအခါ အိမ်နဲ့ခပ်ဝေးဝေးတွင်ရှိသော
ခရေပင်ကြီးအောက်ခြေတွင်ဝိုင်းပတ်ထားသောသစ်သားခုံပေါ်
လှကလျာဝင်ထိုင်လိုက်သောကြောင့်ကျွန်ပ်လည်းသူမနဲ့မနီးမဝေးတွင်ဝင်ထိုင်လိုက်သည် ။
ကျွန်ပ်ကားလှကလျာပြောလာမည့်ဇတ်လမ်းကိုနားထောင်ရန်
သူမအားကြည့်လိုက်သောအခါ သူမမျက်လုံးများသည်အဝေးဆီသို့ပို့ထားလျက် ခံစားမူကြောင့်ရီဝေလျက်ရှိနေကြ၏ ။
….ဆက်ရန်…
“အိမ်ကြီးရှင်လှကလျာ”(၃)
___________________
လှကလျာ တစ်ယောက်သူမဇတ်လမ်းကိုဤသို့အစချီလာတော့၏။
” တစ်ချိန်က ပယောဂကုဆရာကြီးတစ်ယောက်ရှိခဲ့တယ်
စုန်းချွတ်၊မကောင်းဆိုးဝါးနှင်တဲ့နေရာတွေမှာ
အတော်ထူးချွန်တဲ့ဆရာကြီးပေါ့ ။ မိန်းမကတော့ဆုံးပါးသွားလို့မရှိတော့ဘူး
သူ့မှာသမီးတစ်ယောက်ရှိပြီး သူဆေးကုတဲ့နေရာတွေ
ခေါ်သွားတတ်တယ် သူတတ်တဲ့ပညာတွေကိုလည်း
သူ့သမီးကိုပါ လက်ဆင့်ကမ်းသင်ပေးတယ် ။
ဒီလိုနဲ့တစ်နေ့မှာ လူင.်တစ်ယောက်ရောက်လာပြီး
သူကိုပယောဂဆိုင်ရာပညာတွေသင်ပေးဖို့တောင်းဆိုလာတယ်။ လူငယ်ဟာ သာမာန်လူတစ်ယောက်မဟုတ်ဘူး
စော်ဘွားကြီး တစ်ယောက်ရဲ့သားပဲ ဒါပေမယ့်သူဟာ
ပယောဂဆိုင်ရာပညာရပ်တွေအထူးစိတ်ဝင်စားပြီး
ရောက်လာတာပဲဖြစ်တယ် ။
ဒီလိုနဲ့မြင်တွေ့ဖန်များလာတဲ့အခါဆေးဆရာကြီးသမီး
နဲ့လူငယ်ဟာ
လူငယ်သဘာဝမေတ္တာရှိကြတာပေါ့….
လူငယ်ဟာသူ့ဖခင်ဆုံးပါးသွားချိန် စံအိမ်ကြီးကိုပိုင်ဆိုင်သူ
ဖြစ်လာတယ်။ နောက်ပြီးပယောဂဆရာကြီးသမီးကို
တောင်းရမ်းလက်ထပ်ပြီး စံအိမ်ကြီးဆီခေါ်လာတာပေါ့
အစောပိုင်းကာလတွေမှာ မိန်းခလေးတအားပျော်ရှာတာပေါ့
စော်ဘွားကြီးသားကလည်းမျက်နှာတစ်ချက်မညိူ းရအောင်
ချစ်ပြ၊ အလိုလိုက်တယ်လေ ။
ဒါပေမယ့် တစ်နေ့ စော်ဘွားကြီးသားအကြောင်းမိန်းခလေး
သိလိုက်ရချိန်ထိတ်လန့်တုန်လူပ်သွားတယ်….
ဘာကြောင့်လဲဆိုတော့ ပယောဂဆိုင်ရာပညာရပ်တွေကို
အရူးအမူးစိတ်ဝင်စားတဲ့စော်ဘွားသားဟာ
မကောင်းတဲ့ပညာရပ်ဆိုင်ရာကျင့်တဲ့အောက်လမ်းပညာရပ်
တွေကိုလေ့ကျင့်နေမှန်း မိန်းခလေးသိလိုက်ရချိန်
ထိတ်လန့်တုန်လူပ်သွားတယ်…….။
စော်ဘွားကြီးသားကျင့်နေတဲ့ ကျင့်စဉ်ဟာ ကြောက်ဖို့ကောင်းတဲ့ကျင့်စဉ်မျိုးပဲ လူ့သွေးနဲ့ယစ်ပူဇော်ပြီး ကျင့်ရတဲ့ပညာရပ်မျိုးပဲ
စံအိမ်ထဲကအမူထမ်းတွေဟာ တစ်လတစ်ကြိမ်လောက်
လူသူမသိပျောက်သွားတယ် ။
စော်ဘွားကြီးသားဟာ နေ့လည်နေ့ခင်းမျိုးတွေမှာ အခန်းတံခါးတွေအကုန်ပိတ်ပြီး အိမ်ထဲကအိမ်ပြင်မထွက်ပဲ
အမှောင်ခန်းထဲ အောင်းပြီးနေတတ်ပြီး ညကျမှသွားလာလူပ်ရှားနေတတ်တယ် ။နောက်ပြီးအရင်ကအေးဆေးတည်ငြိမ်တဲ့
စော်ဘွားကြီးသားဟာ အမြဲတမ်းဒေါသထွက်နေတတ်ပြီး
အရင်လိုချောမောခန့်ညားတဲ့ရုပ်မရှိတော့ပဲ ပိန်လှီပြီး
ကြည့်ရတာကြောက်စရာဖြစ်လာပါလေရော ။
သူ့မိန်းမဟာ သူ့ယောက်ကျားအမူအယာ၊အနေအထိုင်ပျက်နေတာ အိမ်အမူထမ်းတွေ ဘယ်ရောက်လို့ရောက်မှန်းမသိ
တစ်လတစ်ယောက်ပျောက်ရာကတစ်ဆင့်၊ သူ့ယောက်ကျား
ကျင့်စဉ်ကျင့်တဲ့အခန်းကိုဝင်ကြည့်မှ အရိုးကျနေတဲ့လူသေ
အလောင်းတွေတွေ့ပြီး အခြေအနေကိုရိပ်မိသွားတယ် ။
သူမယောက်ကျားဟာ လူတစ်ပိုင်း၊သရဲတစ်ပိုင်းအခြေအနေကို
ရောက်နေပြီမှန်းသိလိုက်တော့တယ် ။
မိန်းခလေးလည်းအတော်ဝမ်းနည်းအားငယ်သွားတာပေါ့။
ဒါပေမယ့် ဟန်မပျက်ရအောင်နေပြီး သူဘာလုပ်ရမလဲတွေးတယ်။နောက်ဆုံး စံအိမ်ကအစေခံတွေကိုတိတ်တဆိတ်နေရပ်
ပြန်ခိုင်းတယ် ။
သူမအဖေဆီအကျိုးအကြောင်းစာရေးပို့ပြီး ဘာလုပ်ရမလဲအကူ
အညီတောင်းတော့ မိန်းခလေးအဖေရောက်လာ လူတစ်ပိုင်း
သရဲတစ်ပိုင်း သူယောက်ကျားကို ကုဖို့ကြိုးစားကြရင်း
သူ့ယောက်ကျားလက်ချက်နဲ့ သူ့အဖေသေသွားခဲ့တယ်… ။
ဇတ်လမ်းကတော့ ဒါပါဘဲ အစ်ကို….”
” ဒါတကယ့်အဖြစ်မှန်လား ညီမကြားဖူးတဲ့ဇတ်လမ်းလား…”
” ဒါတကယ့်အဖြစ်အမှန်အပြင်မှာဖြစ်ခဲ့တာပါ
အဲဒီဇတ်လမ်းထဲက မိန်းခလေးဟာ ကျွန်မပါပဲ
ဇတ်လမ်းထဲကလူတစ်ပိုင်းသရဲတစ်ပိုင်းဖြစ်နေတာ
အစ်ကိုတွေ့ခဲ့ရတဲ့ကျွန်မခင်ပွန်း စဝ်ခွန်သာပါပဲ အစ်ကို…”
“ဟင်…..”
ကျွန်ပ်မှာ လှကလျာစကားကြောင့် အံ့အြသင့်သွားရ၏ ။
သူမနောက်ပြောင်နေခြင်းလားဟုမျက်နှာကို အကဲခတ်ကြည့်ရာသူမမျက်နှာသည် ပကတိတည်ကြည်လေးနက်လျက်
နောက်ပြောင်ဟန်မတွေ့ရပေ။
ယခုသူမပြောပြသောအကြောင်းအရာများကား ယုံကြည်ရန်
ခက်ခဲသောကိစ္စမျိုးပင် ။
” အစ်ကို စိတ်ထဲမယုံကြည်နိူင်အောင်ဖြစ်နေတယ်မဟုတ်လား
ဒါတွေကတကယ့်အဖြစ်အပျက်တွေပါ….. ”
” မယုံကြည်နိူင်အောင်ဖြစ်မိတာတော့ အမှန်ပဲညီမ
အစ်ကိုဘဝတစ်လျောက် ဒီလိုအဖြစ်အပျက်မျိုး
မကြုံဖူး၊ မကြားဖူးဘူးလေ… ဒါနဲ့.. ညီမ…
စဝ်ခွန်သာကဒီအိမ်မှာ ခုထိရှိနေပါလား……_”
“ဟုတ်တယ် အစ်ကို သူကိုခနတာပဲထိန်းချုပ်ထားနိူင်တာ
မကြာခင်ထိန်းချုပ်မူက သူလွတ်တော့မယ်…..”
” သူကခုထိအသက်ရှိနေသေးတာလား…..”
“ဟုတ်တယ်အစ်ကို… ညီမနဲ့အဖေ ထိန်းချုပ်ထားမူကြောင့်သာ
သူလူပ်ရှားမရတာ ခုထိသူ့ကိုအသေမသတ်နိူင်သေးဘူး..”
” သူ့အလောင်းကို ဖျက်စီးလိုက်ရင်မရဘူးလား ညီမ..
နောက်တစ်ခု ညီမဒီအိမ်ကထွက်ပြေးရင်ရော… ”
” အဖေမသေခင်မှာခဲ့တယ် အစ်ကို သူ့ခန္ဓာကိုယ် မဖျက်စီးနဲ့တဲ့
သူ့ဝိညဉ်က တခြား လူသေအလောင်းဘယ်အလောင်းမဆို
အစားထိုးဝင်ပူးနိူင်တယ်တဲ့… ။ အဲအချိန်ကျသူ့ကိုတားရပိုခက်လိမ့်မယ်မှာထားခဲ့တယ်….။
ဒီအိမ်ကညီမ ထွက်မပြေးတာက သူဟာ ညီမကိုဒီအိမ်က
အဝေးကိုထွက်သွားခွင့်မပြုဘူး ..ညီအကြိမ်ကြိမ်ကြိုးစားကြည့်ဖူးတယ် မရဘူးအစ်ကို..
သူ့ဝိညဉ်ဟာ ညီမနောက်
ကပ်လိုက်နေတယ် အစ်ကို….”
” ဟာ…အတော်မလွယ်တဲ့ကိစ္စပဲ ဒီကိစ္စကိုအဆုံးသတ်မယ့်
အဖြေမရှိဘူးလား ညီမ….”
“ရှိတယ်အစ်ကို ညီမဟာ ပယောဂဆိုင်ရာပညာရပ်ကို
အဖေလောက်မကျွမ်းကျင်ပေမယ့်
အတော်များများတော့သိပါတယ် ညီမခင်ပွန်း စဝ်ခွန်သာ ကို
ခုဘဝက တစ်ခါတည်းကျွတ်အောင်လုပ်ဖို့နည်းကိုတော့
သိပါတယ်…. ။ ဒါပေမယ့်…… ”
” ဘာဖြစ်လို့လဲ ညီမပြောလေ….”
” ညီမတစ်ယောက်တည်း မတတ်နိူင်ဘူး အစ်ကို
အကူအညီလိုအပ်တယ်…”
” ညီမလည်း စိတ်ပင်ပန်းနေရတာ အတော်ကြာနေပါပြီ
လိုအပ်တဲ့အကူညီ အစ်ကိုပေးလို့ရမလား…”
” ဟင်…ဝမ်းသာလိုက်တာ အစ်ကိုရယ်…
တစ်ခုတော့ရှိတယ် အန္တရယ်အရမ်းများတယ်
အဆင်မသင့်ရင် အသက်ပါပေးရနိူင်တယ် …
သေချာစဉ်စားပါ…. ”
“စဉ်းစားစရာမလိုတော့ဘူးညီမ အစ်ကိုကူညီဖို့ဆုံးဖြတ်ပြီးပြီ
ဆုံးဖြတ်ပြီးပြီ…. ဘာလုပ်ရမလဲ သာပြောပြ….”
” ကျေးဇူးတင်လိုက်တာ အစ်ကိုရေ..
….အဟင့်…အဟင့်…”
မိန်းမချောလေး လှကလျာ တစ်ယောက်ဝမ်းသာ၍လား
ဝမ်းနည်း၍လားမဆိုနိူင် ကျွန်ပခုံးပေါ်ခေါင်းအပ်ကာ
ရိူက်၍ ရိူက်၍ ကိုယ်လေးသိမ့်သိမ့်ခါငိုလျက်ရှိနေ၏ ။
ကျွန်ပ်သည်လည်းထူးဆန်းအံ့အြဖွယ် ယခုကိစ္စကိုစိတ်ဝင်
စားမိသည်ကတစ်ကြောင်း။
မိန်းမချောလေး လှကလျာ ဝဋ်ဒုက္ခကို ကူညီဖြေရှင်းပေးလိုသည်ကတစ်ကြောင်း။
နောက်တစ်ကြောင်းကား တစ်မြန်နေ့ညက စောနန်းဒေဝီ
ပြောပြသောအကြောင်းအရာများ ဟုတ်မဟုတ် သိလိုသည်
အကြောင်းကြောင့်လည်း ယခုကိစ္စကို ပါဝင်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည် ။
ထိုသို့ဖြင့်ညတစ်ညကုန်လွန်၍ နောက်တစ်နေ့ရောက်သောအခါ လှကလျာ မှာနေ့လည်စာထမင်းစားပြီးချိန်မှစ၍တစ်နေကုန်ပျောက်နေ၏ ။
မည်သည့်နေရာသွားသည်မဆိုနိူင်ပေ။
ကျွန်ပ်မှာအခန်းအတွင်းအောင်း၍ စာဖတ်လျက် ပျင်းရိခြင်းကို
ဖြေဖျောက်နေရသည် ။
ထို့နောက် မှေးခနဲတစ်ချက်အိပ်ပျော်သွားမိ၏။
“ဒေါက်…..ဒေါက်…..ဒေါက်….အစ်ကို….အစ်ကို….”
တံခါးခေါက်သံနဲ့တစ်ဆက်တည်း လှကလျာအသံကိုပါ
ကြားလိုက်ရချိန်မှ အိပ်ယာမှနိူးလာခဲ့သည် ။
ကျွန်ပ်အိပ်ယာမှလူးလဲထရင်းတခါးဖွင့်လိုက်သောအခါ
ခုမှရေမိုချိုးပြီးစဟန်သနပ်ခါးအဖွေးသားဖြင့် လှပစွာ
ပြုံးနေသော လှကလျာ ကိုတွေ့လိုက်ရသည် ။
” အစ်ကိုလည်း ပျင်းနေတာနဲ့ အိပ်ပျော်သွားတယ်
ညီမဘယ်သွားနေတာလဲ….”
” လိုအပ်တာသွားဝယ်တာ အစ်ကို
ရေမိုးချိုး မျက်နှာသစ် ထမင်းစားလို့ရပြီ…
ညီမထမင်းစားပွဲကစောင့်နေမယ်…”
ကျွန်ပ်မည်မျအိပ်ပျော်သွားသည်မသိ၊ အချိန်မှာ
ညနေပင်စောင်းနေပြီဖြစ်ရာ ကမန်းကတန်းရေမိုးချိုး၍
အဝတ်အစားများလဲလှယ်ကာ ထမင်းစားခန်းဝင်ခဲ့၏ ။
ဝက်သားဟင်းတစ်ခွက်၊ တစ်ခြားသော ကိုက်လန်၊မူန်ညှင်း
အသီးအရွက်များဖြင့် အငွေ့တစ်ထောင်းထောင်းဖြင့်
စားချင်ဖွယ်ရာထမင်းဝိုင်းပင်။
လှကလျာမှာဟင်းချက်လက်ရာအလွန်ကောင်းသူတစ်ယောက်ဖြစ်၏ ။
ကျွန်ပ်ကားထမင်းနှစ်ပန်းကန်ကုန်မျစား၍ပြီးသောအခါ
ဧည့်ခန်းမီးလင်းဖိုတွင်ထင်းချောင်းများပစ်ထည့်၍ မီးမွေးကာ
အချမ်းပြေမီးထိုင်လူံနေမိသည် ။
ခနအကြာအိုးခွက်ပန်းကန်များသိမ်းဆည်း၍မီးဖိုချောင်တွင်
ကျန်နေရစ်ခဲ့သော လှကလျာရောက်လာကာ ကျွန်ပ်နဲ့မနီးမဝေးတွင် ဒူးနှစ်လုံးပေါ်မေးတင်၍ ငြိမ်သက်စွာထိုင်နေ၏ ။
ညမှောင်လာပြီဖြစ်သောကြောင့်..
အပြင်တွင် လမင်းအလင်းရောင်က ဖြာကျနေလျက်ရှိ၏ ။
ကျွန်ပ်တို့နှစ်ယောက်ကားအတွေးကိုယ်စီဖြင့်
တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေ၏ ။
တိတ်ဆိတ်မူကိုဖြိုခွင်းလိုက်သူကကျွန်ပ်ပင်။
” ဒီနေ့ဘယ်တွေသွားနေတာလဲ ညီမ…. ”
“ရူး…..ဒါတွေဒီမှာပြောလို့မရဘူး…မနက်ဖြန်
ပြောပြမယ် အစ်ကို….”
သူမကား ကျွန်ပ်စကားကြောင့် ဆတ်ခနဲ ကိုယ်လေးတစ်ချက်
တုန်သွားကာ စကားမဆက်ရန် တိုးတိုးလေး သတိပေးရှာ၏ ။
မျက်လုံးက ဘေးဘီဝဲယာတစ်ချက်ကြည့်ရင်း
ကြောက်လန့်နေဟန်ကြောင့်ကျွန်ပ်လည်း ငြိမ်နေလိုက်ရတော့၏ ။
” ညီမအိပ်တော့မယ် အစ်ကို… ”
“ဟုတ် ညီမ အစ်ကိုလည်းခနနေအိပ်တော့မယ်…”
လှကလျာ မှာကျွန်ပ်အားနူတ်ဆက်၍အိမ်ပေါ်တက်သွားချိန်
ကျွန်ပ်လည်း အိပ်ခန်းဝင်ခဲ့တော့သည် ။
အိပ်လိုစိတ်မရှိသေးသောကြောင့် စာရေးသားရန်အကြံရကာ
ဖယောင်းတိုင်မီးဖြင့် ကျွန်ပ်ယခုခရီးထွက်လာချိန်မှစသော
အကြောင်းအရာများကို ဇတ်လမ်းဆင်ရေးသားတော့၏ ။
ကျွန်ပ်စိတ်များသည်ဇတ်လမ်းဇတ်ကွက်များကြားရောက်ရှိကာ
အပြင်လောကကိုပင်မေ့လျောသွားတော့၏ ။
ဖယောင်းတိုင်ကြီးနှစ်တိုင်မျကုန်ချိန်တွင် ကျွန်ပ်သည်
ဇတ်လမ်းအတော်အတန်ိပြီးဆုံးသွားပြိဖြစ်၏ ။
ဇတ်သိမ်းကိုမူ တမင်မသိမ်းသေးပေ ။
ရှေ့တွင်ကြုံရမည့်အကြောင်းအရာများကမည်သို့ဖြစ်လာမည်မသိသေးပေ။အခြေအနေအပေါ်မူတည်၍ ဇတ်သိမ်းပြောင်း
လဲသွားနိူင်၏ ။
ကျွန်ပ်ကားရေးသားပြီးသော စာမူအကြမ်းများကို တစ်ခေါက်ပြန်ဖတ်ရင်း အညောင်းတစ်ချက်ဆန့်ကာ
အိပ်စက်ရန်ပြင်နေချိန်….
” တောက်….လှကလျာ….နင့်ကိုငါမကျေဘူး…..
သတ်မယ်….သတ်မယ်……”
…ဒုန်း…ဒုန်း…..ဒုန်း…..ဒုန်း………
….အမလေး…အစ်ကို… အစ်ကို..ကယ်ပါအုံး……
တိတ်ဆိတ်နေသောညဉ့်ယံတွင်နက်ကျောသော
ကြိမ်းဝါးသံကြီးနဲ့အတူ ။ လှကလျာ၏အကူအညီတောင်းသံကြားရပြီးတဆက်တည်းအပေါ်ထပ်မှတဒုန်းဒုန်းပြေးဆင်လာသောခြေသံကြားလိုက်ရသောကြောင့် လက်နှိပ်ဓတ်မီးကိုအလျင်အမြန်မီးဖွင့်၍ အခန်းအပြင်မှတစ်ဆင့်လှေကားဆီပြေးသွားလိုက်ကာ လှေကားဆီ လက်နှိပ်ဓတ်မီးဖြင့်ထိုးကြည့်ရာ
ဆံပင်ဖရိုဖရဲဖြင့် အူယားဖားယားပြေးဆင်းလာသောလှကလျာ
ကိုတွေ့လိုက်ရသည်။
ထို့အတူ အံ့အြတုန်လူပ်စရာမြင်ကွင်းအဖြစ် စဝ်ခွန်သာမှာ
လှကလျာ နောက်မှထပ်ချပ်မကွာလိုက်ပါလာခြင်းပင်
ဖြစ်သည်။
.ဆက်ရန်…
“အိမ်ကြီးရှင် လှကလျာ”အပိုင်း..၄
(ဇတ်သိမ်းပိုင်း)
ကျွန်ပ်မှာထူးဆန်း၊အ့အြစိတ်ဖြင့်နေရာတွင်အကြောင်သားငေးနေမိစဉ်
လှေကားထစ်နောက်ဆုံးထစ်အရောက်တွင် စဝ်ခွန်သာမှာ လှကလျာကိုမှီသွား၏ ။
ထို့နောက် ဆံပင်ကိုစုကိုင်၍ဆောင့်ဆွဲချလိုက်တော့၏ ။
…အ. အမလေး….ဘုန်း….
…ဟာ..ဟေ့…ဟေ့…လွတ်..မလုပ်နဲ့…
..ကဲကွာ.. ဒုတ်…ခွမ်း….ဖျောင်း…ဝုန်း…
..လှကလျာ မကောင်းဆိုးဝါးမ သတ်မယ်နင့်ကိုငါသတ်မယ်…
လှကလျာမှာဆံပင်ကိုနောက်မှဆောင့်ဆွဲခံရခြင်းကြောင့် လဲကျသွားချိန်
စဝ်ခွန်သာက လည်ပင်းကိုညှစ်ထား
လျက်ရှိရာ ကျွန်ပ်မှာ ယခုမှပင်သတိဝင်လာတော့၏ ။
ထို့ကြောင့် လုံးထွေးနေသော စဝ်ခွန်သာနဲ့လှကလျာကြားပြေးဝင်ကာ
စဝ်ခွန်သာ ဂျိုစောင်းအား လက်ထဲမှ
လက်နှိပ်ဓတ်မီးကိုလွဲ၍အားကုန်ရိုက်ချလိုက်ရာ စဝ်ခွန်သာဂျိုစောင်းကိုလက်နှိပ်ဓတ်မီးထိမှန်ကာ မှန်ကွဲ၍မီးလုံးပါကွဲလျက်တခန်းလုံးမှောင်အတိကျသွားတော့သည် ။
စဝ်ခွန်သာကား လှကလျာလည်ပင်းအားညှစ်ထားရာမှလက်ဖြုတ်၍ ကျွန်ပ်ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်အားကုန်ဆောင့်တွန်းလိုက်ရာ ပြင်းထန်လှသော
တွန်းအားကြောင့် ကျွန်ပ်မှာ နံရံအထိလွင့်စင်သွားပြီး တကိုယ်လုံးနံရံနဲ့ထိမိကာ
ကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်ကျသွားတော့သည် ။
ပြန်ထရန်ကြိုးစားသော်လည်း ဦးခေါင်းမှာတဆစ်ဆစ်နာကျင်လျက်
ပြန်မထနိုင်တော့ချေ ။
ကျွန်ပ်ကားသတိလစ်မကဲ့သို့ရှိနေချိန်တွင် အပေါ်ထပ်သို့ တက်ပြေးသော
ခြေသံတစ်ခုကိုကြားလိုက်ရပြီး
စဝ်ခွန်သာ၏ အေးစက်ခြောက်ကပ်သောကြိမ်းဝါးသံအားနောက်ဆုံးကြာရခါလောကကြီးနဲ့ခနမျအဆက်အသွယ်ပြတ်သွားတော့သည် ။
ကျွန်ပ်ပြန်သတိရချိန်တွင် မိုးစင်စင်လင်းနေပြီဖြစ်ကာ ကျွန်ပ်အခန်းအတွင်းအိပ်ယာထက်တွင်ရှိနေ၏ ။
ကျွန်ပ်ကား ညကအဖြစ်ကိုပြန်တွေး၍
လှကလျာ အတွက်စိုးရိမ်သွားမိ၏။
ထို့ကြောင့် အိပ်ယာမှလူးလဲထ၍
အခန်းအပြင်သို့ပြေးထွက်လိုက်ရာ
ချက်ပြုတ်ခန်းမှထွက်လာသောလှကလျာနဲ့ ပက်ပင်းဆုံမိ၏။
” အစ်ကိုသက်သာလား အိပ်ယာထဲလှဲနေလေ”
” ဘာမှမဖြစ်တော့ဘူး ညီမ
ဒါနဲ့ ညကဘယ်လိုဆက်ဖြစ်သွားလဲ
စဝ်ခွန်သာ ကရော…”
” ညီမ အခန်းထဲကအဆောင်ကြောင့်
သူ့ကိုထိန်းလိုက်နိူင်တယ် အစ်ကို..
ခုတော့ စိုးရိမ်စရာမရှိသေးပါဘူး
ရေမိုးချိုးလိုက်လေ လန်းသွားအောင်”
ကျွန်ပ်ကားယခုမှသက်ပြင်းမောချမိတော့၏ ။
ရေမိုးချိုးပြီးသောအခါလူလည်းလန်းဆန်းသွားပြီး လှကလျာပြင်ပေးသောမနက်စာကိုစားသောက်လိုက်သည် ။
” ညီမတို့အစီအစဉ် ခုညစရမယ်အစ်ကို…”
“ဟင်..ဘာအစီအစဉ်လဲ ညီမ…”
“စဝ်ခွန်သာကို တားဖို့အစီအစဉ်လေ
ခုညကလပြည့်ညဆိုတော့
အချိန်ကောင်းပဲ…..”
” ညီမကောင်းသလိုစီမံပါ လိုအပ်တာ
အစ်ကို ကူပေးပါမယ်…. ”
လှကလျာမှာ မနက်စာစားပြီးချိန်မှစ၍ပျောက်သွား၏ ။
မည်သည့်နေရာရောက်နေသည်မဆိုနိုင်ပေ။
နေ့လည်စာကိုချက်ပြုတ်ထားပြီးဖြစ်၍
ဆာချိန်တွင်စားရန်ကျွန်ပ်ကိုမှာထားခဲ့သည် ။
ညမှောင်ရီပျိုးချိန်ရောက်မှ လှကလျာရောက်လာ၏ ။
သူမနဲ့အတူကြက်အထီး၊အမတစ်စုံလည်းပါလာသည် ။
” အစ်ကို စဝ်ခွန်သာကို အစီအရင်လုပ်မယ့်နေရာကို ရွေ့ရမယ်….”
“ဖြစ်…ဖြစ်ပါ့မလား ညီမ….”
” ဖြစ်ပါတယ် သူ့ကိုညီမထိန်းထားပါတယ် မစိုးရိမ်ပါနဲ့…. ”
ကျွန်ပ်မှာ စဝ်ခွန်သာကိုသယ်ရမည့်အရေးအနည်းငယ်တွန့်ဆုတ်နေမိသည်။ ညကမြင်ရသော စဝ်ခွန်သာ
၏ကြောက်စရာရုပ်သွင်ကြောင့်ကျောချမ်းနေမိ၏.။
သို့ရာတွင် လှကလျာ ကမကြောက်လန့်ရန်ပြောသောကြောင့် စဝ်ခွန်သာအခန်းသို့လှကလျာနဲ့လိုက်ဝင်ခဲ့တော့၏။
စဝ်ခွန်သာကားကုတင်ပေါ်တွင် ကျွန်နားမလည်သော အင်းကွက်များရေးချယ်ထားသော အဝတ်တစ်ခုဖြင့်ဖုံးလွမ်းထား၏ ။
” သူ့ကိုသယ်ယူချိန်အထူးသတိထားရမှာက အပေါ်က အင်းတွေရေးထားတဲ့
အဝတ်မကွာကျစေဖို့ပဲ အစ်ကို…”
လှကလျာမှာကျွန်ပ်အားမှာကြားပြီး
အပေါ်ပိုင်းမှကျွန်ပ်အားမရန်ပြောကာ
သူကခြေထောက်မှ မရန်ပြု၏ ။
ကျွန်ပ်ကားလူတစ်ပိုင်းသရဲတစ်ပိုင်းအား ချိုင်းကြားနှစ်ဖက်မှပွေ့မနေရခြင်းကြောင့် အနည်းငယ်စိုးထိတ်နေမိသည်။
ဘယ်အချိန်အသက်ဝင်၍ထဖောက်မည်မဆိုနိူင်ပေ။
သို့ရာတွင်ကံကောင်းထမစွာ လှကလျာ ဦးဆောင်ခေါ်သွားသောအခန်းတစ်ခန်းရောက်သည်အထိ စဝ်ခွန်သာ မှာလူသေတစ်ယောက်အလားရှိနေ၏ ။
” အစ်ကို ဒီမှာနေရစ်အုံး ညီမလိုအပ်တာတွေယူပြီးပြန်လာခဲ့မယ်
သိပ်မကြာဘူး… ဟိုမှာဖယောင်းတိုင်နဲ့မီးခြစ်…”
လှကလျာမှာ စဝ်ခွန်သာ အလောင်းကို
အခန်းတစ်နေရာတွင်ချ၍
ကျွန်အားချန်ရစ်၍ အပြင်ထွက်သွား၏။ ကျွန်ပ်မှာသာ လူတစ်ပိုင်း
သရဲတစ်ပိုင်း စဝ်ခွန်သာနဲ့အတူတခန်းတည်းရှိနေရမူအတွက်ရင်ထိတ်နေမိသည်။
အနည်းငယ်မှောင်လာပြီဖြစ်သောကြောင့် ဖယောင်းတိုင်ကြီးတစ်တိုင်ကို
ထွန်းညှိ၍ အခန်းကိုလှည့်ပတ်ကြည့်မိ၏။
အခန်းသည် အနည်းငယ်ကျယ်သောအခန်းတစ်ခန်းဖြစ်ကာ အခန်းအလယ်တွင်ထူးဆန်းသော အရုပ်တစ်ရုပ်ကိုတွေ့ရ၏ ။
လေးပေပတ်လည်အမြင့်ကျောက်ခုံတစ်ခုပေါ်တွင် ခါးကုန်းကုန်းပိန်ညှောင်။ရုပ်ဆိုးဆိုးအဘွားအိုတစ်ယောက်ပုံအားလက်ရာမြောက်စွာထုဆစ်ထားခြင်းပင်။
ထိုရုပ်တုလက်ရာမြောက်ခြင်းကြောင့်
အစပထမလူဟုရုတ်တရက် ကျွန်ပ်ထင်မိသေး၏ ။
အရုပ်မှာ လက်ရာမြောက်သော်ငြား
ကျက်သရေကင်းမဲ့လှသည်။
ချွန်၍ကောက်ကွေ့နေသောနှာခေါင်း
ရက်စက်ရန်လိုဟန်မျက်လုံး ဆံပင်ကို
ခေါင်းအလယ်တွင်ထုံးဖွဲ့လျက်။ထမီကိုရင်လျားကာ ၊ လက်က လဒငှက်ရုပ်ဖြင့်တောင်ဝှေးကိုကိုင်ထားသည် ။
ဘယ်လိုပင်ကြည့်ကျက်သရေမရှိသော
ရုပ်တုတစ်ခုပင် သို့ရာတွင်စောနန်းဒေဝီပြောပြသောအကြောင်းအရာတစ်ခုကို
အရုပ်အနားကပ်၍ ပါးစပ်မဟတစ်ဟအနေအထားအရုပ်ပါးစပ်ကိုလက်ညိူးဖြင့်ထိုး၍စမ်းကြည့်ရာ ခပ်ဖုဖုအရာတစ်ခုစမ်းမိ၍လက်ညိူးနဲ့လက်မသွင်း၍ဆွဲထုတ်ကြည့်ရာ လက်ညိူးလုံးအရွယ်ဖန်ပုလင်းတစ်လုံးပါလာ၏ ။
အတွင်းတွင်ကားအစိမ်းရောင်အရိပ်ကလေးများကအမှောင်အတွင်းတဖျတ်ဖျတ်လင်းလျက်ရှိနေ၏ ။
ထိုစဉ်အခန်းအပြင်မှခြေသံများကြားလိုက်ရသောကြောင့် ကျွန်ပ်လည်းပုလင်းကိုအကျီအတွင်းအိပ်အမြန်ဝှက်ထည့်ကာ အရုပ်အနားမှ အမြန်ခွာလိုက်သည် ။
” လမွန်းတည့်ချိန်အပြီးလုပ်ရမယ်အစ်ကို… သူ့အလောင်းနဲ့သူ့ဝိညဉ်ကို
ထိန်းချုပ်ပြီး သူ့အလောင်းကို ဖျက်စီးပစ်ရမယ်….”
” ဘယ်လိုပုံစံမျိုး ဖျက်စီးမှာလဲ ညီမ…”
” သူ့ဝိညဉ်နိူးထလာချိန် သူ့အသည်းကို
အစီအရင်ဓားနဲ့ထုတ်ချင်းဖောက်ထိုးရလိမ့်မယ်…. ”
လှကလျာမှာ အရုပ်ရှေ့တွင်ဖယောင်းတိုင်များစီထွန်း၍ ယူလာသောကြက်ဖိုကြက်မအရှင်နှစ်ကောင်ကိုလည်လှီး၍သတ်လိုက်၏။
ထို့နောက်တီးတိုးတီးတိုးဖြင့် ရွတ်ဆိုပြီး သူ့လက်ထဲမှ သွေးစွန်းနေသောဓားကို ကျွန်ပ်ထံကမ်းပေးလာသည် ။
“ဒီဓားနဲ့သူ့ရင်ဘတ်အသည်းနှလုံးနေရာကိုစိုက်ထိုးပေးရမယ်
အလောင်းကို ဒီနားရွေ့ရအောင်…”
လှကလျာကအလောင်းကို အရုပ်ရှေ့တွင်ကန့်လန့်ဖြတ်အနေအထားချစေပြန်၏ ။
ထိုသို့ရှိနေစဉ်မကြာမှီလမင်းသည်လည်းတဖြည်းဖြည်းမြင့်တက်လာကာ
ခေါင်းမိုးတွင်လရောင်ဝင်စေရန်ဖောက်ထားဟန်တူသောအပေါက်မှ လရောင်မှာအရုပ်တည့်တည့်အပေါ်ထိုးကျလာတော့၏ ။
…ဟင်…ဘယ်လိုဖြစ်တာလဲ…..
…အစ်ကို အမြန်လုပ်သူ့ဝိညဉ်နိူးလာပြီ…
…လှကလျာ ငါ့ကိုလဃတ်ပေးစမ်း
မကောင်းဆိုးဝါးမ…
…ဝုန်း….အ……..
အခြေအနေသည်ငြိမ်သက်နေရာမှရုတ်ချည်းပြောင်းလဲသွား၏ ။
စဝ်ခွန်သာအပေါ်ဖုန်းအုပ်ထားသော
အဝတ်သည်လေမတိုက်ပါပဲဘေးသို့
ရွေ့သွားပြီး စဝ်ခွန်သာမှာ နက်ကျောသောအော်သံပြု၍ ဝုန်းခနဲခုန်ထ၍ လက်တဖက်ဖြင့် လှကလျာ
လည်မျိုကို ဆွဲမလိုက်ရာ လှကလျာ
မှာ ကြမ်းပြင်နဲ့ခြေထောက်လွတ်သွားပြီး လေထဲယက်ကန်ယက်ကန်ဖြစ်နေ၏ ။
ကျွန်ပ်လည်းဘာကိုမှစဉ်းစားမနေတော့ပဲကျွန်ပ်အားကျောပြုထားသော စဝ်ခွန်သာ ဘယ်ဖက်ကျောကုန်းမှဓားကိုအဆုံးထိထိုးချလိုက်တော့၏ ။
…အား….ဘုံး…..
..အီး…လှ..က..လျာ…နင့်..ကို…ငါ…မကျေ…ဘူး…အ…..
ဓားဖြင့်ထိုးလိုက်ချိန် စဝ်ခွန်သာ ကိုယ်လုံးဆတ်ခနဲတွန့်သွားပြီး လှကလျာကို
လွတ်ချကာ မကျေမချမ်းအ့ကြိတ်ရေရွတ်ရင်း ဒူးများညွတ်ခွေကာ လဲကျသွားတော့၏ ။
ကျွန်ပ်ကား ခေါင်းငုံ၍ လည်ပင်းအားကိုင်ကာ ချောင်းတဟွတ်ဟွတ်ဆိုးနေသော လှကလျာထံ အမြန်ပြေးသွားကြည့်မိ၏ ။
” ဘယ်လိုလဲ ညီမ သက်သာရဲ့လား..ဟင်….ဘယ်လိုဖြစ်တာလဲ…”
ကျွန်အမေးကိုမဖြေပဲမော့ကြည့်လာသော လှကလျာ ကိုကြည့်၍ကျွန်ပ်
အံ့အြသင့်သွားရမိသည် ။
သူမမျက်လုံးများသည် အစိမ်းရောင်များအပြင်သို့ထွက်ကာ ရှိနေခြင်းကြောင့်ပင် ။ထို့အတူ မမြင်နိူင်သော
ညိူ့ဓတ်တစ်မျိုးက သူမမျက်လုံးမှထွက်နေသလို ကျွန်ပ်ကားခံစားနေရမိ၏ ။
ကျွန်ပ်စိတ်များကား အသိညဏ်ျထိနျးခြုပျမူကငျးလှတျသကဲ့သို့ခံစားနရေ၏ ။
….မင်းလက်ထဲကဓားနဲ့ မင်းလည်ချောင်းသွေးကိုဖောက်ပြီး သခင်မကိုဆက်သစမ်း…..
လှကလျာကား အံ့အြဖွယ်ရာစကားမျိုးဆိုလာ၏ ။
ကျွန်ပ်ကား သတိမလွတ်သေးပေ ။
…ရပ်စမ်း လှကလျာ မင်းပညာဘူးကို
ငါရထားပြီးပြီ ရပ်စမ်း…..
…ဟင်…နင်.နင် ဒါကိုဘယ်လိုရသွားတာလဲ…ပေးစမ်း…
…ဟားဟား… ဟား…..ဟား…..
..မင်းပညာဘူးတင်မက မင်းအကြောင်းတွေပါ အကုန်သိနေတယ်ဆိုရင်အံ့အြသွားမလား….
…နင်..နင်…ငါ့အကြောင်းဘယ်အချိန်ထဲကသိသွားတာလဲ….
…နင်ပြောတဲ့ဇတ်လမ်းဟာ အလိမ်အညာတွေပဲ လှကလျာ
တကယ်ကနင်ဟာ စဝ်ခွန်သာနဲ့သူ့ညီမကိုသတ်ပြီးသူတို့ဝိညဉ်တွေကိုထိန်းချုပ်ထားတဲ့စုန်းမတစ်ယောက်ပဲ
နင့်ပညာတစ်ဆင့်တက်ဖို့ ရုပ်ရည်နုပျိုစေဖို့ တစ်နှစ်တစ်ကြိမ် လူ့သွေးနဲ့ယစ်ပူဇော်တဲ့မကောင်းဆိုးဝါးစုန်းမပဲ
စဝ်ခွန်သာဟာ နင့်အကြောင့်မသိပဲ
ယူမိလို့ သူဟာ နင်ရဲ့ယစ်ကောင်ဘဝရောက်ရတယ် ပြီးတော့ သူ့ညီရောပဲ
ပြီးတော့သူတို့ဝိညဉ်တွေကိုထိန်းချုပ်ထားပြန်တယ်…. ငါယုံဖို့အတွက်
စဝ်ခွန်သာကိုသတ်ပြတယ်….
….မလုပ်ပါနဲ့ ငါပညာဘူးပြန်ပေးပါ
ငါနောက်မကောင်းတာမလုပ်တော့ပါဘူး…..
….မရတော့ဘူး လှကလျာ နင့်မိုက်ဇတ်ဒီမှာ နိဂုံးချုပ် ရတော့မယ်… ကဲ….ခွမ်း…
…ဟင်….အမလေး…..အမလေး…..
ငါ့ရုပ်…ငါ့ရုပ်….အမလေး…
..
ကျွန်ပ်ကား သူ့ပညာဘူးအားကြမ်းပြင်ပေါ်ခွဲချလိုက်၏ ။
အစိမ်းရောင် အတန်းလေးများသည်
ဟိုမှသည်ပြေးလျက် အပေါ်သို့ပျံတက်ကုန်ကြတော့ ၏ ။
လှကလျာကားသွေးရူံးသွေးတန်းအော်ဟစ်လျက် ချုံးပွဲချငိုတော့သည် ။
ထို့အတူ သူမ၏လှပသော ရုပ်ရည်မှာ
တခနအတွင်း အသက်ရှစ်ဆယ်အရွယ်အဘွားကြီးအဖြစ်ပြောင်းသွားတော့၏ ။ လှကလျာကားသူမဖြစ်အင်အတွက်
ယူကြုံးမရအော်ဟစ်၍ နှလုံးကွဲကြေသည်ထင်၏ ။
ငြိမ်ကျသွားတော့သည် ။
” ကျေးဇူးပါ အစ်ကို….”
“ဟင်…ညီမ စောနန်းဒေဝီ….အစ်ကိုလည်းညီမကိုကျေးဇူးတင်ပါတယ်
ညီမသာ လှကလျာ အကြောင်းပြောမပြထားရင် သူပြောတာတွေအကြွင်းမဲ့
ယုံမိမှာပဲ သူ့ပညာဘူးကို ခုလို ယစ်ပူဇော်မယ့်ညမျိုးအပြင်ထုတ်ထားတတ်တယ်ဆိုတာမျိုးရော။နေရာကိုညွန်ပြပေးလို့ရော ကျေးဇူးတင်ပါတယ်….”
” ညီမတို့အထိန်းချုပ်ခံဝိညဉ်တွေအစ်ကိုကြောင့်လွတ်မြောက်ကုန်ကြပါပြီ
ညီမလည်းသွားရတော့မယ် အစ်ကို… နူတ်ဆက်ပါတယ်…”
ကျွန်ပ်အားလှကလျာအကြောင်းများပြောပြသူမှာ စဝ်ခွန်သာ ညီမစောနန်းဒေဝီပင်ဖြစ်ပါ၏ ။
သူမကားကျွန်ပ်ကိုနူတ်ဆက်၍ပုံရိပ်မှာ တဖြည်းဖြည်းဝေဝါးကာနောက်ဆုံးကျွန်ပ်မျက်လုံး
ရှေ့ကွယ်ပျောက်သွားတော့၏ ။
ကျွန်ပ်အဖြစ်ကလည်းအထူးအဆန်းပင် စာရေးသားရန်ကုန်ကြမ်းရှာထွက်ရာမှ ကိုယ်တိုင်
ထူးဆန်းသော အိမ်ကြီးရှင်လှကလျာနဲ့
ဆုံခဲ့ရကာ ထူးဆန်းသော ဇတ်လမ်းတပုဒ်တွင်
ကိုယ်တိုင်ပါဝင်ခွင့်ကြုံလိုက်ရပါတော့သည်။
………………………………………………
ပြီးပါပြီ
မြူခိုးအလင်္ကာ
#ညမဖတ်ရ