ဘယ်ရှေးကံဝဋ်ကြွေး(စ/ဆုံး)
—————————
ဒုန်း……. ဒုန်း….. ဒုန်း..
“ဗျို့ အရီးမြ. အရီးမြ ထပါဦးဗျ”
“ဟဲ. ဘယ်သူတုန်း.. အချိန်မတော်
ညကြီးသန်းခေါင်”
. “ကျွန်တော်ပါ. ဦးအောင်မြိုင်ရဲ့သား
ဖြိုးဝေပါ”
.. “ရပ်ကွက်ထဲ. ပရဟိတလုပ်နေတဲ့
ကလေးလား”
“ဟုတ်ပါတယ်ခင်ဗျ”
“ကဲလာလာ အထဲဝင် အချိန်မတော် ဘာကိစ္စ
ရှိလို့တုန်းကွဲ့”
“ဒီလိုပါ. အရီး.. အရီးသားမောင်ထူး
အရက်တွေမူးပြီး လမ်းရိုးလိုက်ဆဲနေပြီး
ပြောမရဆိုမရဖြစ်နေတာနဲ့ ရပ်ကွက်လူကြီးက ထိမ်းသိမ်းထားတာကိုလာပြောတာပါ”
. “အေးကွယ် ခုလိုလာပြောပေးတာကို
မောင်ရင်လေးကို ကျေးဇူးတင်ပါတယ်”
. “ဟုတ်ကဲ အရီး. ညလဲနက်နေပြီမို့
မနက်မှပဲ အကျိုးအကြောင်းမေးပြီး
သွားတောင်းပန်ရအောင်နော်၊၊
ဘာမှစိတ်မပူပါနဲ့ အိပ်ပျော်အောင်အိပ်လိုက်
အရီးလေးရေ”
“အေးပါကွယ် အရီးအိပ်ပျော်အောင်
အိပ်ပါမယ်”
. ဖြိုးဝေသည် ဒေါ်မြအားနှုတ်ဆက်ပြီး
ကိုယ်ကလေးကို ရို့ကာ အိမ်ပေါက်ဝမှ
ဆင်းကာပြန်သွားလေတော့သည်၊၊
…. ဒေါ်မြသည် အိပ်မပျော်နိုင်ပါ
ငေးငေးငိုင်ငိုင် စိတ်ကူးပေါင်းများစွာနဲ့
အတိတ်ရွာဆီသို့ အတွေးများက သံသရာ
တစ်ပါတ် လယ်ခဲ့ရပြန်ပေါ့၊၊
…… အခန်း(၂)
.. ဒုန်း … ဒုန်း
“ဗျို့. မမြ ဗျို့ မမြ ထပါဦးဗျ”
“ဟဲ့.. ဘယ်သူတုန်း
ကျွန်တော် ဘမောင်ပါ”
“အော်. အေးအေး. ဘမောင်ဘာလဲဟ. ပြော”
“ခင်ဗျားယောကျ်ား ကိုမောင်မြင့် အနောက်
ပိုင်းက ဦးဘငွေရဲ့အသုဘမှာ အရက်တွေမူးပြီး ဖဲဝိုင်းမှာဝင်လုလို့ ဝိုင်းရိုက်ကြတာ
အခုတိုက်နယ်ဆေးရုံကိုအရေးပေါ်ပို့လိုက်ရတယ်၊၊ အဲဒီကိစ္စကိုတော့ကျေးရွာလူကြီးတွေ
စီမံဆောင်ရွက်ပြီးလုပ်ကိုင်နေတာ
တွေ့ရတာပဲ”
…. “ဟယ်ဒါဆို ဘယ်လိုလုပ်ကြမလဲ
အခုကလည်း ညကြီးအချိန်မတော်”
“ဟုတ်တယ်ဗျ အခုကတော့ဘာမှလုပ်လို့မရတော့ဘူး မနက်လင်းမှပဲ တိုင်ပင်ပြီး
ကြည့်လုပ်ကြရတော့မှာပဲ့-
.” အေးပါဟယ် ငါ့ကိုတော့ပစ်မထားပါနဲ့
ငါက ဘာမှမလုပ်တတ် မကိုင်တတ်နဲ့မို့ပါ”
. “ဟုတ်ကဲ့. ကျွန်တော်ပြန်ပါဦးမယ်နော်”
ဒီလိုနှင့်ဒေါ်မြတစ်ယောက် အိပ်ယာထဲဝင်
ဘယ်စောင်းညာလှည့် ရှေ့တွေး. နောက်တွေး တစ်မှေးမှအိပ်မပျော်ခဲ့၊၊
… တစ်ချိန်က မွေးမေမေ ပြောတဲ့စကား
ကို ဒုက္ခကြုံမှ ကြားယောင်လာမိတော့သည်၊၊
“ဒီမယ်သမီး. ညီးဒီအကောင်ကိုယူရင်တော့
မျက်ရည်နဲ့ မျက်ခွက် နင့်တစ်သက် သုပ်နေရမှာပဲ ဘယ်ကလာပြီး ဘာကောင်မှန်းမသိတဲ့
အကောင်ကို နင်ဘာလို့များ
ပေါင်းသင်းဖို့ကြံတာလဲ၊၊ နင်စဥ်းစားဖို့
အချိန်ရှိသေးတယ် စဥ်းစားပါသမီး အမေကတော့ ကိုယ့်သားသမီးဆင်စီးပြီးမြင်းရံတာပဲ မြင်ချင်တယ်၊၊ ဒါကြောင့်ရွာလည်က
အောင်မင်းရဲ့သားလေးနဲ့ အမေသဘောတူတယ် လူကလည်းရည်ရည်မွန်မွန် အသောက်အစား လောင်းကစားလည်းကင်းတယ် ၊၊ ဘာသာတရားလည်းကိုင်းရှိုင်းတယ်
ဒါကြောင့်အမေ လူကြီးချင်းသဘောတူထားတယ် သမီးစဥ်းစားပါ”
.. “ဟုတ်ကဲ့ပါအမေ”
မမြသည် သူ့၏အမေစကားဆုံးသည်နှင့် အိပ်ယာထဲပြေးဝင်သွားလေတော့သည်၊၊
……. အခန်း(၃)
…. ညတစ်ည
မိုးတွေကရွာ. လေတွေကတိုက်
မှောင်မိုက်လွန်းတဲ့ ညတစ်ညပေါ့၊၊
…… ဒေါက်. ဒေါက်. ဒေါက်
“မမြ မမြ ငါရောက်လာပြီ ငါမောင်မြင့်ပါ”
“ဟုတ်ကဲ့ ကိုမောင်မြင့် ကျွန် မအဆင်သင့်ပြင်ထားပါတယ် ရှင်လာအခေါ်ကိုစောင့်နေတာ”
… ဒီလိုနဲ့မမြသည် ချစ်သူခေါ်ရာနောက်
အမေမသိအောင် ရောင်နောက်ဆံတုံးပါ
လိုက်ပါသွားလေတော့သည်၊၊ ချစ်စ ခင်စ
ကြင်နာစ တစ်ယောက်နဲ့တစ်ယောက်
မျက်လုံးအောက်က အပျောက်မခံ ကြင်နာမှု
တွေအပြည့်နှင့် ပျော်စရာ၊၊ မမြရင်ထဲ
တွေးလိုက်မိသေး ဒီလောက်ကြင်နာတတ်
မယားအပေါ် အလိုက်သိတတ်သူကို
အမေက. သဘောမတူရှိရသေး
ငါ ကိုမောင်မြင့်ကိုယူတာ မမှားပါဘူး၊၊
..
သိပ်မကြာလိုက်ပါ ကိုမောင်မြင့်တစ်ယောက် ဖောက်ပြန်လာပြီ ခွေးမြီးကောက်
ကျည်ထောက်စွပ် ဖြောင့်ခဏပေါ့၊၊
အခုတော့ ဗီဇကပြန်ပေါ်လာ. နေ့တိုင်း
နေ့တိုင်း သောက်သောက်စားစား မယားကျွေးမှု့တွေ တာဝန်မကြေတော့၊၊ မမြတစ်ယောက်
နေ့စဥ်နေ့တိုင်း မျက်ရည်ယို ငိုရပြီလေ၊၊
…… မေ့မရတဲ့နေ့လေးတစ်နေ့ပေါ့
ကိုမောင်မြင့်တစ်ယောက် ကြက်တစ်ကောင်
ရင်မှာပိုက် အပေါင်းအသင်းတစ်သိုက်နဲ့
အရက်တွေမူးပြီး အိမ်ပြန်အလာ၊၊
…..
“ဟေ့.. မမြ. ငါ့ကို ငွေနှစ်သောင်းလောက်
အမြန်ပေးစမ်း၊၊ . တောင်ဖက်ရွာ ငါကြက်သွားတိုက်မလို့”
… “ကျုပ်မှာ မရှိပါဘူးတော်
အကြော်လေးထွက်ရောင်းလိုက် အိမ်စားဖို့
ဆန် ဆီ ဆားလေးဝယ်၊၊ ပိုတာရှင့်အရက်ဖိုးချန်တစ်နေ့စားဖို့ တစ်နေ့လုပ်နေတာ ဘယ်မှာ
ငွေပိုရှိမှာလည်းတော်”
.. . “ဟဲကောင်မ နင်အပိုမပြောနဲ့
တစ်နေ့တစ်ခါ ငွေချန်ချန်ပြီး နင်စုနေတာ
ငါသိတယ်၊၊ နင်စုထားတဲ့အထဲက ငါ့ကိုပေး
ပေးဆိုပေးနော် ငါစိတ်မဆိုးခင် တော်ကြာ
ငါကို အဆိုးမဆိုနဲ့”
…… “ဒါလေးတော့ မလုပ်ပါနဲ့ ကိုမောင်မြင့်ရယ်၊၊ဒါလေးကသားလေးရှင်ပြု့ဖို့ မစားရက်
မသောက်ရက် ခြို့ခြံခြွေတာစုထားတာပါ”
… “ငါနားမလယ်ဘူး. ပေးမှာသာပေး”
ကိုမောင်မြင့်သည် မိန်းမကို ကန်ကြောက်ပြီး. ဝါးဆစ်ဗူးထဲ မမြစုထားတဲ့ ငွေများကို
ထုခွဲကာ ယူသွားလေတော့သည်၊၊
အဲဒီနေ့ထဲက ကိုမောင်မြင့်ပြန်မလာတော့
အနောက်ပိုင်းက ဦးဘငွေရဲ့အသုဘမှာ
အရက်မူးပြီး ဖဲဝိုင်းဝင်လုလို့ အမူးသမားတွေ
ဝိုက်းရိုက်ကြတာ တစ်ခါထဲ အသက်ပါဆုံး
ခဲရလေတော့သည်၊၊
……. အခန်း(၄)
ဒီလိုနဲ့မမြတစ်ယောက် လင်သေမုဆိုးမဘဝနဲ့
သားတစ်ယောက်လက်ဆွဲ အိမ်ဖော် အလုပ်ကို
လုပ်ကိုင်၊၊ သားလေးရှေ့ရေးတွေးပြီး အလုပ်တွေ ကြိုးစားလုပ်ခဲ့လေသည်၊၊
….. “သားရေ ကျောင်းသွားဖို့ အချိန်နီးပြီနော်
ရေမိုးချိုး ကျောင်းသွားဖို့ပြင်တော့”
.. “ကျောင်းမတက်ချင်တော့ဘူး အမေရာ
ကျောင်းတက်နေလဲ အပိုပါပဲ စာအုပ်လည်း
ပြည့်ပြည့်စုံစုံမရှိ၊၊ အဝတ်အစားကြတော့လည်း ဒီနေ့လည်းဒါ နောက်နေ့လည်းဒါ
သားကျောင်းမတက်ချင်တော့ဘူးဗျာ၊၊
သားသူငယ်ချင်းတွေနဲ့အတူ ဦးတရုတ်ကြီးခိုင်းတာပဲ လိုက်လုပ်တော့မယ်၊၊ဝင်ငွေကောင်းတယ် အမေရဲ့တစ်နေ့လေးထောင်
ငါးထောင်ပေးတယ် သားသူတို့နဲ့ တိုင်ပင်ထားပြီးပြီ ဒီညပဲလိုက်သွားတော့မယ်”
မမြတစ်ယောက်လက်မှိုင်ချ ပြောမရ ဆိုမရ
သားအတွက်ရင်လေး ငေးပြီးတော့သာကျန်ခဲ့တော့သည်၊၊
နောက်များရက်တွေမှာတော့ ခဏသာလာ
ခဏပြန် သားအမိတွေ ထမင်းဝိုင်းထိုင်
မျက်နှာချင်းဆိုင် ထမင်းမစားရတာလည်း
ကြာခဲ့ပေါ့၊၊
…. “သားလေးရေ. ဒီကနေ့တော့ ဒီည အမေနဲ့
အတာတူအိပ်ပါ သားကြိုက်တတ်တဲ့
ကြက်သား မွှကြော်ထားတယ်၊၊ ချင်ပေါင်ခါးရွက်လည်း ကြော်ထားတယ်သား. ငါးပိရည်
တို့စရာ အစုံပဲသား ဒီည တို့သားအမိ ထမင်း
အတူတူစားကြမယ်နော်”
… “မစားအားသေးပါဘူးဗျာ ကျုပ်မှာ
ထမင်းထက် အရေးကြီးတဲ့အလုပ်တွေ
ဒီညရှိနေတယ် သိပ်ပုံကြီးတွေ ချဲ့မနေပါနဲ့၊၊
ဒီထမင်းဒီဟင်းတွေက အပြင်မှာဝယ်သားလည်းရပါတယ် ကဲ ကျုပ်သွားတော့မယ်
သူငယ်ချင်းတွေ စောင့်နေကြပြီ”
…. “သြော်… အေးပါသားရယ်
သတိနဲ့သွား. သတိနဲ့စားနော်
သားလေးအန္တရာယ်ကင်းပါစေ”
… မမြသည် သားအတွက် ဆုတောင်းခါ
ကျန်ခဲ့လေတော့သည်၊၊
……. အခန်း(၅)
“ငါတွေးနေလိုက်တာ မိုးတောင်စင်စင်လင်းပါပေါ့လား.”
မမြသည် အိပ်ရာထဲမှလူးလဲထကာ မျက်နှာသစ် သားအတွက် အန္တရာယ်
အသွယ်သွယ်ကင်းစေဖို့ မြတ်ဗုဒ္ဓထံ
ဆီမီးရေချမ်း ပန်း ကပ်လှုရင်းနဲ့
အချုပ်ခန်းထဲ့ရှိသားကိုသွားတွေ့နိုင်ဖို့အရေး
မောင်ဖြိုးဝေးအလာကို အားငယ်စွာဖြင့်
မျှော်နေလေတော့သည်၊၊ ၊၊
….
……. မိခင်တိုင်း. လင်ဆိုး. သားဆိုး
များနှင့် ကင်းဝေးနိုင်ပါစေ၊၊
ဇွဲမာန်(ဧရာဝတီ)