နန်းရွှေရည် (စ/ဆုံး)
————–
. မှတ်မှတ်ရရ။
. ဇန္နဝါရီလ 21ရက်။
. မိမိ မွေး နေ့ ။
ည ခွန်နှစ် နာရီ အချိန်။
နန်းရွှေရီ တို့ခေါက်ဆွဲ ဆိုင်ထဲသို့ ရှမ်းအဖိုး
ကြီးတစ်ယောက်ဝင်လာ၏။ နှီးခမောက်
အပြန့်အကျယ်ကြီးအားဆောင်းထားပြီး၊
ကြောပေါ်တွင်၊အိပ်ဘယ်နှစ်အိပ်မှန်းမသိသော
အထုပ်အပိုးများအားလွယ်ထား၏။
ဆိုင်သိမ်းချိန်ဖြစ်သဖြင့်၊ဆိုင်ထဲတွင်၊အိမ်သား
များမှအပ၊လူစိမ်းများမရှိတော့ပါ။
အဖိုးကမေးသည်၊ခေါက်ဆွဲငါးရာဖိုးရောင်း
ပေးမလား…တဲ့။
ခေါက်ဆွဲတစ်ပွဲတစ်ထောင်ကျပ်ဖြင့်ရောင်းချသောကာလ၊ ငါးရာဖိုးဆိုတော့၊အဖိုး၏တောင်း
ဆိုချက်က၊ကန့်လန့်ကြီးဖြစ်နေသည်။
သို့သော် သူ၏တောင်းဆိုချက်အား နန်းရွှေရည်
စောတကမတက်ပါ။
ရပါတယ်…အဖိုး ။ရောင်းပေးပါမယ်…ဟု
ပြောပြီး။
ယောကျ်ားနှင့်အတူ မီးဖိုထဲသို့ဝင်၍
ခေါက်ဆွဲ တစ္ပြဲအား ကောင်းစွာပြင်ပေးသည်။
ထည့်နေကျခေါက်ဆွဲထစ်ပွဲထက်၊အသားများအား၊ပိုလိုထည့်ပေးသည်။
အဖိုးက မြိန်မြိန်ရှက်ရှက် အေးဆေးစွာ စား၏။
ရေနွေးကြမ်းတစ်အိုးကုန်အောင်သောက်ပြီး။
စားလို့သိပ်ကောင်းတယ်။
ဈေးရောင်းရင်၊
မေတ္တာ၊စေတနာ မခမ်းနဲ့၊
မေတ္တာတန်ဖိုး၊
နှစ်ဆ တိုးလို့ အကျိုးအမြတ် ပွားပါစေ။..
.ဟု ဆုပေးပြီး။
မိုးနှင်းမှောင်များကျနေသည့်ကြားမှ၊အင်းယားရွာ၊ရွှေအင်းတင်ဘုရားကုန်း၊
တောင်ပေါ်ဘက်သို့၊ထွက်ခွာသွားပါသည်။
နောက်သို့ပြန်ပြီးလှည့်မကြည့်တော့ပါ။
နန်းရွေရည်တို့ဆိုင်က၊ပြင်ဦးလွင်
မြို့အထွက်၊ကျည်ကိုင်ရွာအလွန်၊အင်ယားရွာ
လမ်းဆုံတွင် ရှိပါတယ်။နန်းရွှေရည်က
ယောက္ခမအမေ၊နန်းရွှေရည်၏အမျိုးသား
စိုင်းဝန်းတစ်နှင့်သမီးငယ်လေးတစ်ယောက်
တိုနှင့့် အတူနေပါသည်။
လိုအပ်သောအချိန်တွင်အလုပ်သူမလေးများ
နေရန်တန်းလျှားလေးကိုလည်းအိမ်နှင့်တွဲပြီး
ဆောက်ထားပါသည်။ရှေ့ဘက်တွင်ဆိုင်ဖွင့်၍
နောက်ဘက်တွင်လူနေပါသည်။
အိမ်ရှေ့တွင်ကားရပ်ရန်၊ဆိုင်ကယ်ထားရန်၊
နေရာအပိုရှိသဖြင့်အဆင်ပြေပါသည်။
နမ်းခမ်းမြို့မှ၊ဤနေရာသို့ပြောင်းရွေ့ပြီး
လာသည်မှာခြောက်လလောက်သာကြာသေး
သဖြင့်၊မိတ်ဆွေရှားသည်။အရောင်းအဝယ်
မကောင်းလှပါ။
သည်ကြားထဲ အမျိုးသားကပါ၊တစ်ခါတစ်ခါ
ငယ်ငယ်ကဇာတိပြန်ပြီးပြသဖြင့်၊စိတ်ညစ်ပေမဲ့
သီးခံပြီးနေရပါသည်။
ယောက္ခမအမေကပြောပြသည်၊သူသားက
ငယ်ငယ်ကဆိုးသည်။သ္မီးနှင့်ရမှလိမ္မာသွားပါသတဲ့။ ဆိုးတယ်ဆိုတာအလုပ်မလုပ်ဘဲ၊အရက်
သောက်နေခြင်းကိုဆိုလိုပါသည်။
သားဆိုးအားထိမ်းပေးသော၊ချွေးမအားအမေကသ္မီး တစ်ယောက်လိုချစ်သည်။
ချေွးမကသမီးလိုနေပြီး၊ပြောဆိုလိုမကောင်းတဲ့သားက၊သမက်နေရာမှာပါတဲ့။
မိဘများမရှိတော့တဲ့ နန်းရွှေရည်ကလည်း၊
ယောက္ခမအား မိဘနေရာတွင်ထားပြီး၊
ပြုစုပါသည်။
အရောင်းအဝယ်မကောင်းလို့အမေ့အားပြော
ပြသောအခါ၊အမေက နောက်တော့ကောင်းလာမှာ
ပေါ့…အေ၊ ဆိုပြီးအားပေးပါသည်။
ညနေကရှမ်းအဖိုးအိုပြောသွားသော၊
စကားများအားအမေ့ကိုပြောမိသည်။
ဈေးရောင်းရင်၊
မေတ္တာ၊စေတနာမခမ်းနဲ့…တဲ့၊
ဘာလုပ်ရမလဲ…အေမ။
အော်…ခက်ထာမှတ်လို့သမီးရယ်၊
ဒီကာလကြီးမှာ တော်ရုံလူတွေက လူ တစ်ယောက်တွက်ခေါက်ဆွဲတစ်ပွဲကို
ဝယ်လို့မစားနိုင်ကြဖူး။ဝယ်စားရင်လဲ
နည်းနေရင်တစ်ယောက်စာမဝဖူး၊
အဲဒီတော့ဖြစ်နိုင်ရင်၊အမြတ်နည်းချင်နည်းပါ
စေ။
ဈေးနှန်းလျှော့မလား။
ခေါက်ဆွဲဖတ်ပိုထည့်ပြီး၊ဈေးမတင်ဘဲ
ရောင်းနိုင်မလား။
သည်နှစ်မျိုးအနက်၊တစ်မျိုးမျိုးပြင်ပေးလျှင်
သ္မီး ဈေးရောင်းလို့ကောင်းလာမှာပေါ့။
ရှမ်းဖိုးဖိုးကပြောသည်။
နှစ်ဆတိုးလို့အကျိုးအမြတ် ရှိပါစေတဲ့။
နန်းရွှေရည်ကြိုးစားကြည့်ပါမည်။
အင်းယားရွာလေးက မြို့နှင့်လှမ်းသည်။
အင်းယားလိုပင်အခြားရွာတော်တော်များများလည်းမြို့နှင့်လှမ်းသည်။အခြေ ခံ လူတန်းစားတွေများသဖြင့်၊ငွေကြေးနည်းနည်းအသုံးပြုပြီး၊
လူအများအတွက်စားလို့ရအောင်ဖြေရှင်းလေ့ရှိသည်။
သည်တော့ခေါက်ဆွဲဖတ် ယခင်ထက်ပိုလို့
ထည့်ပြီး ရောင်းကြည့်မည်။
အမေပေးသည့်အကြံမဆိုးပါ။
တရက်ထက်တရက်ပိုပြီး၊စားသုံးသူများလာသည်။တဖြည်းဖြည်း ရှမ်းဖိုးဖိုးပြော သည့်အတိုင်းဝင်ငွေနှစ်ဆဖြစ်လာသည်။
နန်းရွှေရည်တို့ဆိုင်တွင်၊လူစည်လာသဖြင့်
ဈေးရောင်းလို့ပျော်စရာဖြစ်လာပါသည်။
တနှစ်ဆိုသည့်အချိန်ကသိပ်မကြာလှပါ။
တောင်တတိုင်းများကားရံထားသော အင်းယားရွာပတ်လယ်တွင် နှင်းမှုံများပိတ်အောင်ကျလာပါပြီ
။ နေကြာအရိုင်းပန်းလေးများလည်း၊
လွပစြာ ဖူးပွင့်လာကြပါပြီ။ ဤသည်ပင်
ပြင်ဦးလွင်မြို့၏ကြက်သရေ၊ပြင်ဦးလွင်မြို့
၏ သရုပ်မဟုတ်ပေလား။
နှင်းတွေကျတော့၊စောစောမိုးချုပ်သည်။
ဆိုင်စောစောသိမ်းရသည်။ ဆိုင်တခါးပိတ်ပြီး
လို့ခနအကြာတွင်၊တခါးခေါက်သံသဲ့သဲ့ကြား
ရသည်။ တခါးအားဖွင့်ကြည့်လိုက်တဲ့အခါ၊
သတိရပေမဲ့၊ထင်မှတ်မထားသော၊အခါတွင်
မုတ်ဆိတ်မွေးတွဲလွဲနှင့်ရှမ်းဖိုးဖိုး
ရောက်လာသည်။
ခေါက်ဆွဲခွန်နှစ်ရာ့ငါးဆယ်ဖိုး ရမလားတဲ့။
တစ်ပွဲတစ်ထေါင့်ငါးရာကျပ်ဖြင့်ရောင်းနေသောအခါတွင်၊
ခွန်နှစ်ရာ့ငါးဆယ်ဖိုးဆိုပေသည့်၊
ရပါတယ္ဖိုးဖိုး
ဆိုင်အတွင်းသို့ကြွပါ ဟု နန်းရွှေရည်က
ဖိတ်ခေါ်လိုက်သည်။
အခန်းအလယ် ခေါင်းရင်းခုံ၏၊ထိပ်ဆုံးတွင်
နေရာချပေးလိုက်၏။ထိုအခါရှမ်းဖိုးဖိုးက၊
လွယ်ထားသောအိပ်များအား၊စားပွဲလွတ်တစ်ခုပေါ်တွင်တင်ထား၏။နန်းရွှေရည်ကြည့်လိုက်
သောအခါ၊အိပ်အရွယ်မျိုးစုံပါ၍၊တစ်အိပ်နှင့်
တစ်အိပ်ချိတ်ဆက်လျှက်၊ခက်နွယ်ထား
ကြောင်းသတိပြုမိပါသည်။
ခေါက်ဆွဲပွဲအားချပေးလိုက်သောအခါ၊ပူနေသည်ကိုမှုတ်ပြီးအေးအေးဆေးဆေးစား၏။
စားပြီးလျှင်ရေနွေးတစ်ခရား ကုန်အောင်သောက်၏။ပြီးမှခေါက်ဆွဲဖိုး
ခွန်နှစ်ရာ့ငါးဆယ်ကျပ်အားရှင်းပြီး၊ဘေးလွယ်အိပ်များအားကောက်ယူ၍လွယ်ရင်း၊
စားလို့အလွန်ကောင်းပါတယ်။
ဈေးရောင်းရင်၊
မေတ္တာစေတနာမခမ်းနဲ့၊
မေတ္တာအကျိုး၊နှစ်ဆတိုးလို့၊
အကျိုးအမြတ်ပွားပါစေ။
ဟုဆုပေးပြီး၊
ရွှေအင်းတင် ဘုရားကုန်းရှိရာတောင်တန်းများဆီသို့
ထွက်ခွာသွားပါသည်။
နောက်သို့ပြန်မကြည့်ခဲ့ပါ။
အမှတ်မထင်၊နံရံပေါ်ကပြက္ခဒိန်အားမော့ကြည့်
လိုက်တော့၊ဇန္နဝါရီလ 21ဖြစ်နေပါတယ်။
ပြင်ဦးလွင်ရာသီဥတုကအခုလိုဆောင်းလတွင်
အအေးကြမ်းပါတယ်။
အအေးဒဏ်မခံနိုင်တဲ့အမေ၊မီးဖိုဘေးမှာ
မီးလှုံ နေရပါပြီ။
ခြေတောက်များပိုပြီးအေးမလာစေရန်၊
အိပ်ယာပေါ်တွင်ကွေးနေသော၊မြေအဖွားနှစ်
ယောက်အား ခြေစွတ်များစွတ်ပေးယင်း၊
ဟိုနှစ်ကလိုဘဲ၊ရှမ်းဖိုးဖိုး၊ပေးသောဆုအားပြောမိပါသည်။
အမေကပြောသည်။
ခေါက်ဆွဲပိုများလာလို့၊လူတွေလက်ခံလာပြီ
ဟုတ်ပါရဲ့၊အရသာပိုပြီးကောင်းအောင် လုပ်
ပေးနိုင်ရင် ပိုပြီးမကောင်းပေဖူးလား…တဲ့။
ဟုတ်ပါရဲ့၊ နန်းရွှေရည် သတိမထားမိခဲ့ပါ။
မြို့ထဲက၊နံမည်ရ၊ခေါက်ဆွဲဆိုင်များတွင်၊
တစ်ဆိုင်ပြီးတစ်ဆိုင်၊ခေါက်ဆွဲ ဝယ်ပြီး
စားကြည့်သည်။ သူတို့ဘာပစ္စည်းသုံးလို့အရသာပိုပြီးကောင်း
ပါသလဲ။လေ့လာသည်။စမ်းသပ်သည်။
ကြာလာတော့နန်းရှေွရည်လိုချင်တဲ့အရသာ
အားတွေ့ပါပြီ။
လူအများသဘောကျနှစ်ခြိုက်ကြသည်။
နန်းရွှေရည်တို့ဆိုင်၊ရှမ်းဖိုးဖိုးပြောသွားတဲ့
ဝင်ငွေ နှစ်ဆတိုးလာပြီပေါ့။
သည်နှစ်မှာဘဲ၊ကိုစိုင်းအား ရဟန်းဝတ်ပေးပြီး
သမီးငယ်အား သီလရင်ဝတ်ပေးနိုင်သည်။
ကိုယ်တိုင်လည်းသင်္ကြန်တွင်းတရားစခန်း
သို့ဝင်နိုင်ခဲ့သည်။
ခေတ်ကာလက အရင်လိုအဆင်မပြေပါ။
ရောင်းကုန်များရှားလာပြီး၊အစစအရာရာဈေးတက်လာပါသည်။
အဖွားတစ်ယောက်က၊သူပိုင်ဆိုင်ထားတဲ့
မြေကွက်အားအတင်းရောင်းနေပါသည်။
မြေကွက်တန်ဖိုးအားပေးစရာမလိုပါ။
သူအသက်ရှင်နေသမျှ ထမင်းကျွေးပေး
ရပါမည်။ ကျန်းမာနေတုံး တာဝန်မကြီး
သော်လည်း၊အိုမင်းမစွမ်းဖြစ်နေပါက
အခက်တွေ့နိုင်ပါသည်။ ရှိစေတော့ ကုသိုလ်
တစ်ခုအနေဖြင့် လက်ခံလိုက်ပါသည်။
မိသားစုတစ်စုကအရေးဆိုလာပြန်သည်၊သူတို့မှာအခက်အခဲရှိလို့ပါတဲ့။
သူတို့မြေကွက်အား၊ရှိသလောက်ငွေပေးပြီး
ဝယ်ယူပါ။ကျန်ငွေအားတတိတတိပေးချေပါတဲ့။
လက်ထဲတွင်ငွေပိုငွေလျှံများများစားစား
မရှိသော်လည်း၊ရှိသလောက်ပေးချေပြီး၊
တတိတတိပေးချေရန်ကြိုးစားခဲ့ပါသည်။
သူတို့ရောင်းချသောမြေများမှာ၊လယ်စိုက်လို့မကောင်းသော၊တောင်စောင်းမြေများဖြစ်ပါ
သည်။ မြေကျယ်သော်လည်းအခြားသူများ
ဝယ်သူမရှိပါ။
တောင်ယာအနည်းအပါးစိုက်ပျိုးလို့ရသဖြင့်
နွမ်းပါးသူများအား၊တစ်နှစ်တစ်ဝါ လုပ္စား
ပိုင်ခွင့်ပြုထားပါသည်။
သည်လို့ဖြင့်တနှစ်ကုန်လို့ဇန္နဝါရီလၦန်းခဲ့ပြန်ပါပြီ
၂၁ရက်နေ့ရောက်တော့၊ဒီနေညနေက ရှမ်းဖိုးဖိုး လာနေကျရက်ဘဲ။
မနက်ထဲက ခေါက်ဆွဲကြော်ရန်အမယ်စုံအား
ကြိုတင်ပြင်ဆင်ထားပါသည်။အခြားလှူလို့ရတဲ့ပစ္စည်းများအားလည်း၊လှူဖို့ကြံရွယ်ထားပါသည်။
ညေန၅နာရီ၊၆နာရီ၊၇နာရီ ရှမ်းဖိုးဖိုးအား
ထွက်ပြီးမျှော်၏။မရောက်လာပါ။
အချိန်တန်လို့၊ဆိုင်တခါးပိတ်လိုက်ရ
သော်လည်း၊တခါးလာပြီးမခေါက်ခဲ့ပါ။
သည်နေ့ညအိပ်လို့မပျော်ခဲ့။
ွချွတ်ချွတ်ကြားတိုင်း၊ရှမ်းဖိုးဖိုးလို့ထင်နေသည်။တစ်ရက နှစ်ရက်ဆက်လို့မျှော်သော်လည်း၊
ရှမ်းဖိုးဖိုးရောက်လို့မလာပါ။
နှစ်စဉ် ဇန္နဝါရီလ၂၁ရက်နေရောက်တိုင်း၊
ရှမ်းဖိုးဖိုးအားမျှော်နေပါသော်လည်း၊
လေးငါးနှစ်ကြာသည့်အထိ ရှမ်းဖိုးဖိုးက
မရောက်လာတော့ပါ။
ပိုက်ဆံရှာဖွေရခက်သော၊သုံးစွဲလို့ကုန်လွယ်
သောခေတ်များနှင့်ကြုံကြိုက်သော်လည်း၊
ပါးစပ်ကမစားဘဲနေလို့မရပါ။
ထို့ကြောင့်ခေါက်ဆွဲဆိုင်ကရောင်းလို့ကောင်းမြဲ
ကောင်းပါသည်။
တနေ့တော့၊ခေါကိဆွဲအထုပ်တော်တော်များ
မ်ား အော်ဒါရ၏။စရံငွေတချို့တဝက်လည်း
ပေးထားပါသည်။မနက်ပိုင်းလာယူရန်ဖြစ်
သော်လည်း၊ညနေထိလာမယူပါ။
သည်နေ့တော့ရှုံးပါပြီ။ စိုင်းဝမ်းတစ်
တဖျစ်တောက်တောက်ဖြင့်မီးဖိုခန်းမှ
ပြောနေ၏။
နန်းရွှေရည်လည်း၊ထည့်ထားပြီးခေါက်ဆွဲ
ဗူးများအားရှေ့ခန်းသို့ထုတ်ပြီး၊စိတ်ညစ်ညစ်ဖြင့်ထိုင်နေ၏။အချိန်မှာညနေလေးနာရီကျော်
သာရှိပါသေးသည်။
ထိုအချိန်တွင်၊တောင်တန်းကြီးများအား
ကျော်ပြီး၊နှင်းထုမုန်တိုင်းကြီးကျလို့လာ၏။
တဖြည်းဖြည်းကြည့်ရင်းကြည့်ရင်း၊
ဝါးတရိုက်စာအကွာမှ လူလာသည်ကိုပင်
သဲကွဲစွာမမြင်ရတော့။
သို့သော်နှင်မှုန်များကြားတွင်မြင်လိုက်ထာ
တစ်ခုတော့ရှိသည်။
အဖိုး…အဖိုး…ရှမ်းဖိုးဖိုး…
ခမောက်ကိုဆောင်းပြီး၊လေတွင်လွင့်ပါ
နေသောမိုးကာအကျၤီအားဝတ်ထားသည်။
နန်းရွှေရည်အပြေးလိုက်ပြီးခေါ်ပါ၏။
ရှမ်းအဖိုးက လက်ညိုးနှစ်ချောင်းအား
နောက်ဖက်သို့လှည့်ပြီး ထိုးပြပြီး ၊သူကေတာ့
ရှေ့ဘက်သို့ဆက်သွားသည်။
နောက်သို့ပြန်မကြည့်တော့ပါ။
အဖိုးအား၊
ခေါ်လို့မရသဖြင့်နန်းရွှေရည် ဝမ်းနည်းစွာ
နောက်ဘက်သို့လှည့်ကြည့်လိုက်သောအခါ၊
လူတွေ…လူတွေ..ဘယ်ရွာသားတွေလည်းမသိ။ ခမောက်တွေဆောင်းပြီး၊တရွင်း၊ပေါက်တူး၊
ချွန်း၊ဓား စသည့်လက်နက်များအားထမ်း
ပြီး၊နန်းရွှေရည်တို့ဆိုင်ရှေ့မှဖြတ်ပြီးလာနေ
ကြသည်။
နန်းရွှေရည်
သတိရတဲ့အခါ၊ထိုသူတစ်ယောက်စီအား
ခေါက်ဆွဲတထုပ်စီလှူနေမိပါ၏။
ဘယ်နှစ်ယောက်ရှိလို့ဘယ်လောက်ကြာသွား
မှန်းမသိပါ။
ခေါက်ဆွဲထုပ်အားလုံးကုန်သွားသော
အခါမှသာထိုလူအားလုံးလည်းစုံသွားပါသည်။
ဘာကြောင့်မှန်းမသိ။
နန်ရွှေရည်၊ထိုအချိန်ကစပြီးစိတ်ချမ်းသာသွားသည်။ ရှမ်းဖိုးဖိုးပြောထားတဲ့၊
စိတ်ကောင်းထား၊မေတ္တာထားရင်
နှစ်ဆပွားလိမ့်မယ်…ဆိုတဲ့စကားအား
အမြဲကြားနေပြီး။
နှစ်ဆပွားရန်အမြဲကြိုးစားနေပါသည်။
ခေတ်စနစ်တွေအလီလီပြောင်းတော့လည်း
ပြင်ဦးလွင်မြေတွေကတန်ဖိုးရှိလာပါတယ်။
သစ်ပင်စိုက်တဲ့ယာမြေတွေက၊အင်းယားဗီလာ
ခေါ်အိမ်ယာစီမံကိန်းတွေဖြစ်လာပါပြီ။
မြေယာတွေပိုင်ဆိုင်ထားတဲ့နန်းရွှေရည်တို့
မိသားစုလည်း၊
ဇော်နေကြာစိ ပိုင်ရှင်သူဌေးတွေဖြစ်ကုန်ပါပြီ။
စာရှုသူများခင်ဗျား။
ဘိုးတော်က ၊မကောင်း ၊မမည်ဖြစ်သော်လည်း၊
မိမိ၏မွန်မြတ်သောစိတ်ကောင်းနှင့်
ပင်ကိုယ်ဝိရိယ ပါသူဖြစ်မှသာ၊
တိုးတက်ကြီးပွားသူဖြစ်နိုင်ပါကြောင်း၊
တကယ့်အဖြစ်အပျက်အားအခြေခံပြီး
မှတ်တမ်းတင်အပ်ပါတယ်။
ဆရာမောင်သာလိ
၁.၁၁.၂၃