နေရာမှန်သို့ပြန်ခဲ့သည်(စ/ဆုံး)
———————-
သည်ခြံနှင့်သည်တခါးအား ပိတ်ထားခဲ့သည်မှာ၊သုံးနှစ်၊မဟုတ်ပါဖူး၊ငါးနှစ်လောက်ကြာပြီထင်သည်။ဝန်းတခါးအား ငေးကြည့်နေမိသည့် ဆရာဆောင်း ၊၊ခရီးဆောင်အိပ်ထဲမှသော့တွဲအားယူပြီး၊ဟိုသော့တန်နှင့်တော်နိုးနိုး၊သည်သော့တန်ဖြစ်နိုးနိုး ဖြင့်သော့ခလောက်အားဖွင့်ကြည့်သည်။အားလုံးသောသော့များ ဖွင့်လို့မရ တော့ပါ။
လောကကြီးက သည်လိုပါဘဲ၊
ခေတ်ကာလက ပြောင်းလဲလာပေပြီကို။ ဟိုတုံးခါက မှန်တယ်ဆိုတာ တစ်ခုလောက်တော့ ရှိတတ်ပေမဲ့ အခုအခါ အားလုံး အားလုံးအမှားဖြစ်လို့သွားပြီလား ။တွေးတောစရာပါ။
အနီးမှကျောက်ခဲတစ်လုံးအားကောက်ပြီး သော့ခလောက်အားထုလိုက်မှ၊ကပ်နေသော သော့ သံချီးများကွာကျပြီး သော့ပွင့်သွားပါ သည်။
မမှန် ဖူးဆိုသောအရာအားအကြမ်းကိုင်ပေး လိုက်တော့လည်း မှန်ပေးရပါကလား။ သို့သော် နေရာတိုင်းဖိအားပေးလို့တော့မရပါ။ဆရာဆောင်း တစ်ယောက်ထည်း ဘာရယ်မဟုတ်
တွေး နေမိ၏။
ထိုအခါ သူ၏ မဲ့တဲ့တဲ့ မျက်နှာပေါ်တွင် အပြုံးရောင်သန်းလို့လာပါသည်။
မခူးဆွတ်ဘဲခြံထဲတွင်ပစ်ထားခဲ့သော အရိုင်းပင်များအား တိုးဝှေ့ဖြတ်သန်းလာသော လေနုအေးကြောင့် စိတ်ထဲတွင်ကြတ်သိပ်နေသောခံစားချက်များ ရှင်းသွားသလိုခံစားရသည်။
ဆရာဆောင်းတစ်ယောက်သာရှိသည့်နေရာ၊တစ်ယောက်ထည်းစကားပြောနေမိ၏။သူများအမြင်တော့ထင်ချင်သလိုထင်ကြမည်။ထင်ကြပါစေ။
မိန်းမ မိညို၊ဇနီးသယ်အမေညို၊မင်းတော်ပါပေသည်။စာမတတ်ပေမဲ့၊ မင်းမှာအသိရှိ၏။ ဆန်းစစ်တတ်သောသတိရှိ၏။
ငါ ဆိုတဲ့ ဆရာဆောင်း ကသာစာတတ်ပေတတ်ဖြစ်ပေမဲ့သံယောဇဥ်ကြောင့်၊စေတနာပိုခဲ့လို့ အမှားတစ်ခုကျူးလွန်မိခဲ့ပြီ ။စေတနာထားတိုင်းလည်း အမှန်မဖြစ်တတ်ပါလား။သတိပြုမိခဲ့ပါ၏။
နောက်တစ်ခါ သည်အမှားမျိုးအား ထပ်ပြီး မကျူးလွန်မိအောင် ဆင်ချင်ပါ့မယ် အမေညို ရေ။ကတိပေးပါတယ်။
အမေညို သူမ မသေခင်က ဆရာဆောင်း အားကတိတစ်ခုတောင်းသွားခဲ့သည်။ ရှင် ရှိနေသမျှ သည်အိမ်နှင့်သည်ခြံအားမည်သူ့ကိုမျှ၊မရောင်းရ။မပေးရ…တဲ့… မှာခဲ့ပါတယ်…အခုတော့၊မင်းမှန်ပါတယ် မိညို။
မင်းစကားကို ရှေ့ဆက်ပြီး ငါနားထောင်ပါတော့မယ်လို့ ထပ်ဆင့်ကတိ ပေးပါတယ်။
သို့ပေမဲ့ အဖိုးချစ် မြေးကလေးများကိုတော့ သတိရနေတယ် မိညိုရေ။ တတ်နိုင်ပါဖူးလေ
ကံစီမံရာ ဘဲပေါ့။
***************************
ဆရာဆောင်းတို့လင်မယားနှစ်ယောက်ထည်း မြို့၏ဇနပုတ် ရပ်ကွက်ကလေးတွင်အခြေချနေထိုင်ခဲ့ကြသည်မှာအိမ်ထောင်ကျခါစမှယ္ခုတိုင်
ကြာလေပြီပေါ့။
မောင်မောင်သိုက်ဟုခေါ်သောသားတစ်ယောက်သာ မွေးဖွားခဲ့ပါသည်။
တစ်ဦးတည်းသောသားဆိုတော့ အသက်မျှချစ်ကြ၏။
ဒါပေမဲ့အလိုမလိုက်။သင်သင့်သောပညာကိုသင်ပေးပြီး၊လုပ်သင့်သောအလုပ်ကိုသာလုပ်စေခဲ့သည်။
သူ့အားအင်ဂျင်နီယာဖြစ်အောင်မိဘနှစ်ပါးတို့ကပြုပြင်ပေးခဲ့၏။အခုအခါမြို့နယ်အဆင့်အင်ဂျင်နီယာကြီးပင်ဖြစ်နေပါပြီ။အိမ်ထောင်ကျပြီးသားသမီးများပင်ရရှိလို့နေပါပြီ။အင်ဂျင်နီယာဆိုတော့လည်း မြို့မှာဘဲနေရမှာပေါ့လေ။သူ့အလုပ်က ရွာမှာမှမရှိလေဘဲ။
မူလတန်းကျောင်းအုပ် ဖြစ်သောဆရာဆောင်းတို့သာ၊ကိုယ်နှင့်သင့်လျှော်သောနေရာ မှာနေပြီး၊ နေ့စဉ်စက်ဘီးကလေးတစ်စီးဖြင့်စာသင် ကျောင်းသို့သွားနေရသည်ပေါ့။မိမိဝါသနာပါရာအလုပ်ကိုလုပ်ရတော့ပင်ပန်းသည်ဟုမတွေးမိခဲ့ပါ။
လင်မယားနှစ်ယောက်ချစ်ကြည်ဖြူစွာ ပေါင်းသင်းနေထိုင်ကြသော်လည်း၊ကံတရားကသည်အတိုင်းမထား။ ဆရာဆောင်းပင်စင်ယူမည့်နှစ်တွင် ဇနီးဒေါ်ညိုဆုံးသွားခဲ့သည်။ တစ်ယောက်ထည်းနေရသော ဆရာ ဆောင်းအား အိမ်နီးနားချင်းများကသည်အတိုင်းမထားလို။ အမျိုးမျိုးသော ဇနီးလောင်းများရှာပြီး အောင်သွယ်ပေးကြပါသည်။
ဆရာ ဆောင်းလက်မခံခဲ့ပါ။
သူ၏ဇနီးဆုံးပါးသွားခဲ့သော်လည်း သူတွင်မိသားစုရှိနေ၏။ သူချစ်သောသားနှင့် မြေးကလေးမိသားစုတို့ရှိနေခဲ့သည်။
ဇနီးသည်ဆုံးပြီးတစ်နှစ်မကြာမီ သားနှင့်မိသားစုတို့ သူထံသို့ရောက်လို့လာကြ၏။
မြေးကလေးများအားစာသင်ပေးပါရန်အကြောင်းပြချက်ဖြင့်သားနှင့်ချွေးမတို့ကသူ့အားသူတို့နှင့်အတူလိုက်ပါ ပြီးနေ ရန်အတင်းခေါ်ကြသည်။ သူ၏စိတ်အမှန်က ဇနီးသည်ခေါင်းချသွားခဲ့သော ဤဒေသကလေးအားရုတ်တရက်မခွဲခွာလိုပါ။သား၏ဇနီးသည်သမီးချွေးမက သူ့အိမ်နှင့်ခြံအားရောင်းခဲ့ရန်အတင်းတိုက်တွန်း ၏။ယုတ်တရက်တော့ ဆရာထွန်းရောင်းချရန်စိတ်ကူးပါသေးသည်။ဝယ်သူများရောက်လာမှ၊ဇနီးသည်မသေခင်မှာခဲ့သောစကားအား သတိရပြီး၊အိမ်နှင့်ခြံအားမရောင်းဘဲ ၊သောခတ်ပြီးထားခဲ့ရန်ဆုံးဖြတ်ခဲ့၏။သူ၏
မြေးများအားစာသင်ပေးရန်ဟူသောရည်ရွယ်ချက်တစ်ခုဖြင့် ၊သားတို့မိသားစုအခြေချရာ
ဒေသ အသစ်တစ်ရောသို့လိုက်ခဲ့ရသည်။စိတ်ထဲမှာတော့ ထူးထူးခြားခြား မပျော်လှပါ။
မိမိ၏စိတ်တွင် လွတ်လွတ်လပ်လပ်နေချင်သောဆန္ဒကြောင့်
သားတို့၏အိမ်၊အိမ်ကြီး၏ ဘေးတွင် အဆောင်လေးတစ်ခုဖွဲ့ပြီးနေထိုင်ခဲ့ပါသည်။ ဘုရားဆောင်နှင့်တွဲလျက်အိပ်ခန်းနှင့်မြေးသုံးယောက်တို့အားစာသင်ပေးရန် စာသင်ခန်းကလေးပါဆိုရင်၊စုစုပေါင်းနှစ်ခန်းဖွဲ့ထားသည်။အခန်းကျင်းတွင်နေရပေမဲ့ ကိစ္စမရှိပါ။ မိမိလုပ်သင့်သောလုပ်ငန်းဆောင်တာများအား လုပ်ပေးနေရမည်ဆိုလျှင်ကျေနပ်ပါသည်။
ပထမဆုံးမြေးကလေးများအခြေအနေအားဆန်စစ်ကြည့်မိသည်။ကျောင်းတွင်အတန်းတွင်း ဖြေဆိုထားသောအဆင့်များမကောင်းကြပါ။ ဘာကြောင့်လဲ၊ဆန်းစစ်ကြည့်သည်။
သချ်ာဘာသာ အလီများမှန်ကန်စွာမရ။ အလီတစ်ခုအဖြေထွက်ရန် အစမှ စပြီးဆိုနေရသည်။ အပေါင်းအနုတ်အတွက် လက်ချိုးပြီးရေတွက်နေရတုံး။ သည်မျှလေ့ကျင့်ထားယုံမျှဖြင့်ဘယ်လိုခရီးရောက်မည်လဲ။ အချိန်ယူပြီးပြင်ပေးရသည်။အဆိုးဆုံးက
မိဘများအလိုလိုက်ထားသဖြင့်
အိမ်လေ့ကျင့်ခန်းအား ဂဏန်တွက်စက်သုံးပြီးတွက်နေသည်။ခေတ်မှီပါသည်ကောင်း၏။စာသင်ခန်းမှာအသုံးပြုလို့မရ။ စက်မပါဘဲတွက်လျှင်ခရီးမရောက်တော့၊
အတော်လေးဖြောင့်ဖြပြီးဆုံးမယူရသည်။
အဆင့်မြင့်ဆုံး အတန်းရောက်သည့်တိုင် သချ်ာကိုလက်ချိုးပြီးတွက်နေလို့ဘယ်လိုထူးချွန်ပါ့မလဲ။
အဂ်လိပ်စာ၊ စာလုံးပေါင်းကျက်ရန်မလိုဟုပြောကြသည်။
စာလုံးပေါင်းမမှန်ဘဲဘယ်လိုဝါကျတည်ဆောက်မလဲ။
ဂရမ်မာ သဒ္ဒါအထားအသိုမမှန်
အချိန်ကာလပိုင်းခြားပြီးမရေးတတ်ရင် ဘယ်မှာဂုဏ်ထူးရပါမလဲ။ ပုံစံပြစာတစ်ကြောင်းအားတုပြီးရေးတတ်ယုံမျှနှင့်အားလုံးအမှန်မဖြစ်နိုင်ပါ။ဆရာဆောင်းပြုပြင်ပြီးသင်ပေးရပါသည်။
မြန်မာစာ လက်ရေးကမလှ။
သတ်ပုံကမမှန်၊ရေးထုံးကမကျွမ်းကျင်၊ပြင်ပေးစရာတွေများပါသည်။ ကိုယ်တိုင်ရေး
ဖို့ပြောလျှင် စာတစ်ကြောင်းတောင်ဖြောင့်အောင်မရေးတတ် သေး။နေ့စဥ်
မုန့်ဝယ်ကျွေးခါ ချော့မော့ ပြီးသင်ပေးရ၏။မြှောက်ပေးပြီးပြိုင်ဆိုင်ခိုင်းရ၏။ ပုံမှန်လမ်းပေါ်သို့ပြန်ရောက်ရန် အတော်ပင်ကြိုးစားပြီးသင်ပေးခဲ့ရပါသည်။ သင်ရင်းပြင်ရင်း
အတန်းထဲတွင် အတော်ဆုံးနေရာအားမှန်းလို့ရလာကြပါပြီ။ သို့ သော်တည်မြဲသောနေရာတော့မဟုတ်ခဲ့သေးပါ။ပြိုင်ဆိုင်လိုခြင်းဖြင့်ကြိုးစားချင်စိတ်အား မွေးပေးရပါအုံးမည်။ ဤအရာသည်စာတော်သူဖြစ်ရန် အရေးကြီးဆုံးကိစ္စဖြစ်ပါသည်။
အားလပ်သောအချိန်များတွင်မြေးကလေးများအားခေါ်ပြီးဘုရားကျောင်းကန်များသို့သွားရောက် လယ်ပတ်နေရသဖြင့် ဆရာဆောင်း ပျော်၏။
အလှူအိမ်များသို့လည်းမြေးကလေးများအားခေါ်ပြီး သွားရောက် ကုသိုလ်ပါဝင်ဖူးပါသည်။ လူအများအပေါ်တွင်
ကျိုးကျိုးနွံနွံဆက်ဆံတတ်အောင် သင်ပေးထားသဖြင့်
တွေ့ရှိသူတိုင်းက သည်ကလေးများလိမ္မာကြသည်ဟုချီးမွန်းကြပါသည်။မြေးတို့ကျောင်းမှ
ကျောင်းအုပ်ဆရာကြီးနှင့်ဆုံခိုက်၊မြေးကလေးများစာတော်ကြောင်းပြောလာသဖြင့်၊မိမိသင်ပေးရကျိုးနပ်ပါပြီ ဟုဆရာဆောင်း တွေးတောမိပါသည်။ထိုအခါမျိုးတွင် သေဆုံးသွားသောမိမိ၏ဇနီးသည်ကိုပင်မေ့လျှော့နေသလိုခံစားမိပါသည်။
ဘာကြောင့်လည်းမသိပါ။
မိမိခံစားမိသောထိုပီတိမျိုးသည် ကြာရှည်မခံခဲ့ပါ။
အကြောင်းဖန်တည်းသူက မိမိ၏ချွေးမကြောင့်လို့ ပြောရပါမည်။
အလှူပွဲတစ်ခုသို့သွားရောက်ရန်ဇနီးသည်ဒေါ်ညိုဝတ်ဆင်ခဲ့သောက်ဝတ်လက်စားများအားချွေးမကမိမိထံခေတ္တငှား၍၊ဝတ်ဆင်၏။ ဟိုလိုလိုသည်လိုလိုဖြင့်မိမိထံပြန်မအပ်တော့ပါ။
ထိုကိစ္စအားသားဖြစ်သူသိဟန်မတူပါ။ပြန်ပြောလျှင်လင်မယားချင်းအချင်းများနိုင်မည်ကိုစိုးရိမ်သဖြင့် မိမိကပြန်မပြောဖြစ်ပါ။ တစ်ခါ မိမိသိမ်းစီးထားသော၊ပင်စင်ငွေများကိုလည်း ယူပြီးသုံးလိုက်ဟန်တူ၏။မေးကြည့်တော့လည်းသူမယူပါတဲ့။
ပတ်ဝန်းကျင်ကပြောကြသည်၊
အန်ကယ်ချွေးမက လောင်း ကစားပြုလုပ်ပါသတဲ့။
တိုးတိုးတိတ်တိတ်ဆုံးမကြည့်၏၊မရပါ။ တစ်နေ့ထက်တစ်နေ့ပိုပြီးဆိုးလာသည်။သည်ထက်ပိုပြီးပြောရပါလျှင်
မိမိစကားဖြင့်ပြောလို့မထွက်သော ဖောက်ပြန်မှုတစ်ခုအား
ကျူးလွန်နေသည်ကို မိမိနှင့်ပက်ပင်းတိုးနေသည်။
ထိုနေ့မှစပြီး မိမိအားရန်သူသဖွယ် ဆက်ဆံလို့ လာပါသည်။ သားအားပြောပြလျှင်အချင်းများပြီး မြေးလေးများဒုက္ခရောက်တော့မည်။
မြေးကလေးများအား သည့်ထက်အဆင့်ပိုကောင်းချင်လို့ဆိုသောအကြောင်းပြချက်ဖြင့်မေးခွန်းပေးနိုင်သောဆရာများထံ ပြောင်းရွေ့အပ်လိုက်သည်။
ဤသည်မှာချွေးမ၏စနက်ပင်ဖြစ်ပါသည်။
မိမိမှာအလုပ်လက်မဲ့ဖြစ်သွားပြီ။ စာသင်ပေးဖို့လိုက်လာပြီး၊
ကျောင်းသားမရှိသောစာသင်ခန်းတွင် မိမိမနေလိုတော့။
သူများမသဒါသော ပေးစကမ်းစကိုစား၊လက်တို့လက်တောင်းအလုပ်များလုပ်ပြီး မိမိဤနေရာတွင်ဆက်လက်ပြီးမနေသင့်တော့ပါ။စိတ်မကောင်းလွန်းလို့ သက်မအကြိမ်ကြိမ်ချ၏။ လူကြီးဖြစ်လျက် မျက်ရည်အခါခါကျခဲ့ပြီးပါပြီ။
ဘုရားဖူးထွက်မည်ဟုအကြောင်းပြပြီး၊ အမေညိုခေါင်းချရာအရပ်သို့ပြန်လာခဲ့သည်။မြေးလေးများအားအသိမပေးဝံ့ခဲ့ပါ။
အမေညိုရေ မင်းပြောခဲ့တဲ့စကားမှန်ပါသည်ဟုပြောရတော့မည်။ ပိုင်ရှင်နှင့်ဝေးနေသောအိမ်အိုလေးကားသော့ခတ်ထားရာမှ သည်နေ့တော့ပြန်ပြီးဖွင့်လိုက်ပါပြီ။
***************************ရရပ်ကွက်လူကြီးများရှေ့မှောက်တွင် အမေညိုအမည်ပေါက်
အိမ်နှင့်ခြံတို့အားအမည်ပြောင်းလိုက်၏။တစ်ဉီးတည်းသောသား၏အမည်မဟုတ်ပါ။
စုဆောင်းထားခဲ့သောဘဏ်စာအုပ်မှ ငွေများအား ထုတ်ပြီး
ငွေစုလက်မှတ်သုံးဆောင်ဝယ်လိုက်၏။မြေးကလေးများ၏အမည်ဖြင့်ဖြစ်သည်။
နောင်ဆယ်လေးငါးနှစ်အကြာတွင် မိမိစီမံပြီးထားခဲ့သောအရာတို့သည် မိမိ၏မြေးးကလေးများအတွက်အသုံးဝင်ပါစေ။
ကိစ္စအားလုံးစီမံလို့ပြီးပါပြီ။
ဆရာဆောင်းဘယ်ဆီသို့သွားပြီး ဘယ်မှာနေမှာလဲ။အားလုံးကမေးကြသည်။
မစိုးရိမ်ကြပါနဲ့ဗျာ၊မိမိနေရန်နေရာရှိပါတယ်။
မိမိအားတကယ်လိုအပ်သော၊မိမိရှိနေပါလျှင် တန်ဖိုးတက်လာနိုင်သော ၊မိမိ၏ ဆရာဘဝအခြေစခဲ့သည့် သာလိကာ ရွာလေးဆီသို့ထွက်ခဲ့ပါသည်။
နေညိုချိန် ရွာကလေးဆီသို့ရောက်လာပါသည်။ငွေဗျိုင်းဖြူကလေးများကအုပ်ဖွဲ့ကာအိပ်တန်းသို့ပျံသန်း
နေကြပြီ။ရွာထိပ်သို့မျှော်ကြည့်လိုက်တော့၊တလှုပ်လှုပ်ဖြင့်နွားအုပ်ကြီးများ ရွာအတွင်းသို့လှမ်းဝင်နေကြပြီ။
ရွာထဲသို့လှမ်းဝင်လာသော ဆရာဆောင်းအားကလေးတစ်ယောက်ကတွေ့ပြီး ကျယ်လောင်စွာအော်လိုက်သောအသံက၊
“ဟေ…တို့ဆရာကြီး ရွာကိုပြန်လာပြီဟေ့….တဲ့။”
ရွာဦးကျောင်းဝိုင်းထဲက မူလတန်းကျောင်းဟောင်း ဇရပ်ကလေးတွင် ဆရာဆောင်း နားသည်အထိ လက်ဆင့်ကမ်းပြီး အော်ပြီးပြောနေသည်မှာ၊တစ်ရွာလုံး ဆူညံလို့နေပါတော့သည်။
အိပ်စက်ရန်အိပ်ယာများ၊
စားသောက်ရန်အစားအစာများ။ဆရာစောင့်ရှောက်ရန်တပည့်များ အလိုလိုရောက်လာကြသည်။ကျေးဇူးသိတတ်သောတပည့်များပါ။
လူတိုင်း၏ပါးစပ်ဖြားတွင်၊တို့ဆရာကြီး တို့ရွာကိုပြန်ရောက်လာပြီးဆိုသောစကားအားပြောလို့မဆုံးကြတော့ပါ။
ဆရာဆောင်း၏ အတွေးသည်အလွန်မှန်ခဲ့ပါသည်။ဤရွာမှကလေးများသည်၊ပညာငတ်၏။ကျောင်းပညာပြင်ပက
ပညာမျိုးစုံသင်ပေးရအုံးမည်။
ဆရာရှိမှ ပညာတတ်ထွက်ပေါ်မည်။ မသွေးရသေးသော ကျောက်ရိုင်းတုံးလေးများ များစွာရှိ၏။ကျောက်သွေးကောင်းသော ဆရာကောင်းများစွာလိုအပ်၏။ ပညာနို့ရည်တိုက်ကျွေးသင့်သော ကလေးများစွာရှိပါသည်။
ပညာလိုလားသူတို့ ခိုနားရာ
အရပ်သို့ဆရာဆောင်းပြန်ရောက်လာခဲ့ပါသည်။ ဤနေရာသည်ဆရာသည်ဆရာဆောင်းနေချင်သော၊နေသင့်သောအရပ်ဖြစ်ပါသည်။ ထိုအရပ်မှ
မောင်သာလိတို့လို ဘွဲ့ရပညာတတ်ကလေးများထွက်ပေါ်ခဲ့ပါသည်။ကျေးဇူးကြီးလှပါသည်ဆရာကြီးခင်ဗျား။
ဆရာမောင်သာလိ
၀၄.၀၁.၂၆