*ကိုးသင်္ချိုင်းပုဆိန်* (စ/ဆုံး)
——အဲ့ဒီတုန်းကတာတေနွားစာစဉ်းနေတာဗျာ။အဘရဲ့ နွားညိုကြီးနှစ်ကောင်ကအစားအသောက်ဂရုစိုက်ကျွေးမွေးတာရယ်။အနေအထိုင်ကောင်းတာရယ်ကြောင့်ဝဝဖြိုးဖြိုးနဲတကယ်နွားချောကြီးတွေဖြစ်လာတယ်ဗျ။သူတိုတွေကိုဂရုစိုက်တော့လည်းသူတို့ကလည်းပြန်ပြီးဂရုစိုက်တော့တာပေါ့ဗျာ။ကျူ ပ်တိုနွားကြီးတွေက လွှတ်လိမ္မာတာဗျ။တကယ်ကိုကြိမ်လွတ်တဲကောင်တွေဗျ။ကြိမ်လုံးနဲရိုက်ဖို့ဝေးရောတို့တောင်မတို့ရပါဘူးဗျာ။နွားစာစဉ်းတယ်ဆိုတာအာရုံငြိမ်ဖို့တော့လိုသားဗျ။ခြေထောက်ကလည်းချက်မှန်မှန်နင်းရတယ်။လက်ကလည်းပြောင်ဖူးရိုးတွေကိုမပြတ်ထိုးပေရတာမို့လားကျူပ်ကလည်းပြောင်းရိုးတွေတောင်းတစ်လုံးပြည့်တော့ရပ်လိုက်တယ်။ဒါတွေကိုနွားစာခွက်မှာပြန်ထည့်ပေးရမှာလေ။နွားစာတောင်းကို မ မလိုလုပ်နေတုန်း. . . . . . . . .“အရီး တာတေရော”“ဟဲ သာဆန်းပါလား တာတေရှိတယ်နွားစာစဉ်းနေတယ်ဟဲ့နင်ကဘယ်ကလှည့်လာတာတုံး”“ဒီကိုပဲအရီးရဲ့ တာတေ့ဆီလာတာ”” ကိစ္စရှိလို့လား သာဆန်းရဲ့။ နင့်ကြည့်ရတာအရေးတကြီး ဖြစ်နေပုံပါလား ပုဆိုးကြီးကလည်းတိုတိုကြီးဝတ်လို့ဘာဖြစ်လာတာတုံးဟဲ့”” ကျူပ်တို့မြောက်ဘက်ဝိုင်းကဖိုးထောင်ရဲ့မိန်းမ မိညုက်ကိုသရဲ ဝင်ပူးနေလို့ဗျ”“ဟေ ဟုတ်လား မိညုက်ကို ဘယ်ကသရဲကလာပူးနေတာတုံးဟဲ့ သာဆန်းရဲ့”“ကျူပ်လည်းမသိဘူးဗျ အိမ်ထဲမှာတော့ဝုန်းဒိုင်းကျဲနေတာပဲ အရီးရဲ့လူတွေလည်းအုံနေပြီ”အိမ်ရှေ့မှာ အမေနဲ့ကိုသာဆန်းပြောနေတာတွေကိုနွားစာထည့်နေရင်းကျုပ်ကြားနေရတယ်။နွားစာခွတ်ထဲမှာ နွားစာထည့်ပြီးပိုနေတဲ့ပြောင်ဖူးရိုးတွေကိုတောင်းကလေးခါးစောင်းတင်ပြီး နွားတင်းကုပ်ထဲကထွက်လာတယ်။နွားစာစဉ်းတဲခုံပေါ်မှာနွားစာတောင်းကိုတင်ပြီး အိမ်ရှေ့ကို ထွက်လာခဲ့တယ်။“တာတေရေ ရွာထဲတော့အကြောင်းပေါ်နေပါကောဟေ”့“ကျူပ်ကြား ပါတယ် ကိုသာဆန်းရဲ့။ဘယ်လိုဖြစ်တာတုံးဗျာ ရှာမှာဒါမြို းဘယ်တုန်းကမှမရှိခဲ့ပါဘူးဗျာ”“အေးလေကွာ ငါတိုရွာမှာ ဒီအဖြစ်မျီူးကြားတောင်မကြားဖူးပါဘူးကွာ”“ကဲကျူပ်လိုက်ကြည့်စမ်းမယ်ဗျာ။ဘယ်ကသရဲက အမညုက်ကိုဝင်ပူးနေပါလိမ့်ဗျာနို့ကိုသာဆန်းရဲ့အစ်မညုက်ယောကျာင်္းကိုဖိုးထောင်ကော ရှိရဲလား”“ဖိုးထောင်မရှိလို့ပြောနေ တာကွ။သူ့ယောကျာင်္းရှိ ဘာအေရးလဲကြ”“ကိုဖိုးထောင်က ဘယ်သွားတုံးဗျ”“ကိုဖိုးထောင်ကတောထဲဝင်ပြီးအိမ်တိုင်ခုတ်နေတယ်ကွ။ တို့ဘထွေး ကိုတင်ကြည်ကအိမ်တိုင်တစ်စုံမှာလို့ဖိုးထောင်ကသူ့လူတွေနဲ့တောထဲဝင်သွားတာ နှစ် ရက်ရှိ ပြီကွ”ကျူပ်တိုရွာက အလယ်ရိုးမနဲ့ သုံးမိုင်လောက်ပဲဝေးတာဗျ ။အစ်မညှက်ယောကျာင်္း ကိုဖိုးထောင္ကသူအဖေပေးခဲ့တဲ့ ယာကလေးလည်းလုပ်တယ်။အားတဲ့အချိန်တောင်ပေါ်တက်ပြီးအိမ်တိုင်တိုခြံတိုင်တို ခုတ်ပြီးရောင်းတယ်ဗျ။သူအဖေဘိုးအောင်သိန်း လက်ထက်ကတည်းကဒီအတိုင်းပဲ လုပ်ခဲ့တာ။သစ်ခုတ်ဝါးခုတ်အားကြီးကျွမ်းကျင့်တယ်။ကျူပ်လည်း ကိုသာဆန်းနဲ့လိုက်ခဲ့တာ။ကိုဖိုးထောင်တို့ဝိုင်းနားရောက်တော့လူကိုအုံနေတာပဲဗျာ။ရွာထဲမှာလူတောင်ကျန်သေး ရဲ့လားလို့တောင် ထင်ရတယ်။“ဟော တာတေ လာပြီဟေ့”တစ်ယောက်ကအော်လိုက်တော့လူတွေကကျူပ်ကို လှည်ကြည့်တယ်။ကျူပ်ကိုလူတွေက ပယောဂဆရာများ ထင့်နေရော သလားဗျာ။ကျူပ်နဲ့ကိုသာဆန်း လူတွေကိုတိုးပြီးအိမ်ထဲဝင်ခဲ့တယ်။ကိုဖိုးထောင်ကသူအဖေဘိုးအောင်သိန်းကြီးရဲ့အိမ်မှာပဲဆက်နေကြ တာဗျာ။ကိုအောင်သိန်းကသစ်ခုတ်သမားကြီးဆိုတော့သစ်ဝါးအကြောင်းကို အားကြီးနားလည်တာ။သူ့အိမ်ကိုဆောက်ထားတဲ့ သစ်တွေများ ကောင်းလိုက်တာမှဗျာ။ခြေတံရှည်အိမ် အောက်ထပ်မှာအဈမညှကျကို သရဲဝင်းပူးနေတာဗျ။“ဘာကောင်တွေတုံးနင်တို့ကငါ့ကိုဘာလုပ်ချင့်လို့တုံးငါ့သားကိုလည်းသတ်သွားသေးတယ်”သရဲပြောတဲ့စကားတွေကျူပ်ကောင်းကောင်းနားမလည်ဘူးဗျာ။ ဘာတွေပြောနေမှန်းကိုမသိတာ။ဒါပေမဲ့ကျူပ်သိတာကတော့သရဲတော်တော်ကို ဒေါသထွက်နေတာဗျီု့။အံကြိတ်လိုက်တာများ ကျွိ ကျွိ ကျွိ ဖြစ်နေတာ။“တာတေ ဒီဘက်ကိုလာကွာ နည်းနည်းပါးပါးမေးစမ်းကြည့်ပါဦး ငါတို့တော့ သူပြောတာကိုဘာမှနားမလည်တော့ဘူး”ကျူပ်ကိုမြင်တော့ အစ်မညှက်နားမှာမနီးမဝေးကထိုင်နေတဲ့ ကိုရုံးနဲ့ ကိုထွန်းကဆီးပြောတယ်ဗျ။ကိုသာဆန်းနဲ့ကျူပ်ကကိုရုံးတို့အနား ဝင်ထိုင်ပြီး သရဲကိုအကဲခတ်ရတာ့ပေါ့ဗျာ။ဟုတ်တယ်ဗျ။သရဲကကြိမ်းမောင်နေတာဗျိူ။ဘယ်သူ့ကိုကြိမ်းမှန်းလည်း မသိဘာကိုကြိမ်းမှန်းလည်းမသိနဲ့ဗျာ။သွားတွေကိုတကျွိကျွိမြည်အောင် အံကြိတ်လိုက် ၊ဝမ်းနည်းပမ်းနည်းနဲ့ ငိုလိုက်လုပ်နေတာဗျ။“ကဲ ပြောစမ်း ခင်ဗျား ဘယ်သူလဲ”ကျူပ်လည်း စိတ်ထဲနည်းနည်းတိုသလိုဖြစ်လာပြီး ခတ်ဆတ်ဆတ်မေးလိုက်တယ်။“ဘယ်သူပဲဖြစ်ဖြစ် နင် ဘာလုပ်ချင်သလဲနင်တို့တစ်ရွာလုံးကို သတ်မလို့ ငါလာတာ”“ခင်ဗျား ဘယ်သူဆိုတာမသိဘဲနဲ့ကျူပ်တို့ကဘာလုပ်ပေးရမှာတုံးခင်ဗျားကယောကျာ်းလား မိန်းမလားပြော”အစ်မညှက်ကိုပူးနေတဲ့ သရဲကကျူပ်ပြောတာကိုစဉ်းစာနေပုံ ပဲဗျ။ခနနေမှ. . . . . . . .“ငါ မိန်းမဟဲ့ မိန်းမ ငါနဲ့ငါ့ကလေးတောထဲမှာနေတာကြာပြီဂျပန်ခေတ်ကတည်းက နေတာ ““ဟင် ဒါဆို ခင်ဗျားက ဂျပန်ခေတ်မှာဒီဘဝရောက်တာပေါ့’“အေး ဟုတ်တယ် တိုက်ပွဲဖြစ်နေတော့ ငါသားကလေးကို ငါကဖက်ပြီးသစ်ပင်ကြီးနောက်မှာ ကွယ်ပြီးရပ်နေတာ။ဂျပန်ပစ်လိုက်တဲ့ကျည်ကငါတိုသားအမိကိုဖောက်ထွက်သွားတာ”“သြော် ဒီလိုကိုး”ကျုပ်ကခပ်တိုးတိုး ပြောလိုက်မိတယ်။စိတ်ထဲလည်း တကယ်ကို စိတ်မကာင်းဖြစ်သွားတာပေါ့ဗျာ။“ဒါဆိုရင် အခု ဘာကိုမကျေနပ်နေတာတုံး”ကိုသာဆန်းက အသံကျယ်ကျယ်ကြီးနဲ့ မေးလိုက်တယ်ဗျ။“ဒီအိမ်က အကောင် ငါ့သားကို သတ်လိုက်လို့ငါလိုက်လာတာ။ ငါသားကို ရက်ရက်စက်စက်ပုဆိန် ခုတ်သတ်တာ ငါမကျေ ဘူးဟဲ့နင့်တို့ရွာကို တစ်ရွာလုံး ငါ ပြန်သတ်မယ်”ဟင်ကိုဖိုးထောင်ကို ပြောတာပါလား။ဘယ်လိုဖြစ်တာပါလိမ့် ကိုဖိုးထောင် ဆိုတဲ့လူကအားကြီး အကုသိုလ်ကြောက်တဲ့လူဗျ။ငယ်ငယ်တုန်းက ပုဗ္ဗာရုံကျောင်းမှာနေတဲ့လူဗျ။ဆရာတော် ဝေယျာဝစ္စကို အမြဲတမ်းလုပ်ပေးတဲ့လူဗျ။ကုသိုလ်နဲ့ အကုသိုလ်ကိုခွဲခြားသိနိုင်တဲ့လူ။“ဟင် ဘယ်လိုဗျ။ဘယ်လိုဖြစ်တာတုံးဗျာ”ကျူပ်ကမညှက်ကို ဝင်ပူးနေတဲ့ သရဲမကို မေးလိုက်မိတယ်။“ငါသားလေးက တောထဲမှာ ဆော့နေတာဒီအကောင်ပုဆိန်ကြီးထမ်းပြီးတောထဲဝင်လာတာကိုမြင်တော့ ကြောက်ပြီးသစ်ပင်နောက်မှာ ကပ်နေတာ အဲ့ဒါကိုဒီအကောင်က ပုဆိန်နဲ့လွှဲခုတ်လိုက်တာ ငါ့သားမရှုမလှ သေပေါပေါ့လား ဟီး ဟီး ဟီး”သရဲမက ပြောရင်းနဲ့ ဝမ်းပမ်းတနည်းငိုတော့တာပဲ့ဗျာ။ကျူပ်နဲ့ကိုသာဆန်းတစ်ယောက်ကိုတစ်ယောက်ကြည်နေပြီးဘာလုပ်ရမှန်းမသိအောင် ဖြစ်နေတဲ့ အချိန်မှာပဲ့. . . . . . .“သတ်မယ်ဟေ့ သတ်မယ် နင့်တိုရွာက ကလေးမှန်သမျှငါပြန်သတ်မယ်သတိသာထားကြပေတော့ ဝါး”ကျူပ်ရောကိုသာဆန်း ရောလန့်ကိုသွားကြတာဗျိူ့။သရဲမက အသံကုန်အော်ဟစ်ကြိမ်းမောင်းပြီး “ဝါး”ဆိုတစ်ချက်သမ်းလိုက်တယ် မညှက်ကကြမ်းပြင်ပေါ်ကို ခွေခနဲ လဲကျသွားရော ဗျိူ။“ဟဲ့ မိညှက် လဲကျသွားပြီဟဲ့။ပွေ့ ထူပါဟဲ့ ပွေ့ထူပါတစ်ယောက်တစ်ပေါက် ဝိုင်းအော်နေကြတာဗျာ။မညှက်ကလည်း ဘယ်လောက်ခေါ်ခေါ်သတိကို မရဘူးဗျိူ့။ကျူပ်မှာ သစ်စုန်းဆေးတော်စိမ်ထားတဲ့ ရေပုလင်းကလေး ပါလာတယ်ဗျ။ကျူပ်က ကပျာကယာ ပုလင်းကလေးကိုဖွင့်ပြီးဆောင်းတော်ရေနဲ့ မညှက်မျက်နှာကိုတောက်လိုက်တယ်။“ဟော ဟော လှုပ်လာပြီဟေ့ လှုပ်လာပြီနည်းနည်းလောက် နင့်ဆေးနဲ့ ထပ်လုပ်ပါဦးဟဲ့”ကျူပ်က ဆေးတော်ရေနဲ့ နောက်တစ်ခါ ထပ်ပြီးတောက်ပေးလိုက်တယ်။“အင်း အင်း အင်း”ဆိုတဲ့အသံထွက်လာပြီး မညှက်မျက်လုံးပွင့်လာတယ်။ပြီးတော့ သူကိုဝိုင်းအုံနေတဲ့ လူတွေကိုနားမလည်သလို လိုက်ကြည့်တယ်ပြီးတော့ ငေါက်ခနဲ့ ထပြီးထိုင်တယ်။“ဟဲ့ ဖြည်းဖြည်း အလိုတော် ထိုင်တော့လည်းငေါက်ခနဲ့ပဲ ခေါင်းတွေဘာတွေမူးဝေသွားပါမယ်အေ”ရွာထဲက အရီးဒေါ်မယ်မကြီးက အော်ကျယ်အော်ကျယ်နဲ့ ပြောတယ်ဗျ။“ကျုပ်က ဘာဖြစ်လို့တုံး အရီးရ”မညှက်က အရီးဒေါ်မယ်မကိုကြည်ြ့ပီးနားမလည်သလို မေးလိုက်တယ်ဗျ။“ဘာဖြစ်ရမတုံး မိညှက်ရယ်နင့်ကိုသရဲဝင်ပူးလို့ဟေ့ ပူးလိုက်သမှ တစ်ရွာလုံးဗြောင်းဆန်သွားတာဟေ့”“ဟင် ဟုတ်လား ကျူပ်နောက်ဖေးမှာဟင်းရွက်ဆိတ်နေတာတော့ ကျူပ်ရင်ဘတ်ကိုအရိပ်တစ်ခု ပြေးကပ်လိုက်တယ်လို့ထင်လိုက်တယ် နောက်တော့ ကျူပ် ဘာကိုမှမသိတော့တာ”မညှက်က သူ့အဖြစ်ကို ပြန်ပြောပြတယ်။လူတွေကငြိမ်ပြီး မညှက်ပြောတာကို နားထောင်တယ်ဗျ။ပြီးတောမှ တစ်ယောက် တစ်ပေါက်ပြောတော့တာဗျိူ့“ဟိုး ဘေးပေါက်က တက်လာတာနေမှာပေါ့ဟဲ့”“ဟုတ်ချင်မှ ဟုတ်မှာဟဲ့ ဒီကောင်မညကတည်းက ဒီအိမ်ထဲ ဝင်ကပ်နေချင်နေမှာ”“ငါစိတ်ထင်တော့ ဟိုပြတင်း ပေါက်နားကမန်ကျည်းပင် ပေါ်မှာတက်ထိုင်ပြီး လူအလစ်ကိုချောင်းနေတာ ဖြစ်မှာဟဲ့”“တကယ်က တာတေတို့ ကိုသာဆန်းတို့လိုတာဟဲ့ သရဲမကိုဒီအတိုင်းပြန်လွတ်ပေးလိုက်ကြတာတကယ်ဆိုဒီရွာကိုနောက်မလာ ဝံ့အောင်မှတ်လောက်သားလောက် တွယ်လိုက် ရမှာဟဲ့လိုရင် ငါတို့ပါ ဝိုင်းတွယ် မှာပေါ့ဟ”” ဟာ ဘုမရယ်ဘာတွေလျှောက်ပြောနေတာတုံးဟာအဲ့ဒီလို ဝိုင်းတွယ်ရင် မမညှက် သေမှာပေါ့ဟသရဲမက မမညှက် ကိုယ်ထဲကို ဝင်နေတာလေ”ကျုပ်နဲ့ကိုသာဆန်းက မညှက်ကိုကြည်ပြီးတော့ တွေးနေတယ်။မညှက်ကိုဝင်ပူးတဲ့ သရဲမ ပြောသွားတာတွေဟာဟုတ်နိုင် မဟုတ်နိုင်ပေါ့ဗျာ။“တာတေ မင်း ဘယ်လိုထင်တုံးသရဲမပြောသွားတာတွေ တကယ်လား”အရှေပိုင်းမှာနေတဲ့ ကိုကြီးကျော်တင့်က ကျူပ်ကိုမေးတယ်။“ကျူပ်လည်း ဒါကိုတွေးနေတာဗျ။ကိုဖိုးထောင်က သူ့ကလေးကိုပုဆိန်နဲ့ခုတ်သတ်တယ်လို့ သရဲမကပြောသွားတယ်။ ကျူပ်တို့ကိုင်တဲ့ ဓားတို့ပုဆိန်တို့ဆိုတာ နာနာဘာဝကို ခုတ်လြို့ပတ်တာ မှမဟုတ်တာ”“အေးကွ တာတေပြောတာ ဟုတ်တယ်။ဒီသရဲမ ပလီပလာ ပြောတာနေမှာပါကွာ။အမဲသားလေးဘာလေးစားချင်လို့ ဝင်ပူးပြီးပေါက်ကရတွေ ပြောတာနေမှာပါ”ကိုသာဆန်းတို့နဲ့ ဝိုင်းချင်းကပ်မှာနေတဲ့ဘိုအောင်ဆိုတဲ့ လူကလည်း ဝင်ပြောတယ်ဗျ။“ဟာ ဘိုအောင်ကလည်း သရဲမက စားချင်ရင်စားချင်တယ်လို့ ပြောမှာပေါ့ကွ။အခုဟာက စားချင်သောက်ချင်တာကို တစ်ခွန်းမှ ပါတာမဟုတ်ဘူး။သတ်မယ် ဖြတ်မယ် ပြောနေတာ မင်းတို့အကြားပဲလေ”ကိုသာဆန်း ပြောတော့ ကိုဘိုအောင်တွေသွားတယ်ဗျ။ကျူပ်က မညှက်ကိုတစ်ခု လှမ်းမေးလိုက်တယ်။“အစ်မညှက် ကိုဖိုးထောင်ကဘယ်တော့လောက် ပြန်ရောက်မှာတုံးဗျ”“ဒီတစ်ခါကြာမယ်တာတေရဲအိမ်တိုင်တစ်စုံစာရအောင် ခုတ်ရမှာ။ပြီးတော့ ခြံစည်းရိုးတိုင်တွေ မှာထားတာလည်းခုတ်မယ်ပြောတယ်”“ကိုဖိုးထောင်နဲ့ ဘယ်သူတွေ ပါသွားသေးလဲ”ကျူပ်ကထပ်မေးတယ်။“မီးလောင်ကုန်းက ငတင်တို့ ငလွင်တို့ညီအစ်ကိုကို ခေါ်သွားတယ်။စားအိုးစားခွက်ရောရိက္ခာရော အပြည်အစုံကို ယူသွားတာဟဲ့ဒီတစ်ခေါက် ကြာမယ်လို့ ပြောသွားတယ်”ကျူပ်တွေးတယ်။ဒီသရဲမဟာစားချင်သောက်ချင်လို့ မညှက်ကို ဝင်ပူးတာမဟုတ်ဘူးဗျ။သူပြောသလိုသူ့ကလေးကို ကိုဖိုးထောင်က ပုဆိန်နဲ့ခုတ်သတ်တယ်ဆိုတာလည်းမဟုတ်ဘူးထားဗျာ။အကြောင်းမဲ့ သက်သက်တော့ ဝင်ပူးပြီးပြောမှာမဟုတ်ဘူးဗျ။ကျုပ်တို့ရွာကို ကြိမ်းမောင်းသွားလိုက်တာလည်း ကြောက်စရာ ကောင်းအောင်ကို ကြိမ်းတာဗျ။“ကဲ့ ဒီလိုလုပ်ဗျာ ရွာကတစ်ယောက်လိုက်ပြီး ကိုဖိုးထောင် တို့ကို ပြန်ခေါ်ခဲ့ဗျာ”ကျူပ်စကားကိုကြားတော့ အားလုံးငြိမ်ပြီးစဉ်းစားနေကြတယ်ဗျ။“ဒီလိုတော့လည်း ဖိုးထောင် အလုပ်ပျက်မှာပေါ့တာတေရ”အရီး မမယ်မက ပြောတယ်ဗျ။ဟုတ်တာတော့ဟုတ်တယ် တောတစ်ခေါက်တက်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးဗျ။“ဟဲ့ တာတေရဲ့ နင့်အကိုက တိုင်ဖိုးတွေကြိုတောင်ယူထားတာဟဲ့ ။တိုင်မရလို့ မဖြစ်ဘူးထားလိုက်ပါဟာ သွားခေါ်မနေပါနဲ့ညကျရင်သာ ကျူပ်နဲ့ အဖော်လုပ်ပြီးအရီးဖြစ်ဖြစ်လာ အိပ်ပေးပါ။ ကျူပ်မှာကကလေးသုံးယောက်နဲ့ နေရမှာ”မညှက်ကပြောတယ်။ဒါလည်းဟုတ်တာပဲလေ။တိုင်ဖိုးတွေကကြိုယူထားတာဆိုတော့အလုပ်မဖြစ်လို့ ဘယ်ဖြစ်မလဲ။“အေးပါဟယ် ဒီအတွက်တော့ နင်မပူနဲ့ မိညှက်ငါရော သိနျးကွညျတို့ ဝိုင်းကြည်တို့ရော လာအိပ်ပေးမယ်”“စိတ်ချ စိတ်ချ ငါတို့လာအိပ်ပေးမယ်”လို့အရီးဝိုင်းကြည်ရော အရီးသိန်းကြည်ရောပြောကြတယ်ဗျ။ဒါကတော့ကျူပ်တို့အညာရွာဓလေ့တွေပေါ့ဗျာ။တစ်အိမ်မှာ အကြောင်းပေါ်ရင် ဘယ်သူမှ မပစ်ထားပါဘူး။အဲ့ဒီနေ့က စကားစမြည်ပြောဆိုကြပြီးကျူပ်လည်း ပြန်လာတာပေါ့ဗျာ။မပြန်ခင်သစ်စုန်းဆေးတော်ကြီး စိမ်ထားတဲ့ဆေးရည်ကိုရေဖလားကြီးတစ်လုံးထဲမှာ ပွားပြီးဝိုင်းပတ်ပတ်လည်မှာ ဖြန်းခဲ့သေးတယ်ဗျ။နောက်တစ်နေ အိပ်ရာထတော့ဘာထူးသေးတုံးလို့ ကျူပ်ကမေးမြန်းကြည့်တော့ဘာမှမထူးတော့ပါဘူးလို့ကိုသာဆန်းကပြောတယ်။နောက်တစ်နေ့ညကျတော သန်းခေါင်လောက်ဗျ။ အလှည်ကျကင်းစောင်ရတဲ့ သံခဲတို့ ကင်းတဲက သံချောင်း ခေါက်ပါရောဗျာ။“ဟဲ့ တာတေ ထစမ်း ရွာထဲမှာ သံချောင်းတွေ ခေါက်နေတယ်”ကျုပ်အိပ်ပျော်နေတုန်း အမေနဲ့ အဘကနှိူုးလိုနိုးလာတာဗျ။“ဒေါင် ဒေါင် ဒေါင် ဒေါင်”ကင်းတဲဆိုတာက တစ်နေရာက စခေါက်ရင် တခြားကင်းတဲတွေကပါဆက်ခေါက်ရတာဆိုတောတစ်ရွာလုံးဆူသွားတာပေါ့ဗျ။အကြောင်းဆို တစ်အိမ်တစ်ယောက်ထွက်ကြရတာကိုဗျ။ရရာ တုတ် ဓားဆွဲပြီးရွာလမ်းပေါ်ကို အားလုံးထွက် လာလိုက်တာလမ်းပေါ်မှာ လူတွေဖွေးနေရောဗျာ။ရွာဆိုတော့လည်း မြို့တွေလို လမ်းမီးတိုင်တို့ဘာတို့ရှိတာမှ မဟုတ်တာ။ ဓာတ်မီးတွေ တဝင်းဝင်းနဲ့ပေါဗျာ။“တာတေ လားဟေ့”“ဟုတ်တယ်ဗျ ကိုသာအေးရဲ့”“အေး အေး လာဟေ့ ဒီကို”တစ်ယောက်ကိုတစ်ယောက်ကလည်းအသံပေးကြရသေးတယ်ဗျ။ဒါမှအကြောင်းဆိုရင် သူ့လူ ကိုယျ့လူ ခွဲလို့ရမှာ မဟုတ်လား။“ဘယ်ကင်းက စခေါက်တာတုံးဗျ”“ရွာလယ်ကင်းကွ သံခဲတို့စောငျ့တဲ့ ကင်းလေ”“ဟုတ်လား ဒါဆိုလည်း အဲ့ဒီကင်းကိုသွားကြတာပေ့ါဗျာ”ကျူပ်တို့ဘက်ပိုင်းက လေးငါးယောက်ရွာလယ်လမ်းကိုခတ်သုတ်သုတ်လျှောက်ကြတာပေါ့ဗျာ။သံခဲတို့စောင့်တဲ့ကင်းတဲကို ကျုပ်တို့ရောက်တော့ လူတောင် တော်တော်များနေပြီဗျ။လူတွေက ဘာဖြစ်လို့တုံးဆိုပြီးဝိုင်းမေးကြတာပေါ့ဗျာ။သံခဲက ရှင်းပြနေတယ်။“ကျူပ်နဲ ငမှုံနဲ့ စကားထိုင်ပြောနေတာဗျကျူပ်ကစပြီးမြင်တာ ဟိုအနောက်ဘက်ကနေပြေးလာတာဘယ်သူဘယ်ဝါဆိုတာတော့ မသဲကွဲဘူးပေါ့ဗျာ။ရိပ်ခနဲ ရိပ်ခနဲ ပြေးလာတာဗျ သစ်ပင်နောက်ကိုပြေးကပ်လိုက် တအောင့်နေရင်ပြေးထွက်လာလိုက်နဲ့ဗျ။ဒါနဲ့ ကျူပ်နဲ့ ငမှုံကမီးနဲ့ထိုးရောဗျို မီးနဲ့လည်းထိုးရောဟိုမန်ကျည်းပင်ကြီးပေါ်ကို တစ်ခါတည်းတက်ပြေးတာဗျ။အဲ့ဒီမန်ကျည်းပင်ကနေအရီးမယ်ခတို့ဝိုင်းထဲက မန်ကျည်းပင်ပေါ်ကိုခုန်ကုးတယ်ဗျ။အဲ့ဒီမန်ကျည်းပင်ပေါ်ကနေအရီးမယ်ခတို့အိမ်ခေါင်မိုးပေါ်ကို ခုန်တက်တယ်အဲ့ဒီမှာ ပျောက်သွားတာဗျ”ကျူပ်လည်း သံခဲပြောတဲ့အရီးမယ်ခတို့ဝိုင်းဘက်ကကိုလှမ်းကြည့်တယ့်။သြော်ဒါ့ကြောင် လူတွေ ဓာတ်မီးတဝင်းဝင်းနဲ့အရီးမယ်ခတို ဝိုင်းထဲ့မှာ ရှာဖွေနေကြတာကိုး။“နေပါဦး သံခဲရဲ့ မင်းတိုမြင်တာ လူရောဟုတ်ရဲလား”ကျုပ်က သံခဲကို ခပ်တိုးတိုး မေးလိုက်တယ်ဗျ။သံခဲနဲ့ ငမှုံကကျူပ်ကိုသေသေချာချာကြည်ပြီးပြောတယ်ဗျ။“ကျုပ်စိတ်ထင်တောလူမဟုတ်ဘူးဗျကိုကြီးတာတေရ ။သစ်ပင်ပေါ်ကိုတက်သွားတာလူတက်သလို မဟုတ်ဘူးဗျကြောင်တစ်ကောင်တက်သလောက်ကိုမြန်တာဗျ လူဆိုရင်ဒီမန်ကျည်းပင်ကြီးနှစ်ပင်ကိုဘယ်လိုလုပ် ခုန်ကူးမလဲဗျ”“ဒါဆိုရင် မင်းက ဘာလိုထင်တုံး ““ကျူပ်ကတော့ နာနာဘာဝလို့ပဲထင်တယ် ကိုကြီးတာတေ”“မနေ့က အစ်မညှက်ကိုဝင်ပူးတဲ့ သရဲမများလားမှ မသိတာ”ငမှုံက ဝင်ပြောတယ်။ကျူပ်ဘာမှ မပြောဘဲငြိမ်လိုက်တယ်။ဒီတုန်းမှာပဲ. . . . .“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် “ဟာ ရွာမြောက်ပိုင်းက သံချောင်းခေါက်သံထွက်လာတယ်ဗျ။။လူတွေလည်း မြောက်ပိုင်းကိုဓာတ်မီးတဝင်းဝင်းထိုပြီး ပြေးကြပြန်ရောဗျီူ“အဲ့ဒါ အောင်တင့်တို့ ကျော်သောင်းတို့ကင်းကခေါက်တာကွ ဒီည အောင်တင်တို့ကင်းလှည့်ကွ”ကင်းတဲတစ်ခုက သံချောင်းခေါက်ရင်ကျန်တဲ့ကင်းတွေက လိုက်ခေါက်ရတဲ့ ထုံးစံရှိတာကိုးဗျ။ဒီတော ရွာအေ့ရှပိုင်းအနောက်ပိုင်း တောင်းပိုင်တွေကပါခေါက်ကြတော့တာပေါ့ဗျာ။တစ်ရွာလုံးကိုညံထွတ်သွားပြန်ရောဗျီူ ။ကျူပ်လည်း မြောက်ပိုင်းကိုလူအုပ်နဲ့ရောပါလာပြန်တာ ပေါ့ဗျာ။“ဟေ့ အောင်တင် ဘာမြင်လို့တုံး”“မည်းမည်း အကောင် တစ်ကောင်ပဲဗျ။သစ်ပင်တွေနောက် မှာကပ်ကပ်ပြီး ပြေးလာတာဟိုထနောင်းပင်ကြီးပေါ်ကို တက်ပြေးတာဗျ။မြန်လိုက်တာဗျာ ကြောင်ထက်တောင်မြန်သေးတယ်ဗျာ။ပြီးတော့မှဘိုးလေးအောင်ဘတို့ ဝိုင်းထဲကိုခုန်ဝင်သွားတာဗျီူ ။လူတော့မဟုတ်ဘူးထင်တာဘဲ လူဆိုရင်လည်းကြောင်ဆေးတွေဘာတွေ အောင်ထားတဲ့လူပဲဖြစ်မှာဗျ ပေါ့လိုက်တာမှသစ်ပင်ပေါ်တက်တာလည်း အသံတောင်မကြားရပါဘူးဗျာ”လူတွေက ဘိုးလေးအောင်ဘတို့ ဝိုင်းထဲကိုဝင်ရှာကြပြန်တာပေါ့ဗျာ။ဓာတ်မီးတွေနဲ့ဟိုထိုးကြည့် ဒီထိုးကြည့်ပါ့ဗျာ။ဘာမှလည်းမတြွေ့ကပါဘူး။“တာတေ မင်းရော ဘာလို့ထင်တုံး”ဘိုးလေးအောင်ဘကကျူပ်ကိုတွေ့တောမေးတယ်ဗျ။“ကျူပ်စိတ်ထင်ကတော့မနေ့ကအစ်မညှက်ကိုဝင်ပူးတဲ့ သရဲမလို့ထင်တာပဲဗျာဒီသရဲမတစ်ခုခုလုပ်လိမ့်မယ်ထင်တယ်”“အေး ရွာလူကြီးတွေကတော့ ဆေးစွမ်းတစ်ခုခုအောင်ထားတဲ့ လူလို့ထင်ကြတယ်ကြောင်ဆေးတို့ ငတက်ပြားဆေးတို့ ပေါကွာ”ကျုပ် ဘာမှပြန်မပြောဘဲခေါင်းပဲညိတ်ပြလိုက်တယ်။အားလုံးကအထင်တွေချည်းပဲလေဗျာ။ငြင်းနေလို့ရောဘာထူးမှာလဲ။ကျူပ်စိတ်ထဲမှာတော့ပူသွားတာအမှန်ပဲဗျ။ဒီလိုနဲ့ နှစ်နာရီလောက်ကြာတော့ ကျူပ်လည်း အိမ်ပြန်ခဲ့တယ်။အိမ်ရောက်တောလည်း တော် တော်နဲ့အိပ်မပျော်တော့ပါဘူးဗျာ။အမေတို့ အဘတို့ထိုင်စကားပြောရင် ဆေးလိပ်သာ ဖွာနေမိတာပါ။ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံကြားမှကျူပ်အိပ်ရာဝင်ခဲ့တာ။မနက်ရောက်တော့တော်တော်န့ ဲကို မနိုးပါဘူးဗျာ။ကျူပ်မနက် အိပ်ရာကနိုးတော့အမေကဆီးပြောတယ်ဗျ။“တာတေ ညက ဖိုးထောင်တို့ မိညှက်တို့ကလေးသုံးယောက် ဘာဖြစ်တယ် မသိဘူးတဲ့လန်ြ့ပီး ငိုလိုက်ကြတာတဲ့ နင့်ပေးခဲ့တဲ့ဆေးတော်ကြီး အရည်ဆိုတာ တိုက်လိုက်တော့မှငြိမ်သွားတယ်ဆိုပဲ”” ဟင် ဟုတ်လားအမေ့ ကိုဘယ်သူပြောလို့တုံး”“စောစောကပဲ မမယ်မ လာပြောသွားတာလေသူတို့ ဝိုင်းကြည်တိုညြက မိညှက်နဲ့အဖော်လုပ်ပြီး အိပ်ပေးကြတာတဲ့ သူတို့ ရှိတယ်လေ”“အင်း အမေရေ ကျူပ်ကတော့ စိတ်ထဲမှာခပ်လေးလေးပဲဗျာ သိပ်တော့ မကောင်းဘူးလို့ ကျူပ်ထင်တယ်”“နို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ တာတေနင်လည်းဆရာတွေနဲ့လျှောက်လိုက်ဖူးတာပဲလေ…”“အခုအနေကတော့ ဘာမှလုပ်လို့မရသေးဘူးဗျ။ဘာဆိုတာသဲသဲကွဲကွဲသိမှ လုပ်လို့ရမှာ”အမေနဲ့ ကျူပ်စောစောစီးစီးညကကိစ္စကိုဆက်ပြော နေကြတောပေါ့ဗျာ။ဒီတုန်းမှာပဲ. . . . . . . . .“ကိုကြီးတာတေ ဦးဖိုးထောင်တို့အိမ်မှာဦးသာဆန်းတို့ရော ကိုကြီးသံခဲတို့ရော လူတွေစုံနေကြပြီဦးဖိုးထောင်လည်းပြန်ရောက်နေတယ်ဗျအဲ့ဒါကိုကြီးတာတေသွားခေါ်ခိုင်းလို့ ကျုပ်လာခေါ်တာ”“ဟဲ့ ဒါ လှရင်သား မျက်ပြူ းမို့ လား”အမေကမျက်ပြူးကို သေသေ ချာချာကြည့်ပြီးမေးတယ်ဗျ။“ဟုတ်တယ် ဘွားငွေစိန် ကျူပ် မျက်ပြူ းပါ”“အေး အေး နို့ ဖိုးထောင်ကို ဘယ်သူသွားခေါ်လိုကၱာတဲ့တုံး”“အဲ့ဒါတော ကျူပ်လည်း မသိဘူးဗျကျူပ်တို့ကလေးတွေအစည်းအဝေးလုပ်နေတုန်းမှာဦးသာဆန်းကြီးက ကျူပ်ကိုခေါ် ပြောတာဗျ”“ဟေ နင်တို့ကအစည်းအဝေးလုပ်တယ်ဟုတ်လားဘာတွေစည်းဝေးတာတုံး”“အဲ ညကျရင် မအိပ်ဘဲ ပုန်းနေပြီးတော့အဲဒါသရဲမလား ကြောင်ဆေးထိုးထာတဲ့လူလားဘာမှန်းမသိတဲ့ဟာကို ကျူပ်တို့ဖော်ထုတ်ဖို့စည်းဝေးနေတာ”“ဟား ဟား ဟား ဟား”ကျူပ်ဖြင့် ငိုအားထက် ရယ်အားသန် ဆိုတာလို ဖြစ်ရတာပေါဗျာ။ကျူပ်အမေဆိုတာမျက်ပြူ းကိုကြည့်ပြီး ရယ်လိုက်တာ မပြောပါနဲ့ဗျာ။“အေး အေး နင်တို့ ကြပ်ကြပ်အစည်းအဝေးလုပ်ဟိုသရဲမက နင်တိုကို ဂျိုး တွေ ဖြတ်သွားလိမ့်မယ်”“ကဲ လာ လာ မျူက်ပြူ း ကိုဖိုထောင်တို့ အိမ်ကိုသွားရအောင်”လို့ကျူပ်ကပြောပြီး ထွက်လာခဲ့တယ်။မျက်ပြူ းလည်း ကျူပ်ဘေး ကပ်တက်ကပ်တက်နဲ့ပါလာတောပေါ့ဗျာ။ကိုဖိုးထောင်တို့ မညှက်တို့ဝိုင်းထဲဝင်လိုက်တော့ မျက်ပြူ းပြောသလိုလူအတော်စုံနေတာ။“လာဟေ့ တာတေ”လို့ ကိုဖိုထောင်က ကျူပ်ကို လှမ်းခေါ်တယ်။ကျန်တဲ့လူတွေကလည်း ကျူပ်ထိုင်ဖို့ ဘေးကိုနည်းနည်းစီ ရှဲပေးကြတယ်။“ကိုဖိုးထောင်ကို ဘယ်သူလာခေါ်တာတုံး”လို့ကျူပ်က မေးလိုက်တော့ ကိုဖိုးထောင်ကခေါင်းခါပြတယ်ဗျ။လက်ဖက်ပန်းကန်တွေရောအကြမ်းအိုးနှစ်အိုးရောနဲ့ဧည့်ခံထားတာဗျ။ကိုဖိုးထောင်က ကျူ ပ်ကိုစကားမပြောခင် လက်ဖက်တစ်ဇွန်းခပ်စားလိုက်တယ်။“ဘယ်သူမှ လာခေါ်တာမဟုတ်ဘူး တာတေရငါဟာငါက ိုပြန်ချလာတာ”“ဟင် ဘယ်လိုဖြစ်လိုတုံး”“ဘယ်လိုဖြစ်လဲဆိုတော့ ငါဆက်ပြီးအလုပ်လုပ်လို့ မရတောလို့ ဟေ့”” ဟင် ဘယ်လိုတုံးဗျ”“ဒီလိုဟေ့ ညဆိုရင် တို့ စခန်းချတဲ့တဲကိုလာပြီးကိုင်လှုပ်တာ အိပ်လို့ကို မရဘူးထထိုင်နေရတာ အဒီကြားထဲကငါအိပ်ပျော်သွားရင် အိပ်မက် မက်ရောဟဆံပင်ဖာလျှားကြီးနဲ့သရဲမတစ်ယောက်ကငါတိုအတင်းဝင်သတ်တော့တာပဲ။ငါ့မှာ ရုန်းရကန်ရ ပြန်ပြီးထိုးရ ကြိတ်ရနဲ့ အိပ်ရာကနိုးလာရင် လူကိုမော့နေတော့တာဟေ့အဲ့ဒါအိပ်မက်ထဲမှာ ငါကိုသတ်ရင်းနဲ့ပြောသေးတယ်သူ့သားကိုငါသတ်ပစ်လိုက်တယ်။ငါကိုသတ်မယ် ။ ငါ့ရွာကို တစ်ရွာလုံးသတ်ပစ်မယ်နဲ့ကွာ”“ဟာ ဒီလိုကို ဖြစ်တာကိုး’“ဟာ တာတေရာဒါလောက်ဆိုငါဘယ်ပြန်လိမ့်မတုံးကွာ။တစ်ရက် ငါ ခုတ်ချလိုက်တဲ့သစ်ပင်ကလဲကျသွားတာ တစ်ယောက်ယောက်ကဆီးပြီးမထာသလိုဖြစ်ပြီး စောင်းစောင်းကြီးဖြစ်နေတာဟေ့။ အောက်ကိုလည်းမကျဘူးငါလည်း အံသြပြီး ကြည့်နေတုန်းမှာသစ်ပင်ပြန်ထောင်လာပြီး နဂိုအတိုင်းကြီးပြန်ထောင်နေရောဟေ့။အဲ့ဒီမှာတင်ငါခေါ်သွားတဲ့မီးလောင်းကုန်က ငတင်တို့ငလွင်တို့လည်း စွတ်ပြေးတော့တာပေါကွာ။ငါ့မှာ ဒီကောင်တွေ မနည်းလိုက်ခေါ်ရတာနှစ်ယောက်စလုံး ကြောက်ပြီး တုန်နေတာဟေ့ဘယ်လိုပြောလိုမှမရတော့ဘူး ဒါနဲ့ငါလည်းသူတိုနှစ်ယောက်ခေါ်ပြီး တောထဲကပြန်ထွတ်လာခဲ့တာ။ဒီကောင်နှစ်ယောက်တောထဲမှာ မအိပ်ရဲ တော့တာကွ”“ဒီက အကြောင်းတွေကတော့ကိုဖိုးထောင်အိမ်ရောက်မှ သိရတာပေါ့ ဟုတ်လား”“ဟာ အိမ်မရောက်ခင်ကတည်းကသိတာပေါ့ကွဟိုကောင်လေးနှစ်ကောင်ကို မီးလောင်ကုန်းကိုပို့လိုက်ပြီး ပြန်လာတော့လမ်းမှာအောင်မောင်းနဲ့ သာတင့်ကိုတွေ့တယ်။ ဒါနဲ့ရွှာမရောက်ပဲသိလာတာကွ။အောင်မောင်းတို့ကလည်း အသေးစိတ် ပြောပြတာဟေ့”ကိုဖိုးထောင်က ရွာကအဖြစ်အပျက်တွေနဲ့သူအဖြစ်အပျက်ကို ဆက်စပ်ပြီး ပြောပြတယ်ဗျ။“ကိုဖိုးထောင် အဒီသရဲမက သူကလေးကိုကိုဖိုးထောင် သတ်တယ်ချည်း ပြောနေတာဗျ”“အေး အဒီအကြောင်းကိုငါလည်းသေသေချာချာ တွေးနေတာကွငါတော့ဟုတ်လိမ့်မယ်ထင်တယ်”” ဗျာ ဟေ ဟာ”ကိုဖိုးထောင်ရဲ့ စကားကိုကြားတော့အားလုံးအံ့သြကုန်ကြရောဗျီူ။ကျူပ်လည်း အံ့သြသွားတယ်။ဒီလိုကွ ၊ ငါတို့တောထဲရောက်ပြီးနောက်တနေ့မှာ ငါနဲ့ ကောင်လေးနှစ်ယောက်နဲ့သစ်ရှာထွက်ကြတာပေါ့ကွာ ။ အိမ်တိုင်လုပ်ဖို့အရွယ်ကောင်း အရွယ်ညီတဲ့ အပင်တွေကိုပုဆိန်နဲ့ခုတ်ပြီး အမှတ်အသား လုပ်ရတာပေါ့။ကောင်ကင်ပါးအစပ်မှာ ပေါက်နေတဲ့ ကညင်ပင်တစ်ပင်က ဖြောင့်စင်းပြီး အိမ်တိုင်အတွက်အလောတော်ကွ ။ ငါလည်း အဲ့ဒီအပင်ကိုခုတ်မယ်ဆိုပြီး သွားကြည့်တယ်။ သစ်ပင်ကို တပတ်ပတ်ကြည့်ပြီး စိတ်တိုင်းကျတော့ငါ့ပုဆိန်နဲ့လွှဲခုတ်ပြီး ထစ်လိုက်တာပေါ့ကွာ ။ ခုတ်ဖို့အမှတ်အသားလုပ်လိုက်တာပေါ့။ ငါ့နားထဲမှာစူးစူးဝါးဝါး အော်လိုက်တဲ့ အသံလေးတစ်သံကြားတယ်ကွ ။ တိရစ္ဆာန် တစ်ကောင်အော်လိုက်သလိုပဲ ၊ငါလည်းဘေးဘီကြည့်ပြီး လှည့်ရှာသေးတယ်ဘာမှမတွေ့ဘူးကွ ။ ခဏကြာတော့ တောတစ်တောလုံး လေတွေတိုက်လာလိုက်တာ။ဝေါဝေါ ဝေါဝေါ ဖြစ်နေတာဟေ့။ အသံတွေကလည်း မျိုးစုံ ကြားရတာ။ အဲ့ဒီကတည်းကငါ့ကောင်လေးနှစ်ယောက်က လန့်သွားတာကွ။ဒါ တောခြောက်တာပါ။ ဘာမှမဖြစ်ပါဘူးဆိုပြီးမနည်းကိုရှင်းပြရတာ”“သြော် ဖိုးထောင် တကယ်ဖြစ်ခဲ့တာကိုး”ကျုပ်ကပြောလိုက်တော့ ကိုဖိုးထောင်ကခေါင်းညိတ်ပြီး ပြောသဗျ။“ငါက သူတို့ကိုမှ မမြင်ရတာကွာ ၊ ဘယ်နှယ်လုပ်ပြောရမလဲ”ကျုပ်ရော ရွာကလူတွေရော ဘာပြောရမှန်းမသိကြတော့ဘူးပေါ့ဗျာ။ကိုဖိုးထောင်ပြောတာလည်း ဟုတ်တာပဲပေါ့ဗျာ။ သူတမင်သတ်တာမှာ မဟုတ်တာ။ ဘဝခြားနေတဲ့ အပ္ပါယ်ဘုံသားတွေကို လူတွေက မြင်မှမမြင်ရတာ။ဒါပေမဲ့လည်း ရွာမှာလည်း ဒီကိစ္စက တကယ်ကြုံနေရပြီ။“ကိုကြီးတာတေ ကိုကြီးတာတေ ရွာထဲကကလေးတွေ တစ်ပြိုင်တည်းအော်ငိုကြပြီဗျ။ဘာဖြစ်တာလဲ မသိဘူး”မျက်ပြူးဗျ ။ အတင်းကို ပြေးချလာပြီး လာပြောတာ။“ဟေ ဟုတ်လား ဒါနဲ့ ကိုဖိုးထောင်ကလေးတွေရော”“မြောက်ပိုင်းက သူ့အမေအိမ် သွားနေတယ်ကွ”“ဟာ ဦးဖိုးထောင် ဦးဖိုးထောင် ကလေးတွေလည်း ငိုနေတယ်ဗျ။ ကျုပ်အခုပဲတွေ့လာတာ”မျက်ပြူးကလည်း မျက်လုံးကြီးပြူးပြူးကြီးနဲ့ကျုပ်ကိုကြည့်နေတယ်ဗျ။“ကဲ ကျုပ် ပုဗ္ဗာရုံဆရာတော်ဆီကို ပြေးလိုက်ဦးမယ် ”” ဘာၾသားလုပၼလို့တုံး”“ဆရာတော်ကို အကျိုးအကြောင်း လျောက်ကြည့်မလို့ပါဗျာ”“နောက်မှ လျောက်ပါ တာတေရာ ၊ ဒီမှာကအကြောင်းကအခုပေါ်နေတာကွ”ဒါလည်းဟုတ်တာပဲဗျ။ ရွာထဲက ကလေးငိုသံယတွေ ကြားနေရတာပဲလေ။ ကဲ နောက်မှပဲသွားတော့မယ်လို့ ကျုပ်ဆုံးဖြတ်လိုက်တယ်။ကျုပ်အိတ်ထဲမှာ ပါလာတဲ့ သစ်စုန်းဆေးတော်ကြီးကို ရေပုံးထဲက ရေထဲကို အမှုန့်ကလေးတွေခြစ်ချလိုက်တယ်။ ပြီးတော့ ဂုဏ်တော်ကို စိတ်ထဲက ရွတ်ရင်း ရေကိုမွှေတယ်။ ပြီးတော့ရေဖလားတွေနဲ့ တစ်ယောက်တခွက်ခပ်ခိုင်းပြီးရွာအရှေ့ပိုင်း အနောက်ပိုင်း တောင်ပိုင်းမြောက်ပိုင်းတွေကို လူခွဲလွှတ်လိုက်တယ်။ငိုနေတဲ့ကလေးတွေကို ရေနဲ့တောက်ခိုင်းလိုက်တယ်။စွမ်းလိုက်တဲ့ဆရာနွံဖရဲ့ဆေးတော်ကြီးဗျာ။တစ်ရွာလုံး ငိုသံတွေတိတ်သွားရောဗျ။ ဒီတော့မှ အားလုံးစိတ်အေးသွားကြရောဗျို့။ကိစ္စတစ်ခုအေးသွားတော့ကျုပ်တို့ရွာကိစ္စဆက်ပြီးတိုင်ပင်ကြတယ်။“ကျုပ်ကြောင့် ကျုပ်ရွာ ခုလိုဖြစ်ရတာ ၊ တကယ်ကို စိတ်မကောင်းပါဘူးဗျာ”ကိုဖိုးထောင်က ခေါင်းကြီးငုံ့ပြီးပြောတယ်ဗျ။“ဟာ ဖိုးထောင်ရာ မင်းမှာ ဘာအပြစ်မှ မရှိပါဘူးကွာ ။ နာနာဘာဝဆိုတာ မင်းမြင်နိုင်တာမှမဟုတ်တာ။ ပြီးတော့ မင်းက သူ့ကလေးကိုသေစေလိုတဲ့စိတ်နဲ့သတ်လိုက်တာမှမဟုတ်တာသူ့ကလေးက သစ်ပင်မှာ ကပ်နေတဲ့အချိန် မင်းကခုတ်မဲ့ သစ်ပင်ကိုပုဆိန်နဲ့ ထစ်ပြီစ အမှတ်အသားလုပ်လိုက်တဲ့ အချိန်နဲ့ သွားတူနေတော့ပုဆိန်နဲ့ခုတ်သတ်သလိုဖြစ်သွားတာတော့ဘယ်တတ်နိုင်ပါ့မလဲကွာ”ကိုသာဆန်းကပြောတယ်ဗျ။ ကျုပ်ကလည်း“ကိုဖိုးထောင်ရာ ဒါမျိုးဆိုတာ ကျုပ်ကြောင့်ဖြစ်လည်း ကျုပ်တို့တစ်ရွာလုံး တိုင်တိုင်ပင်ပင်နဲ့ ဖြေရှင်းရမှာပဲ။ ကိုဖိုးထောင်ကြောင့်ဖြစ်လည်းဒီလိုပဲ တိုင်ပင်ပြီး ဖြေရှင်းကြရမှာပဲပေါ့။ ကျုပ်တို့အားလုံးဟာထနောင်းကုန်းသားတွေလေဗျာ။သူ့အပြစ်ငါ့အပြစ် ပြောနေလို့ ဘယ်ဖြစ်ပါ့မလဲအားလုံးတိုင်ပင်ပြီး ဖြေရှင်းရမှာပဲပေါ့ဗျာ။ကျုပ်က စပ်စပ် စပ်စပ် နဲ့နေရာတကာပါတဲ့ကောင်ဆိုတော့အတွေ့အကြုံ ဗဟုသုတများတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ကျုပ်ကဆရာသမားတော့ မဟုတ်ဘူးလေဗျာ။ အဲဒီတော့ဆရာရှာသင့်ရင် ကျုပ်တို့ရှာရမှာပဲ။ အခုလောလောဆယ်တော့ ကျုပ်တို့ ပုဗ္ဗာရုံဆရာတော်ကိုအမှူးထားပြီး တခြားကျောင်းကဆရာတော်တွေပါ ပင့်ပြီးရွာထဲမှာ ပရိတ်ရွတ်ကြရအောင်ဗျာ”“ဟာ တာတေ ပြောတာကောင်းတယ်ဟေ့။လောလောဆယ် ပရိတ်ရွတ်ရမယ် ၊ ပြီးရင်တိုင်ပင်ပြီး ဆရာရှာကြမယ်လူကြီးတွေနဲ့”ဖြစ်မယ်ကိုသာဆန်းက ကျုပ်စကားကိုထောက်ခံတယ်ကျန်တဲ့လူတွေကလည်း သဘောတူတယ်။ဒါနဲ့ ကျုပ်တို့ လူငယ်တွေစုပြီး ပရိတ်ရွတ်ရမဲ့နေရာတွေကို ရွေးချယ်ကြတယ်။ အဲ့ဒီနေရာတွေမှာ ကျကျနန ပြင်ဆင်ကြတယ်။ ကျုပ်ကဆရာတော်ဆီကိုသွားပြီး အကျိုးအကြောင်းတွေအကုန်လျောက်တယ်။ ဆရာတော်ကရွာမှာရှိတဲ့ ဘုန်ကြီးကျောင်းတိုက်တွေကိုပင့်လျောက်ပြီး စုဝေးတိုင်ပင်တယ်။နောက်ဆုံး တော့ ထနောင်းကုန်းမှာ ပရိတ်ရွတ်တဲ့ ဆရာတော် အရှင်သူမြတ်တွေရဲ့အသံကလွှမ်းခြုံသွားတာပေါ့ဗျာ။ ကလေးတွေလည်းအငိုတိတ်သွားတယ်။ ရွာသူရွာသားတွေလည်းကြောက်တာလန့်တာပြေသွားကြတာပေါ့ဗျာ။ဒါပေမဲ့ တပတ်ကြာတော့ ပြန်လှုပ်ရှားလာတယ်ဗျ။ မည်းမည်းအရိပ်တစ်ခုရွာထဲမှာ ဟိုပြေးဒီပြေးနဲ့ လုပ်နေပြန်ရောဗျာ။ ဒီတစ်ခါတော့ကင်းသမားတွေက သံချောင်းမခေါက်တော့ပဲဝိုင်းလိုက်ကြတယ်ဗျ။ ကင်းတဲတွေမှာ လူငယ်တွေက အင်အားတိုးပြီး စောင့်နေကြတာကိုးဗျ။ဒါပေမဲ့ ဘယ်လောက်ပဲ လိုက်လိုက် နောက်ဆုံးတော့ ပျောက်သွားချည်းပဲဗျာ။ ရွာကလူတွေလည်း စိတ်နဲနဲရှုပ်သွားကြတာပေါ့ဗျာ။အဲ့ဒီ့မှာ ပြောရဦးမယ်ဗျို့။ ကျုပ်တို့ရွာက ခွေးတွေဟာညမိုးချုပ်တာနဲ့ အိမ်အောက်ဝင်နေကြတာ။ဟောင်ဖို့နေနေသာသာအမြှီးတွေကုပ်ပြီးလှုပ်တောင်မလှုပ်ရဲဘူးဗျို့။နောက်တော့ ကလေးတွေက အရင်ဆုံးသတိထားမိသွားတာဗျ။ သရဲမ ရွာထဲဝင်မဲ့ညဆိုရင်ခွေးတွေက ကြိုသိပြီး အိမ်အောက်တွေမှာပုန်းနေကြတာ။ ခွေးတွေအပြင်မှာ သွားလာနေတဲ့ညဆိုရင် သရဲမလာဘူးဆိုတာ ကျုပ်တို့ကသတိမထားမိဘူးဗျ။ ကလေးတွေက သတိထားမိတာကျုပ်ကို ဒီအကြောင်း မျက်ပြူးတို့ ကလေးအဖွဲ့က ပြောတာဗျို့။ ကျုပ်ကတဆင့်ပြန်ပြောမှလူကြီးတွေသိသွားတာ။ လာမှ သိတော့လည်းဘာမှ မတတ်နိုင်ပါဘူးဗျာ။ မည်းမည်းအရိပ်ပြေးနေတာတွေ့ရင်ဝိုင်းလိုက်ကြ။ နောက်ဆုံးပျောက်သွား ဒါပဲ။ ဒီလို ဖြစ်နေရင်းကနေကျုပ်တို့ဆရာတစ်ယောက် ရှာတွေ့သွားတယ်ဗျို့။ ဆရာနံမည်က ဆရာကိုဝိုင်းတဲ့ဗျ။ လူကသိပ်မကြီးသေးပါဘူး။ အသက်သုံးဆယ်ကျော်လောက်ပဲ ရှိသေးတာဗျ။ ရွာရောက်ကတည်းကသက်သက်လွတ်စား ပုတီးစိပ် တော့တာဗျို့။လူငယ် သလောက် အကျင့်စရိုက်က တော်ရှာပါတယ်ဗျာ။ အားလုံးက အခြေအနေဝိုင်းပြောကြတော့ ဆရာဝိုင်းလည်း ဘာလုပ်ရမယ်ဆိုတာသိသွားပုံပဲဗျ။ ဆရာဝိုင်းအတွေးအခေါ်က ပြတ်တယ်။ ဘာမှ ဝေ့လည်ကြောင်ပတ် လုပ်စရာမလိုဘူး။ ဒါအမှုပဲ ။ ကိုဖိုးထောင်တောထဲမှာသတ်ခဲ့မိတဲ့အမှု ။ ဒါပေမဲ့ လူသတ်မှု မဟုတ်ဘဲသရဲသတ်မှု ဖြစ်နေတယ်။ ဘာပဲ သတ်သတ်အမှုဟာအမှုပဲ။ အမှုဆိုတာ တရားလိုဘက်ကကျေအေးရင် ပိတ်လို့ရတာပဲ။ ဒါက ဆရာဝိုင်းအတွေးဘယ်သူမှ မငြင်းနိုင်တဲ့ အတွေးတွေပါ။ဒါနဲ့ ဆရာဝိုင်းက ကိုဖိုးထောင်တို့အိမ်မှာပဲရာဇဝတ်ရုံးကြီးဖွင့်လိုက်တယ်ဆိုပါတော့ဗျာ။ဘုရားစင်မှာဆီမီးတွေ အမွှေးတိုင်တွေပူဇော် ပြီး ဘုရားကို ရှိခိုးတယ်။ ပြီးတော့ မညှပ်ကို သရဲပူးခိုင်းတယ်။ ဘာပြောကောင်းမလဲ။သရဲမ ဝင်လာတာပေါ့ဗျာ။ အရင်တစ်ခါလိုပဲဝုန်းဒိုင်းကြဲ နေတော့တာပဲပေါ့ဗျာ။ ကိုဖိုးထောင်ကိုလည်းတွေ့ရော ပြောလိုက်သမှ ရစရာမရှိအောင်ကို ပြောတာဗျ။ ဒီမှာတင် ဆရာဝိုင်းကသရဲမကို ဖျောင်းဖျပြောဆိုပြီး ကျေအေးဖို့တောင်းပန်ရတာပေါ့ဗျာ။ ဆရာဝိုင်းဘယ်လိုပဲတောင်းပန် တောင်းပန် သရဲမက အော်ဟစ်ကြိမ်းမောင်းနေတာပဲဗျ။အဲ့ဒီမှာ ဆရာဝိုင်းက အမှားတစ်ခုဖြစ်သွားတယ်ဗျဘာလဲဆိုတော့ ဆရာဝိုင်းစိတ်ဆိုးသွားတာဗျ။ဒေါသတွေအရမ်းထွက်ပြီး သရဲမ ဒီရွာကထွက်သွား ဖို့ နောက်နောင် ဒီရွာကိုအရိပ်တောင်မနင်းဖို့ အမိန့်ပေးတာဗျ။ သရဲမက ဆရာဝိုင်းကိုပါ သတ်မယ်လို့ ကြိမ်းလိုက်တော့ ဆရာဝိုင်းကသူ့ရဲ့ဆေးကြိမ်လုံးအနီကြီးနဲ့ရိုက်တော့တာပဲဗျ။ဒီမှာတင် သရဲမက ဝုန်းကနဲ ခုန်ထပြီး ဆရာဝိုင်းကို တချက်ဆောင့်တွန်းလိုက်တာ ဆရာဝိုင်းနောက်ကို ဆယ်ပေလောက်လွင့်သွားပြီး နံရံနဲ့ပြေးဆောင့်လိုက်တာ “ဒုန်းကနဲ မြည်ပြီးခွေခေါက်သွားရောဗျို့။“ဝါးသရဲဝင်နေတဲ့ မညှပ်ကလည်း တချက်သမ်းပြီးခွေကျသွားတယ်။ မိန်းမတွေက မညှပ်ကို ပြေးပြီးလှုပ်နိုးကြတယ်။ ယောကျာ်းတွေက ဆရာဝိုင်းကိုပြေးပြီးပွေ့ထူကြတယ်။ မညှပ်က သတိရပြီးငုတ်တုတ်ကလေး ထ ထျိုငျတယျဗြ။ ဆရာဝိုင်းကတော့ နည်းနည်းမှကို မလှုပ်တော့ဘူးဗျို့။နားလည်တဲ့ ရွာသားတစ်ယောက်က ဆရာဝိုင်းဆီကို သွားပြီးစမ်းသပ်ကြည့်လိုက်ပြီး တော့ပြောတယ်ဗျ။“မင်းတို့ဆရာ အသက်မှ မရှိတာ တဲ့“ဟာ ဟုတ်လားအားလုံး လန့်သွားရောဗျို့။နောက်ဆုံး ဆရာဝိုင်းမိသားစုကို အကြောင်းကြားပြီး ရွာမှာပဲ သဂြိုလ် ပေးလိုက်တယ်။ဆရာဝိုင်းသေသွားပြီစ တပတ်လောက်ကြာတော့ ငြိမ်သွားတယ်ဗျ။ ဒါပေမဲ့ သရဲမကရွာထဲ ပြန်ဝင်လာတာပဲဗျာ။ရွာထဲမှာ ဝမ်းရောဂါ စဖြစ်နေပြီဗျ။လူနှစ်ယောက်တောင်သေ သွားပြီ။ တချို့ဆိုလန့်ပြီး တခြားရွာကို ရှောင်သွားကြပြီ။“တာတေရေ အပျက် အပျက်နဲ့ ငါတို့ရွာပျက်တော့မယ်ထင်တယ်ကွကိုသာဆန်းက မျက်နှာပျက်ပျက်နဲ့ ပြောတယ်။ကျုပ်လည်း ဘာလုပ်ရမှန်းမသိဘူးဗျာ။ နောက်ဆုံးတော့ ကျုပ်ဆုံးဖြတ်လိုက်တယ်။ အမဲသားနှစ်ပိသာ မြို့တက်ပြီး ဝယ်ခိုင်းတယ်။ ဟင်းကျကျနန ချက်ပြီး ညဘက် သင်္ချိ ုင်းကုန်းကို ထွက်လာခဲ့တယ်။ ကျုပ်နဲ့ အတူ ကိုသာဆန်းရယ်၊ကိုဖိုးထောင် ရယ်၊ အစ်မညှပ်ရယ် ပါလာတယ်။သင်္ချိုင်းထဲရောက်တော့ တော်တော်ကိုမှောင်နေပြီဗျ။ ကျုပ်ကငှက်ပျောဘက်နဲ့ ထုပ်လာတဲ့ထမင်းထုပ်ကို ဂူတစ်လုံးပေါ်မှာ ဖြည်ပြီး ခင်းလိုက်တယ်။ ဘေးမှာ ရေတစ်ခွက်ကိုလည်းချထားလိုက်တယ်။ မညှပ်ကတော့ ကျုပ်ခိုင်းတဲ့အတိုင်း ဂူရှေ့က မြက်ခင်းကလေးမှာ ကျုံ့ကျုံ့လေးထိုင်ပြီး ဆံပင် ကိုဖြည်ချထားလိုက်တယ်။လက်အုပ်ကလေး ချီထားရတာပေါ့ဗျာ။ကျုပ်က မဖဲဝါကို ပင့်တယ်။“သင်္ချိုင်းရှင်မ မဖဲဝါ အလွန်အရေးကြီးတဲ့ကိစ္စ ရှိနေတဲ့အတွက်ဒီနေရာကို အမြန်ကြွခဲ့ပါ။မဖဲဝါ အတွက်ချက်ပြုတ်ပြီးယူလာတဲ့ ထမင်းနဲ့ဟင်းလျာတွေကို မြိန်မြိန်ယှက်ယှက်သုံးဆောင်ပါမဖဲဝါ ။ ကျုပ်တာတေက ပင့်ဖိတ်ပါတယ်ဗျာ။ကြွပါ ကြွပါ ကြွပါ ။ သင်္ချိုင်းရှင်မ မဖဲဝါခဗျာ“ဟီးဟော..ရောက်ပြီဗျို့။ မညှက်ကိုဝင်ပူးလိုက်တာဗျာ။ ငြိမ့်ခနဲ နေတာပဲ။ ပြီးတော့ ဂူပေါ်ကိုအသာလေးခုန်တက်သွားတယ်။ ဟော ဆောင့်ကြောင့်ကြီးထိုင်ချပြီး ထမင်းနဲ့ ဟင်းကို အားရပါးရ စားတော့တာဗျို့။“မဖဲဝါရေ ကျုပ်တို့ထနောင်းကုန်းမှာတော့မဖဲဝါအခုဝင်စီးထားတဲ့ မညှပ်ရဲ့ ခင်ပွန်း ဟောဒီ့ကိုဖိုးထောင်ဟာ တောထဲမှာ သစ်ခုတ်ရင်းသရဲကလေးတစ်ယောက်ကိုခုတ်မိသွားတယ်တဲ့။ကိုဖိုးထောင်ကလည်း နာနာဘာဝကို မမြင်ရတော့ ထိသွားမှန်းတောင်မသိပါဘူးဗျာ။အဲ့ဒီ့ကလေးရဲ့ အမေလုပ်တဲ့ သရဲမက ကျုပ်တို့ရွာကိုတအားသောင်းကြမ်းနေတယ်ဗျာ။ တောင်းပန်လို့လည်းမရဖြစ်နေပါတယ်။ အခုဆိုရင်ဆရာတစ်ယောက်ကိုလည်း သတ်ပြီးပါပြီ။ ရွာမှာဝမ်းရောဂါ ကျအောင်လုပ်လို့ နှစ်ယောက်သေသွားပါပြီ မဖဲဝါ ။ ဒီကိစ္စတွေကို အမြန်ဆုံးရပ်ပေးပါလို့ မေတ္တာရပ်ခံတာပါဗျာမဖဲဝါက စားရင်းသောက်ရင်းခေါင်းညိတ်တယ်ဗျ၊ ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ။ဒါဆိုရင်အဆင်ပြေပြီဆိုတာ ကျုပ်သိပြီလေဗျာ။“ကျုပ်မသိတာတစ်ခုမေးပါရစေဗျာ။နာနာဘာဝကို ဓားတွေ ပုဆိန်တွေနဲ့ခုတ်လို့ထိလို့လားဗျာ“ဟဲ့ ဟိုအကောင်ခုတ်တဲ့ပုဆိန်က ရိုးရိုးပုဆိန်မဟုတ္ဘူးဟဲ့ ။ ကိုးသခိ င်္ုင်းကသံတွေနဲ့ လုပ္ထားတဲ့ ကိုးသင်္ချိ ုင်းပုဆိန်ဟဲ့။ ဒီကောင်ကဘာမသိညာမသိနဲ့ အဲ့ဒီပုဆိန်ကြီး လွှဲ လွှဲပြီးသစ်ပင်ခုတ်နေတာ။ ကိုးသင်္ချိ ုင်းပုဆိန်နဲ့ ခုတ်ရင်နာနာဘာဝ သေတယ်ဟဲ့ သိလား။ အဲ့ဒီ့ကောင်ရဲ့ ပုဆိန်ကို နင်သိမ်းလိုက်တာတေ။ ဒါမှ သရဲမကို ငါခေါ်သွားမယ်။ အဲ့ဒီလို မသိမ်းနိုင်ရင်သရဲမကို ငါမခေါ်ဘူး။ သူ့မှာလည်း သားဆုံးရှုံးထားရတာ“ဟုတ် ဟုတ်ပါတယ် မဖဲဝါ။ ကျုပ်မသိလို့ဖြစ်ရတာပါဗျာ။ ကျုပ်အဲ့ဒီ့ပုဆိန်ကို ဟောဒီ့ကမောင်တာတေ အဲ အဲ ဆရာတာတေကို ကျုပ်အပ်လိုက်ပါ့မယ်။နောက်ကို ဘယ်တော့မှအဲ့ဒီပုဆိန် မသုံးတော့ပါဘူးဗျာ ကတိပေးပါတယ်မဖဲဝါ“ဟီး ဟီး ဟီးမဖဲဝါက ခေါင်းကြီးညိတ်ပြီး ရယ်တယ်။ထမင်းတွေရောဟင်းတွေရော ကုန်အောင်စားပြီးတော့လက်ဆေးပြီးရေသောက်တယ်ဗျ။ခဏနေတော့ ဂူပေါ်မှာ မတ်တပ်ကြီးရပ်ပြီးခေါင်းကြီးမော့ထားတယ်။“ဟိုကောင်မ အခုလာခဲ့ နင့်ကိစ္စငါရှင်းပြီးပြီအခုလာခဲ့အဲ့ဒီလို လည်းပြောလိုက်ရောမညှက်ဟာ ဂူပေါ်ကို ခွေခွေလေး ပြုတ်ကျသွားတယ်ဗျာ။“အား အီး အီး ဝူး ဝူး အီးဆိုတဲ့အော်သံကြီးက တဖြေးဖြေးဝေးသွားတယ်ဗျ။“ဝူး ဝူး ဝူး အူးဟာ မဖဲဝါရဲ့ ခွေးကြီးအူသံပဲ။ သွားကြပြီဗျ။တဖြေးဖြေးဝေးသွားတယ် ။“အီး အီး အီးဟာ ဒါကတော့ မဖဲဝါရဲ့ အသံမဟုတ်ဘူးဗျို့။ဒါ ဟိုသရဲမရဲ့ အသံပဲ ထင်တယ်။ပါသွားပြီဗျို့။ဟိုသရဲမလည်း ပါသွားပြီဗျ။ အသံတွေကတဖြေးဖြေးဝေးသွားတယ်ဗျ။“ကိုဖိုးထောင် လာ အစ်မညှက်ကို ပွေ့ထူလိုက်ကျုပ်ကကျုပ်အိတ်ထဲ အသင့်ဆောင်ထားတဲ့သစ်စုန်းဆေးတော် စိမ်ထားတဲ့ ရေပုလင်းလေးထုတ်ပြီး အစ်မညှက်ရဲ့ မျက်နှာကိုတောက်လိုက်တယ်။ သတိရပြီး ချက်ချင်း ထ ထိုင်တော့တာပဲဗျာ။“နေပါဦး ကိုဖိုးထောင်ရဲ့ ခဗျားက ဒီကိုးသင်္ချိုင်းပုဆိန် ကိုဘယ်လိုရတာတုံး“ဟာ တာတေရာ ငါက ကိုးသင်္ချိ ုင်းတွေဆယ်သင်္ချိုင်းတွေ ဘာမှ သိတာမဟုတ်ပါဘူးကွာ။ ငါ့အဖေသေတော့ အိမ်မှာ သံတုံးတစ်တုံး ကျန်ခဲ့တယ်ကွ။ အဖေ ပုဆိန်လုပ်မို့ဆိုပြီး သိမ်းထားတာ။ အဲ့ဒါ သူသေတဲ့ထိ လုပ်မသွားဖြစ်ဘူး။ ဒါနဲ့အဲ့ဒီ သံတုံးကို ယူပြီးဆရာမနိုင်က ပန်းပဲဆရာကြီးဆီမှာ ငါကသစ်ခုတ်ဖို့ ပုဆိန် လုပ်ခိုင်းလိုက်တာပါ။ဘာတွေစွမ်းလဲ ငါမသိပါဘူးကွာ။ အဖေဘယ်ကယူလာတဲ့ သံတုံးမှန်းလည်းငါမသိပါဘူး။မဖဲဝါကို အခုပေးလိုက်တဲ့ ကတိအတိုင်းအိမ်ရောက်ရောက်ချင်း အဲ့ဒီပုဆိန် ကို မင်းဆီအပ်လိုက်မှာပါအစ်မညှက်ကို ခေါ်ပြီး ကျုပ်တို့ရွာကိုပြန်ခဲ့ကြတယ်။ကိုဖိုးထောင်က သူ့ကတိအတိုင်းကျုပ်ကို ကိုးသင်္ချိ ုင်းပုဆိန်ကြီးအပ်လိုက်တယ်။အားလုံးပြီးသွားပြီပေါ့ဗျာ။ ရွာထဲကခွေးတွေလည်း အပြင်ပြန်ထွက်လာကြတယ်။ကလေးတွေလည်း ရွာလမ်းပေါ်မှာ ပြန်ပြီးပြေးလွှားကစားနေကြတယ်။ကျုပ်ကတော့ ကိုးသချိုင်းပုဆိန်ဆိုတာကြီးကို ပခုံးမှာထမ်းပြီး အိမ်ကိုပြန်ခဲ့တာပေါ့ဗျာပြီးပါပြီ။။မူရင်းရေးသားသူ-ဆရာတာတေ
Tags
About Computer Hardware & Software Sharing
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.