**ကျွန်မှာ ဘယ်မှာနေရမလဲ**(စ/ဆုံး)
————————————မသန်းနု ဆုံးသွားပြီ။၉၆ပါး ရောဂါနဲ့ပါပဲ…။ဆုံးတဲ့နေ့က တန်ခူးလဆန်း ၁ ရက်နေ့။မသန်းနုအသက်က ငါးဆယ်လောက်ရှိပြီ။လင်မယားနှစ်ယောက်ထဲနေတာမို့ အိမ်မှာသူ့ယောင်္ကျားအုန်းမြင့်ပဲ ကျန်ရစ်ခဲ့တယ်။ သူတို့လင်မယားက သားတစ်ယောက်ပဲ ရှိတယ်။ သားရဲ့နာမည်ကရဲသွေးတဲ့ …။ရဲသွေးက ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတယ်။မသန်းနုဆုံးပြီဆိုတာနဲ့ ချက်ချင်းပဲအုန်းမြင့်က သားဆီကို ဖုန်းဆက်ပြီး…၊မိခင်ဆုံးပါးသွားတဲ့အကြောင်း အကြောင်းကြားဖို့ စီစဉ်တယ်။ တပ်မတော်သားဆိုတာမျိုးက တိုင်းပြည်အရေးကိုသာရှေ့တန်းတင်ထားကြသူတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စမှန်သမျှနောက်တန်းမှာပဲထားကြရတယ်။ဒါကြောင့် ရဲသွေး တပ်ရင်းမှာရှိမှရှိပါ့မလားလို့ ကိုအုန်းမြင့် စိတ်ပူမိတယ်။ ကံအားလျော်စွာပါပဲ ရဲသွေးနဲ့ ဖုန်းအဆက်အသွယ်ရတယ်၊ ရဲသွေး တပ်ရင်းမှာရှိနေတယ်။အုန်းမြင့်က မသန်းနု ဆုံးသွားတဲ့အကြောင်းပြောတယ်။ဖြစ်နိုင်ရင် မိခင်ကြီးရဲ့ နောက်ဆုံးခရီးစျာပနမှာ သားရဲသွေးရှိစေချင်တယ်။အတူတကွ မိခင်ကြီးအတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်ပြုလုပ်ချင်တယ်လို့ ပြောလိုက်တယ်။“ကျနော် တပ်ခွဲမှူးကို သတင်းပို့ပြီးခွင့်တောင်းမယ် အဖေ…၊ ခွင့်ရတာနဲ့ချက်ချင်းလာခဲ့ပါမယ်…”လို့ သားက ပြောတယ်၊ ပြီးတော့ဖုန်းချလိုက်တယ်။ ဟုတ်တော့လည်းဟုတ်တယ်၊ တပ်မတော်သားဆိုတာနဲ့သူ့ကို တိုင်းပြည်က ပိုင်သွားပြီ။တိုင်းပြည်အရေးက နံပါတ်( ၁ )၊ကိုယ်ကိစ္စက နံပါတ်( ၂ )ဆိုတာအုန်းမြင့်သဘောပေါက်တယ်…၊ဒါပေမဲ့ သားကို လာစေချင်တယ်…။ရဲသွေးအနေနဲ့ မိခင်ကြီးကိုကန်တော့ခွင့်ရပါစေလို့ ဆုတောင်းတယ်။သူ့ဆုတောင်း ပြည့်ပါတယ်။ရဲသွေး ညတွင်းချင်းပဲ ရွာကိုရောက်လာတယ်။ သူ့မိန်းမ ကလျာနွယ်လည်းပါလာတယ်။ ရောက်ရောက်ချင်းဆိုသလို ရဲသွေးက သူ့အဖေအုန်းမြင့်ကိုပြောတယ် ။“ကျတော် ကြာကြာနေလို့မရဘူး အဖေတပ်ခွဲမှူးက ခွင့်သုံးရက်ပဲ ပေးလိုက်တယ်ဒါတောင် မိခင်အရင်း ဖြစ်နေလို့၊ ညီအစ်ကို မောင်နှမဆိုရင်တောင် ရမှာ မဟုတ်ဘူး…ကျတော်ကလည်း အမေ့ကိုသင်္ဂြိုဟ်ချင်တယ်၊ ရက်လည်ဆွမ်းသွတ်တဲ့အထိလည်း ရှိချင်တယ် …၊ ဒါကြောင့်ဒီလိုလုပ်ချင်တယ် အဖေ”ရဲသွေးက သူလုပ်ချင်၊ သူဖြစ်ချင်တာကို ပြောတယ်။ အုန်းမြင့် ရပ်ကွက်လူကြီးနဲ့ ညှိနှိုင်းတိုင်ပင်ကြည့်တယ်။ ရဲသွေးလုပ်ချင်တဲ့အလုပ်ဟာ ရွာမှာဘယ်သူမှမလုပ်ဖူးဘူး။ထုံးစံဓလေ့လည်း မရှိဘူး။ဒါပေမဲ့ ဘယ်သူ့မှ မထိခိုက်ဘူး၊ ရွာကိုလည်းထိခိုက်မှာ မဟုတ်ဘူး။ သားတစ်ယောက်အနေနဲ့ သူဖြစ်ချင်တာကို ဆန္ဒရှိတဲ့ အတိုင်းပြောတာ။ ရွာလူကြီးက နားလည်တယ်။ဒီနေ့သေတဲ့ မသန်းနုကို မနက်ဖြန်၊သုသာန်ပို့ပြီး သင်္ဂြိုဟ်မယ်…သဘက်ခါ ရက်လည်ဆွမ်းသွတ်မယ်တဲ့ …အုန်းမြင့်တို့ သားအဖရဲ့ဆန္ဒအတိုင်း လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုလိုက်တယ်။ရဲသွေးတို့လင်မယားကလည်း ရက်လည်ဆွမ်းသွတ်ပြီးပြီးချင်းပြန်နိုင်ဖို့ အစီအစဉ်ဆွဲတယ်…ရွာလူကြီးတွေ ခွင့်ပြုတဲ့အတွက် အုန်းမြင့်ရော…ရဲသွေးပါ ကျေနပ်သွားတယ်၊ ဒါပေမဲ့ဒီအစီအစဉ်အပေါ် မကျေနပ်တဲ့သူတစ်ယောက်ပေါ်လာတယ်။သူကတော့ သေသူ မသန်းနုပဲဖြစ်တယ်။XXXလူသေရင် သုံးရက်ထားတယ်။ သုံးရက်မြောက်တဲ့နေ့မှ သင်္ဂြိုဟ်ရတယ်။ နှစ်သစ်ကူးရက်နဲ့ကြုံလို့ ကူးစက်ရောဂါကြောင့်သေတာနဲ့၊ အခြားသော အကြောင်းအရာတွေကြောင့် ချက်ချင်းသင်္ဂြိုဟ်ရတာ…။တစ်ရက်ထဲထားပြီး နောက်နေ့ သင်္ဂြိုဟ်တာတွေ ရှိတတ်ပေမဲ့ သုံးရက်မြောက်တဲ့နေ့မှာ သင်္ဂြိုဟ်တာကတော့ ရွာရဲ့ထုံးစံပါ။ဒါပေမဲ့ ရက်လည်ဆွမ်းသွတ်ကိုသုံးရက်နဲ့ လုပ်တာတော့ ထုံးစံမရှိဘူး၊အစဉ်အလာ မဟုတ်ဘူး။ ရွာရဲ့ သမိုင်းတစ်လျှောက်မှာလည်း တစ်ကြိမ်တစ်ခါတောင် မကြုံဖူးဘူး…ကာလ၊ ဒေသ အခြေအနေအရ ငါးရက်နဲ့ဆွမ်းသွတ်တာ ရှိခဲ့ပေမဲ့ …၊ထုံးစံက သေဆုံးပြီးခုနှစ်ရက်တင်းတင်းပြည့်မြောက်တဲ့နေ့မှ ရက်လည်ဆွမ်းသွတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကာယကံရှင်တွေရဲ့အလိုကျ ရပ်ကွက် လူကြီးတွေက ခွင့်ပြုလိုက်တယ်။တန်ခူးလဆန်း( ၂ )ရက်နေ့၊ နေ့ခင်းမှာပဲမသန်းနုရဲ့ရုပ်အလောင်းကို သုသာန်ပို့ပြီးသင်္ဂြိုဟ်လိုက်တယ်။ နောက်နေ့ဖြစ်တဲ့တန်ခူးလဆန်း (၃)ရက်နေ့မှာ ရက်လည်ဆွမ်းကျွေးတယ်။ရဟန်းသံဃာတွေပင့်ပြီး ဆွမ်းဆက်ကပ်တယ်။ ဒါတပ္ပဝတ္ထုအစုစုတို့ကိုလှူဒါန်းတယ်။ ရက်လည်တရားနာတယ်။ပရိတ်တရားတော်တွေ ရွတ်ဖတ်တယ်ကွယ်လွန်သူ မသန်းနုနဲ့တကွ သုံးဆယ်တစ်ဘုံမှာ ကျင်လည်နေထိုင်ကြကုန်သော သုခိတ၊ ဒုတ္ခိ၊ ဝေနေယျ သတ္တဝါအားလုံးတို့ကို အမျှအတန်းပေးဝေတယ်……သာဓုအနုမောဒနာ ခေါ်ဆိုကြတယ်။အဲဒီနောက်မှာ လာရောက်ကြတဲ့ဧည့်ပရိတ်သတ်တွေကို ဝက်သားဟင်းနဲ့ထမင်းကျွေးဧည့်ခံတယ်။ ဒီလို ဧည့်ပရိတ်သတ်တွေနဲ့ စည်ကား၊ ဆူညံနေတဲ့ အချိန်မှာပဲ မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခု ဖြစ်လာတယ်။မကလျာနွယ်…၊ ရဲသွေးရဲ့ဇနီး မကလျာနွယ်ဟာ ရုတ်တရက်မိုက်ခနဲ ဖြစ်ပြီးလဲကျမလို ဖြစ်သွားတယ်။ အနီးအနားမှာရှိတဲ့သူတွေက ဝိုင်းပြီး’ဘာဖြစ်တာလဲ’လို့ မေးလိုက်ချိန်မှာပဲ မကလျာနွယ်ဆီက ရှိုက်သံထွက်လာတယ်။ငိုနေရာကနေ အုန်းမြင့်ဆီ ထပြေးတယ်။ယောက္ခထီးဖြစ်တဲ့ အုန်းမြင့်ကိုဖက်၊ရှိုက်ကြီးတငင် ငိုကြွေးရင်း စကားတွေဖြစ်တယ်။“အမလေး …၊ ကိုအုန်းမြင့်ရဲ့၊ ရှင်တော်တော်ရက်စက်တယ်၊ ကျုပ်ကို နှစ်ရက်နဲ့လည်းသင်္ဂြိုဟ်သေးတယ်၊ ခုလည်း သုံးရက်နဲ့နှင်ချနေပြန်ပြီ ရှင်တော်တော်ရက်စက်တဲ့လူကြီးပဲ ကိုအုန်းမြင့်ရဲ့”ပရိတ်သတ်အားလုံး အုန်းမြင့်ကိုဖက်ငိုနေတဲ့ ချွေးမဖြစ်သူကိုကြည့်ပြီးအံ့အားသင့်ကုန်တယ်…နောက်မှ သေသူမသန်းနု ဝင်ပူးနေပြီဆိုတာ သဘောပေါက်သွားကြတယ်။ဟုတ်တယ်…၊ ချွေးမဖြစ်သူ ကလျုာနွယ်ရဲ့အသံက ယောက္ခမ မသန်းနုရဲ့အသံကြီး…ပြီးတော့ မျက်နှာကလည်း တစ်မျိုးဖြစ်သွားတယ်……မသန်းနု ဝင်ပူးကပ်ခံနေရတဲ့ ကလျာနွယ်ဟာ ကိုအုန်းမြင့် အနီးကခွာပြီး အိမ်ရှေ့မြေပြင်ပေါ် ခြေဆင်းထိုင်ပြီး ငိုပြန်တယ်။ပြီးတော့ မြေကြီးပေါ်လူးလှိမ့်တယ်။စကားတွေပြောပြီး ငိုတယ်။“ခုတော့ ကျမနေလို့ မရတော့ဘူးတော့်…အိမ်ပေါ်က လူကြီးကလည်း ကျမကိုရိုက်ချနေပြီ၊ ကျမ ဘယ်မှာနေရမလဲ…၊ပြောပါအုံး၊ ကိုအုန်းမြင့်ရဲ့၊ ကျမ ဘယ်မှာနေရမလဲ…”ကိုအုန်းမြင့် သူ့မိန်းမအတွက် စိတ်မကောင်းဘူး။ဒါပေမဲ့ သူက တစ္ဆေသရဲယုံတဲ့သူ မဟုတ်ဘူးတစ္ဆေ သရဲအကြောင်း သူ့ကို ပြောလာရင်သူက ကန့်လန့်တိုက်ပြီး ပြောတတ်တဲ့သူ…ဒါကြောင့် အခု သူ့မိန်းမ မသန်းနု ဝင်ပူးနေတယ်ဆိုတော့ ရွတ်ပြီးပြောလိုက်တယ်…“ငါတို့က ထုံးစံနဲ့လည်း ကိုက်အောင်၊နင့်သား ရဲသွေးရဲ့ဆန္ဒလည်းပြည့်အောင်လုပ်လိုက်တာပဲ…။ နင့်မှာနေစရာမရှိရင်ဘုရားကြီးကျောင်းဝိုင်းထဲ ပြေးပေါ့ဟာ”အုန်းမြင့် ဒီလိုပြောလိုက်တာနဲ့ မြေကြီးပေါ်လူးလှိမ့်ငိုနေတဲ့ ကလျာနွယ်ဟာ ဖုံမှုန့်အလိမ်းလိမ်း၊ ပြေကျပြီး ဖယိုဖရဲဖြစ်နေတဲ့ဆံပင်တွေနဲ့ ထလာတယ်။အုန်းမြင့်ကို စိမ်းစိမ်းဝါးဝါးကြီး ကြည့်တယ်။ပြီးတော့ ဘာမပြော၊ညာမပြော…၊ရွာလယ်လမ်းမကြီးအတိုင်း အရှေ့ဘက်ကို စွတ်ပြေးနေတယ်…၊သုံးလေးဖာလုံလောက်ဝေးတဲ့ဘုရားကြီး မုခ်ဦးရောက်တော့ဘုရားဝိုင်းထဲ ကွေ့ဝင်ပြေးတယ်။ကလျာနွယ်ကို တစ်ခုခုဖြစ်မှာစိုးရိမ်တဲ့ဆွေမျိုးသားချင်လေး ငါး ဆယ်ယောက်လောက် နောက်ကနေ တသီတတန်းပြေးလိုက်သွားကြတယ်ထူးဆန်းတာက ကလျာနွယ်ပါ။သူမက ရဲသွေးနဲ့အိမ်ထောင်ကျတာမကြာသေးဘူး။ ရွာကိုလည်း တစ်ကြိမ်တစ်ခါမျှ မလာဖူးဘူး…၊ခုမှ မသန်းနုသေမှ သူ့ယောင်္ကျားရဲသွေးနဲ့လိုက်လာလို့ ရောက်ဖူးတာ…၊ ရောက်တော့လည်း အသုဘအိမ်ကလွဲပြီး ဘယ်မှမသွားခဲ့ဘူး။ ယောက္ခမ …မသန်းနု သင်္ဂြိုဟ်တာတောင် သုသာန် လိုက်မသွားဘဲအိမ်မှာပဲ နေခဲ့တဲ့သူ။ဆိုလိုတာက အိမ်ထဲက အိမ်အပြင်မထွက်ဘူးတဲ့သူ ။ ဘုရားကြီး ဘယ်ဘက်မှာရှိတယ်ဆိုတာ မသိတဲ့သူ…၊ ဒီလိုလူကအုန်းမြင့်ရဲ့ ‘ဘုရားကြီးဝိုင်းထဲ ပြေးပေါ့’ဆိုတဲ့ စကားလည်းကြားရော…၊ဘုရားကြီးဝိုင်းထဲ အမှားအယွင်းမရှိ၊တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့တယ်။ဒါဟာ သေသူမသန်းနု အမှန်တကယ်ဝင်ပူးကပ်နေတယ်ဆိုတာ အထင်အရှားပြနေတာပါပဲ…။ဘုရားဝင်းကြီးထဲမှာ ထိုင်ငိုနေတဲ့ ကလျာနွယ်ဆီကို ဆွေမျိုးတွေနဲ့ အတူ တိုင်းရင်းဆေးဆရာလည်းဟုတ်၊ပယောဂဆရာလည်းဟုတ်တဲ့ ဦးကြာညွန့်ရောက်လာတယ်။“နင်…၊ သန်းနု အစစ်အမှန်လား…၊အခြား ပယောဂအနှောင့်အယှက်လား…”“ဆရာ ဦးကြာညွန့်ကလည်း ကျမသန်းနုအစစ်ပါ တော်…”ကလျာနွယ်ဆီက ထွက်လာတဲ့စကားကြောင့်သန်းနုအစစ်အမှန်ဆိုတာ လက်ခံလိုက်ကြတယ်။ဘာကြောင့်လည်းဆိုတော့ ကလျာနွယ်ကဦးကြာညွန့်ကို သိမှာမသိတာကိုး။“ကဲ …ပြော…၊ နင် ဘာလုပ်ချင်လဲ၊ဘာဖြစ်ချင်လဲ…၊ ငါ့ကိုပြောစမ်း…”“ကျုပ်အိမ်မှာ နေလို့မရတော့ဘူး၊အီး …ဟီး…ဟီး…၊ ဘယ်မှာ နေရမတုန်း၊ဘယ်မှာ နေရမတုန်း…၊ ကျုပ်ကို နေရာပေးပါ၊ ဟီး ဟီး ဟီး”ဆရာကြီးဦးကြာညွန့် အနီးမှာရှိတဲ့ထနောင်းကုန်းပင်ကို လက်ညှိုးထိုးပြတယ်။“ဒီထနောင်းပင်မှာနေ…”ကလျာနွယ် ထနောင်းပင်ကို စိုက်ကြည့်ပြီးခေါင်းယမ်းပြတယ်။“မရဘူး၊ နေလို့မရဘူး၊ ဒီအပင်မှာ နေတဲ့သူရှိတယ်”ဆရာကြီးဦးကြာညွန့် မလှမ်းမကမ်းကတမာပင်ကြီး တစ်ပင်ကို ထပ်ပြတယ်။“ဒီ တမာပင်ကြီးမှာရော”“မရဘူး၊ ဒီအပင်မှာလည်း ပိုင်ရှင်ရှိတယ်ဒီလိုနဲ့ ဦးကြာညွန့်ဟာ ဘုရားဝိုင်းထဲမှာရှိတဲ့ အပင်တွေကို တစ်ပင်ပြီးတစ်ပင်ပြတယ်၊ မသန်းနုအတွက် နေစရာပေးတယ်။မသန်းနုပူးကပ်နေတဲ့ ကလျာနွယ်ကတော့ခေါင်းယမ်းမြဲယမ်းနေတယ်။“ကဲ …သခွပ်မှာရောဟေ့…”ကလျာနွယ်ဟာ သခွပ်ပင်ကို အတန်ကြာအောင် ကြည့်တယ်“ဟုတ်တယ် …၊ ဒီ သခွပ်ပင်မှာ ပိုင်ရှင်မရှိဘူး၊ကျမ ဒီမှာပဲ နေမယ် “လို့ပြောပြီး သဘောတူလိုက်တယ်“ကဲ …နင် ဘာလုပ်ချင်သေးတုန်းငါ့ကိုပြော…”ဆရာကြီးဦးကြာညွန့်က မေးလိုက်ပြန်သည်။ကလျာနွယ်ဟာ ဝိုင်းကြည့်နေတဲ့ လူအုပ်ကိုစေ့စေ့စပ်စပ် လိုက်ကြည့်တယ်။ ပြီးတော့မလှမ်းမကမ်းမှာ ကြည့်နေတဲ့ အုန်းမြင့်ကိုလက်ယက်ပြီး ခေါ်တယ်။“ဘူးနဲ့ ထည့်ထားတဲ့ ကျုပ်လက်ဝတ်ရတနာတွေ သွားယူပေး…၊ ကျုပ်လက်ဝတ်လက်စားအားလုံး ဆရာတော်ကိုလှူချင်တယ် …”အုန်းမြင့် အိမ်ကို ချက်ချင်းပြန်ပြေးတယ်။မသန်းနုရဲ့လက်ဝတ်လက်စားတွေထည့်သိမ်းထားတဲ့ ဘူးကို ယူတယ်၊ကလျာနွယ်လက်ထဲ ထည့်လိုက်တယ်။ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက်၊နားကပ်စတဲ့ ရွှေထည်ပစ္စည်းတွေကိုတွေ့တယ်၊ ကလျာနွယ် ရွှေဘူးကိုပြန်ပိတ်တယ်။ ပြီးတော့ ဘုရားဝိုင်းထဲကနေ အနောက်ဘက် ကပ်လျက်ဘုန်းကြီးကျောင်းဝင်းထဲကို သွားတယ်။လူအုပ်ကလည်း သူ့နောက်က လိုက်သွားကြတယ်။ ကျောင်းဝင်းထဲကိုတစ်ခေါက်မှမရောက်ဖူးတဲ့ ကလျာနွယ်ဟာကျောင်းတိုက်တွေ အများအပြားရှိတဲ့အထဲက ဆရာတော် ဦးဣန္ဒဝံသ သီတင်းသုံးတဲ့ နှစ်ထပ်သစ်သားကျောင်းကိုတန်းတန်းမတ်မတ် တက်သွားတယ်ဆရာတော်ကို ကန်တော့ပြီး လက်ဝတ်လက်စားတွေ ထည့်ထားတဲ့ ဘူးကိုလှူလိုက်တယ်လှူပြီးတော့ ကျောင်းအောက်ပြန်ဆင်းခဲ့တယ်။လာခဲ့တဲ့လမ်းအတိုင်း ဘုရားကြီးပရဝုဏ်ထဲပြန်ဝင်လာတယ်။ဒီလိုလာရင်းက သခွပ်ပင်အောက်အရောက်မှာ ကလျာနွယ်တစ်ယောက်ခွေခွေလေးလဲကျသွားတယ်၊ သတိလစ်သလို ဖြစ်သွားတယ်။ပရိတ်သတ်ထဲက မိန်းမကြီးတချို့ပြုစုပေးလို့ တစ်ခဏအကြာမှာပဲသတိပြန်ရလာတယ်။ အဲဒီအခါမှာတော့ကလျာနွယ်ဟာ ကလျာနွယ်စစ်စစ်ပြန်ဖြစ်သွားပြီ ဖြစ်ပါတယ်။မသန်းနု ဝင်ရောက်ပူးကပ်ခံနေရတဲ့ကလျာနွယ် မဟုတ်တော့ပါဘူး….။ကလျာနွယ်ရဲ့စိတ်တွေကလည်း မူလပုံမှန်စိတ်ကို ပြန်ရောက်နေပါပြီ။လူတွေကတော့ ကလျာနွယ်ကို ခေါ်ပြီးနာရေးအိမ်ရှိရာသို့ ပြန်လာရင်း…၊မသန်းနုတစ်ယောက် သူ့အတွက်ရရှိတဲ့နေရာဋ္ဌာနအသစ်ဖြစ်တဲ့ သခွပ်ပင်ကြီးမှာ နေရစ်ခဲ့ပြီဆိုတဲ့ အကြောင်း တစ်ယောက်တစ်ပေါက်၊ ဆူဆူညံညံပြောဆိုလိုက်ပါလာကြတယ်။ညနေပိုင်းမှာ ဆရာတော်က အုန်းမြင့်ကိုခေါ်တယ်။“မနက်တုန်းက ဒကာမကြီးမသန်းနုစိတ်ချမ်းသာအောင်လို့ လက်ခံထားရတယ်…ဒီပစ္စည်းတွေက တရားဘာဝနာ ကျင့်ကြံအားထုတ်ရာမှ အနှောင့်အယှက်ပြုတတ်တဲ့ပစ္စည်းတွေဖြစ်လို့ ဘုန်းကြီးတို့နဲ့ မအပ်စပ်ဘူးဒါကြောင့် ဒကာမကြီးကို ပြန်ပြီးစွန့်ပါတယ်…”လို့ မိန့်ပြီး ရွှေထည်ပစ္စည်းတွေကိုပြန်စွန့်လိုက်ပါတယ်။ပြီးပါပြီမူရင်းရေးသူ ဆရာမောင်မှိုင်းညို့(ချောင်းဦး)creditစာဖတ်သူများ စိတ်ရွှင်လန်းပါစေ
Tags
About bookstory
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.