ဖူးစာရွာလယ်

 ဖူးစာရွာလယ်(စ/ဆုံး)


—————–


ငွေကြေးပြည့်စုံ ပြီး စိုက်ပျိုးမြေရှိ၏။သို့သော်

ဘာပင်စိုက်ပါက၊အကျိုးအမြတ်ရမည်လည်းမသိ။


သည်အပင်စိုက်လျှင်၊အကျိုးရှိနိုင်ကြောင်းသိ၏။

သို့သော်စိုက်ပျိုးနည်းစနစ်မသိ။


စိုက်ပျိုးနည်းစနစ်သိ၏။

သို့သော်စိုက်ပျိုးရေးလုပ်သားတို့အား၊စနစ်တကျ၊

ညွှန်ကြားတတ်မှုမရှိ။


ရင်းနှီးမြုတ်နှံရန်၊ငွေရင်းသာရှိပြီး၊

ထိုငွေများအားစိုက်ပျိုးရေးအခြေခံဖြင့်၊

အကျိုးအမြတ်ရရှိအောင်၊စွမ်းဆောင်ပေးနိုင်မည့်သူအား၊ စိုက်ပျိုးရေးအကြံပေး၊ဟုခေါ်ဆိုပါသည်။


မောင်သာလိကား၊အသက်နှစ်ဆယ်ကျော်၊

လူငယ်တဦးဖြစ်သော်လည်း၊ထိုက်ိစ္စများတွင်၊လိမ္မာ

ကျွမ်းကျင်၏။

မြေလွတ်မြေရိုင်းအခြေအနေ၊ပတ်ဝန်းကျင်ရာသီ

ဥတု၏၊အခြေအနေကိုကြည်ပြီး၊ဤနေရာတွင်

မည်သည့်အပင်စိုက်ပျိုးလျင်၊အကျိုးဖြစ်ထွန်း

မည်ကိုသိ၏။

နှင်းဆီခင်းစိုက်ပျိုးသင့်သည့်မြေမျိုးတွင်သာ၊

နှင်းဆီပန်း စိုက်ပျိုးခြင်းဖြင့်အကျိုးဖြစ်စေ၏။

အခြားအပင်နှင့်အခြားမြေများတွင်လည်း၊ထိုနည်း

အတူသာဖြစ်၏။


ကာလတို၊ကာလလတ်၊ကာလရှည်၊အတွင်း

ရင်းနှီးမြုတ်နှံသူတို့၏။စိတ်တိုင်းကျ

ဖန်တည်းပေးခြင်းဖြင့်အကျိုးအမြတ်ရှိစေ၏။


ထိုကိစ္စမျိုးအားဆောင်ရွက်ပေးရာတွင်၊

မောင်သာလိသည်အမည်ရထူးချွန်၏။

ဝါသနာ၊စေတနာထားတတ်သူမို့၊စိုက်ပျိုးရေး

မြို့တော်ပြင်ဦးလွင်တွင်၊သူ့အတွက်အလုပ်မရှားပါ။

တခါတရံတွင်တောင်ကြီး၊ဟဲဟိုး၊နှင့်အခြားသော

အရပ်ရပ်မြို့များတိုင်။လုပ်ငန်းဆောင်ရွက်ပေးရ၏။


သက်စုနှင်း

စီးပွားရေးဘွဲ့ရပြီးခဲ့ပြီ။

မိဘများချမ်းသာသောတဦးတည်းသမီး။

အလုပ်အကိုင်မရှိ။လတ်ယားလတ်ယား ။

ကြာလာတော့၊အဖိုးအဖွားတွေက၊အမြင်မကြည်ကြတော့။ဆွေးနီးမျိုးစပ်ထဲက၊အကိုဝမ်းကွဲတစ်ယောက်နှင့်

အတင်းလက်ထပ်ပေးချင်နေသည်။


ယောက်ျားဖြစ်ပြီး မိန်းကလေးဆန်သော၊သည်အကို

အားသက်စုနှင်းကြည့်လို့မရပါ။

ဒါကြောင့်အကြောင်းရှာပြီး၊ပြင်ဦးလွင်မြို့သို့ထွက်လာခဲ့သည်။အဒေါ်လိုအိမ်ဖော်တစ်ယောက်နှင့် အိမ်တလုံးငှားပြီးနေခဲ့သည်။

ရည်ရွယ်ချက်က ကော်ဖီမှုန့်ထုတ် လုပ်ငန်း

လေ့လာရန်။


ပြင်ဦးလွင်မြို့ကတနေရာနှင့်တနေရာဝေးကွာပါသည်။

မိန်းကလေးတစ်ယောက်ထည်း၊ဆိုင်ကယ်အငှား

စီးလို့လည်းမတော်။တက်စီ ခေါ်ဖို့လည်းအခက်၊ထို့ကြောင့်

အကြောင်းပြပြီး၊ကားတစ်ဝယ်လိုက်သည်။


အမောင်းသင်သာသာတတ်ယုံဆိုတော့ကားမမောင်းတတ်သေး။

လမ်းပေါ်မှာရှုတ်ပွနေတဲ့ဆိုင်ကယ်တွေကိုရှောင်ယင်း၊

မနက်စောစော၊ကျန်းမာရေးလေ့ကျင့်ခန်းအတွက်

လမ်းလျှောက်နေသော လူတစ်ယောက်အား ပွတ်တိုက်မိသွားသည်။


ခက်ထာက၊သည်လူကအိမ်တစ်လုံးထဲမှာ၊တစ်ယောက်ထည်းနေသူ။လူနာကြည့်ရှုစောင့်ရှောက်မည့်သူမရှိ။

ပထမတော့ အခြားသူတစ်ယောက်အားအကူအညီ

တောင်းထားလို့အဆင်ပြေသလိုရှိသော်လည်း။

ထိုသူပြန်သွားသောအခါ၊မိမိအခက်ကြုံပြီ၊

မြို့ထဲနှင့် ဝေးကွာလှသော မြိုင်ကြီးရွာအထိ၊သွားနေရသည်။ဆရာဝန်ကများ

ဓာတ်မှန်ရိုက်ဖို့ချိန်းသည့်နေ့မျိုးတွင်၊အခေါက်ခေါက်

အခါခါသွားနေရသည်။

ကြာလာတော့မဖြစ်ချေ။

ခြေတောက်အရိုးကျိုးသွားသော၊ထိုလူနာအား

မိမိအိမ်၏၊အောက်ထပ်တွင်အခန်းတခန်းပေးပြီး

ခေါ်ထားရပါပြီ။

ရုပ်ရည်သန့်၊မိမိနှင့်အသက်မတိမ်းမယိမ်းဖြစ်၍၊

လူကစကားပြောလျှင်ဘုဆတ်ဆတ်။

အမည်ကမောင်သာလိ။

အလုပ်က စီးပွားဖြစ်စိုက်ပျိုးရေးအကြံပေး။

စိုက်ပျိုးဘွဲ့ကို ရေဆင်းတက္ကသိုလ်မှရခဲ့သည်။


အားအားရှိ၊သူ့အလုပ်များပျက်သွားပါပြီဟုဘဲ

ပြောနေသည်ကလွဲလို့။မဆိုးပါ။

အိမ်ခေါ်ထားတော့လည်း။ဒေါ်ကြီးနှင့်နှစ်ယောက်သာ

နေသောသက်စုတို့အိမ်အတွက်၊တိုးတိုးဖော်တော့ရပါသည်။


သူ့ကိုအိမ်ခေါ်ထားမိတော့၊

သူ့အလုပ်တွေကအိမ်အထိပါလာသည်။

နေ့စဉ်နေတိုင်းတယောက်ပြီးတစ်ယောက်လာလိုက်ကြတာသူ့ဧည့်သည်တွေ၊

အဒေါ်ကြီး၊အိမ်ပေါ်ပြန်မတက်အားတော့။


ဒါပေမဲ့သူကအဒေါ်ကြီးကိုတော့မုန့်ဖိုးကောင်းကောင်း

ပေးဖော်ရပါတယ်။ဒါကြောင့်အဒေါ်ကြီးနှင့်သင့်နေပြီး

အဒေါ်ကြီးကသူ့အလုပ်ဆိုရင်ကျေကျေနတ်နတ်လုပ်ပေးနေပါသည်။


သက်စုနှင်းက၊ဝတ်တရားအရ သူ့အားဆေးခန်းသို့ပို့ပေးနေရသော်လည်း၊

သူ၏၊ဘုဆတ်ဆတ်အပြောက်ိုသိပ်မကျေနပ်ခဲ့ပါ။

အခြားသူများနှင့်စကားပြောတိုင်းအဆင်ပြေသည်ကိုတွေ့ရသော်လည်း၊သက်စုတို့လို၊မိန်းမငယ်တွေကိုသာ

ဘုဆတ်ဆတ်ပြောနေသည်ကိုတွေ့ရသည်။ဧကန်န

သည်လူ မိန်းကလေးကစိမ်းကားခံခဲ့ရသောအချစ်ဝေဒနာတစ်ခုခုများ ခံစားခဲ့ဖူးလေသလား၊တွေးမိပါသည်။


ဒါပေမဲ့သက်စုနှင်းသိချင်တဲ့ကော်ဖီ စိုက်ပျိုး

ထုတ်လုပ်ခြင်းအကြောင်းကိုသူ့ထံမှ၊မေးယူ၍၊

သင်ယူနိုင်ခံသည့်အတွက်၊အရှုံးထဲကအမြတ်ရခဲ့ပါသည်။

သည်နေ့တော့သူကပြောလာသည်။

သူ၏ခြေတောက်အခြေအနေကောင်းလာပြီမို့၊

နောက်တပတ်အကြာမှာအိမ်ပြန်ခွင့်ပြုပါတဲ့၊

သက်စုနှင်းကသူအားမပြန်ပါနဲ့ဆိုပြီး၊

တားပိုင်ခွင့်မရှိသလို၊တားရန်လည်းအကြောင်းမရှိပါ။


ဒါပေမဲ့အရေးထဲမှာအရာပေါ်လာပါပြီ။

အိမ်ကမိဘများကိုယောက်က်ျားယူလိုက်ပြီဟု

လိမ်ထားမိပြီ၊ယ္ခုစိတ်ဆိုးတုံးပစ်ပယ်ထားကြပေမဲ့

အချိန်မရွေးပြင်ဦးလွင်သို့တက်လာနိုင်သည်။

ဘယ်လိုလုပ်မလဲ။

နှစ်ယောက်အိပ်ကုတင်ကြီး အမြဲတမ်းခင်းပြထားပြီး

လက်ညှိုးထိုးပြစရာ ယောက်ျားကမရှိ။


သည်တော့ကိုသာလိ အားအကူအညီတောင်းရပြီ၊

သူကလက်မခံ။အကြောက်အကန်ငြင်းပါသည်။

ပြန်တော့မယ်ဟုဆိုပြီးအထုပ်အပိုးများအားပြင်ဆင်နေသည်။

နောက်တော့မှမျက်နှာငယ်လေးဖြင့်ဦးခေါင်းအောက်

သို့ငုံ့ပြီးမျက်ရည်ကျနေသောကျွန်မအားသနားသွားလား၊အားနာသလားမသိ။

သူတင်ပြသောနှစ်ဦးသဘောတူညီချက်များအား

လက်ခံမည်ဟုဆိုလျှင်၊သူကျွန်မ၏ယောက်ကျားအဖြစ်၊အဖေအမေတို့ရှေ့တွင်သရုပ်ဆောင်ပေးပါမည်ဟု

ဆိုလာပါသည်။


သူတင်ပြချက်များက ကျွန်မအတွက်သဘောမတူ

စရာဘာမျှမရှိပါ။

သူ့အားအဖို့အခပေးစရာမလို။

သို့သော်ကျွန်မပိုင်မြေသုံးဧက ဝယ်ပြီးသူ့အား

ယိုးဒယားပိန်းနဲပင်များစိုက်ခွင့်ပြုရန်ဖြစ်သည်။

သုံးနှစ်ကြာလို့ ထိုပိန်းနဲပင်များအသီးသီးလျှင်သူအား

အယောင်ဆောင်အလုပ်မှ၊ထွက်ခွင့်ပြုရန်ဖြစ်သည်။

သူ့အားထမင်းကြွေး၍အိမ်မှာထားရသည်မှအပ၊

ကျွန်မအတွက်ဘာနစ်နာမှုမျှမရှိသောကတိပြုမှု

ဖြစ်သဖြင့်သဘောတူညီလိုက်ပါသည်။


သူစိုက်ချင်တဲ့ပိန်းနဲစိုက်ခင်းကိုကျွန်မ လုံးဝစိတ်မဝင်

စားပါ။ဒါပေမဲ့ခြံဝယ်ပြီး၊လိုအပ်သောရင်းနှီးငွေ

အလုံအလောက်ထုတ်ပေးလိုက်သည်။

တဖက်ကလည်းကျွန်မအလိုရှိနေတဲ့၊ကော်ဖီစိုက်ခင်း

ကိုစတင်စိုက်ပျိုးခိုင်းသည်၊သည်အတွက်၊သူအလိုမရှိ

သောလခအား၊လစဉ်သူ၏၊ဘဏ်အကောင့်မှာ

သွင်းပေးထားသည်။


မကြာပါဖူး။

အချိန်ကသုံးနှစ်ပါ။

#ကော်ဖီပင်သုံးနှစ်။ ပိန်းနဲလည်းသုံးနှစ်ကြာလျှင်

ဝင်ငွေရနိုင်ပါပြီ။

ဝင်ငွေတွေဘယ်လောက်ရပါစေ၊သက်စု

စိတ်မဝင်စားပါ။ သက်စုစိတ်အဝင်စားဆုံးပြသ၁နာက

ဆွေမျိုးတွေသဘောတူသူနှင့် မယူရဖို့သာဖြစ်သည်။

ဒါကြောင့် ဘုဆတ်ဆတ် ကိုသာလိကိုအလိုက်အထိုက်

ချော့ပေါင်းရသည်။


ဒါနဲ့တောင်သူကအိမ်ကိုမကပ်။အိမ်ပြန်ရောက်တော့လည်း၊မိုးချုပ်နေပြီ။တခါတရံတရက်နှစ်ရက်မှဆယ်ကိုးရက်အထိအိမ်သို့ပြန်မလာပါ။တယ်လီဖုံးဆက်ပြီး

အကြောင်းကြားလို့သာ တော်တော့သည်။


ဒါပေမဲ့သက်စုအတွက်တော့၊အခက်ကြုံဆဲဖြစ်ပါသည်။အဖေအမေတွေ ဘယ်တော့ရောက်လာမလဲ..မသိ။

ရင်တထိတ်ထိတ်ဖြင့်၊အမြဲတမ်း အိပ်ယာခင်းထားရတဲ့

နှစ်ယောက်အိပ်ကုတင်ကြီးကိုကြည့်ပြီး အသဲထိတ်

ရသည်။

သက်စုပိုင်ပါတယ်ဆိုတဲ့၊ခြံတွေကိုလည်း၊

ခြံဝယ်စဉ်ကတခါရောက်ဖူးသည်။ ပတ်ဝန်းကျင်ရှု

မျှော်ခင်းများလှသဖြင့်၊နည်းနည်းတော့ပျော်သလိုရှိသည်။

အပင်တွေတနှစ်သားလောက်ကရောက်တော့၊

လားလား…အပင်တွေက၊သက်စုရဲ ခါးတဝက်လောက်မြင့်နေပြီ။

ဘယ်လိုဘဲကြည့်ကြည့်၊ကြည့်တဲ့နေရာကဖြောင့်တမ်းစွာမြင်နေရတဲ့အတွက်၊ စနစ်တကျ စိုက်ပျိုးထားသမ်ို့

ကြည့်လို့တော့ပသာဒရှိသည်။

အထောက်အထားပြဖို့၊ကိုသာလိနှင့်လက်ချင်းတွဲပြီး

ရိုက်ထားတဲ့ ဓာတ်ပုံများကို၊ဖေဖေမေမေတို့ထံ၊

ပို့လိုက်သည်။

အပင်တွေ နှစ်နှစ်သားလောက်ရှိတော့ခြံထဲသို့

တခါရောက်သည်။သစ်ပင်တွေကတရပ်ကျော်နေပြီ။

စိတ်ဝင်စားစရာကောင်းလာပြီ။

လမ်းလျှောက်ဓာတ်ပုံရိုက်လို့မဖြစ်တော့။

သစ်ပင်များကဘက်ဂရောင်းထားပြီး၊ပခုံးလေးကိုတွယ်ပြီး၊ဓာတ်ပုံရိုက်၊ဖေဖေမေမေတို့ထံတခါပို့လိုက်သည်။အကြောင်းမပြန်ကြပါ။


သိချင်တာနှင့်ဘဲ၊ရှိစေတော့ဆိုပြီး၊တူနှစ်ကိုယ်တွဲ

ပြီးရိုက်ထားသည့်ပုံများအား၊လိုင်းပေါ်တင်လိုက်သည်။စောင့်ကြည့်နေလို့ သိပ်မကြာ။

တူတူမတွေ၊တဝမ်းကွဲမောင်နှမတွေကလိုက်လုပ်လာသည်။နိပ်ဟ..သက်စုနှင်း..တဲ့လို့ပြောယုံရှိသေး။


ဖိုးဖိုးနှင့်ဖွားဖွားတို့က လိုက်လုပ်ပြန်ပြီ။

အောက်မှာ ကွန်မွန်းကရေးထားသေး။

ဒါမှ ငါတို့မြေး ဇနီး မောင်နှံ..ကွတဲ့။

သက်စုနှင်း အားရပါးရရယ်လိုက်သည်။

သည်တဆင့်တော့ကျော်သွားပြီပေါ့။


ဟောတော့…ဖေဖေမေမေတို့ကပါ၊

လိုက် လုပ်ကြပြီ။

ရေးထားပြန်သည်၊သားတို့သမီးတို့ အောင်မြင်ကြပါစေတဲ့။


သည်စာကိုတွေ့ပြီးထဲက သက်စုနှင့် ခြေထောက်ကင်းကိုက်ပါပြီ။

များမကြာခင်ဖေဖေမေမေတို့လိုက်လာကြတော့မည်။

ယူပြထားတဲ့ယောက်ျားကအတည်မဟုတ်။

စာချုပ်ကသုံးနှစ်ပြည်တော့မည်။


သည်ကြားထဲကိုသာလိကအိမ်မကပ်။

နေတိုင်းအိမ်ပြန်လာဖို့၊ဖုံးဆက်ခေါ်နေရသည်။

ရဟာဆယ်တွေလုပ်ပြီး၊လေ့ကျင့်ရင်း နှစ်ယောက်သား

ကိုးလိုးကန့်လန့်၊ခိုးလိုးခုလုဖြစ်ခဲတာလည်း

အကြိမ်ကြိမ်ကြုံဖူးပြီ။

အော် ခြံသမားကြီး ကိုသာလိ ကိုသာလိ ကျမ

ယောက်ျားအစစ်မဟုတ်တာတောင်၊

ညနေစောင်းတိုင်းအိမ်ပြန်အိပ်ပါလို့၊ဖုံးဆက်ပြီး

ခေါ်နေရရင်၊သက်စုယောက်ျားအစစ်သာဆို ဘယ်လိုနေမလဲ လို့တွေးမိပါသည်။

ခက်ထာက၊သည်တလော ၊ညဘက်ဆိုရင်

အိမ်ရှေ့တွင်ကားလာရပ်တိုင်းဖေဖေမေမေတို့လိုက်လာကြပြီအထင်နှင့် နှစ်ယောက်သား

နှစ်ယောက်အိပ်ကုတင်ပေါ်သို့အပြေးတက်ပြီး၊

စောင်ခြုံထဲအလုအရက်ဝင်တိုးရသည်၊

ပထမတော့ရှိုးတိုးရှိန်းတိမ်းပါ။

သည်အဖြစ်မျိုးနှစ်ခါသုံးခါကြုံတော့လည်း၊

ကိုယ့်နေရာကိုယ်ယူတတ်လာကြပါပြီ။


ဖေဖေမေမေတို့တကယ်ရောက်မလာကြသေး

တော့လည်း၊တယောက်မျက်နှာတယောက်ကြည့်ပြီး

ရယ်ရယ်ပြုံးပြုံးဖြင့်၊မိမိအိပ်ယာသို့မိမိပြန်သွား

တတ်ကြပြီ။

အော် …အရောင်ဆောင်လင်မယားရဲ့ ဒုက္ခလည်း ခက်ပါလားနော်။


ပိုလို့ခက်ထာက၊ကိုသာလိတောင်ကြီးမြို့သိုသွားရသည်။

နှစ်ရက်သုံးရက်ကြာမည်။

သည်ရက်အတွင်းဖေဖေမေမေတို့ရောက်မလာဖို့ဆုတောင်းခဲ့သော်လည်း၊ဆုတောင်းမပြည့်ခဲ့ပါ။

ရောက်ရောက်ချင်းနှစ်ယောက်လုံးကမေးနေပြီ၊

သူတို့သားဘယ်မှာလဲတဲ့။


တောင်းကြီးသို့တက်သွားပါတယ်၊

ပြောလည်းမကျေနပ်ကြပါ။

ပြန်လာဖို့ပြောလိုက်တဲ့။

ဖုံးလိုင်းတွေမကောင်းတဲ့ကြား၊ကိုသာလိကိုမရ ရအောင်ဖုံးဆက်ရပြီ။ပြန်လာပါမည်ဟု ကတိရသဖြင့်

သက်မချနိုင်ခဲ့ပါပြီ။

ဖေဖေမေမေတို့ကနေ့မဆိုင်း ကော်ဖီခင်းများကိုလိုက်ကြည့်ကြသည်။

အသီးစိမ်းတန်းလန်းနှင့်ကော်ဖီခြံ တမျှော်တခေါ်ထဲ

လမ်းလျှောက်ရင်း၊ဖေဖေနှင့်မေမေတို့

ပျော်နေကြသည်။ပြောသေးတယ်၊

ငါတို့သမီးကလူတော်ပါ။

လူရွေးမမှားပါဖူးတဲ့။


အဲဒီလိုသူတို့ကပြောလေ၊သက်စုနှင်းကအကြပ်ရိုက်လေပါဘဲ။

နောက်တရက်၊ပိန်းနှဲခြံထဲသို့သွားကြသည်။

သီးလိုက်ကြတာတပင်၊လေးငါးလုံး။

အပင်သေးပေမဲ့ မြေကြီးတွင်ပုံပြီးသီးနေကြသည်။

သည်မျှသီးနေပြီဆိုသည်ကိုသက်စုနှင်း မသိခဲ့ပါ။

ခြံစောင့်လုပ်သားတွေကပြောပြသည်။

သီးလွန်းလို့ချွေပစ်ရပါသည်တဲ့။

တနှစ်ထက်တနှစ်အဆတိုးပြီးသီးပါသတဲ့။


ဖေဖေမေမေတို့သည်လောက်ဖြစ်ထွန်းတဲ့ပိန်းနဲခြံ

ကိုကြည့်ပြီး တအားပျော်နေကြပြီ။

ကိုသာလိအခုအထိပြန်မရောက်သေး။

သက်စုနှင်းဘာလုပ်ရမှာလည်း။

မိဘတွေကမေးနေပါပြီ။


ခြံအလုပ်သမက၊မှည့်နေတဲ့ပိန်းနဲသီးတလုံးကိုဆွတ်ပြီး

အိမ်များကိုထုတ်ပြီး၊ယူလာသည်။သည်ခြံတွင်သည်အသီး ၊သည်ပထမဦးဆုံးမှည့်တဲ့အသီးပါတဲ့။


အားလားလား…ယိုးဒယားသီး အနီမျိုးတဲ့

မွေးလိုက်ထာ…ချိုလိုက်ထာ။

ကောင်းမှကောင်း ပါဘဲ။

ဖေဖေကောမေမေပါတအားကြိုက်။

ပင်မှဲ့မို့ပိုပြီးမွှေးသည်။

ပင်မှဲ့မို့ ပိုပြီးချိုသည်။


စိုက်ပေးတဲ့ သူကိုကျေးဇူးတင်ကြသည်။

စားလို့ ကောင်း ဗိုက်တွေဝ၊

အဆုံးမတော့ ပိန်းနဲသီးတစ်အိမ်သာကျန်တော့သည်။

ဟောတော့..ရောက်လာပါပြီ၊ဆိုင်ကယ်ကြီး

တဖုတ်ဖုတ်နဲ့ စိုက်ပျိုးရေး အကြံပေးမောင်သာလိ။


ဇာတ်တိုက်ထားတာထက် သာလွန်ကဲ အိုဗာ အိုင်ရှင်

တွေသုံးပြီး၊

သက်စုနှင်းကို…သက်တဲ့

သက်ဖေဖေ…၊သက်မေမေ…

မိန်းမရေ …စားကြည့်ပါအုံးကွာ၊

ဒီမှာ..ပိန်းနဲသီးက ၊ချိုလိုက်ထာ၊

သူဝေစု တစ်အိမ်ကျန်မှ သက်စုကို တခြမ်းခွံကြွေးသည်။


အိမ်ရောက်တော့လည်း ထမင်းပွဲတွင်

လောကွတ်တွေ လုပ်လိုက်ပုံက စုံတကစေ့နေသည်။

အဖေအမေတွေကိုဟင်းဦးတင်၊

သက်စုကိုလည်းအရိုးထွင်ပေး။

ဘုဆတ်ဆတ် အကျင့်ဆိုးတွေ ၊ဘယ်ရောက်ကုန်ပြီ

လည်းမသိတော့။

အိပ်ယာဝင်ကြတော့မှ၊ ခတ်လှမ်းလှမ်းကနေ

ခါးက်ို လိမ်ဆွဲ မိခဲ့တယ်။

တောပေသေး..၊အမေ့ဟု တချက်ယောင်ပြီး၊

တခေါခေါဟောက်ပြီး တဥာဉ်လုံးအိပ်ပျော်သွားရှာ

ပြီ။

သက်စုနှင်းသာ၊အဖေအမေတို့အားဘယ်လိုရှင်းပြရမလဲ။

ကိုသာလိနှင့်စကားဆိုထားသည်ကလည်း၊ရက်ပိုင်းသာ

လိုတော့ပြီမို့။

ကိုယ်အတွေးနှင့်ကိုယ်အိပ်လို့မပျော်ခဲ့ပါ။

သည်ကြားထဲ အဖေအမေတို့အပြန်၊မနက်ဖြန်ရန်ကုန်သို့

နှစ်ယောက်လုံးလိုက်ခဲ့ရမယ်တဲ့။

ကိုသာလိကန့်လန့်မတိုက်ဖို့ဘဲ၊အရေးကြီးပါတယ်။


မနက်လင်းတော့၊ကိုသာလိ သူ့အဝတ်အစားတွေသူပြင်ထည့်နေသည်။

ပါးစပ်ကဘာမျှမပြော။

အိမ်ကနေထွက်သွားဖို့ပြင်တာလား။

သက်စုစိုးရိမ်မိပါသည်။

တော်ပါသေးရဲ့။

ဖေဖေတို့ကားရှေ့ကထွက်တော့၊သူအထုပ်ကိုသက်စု

ကားပေါ်တင်ပြီး၊ကားမောင်းတဲ့နေရာမှာဝင်ထိုင်ပြီ။

တော်ပါသေးရဲ့။


တလမ်းလုံးဘုကလန့်မောင်သာလိက၊သဘောဖြူ

မနော်ဖြူမောင်သာလိဖြစ်သွားခဲ့ပါပြီ။

ဒါပေမဲ့,၁၁၅မိုင်တွင်မုန့်စားပြီးကားကိုဆက်မောင်းလာတော့၊သူကပြောလာသည်၊ဒီကနေ့ကုန်ရင် သူနှင့်

ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ပြီမို့၊အိမ်ရောက်

ထာနှင့်သူ့ကိုခရီးဆက်သွားခွင့်ပြုပါတဲ့။


သက်စုနှင်းအကြတ်ရိုက်ခဲ့ရပြီ။

ဘာဆက်လုပ်မလည်းမဖြေရှင်းတတ်တော့၊အကြောင်းစုံရှင်းပြပြီး၊စိုက်ပျိုးရေးအကြံပေးကြီးထံ၊အကြံပေး

ပေးဖို့တောင်းဆိုရပါသည်။


သူကစာချုပ်သက်တမ်း၊၁၀ရက်တိုးပေးဖို့သဘောတူလာသည်။သို့သော်အလကားမဆောင်ရွက်နိုင်ပါ။

သည်တခါသူ့အတွက်အကျိုးဆောင်ခအဖြစ်၊

သိန်း၁၅၀၀ပေးရမည်တဲ့။

သိန်း၁၅၀၀များလွန်းပေမဲ့၊ သူတောင်းတဲ့

သိန်းထားတဲ့၁၅၀၀ကို၊သက်စုနှင်းကျေနပ်စွာပေးဖို့

သဘောတူလိုက်ပါပြီ။


ရန်ကုန်မြို့ကြီးသို့လှမ်းလို့မြင်ရတဲ့နေရာသို့

ရောက်လာပြီ။

လင်းကြက်တွန်သံကြားရပြီ။

အေးမြမြနှင်းရည်အောက်မှာ

ပန်းကလေးများပွင့်လာပြီ။

ငှက်ကလေးများ၊ချစ်တေးသီကြူးသံကြားနေရပြီ။

အရှေ့ဆီမှ၊ရောင်နီလာချိန်မို့၊အားလုံးကြည်နူးနိုင်ပါပြီ။

သည်တခါတော့စိုက်ပျိုးရေးအကြံပေးက၊

ချစ်မေတ္တာအကြံပေးဖြစ်သွားပါပြီ။

မောင်သာလိ

ဒီဇင်္ဘာ၂ရက်၊၂၁