” မျှော်သူ ရင်မောရပါသည် “(စ/ဆုံး)

————————–

” ခွမ်း ”

နောက်ဖေးခန်းမှ “ခွမ်း”ခနဲ ပန်းကန်ကွဲသံကြောင့် မေခင်အထိတ်တလန့်ဖြစ်သွားမိသည်။ပန်းကန်ကွဲ
သံနှင့်အတူ မောင့်ထံမှစကားများပေါ်ထွက်လာသ
ည် ။

” တောက် စားပြီးရင်၊ကိုယ်စားပြီးသားပန်းကန်တွေ
ကို တခါထဲဆေးပါဆို၊မဆေးကြဘူး၊ရေချိုးခန်းထဲ
သည်အတိုင်းပဲ ထပ်ထားတာတွေများနေပြီ ”

မေကလည်းမေပါလေ၊သည်လိုအကျင့်တွေမောင်မ
ကြိုက်မှန်းသိပေမယ့်၊ရုံးအလုပ်ပေါ်လာသည်မို့အိမ်
ရှေ့မှာကွန်ပျူတာနှင့်အလုပ်လုပ်နေရင်း၊ပန်းကန်တွေဆေးဖို့ မေ့သွားသည်။အပြင်ကပြန်လာသည့်မောင်မြင်တော့ တစ်ဗျစ်ဗျစ်တောက်တောက်နှင့်ပြောလာလေပြီ ။

” မောင်ရယ် မေစားပြီးဆေးမလို့ပါပဲ ရုံးအလုပ်ကပေါ်လာတာနဲ့ပြီးမှဆေးမယ်ဆိုပြီးခဏထားခဲ့မိတာ”

” ဟ ပန်းကန်တစ်ချပ်,နှစ်ချပ်ဆေးတာဘယ်လော
က်ကြာမှာမို့လဲ၊ခူးခပ်စားဖို့လောက်ထိတော့အချိန်မပေးရပါဘူးကွာ စည်းကမ်းကို မရှိဘူး ”

မောင့်စကားတွေက၊မောင့်ဒေါသစိတ်တွေနှင့်အတူပြင်းထန်လာသည်။မေခင်ကို စည်းကမ်းမရှိဘူးဟု
ပြောခံထိလာရ၍ မေခင်လည်းမောင့်ကိုနားလည်မ
ပေးနိုင်ရကောင်းလားဟုတွေးပြီး၊စိတ်ဆိုး၍ဒေါသ
ဖြစ်လာမိသည် ။

” သည်မယ် မောင်၊ပန်းကန်လေးမဆေးမိတာနဲ့ မေ့
ကို စည်းကမ်းမရှိဘူးလို့တော့ မပြောပါနဲ့၊မောင်က
ရော ဘယ်လောက်များစည်းကမ်းတွေရှိနေလို့လဲ ”

” စားပြီးသားပန်းကန်ကို စားပြီးတာနဲ့တန်းမဆေးပဲ
ပစ်ထားတာ နေ့ရော ညပါ များနေပြီ ၊အိမ်လာလည်
တဲ့ မေ့တူ တူမတွေကအစ စားပဲစားတတ်ကြပြီး ကို ယ်စားထားတဲ့ ပန်းကန်တွေကိုကြမဆေးပဲ ပစ်ထား
ကြတယ်၊စားကြွင်းစားကျန်နဲ့ပန်းကန်တွေ မသန့်လို့ အိမ်ထဲကြွက်တွေဝင်လာနေကြတာလည်း မေအသိပဲ၊လူဆိုတာခွေးမဟုတ်ဘူးမေ၊ခွေးစားတဲ့ခွက်တော
င် လူကအမြင်မတော်ရင် ဆေးကျောသန့်စင်ကျွေး
မွေးပေးရသေးတာ၊အခုမေတို့က လူလား ခွေးလား စဥ်းစားပေါ့ ”

မောင့်စကားလုံးတွေကပို၍ပြင်းထန်လာသလို၊အ
ပြောခံရသောမေခင့်မှာလည်း အသားတွေတဆက်
ဆက်တုန်လာပြီး ဒေါသစိတ်အလိုက်ခွန့်တုန်ပြန်မိ
သည် ။

” မဆေးဘူးဟာ မဆေးဘူး ဘာဖြစ်လဲ၊မိဘတောင်
သူ့လောက်မကြောက်ရဘူး ”

“အေး စားပြီး မဆေးချင်ရင်၊မဆေးတဲ့အတိုင်းပြန်ထည့်စားကြ တကယ့်တိရစ္ဆာန်တွေ စည်းကမ်းမဲ့လို
က်ကြတာ ”

ထိုသို့ပြောပြီး မောင်က၊ပန်းကန်နှစ်ချပ်ကို ရိုက်ခွဲလို
က်ပြန်သည်။

” ခွမ်း ခွမ်း ”

” မောင် လွန်လာပြီနော် ၊ ပန်းကန်တွေ ဘာလို့ရိုက်ခွဲ
နေရတာလဲ ”

” နင်တို့ မဆေးလို့ဟေ့ ”

ထိုသို့ပြောရင်းမောင်က ပန်းကန်တွေကို ထပ်ရိုက်ခွဲသည်။မေခင်လည်းမောင်ခွဲသလို၊ပန်းကန်တွေကိုယူ
၍ ရိုက်ခွဲပစ်လိုက်သည်။မောင်တစ်ချပ်ခွဲတိုင်းမေခ
င်လည်းတစ်ချပ်ရိုက်ခွဲပစ်မိသည်။

” ခွမ်း ခွမ်း ခွမ်း ”

ပန်းကန်ခွဲသံများအဆက်မပြတ်။အိမ်နောက်ဖေးရေ
ချိုးခန်းထဲတွင် ပန်းကန်ကွဲအပိုင်းအစများပြန့်ကျဲရှု
ပ်ပွနေသည်က မြင်လို့မကောင်း ။

အခန်း ( ၂ )

” မကောင်းတဲ့အရက်တွေကို ဘာလို့သောက်နေရတာလဲဖေဖေရယ် ”

မေတို့ဘေးအခန်းမှကလေးတစ်ယောက်၏ သူ့ဖေ
ဖေကိုမေးသည့်စကား မေလည်းကြားသလို၊မောင်
လည်းကြားမည်ထင်သည်။ဟိုအရင်က အရက်မ​ေ
သာက်တတ်သည့်မောင်သည်၊မေနှင့်ရန်ဖြစ်သည့်အ
ချိန်တိုင်းအရက်သောက်တတ်လာသည်။

အရက်ပြင်းပြင်းသောက်လေ့မရှိသည့်မောင်က၊ကိုကာကိုလာနှင့်အရက်လေးပတ်ခန့်ကိုရေခဲတုံးလေး
များနှင့် နည်းနည်းခြင်းရောစပ်ပြီးသောက်သည်။ယ
ခုလို မောင်အရက်သောက်သည်ကို မေမကြိုက်၊သို့
သော် မောင့်ကိုမေမတားဖြစ်ခဲ့ပါ။တားလို့လည်းရ
မည်မဟုတ်သည်ကို မေသိသည်လေ ။

မောင်နှင့်မေအိမ်ထောင်ကျသည့်တစ်နှစ်ကျော် အ
တွင်းမှာအိမ်ထောင်ရေးပဋိပက္ခတွေအမြဲဖြစ်ခဲ့သ
ည်။ပဋိပက္ခဖြစ်ရသည့်အကြောင်းအရင်းကလည်း၊ငွေပိုငွေလျှံကျန်အောင်မစုတတ်ရကောင်းလားဟုမောင်ကမေ့ကိုအမြဲအပြစ်တင်၍ဖြစ်သည်။

မောင့်လစာနှင့်မေ့လစာပေါင်းလျင်၊တစ်လခုနှစ်သိ
န်းခွဲဝင်ငွေရှိ၏။အိမ်လစာတစ်သိန်းနှစ်သောင်းပေး
ရသည်။ဆန်တစ်အိတ်တစ်သိန်းနှစ်သောင်းစျေးနှင့်
ဝယ်ထားလျင်၊လင်မယားနှစ်ယောက်နှစ်လစားရ၏
မီးဖိုချောင်သုံးအထွေထွေစရိတ်ကိုတစ်သိန်းခန့်သုံး
လျင် လေးသိန်းကျော်ကျန်သေး၏။

ဘက်စ်ကားခနှင့်အထွေထွေအသုံးစရိတ်တစ်ယော
က်တစ်သိန်းခန့်သုံးလျင်၊နှစ်သိန်းတစ်သောင်းကျန်
၏၊မောင့်မိဘနှင့်မေ့မိဘကိုတစ်လငါးသောင်းစီ​ေ
ထာက်လိုက်လျင် မေတို့အတွက်တစ်လတစ်သိန်းတ
စ်သောင်းစုနိုင်၏။သို့သော် မေမစုနိုင်ပါ။မောင်ဖြစ်စေချင်သည့် စရင်းဇယားနှင့်ငွေသုံးရသည်ကိုမေမ
ကြိုက်။ရှာသမျှဟာသုံးဖို့ရှာသည်မို့ လိုချင်တာရှိကဝယ်မည်၊စားချင်တာရှိကစားမည်။ပြီးတော့ မေ့ရဲ့မိ
ခင်ကဆီးချိုဝေဒနာသည်မို့ဆေးဖိုးတစ်သိန်းခွဲခန့်နှင့်မေ့ရဲ့ညီမတွေကမွေးသည့်တူတူမလေးတွေကျော
င်းစရိတ်ကျူရှင်စရိတ်တွေကို၊မောင်နှင့်မယူခင်ထဲကမေပေးခဲ့ရသည်။အခုလည်း မေ့မိဘအိမ်စျေးဖိုးကအစမောင်သိအောင်တစ်မျိုး၊မသိအောင်တစ်မျိုးအမြဲပေးနေရသည်။မောင့်ဘက်ကိုတော့ မေမကြည့်ဖြစ်ခဲ့ပါ။မောင့်လစာက မေ့လောက်လည်းရသည်မဟုတ်။မေကလစာများသည်မို့မေ့အိမ်ကိုလစဥ်ထော
က်ပံ့နေနိုင်၏။ဒါတွေကို မောင်ကရိပ်မိသည်။မေနှင့်နေရသည်ကို မောင်မပျော်နိုင်တော့မှန်းလည်းမေသိသည်၊မောင်ပျော်ဖို့ထက်မေ့မိဘတွေနှင့်ညီမတွေတူ
,တူမတွေစားဝတ်နေရေးပြေလည်ဖို့သာ မေဦးစားပေးနေရသည်မို့၊မောင့်ကိုမေချစ်သည်မှအပ အခြားဘာမှမတတ်နိုင်ပါ၊မောင်နေ့စဥ်စားဖို့မောင်ရှာသည့်ငွေနှင့်သာအဆင်ပြေအောင်မေချက်ပြုတ်ပေးခဲ့သ
ည်။

တစ်အိမ်ထဲလင်မယားနှစ်ယောက်သာရှိသော်လည်း
ရန်ဖြစ်ထား၍ မောင့်ကိုမေစကားမပြောဖြစ်။မောင်
ကလည်းမေ့ကိုစကားမပြော။မောင့်ကိုစိတ်ဆိုးမပြေ
​၍ညစာထမင်းလည်းချက်မပေးဖြစ်၊လမ်းထိပ်ဆိုင်မှခေါက်ဆွဲတစ်ထုပ်နှင့်ကြက်ဥတစ်လုံးဝယ်လာပြီး
မောင့်ဘာသာပြုတ်စားတာတွေ့ရသည်။မောင်နှင့်မေသည်အနည်းဆုံးငါးရက်တစ်ပတ်ခန့်တော့စကား
တွေပြောဖြစ်တော့မည်မဟုတ် ။

အခန်း ( ၃ )

” မဟုတ်သေးဘူး မေ၊မောင်နဲ့မေ့အဖြစ်ကအိမ်ထော
င်ကွဲရလောက်တဲ့အထိဖြစ်နေလို့လား ”

သွေးအေးအေးနှင့်မခေါ်မပြောဆက်ဆံခံနေရသည့်အဖြစ်က နီးလျက်နှင့်ဝေးသလိုမေခင်ခံစားလာရသ
ည်၊ထို့ကြောင့် မေခင်ကွာရှင်းစာချုပ်ဝယ်လာပြီးလ
က်မှတ်တစ်ခါထဲထိုး၍ မောင့်စာဖတ်ခုံပေါ်တွင်တင်ထားလိုက်သည်။မောင်နှင့်မေခင်ရန်ဖြစ်စကားများ
တိုင်းမောင့်ကိုကွာပေးဖို့ဆယ်ခါမကမေခင်ပြောဖူး
ခဲ့သည်။သို့သော် မောင်သည်မေခင့်ကို တစ်ခါမှကွာစကားမပြောခဲ့၊အခုလည်း ကွာရှင်းစာချုပ်မှာမောင်
လက်မှတ်လုံးဝထိုးမပေးပဲ၊မောင့်ထံမှ လူကြီးဆန်စွာပြောဆိုလာသည့်စကားလုံးတွေကိုသာ မေခင်ကြားနေရသည် ။

” မေ မောင်ကမေကိုချုပ်ချယ်နေတာမဟုတ်ဘူးမေ
။မောင်တို့မေတို့အသက်က ငယ်သွားတာမဟုတ်ဘူး
၊အသက်တွေကကြီးပဲလာတာ၊ဒါ့ကြောင့်အလုပ်လုပ်
နိုင်နေတဲ့အရွယ်မှာအလုပ်လုပ်ပြီး ရလာတဲ့လုပ်အားခတွေထဲကနေ ခြိုးခြံခြွေတာစုဆောင်းတတ်ဖို့မေ့ကို ပြောနေတာ၊အိမ်ထောင်ပြုတယ်ဆိုထဲကတစ်အိုးတ
စ်အိမ်ထူထောင်လိုစိတ်ရှိရတယ်၊ဘဝအတွက် အနာဂါတ်ရည်မှန်းချက်ထားရတယ်၊နေသလိုဖြစ်တဲ့ဘဝ
ဆိုပေမယ့်၊ဖြစ်သလိုတော့မနေသင့်ပါဘူးမေရယ်၊ရ
ရစားစားဘဝနဲ့အမြဲတန်းအိမ်ငှားဘဝနဲ့ပဲမေကနေချ
င်ခဲ့တာလား ”

” မသိဘူး အဲဒါတွေလာမပြောနဲ့၊နားငြီးတယ်မောင်”

မောင့်ဆီကပွစိပွစိစကားတွေကို၊မေမကြားချင်၊မောင်အဲလိုတွေပြောလာတိုင်းခေါင်းရှုပ်ရသည်။မေ့
မှာ နှစ်အိမ်စာရှာနေရသည်မို့၊လကုန်ရက်ရောက်တို
င်း အမေ့အိမ်အတွက်ရော၊ကိုယ့်အိမ်အတွက်ရောလို
အပ်တာမှန်သမျှဝယ်ယူပေးရသည်။မောင်ပြောသ
လိုမေမလုပ်နိုင်၊မလိုက်နာနိုင်သောအခြေမို့မောင်နှင့်အမေ့အိမ်ကြားတွင် မေလည်းစိတ်ကျဥ်းကျပ်ရလေ့ရှိသည်။

” မေရယ် မေ့အိမ်နဲ့ မေ့ရဲ့ တူတူမတွေကိုလည်း၊ပေး
သင့်သလောက် ထောက်သင့်သလောက်တော့ထော
က်ပါ၊မောင်နဲ့မေ့ရှေ့ရေးကိုလည်း တန်ဖိုးထားစေချင်တယ်မေ၊မောင်နဲ့မေက စက်ရုပ်တွေမဟုတ်ဘူး
ကျန်းမာရေးချို့တဲ့လာရင် လက်ထဲငွေရှိမှမေရဲ့၊အ
သက်အန္တရာယ်နဲ့ကြုံလာရင် ငွေမရှိခြင်းဟာဒုက္ခတစ်မျိုးပဲ။ပြီးတော့ လူမှုရေးတွေရှိလာရင်လည်း
ကိုယ့်ဆီလာထားတာရှိရင် ကိုယ်ကလည်းပြန်သွားမှ သင့်တော်မှာလေ မေ၊မောင်တို့အနာဂါတ်ဘဝရှေ့​ေ
ရးအတွက် စုဆောင်းတတ်ဖို့မောင်ပြောနေတာပါ၊ချစ်လို့ယူထားခဲ့ပြီးမှ လမ်းခွဲစရာအကြောင်းလည်းမရှိဘူးမေ ”

” ချစ်လို့ယူထားလို့ လမ်းမခွဲချင်ရင်လည်း၊မောင်မေ့ကို ဘာမှလာမပြောပဲအေးဆေးနေပေးပါလား၊မော
င်အဲလိုပွစိပွစိပြောနေတော့မေလည်းစိတ်ပျက်တယ်

” ဘာ … စိတ်ပျက်တယ် ဟုတ်လား မေ ”

မောင့်လေသံကမာထန်နေသည်၊မေ့ကိုနားမလည်နိုင်
သောအကြည့်နှင့်စူးရဲစွာစိုက်ကြည့်ပြီး၊မောင်တစ်
ချက်ပြုံးသွားတာ တွေ့ရသည်၊ထို့နောက်မောင့်ထံမှ
စကားတစ်ခွန်းမျှ ထွက်မလာတော့ပါ။သည်တစ်ခါ
မှာတော့ မောင်ကမေ့ကိုစိတ်ဆိုးသွားတာလည်းဖြစ်
မည်၊စိတ်ပျက်သွားတာလည်းဖြစ်ကောင်းဖြစ်မည်
၊မေတွေ့လိုက်ရသောမောင့်အပြုံးသည်၊လှောင်ပြုံးလည်းမဟုတ်သလို၊မဲ့ပြုံးလည်းမဟုတ်ခဲ့၊နူးညံ့သိမ်
မွေ့သောအဆိပ်တစ်ခွက်လိုပင်မေခင်ခံစားမိသည်၊
မောင့်ထံမှစကားသံတို့တိတ်ဆိတ်သွားခဲ့ပြီ၊အခန်း
ထဲ၌ နံရံတွင်ချိတ်ဆွဲထားသည့်နာရီစက္ကန့်တံလည်ပ
တ်သံမှအပဘာမျှမကြားရ။အနေနီးလျက်နှင့်ရင်ဘ
က်ခြင်းဝေးခဲ့ရသည့်နေ့ရက်တွေဘယ်အချိန်ထိမေခ
င်ကြုံတွေ့နေရဦးမည်မသိ ။

အခန်း (၄)

မောင်ဘယ်ကိုထွက်သွားသည်ကိုမေမသိ၊လိုက်မရှာပါနှင့်ဟုအမှာစာပါးခဲ့သော်လည်း၊မောင့်ကို မေခင်ရှာနေမိသည်၊မောင့်အလုပ်နေရာနှင့်မောင့်သူငယ်ချ
င်းများထံသို့သွားရောက်စုံစမ်းခဲ့ပါသော်လည်း၊ သ
တင်းအစအနကိုဘာမှမျှမရခဲ့။မောင်ကိုယ်တိုင်ကဖု
န်းကိုစက်ပိတ်ထားခဲ့လိုက်ပြီဖြစ်၏။

မောင်မရှိတော့မှမောင့်ကိုပို၍သတိရလွမ်းခဲ့မိသည်၊
ခွဲခွာချိန်မတိုင်ခင်ထိတော့အလွမ်းဆိုတာဘာရယ်မသိခဲ့၊အခုလိုလက်တွေ့ဝေးခဲ့ရပြီဆိုတော့မှနှလုံးသား
သည်နာကျင်ရကောင်းမှန်းသိခဲ့ရပြီဖြစ်၏၊အခုတေ
ာ့ မောင်သည်မေ့အနားမှအပြီးအပိုင်ထွက်ခွာသွားခဲ့လေပြီ၊သွေးအေးစွာနှင့်ရက်ရက်စက်စက်ထားခဲ့လိမ့်မည်ဟု မေခင်ထင်မထားမိ၊မောင်နှင့်အခုလိုလက်တွေ့ဝေးခဲ့ရပြီဆိုတော့မှ၊နှလုံးသားသည်နာကျ
င်ရကောင်းမှန်းသိခဲ့ရပြီဖြစ်၏၊

နေ့စဥ်တိုင်းမှာ မောင့်ကို သတိရရုံ,လွမ်းရုံမှအပ မေခင်ဘာမှမတတ်နိုင်ခဲ့၊ပိုင်ဆိုင်ခဲ့ခြင်း၏တန်ဖိုးကိုဆုံး
ရှုံးခဲ့ရသည့်အချိန်မှမေခင်ကောင်းစွာနားလည်ခဲ့လေပြီ၊အချိန်လွန်နောင်တဆိုတာ ဒါကိုပဲပြောတာဖြစ်မ
ည်ဟုမေခင်တွေးမိသည်။

မောင်နှင့်ပြန်လည်ဆုံဆည်းဖို့မျှော်လင့်မိချိန်၌၊အရာရာသည်နောက်ကျခဲ့လေပြီ၊ကိုယ့်ဘဝနှင့်ကိုယ်မနေတတ်ခဲ့သောမေခင့်အဖြစ်ကိုတွေးမိတိုင်းဝမ်းနည်းမိလာသည်၊မွေးချင်းများနှင့်မိဘအိမ်အတွက်လောက်
သာသိတတ်ခဲ့သောမေခင့်အဖြစ်သည်၊ချစ်၍ယူထာ
းခဲ့သည့်မောင့်ကိုအခုလိုဆုံးရှုံးရလိမ့်မည်’ဟုထင်မထားခဲ့မိ၊နေ့စဥ်နှင့်အမျှမောင်ပြန်အလာကိုမေခင်စောင့်မျှော်နေမိသည်၊သို့သော် ယနေ့ထိတိုင်မေခင့်ထံသို့မောင်ပြန်ရောက်မလာပါ၊မျှော်တလင့်လင့်နှင့်စောင့်စားနေရသောမေ့မှာတော့ တစ်နေ့ပြန်လာနိုးမျှော်ကိုး၍နေ့စဥ်နှင့်အမျှ၊ရင်မောရပါလား မောင်ရယ် … ။ ။

ကနောင် ( ပခန်းမြေ )
၁၅.၀၇.၂၀၂၄ ။ ညနေ ၀၃း၂၈

#မျှော်သူရင်မောရပါသည်
#ကနောင်( ပခန်းမြေ )