ကျီစားသလား(စ/ဆုံး)

—————–

“ဒီသင်္ကြန်ရက်များမှာ
ရယ်စရာနဲ့စားစရာ
ပျော်ပျော်ပါးပါးအားပေးလိုက်ကြစို့လာပါမိတ်ဆွေကြီး”

အိမ်နှင့်မလှမ်းမကမ်းသင်္ကြန်မဏ္ဌပ်သေးသေးလေးမှ အသံတွေကြားရလေ
စိတ်တွေကမရိုးမရွဖြစ်လေ။ ဒီတစ်ရက်တော့ အောင့်အီးနေလိုက်မယ်လေ။ အမှန်တော့နေ့တိုင်းထွက်ချင်တာ။ စည်းကမ်းကြပ်တဲ့ဖေနဲ့မေကိုကြောက်လို့သာ။
“အမေ့ကို အကျနေ့ကြရေလောင်းထွက်ဘို့ပြောထားတာဘဲလေ’
ဟုတွေးပြီး အသာစိတ်ထိန်းရသည်၊

အမေတို့က သာမန်ကုန်သည်လေးတွေ၊ ရိုးရိုးသားသား ၊ သည်ကြားထဲတမိပေါက် တစ်ယောက်ထွန်းသူမကတော့ သူတို့လို သိပ်မရိုးနိုင်ပေါင်၊ အင်တာနက်ခေတ်ကြီးထဲမွေးလာတာ၊ သန့်ကနဲဆို အကုန်သိ၊ ဖုန်းတစ်လုံးနဲ့ပွတ်လိုက်လျင် လိုင်းပေါ်ကနေတကမ္ဘာလုံးကြည့်သိနေတာကို။

ဘိုးတော်ဘုရားခေတ်ကသင်ခန်းစာတွေဘဲဖေနဲ့မေကလာလာပြော၊ ချစ်တော့လည်း လူကြီးတွေပြောတုန်းဟုတ်ဟုတ်ပေါ့။ သူတို့ဘာသိတာလိုက်လို့၊
စျေးထဲသွားဆိုင်ဖွင့် တစ်နေကုန်စျေးရောင်း၊ ပိုက်ဆံလိုရင်ပေးမယ်ပေါ့။ ဒါကသူတို့ကိစ္စ။

“ရိုးရိုးယဥ်ယဥ်လေး၀တ်ပါသမီးရယ်”
“အာဒါဘဲတချိန်လုံးပြောနေတာဘဲ”
‘ခေတ်တွေပြောင်းနေဘီအမေကလဲ”
‘ခေတ်ပြောင်းပေမဲ့၊ လူ့သဘာ၀တွေ၊ သိက္ခာတွေ၊ ကျင့်၀တ်တွေကောင်းမှ၊ ခုကဆုတ်ကပ်ကြီး။
ခေတ်ကလည်းကောင်းတာမဟုတ်ဘူး’

‘သမီးလည်းဘာမှမလုပ်ဘဲနဲ့လာပြန်ဘီ”
စကားတွေကစများလာသည်။

‘သူများတွေပြောနေတာ၊ဟိုတနေ့က ကျောင်းကို စကတ်အတိုနဲ့သွားတာဆို”
‘ကျောင်းကို တခါမှစကတ်နဲ့တောင်သွားမရဘူး’
‘ဘာတွေလာချောက်တွန်းနေကြလဲမသိဘူး’
‘အေးပါလေ၊သေသေချာချာဂရုစိုက်နေ၊ ခေတ်ကမကောင်း။ လူတွေကပျောက်”
‘သမီးမဟုတ်ပါဘူး’
‘သူတို့အမြင်မှားတာပါ”

အမေ့ကို အသာလေးဖက်ပြီး အယုံသွင်းလိုက်မှ အမေလည်း စိတ်သက်သာသွားတယ်။
‘မဟုတ်ရင်ပြီးရော’
ဆိုကာပြုံးသွားလေရော၊
သမီးတစ်ယောက်ထဲမို့ သဲသဲလှုပ်အချစ်ပိုချိန် သူမကလည်း ခေတ်သမီးပျိုပီပီ လုပ်ချင်ရာလုပ်နေတတ်တာ။

သူတို့လည်းမသိ၊ စျေးထဲကအရောင်းအ၀ယ်ဘဲသိလေသည်ကိုး။ သူကတော့ အနောနီးမတ်စ် ဆိုတဲ့နာမည်လေးယူ လိုင်းပေါ်မှာ ဟိုတင်သည်တင်လုပ်ပီး လူသိတော်တော်များနေတာ ဖေတို့မေတို့မသိ။
နောက်တော့ သူ့ကို တနေ့တခေါက်ပုံမှန် ပုံတွေတင်ခိုင်းပြီး
“လူကြီး ကားတွေမန့်မှာ ရှိသနော်”
ဆိုတာလေးပါကြော်ငြာပေးနေတော့ ပိုက်ပိုက်ကလေးတောင်နဲနဲရတယ်၊
ကေပေးကနေလှမ်းပေးတာ လူတောင်သိစရာမလိုဘူး ၊ တနေ့တမျိုးပုံလေးတင်ပေးရတာဘဲရှိတာ။

ဖေမေကလည်းကုန်သည်၊ စျေးသည်ဆိုတော့ နေ့ခင်းတခါတလေအိမ်ပြန်လာ။
သူကျောင်းမတက်နေ့ အိမ်ကနေစျေးထဲလိုက်သွား မိသားစုသုံးယောက်ထဲမို့ ဘာမှပူစရာကမလို။

သူတစ်ယောက်ထဲအိမ်မှာနေရင်း သိမ့်တစ်ယောက်ထဲ ကြိုက်တဲ့ပုံတွေဖုန်းတစ်လုံးနဲ့ရိုက်ပီး တင်ပေးတာနေ့တိုင်း၊ ပိုက်ဆံလေးလည်းရတယ်လေ။ တခါတခါငွေပေးသူက စကတ်အတိုလေး၀တ်ဘို့၊ ရင်နှစ်မွှာကို ထိပ်ကလေးဘဲချန်ပီးရိုက်ဖို့ စတာမျိုးတော့ မက်ဆေ့ချ်နဲ့ အကြံပေးတယ်။ သူတို့ဘယ်သူမှန်းလည်း သိစရာမလိုဘူး။ ပုံမှန်တင်ရင် အချိန်တန်းကေပေးနဲ့ငွေထည့်ပေးတယ်။ တင်လည်း ဖုန်းနဲ့ကိုယ့်ဖါသာကို အိပ်ခန်းထဲမှာရိုက်ပီးတင်လိုက်တာဘဲ။ အနောနီးမတ်စ်ဆိုတော့ သူမှန်းလည်းဘယ်သူမှမသိ။ ဖင်ကော့ရင်ကောက် မပေါ့တပေါ်၀တ်၊ ဆူဆူဖြိုးဖြိုး အလှတွေကို ဆက်ဆီကျကျ လှလှလေး ရိုက် လိုက်နဲ့ အလုပ်ကိုဖြစ်လို့ တနေ့က အဲဒီစကတ်တိုနဲ့ အပြင်ခနဆင်းပြီး စျေးဆိုင်လေးမှာ အချဥ်ထုတ်ထွက်၀ယ်တာကို အမေ့ကို တိုင်လိုက်တာနေမယ်၊

ဟိုခေတ်က အချစ်ရယ် ၀ိုင်တစ်ခွက်ရယ် ‌‌ပေါင်မုန့်တချပ်ရယ်ဆို ပြည့်စုံသတဲ့
သိမ့်တို့ခေတ်တော့
ဖုန်းတစ်လုံးရယ် အင်တာနက်ရှိရင် ပြည့်စုံဘီလေ။
ဗိုက်ဆာရင် ဖုန်းပေါ်ကနေ ဒါလီတို့အူဘာအိတို့နဲ့စားစရာမှာလိုက်ယုံဘဲဟုတ်လား။
လုံး၀ပြောင်းနေဘီ၊ ဒါတောင် နိုင်ငံရေးကမ‌ကောင်းလို့၊ မဟုတ်လို့ကတော့လား။
ရှေးရိုးကျတဲ့ဖေနဲ့မေကြောင့်သာ လုပ်ရတာနဲနဲခက်နေတာ။

*************************************

‘မေရေ လာဘီနွယ်နီတို့လာခေါ်ဘီ”
‘ဘယ်မှာလဲ”
‘အန်တီရေ၊ ကားပေါ်ကမဆင်းတော့ဘူးနော်”
အိမ်ရှေ့က သင်္ကြန်ဂျစ်ကားလေးပေါ်မှ နွယ်နီက လက်ပြရင်းပြောသဖြင့် စိတ်ချသွားပုံရတယ်၊
‘အေး၊ အေး၊ ကောင်းကောင်းသွားကြနော်”

‘မှန်းဘယ်လို၀တ်သွားလဲ’
သိမ့်က သူ့ကိုယ်လုံးလေးကိုလှည့်ပြလိုက်သည်။ ဆံပင်ကို အသာလေးစီးထားပြီး တီရှပ်လက်တို အနက်လေးရယ်၊ စကတ်အရှည် အနက်ကွက်ရယ်ဆိုတော့ မေ့စိတ်ထဲ လုံလုံခြုံခြုံဘဲ၊ ကျေနပ်တဲ့မျက်နှာက အထင်းသား။ သူ့မှာဘေးလွယ်အိတ်သေးသေးလေးတွေ့တော့
‘ဒါကမျက်နှာသုတ်ပု၀ါတွေလား’
“မျက်နှာ သုတ်ပု၀ါတေွတင် ဘယ်ကမလဲမေရယ်’ လို့ရင်ထဲကတိုးတိုးလေးပြောလိုက်တယ်။
နှုတ်ကတော့

‘ဟုတ်မေ’ပေါ့၊

သူ့အဖေကတော့သင်္ကြန်ရက်တရားစခန်းသွားလိုက်တာ၊ မေမေကတော့ကိုယ့်ဖါသာ ဘေးအိမ်က အန်တီနဲ့ ကျောင်းမှာ တထိုင်ဥပုသ်ယူပြီး အိမ်မှာဘဲအေးဆေးနေမယ်တဲ့။ သုံးယောက်ကိုယ့်အစီအစဥ်နဲ့ကို၊ နွယ်နီကလည်း ငယ်ထဲကသူငယ်ချင်း မိဘတွေပါခင်ပီးသားဆိုတော့ သိပ်မမေးတော့ဘူး။

‘သွားဘီနော်မေ’
‘သွားဘီအန်တီ’
သူတို့ကားလေးအိမ်ရှေ့မှထွက်ရော သိမ့်လည်း စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီပေါ့။
ယောကျာ်းလေးတွေက သူသိပ်မသိ။

နွယ်နီက
‘ငါ့မောင်၀မ်းကွဲတွေ၊ မင်းဇော်၊ မြင့်မိုရ်ထွန်း တဲ့’
‘သိမ့်တဲ့’
အော်သူ့ကာစင်တွေကိုး။ အပြန်အလှန်နှုတ်ဆက်လိုက်သည်။
နွယ်နီ့ရည်းစားရန်နောင် က ကားမောင်းတယ်၊ နောက်မိန်းကလေးနှစ်ယောက်ကတော့ အတန်းထဲက သူငယ်ချင်းတွေဘဲ သူဇာနဲ့ အေး၀င်းတို့ဆိုတော့ သူ့မောင်နှစ်ယောက်ဘဲ သိမ့်မသိတာပါတာ။ အေးဆေး။
သူတို့လည်း ဘောင်းဘီတိုနဲ့ တီရှပ်နဲ့ဆိုတော့ လုံလုံခြုံခြုံဘဲ ၀တ်ထားတာဘဲ။ ထားလိုက်တော့၊ အဆင်ပြေရင်တော့ သိမ့်အ၀တ်လဲချင်တာ။ ဒီလိုပုံတုံးကြီးနဲ့ သင်္ကြန်မပြီးသွားချင်ပေါင်။ သူမပုံမတုံးတာ သူတို့တောင်မသိလောက်ဘူး။ သူကလိုင်းပေါ်မှာ တွင် ကျယ်နေပီးသားလေ။ သိတယ်ဟုတ်။ စထွက်တာက နေ့လည်သုံးနာရီလောက် ဆိုတော့ မေ့ကို နဲနဲတော့ညဘက်နောက်ကျမည် မပူဘို့ပြောထားပြီးသား။

သူတို့လှည့်ကြည့်တော့ မြို့ထဲလည်း ဟိုးတုန်းကလိုမစည်ကားလှ၊ ကြောက်တာဘာညာရောနေတာဖြစ်မယ်၊ လိုင်းပေါ်မှာသာ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်တွေကိုး ၊ ဖမ်းတော့လည်းဖမ်းတယ်ပေါ့လေ။
ရေရယ်လူစည်စည်ရယ်ရှိတဲ့နေရာလေး ရပ်လိုက် ရေပက်ခံလိုက်၊ သီချင်းတွေနဲ့ကလိုက်ပျော်တော့လည်းပျော်သား ၊ သုံးလေးနာရီခနနဲ့ကုန်သွားတော့တာ။ ညနေစောင်း ၆နာရီခွဲလောက်တော့ပိုစည်လာတာ။ သူတို့လည်း ရေပက်ခံကောင်းနေရော၊ ကလို့ကလည်းကောင်း။

‘စိတ်တော့မဆိုးနဲ့၊ ပြောပြ”
‘စိတ်ဆိုးသလားပြောအုံး၊ ဒီအရိပ်မှာလာပါနားပါ၊ မုန့်လုံးရေပေါ်တွေစားပါ၊’
‘စေတနာနဲ့ကျွေးတာ၊ ခင်ရင်တော့စားပါ”
ကျီစားရင်စိတ်ဆိုးမလား’
‘အိုးလှတယ်ဘေဘီ”
‘သဘောကောင်းတယ်‌ပေါ့’

သီချင်းလေးတွေနဲ့ကလို့ကလည်းကောင်း ၊ သိမ့်တော့စိတ်မကျေနပ်သေး။
‘အိမ်ထိအောင်တို့လိုက်စားမယ်”
‘မင်းအသဲလေးကျက်ပီလား’
‘အားးး အားး’
‘ဒါသင်္ကြန်ဘဲကွာ’
အိုးကလို့ကလည်းကောင်း။

‘သိမ့်တို့ယူနီယံဘားနဲ့ဂ‌ရေသွားပြီးညစာစားကြမယ်”
နွယ်နီပြောလိုက်သော်အားလုံးဗိုက်ဆာနေကြလို့ ‌ေ၀းကနဲတောင်အော်လိုက်ကြတာ။
ဟိုရောက်တော့သူတို့လည်း ရေနဲနဲရွှဲနေလို့ ဆိုင်ကိုတောင် အားနာရသေးတာ၊ သင်္ကြန်ဘဲလေ။
နောက်တော့ အ၀တ်လဲခန်းရှိတာအဆင်ပြေ၊ အ၀တ်တွေလဲ အလှပြန်ပြင်နဲ့ အလုပ်ရှုပ်ပြန်၊ သူများတော့မသိ၊ သိမ့်ကို ပိုရှပ်၊ တောသူဆန်းတော့အိုးလုံးမှောက်လုပ်ချင်နေတာ၊

************************************

ခုမှ အခွင့်အရေးရတော့
စကတ်တိုနှံ့နှံ့ရယ်၊ ရင်နှစ်မွှာကို အစွမ်းကုန်ပြနိုင်တဲ့ ၀တ်စုံရယ် နဲ့မှ ဟန်ကကျ၊ ကျန်သူတွေကတော့ သူ့ကို၀ိုင်းငေးကုန်ဘီ။ နွယ်နီတို့အေး၀င်းတို့ကတောင်
‘၀ါးမိုက်မှမိုက်”
သူတို့လည်း အ၀တ်လဲပေမဲ့ သူ့လောက်တော့ ဆက်ဆီကျမနေ၊ သူမက အွန်လိုင်းမှ ဆက်ဆီဘုရင်မ ဖြစ်နေတာ သူတို့မှ မသိတာ။

ယူနီယံမှာ ဘားလည်းရှိတီး၀ိုင်းလည်းရှိတော့ နိုင်ငံခြားသားတွေရော ဆက်ဆီကျကျလူတွေကျားမ အစုံနဲ့စည်ကားလို့နေတာ သိမ့်အကြိုက်။ သူတို့စားစရာမှာ သောက်စရာလည်းမှာရင်း တီး၀ိုင်း ကအသံစုံကခုန်တာရော၊ ပျော်စရာကြီး၊ ကျီစားမလားကတော့ အရမ်းမိုက်တဲ့သီချင်း လူတွေလည်း ထကကုန်ကြတာ။ နိုင်ငံခြားသားတွေကပိုဆိုး။စားသောက်ရင်း အရှိန်တွေကတက်

“နွယ်နီက အင်းယားဘက်သွားကြမလား’
‘သွားတာပေါ့”
တားမည့်သူမရှိ၊
ရန်နောင်ကတော့ ကားမောင်းရမည်ဆိုကာ သိပ်မသောက်ရှာပါ၊ ကျန်သူတွေတော့ကွဲနေပြီ။ မိန်းက‌လေးတွေက သောက်လေ့အကျင့်မရှိတော့ပိုဆိုး။
သိမ့်လည်း အတူတူဘဲ။ မူးပြဲနေပြီ။

ကတဲ့နေရာမှာလည်း အားလုံး ကနေကြတာကြောင့် သူ့ဆက်ဆီစတိုင်နှင့် မီးကုန်ယမ်းကုန်ကဖြစ်တာ။
ခုန် လို့ ကလို့ကောင်းမှကောင်း။
နိုင်ငံခြားသားတွေပါ မြန်မာ သီချင်းနှင့် ပျော်နေကြတာ။

“ငြုတ်သီးပါရင် အားနာ
စိတ်မဆိုးတတ်ဘူးမဟုတ်လား”
သိမ့်အနားကို နှုတ်ခမ်းမွှေးသသ နှင့် ခပ်ချောချောလူတစ်ယောက်ကပ်လာတယ်။ အကောင်းစားရေမွှေးနံ့က သူမကို ကလူနေသလို စိတ်ကဘယ်သူလဲသိချင်နေရော
ကြည့်လိုက်တော့လည်း ခပ်မိုက်မိုက် ရင်ထဲက ခိုက်ချင်စရာ
‘အနောနီးမတ်စမဟုတ်လား’
သိမ့် လန့်သလိုဖြစ်သွားပြီ။ သူ့ကို လူမသိဘူးထင်နေတာ။
လူကလည်း မူးတူးတူး

“မနေ့ကတင်တဲ့ ဘယ်သူတို့နဲ့ အချိန်ဖြုန်းမလဲ သင်္ကြန်မှာ ဆိုတဲ့ပို့စ်လည်း ကြိုက်တယ်’
အကုန်လုံး ကိုယ့်ဘာသာ မူးပြဲ ကခုန်နေကြတာ
သိမ့်အနားသူကပ်ပြီးပြောတာ ဘယ်သူကြားနိုင်လဲကြည့်တော့
သူနဲ့ကိုယ်နဲ့ကြားအောင် ကပ်ပြီးပြောနေတာမို့ တော်သေးတယ်၊

ဟန်ကိုယ့်ဖို့လုပ်လိုက်တယ်
‘မဟုတ်ပါဘူး’
‘ဘာတွေလာပြောနေတာလဲ’
ဟန်သာလုပ်နေတာ ထိုအမျိုးသားကလည်း မိုက်မိုက်နဲ့ခိုက်ချင်စရာမို့ သူ့ရင်ထဲတောင် လှိုက်ဖိုချင်နေရော။

သူကလည်း ခပ်မိုက်မိုက် အကွက်လေးတွေနဲ့ကရင်း သူမနားကပ်ခါ
‘နားလိုက်တော့၊ ဒီအကွက်တွေရိုးတာနော်’ လို့ပြုံးတုန်းတုန်းပြောလေရာ
သူလည်း စိတ်သက်သာသလိုဖြစ်သွားသည်
‘ရှင်ဘယ်လိုသိ”
‘လူကတော့ပုံတူနိုင်တာလေ’
‘မင်းဘယ်ဘက်ရင်မွှာပေါ်ကတက်တူးပေါ့”

သူများမသိဆက်ဆီကျအောင် ထိုးထားတဲ့ဘယ်ဘက်ရင်မွှာပေါ်က မျှားနတ်မောင်ပုံလေးက ဆက်ဆီကျကျ၀တ်ပီး အတော်လေးဖေါ်မှ‌ပေါ်တာ၊ ဒီနေ့ သူ့၀တ်စုံကဒါကို မဖုန်းထားး၊
ဒါကြောင့်ဒီလူက ပိုသေချာသွားတာကိုး။

‘ချိုတဲ့အချစ်များထပ်ကျွေးနော်”
“အိမ်ထိအောင်တို့လိုက်စားမယ်”
‘’မင်းအသဲလေးကျက်ပီလား’
သီချင်းကလည်း ကလို့ကကောင်း၊ မူးလို့ကလည်းကောင်း။
‘တို့နာမည်က ဆက်နိုင်’
‘သိမ့်’
အကြမ်းဖျဥ်းမိတ်ဆက်ရင်း ဆက်ကနေကြတယ်။

နောက်တော့ နွယ်နီက
‘ကဲအင်းယားဆက်သွားကြမယ်” လို့လောဆော်ပါလေရော၊ ဆက်နိုင်နဲ့ စကားပြောရင်း သာယာနေသောသိမ့် အင်းယားသွားပြီး ပျော်လိုက်မယ်ဆိုတာလေးပျောက်၊ ဒီလူနားမှာ ယစ်မူးသလိုရှိသွားတာ။
‘ဆယ်နာရီတောင်ထိုးတော့မယ်”
‘အင်းယားမှာ ခနနေပြီး သန်းကောင်လောက်ပြန်တာပေါ့”
‘အင်းယားမှာဘာရှိမလဲ’
‘မသိဘူး’
‘ကြည့်တာပေါ့”
‘ရှောက်ပတ်ပြီးပြန်ကြမယ်”
နွယ်နီ့ရည်းစားရန်နိုင်ကလည်းပြောတယ်။ သိမ့်တစ်ယောက် ဖီလင်လေးတွေငုတ်ပီး သူတို့နဲ့ အင်းယားကို ဆက်ထွက်လာရော၊ ဆက်နိုင် က
‘ကိုယ်တို့အဖွဲ့ကနောက်ကလိုက်လာမယ်”
‘အင်းယားမှာဆုံမယ်’

သိမ့်ပျော်သွားတယ်။ သူဌေးသားလို ခပ်ချောချော မို့ သူ့အကြိုက်ပုံစံနဲ့လည်းကိုက်။
ရင်ကလည်းခုန်၊ မူးကလည်းမူး။ အင်းယားဘက်ဆက်လိုက်လာမယ်ဆိုတော့ ကျေနပ်သွားရော။
အင်းယားကန်ဘောင်ရောက်တော့ သူ့အဖွဲ့နဲ့သူ သီချင်းတွေဆိုကြ၊ ကကြနဲ့စည်တော့လည်း စည်တာပါဘဲ။ ဟိုးအရင်နှစ်တွေလိုတော့မဟုတ်ဘူးပေါ့။ ဓါးသွားပေါ်ကပျားရည်စက်တွေလျှက်နေကြသလိုပါဘဲ။ မူးနေတာကများတယ်။ သူတို့အဖွဲ့လည်းမူး ၊ ကားမောင်းပေးမဲ့ ရန်နောင်တစ်ယောက်ကလွဲလို့ပေါ့။

ဆိုလိုက်ကြ၊ ကလိုက်ကြ၊ ရိုးရာသင်္ကြန်ဘယ်နေမှန်းမသိ။ သောက်စားသင်္ကြန်သက်သက်။
သိမ့်ကတော့ အွန်လိုင်းဆယ်လီအတို အပြတ်နဲ့ ၊ ကျန်သူတွေက သာမန်ပျော်ရုံ။ သိမ့်က ပိုပျော်၊ လိုင်းပေါ်ဘဲ၀တ်ရတာ၊ ခုမှ၀တ်စရာတွေ့၊ သူများနဲနဲက သူများများက ၊ သူများနဲနဲလှုပ်၊ သူများများလှုပ်၊ မူးလို့ကကောင်း၊ ဆက်နိုင်တို့က ယောကျ်ားတွေချည်းဘဲ ငါးယောက်လောက် သူတို့လည်း ကခုန်ရင်း အင်းယားပေါ်လျောက်နေကြတာ။ ကိုယ့်အစုနဲ့ကိုယ်ခနထိုင်တုန်း
ဆက်နိုင် က အသားလေးကပ်လာတော့ ။ သူ့အဖွဲ့က ကောင်‌လေးတွေကမနေနိုင်

‘သိမ့်သူနဲ့သိလို့လား’
‘သိတယ်လေ’ သူမက ဖြေလိုက်တာ၊ ခုမှသိတာအမှန်က၊ ဟိုကလည်းအေးအေးဆေးဆေးပုံဆိုတော့ သူတို့လည်း ကိုယ့်ဇယားနဲ့ကိုယ်နေလိုက်တယ်ပေါ့။
‘သိမ့်၊ ဟုတ်တယ်နော်”
‘အင်းလေ’
‘ကိုယ်တို့က ပဲခူးဘက်ဆက်သွားမှာ လိုက်မလား”
‘ညဖက်ကြီး’
အမှန်ဆိုလိုက်စရာအကြောင်းကို မရှိ။

ဆက်နိုင်ကလည်း မုတ်ဆိတ်မွှေး၊ ပါးမြှိုင်းမွှေးနဲ့ဆက်ဆီကျကျဆိုတော့ သိမ့်ကလည်း ခိုက်နေတာ။
‘စဥ်းစားလေနော်’
‘ပြီးရင်ဘယ်ဆက်သွားမှာလဲ’
‘အိမ်ပြန်ကျတော့မှာ”
‘အိမ်ရောက်မှ စဥ်းစား နောက်ကလိုက်လာမယ်”

သူကဒါဘဲပြောပြီး ပြန်ခွာသွားတာ၊ သူတို့အုပ်စုဘယ်ပျောက်သွားမှန်းတောင်မသိ။
အမှန်က ကားရပ်ထားတဲ့နေရာတွေသိနေတော့ ပြောစရာရှိတာအသာပြောပြီး သူတို့ကားထဲပြန်စောင့်နေကြတာ။ခုခေတ်က ရှေးကလို မပိန်း၊ မိန်းကလေးတွေကလည်း နှူးလွယ်သည်ဘဲ လို့ယူဆလာတာ၊ သိမ့်က အွန်လိုင်းဆက်ဆီလုပ်နေကြလည်း ဖြစ်တော့ သူတို့ကသိပြီးသားသူမကို။ သိမ့်ကသာသူ့ကို ဘယ်သူမှမသိထင်နေခဲ့တာ။

နွယ်နီက
‘ဘယ်ရောက်သွားလဲနင့်လူတွေ”
‘နှုတ်ဆက်ပီးသွားပီလေ’
သိမ့်ကသူတို့နောက်ကလိုက်လာမယ်ဆိုတာမပြော၊
တဖြည်းဖြည်းနှင့် ညနက်လာတယ်၊ သန်းကောင်လောက်ဖြစ်တော့ သူတို့လည်းအိပ်ငိုက်ဘီ၊

နောက်တော့ ရန်နောင်က ကားမောင်းပြီး လိုက်ပို့တယ်။ သိမ့်လည်းကားပေါ်ကဆင်းလိုက်တယ်။
ခြံလေးထဲကအိမ်မှာတော့ ဖေကတရားစခန်း၀င်နေလို့ အမေကတစ်ယောက်ထဲ ၊ နွယ်နီတို့နဲ့ နှစ်တိုင်းသင်္ကြန်လည်နေကျဆို‌တော့ စိတ်ပူပုံမရဘူး၊
ခြံတခါးသော့ခတ်ထားတယ်၊ သိမ့်မှာ သော့အကုန်ရှိတယ်လေ။ အထဲရောက်မှ နှုတ်ဆက်ယုံပေါ့။
နွယ်နီတို့ကားထွက်သွားတယ်၊ သိမ့်လည်းမူးနေဘီ။ ခြံတခါး မပွင့် ခင် နောက်ကားတစီးရပ်လာတယ်။ ဆက်နိုင်တို့ပေါ့။

 

နောက်ကကားကမီးကထိုး၊ သိမ့်လက်ကမူးနေတော့သော့ပေါက်ကလက်ကမ၀င်၊ ကတုန်နဲ့ကရင် ကားကခြံကိုကျော်ပီး အသာလေးရပ်ထားတယ်၊ ဆက်နိုင်တို့ဘဲဖြစ်မယ်၊

တင်တဲ့အတိုင်းပါဘဲ။ ဆက်နိုင်။ သူ့ကိုမိုးပီးရပ်လာတယ်၊ လမ်းထဲလည်း သင်္ကြန်ဆိုပေမဲ့ သန်းကောင်ကျော် တော့ တိတ်ဆိတ်နေဘီ။ သူမလိုက်ဘူးဆို ဘယ်လိုများလုပ်မှာပါလိမ့်။

ဆက်နိုင်ကတော့ အေးအေးဆေးဆေးဘဲ။

 

“သိမ့်”

‘လိုက်မယ်မဟုတ်လား

‘ပဲခူးဘက်ကညလုံးပေါက်ဘားတွေသွားမှာ’

‘ပြန်ပို့မယ်လေ”

သူပြောတာလဲဟုတ်သလိုလို။

‘လာဘာ၊ ခင်မင်ခွင့် ရတဲ့အထိမ်းအမှတ်ပေါ့ အနောနီးမတ်စ်ရယ်”

 

ဘာဘဲဖြစ်ဖြစ် သူကတော့ သိမ့်ရဲ့ပို့စ်တွေကို ကြည့်တဲ့ဖေါက်သည်ဘဲ။ သေချာသိနေတာ။

သူ့ဆီက ယောကျ်ားရနံ့ကလည်း ရမက်ပြင်းစွာ စိတ်ကို ဆွနေချိန် လိုက်သွားတာဘာမှ မဖြစ်ပါဘူးလို့ သိမ့်တွေးနေတုန်း အိမ်ထဲမှာ အမေက မီးလေးဖွင့် လာသလိုတွေ့တယ်။

အမေနိုးလျင် လည်း လိုက်ဖြစ်တော့မှာမဟုတ်။ သူကိုယ်တိုင်ကလည်း ဆက်နိုင်ကို ယစ်မူးနေသည့် စိတ်ကဖြစ်နေတာ လိုက်သွားလိုက်ရင်ကောင်းမလား စဥ်းစား။ အိမ်ထဲမှ တခါးဂျက်ဖွင့်သံလိုလို လည်းကြားရော ဆက်နိုင်က

“လာလာ’ ဆိုကာ ခပ်သွက်သွက် တခြားအိမ်ရှေ့က သူတို့ကားဆီကို သွက်သွက်လေး ပြေးလိုက်ကြတယ်။

သိမ့်ရော ပြေးလိုက်လာမိတာဘဲ။ အကုန်က မသိစိတ်ကနေဦးစီးပီးလုပ်နေမိတာပါ၊ အသိစိတ်ကလည်း သိပ်မရချင်၊ မူးပြဲနေတာလေ။ သူတို့ကားပေါ် ကျန် အမျိုးသား ၄ ယောက်ကလည်း ရွယ်တူတွေပါဘဲ။ သိပ်‌တော့မကြောက်မိ။ ဘူတားကြီးတွေဆိုရင်တော့ အင်တင်တင်ဖြစ်မှာ။

အမယ်လူလည်တွေက မေက တံခါးဖွင့်ကြည့်တော့၊ ငြိမ်နေကြတယ်၊ သိမ့်လည်းငြိမ်နေတာ။

မေက အသံကြားလို့ထင်တယ်၊ ခနနေတော့ တိတ်ဆိတ်နေတာနဲ့ တခါးပြန်ပိတ်သွားတယ်၊ မီးလည်း မှိတ်သွားတယ်။ သူ့တရားသူမှတ်ပီး ပြန်အိပ်မှာပေါ့၊ နှစ်တိုင်းလည်း တစ်ရက်ထဲလည်ခွင့်ရတိုင်း အပြန်နောက်ကျတတ်သည်ဘဲလေ။

 

ကားထဲမှာ ဘီယာနံ့၊ အရက်နံ့၊ ယောကျာ်းနံ့တွေ လှိုင်းထနေတာ။ လူတောင်မူးနောက်နောက် ၊ နဂိုကလည်း မူးနေတာ။ ပြန်ဆင်းမလားစဥ်းစားတယ်။ သူတို့က အမေငြိမ်တဲ့အထိမလှုပ်ကြဘူးဆိုတော့လေ။

သူဆင်းဘို့က ဆက်နိုင်ကို ကျော်ရမှာ ရှေ့ခန်းမှာ နှစ်ယောက် နောက်မှာက လေးယောက်၊ ကားက အာဖတ်၊ ခုနစ်ယောက်စီးကား။နောက်ဆုံးမှာ နှစ်ယောက်၊ ဆက်နိုင်နဲ့သူကတစ်ခုံဖြစ်သွားတာ၊

 

ဒီကားစျေးကြီးတာ၊ သဌေးသားတွေများလား။ သိမ့်အတွေး၊ အိုသင်္ကြန်ရက် စုငှားလည်းရတာဘဲ။ ခေတ်က ဟန်ခေတ်၊ ဟန်လုပ်ရင်းဘ၀တွေပျက်တာလည်းမနည်း။ သိမ့်လည်း အွန်လိုင်းမှာ ဟန်မင်းသမီး၊ ဆက်ဆီသာကျတာ၊ ဘာမှမဟုတ်၊ မိဘလည်း ရိုးရိုးးအေးအေး၊ အဲ့ဒီပို့စ်ကလွဲ သူကလည်းကျောင်းသူ၊ လက်တွေ့ဘာမှမသိ၊ လူကြီးကား မန့်မှာကြည့်ပါနဲ့သာ ကြော်ငြာလုပ်နေတာ။ ဘာမှ ထဲထဲ၀င်၀င်မသိ။ ပြန်ဆင်းရင်ကောင်းမလားတွေးတုန်း ကားကမြန်ချက် လမ်းထိပ်ရောက်ပြီ။

 

‘ဘယ်သွားကြမှာလဲ’

‘ပဲခူးလေ၊ ကလပ်တွေညလုံးပေါက်”

‘အင်း’

သိမ့်လည်း စိတ်လျော့လိုက်တယ်၊ အမေကတော့ သူ့ကို နွယ်နီမတို့နဲ့ဘဲ ရှိမှာဆိုပြီး စိတ်မပူဘဲ မီးပြန်မှိတ်သွားတာဘဲ၊ ရမှာပါ။ သူတို့လည်း ရည်ရည်မွန်မွန်တွေဘဲလေ။

 

နောက်တော့ ကားပေါ်သီချင်းသံဆူညံလာပြန်သည်။

‘ဟေးတိုးတိုးလုပ်’

ဆက်နိုင်အော်လိုက်တယ်။ ကျန်သူတွေက

‘ခုတော့တိုးတိုးလုပ်လို့ပြောတယ်ပေါ့”

နောက်ပြီးရယ်နေကြတာ။ သိမ့် သူလည်း မသိဘဲ လိုက်လာမိတာမှားသလိုလိုခံစာမိလာတယ်။

ကားက မြန်လိုက်တာ။ စဥ်းစားနေတုန်းဘဲရှိသေးတယ်၊ မဂ်လာဒုံ ဘီအိုစီကိုရောက်လာတာ။

‘ဆီဖြည့်မယ်ဟေ့’

ဆီဆိုင်က ၂၄ နာရီဆိုတော့ ဆီထည့်လို့ရတယ်လေ၊

သိမ့်က သိပ်အသိမရှိချင်တော့ဘူး။ အိပ်ငိုက်တာရယ်၊ မူးတာရယ်နဲ့ ပေါ့။

 

ရှေ့ခန်းကဆီဖြည့်နေတုန်း တချို့က အောက်ဆင်းပြီး ဆေးလိပ်ဖွာကျတယ်၊

သိမ့်က မူးငိုက်နေတော့ကားပေါ်မှာကျန်ခဲ့တာ။

ဆက်နိုင် က အောက်ဆင်းသွားတော့

‘မင်းဘာလုပ်မလို့ခေါ်လာတာလဲ’

‘မင်းတို့ကလည်း သူတောင် အေးဆေးလိုက်လာသေးတာ၊ အေးဆေး‌ပေါ့”

 

‘ဟိုကောင် တင်ထွန်း မင်းတို့ခြံ ဟိုမြို့သစ်က ခြံမှာ ဘယ်သူမှ မရှိဘူးမဟုတ်လား’

‘မရှိဘူးလေ’

‘မင်းဘဲ အဲ့အထိမသွားမယ်ဆို’

‘အေးလေ၊ နင်တို့လည်း သဘောတူလို့ငါဘဲ မျက်နှာပြနေရတာကို’

‘စားရင်တော့ အကုန်စားမှာကို”

‘ပြသနာတော့သတိထားနော်၊ ငါ့အိမ်မှာ’

 

‘အေးပါ၊ သူကလည်း အဆင်ပြေမှာပါ၊ ခုတောင် အိပ်နေဘီ”

‘ဒီမှာကြည့်လေသူ့ပို့စ်တွေ’

‘ဆက်ဆီဘဲဟေ့’

‘အပြာစကားတွေလှိုင်လှိုင်နဲ့ကြေငြာတာ”

‘သူကိုယ်တိုင်တော့ ရိုက်ထားတာတော့မရှိဘူး”

ကားစက်ပြန်နိုးတော့သီချင်းသံက ထွက်လာပြန်တယ်။

 

‘ဒီသင်္ကြန်ရက်များမှာ

အကြင်နာနဲ့ကျွေးမှာ’

‘ချိုတဲ့အဖြစ်များထပ်ကျွေးနော်”

‘ပိတ်ထားပါဟ’

‘နိုးသွားဦးမယ်”

 

သူတို့လည်းပဲခူးအထိမောင်းရမှာဆိုတော့ လိုတဲ့ဓါတ်ဆီဖြည့်၊ ရေဘာညာ၀ယ်၊ ၀ိတ်လျော့၊ ဒါလည်းသိမ့်တစ်ယောက်မနိုးတော့ဘူးဖြစ်နေတာ။

သူတို့လည်း စိတ်အေးလက်အေးနှင့် ပဲခူးအထိမောင်းလာကြလေရော။

ပဲခူးမှာက သူတို့အဖွဲထဲက တင်ထွန်းမိဘတွေက အိမ်အသစ်ကို ဥဿမြို့သစ်မှာ ဆောက်ထားတာမကြာသေး။ သစ်တွေခိုးတတ်လို့ အစောင့် လင်မယားထားပေမဲ့။ ဒီရက်ထဲ ရွာပြန်ဘို့ခွင့်ပေးလိုက်တာမို့ဖရီးဖြစ်နေတာ။ တင်ထွန်းက သော့အမြဲပါတယ်၊ သူတို့က ကြုံရင် ကြုံသလိုသွားကြည့်ရတာမို့ဆောင်ထားရတာပါ။

 

*************************************

‘ကွေ့ ဟ’

တင်ထွန်းက ကားမောင်းသူ တင့်‌ေ၀ကို လှမ်းအော်ချိန် ကားက ကမန်းကတန်းကွေ့ချလိုက်သည်မို့

ဆက်နိုင် ရင်ခွင်ထဲ မူးပြီးခေါင်းစိုက်ငိုက်နေသော သိမ့်သတိပြန်၀င်သလို ဖြစ်လာတယ်။ တင်ထွန်းက သူ့အိမ်သူ့လမ်းဆို တော့ တင့်‌‌ေ၀ကလမ်းကျော်မလိုဖြစ်သောကြောင့်အော်လိုက်ခြင်းပင်။

သိမ့်တစ်ယောက် ဆက်နိုင်ရင်ခွင်ထဲမှာဘယ်လောက်ကြာကြာရောက်နေသလဲ၊ တစ်နာရီလောက်ပေါ့။

ဆက်နိုင်လည်း အသာလေးပွေ့ထားတာ။

 

သူလည်း လောကီသားဆိုတော့ လှလှပပ အိအိစက်စက် ရင်ခွင်ထက်မှေးစက်နေတာ ဘာသားထုထားလို့လည်း။ စကတည်းက သည်အကြံဘဲကို။ စမ်းကြည့်လိုက်တော့ သူမလည်း ပါလာသည်ဘဲ။ ရင်နှစ်မွှာ က အသာလေး ကလူအိသို့မြှူအိသို့။ လှလိုက်သည့်ကောင်မလေးဘဲ။

ဒါတော့သူ၀န်ခံတယ်။ တချို့က ပုံထဲသာလှတယ်၊ အပြင်ကျတော့မလှ၊

သူမကတော့ ပုံနဲ့ အပြင်နဲ့ထပ်တူဘဲ၊ နှမြောစရာတော့ကောင်းသား။ ဘာလို့များလိုင်းပေါ် ဟိုဖေါ်သည်ဖေါ်လုပ်ပြီး မဟုတ်တရုတ်တွေကြော်ငြာနေတယ်မသိ။ သူ့မိဘများကလည်း မပြောဘူးလား။ သူတွေးနေမိတယ်။

 

ခုနထဲက သူတို့အုပ်စု တိုင်ပင်ပြီးပြီ။ ဆက်နိုင်အရင် ပလေးမယ်ဆိုတာကိုပေါ့။

သူမသဘောမတူစရာမရှိ၊ အွန်လိုင်းမှာလည်းကြော်ငြာနေတာ။

သူတို့လည်း သည်တစ်ညပျော်ပါးပြီး ပိုက်ဆံပေးဆိုလည်း ပေးလိုက်တာပေါ့။ တချို့လည်း သူတို့ကတောင် တဏှာများလို့ အလကားရတတ်သေးတာလေ။ အလကားလည်းဖြစ်ရင်ဖြစ်မှာပေါ့၊ ခုတောင် အသာတကြည့်လိုက်လာတာကြည့်လေ။

သင်္ကြန်ဆိုတာပျော်ဘို့ဘဲလေ။ သူမလည်းပျော်ချင်လို့ထင်ပါ့။ ပျော်ကြတာပေါ့။

 

တင်ထွန်းတို့ခြံလမ်းဘက်ကွေ့လိုက်တော့ လမ်းက ကျောက်ခဲစားရင် ကျေမယ့်ပုံ၊ တင်ထွန်းတို့လည်း အကွက်ရတုန်း အိမ်ဆောက်၊ နောက်ဆိုစျေးတွေကတက်မှာ။ လမ်းခင်းပြီးပြီဆိုစျေးကောင်းတာ၊ သူတို့အားလုံးက တက္ကသိုလ်ကျောင်းသားတွေ၊ ခုတော့သင်္ကြန်မှာ အွန်လိုင်းကြော်ငြာမယ်လေး နဲ့တွေ့တော့ သူတို့လည်း လက်တည့်စမ်းချင်ပြီလေ။ အခြေအနေကလည်းပေးလာသည်ကိုး။သူတို့စမ်းမှာက သိမ့်ကို ရိုးရိုးစမ်းယုံဆိုမဆိုးသေး။ သဘာ၀မဟုတ်လား။ စိတ်ဆိုးစိတ်မိုက်မ၀င်နိုင်၊ သူတို့က စိတ်ကြွးဆေးပြားများပါသုံးမည်စီစဥ်ထားတော့၊ အဆင်ပြေမှဖြစ်မယ်၊ မဟုတ်ရင် လူဆိုးလူမိုက်ဆိုတာ တခါကလူကောင်းတွေဘဲမို့လား။

 

**************************

 

‘ဟင်, ဘယ်ရောက်နေတာလဲ’

‘ပဲခူးလေ”

‘တစ်ညလုံးဖွင့်တဲ့ဘားဆို၊ ကလပ်ဆို’

‘ခုမဖွင့်လို့၊ ဒီမှာလာအိပ်တာ၊ မနက်ကျပြန်မယ်လေ”

‘ဟင်”

ခုထိသူမခေါင်းကမကြည်သေး။

 

သည်လိုနှင့် သူတို့အားလုံးအိမ်ထဲ၀င်ကြတယ်၊ အိမ်မှာက အခန်းသုံးခန်း၊ ဧည့်ခန်း၊ မီးဖိုချောင် ကအောက်ထပ်၊ အပေါ်ထပ်လည်းရှိသေးတယ်၊ ဆင်၀င်ဆောင်နဲ့၊ တင်ထွန်းတို့မိဘတွေစီးပွားကလည်းမသေး။ ဒါရောင်းပြီးမြတ်ရင်စျေးသက်သာတာထပ်၀ယ် ထပ်ကောင်းအောင်ဆောက်၊ ပြီးရင်ပြန်ရောင်းနဲ့ သူ့အဖေကသူဌေးဖြစ်လာတာ။ ဘေးပတ်လည်ကလည်းအုတ်တံတိုင်းကကောင်းမှကောင်း၊အပေါ်မှာ သံဆူးကြိုးတွေတောင် တတ်ထားတာ။ လမ်းသာကောင်းလို့ကတော့ သူ့အဖေအပွဘဲ။ ကောင်းလိုက်တဲ့အိမ်ကြီး။

 

***************************************************

 

သူတို့အာဖတ်ကားလေးအထဲ၀င် ခြံတခါးပိတ်၊ အကုန်စီစဥ်ပီးတဲ့အထိ ခေါင်းမထူနိုင်တဲ့သိမ့်ကို ဆက်နိုင်က နှိုးတော့မှ နိုးပြန်သည်။

ကျန်လေးကောင်တော့ ကျန်အခန်းတွေထဲ၀င်ပြီ အရက်ဆက်သောက်ပြီးစောင့်နေကြတယ်။ စိတ်ကြွဆေးလည်း နဲနဲသုံးတယ်ပေါ့။ စိတ်ကြွဆေးဆိုတာကလည်း စိတ်ကြည်ပြီး ဘာဘဲလုပ်လုပ်ကောင်းတာပါ။ လိင်စိတ်သက်သက်ကြွဝာမျိုးမဟုတ်ပါဘူး။ ဆေးကကောင်းတယ်လေ၊

သူတို့လည်းငြိမ့်နေချိန် သူတို့စဥ်းစားတာက ဆက်နိုင်လည်း ငြိမ့်နေလိမ့်မယ်။ ပြီးရင်သူတို့အလှည့်ပေါ့။

 

ဆက်နိုင်နဲ့သိမ့်က နှစ်ယောက်အိပ်ခန်းထဲမှာ၊ ဆက်နိုင်လည်း သိမ့်ကို ကြည့်ပြီး သည်အတိုင်းဘဲ သည်အတိုင်းရမှာလား။ သူလျောက်စဥ်းစာနေတယ်၊ ဟိုကောင်တွေကလည်း ပါချင်တယ်။

သူ့ကိုကြည့်ရတာလည်း ဘာဘာညာညာသာ ကြော်ငြာနေတာ လူကရှုတ်ပုံမရတော့ အားနာနေမိတာလား။

‘သိမ့်’’

‘သိမ့်’

သူမကို အသာလေးခေါ်လိုက်တယ်

 

သိမ့်မျက်လုံးတွေပွင့်လာတော့

ဆက်နိုင်သူ့ကို မိုးကြည့်နေ့တာတွေ့တယ်။ ဆက်နိုင်ရဲ့ယောကျာ်းပီသတဲ့မျက်နှာကိုကြည့်ပီး သူရင်တွေခုန်နေတာ။

သူခေါ်လို့ပဲခူးလိုက်လာတာမှတ်မိတယ်။

ခုတော့နှစ်ယောက်ထဲ အခန်းထဲမှာဘဲ။ ဘာပြောရမှန်းတောင်မသိ။

‘ဆက်နိုင်’ လို့သူမပွင့်တပွင့်ပြန်ထူးလိုက်တယ်။

 

ညှို့နိုင်တဲ့သူ့နှုတ်ခမ်းကို ဆက်နိုင် ကြည့်နေမှန်းလည်း သိတယ်။ ဆက်နိုင်ရဲ့ ဆက်ဆီကျတဲ့မျက်နှာပေါ်က ပါးသိုင်းမွှေးတွေကို လှမ်းပြီးကိုင်မိရင်းပွတ်သပ်နေမိတယ်၊ အသိစိတ်လည်းမ၀င်ဘူး။ ဆက်နိုင်ကို သာယာနေမိတာဘဲသိတယ်။

‘လူကြီးကားတွေအကြောင်းတကယ်သိလာား

ဆက်နိုင်က သူ့ကို မသိစိတ်ကသနားရင်းမေးတယ်”

သူမအသာလေးခေါင်းယမ်းပြတယ်။

‘မသိဘူး”

‘နောက်အဲ့လိုတွေမလုပ်နဲ့’

ဆက်နိုင်ကသူ့ကိုပြောတယ်။

 

သိမ့်ကကြောင်တောင်တောင်ဖြစ်နေပြန်တယ်။ သူဘာတွေပြောနေတာလဲ။ သူမဆက်နိုင် ရင်ခွင်ထဲ ဆက်နေချင်ပြန်တယ်။

ဆက်နိုင်ကို ဖက်လိုက်တယ်။ ဆက်နိုင်က သူ့ကို ပက်လက်အနေအထားမှာထားလိုက်တော့ သူ့မျက်နှာမော့မော့လေးဖြစ်ချိန်မှာ သူကော ဆက်နိုင်ရော တရှိုက်မက်မက်နမ်းမိကြတယ်။ နောက်တော့ နှစ်ယောက်လုံး ပျော်ပျော်ကြီး စားသုံးလိုက်မိကြတယ်။

သူမကျေနပ်တယ်ပေါ့။ ဆက်နိုင်နားလည်သည်မှာ သူမကျေကျေနပ်နပ်လက်ခံတယ်။

‘ချိုတဲ့အချစ်များထပ်ကျွေးနော်

အိမ်အထိအောင် ဒို့လိုက်စားမယ်

မင်းအသဲလေးကျက်ပီလား’

 

ဆက်နိုင်နှစ်ယောက်အိပ်ခန်းထဲကထွက်လာတယ်။ ဟိုကောင်တွေကလည်းကောင်းနေဘီ။

‘အခြေအနေ”

‘အေးဆေးဘဲ’

‘အဆင်ပြေတယ်”

‘နှစ်ယောက်တပြိုင်ထဲဆိုရင်ရော’

 

‘ဟကြောက်သွားပါဦးမယ်”

‘မရတော့ဘူးကွ ကောင်းနေပီ စားရမှဖြစ်တော့မှာ’

‘မင်းတို့ဆေးတွေသုံးတာကိုး’

‘ဆေးတွေသုံးတာတပြိုင်နက်ထဲလားဟ’

‘ဒုက်ခဘဲ”

 

ပြောပြောဆိုဆိုဆက်နိုင်က မီးဖိုခန်းထဲထွက်သွားတယ်။

ရေခဲနဲ့ ၀ီစကီလေးစပ်သောက်မယ်ပေါ့။ သူက ကောင်းကောင်းစားခဲ့ပြီးပြီလေ။

မီးဖိုချောင်နဲ့ ထမင်းစားခန်းကတွဲရက်ဆိုတော့

မီးဖိုချောင်ထဲမှာ ခုတ်စရာထစ်စရာ၊ ချက်စရာပြုတ်စရာ အားလုံးအဆင်သင့်။

အင်မတန်တော်သော တင်ထွန်းအဖေ၊ သူက ဂျပန်မှာလည်း အကြာကြီးနေဖူး အလုပ်လုပ်ဖူးတော့ ဘာလုပ်လုပ် စနစ်ကျနေတာ၊ ဒါတွေအတုယူရမယ်ဟု ဆက်နိုင်တွေးနေတယ်။

ရင်ကလည်းပူတူတူ သောက်တာတွေများလို့နေမယ်။

ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့ ပန်းသီးလည်းတွေ့၊ လိမ္မော်သီးလည်းတွေ့

လိမ္မော်သီးလေးစားမလို့ စဥ်းစားနေတုန်း မီးဖိုခန်းထဲကို သိမ့်ပြေး၀င်လာတယ်။

တစ်ကိုယ်လုံးလဲ မိမွေးတိုင်းဖမွေးတိုင်း တင်ထွန်းနဲ့ တင့်‌ေ၀လည်း မိမွေးတိုင်းဖမွေးတိုင်း။

 

သူတို့လည်း ဒေါသထွက်နေတယ်။ သိမ့်က သူ့ကို ကိုက်သွားတာ အကွင်းလိုက်လက်မောင်းမှာ သွေးတွေထွက်နေတယ်။ အဲဒါကတင်ထွန်း ၊ တင့်‌‌ေ၀ကသူ့ဘောကို သူအုပ်ထားတာ၊

‘ဒီကောင်မတို့ကို အသေဆော်တာ’

‘နင်တို့ကို ဘယ်သူက လက်ခံလို့လဲ’

‘လက်ခံလို့လိုက်လာတာမဟုတ်လား’

 

‘အွန်လိုင်းအပြာမယ်က ခုမှဟန်လုပ်နေတယ်၊ ငါတို့ပိုက်ဆံပေးမှာ’

‘ငါအပြာမယ်မဟုတ်ဘူး ‘

‘ကောင်မခုမှဟန်လုပ်နေတယ်”

ဆက်နိုင် ဘာမှမပြောနိုင်ခင်

သိမ့်က ဆက်နိုင်နားပြေးလာပီးပုန်းလိုက်တယ်

 

‘ဆက်နိုင် ကယ်ပါဦး’

‘ဟေ့ကောင် ဖယ်လိုက်’

တင်ထွန်းတို့ကလည်း သူတို့ကို လက်မခံတော့ဒေါသထွက်ဆေးတွေကသုံးထားတော့ ခန္ဓာကလည်းတောင်းနေ။ မူးတော့မစဥ်းစားနိုင် ၊ ရှေ့ကို တက်လာကြတယ်။

 

ဆက်နိုင် ဘာမှ မပြောရသေးခင်

သိမ့်က မီးဖိုချောင်ထဲ ကဓါးကို သွားဆွဲလိုက်ပီ၊ ဓါးကလည်းထက်တာမြိနေတာဘဲ။

‘နင်တို့ငါ့နားမလာနဲ့နော်’

‘နောက်မှ အဆိုးမဆိုနဲ့’

‘ကောင်မခုမှ ဟန်ဆောင်ကောင်းနေတယ်”

 

‘ဆက်နိုင် နင်ပြောတော့အေးဆေးစားတယ်ဆို’

‘အေးလေ’

‘အဲ့ဒါသူလေ’

‘နင်တို့နဲ့ဘာဆိုင်လဲ’

‘ဖါသယ်ကများလူရွေးနေတယ်’

 

စိတ်ဆတ်သော တင်ထွန်း ရှေ့တိုးလာတယ်။

နောက်တော့

သိမ့်ဓါးကို အသားကုန်ယမ်းပြီးထိုးလိုက်တယ်။ ထိုးမိတာက ဘာမဆိုင်ညာမဆိုင်ဘေးကဆက်နိုင်ကို

‘ကောင်မတကယ်လုပ်တယ်’

‘အား’

‘ဆက်နိုင်’ သွေးတွေနဲ့ ဗိုက်ကိုဖိပြီးလဲသွားတယ်။

 

ဆက်နိုင်ကို သူထိုင်ကြည့်လိုက်တယ်

‘ဆက်နိုင်၊ ဆက်နိုင်’

ဟိုကောင်တွေ ထမင်းစားပွဲကထိုင်ခုံနဲ့ သိမ့်ခေါင်းကို အသားကုန်ရိုက်ချလိုက်တယ်

သိမ့်ခေါင်းကသွေးတွေဖြာကနဲဘဲကျလာပီးခေါင်းမူးသွားတယ်

သိမ့်လဲ ခေါင်းကိုကိုင်းပီး အနားကပ်လာတဲ့ တင်ထွန်းကို ဓါးနဲ့အားကုန်စိုက်သွင်းလိုက်တာပေါ့။

တင်ထွန်းလည်း သူ့ရင်ဘတ်ကို ဖိပြီးလဲကျသွားတော့ တင့်‌‌ေ၀ က ပြန်ထွက်ပြေးသွားတယ်။

 

သိမ့်လည်း မီးဖိုချောင်တံခါးချက်ကို ဖွင့်တယ်။ လက်ကတုန်နေတော့ တော်တော်နှဲ့ဖွင့်လို့ကမရဘူး။

ဆက်နိုင်က ညီးပြီးကျန်နေခဲ့တယ်၊ သနားပေမဲ့သူလည်းပါတာဘဲလေ။

တင်ထွန်းတော့ ရင်ဘတ်တည့်တည့်ထိုးလိုက်တာဆိုတော့ ငြိမ်ကျသွားတယ်။

သွားပီ။ ဘ၀တော့ပျက်ဘီ၊ ဒင်းတို့သေရင် ကိုယ်လည်းသွားဘီ။ သိမ့်တစ်ယောက် အိမ်အပြင်ဖက်ရောက်တော့ ခြံထဲက အုန်းပင်တွေက လေတိုးတော့တရှဲရှဲမြည်တော့ကြောက်သွားတယ်၊

 

ဘေးအိမ်တွေကတော့ သူတို့အသံတွေမကြားလားမသိ။ မကြားလောက်ဘူး။ ဘေးအိမ်တွေအားလုံးက ဆောက်ပီးလူမှမနေသေးတာလေ။

သူခေါင်းကသွေးတွေကျနေတော့မူးရိပ်မူးရိပ်နဲ့။ တကိုယ်လုံးလည်း အ၀တ်အစားမပါတာ သတိရသွားတယ်။

ခနမီးဖိုချောင်ထဲပြန်၀င်တော့ ဆက်နိုင်က ဘောင်းဘီတိုနဲ့ တီရှပ်နဲ့။ ဟိုကောင်လည်း ဗလာကျင်း၊ ဒဏ်ရာနဲ့သွေးအိုင်ထဲမှာညည်းညူနေတဲ့ ဆက်နိုင်ဆီကအ၀တ်တွေ ချွတ်ယူ၀တ်လိုက်တယ်။ အိမ်ပြန်ဘို့ အ၀တ်ပါမှဖြစ်မှာလေ။ သူ့အ၀တ်အိတ်ရှိတဲ့အခန်းထဲပြန်သွားလို့ကလည်းမရတော့ဘူး။

 

တင့်‌ေ၀ အခန်းထဲပြန်သွားတော့

အာကာနဲ့ ရဲရဲ ကအိပ်မောကျနေဘီ၊ ကောင်းလိုက်တာ၊ မူးရူးပီးအိပ်မောသွားကျဘီ။

‘ဟေ့ကောင်တွေထထ”

တော်တော်နဲ့နှိုးမရ၊

“ထကွာ’

သူတို့ကို နှိုးရင်း အ၀တ်ပြန်၀တ်ရတယ်။

 

အိပ်ချင်မူးတူးနဲ့နိုးတ၀က်အိပ်တ၀က်ကောင်တွေကို အဖြစ်အပျက်ပြောမှ မျက်လုံးပြူးပြီးနိုးလာတယ်။

မီးဖိုချောင်ထဲ၀င်လိုက်တော့

သွေးသံရဲရဲနဲ့, အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ပြီ။

သင်္ကြန်ရက်ထဲ အဲ့လိုတွေဖြစ်တတ်ကြတာမို့ အမြဲသတိပေးလည်း ဖြစ်နေကြတာဘဲ။

ခုတော့ကိုယ်တွေဖြစ်နေပြီ။ ဒီကောင်ဆက်နိုင်ကို ယုံမိလို့။

‘တောက်’

သိမ့်အမေတစ်ယောက် ညက သိမ့်ပြန်လာတယ်မှတ်လို့ အသံကြားတော့ မီးဖွင့် တခါးဖွင့်ကြည့်တာ အသံတိတ်ပြီး အိမ်ရှေ့လည်း နွယ်နီတို့ကားမတွေ့ဆိုတော့ ဒီညသည်ကောင်မလေး အတော်နောက်ကျတာဘဲ၊ တစ်နှစ်တစ်ရက်တော့ သင်္ကြန်လည်တာဘဲလေ။ နှစ်တိုင်းလည်းနွယ်နီတို့နဲ့ဘဲ၊ ငယ်သူငယ်ချင်းတွေ တစ်ခုခုဆို သူ့တို့အိမ်မှာအိပ်လည်းအိပ်တတ်တာဆိုတော့ မီးပိတ်တခါးပြန်ပိတ်ပြီးတရားလေးမှတ်နေလိုက်တယ်။ ခနနေတော့ အိပ်မောကျလို့သွားလေရဲ့။

သိမ့်တစ်ယောက်တော့ သူပြသနာဖြစ်နေသည့် အိမ်၏ အိမ်နောက်ဖေးမီးဖိုချောင်ဖက်မှ အိမ်ရှေ့ခြံ၀န်းထဲရောက်လာတယ်၊ ခေါင်းကလည်းမူးလိုက်တာ၊ အချိန်ကလည်း မိုးမလင်းကြက်မတွန် ည ၂ နာရီခွဲလောက်တော့ရှိမလားဘဲ၊ ဘေးအိမ်တွေအကူအညီတောင်းဘို့ကလည်း လူရှိပုံမရဘူး၊ ဒီကောင်တွေဒါကြောင့်ဒီကိုလာတာ၊
ငါကိုကမိုက်တာ။
မေတော့မျှော်နေတော့မှာဘဲ။
ဟိုနှစ်ကောင်လုံးသေရင်တော့သွားပြီ။

ဆက်နိုင်တော့သနားပါတယ်၊ ကြောက်ပြီးရောင်ပြီးဓါးနဲ့ထိုးလိုက်တာ။
တခါမှလည်းမထိုးဘူးဘဲနဲ့ ငါ့လက်တွေသွက်လိုက်တာနော်။
တစ်ခုခု ပူးနေသလိုဘဲ။ ခုတော့ သူတို့သေသေမသေသေ
ကိုယ်ကိုတိုင် ဒုက္ခရောက်ပြီ။ အိမ်တော့အရောက်ပြန်မှ ဖြစ်မယ်။

ပိုက်ဆံလည်းမပါဘူး။ မတတ်နိုင်ဘူး မဖြစ်လည်း မဂ်လာဒုံ ရဲစခန်းကျမှ ဆင်းပြီးတိုင်ရင်တိုင်ရမယ်။
သိမ့်အတွေးတွေကလူထက်မြန်တယ်။ သူမလည်း ဥသာမြို့သစ်လမ်းသွယ်တွေကနေ လမ်းမရောက်အောင်
လမ်းကို အားသွန်းလျောက်နေတာ။ ကောင်းကင်မှာ မိုးတိမ်တချို့နဲ့ လေကလည်းငြိမ်သက်လို့၊ လမ်းကတော့ ချိုင့်တွေခွက်တွေနဲ့ အကြမ်းဘဲရှိသေးတာ၊ အိမ်တွေကတော့ ကောင်းတယ်။ တချို့အိမ်မှာခွေးတွေ၊ ဒင်းတို့ကတော့ ညမအိပ်ဘူး။ သာနေတဲ့ လကလည်းကွေးကွေးမို့ ဖုန်လမ်းနဲ့ချိုင့်ခွက်တွေကို ရေးရေးတော့မြင်နေရတယ်။
သူမကခွေးအရမ်းကြောက်တာ၊ ငယ်ငယ်က အိမ်လည်သွားတိုင်း ခွေးကိုက်ခံရလို့ နောက်ဆို ခွေးရှိတဲ့အိမ်ဆို မလည်တော့တာ။

ဟိုရှေ့က အိမ်က တော့မီးတွေကောင်းကောင်းထွန်းထားတယ်၊ တော်တော်လေးလျောက်ရင်တော့ ရန်ကုန်ကားလမ်းမဖက်ရောက်နိုင်ကောင်းပါရဲ့။ နှစ်နာရီခွဲဆိုတော့စောတော့စောသေးတာဘဲလေ။ သိမ့်တွေးရင်းနဲ့လမ်းလျောက်တာမရပ်မနား၊ တချိန်ထဲမှာဘဲ
ခေါင်းကသွေးတွေကလည်း မရပ်တမ်းစီးကျနေတာ၊ ခေါင်းမူးပေမဲ့။
သုတ်တာလည်း ဆက်နိုင်ရဲ့ တီရှပ်နဲ့၊ လက်ခုံနဲ့သုတ်ပစ်တာရပ်တောင်မရပ်သလိုဘဲ။

ဒီကောင်တွေသူ့ခေါင်းကို သေအောင် ရိုက်လိုက်တာကျနေတာဘဲ၊ ခေါင်းကကွဲသွားတာလား၊ ချုပ်မှဖြစ်မလားမသိဘူး။ မဟုတ်ရင်လည်းဆေးရုံသွားလိုက်ပီး အပြစ်၀န်ခံလိုက်ရင်ကောင်းမလား၊ ဒွိဟတွေဖြစ်နေတယ်။

‘အူးးးးးးး ဝူးးးးးးးးးးးးး’
ခွေးကလည်း ဆွဲဆွဲမြည်မြည်အူနေတာ ကြောက်လိုက်တာဟယ်။
သူ့နောက်ဖက်ကိုကြည့်ပီးအူနေတာ။
တစ်ယောက်ထဲ သတ္တိမွေးပြီးသာ ပြေးလာတာ။ ဘာတွေပါလာလဲမသိဘူး။ ကြက်သီးကဖျန်းကနဲထနေလိုက်တာ။

ကားလမ်းမကြီးကလည်းရောက်ဘဲမရောက်နိုင်ဘူးနော်။ လမ်းလျောက်ရင်းအားကကုန်ချင်လာတယ်။
စိတ်ကလည်းခွေးအူတော့ ဘုရားစာဆိုဘို့သတိရတယ်။
ဖေကတော့တရားစခန်းမှာ၊ မေကတော့ဥပုသ်စောင့်လို့..
သူကတော့ခုသွေးသံရဲရဲနဲ့ပြေးနေရတယ်၊ ဆက်နိုင်ကို လူကောင်းလို့ထင်မိတာ။ သူများသေပီလား။
နောက်ကနေများပါလာလို့လား။လကလည်းမခို့တရို့သာနေတာ၊ မသဲမကွဲတော့မြင်ရတာ။ ကြောက်ကြောက်နှင့် နောက်လှည့်ကြည့်ပြီး အပြေးတပိုင်းလျောက်နေမိတယ်။

‘အူးးး ဝူးးး’
ခွေးတွေက ခြံဆက်တိုက်၊ ခွေးရှိသမျှအိမ်က အူနေတာ။
ဟိုကောင်တင်ထွန်းကို နှလုံးတည့်တည့်ထိုးလိုက်မိတာ၊ သေပြီထင်တယ်၊
နောက်ကလိုက်လာတာဖြစ်မယ်၊
“မြန်မြန်လျောက်သိမ့်လို့သူမကိုယ်ကို သူမအားပေးလိုက်တယ်”
‘အူးးး ၀ူးးး “ အူတာမှဆက်တိုက်ဘဲ၊ ကြောက်လိုက်တာ။

ဖိနပ်မပါတာလည်းခုမှ သတိထားမိတယ်၊ ပြေးပါတယ်ဆို ဘယ်က ဖိနပ်က၀တ်နိုင်မလဲ၊ မဟုတ်လဲ ဒိကောင်တွေသူ့ကို သတ်ပြီး ဖျောက်မပြစ်ဘူးလို့ဘယ်ပြောနိုင်မလဲနော်”
“အိမ်ရောက်မှဖြစ်မယ်’
ခုတောင်ကံကောင်းလို့လွတ်လာတာ။
သူအဲ့ဒီကားပေါ်တက်သွားတာတောင် ဘယ်သူမှ သိတာမဟုတ်ဘူး။
သူတို့အေးအေးဆေးဆေးဖျောက်ပစ်လိုက်လို့ရတယ်။

‘မေရေ၊ ဖေရေ’
‘သွေးတွေထွက်တာများလို့မူးလိုက်တာ”
‘ငါသတိလစ်လို့မဖြစ်ဘူး’
သိမ့်သူ့ခေါင်းကိုအုပ်ထားလည်း သွေးတွေက ထိမ်းမရ၊ ကံကောင်းတာက သူမမူးတာဘဲရှိတယ်။ သတိမလစ်သေးဘူး။
‘အိမ်ရောက်မှဖြစ်မယ်”
‘အူးးးးးးးးးးးးးးဝူးးးးးးးး ‘
‘တယ်ဒီခွေးတွေ”

******************
‘ဟာ ဆက်နိုင်’
ဆက်နိုင်တစ်ယောက်သွေးအိုင်ထဲမှာငြီးညူနေတယ်။ သွေးတေွကမြင်မကောင်းအောင်ထွက်နေတာ
‘ဆက်နိုင်’
အာကာရော၊ ရဲရဲရောလှိမ့်ခေါ်နေကြတာ။
“တင့်‌ေ၀က တို့ဘာလုပ်ကြမလဲ”

‘ဘာကိုမဟုတ်တာလု့ပ်ဖို့မစဥ်းစားနဲ့’
‘ရဲခေါ်’ ဆက်နိုင်ကအားတင်းပြီးပြောလိုက်တယ်၊
“ဒီအချိန်ကြီးလား”
‘ဟုတ်တယ်’
‘မဟုတ်ရင်၊ မင်းတို့ကိုယုံမှာမဟုတ်ဘူး

သူကဖြင့်သွေးအိုင်ထဲမှာ ဆရာကလုပ်နေတုန်း၊
‘အသက်ရှုပြီးစကားပြောနိုင်တာသူကိုး။ တင်ထွန်းတော့မလှုပ်တော့။
သူတို့သုံးကောင်အမှုပတ်မှာစိုးလို့ ဆက်နိုင်ပြောနေတာ။
‘မင်းကို အရင်ဆေးရုံပို့မယ်ကွာ”

သူတို့ပြောပြီး ဆက်နိုင်ကို ဆေးရုံပို့ရန် ချီမကာ အိမ်ကို သော့ပိတ်ပြီးထားလိုက်တယ်။
သူတို့လေးယောက်လုံးဆက်နိုင်ကို အားပေးပြီး တင့်‌ေ၀ကကားမောင်းတယ်။
သူတို့လမ်းကြမ်းအတိုင်းလမ်းမပေါ်ထွက်လာချိန်မှာ စိတ်ထဲ လူတစ်ယောက်ဖြတ်ကနဲပုန်းသလားထင်လိုက်သေးတယ်။
နောက်‌တော့ မှောင်မဲထဲ စိတ်ထင်လို့ပါဆိုပီး ဆက်နိုင်ကို အသက်ကယ်နိုင်ဘို့ ပဲခူးဆေးရုံကြီးကို ပြေးကြတော့တာ။

ဆေးရုံအရေးပေါ်လည်းရောက်ရော သင်္ကြန်တွင်း ကောင်မလေးက ဓါးနဲ့ထိုးလို့ဆိုတော့ ဆရာ၀န်တွေက ရဲအရေးအခင်းမို့ချက်ခြင်းရဲကို ဖုန်းဆက်ခေါ်တယ်၊ ရဲတွေရောက်ပြီး အရင်ကြည့်ပီးမှ ဆက်နိုင်ကိုကုပေးတာ။
တော်သေးတယ်၊ ဆက်နိုင်က သွေးတွေအများကြီးထွက်လို့ သွေးတွေ အမြန်သွင်းရပေမဲ့၊ သေမင်းလက်တွင်းကတော့လွတ်သွားတာပေါ့။ ရဲတွေကို အဖြစ်အပျက်တွေပြောပြီး သူတို့လည်းမိုးမလင်းကြက်မတွန်ခင်မှာ အလုပ်တွေများပြီး မြို့သစ်ကအိမ်ကို လိုက်လာပြီး အမှုကို စစ်ဆေးဘို့လုပ်ကြရတယ်။

‘ဆရာကြီး ဆက်သွယ်ရမဲ့လူတွေမေးပြီးဆက်သွယ်တော့’
‘အောင်သင်္ကြန်၊ ဘယ်တော့မှမရိုးရဘူး”
ရဲမှုးက စဥ်းစဥ်းစားစားပြောရင်း သားသမီးခြင်းစာနာနေပုံရလေရဲ့။

ကံကောင်းလို့ဆက်နိုင်တော့ ပတ်တီး တစ်ဖုံနဲ့ သွေးပုလင်းတွေချိတ်ပြီး သူ့အသက်ကလေးကိုရှုနေချိန်မှာ သိမ့်တစ်ယောက်တော့ အမေ့အိမ်ကို ပြန်နိုင်အောင် အားတင်းပြီးကြိုးစားနေလေရဲ့။ လမ်းထိပ်ကိုရောက်တော့ဘယ်လိုင်းကားမှမထွက်သေးဘူး။ ဆက်စောင့်နေတော့အိမ်စီးကားလေးတစ်စီးလာတယ်၊ သူမလက်ကိုမြှောက်ပြီးတားလိုက်တယ်၊ သိမ့်ကိုမြင်ရက်နဲ့ ရပ်မပေးဘူး။ စိတ်တိုလိုက်တာ။

နောက်တကားက အနောက်ကအပွင်နဲ့ ကား။ ကားကခနလမ်းထိပ်မှာရပ်တယ်။ အပေါ့သွားချင်လို့။
ကိုယ့်ကိုရပ်တာမဟုတ်ဘူး၊ သိမ့်လည်း အနောက်ပွင့်ထဲတက်ထိုင်နေလိုက်တယ်၊ ရန်ကုန်ရောက်လဲအဲ့လိုဘဲ ဆင်းလိုက်ယုံပေါ့၊ တစ်နေရာရာတော့ရပ်မှာပေါ့။ ပြောမနေတော့ဘူး။ ကားလေးကတရိပ်ရိပ်ပြေးလိုက်တာ ရန်ကုန်ရောက်တဲ့အထိ ဘယ်မှကိုမရပ်တော့တာ၊ သိမ့်တို့အိမ်နဲ့အနီးဆုံးလည်းရောက်၊ သူတို့လည်းရပ်၊ မှာထားအလားသင့်တိုက်ဆိုင်တာလားတော့မသိ၊ သိမ့်လည်း အသာလေးဆင်းပီး နေခဲ့လိုက်တယ်။ သူတို့ကမနက်ကြီးကားခနရပ်ပီး စာထားတဲ့အမှိုက်ထုတ်လားမသိ၊ အမှိုက်ပုံထဲချတာ။ သိမ့်နေတဲ့အိမ်နားလေးဘဲ။ သူတို့လည်း ဒီ၀န်းကျင်လာတာနေမှာပေါ့။

အိမ်ခြံ၀န်းဖွင့်ဘို့လဲသော့မပါဘူး။
ခုန်၀င်လိုက်တယ်၊ ငယ်ငယ်ထဲကလုပ်နေကျလေ။ သိမ့်ဘဲကိုး။
နောက်အိမ်မှာ ပန်းအိုးထဲသော့ရှိတာ၊ သော့ဘာညာမေ့မှာစိုးလို့ မေတို့ဖေတို့က အရံလုပ်ထားတာ။
အိမ်ထဲ၀င်တော့ သုံးနာရီလောက်ဘဲရှိသေးတာ၊ အကြာကြီးထင်နေတာ၊ အချိန်သိပ်မကုန်သလိုဘဲ။ ထားပါလေ။

မေ့ကို အိပ်နေတာတွေ့တယ်၊ မနှိုးသေးပါဘူးလေ။
သိမ့်အခန်းထဲ၀င်လိုက်တယ်။ ကိုယ့်အိမ်ရောက်မှ ဘဲ စိတ်ချမ်းသာသွားတော့တယ်။ ဘာတွေလုပ်မိနေပါလိမ့်နော်၊ ကိုယ့်ဖါသာ တစ်ဦးတည်းသမီးလေး အစစ အဆင်ပြေရဲ့သားနဲ့။
ခုတော့ အနောနီးမတ်စ်ဆိုပြီး ဆက်ဆီပုံတွေတင်တာဟာ အနောမနီးမတ်ဘူးဆိုတာသိလာပြီ။ ပြသနာဒိထက်မကြီးခင် ရပ်မှလို့သိမ့် စဥ်းစားမိတယ်၊ မကောင်းမှုက ဆိပ်ကွယ်ရာမရှိလို့ ဆိုတာအဟုတ်ဘဲ။ သူ့ကို သိနေကြတာဘဲလေ။

ခေါင်းကသွေးတွေထွက်နေလို့ သွေးကိုရေချိုးခန်းထဲ၀င်ပြီးဆေးချလိုက်တယ်၊ မျက်နှာသုတ်ပု၀ါနဲ့ အရင်ဆို့လိုက်တယ်၊ တလမ်းလုံးလဲထွက်နေတာ၊ နာလည်းမနာဘူး။ မူးဘဲမူးတာ။
မျက်နှာသုတ်ပု၀ါနဲ့ဆို့ရင်း ဆက်နိုင်အကျီင်တွေလဲဘို့သတိရတယ်၊ နဲနဲနေသာမည့်အင်္ကျီလေးရွေး၀တ်လိုက်တယ်။ သွေးတွေနဲ့အင်္ကျီကို မေတို့ဖေတို့ မတွေ့အောင် သေချာလေးထုတ်လိုက်တယ်၊ နောက်ဆိုရင် အနောနိမတ်စ်အကောင့်ကို ဖျောက်လိုက်တော့မယ်။ ဒါတွေလုပ်တာ သူများတွေကိုယ့်ကို အထင်မှားနိုင်တယ်ဆိုတာသိပြီလေ။

သွေးကမတိတ်ဘူး။ လူကလည်းနေလို့အကောင်းဘဲ။
မဖြစ်ဘူး ကိုယ့်ကို ကို အရင်ကောင်းအောင်လုပ်ပြီး ကျန်တာနောက်မှ ဖြေရှင်းမှဖြစ်မယ်။ ခုဘဲ
သွေးတွေသုတ်နေတာ မျက်နှာသုတ်ပု၀ါ အကြီးနှစ်ထည်တောင် ရွှဲနစ်နေပြီ။

‘မေ”
‘မေ”
မေကနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတာ၊ နှိုးရမှာအားနာလိုက်တာ၊
မနှိုးလည်းမဖြစ်တော်ကြာသွေးလွန်တော့မယ်”

**************************
“မေ———မေ”
နားထဲမှာ သမီးလေးခေါ်သံကြားလိုက်သလိုမို့ နိုးလာတယ်၊ နာရီကြည့်တော့ သုံးနာရီခွဲ၊
ဒီနေ့အတော်နောက်ကျတာဘဲ။
နွယ်နီတို့နဲ့ အိပ်လိုက်တာဖြစ်မယ်။
သူ့စိတ်ထဲ သမီးခေါ်လိုက်တယ်လို့သေသေချာချာကိုကြားတာ။
နောက်မှစိတ်ပူလို့ဖြစ်မယ်ဟုကိုယ့်ကိုကို အားပေးလိုက်တယ်။ သိမ့်မေမေ ပုတီးလေးကိုင်ပီးစိတ်နေတယ်၊
သုံးနာရီခွဲဆိုတော့ မနက်လေးနာရီဘဲထိုးတော့မယ်၊ ပြန်မအိပ်တော့ပါဘူးလေ။ အာရုံတက်တော့မှာဘဲကို။

သိမ့်
မေ့ကို ခေါ်လိုက်တော့ မေက နိုးလာတယ်၊ ဟိုဒီကြည့်နေတာ။
သိမ့်ကသူ့ရှေ့မှာ ၊သွေးတွေထွက်တာများလို့ခေါင်းမှာ ပု၀ါနဲ့အုပ်ထားရင်းနှိုးတာ၊ ထတော့ထလာတယ်။
‘သိမ့်ကိုလည်းဘာမှမပြောဘူး’
ပီးတော့ပုတီးယူပီးဘုရာစင်နားသွားတယ်၊ သောက်တော်ရေလဲဖို့လုပ်နေတာဘဲ။

‘မေ၊ မေ”
သူထပ်ခေါ်တယ်။
သမီးလေးခေါ်သံထပ်ကြားသလိုပါလား။
ငါစိတ်ထင်နေတာလား”
သိမ့်မေမေဘုရားကို မီးပူဇော်လိုက်တယ်။ သိမ့်ကိုတော့မမြင်ဘူး။
သိပ်လည်း အမေဘုရားရှစ်ခိုးနေတော့ စောင့်မယ်လေလို့တွေးတယ်။ ဘာလို့သူ့ကို မမြင်တာလည်း မတွေးမိဘူး။ ဒါနဲ့ ရေချိုးခန်းထဲ သူ့လက်ကသွေးတွေဆေးဘို့ တခေါက်ပြန်၀င်လိုက်တယ်။
မီးခလုတ်ဖွင့်တယ်။
‘ချောက်”
မီးကပွင့်သွားတယ်။

သိမ့်မေမေဘုရားရှစ်ခိုးရင်း ရေချိုးခန်းက မီးခလုတ် ‘ချောက်’ ကနဲမြည်တော့
အော်သိမ့်ပြန်ရောက်ပြီဘဲ ဆိုပြီး ဘုရာ၀တ်မပြုသေးဘဲထလာပြီး ရေချိုးခန်းကို ကြည့်ဘို့လာတယ်။

“ချောက်”
ကနဲကြားပေမဲ့ ရေချိုးခန်းမီးပွင့်မနေဘူး။
သိမ့်အတွက်မီးကပွင့်နေတယ်။

သိမ့်လက်ဆေးရင်းနဲ့မှန်ထဲကြည့်လိုက်တယ်၊
မှန်ထဲမှာတော့။

ကျီစားသလား-၄

သိမ့်မှန်ထဲမှာမြင်နေရတာက သွေးအလိမ်းလိမ်းနဲ့မျက်နှာ၊ သူအ၀တ်တွေပြောင်း၀တ်ထားတယ်ထင်ပေမဲ့ သူ့ကိုယ်မှာ ဘာအ၀တ်မှမပါဘူး၊ ဟိုနှစ်ကောင် အတင်းဆွဲချွတ်တာလေ။ သူတို့လည်း အဲ့ဒီလိုဘဲ။ သိမ့်က ဆက်ဆီပုံသာတင်တာ၊ ဘာဆိုဘာမှမဘာဘူးဘဲ ဆက်နိုင်နဲ့ချစ်ရလို့ပျော်နေတုန်း ဆက်နိုင်ထွက်သွားပြီး နှစ်ယောက်၀င်လာပီး အနိုင်ကျင့်တာ၊ ဖါသယ်မလည်းပြောသေးတယ်၊ သိမ့်က အဲဒီလိုမဟုတ်ပါဘူး။

ခုတော့ ၀တ်လစ်စလစ်နဲ့သွေးအလိမ်းလိမ်းမျက်နှာကိုမြင်နေရတယ်၊ သိမ့်မီးဖွင့်သံကြားလို့မေက ရေချိုးခန်းထဲလာတယ်။ မေကသိမ့်ကိုမတွေ့ဘူး။
‘စိတ်ထင်နေတာဘဲ’
သိမ့်မေက ဘုရားရှေ့ပြန်သွားပြီးပုတီးစိတ်နေချိန် သိမ့်ငိုနေပါပြီ။ သိမ့်သေသွားပြီထင်တယ်။
သိမ့်မှားဘီမေမေ။
ပထမဦးဆုံးက အွန်လိုင်းသုံးတာကို မေမေတို့မသိအောင် ဆက်ဆီပုံတွေတင်ပီး
လူကြီးကားတွေကြော်ငြာမိတာ၊ နောက်တစ်ခုက မူးမူးရူးရူးနဲ့မသိတဲ့လူတွေနောက်လိုက်တာ။
သမီးသေပြီလားမသိဘူး။

ငိုရင်းနဲ့ သိမ့်ပဲခူးကိုပြန်ရမယ်။ ကြောက်ကြောက်နဲ့ထွက်ပြေးလာတာ။ နာမ်ဘဲရှိတာသိပြီ။
ရုပ်ကဟိုမှာဘဲ။ သူ့ကိုဖျောက်ဖျက်ပစ်နိုင်တယ်။ သူလိုက်သွားတာဘယ်သူမှ မသိလိုက်ဘူး။
သူပဲခူးကို ပြန်မှရမယ်။ မေ့ကို ကြည့်လိုက်တော့ ဘုရားရှေ့မှာ ကောင်းကောင်းတရားထိုင်နေတယ်။

‘သွားလိုက်ဦးမယ်မေ’

သူမေ့နားမှာ တိုးတိုးလေးကပ်ပြောလိုက်တယ်၊ တရားမှတ်နေသော သိမ့်မေနားထဲ အသံကြားလိုက်ပြန်တယ်။ သူမစိတ်ထဲတမျိုးဖြစ်တယ်။ ဘာလုပ်ရမှန်းလဲမသိ။ တရားဘဲ သေချာဆက်မှတ်လိုက်တယ်။ သူ့သမီးလေးများ တစ်ခုခု ဖြစ်နေသလား။ စိတ်တွေမစွဲလန်းရပါဘူးလေ။ စိတ်ကို တည်ငြိမ်အောင်ထားပီး တရားသေချာမှတ် မေတ္တာပို့အမျှ‌ေ၀လိုက်တယ်၊ အချိန်က ငါးနာရီလောက်ဖြစ်သွားတော့တာပေါ့။

*************************

‘အမလေး သားရယ်ဖြစ်မှဖြစ်ရလေ’
ပဲခူးကတင်ထွန်းအိမ်မှာတော့ တင်ထွန်းရော၊ သိမ့်ရောက သေဆုံးခဲ့ပြီ။ တင်ထွန်းကို သိမ့်က နှလုံးနေရာကိုထိုးခဲ့တာမို့ နေရာတွင်ပွဲချင်းပီးသလို။
တင်ထွန်းက သိမ့်ကို ခေါင်းကို ခုံနဲ့အားကုန်ရိုက်လိုက်တာမို့ သိမ့်ကလည်း နေရာတွင်ပွဲချင်းပီး သလို လူတွေကလည်း ၀တ်လစ်စလစ်တွေဖြစ်နေတာမို့ နောက်မှပိတ်ဖြူနဲ့အုပ်ပေးလိုက်ကြတာ။

တင်ထွန်းအမေကိုတော့ ချက်ခြင်းအကြောင်းကြားလိုက်တော့ ငါးနာရီ ပဲခူးကိုရောက်လာတယ်။
သားဘဲဖြစ်ဖြစ် သမီးဘဲဖြစ်ဖြစ် မိဘတွေက ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပြီး သည်အရွယ်အထိမွေးလာကြရတာ၊ အခုတော့ သင်္ကြန်ရက် အများသူငါ ကုသိုလ်ပြုချိန် အသေဆိုးနဲ့သေခဲ့ကြပြီလေ။

“ဒီကောင်မလေးကရော’’
‘သိမ့်လို့ပြောတယ်”
သူတို့လည်း ခေါ်လာပုံကအစ အကုန်ပြောပြလိုက်တယ်။
ဖြစ်ချင်တော့ သတ်သူနှစ်ယောက်လုံ သေသွားတော့ ကျန်တဲ့သူတွေလွတ်တယ်။
ဆက်နိုင်ကတော့ ခံရတာပေါ့။ အသက်ရှင်ရင် ကံကောင်းသေးတာဘဲ။

တင်ထွန်းအမေကြေကွဲမဆုံးချိန် ရဲတွေက ကောင်မလေး မိဘကို ရှာဘို့လုပ်ရပြန်တယ်။
‘ဆက်နိုင်၊ စကားပြောနိုင်လား”
‘မင်းနဲ့သိမ့်ဘဲသိတာဆို”
‘သိတာကလည်း။ သူကအွန်လိုင်းကြော်ငြာတာ”
ယူနီယံဘားမှာတွေ့လို့ ပဲခူးလိုက်မလားလို့ခေါ်တော့ လိုက်မယ်ပြောလို့ခေါ်လာခဲ့တာဗျ”
နောက်တော့ ရဲကဖြစ်ကြောင်းကုန်စင်သိပြီ။

ကောင်မလေးကို ခေါ်လာတဲ့နေရာကိုမေးတော့ သူတို့လည်း နဲဲနတော့ရေးတေးတေး။ ကားကို နောက်ကလိုက်တာဆိုတော့ အင်းယားကနေစမှတ်ပြီးလိုက်မှ ရမယ်ဗျ” ညဖက်ဆိုတော့။
ကားမောင်းတာက တင့်‌ေ၀၊ တင့်‌ေ၀လည်း ရဲတွေနဲ့ ကားပြန်မောင်းရတယ်၊ ဟိုကောင်တွေလည်းလိုက်ခဲ့။ မှတ်မိသလောက်ပြောနဲ့ ၊ သင်္ကြန်မှာ လူသေတဲ့ အမှုကြီးအတွက် ရဲတွေလည်း မနားရဘူးပေါ့။

‘ရွှေမေတ္တာထားတယ်လားကွာ၊ငြုတ်သီးတွေလောက်တော့သနားတယ်”
သီချင်းလေးတွေကလည်းမြိုင်လာပြီ။ သူတို့မှာတော့ အမှားတစ်ခုအတွက် အသက်စွန့်သူစွန့်လိုက်ရပြီ။

မနက်ရောက်တော့ ထုံးစံအတိုင်း အကြတ်နေ့မို့စည်ကားနေပြန်တယ်။ သင်္ကြန်သီချင်းလေးတွေ စဖွင့်နေကြဘီ။ ဥပုသ်စောင့်ဘို့သွားသူ၊ ကုသိုလ်ယူမဲ့သူတွေ မျိုးစုံပြင်ဆင်နေကြပြီ။ သူ့ခန္ဓာကိုယ်ကို ရှာဖို့သွားတဲ့သိမ့်တစ်ယောက် ပဲခူးအိမ်ကို ပြန်ရောက်တော့ မရှိတော့ဘူး။ ပဲခူးဆေးရုံကြီးကရေခဲတိုက်ကို ယူသွားပီမို့ သူလည်းဘယ်လိုက်ရမှန်းမသိ။ သေတုန်းက ၀တ်လစ်စလစ်မို့ ခုလည်း ၀တ်လစ်စလစ်ကြီး၊ လိုင်းပေါ်မှာ မဟုတ်တရုတ်တွေတင်လို့သူ့ကို အပြစ်ပေးတာလားလို့ ထင်မိတယ်။ နောက်မလုပ်တော့ပါဘူးလို့အကြိမ်ကြိမ် သစ္စာဆိုမိနေတယ်၊ သေနေတာဘဲဖြစ်ဥိး။ အ၀တ်လေး၀တ်ထားပါရစေ။ သူမမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာပြန်တယ်။
‘အိမ်ပြန်မယ်”
သူမမှာ ပဲခူးမှာ ဘာဆက်လုပ်ရမယ်မသိ။ အိမ်ပြန်လာပြန်တယ်။

***************************
‘ဒီအိမ်ဘဲဗျ၊ သူအိမ်ထဲ၀င်ဘို့လုပ်နေတုန်း ပြန်လိုက်လာတာ”
‘မင်းတို့နဲ့လဲသေချာမသိဘူးပေါ့”
‘မသိဘူးဗျ”
‘ဆက်နိုင်ဘဲစကားပြောတာ’
‘ဆက်နိုင်ကို မေးပီးသားပါ၊ ခုခေတ်သားသမီးတွေ မသိလည်းလိုက်လာတာဘဲလား’
‘လိုက်လို့မမီတော့ဘူးကလေးတို့ရေ’

ရဲကြီးတွေလည်း စိတ်မချမ်းသာ သည့်မျက်နှာနှင့်
အိမ်တံခါးခေါက်သည်။ မနက်စောစောစီးစီး သည်စကားတွေမပြောချင်။
ကောင်မလေးအိတ်လည်းယူလာတယ်။ ပြဖို့ပေါ့။ သူတို့ချွတ်ပြီးလွှင့်ပစ်လိုက်တဲ့ အတိုအပြတ်၀တ်စုံရော၊ ရေစိုနေတဲ့ တီရှပ်နဲ့ လုံချည်စကတ်အရှည်လေးရောပေါ့။
နောက်မှသူ့ကို ခေါ်ပြီးပဲခူးက အလောင်းကို စစ်ခိုင်းရမယ်။ ဟုတ်မဟုတ်။

သိမ့်မေမေက ပုတီးနဲ့ထွက်လာတယ်။ အလုံးစုံပြောပြတော့ သူမက မဟုတ်ဘူးလို့ဘဲပြောတယ်၊ နွယ်နီတို့နဲ့သွားတာမို့လေ။ အ၀တ်တွေထုတ်ပြတော့မနက်က သေသေချာချာ ကြည့်လိုက်တဲ လုံချည်စကတ်အရှည်နဲ့တီရှပ်ကဟုတ်တယ်။ အတိုအပြတ်တွေကတော့ မြင်တောင် မမြင်ဘူးဖူး။
ကောင်လေးတွေက ဒီအိမ်ရှေ့ကနေခေါ်သွားတာပါပြောပြတယ်။ နွယ်နီတို့ကို ဖုန်းဆက်သေးတာ။ သူတို့က အိမ်မှာ ချပေးခဲ့ပြီဆိုတော့ သိမ့်မေမေ ငိုလိုက်တာ ကမ္ဘာကြီး ပျက်သွားသလိုဘဲ။ သူ့အဖေက တရားစခန်းမှာမို့သိမ့်မေမေက သူအရင် သေချာအောင်ကြည့်ပြီးမှပြောမယ်တဲ့။ သတ္တိက မသေးဘူး။ တရားစခန်း၀င်နေတဲ့သူကို ဒုက္ခမ‌ပေး‌တော့ဘဲ ရဲကားနဲ့လိုက်လာတယ်၊

နွယ်နီတို့အားလုံးလည်းရောက်လာတယ်။ ကောင်လေးတွေကို မြင်တော့ ယူနီယံဘားမှာဆုံခဲ့တာတွေဟုတ်ကြောင်းပြောပြလိုက်တယ်။ နွယ်နီတို့ တောင် ဟာကနဲဖြစ်တယ်။ သူတို့အိမ်မှာ ချခဲ့ပီးမှ လိုက်သွားပြီး ဒီအဖြစ်ဆိုးဖြစ်မှာ မယုံနိုင်လို့ ပဲခူးအထိ လိုက်ကြတယ်။ သေချာအောင် စစ်ဖို့ပေါ့။ လူတွေကတော့ ငိုချင်းတွေချနေဘီ။ သိမ့်တစ်ယောက် သူတို့ကားပေါ်၀စ်လစ်စလစ်ဘဲလိုက်လာရတယ်။ သေတဲ့အချိန်၀တ်ထားတာကိုယ်ပေါ်ပါတာကိုး.။ ဟိုကောင် သူ့ခေါင်းကို ရိုက်ချိန်သူလဲ ၀တ်လစ်စလစ်။ သူ့ကို နှလုံးတည့်တည့်ချိန်ပီးထိုးလိုက်ချိန် ဒင်းလဲ၀တ်လစ်စလစ်၊ ရန်ငြိုးရန်စလည်းမရှိဘဲ အပျော်ကနေ၊ ‌ဒေါသတွေဖြစ် မဟုတ်တရုတ်တွေဖြစ်၊ ဒီဘ၀မှာ ပြင်လို့ရမယ်ဆို ပြင်လိုက်ချင်တယ်၊ အေးချမ်းတဲ့ အမေတို့မသိအောင် အမြဲ လူလည်လုပ် ဘတ်ကီး ရိုက်ပီး အွန်လိုင်းမှာ ပေါ်ပင် လုပ်မိနေရာကနေခုလို ဖြစ်တော့တာဘဲ။ သေခါနီး ဖါသယ်မလို့တောင် အပြောခံလိုက်ရသေးတယ်။

သိမ့်မေက သူ့အ၀တ်အတိုအပြတ်လေးတွေတောင် တခါမှ မမြင်ဘူးဘူး။ ဓါတ်ပုံရိုက်ပီးတင်တုန်းဘဲ ၀တ်တာမို့ ရှိမှန်းတောင်သိမှာမဟုတ်ဘူး။ ရဲတွေက အဲ့ဒီအင်္ကျီပြတော့ သမီးဟာ မဟုတ်ဘူးပြောသေးတာ။
ရေစိုနေတဲ့မနက်က ၀တ်သွားတာပြတော့မှ ဟုတ်တယ်ပြောတာ၊ ကိုယ်လုံးတီးနဲ့ ထိုင်နေရတာ သူများမမြင်လည်း ရှက်စရာကောင်းလိုက်တာ အပူအအေးလည်းမမျှဘူး။ ပြစ်ဒဏ်ပေးထားသလိုဘဲ။

နောင်ဘ၀ဆိုတာရှိ ခုအဖြစ်တွေကို မှတ်လည်း မှတ်မိသိလည်း သိရင် သည်လိုမျိုးမဟုတ်တရုတ် ဘယ်တော့မှ အမျိုးသားတွေကို လိင်စိတ်ကြွအောင်မလုပ်တော့ဘူး။ ယောကျ်ားလေးတွေကို လျော့တွက်လို့မရဘူးဆိုတာ သင်ခန်းစာဘဲ။ ကိုယ့်စိတ်မှာ အွန်လိုင်းကလုပ်တာဘဲ ဘာမှမဖြစ်ဘူးထင်ပေမဲ့ ဆိတ်ကွယ်ရာ မရှိလို့ ဒီလို အဖြစ်ဆိုးမျိုး ဖြစ်ရတော့တာ။

“ အမေပြောသလို ယဥ်ယဥ်ကျေးကျေး အေးအေးချမ်းချမ်းနေခဲ့ရင် ခုလို အဖြစ်ဆိုးမှာမဟုတ်ဘူး”
‘သမီး အသက်ရှင်ချင်လိုက်တာမေ’
‘သမီး အသက်ရှင်ရင်လေ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မဟုတ်ဘူး။ မသင့်ဘူးထင်တာတွေ မလုပ်တော့ဘူးနော်”
သိမ့်ကတိတွေပေးနေမိတယ်။
သိမ့်နောင်တတွေနောက်ကျသွားပြီ။ ခေါင်းကသွေးကလည်း တစက်စက်ဘဲ၊ ဘယ်တော့များမှ မတိတ်တော့ဘူးလားမသိဘူး။

ပဲခူး ရင်ခွဲရုံမှာ သိမ့်အလောင်းကို အမေတို့အတည်ပြုလိုက်တယ်။ အမေက အဲဒီတော့မှ အဖေ့ကို ဖုန်းဆက်တယ်။ ရိပ်သာကို အရင်ဆက်ပီးမှ သူတို့က ဖေ့ကို ပြောပြပေးတာ။ တရားစခန်း၀င်ပေမဲ့
ကြိုးစားဆဲမို့ ပုထုဇဥ်တွေမို့လား။ ဖေရယ်ကြေကွဲပီး ငိုလိုက်တာ။
‘အဖြစ်ဆိုးလှချည်လားသမီးလေးရယ်”
သမီးတစ်ယောက်ထဲ အဖြစ်ဆိုးတာတော့မဟုတ်ပါဘူးအဖေ။
တင်ထွန်းရောပေါ့။ ဘာမှ မဖြစ်လောက်တာလေးနဲ့ ဖြစ်ကုန်ကြတာ။
သင်္ကြန်ဆိုတာကြီးကို တစ်သက်လုံးမုန်းနေကြရ‌တော့မဲ့အဖြစ်ဆိုးကြီးဘဲပေါ့။

အေးအေးချမ်းချမ်းမိသားစုတွေကတော့ ကကြခုန်ကြ။ အသင့်အတင့်ပျော်လို့ရပါတယ်။
ဘုရားသွားသူသွား၊ ကျောင်းသွားသူသွားပေါ့။ ခုတော့
သမီးမိုက်ကို ခွင့်လွတ်ပါ။ ဖေတို့မေတို့ သမီးကြောင့် အပူတွေများသွားပြီ။ သမီးသာ အသက်ရှင်နေဦးမယ်ဆို သမီးဘယ်လိုနေသင့်တယ်ဆိုတာ ကောင်းကောင်းနားလည်ပါဘီ ဖေနဲ့မေ။
ဖေနဲ့မေ ဘာကြောင့်ယဥ်ကျေးလိမ္မာစေချင်သလဲ နားလည်ပါဘီ။ အန္တရာယ်က မဖိတ်ခေါ်ဘဲလာတတ်တာ သိပါပြီဖေနဲ့မေ။

*****************************

‘အလောင်းအတည်ပြုပြီးပြီဆိုတော့ အ‌လောင်းပြန်သယ်ကြဘို့လုပ်ရမယ်”
တင်ထွန်း အဖေနဲ့အမေလည်း အလောင်းသယ်ဖို့လုပ်ရတယ်။ တစ်ယောက် ကတစ်ယောက်ကို ခေါင်းရိုက်ခွဲတယ်။ တစ်ယောက်ကဓါးနဲ့ထိုးတယ်၊ ကြေပီပေါ့။ အမြတ်ကတော့ တက်သစ်စ အညွန့်အဖူး မိဘတွေရဲ့ရတနာတွေ ကြွေလွင့်သွားဘီလေ။ အွန်လိုင်းကောင်းတာသုံးရင် ကောင်းတာရနိုင်သလို မကောင်းတာသုံးရင် မကောင်းကျိုးများမှာ မို့သတိကြီးစွာ ထားပါ၊ ဥာဏ်ကို လွှာသုံးရမှာပါ။

နောက်တော့ သိမ့်တို့အလောင်းတွေ ကိုယ့်အိမ်ကို ပြန်ယူလာတယ်။ ကြာကြာခံတဲ့ဆေးတွေထိုးပီး
ဖေနဲ့မေက အိမ်မှာဘဲထားမယ်တဲ့။ သိမ့်လည်း ကျေနပ်သွားတယ်၊ ၀တ်လစ်စလစ်ကြီးနဲ့ တခြားနေရာမှာလည်းမနေချင်ဘူး။

အသက်သာရှင်ဦးမယ်ဆို ဖေတို့မေတို့လိုဘဲ ကောင်းမှုကုသိုလ်နဲ့ဘဲနေသွားချင်လိုက်တာ။
သိမ့်ဆန္ဒအမှန်ပါ၊ ကတိပေးတယ်။ အထပ်ထပ်ကတိပေးတယ်။
“အဟုတ်လား”
အသံတစ်ခုကြားတော့၀တ်ဖြူစင်ကြယ်နဲ့ဖိုးဖိုးက သိမ့်ကို မေးနေတာ။
‘ကောင်းမှုကုသိုလ်ဘဲလုပ်မယ်၊ ယောကျာ်းတွေလိင်စိတ်ကြွအောင် မဟုတ်တရုတ်တွေမလုပ်ဘူးဆိုတာအမှန်လား’
‘အမှန်ပါဘိုးဘိုး။ သမီးတကယ်ပါ”
‘ရော့ဒါလေးဆောင်ထား၊ မဟုတ်တာနောက်မလုပ်ဘို့သစ္စာ’

သိမ့်ကြည့်လိုက်တော့ ညောင်ရွက်လိုသေးသေးအရွက်လေးပါ။
ကြည့်လိုက်တော့ သိမ့်အလောင်းကရှိနေဆဲ၊ အိမ်ရှေ့ဘုရားစင်ရှေ့မှာ”
“သွားအထဲ၀င်လိုက်တော့”
‘ဘယ်လို၀င်ရမှာလဲဘိုးဘိုး’
‘ခုန်၀င်ပေါ့ အွန်လိုင်းပေါ်ကျတော့ မဟုတ်တရုတ်လုပ်ဘို့ဥာဏ်ထွက်တယ်
ခုကျတော့ လူကိုယ်ထဲပြန်၀င်ထာ အပေါ်ကနေခုန်ချလိုက်ပေါ့’
‘ဟုတ်သားဘဲ’

သူ့ကိုယ်ကို အပေါ်နဲနဲတက်လိုက်တယ်။ သိမ့်ကိုယ်ကို မြင်ရတယ်၊ ဒီဘိုးဘိုးပြောတာမှန်ရင်တော့အသက်ပြန်ရှင် ရင် မဟုတ်တာတွေရပ်၊ ကောင်းတာတွေဘဲတကယ်လုပ်တော့မယ်” သိမ့်ကိုယ့်ကို ကတိတွေပေးရင်း အပေါ်ကနေ သူ့ကိုယ်ထဲခုန်ချလိုက်တယ်။

****************************
“၀ုန်းးး ‘
‘အားးး’
သိမ့်အခန်းထဲက အသံကြားလို့မေက အိမ်ရှေ့ကနေပြေးလာတယ်။ သိမ့်က ကုတင်အောက်ကို ကျပီး တော်တော်လေးတောင်နာသွားတာ။
“ဘာဖြစ်တာလဲ’
‘ဟင်”
မေကအေးအေးဆေးဆေးဘဲ၊ အိမ်ရှေ့ဘုရားစင်ရှေ့မှာလည်း ဘာမှရှိမနေဘူး။ မနေ့ကတော့ ဆက်နိုင်ဆိုတဲ့သူနဲ့ တွေ့ခဲ့လို့ စိတ်ကူးတွေယဥ်တာဘဲထင်တယ်။ ဒါမှမဟုတ်အိပ်မက်မက်နေခဲ့တာပေါ့။ ကြောက်စရာကောင်းလိုက်တာ။ တကယ်ကြီးလိုဘဲ။
‘ယောင်ပြီး ကုတင်ပေါ်က ပြုတ်ကျတာမေ”

‘အာဒီကောင်မလေး။ ဘုန်းကြီးကျောင်းလိုက်ခဲ့မလားဒီနေ့”
‘ဒီနေ့တော့မလိုက်သေးဘူးနောက်နေ့လိုက်မယ်မေ’
ဒီနေ့ကသူအိပ်မက်လားတကယ်လားကို စဥ်းစာရဦးမယ်။
ဒါနဲ့ သူပြုတ်ကျတဲ့နေရာနဲ့မလှမ်းမကမ်းမှာ သူ့လက်ထဲ ထည့်လိုက်တဲ့ညောင်ရွက်လေးတွေ့တယ်။
ကောက်ပီး ရွှေဗူးအခွံလေးထဲထည့်ထားလိုက်တယ်။ သေချာတာ ဒီအိပ်မက်အရမ်းဆန်းတယ်။

နောက်နေ့တွေကစပီး အွန်လိုင်းမှာ အနောနီးမတ်စ်ရဲ့ ဆက်ဆီပို့စ်တွေ မတွေ့ရတော့ဘူး။
သိမ့်လည်း ရိုးရိုးယဥ်ယဥ်လေးဘဲနေသွားတယ်။ အွန်လိုင်းမှ ဆက်ဆီပို့စ်တွေနဲ့ လှုပ်ရှားဘူးတာတောင် ဘယ်သူမှမသိလိုက်တော့ဘူး။
ဖေနဲ့မေတော့ ပျော်နေလေရဲ့။

စာချစ်သူများကို သင်္ကြန်စာစုလေးနဲ့ကျီစားလိုက်ပါတယ်နော်။
“””ငြုတ်သီးစပ်သွားရင်သနားပါ။ ချိုတဲ့အချစ်များထပ်ကျွေးမယ်။ ကျီစားရင်စိတ်ဆိုးမလား။””””
ပြီးပါပြီ။

သင်္ကြန်ရက်မြတ်မှာ ကိုယ်စိတ်ချမ်းမြေ့ကြပါစေ။
Sandar Wai, Alexander
၁၄/၄/၂၀၂၄